Breaking News

ခိုင်မျိုး- ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၆

ကြိုက်တယ်ဇာလန်စကီး
သင့်စကားလုံးတွေကို

ငါတို့ဆီမှာလည်းရှိရဲ့
လက်ယာလက်ဖြင့်သင်တို့၏ပူဆွေးသောကမျက်ရည်ကိုသုတ်ပေး
လက်ဝဲလက်ဖြင့်အဝတ်အစားအထည်
စားရေရိက္ခာတို့ကိုပေးအံ့

ခြံထဲမှာချဉ်ပေါင်ပင်တွေစိုက်နေတဲ့
စာရေးဆရာလုပ်မယ့်ဆရာ
သင်ရှိရင်သင်ကြေကွဲနေမလားသ
ဝမ်းနည်းနေမလားတောက်တခေါက်ခေါက်ရှိမလား
ကျွန်တော်စဉ်းစားတယ်

ကျွန်တော်ငိုကြွေးရင်း
မျက်ရည်ကျရင်း
မီးလောင်မြေပေါ်ကစဉ်းစားပါတယ်
-

t.me@moemaka


Zelle to moemaka.org@gmail.com "MoeMaKa Multimedia"


youtube.com/@moemaka



X.com/MoeMaKa

#MoeMaKaMedia 

#WhatsHappeningInMyanmar