ကိုသန်းလွင် - ဟန်ဆောင်ထားသော တည်ငြိမ်မှု
(မိုးမခ) မတ် ၁၀၊ ၂၀၂၂
(၁)
ဤအဖြစ်အပျက်များမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်လျက်ရှိပါသည်။ မိတ်ဆွေတစ်ယောက်၊ မရင်းနှီးသော် လည်း သိသူတစ်ယောက်၊ လုံးဝမသိသောမျက်နှာစိမ်းတစ်ယောက် သူ၏ဘဝတွင် ဘေးလူတွေအသိမခံဘဲထား ခဲ့ရသည့် လျှို့ဝှက်ချက်တခုရှိခဲ့ပါသည်။ လူ့ကိုယ်ခန္ဓာမှာခံရသောဒဏ်ရာဒဏ်ချက်များဖြစ်စေ ဘေးလူတွေအသိ မခံနိုင်သော ခံစားချက်များဖြစ်ပါသည်။
ထိုကဲ့သို့သောဖြစ်ရပ်မျိုးလွန်ခဲ့သော ရက်ကပင်ဖြစ်ခဲ့ပါသေးသည်။ ကျွန်တော်အဖို့ ဘယ်လိုမှ ထင်ထား သူတစ်ယောက်မဟုတ်ဘဲ သူ့အနေဖြင့် ဘယ်လိုမှ ရှိလိမ့်မည်ဟု သံသယမဖြစ်နိုင် မယုံကြည်နိုင် သော လူတစ် ယောက်ကလွန်ခဲ့သော ၁၀ နှစ်ခန့်ကစ၍ဖြစ်ပွားခဲ့သော ဖြစ်ရပ်တခုကြောင့်သူသည်ယနေ့တိုင်ခံစား နေရသည် ဟုပြောလာသည်။
ကျွန်တော်မှာ သူ၏ပြဿနာကြောင့်များစွာ အံ့အားသင့်ခဲ့ရပါသည်။ သူဖြစ်ခဲ့သော အဖြစ်အပျက်များ ကြောင့်မဟုတ် သူ့ပြဿနာမှာကျွန်တော့်မှာလည်းရှိနိုင်ပါသည်။ ကျွန်တော်သာမကကျွန်တော့ဘေးမှလူမြောက် များစွာတို့တွင်လည်း ဤပြဿနှာမျိုး ရှိနိုင်ပါသည်။ ကျွန်တော်တို့ကို ပြင်ပမှ ကြည့်၍ အေးဆေးတည်ငြိမ်သည် ဟု ထင်ရခြင်းက ထိုနောက်ကွယ်မှ ဒဏ်ရာဒဏ်ချက်များကို ဖုံးကွယ်ထားပါသည်။ ကျွန်တော်တို့က ပြင်ပကိုအ သိမခံဘဲ ထိန်းထိန်းသိမ်းသိမ်းလုပ်ခြင်းဖြင့် ကျွန်တော်တို့၏ သောကကို ဖုံးကွယ်ထားနိုင်ခဲ့ပါသည်။(၂)
သင်က ထိုသို့ဝန်ခံလိုက်သောအခါ အခြားသူများကလည်း သင့်ကို ယုံကြည်စွာ ဖွင့်ဟကြပါတော့သည်။ ထိုအချိန်တွင်ဝင်ခံမှုပေါင်းစုံကိုကြားလာရပါသည်။ သင်သည် လူအနည်းငယ်သာသိသော အလွန်ရှုပ်ထွေးသည့် အခြေအနေတခုကို သိသူအဖြစ် ထိုပါတ်ဝန်းကျင် က သင့်ကို လက်ခံလိုက်ကြပါသည်။
ကျွန်တော်က များစွာ ကြာမြင့်လှပြီဖြစ်သော အချိန်တခုတုန်းက ကျွန်တော့်၏မျက်လုံးမှာ ရုတ်တရက် တပိုင်းတစ ကွယ်တော့မည်ဟု သိလိုက်ခဲ့ရပါသည်။ ကျွန်တော့်ကို ဆရာဝန်က မျက်လုံးသည် လုံးဝကွယ်သွားနိုင် သည်ဟု ပြောခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်တော်က စာရေးသောအခါ စာဖတ်သူတို့က ကျွန်တော်၏ ပုဂ္ဂိုလ် ရေး ဘဝနှင့် အများကသိသော စာရေးဆရာဘဝတို့ကိုဆက်စပ်ပြနိုင်သောကြောင့် သဘောကျကြပါသည်။
