Breaking News

ဦးဘိုလှတင့် - NCGUB နဲ့ CRPH နှိုင်းယှဉ်ချက်


ဦးဘိုလှတင့် - NCGUB နဲ့ CRPH နှိုင်းယှဉ်ချက်

(မိုးမခ) မတ် ၃၁၊ ၂၀၂၁

(မိုးမခ၏အမှာ - NCGUB ၁၉၉၀ရွေးကောက်ပွဲကနေ ထွက်ပေါ်ခဲ့တဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုလှတင့်ကို ယခင်သူတို့၏ သမိုင်းဖြတ်သန်းမှုနဲ့ လက်ရှိ CRPH ၂၀၂၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ၏ မျက်မှောက်အနေအထား နှိုင်းယဉ်သုံးသပ်ချက်ကို ထင်မြင်ချက်ပေးပါရန် အကူတောင်းခဲ့လို့ ဦးဘိုလှတင့်က အချိန်ယူရေးပေးလိုက်ပါတယ်။ မျက်မှောက်မြန်မာပြည်အရေး မုချအရေးတော်ပုံအောင်ဖို့ လူထု၏ အားသာချက်များနဲ့ တပါတည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အဆုံးသတ်တိုက်ပွဲဆိုတာ သိသာထင်ရှားမှု အတွက် ဖော်ပြလိုက်ပါကြောင်း)

NCGUB

CRPH

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ၏ Mandate

၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲ၏ Mandate

ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသော ရွေးကောက်ပွဲ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ

အဝေးရောက်ညွန့်ပေါင်းအစိုးရ

အမျိုးသားသွေးစည်းညီညွတ်ရေးအစိုးရ

စစ်အာဏာရှင်များက အသာစီးရအနေအထား၊

ပြည်တွင်းလူထုလှုပ်ရှားမှုလုံးဝမရှိ၊  

နိုင်ငံတကာနှင့် UN ဖိအားနှင့် ပိတ်ဆို့အရေးယူမှုမရှိ၊ 

နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ထောက်ခံမှုရှိ၊

အားကောင်းသော CDM, GenZ နှင့်လူထု လှုပ်ရှားမှုကြီးရှိ၊

စစ်အုပ်စုအပေါ် ပြည်တွင်း၊ UN နှင့် နိုင်ငံတကာဖိအားနှင့် အရေးယူမှုများရှိ၊ ×××

နယ်စပ်အခြေစိုက်တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ၏ထောက်ခံအားပေးမှုရှိ၊

ဖက်ဒရယ်အာမီဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိ၊

ဖက်ဒရယ်အာမီဖွဲ့စည်းနိုင်ခြေရှိ၊ ×××

တိုင်းရင်းသားအင်အားစုများက ပါဝင်ရေးဆွဲ ထောက်ခံထားသောဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသော အစိုးရ

တိုင်းရင်းသားအင်အားစုများက ပါဝင်ရေးဆွဲ ထောက်ခံထားသောဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနိုင်သောအစိုးရ ××× 

ပြည်ပရောက်မြန်မာများ၊ တိုင်းရင်းသားအင် အားစုများ၏ မူအရထောက်ခံမှုသာရှိ၍ အားကောင်းသောနိုင်ငံရေးနှင့် ဘဏ္ဍာရေးအရ ထောက်ခံမှုမရရှိ

ပြည်ပရောက်မြန်မာများ၊ တိုင်းရင်းသားအင် အားစုများ၏ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ထောက်ခံမှု အားအလွန်ကောင်း၊ ×××

သတင်းမီဒီယာနှင့် နိုင်ငံတကာမှသတိပြုမှု (Media & International Awareness) အလွန်အားနည်း၊

သတင်းမီဒီယာနှင့် နိုင်ငံတကာမှသတိပြုမှု (Media & International Awareness) အလွန်အားကောင်း၊ ×××

ထိန်းချုပ်ထားနိုင်သောနယ်မြေမရှိ

ထိန်းချုပ်ထားနိုင်သောနယ်မြေရှိနိုင်

ကာကွယ်ရေးနှင့်လုံခြုံရေးအင်အားများမရှိ၊

ကာကွယ်ရေးနှင့်လုံခြုံရေးအင်အားများရှိနိုင်၊

ဆက်သွယ်ရေး၊ သတင်းနှင့် ပြန်ကြားရေး နည်းပညာဖွံ့ဖြိုးမှု အလွန်အားနည်း၊

ဆက်သွယ်ရေး၊သတင်းနှင့်ပြန်ကြားရေးနည်းပညာဖွံ့ဖြိုးမှုအလွန်အားကောင်း၊ ×××

စစ်တပ်ပြိုကွဲနိုင်သော အခြေအနေမရှိ၊

စစ်တပ်ပြိုကွဲနိုင်သောအခြေအနေရှိ ×××

UN အတွင်းဝင်ရောက်ပြောဆိုနိုင်မှုခက်ခဲ

UN အတွင်းဝင်ရောက်ပြောဆိုနိုင်မှု တိုက်ရိုက်ရှိ (ဦးကျော်မိုးထွန်း၊ ဒေါက်တာဆာဆာ) ×××

သွယ်ဝိ်ုက်သောနိုင်ငံတကာထောက်ခံအသိအမှတ်ပြုမှု (Tacit Recognition) သာ ရှိ၊

တရားဝင်နိုင်ငံတကာထောက်ခံအသိအမှတ်ပြုမှု၊ (Legal Recognition) ရရှိနိုင်ချေရှိ၊

အကန့်အသတ်ရှိသောဘဏ္ဍာရေးကူညီမှုသာရရှိခဲ့၊ (အစိုးရနှင့် NGOs) 

အစိုးရချင်း တိုက်ရိုက်ဘဏ္ဍာရေး အကူအညီရရှိနိုင် (G to G Direct Financial Assistance) 

မြို့တွင်းပျောက်ကျားစစ်များ (Urban Guerrilla Warfare) မရှိ၊

မြို့တွင်းပျောက်ကျားစစ်များ (Urban Guerrilla Warfare) စတင်နေ၊ (စံနစ်တကျစုဖွဲ့မှုနှင့်ကွပ်ကဲမှုအရေးတကြီးလို)


××× = great advantage

အထက်ဇယားပါ အချက်အလက်တွေအနက် စတားများနှင့်ပြထားသော အချက်များမှာ CRPH ၏ အလွန်အားကောင်းသော မြန်မာပြည်၏သမိုင်းကြောင်းကို ပြောင်းလဲသွားစေနိုင်လောက် သော CRPH ၏ အားသာချက်များဖြစ်ပါသည်။

NCGUB အနေနှင့်ဆောင်ရွက်နိုင်ခဲ့သော အထွေထွေလုပ်ငန်းရပ်များ

၁။ ၁၉၉၂ ခုနှစ်ဦးပိုင်းတွင် ပထမဦးစွာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ နိုင်ငံတကာဆက်ဆံရေး ရုံးတရုံးုကို Friedrich Ebert Foundation, Germany (Social Democratic Party ၏ NGO) ၏အကူအညီဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂။ ၁၉၉၂ ခုနှစ်မှာပင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာအခြေဆိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မ ရှင်သို့ ကိုယ်စားလှယ်အဖွဲ့စေလွတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံး ဖြတ်ချက် (Resolution on Human Right Situation in Myanmar) တရပ်ကျလာအောင် ဆောင်ရွက်နိုင်ခဲ့ ပါသည်၊။ UN Human Rights Commission ၏ ထောက်ခံတင်ပြချက်အရ ကုလသမဂ္ဂအထွေထွေ ညီလာခံ(UN General Assembly-UNGA) တွင်မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေများနှင့်ပတ် သက်သောဆုံးဖြတ်ချက်တရပ် (UNGA Resolution on Human Rights Situation in Myanmar) ကျအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 
နောင်နှစ်စဉ် NCGUB ကိုယ်စားလှယ်အဖွဲ့များ(တိုင်းရင်းသားအင် အားစုများ၊ အမျိုးသမီးအဖွဲ့များမှကိုယ်စားလှယ်များပါ ပါဝင်ပါသည်။) စေလွတ်၍ UNGA Resolutions များချမှတ်နိုင်ရန်၄င်း၊ ကုလသ မဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးသူ (UN Human Rights Special Rapporteur on Human Rights in Myanmar) ခန့်အပ်စေလွတ်နိုင်ရေး၊ ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် (UNSG’s Special Envoy) ခန့်အပ်စေလွတ်နိုင်ရန်သော်၄င်း၊ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။

၃။ တရုတ်နိုင်ငံကဲ့သို့သောလူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ဆန့်ကျင်သော စီးပွါးရေးနှင့်စစ် အင်အား လွန်နိုင်ငံ (Economic and Military Super Power Nation) ၏ အိမ်နီးချင်းဖြစ်နေခြင်း၊ အာစီယံနိုင်ငံ များအသင်း (Association of South-East Asia Nations) ကဲ့သို့သော စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရသာ ပူးပေါင်းဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက် ဖက်ရေးမူ (Non-Interference Policy) ကို ကိုင်စွဲထားသော ဒေသဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်ဖြစ်နေခြင်း စသည့် မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးပထဝီဝင်အား နည်းချက်များ(Geo-Political Weakness) ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်ကြိုး ပမ်းမှုများသည် တရုတ်နှင့်ရုရှားတို့၏ ဗွီဆိုပါဝါနှင့် ပိတ်ဆို့မှုများခံခဲ့ရပြီး UNSC’s Presidential Statement အဆင့်မျှလောက်နှင့်သာ တင်းတိမ်ခဲ့ရ ပါသည်။

၄။ ၁၉၉၂ ခုနှစ်မှာပင် Norwegian Burma Committee မှတဆင့် Norwegian Government ၏ အကူအညီနှင့် Democratic Voice of Burma (DVB) Radio ကိုထူထောင်ပြီး နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှအသံလွှင့်ပေးနိုင်ခဲ့ပါသည်။(နောင်တွင် အလှူရှင်များ၏အကြံပြုချက်အရ လွတ်လပ် သောရေဒီယိုအစီအစဉ်အဖြစ်ပြောင်းလွဲပေးခဲ့ပါသည်။)

၅။ ၁၉၉၃ ခုနှစ်တွင် NCGUB ၏ဦးဆောင်မှုနှင့်ပြည်ပရောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ (Members of Parliament Union-MPU)ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး နိုင်ငံတကာပါလီမာန် များသမဂ္ဂ (Inter-Parliamentary Union-IPU)၏ ထောက်ခံအားပေးကူညီမှုများရရှိ ရန်၄င်း၊ IPU အဖွဲ့ဝင်နိုင်ငံတခုစီထံမှ ထောက်ခံမှုများရရှိအောင်၄င်း ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ ကြပါသည်။

၆။ MPU ၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ASEAN Inter-Parliamentary Myanmar Caucus-AMPIC) ပေါ်ထွန်းလာခဲ့ပြီး အာစီယံနိုင်ငံများရှိ မြန်မာနိုင်ငံအရေးကို ထောက်ခံသော အမတ် အဖွဲ့များမှတဆင့် ASEAN အစိုးရများမှ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများ ပိုမိုလက်တွေ့ကျလာစေ ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။

၇။ ၁၉၉၄ ခုနှစ်မှစတင်၍ NCGUB အနေနှင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်န်မြို့တော်တွင် (American Federation of Labor-Congress of Industrial Organizationျ-AFL-CIO) ၏ အကူ အညီနှင့်ရုံးတရုံးဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး၊နယူးယောက်မြို့တွင်လည်း ကုသမဂ္ဂဆိုင်ရာရုံးတရုံးဖွင့်လှစ် ၍ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

၈။ ၁၉၉၅-၉၆ ခုနှစ်များတွင် ဥရောပပါလီမာန်နှင့်ဥရောပသမဂ္ဂ (European Parliament and European Union) တို့၏ဌာနချပ်တည်ရှိရာ ဗယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဥရောပသ မဂ္ဂနှင့် စကင်ဒီနေဗီးယန်းနိုင်ငံအချို့၏ အကူအညီဖြင့် ဥရောပသမဂ္ဂဆိုင်ရာရုံး (Euro-Burma Office-EBO) ကိုဖွင့်လှစ်၍ ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံအရေးတွင်ပိုမိုထိရောက်သော ဖိအားပေးအရေးယူ ဆောင်ရွက်မှုများချမှတ်ဆောင်ရွက်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နိုင်ခဲ့ပါသည်။ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဂျပန် နိုင်ငံများတွင် ကိုယ်စားလှယ်များခန့် ထားဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင်လည်းရုံးတရုံးဖွင့်လှစ်၍တောင်အာ ရှနိုင်ငံများ၏ ထောက်ခံမှုများရရှိရန်ကြိုး ပမ်းခဲ့ပါသည်။

၉။ ၁၉၉၇ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်တွင် The Burma Fund –TBF (Tax Exempt 501c3-Non-Profit) ကို ဖွဲ့စည်းထူထောင်၍ မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးလိုကြသောနိုင်ငံတကာရောက် မျိုးချစ်ပြည် ချစ် အသိပညာရှင်အတတ်ပညာရှင်များကွန်ယက် (Technical Advisory Network-TAN) တခုပေါ် ပေါက်လာအောင်ဆောင်ရွက်နိုင်ခဲ့ပြီး TAN အတွင်းမှ မြန်မာစီးပွါး ရေးပညာရှင်များ၏စုစည်း ကြိုးပမ်း မှုနှင့် မြန်မာပြည်၏စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအမြင်နှင့် မဟာဗျူဟာ(Economic Development of Burma- A Vision and A Strategy) လေ့လာ တင်ပြချက်စာတမ်းတစောင်ပေါ်ထွန်းလာအောင် ကြိုးပမ်းနိုင်ခဲ့ကြပါသည်။

၁၀။ NCGUB အနေနှင့် နယ်စပ်ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအားလုံး၊ ဒီမိုကရေ စီအင်အားစုများ၊ လူထုလူတန်းစားအဖွဲ့အစည်းများအားလုံးနှင့် ပွင့်လင်းရင်းနှီးစွာ လက်တွဲဆောင်ရွက် ခြင်းအားဖြင့် အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)အား ၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် အားလုံးစုပေါင်းအတည် ပြုပေးနိုင်ခဲ့ပါသည်။

၁၁။ ၂ဝဝ၉ ခုနှစ် သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တော်၌ ဒီမိုကရေဏီနှင့်တိုင်းရင်းသား အခွင့်အရေးလှုပ်ရှားမှုမျက်နှာစုံညီကွန်ဖရင့်တရပ်ကို ဦးဆောင်ခေါ်ယူကျင်းပခဲ့ပြီး မြန်မာပြည်ဒီမိုက ရေစီရရှိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသို့ဦးတည်သော အမျိုးသားပြန်လည်သင့် မြတ်ရေး အဆိုပြုချက်တ ရပ်ကို စုံညီစွာလက်မှတ်ရေးထိုးထုတ်ပြန်၍ ထိုအချိန်က လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးလျက်ရှိကြ သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အခြားသော NLD ခေါင်း ဆောင်များ၊ နအဖခေါင်းဆောင် များထံပေးပို့ခဲ့ကြပါသည်။

၁၂။ ခုလိုတမျိုးသားလုံးသွေးစည်းညီညွတ်ရေးရရှိဘို့ ပြည်တွင်းနဲ့နိုင်ငံတကာအခြေအနေကောင်း တွေ ဖြစ်ထွန်းနေတဲ့ အခွင့်အခါမျိုးမှာ CRPH ဟာ နိုင်ငံရေးဦးဆောင်မှုပေးရမဲ့အစု အဖွဲ့ဖြစ်တာနဲ့အညီ တိုင်းရင်းသားအင်အားစုတွေရဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိအောင်ကြိုးပမ်းကြတဲ့အခါမှာ တိုင်းရင်းသား ညီအကိုတွေအမြဲ စိုးရိမ်ထောက်ပြဝေဘန် လေ့ရှိ တဲ့ မဟာဗမာလူမျိုးကြီးဝါဒ (Bama Chauvinism) ကျင့်သုံးမှုနဲ့ ပါတီကြီးဝါဒဆန်ဆန် ပြုမူမှု တွေ မရှိရအောင်သတိထား ရှောင်ရှားဆောင် ရွက်သွားဘို့ အထူးလိုအပ်သလို၊ တိုင်း ရင်းသား အင်အားစုတွေအနေနဲ့လည်း ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ (Narrow Minded Nationalism) အမြင်တွေနဲ့ ဆွေးနွေးဆောင် ရွက်မှုတွေ ရှောင်ရှားပြီး ဗမာအပါအဝင် အားလုံး သော တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွါးတွေကို တန်းတူညီမျှစွာအာမခံချက် ပေးနိုင်မဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက်သာ ပွင့်လင်းရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သွားကြဘို့ အလေးအနက်အကြံပြုလိုပါတယ်။

ဒီကနေ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်များအားလုံးဟာ ကျနော်တို့ထက် နိုင်ငံရေး အမြင် ပိုကျယ် ကြမယ်၊ တွန့်ဆုတ်တွေဝေမှုတွေပိုကင်းကြမယ်၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံ(Muli-Ethnic)၊ ဘာသာ ပေါင်းစုံ (Multi-Religion)၊ ယဉ်ကျေးမှုပေါင်းစုံ(Multi-Culture) နဲ့စုစည်း တည်ရှိနေတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ ပကတိအနေအထားတွေကို တိကျရှင်းလင်းစွာ နား လည်ကြယုံသာမက ဒီလိုလူ့အဖွဲ့အ စည်းအတွင်း ဖြစ်တည်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ပဋိပက္ခတွေကို ဖြေရှင်းပေးဘို့ တာဝန်ရှိ လ ကြတဲ့အခါမှာ အပြန်အလှန်လေးစားမှု(Mutual Respect)၊ အပြန်အလှန်ယုံကြည်မှု(Mutual Trust)၊ အပြန်အလှန်အသိအမှတ်ပြုမှု(Mutual Recognition)အခြေခံတွေအပေါ်မှာ ခိုင်ခိုင်မာမာရပ် တည်ပီး အကောင်းဆုံးပူးပေါင်းဆောင် ရွက်သွားနိုင်ကြမယ်လို့ ကျနော်တို့ နှစ်နှစ်ကာကာ ယုံကြည် ကြောင်းပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဦးဘိုလှတင့်

CRPH, CDM နဲ့ GenZ တို့ကို အပြည့်အဝထောက်ခံလျက်
၁၉၉ဝ NLD မိုးကုတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

 


#MoeMaKaMedia 
#WhatsHappeningInMyanmar