ကျွန်တော့်ဘက်ကို လှည့်ကြည့်လိုက်လျှင် ကျွန်တော်၏ အခြေအနေမှာ ဒုက္ခရောက်နေသည့် သဘောကိုမဆောင်ပါ။ ကျွန်တော်သည် တာဝန်ရှိသလို ကျွန်တော်၏ သတ်မှတ်ထားသော ရက်တွင် အပြီးရေးသားနိုင်ခဲ့ပါ သည်။ ကျွန်တော့်မျက်လုံးများသည်လည်း ခါတိုင်းမြင်နေကျအတိုင်း မြင်ခဲ့ပါသည်။ သို့သော် သူတို့သည် ခါတိုင်း ပြုလုပ်နေကျအတိုင်း ပြုလုပ်နိုင်ခဲ့သည်တော့ မဟုတ်ပါ။ ကျွန်တော်သည် စာကို အရင်ကလို သေချာတော့ ဖတ်နိုင်တော့မည် မဟုတ်ပါ။ အရင်တုန်းက လက်နှိပ်စက်တွင် စာထိုင်ရေးသလို သက်သက်သာသာ မပင်မပန်း ရေးနိုင်တော့မည်မဟုတ်ပါ။ထိုအရာသည် မကောင်းသောအပိုင်းဖြစ်ပါသည်။ ကောင်းသည့်ဘက်ကလည်း တွေးကြည့်လျှင်ရပါ သည်။ အကြောင်းမှုကား ပြင်ပမှ သိခြင်းနှင့် အတွင်းကျကျ သိခြင်းဟူ၍ရှိကြရာဖြစ်လေ့ဖြစ်ထရှိသည်မှာ သာမန်လူတို့ အတွက် ပြင်ပမှ ဖြစ်လေ့ဖြစ်ထရှိသည်တို့ကိုသာ သိရမည်ဖြစ်ပါသည်။
ကျွန်တော်၏ နားလည်လာရသည်မှာ လူတို့တွင် ရုန်းကန်လှုပ်ရှားသွားရခြင်းသည် အထူးကိစ္စများတွင်သာမဟုတ်ဘဲ အမြဲတမ်း လှုပ်ရှားရုန်းကန်နေရသည်ဟူ၍ ဖြစ်ပါသည်။ တွေ့ရှိချက်မှာ အသစ်ဖြစ်၍ အလွန်အရေး ကြီးပါသည်။ လူတိုင်းတွင် ဖြစ်လေ့ရှိပါသည်။ ဤအရာသည် (Default) အမြဲတမ်း မှန်ကန်နေရပါလိမ့်မည်။ ကျွန်တော်တို့ ခံစားနေရသည်များကိုမှတ်တမ်းပြု၍ ကဒ်ပြားပေါ်တွင်ချရေးကာ လူတကာမြင်အောင် လျှောက် သွားနေရလျင်ဘယ်လိုများဖြစ်မလဲဟု တခါတရံတွင် စဉ်းစားမိပါသည်။ ကျွန်တော်တို့သည် လူမသိသူမသိအခက်အခဲများကို ကျော်လွှားနိုင်ကြပါသည်။ကျွန်တော်တို့သည် မိမိပါတ်ဝန်းကျင်မှ လူအများအကြောင်းကို ပိုမို၍ သိရှိကြပါက မိမိကိုယ်ကို သနား ခြင်း အချိန်များလျော့နည်းပြီး လူအများကို ကိုယ်ချင်းစာနာထောက်ထားသော စိတ်ဓါတ်များ တိုးပွားလာကြပါ သည်။
ကျွန်တော်တို့သည် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ်တို့တွင် လူတို့၏ ဆိုက်ကိုလိုဂျီကို မြင်တွေ့နိုင်ပါသည်။ အကောင်းထဲက အကောင်းဆုံးတွေကိုချည်း ရွေးထုတ်၍ လူအများက မြင်တတ်ကြပါသည်။ ဖိတ်ကြားခြင်း မရှိ၍ မတက်ရောက်ရသော ပါတီပွဲတခုတွင် တက်ရောက်နေသူများကို ကြည့်ပါ။ သူတို့၏ အံ့ဘွယ်ရာသော အတွေ့ အကြုံတွေနှင့်ပြည့်စုံနေပါလိမ့်မည်။ကျွန်တော်တို့သည် ထိုသို့လူအများအကြောင်းကို သိရှိစေရန် တခါတရံမဖြစ်နိုင်ပါ။ တခါတရံမှာတော့လည်း ပတ်ဝန်းကျင်အကြောင်းကို ပိုမို၍ ဂရုတစိုက်နားထောင်လျှင် ပိုမို၍ ဂရုတစိုက် ကြည့်လျင်မြင်နိုင်ကြပါသည်။ တခါတရံ ဗဟုသုတသည် မထင်မရှား လာခဲ့ပါလျှင် မှန်ကန်သော မေးခွန်းကို မေးတတ်လျှင် သိနိုင်ကြပါသည်။ ထိုအခါ ရှုမြင်ပုံလည်း ပြောင်းသွားနိုင်ပြီး ပါတ်ဝန်းကျင်အကြောင်းကို ပိုမို၍ သိသာလာနိုင်ပါသည်။
သို့သော် ဤသည်မှာ တဖက်ကကြည့်၍ ပြောခြင်းဖြစ်ပြီး မပြောသော အခြားဖက်လည်းရှိနေပါသေး သည်။ ဥပမာ ယနေ့ စီ၊အင်၊အင် မှာ သတင်းကြေညာသူ ဂျွန်ကင်း (John King) ၏ အတွေ့အကြုံကို ဖော်ပြ လိုပါသည်။ ကျွန်တော်တွေ့မြင်နေရသည်မှာဆေးရောင်ခြယ်သောဂရပ်များ၊ မြေပုံများရှေ့တွင်စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရသော အချက်များကို သွက်သွက်လက်လက်ကြီးပြောပြနေသော ဂျွန်ကင်း ဖြစ်ပါသည်။ တကယ်ကသူ့ တွင် လွန်ခဲ့သော ၁၀ နှစ်လောက်က (Ms-- Multiple Sclerosis) ရောဂါဖြစ်ခဲ့ပြီး ထိုရောဂါကို ကုနေရသည်ဟု ပြောခဲ့ပါသည်။ ဗဟိုနာဗ်ကြောကို တစုံတခုက ထိခိုက်သဖြင့် ရောဂါပေါင်းစုံကိုယ်ခန္ဓာ အနှံ့ခံစားနေရခြင်းဖြစ်ပါသည်။ ကျွန်တော့် အမ်၊ အာ၊ အိုင် ဓာတ်ပုံတွေကို ကြည့်တော့ ပန်းပွင့်ခြောက်လိုအရာတွေကို တွေ့ရတယ်ဟု ဂျွန်ကင်းက ပြောပါသည်။ ကျွန်တော်ဟာ အဲ့ဒီချိန်ကစပြီး တစ်နေ့မှာ ဒီဟာတွေဟာ ကျွန်တော့်ကို နှောင့်ယှက်လာမလားဟု အစိုးရိမ်ကြီးခဲ့ရပါတယ်ဟု မဂ္ဂဇင်း အင်တာဗျူးတခုတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။အလားတူ ပုံပြင်များကို ကင်ဆာဝေဒနာရှင်များထံကလည်း ကြားကြရပါသည်။ လူတစ်ယောက်သည် သူ၏အတိတ်ကာလက ရောဂါအကြောင်းကို ပြောပြနေခြင်းဖြစ်သော်လည်း ထိုရောဂါပြန်လည်၍ ဒုက္ခပေးမှာကို စိုးရိမ်နေရသော အခြေအနေ ဖြစ်ပါသည်။ ထိုပုံပြင်များမှာ ကြားရသူအဖို့ ဘယ်လိုမှအဓိပ္ပာယ်ဖော် မရသော်လည်း ခံစားနေရသူအဖို့မှာ သူတို့ ကမ္ဘာကြီးဖြစ်ပါသည်။ ထို့နည်းတူ သီချင်းရေးသူ၊ ထုတ်ဝေနေသူများ၊ နားတဖက်က မကြားရသောဝေဒနာကြောင့် သူ စားဝတ်နေရေး ထိခိုက်ရတော့မည်ဟု စိုးရိမ်နေရသည်။ အလားတူ ဗီယက်နမ် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူတင်္စဦးသည် ခြေတဖက်ဖြတ်လိုက်ရသဖြင့် ထိုနေရာတွင် အစားထိုးမရသော လစ်ဟာမှု ကြီးဖြစ်ပွားရပုံ၊ သို့သော် ထိုပုံပြင်များသည် တကယ်ခံစားရသူများကဲ့သို့ အပြင်လူက ဘေးမှ ခံစား နိုင်ကြမည် မဟုတ်ပေ။
ကျွန်တော်တို့၏ မျက်နှာများပေါ်တွင် တည်ငြိမ်သောအနေအထား (Fake Calm) သည် လူတိုင်းနေရာ တိုင်းမှာ ရှိကြသော်လည်း အထဲမှာပြောမပြနိုင်သောဝေဒနာများ ရှိကြပါသည်။(၃)
ခရူးဂါး (Alan Krueger) သည် ပျော်ရွှင်တတ်သော တဖက်လူကို စိတ်အေးသက်သာဖြစ်အောင် ထားတတ်သော စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပါသည်။ သမ္မတအိုဘားမား လက်ထက်က စီးပွားရေး အကြံပေး ကောင်စီ၏ ဥက္ကဋ္ဌ (Chairman Of The Council Of Ecomonic Advisor) လည်း ဖြစ်ပါသည်။ သူသည် အလုပ် သမားများ၏ အနည်းဆုံးလစာ၏ အကျိုးသက်ရောက်မှုများကို လေ့လာခဲ့သူဖြစ်ပါသည်။ အနိမ့်ဆုံးလစားသည် အလုပ်သမား စိုးရိမ်မှုနှင့် အလုပ်အကိုင်ရရှိမှုတို့နှင့် မပတ်သက်ကြောင်း သက်သေပြခဲ့သူ ဖြစ်ပါသည်။ သူကလူ တို့၏ စိုးရိမ်မှုကို သက်သာစေရန်အကောင်းဆုံးနည်းလမ်းမှာ အားလပ်ချိန်တွင် ရင်းနှီးသူများနှင့်အချိန်ဖြုန်းရမည်ဟု ပြောခဲ့ပါသည်။
ထိုခရူးဂါးသည် ၂၀၁၀ ခုနှစ်က မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါသည်။ ရုပ်ရည်ချောမောလှပခြင်း၊ သူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်လှပခြင်းတို့မှာ လူတဦးတိုင်းတွင် ရှိနိုင်ရန် ခက်ခဲပါသည်။ ခရူးဂါးကို သိရှိသူများက ထိုအရာသည် သူဘဝကို ဤသို့ အဆုံးသတ်လိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပါ။တစ်ခုပြောနိုင်သည်မှာ ကမ္ဘာကြီးက သတိပြုမိသော အချက်များထက် ကျွန်တော်တို့တွင် ပိုမိုဆိုးရွားသော ဒဏ်ရာဒဏ်ချက်များရှိကြသည်ဆိုသော အချက်ပင် ဖြစ်ပါသည်။
ကိုသန်းလွင်Ref: So many Of us Just fake Our calm By Frank Bruni N.Y.Tim3es February 21 2022.
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar