Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - ခေတ်သစ်အတွက် ပညာရေး (၂)


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - ခေတ်သစ်အတွက် ပညာရေး (၂)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) ဇွန် ၁၂၊ ၂၀၁၉

သိပ္ပံပညာသည် လူ၏အကြီးကျယ်ဆုံးသောအောင်မြင်မှုတစ်ရပ် ဖြစ်သည်။

သိပ္ပံပညာသည် လူ၏အမြင့်မြတ်ဆုံးသောသက်ဝင်လှုပ်ရှားမှုတစ်ခုလည်းဖြစ်၏။ ၎င်းသည် အကန့်အသတ်မရှိအောင် အခွင့်အလမ်းများကိုပေးစွမ်းနိုင်သည်။

သိပ္ပံပညာကိုအသုံးချသော ပုံစံကိုပြောင်းလိုက်မည်ဆိုလျှင် ယခုမျက်မှောက်ကာလတွင် အရေးအပါဆုံးသော အင်အားသစ်တစ်ရပ်ဖြစ်သည်။

ထိုအကြောင်းအရာများအရ လက်တွေ့ကျသော ကောက်ချက်များကိုချမည်ဆိုလျှင်

(၁) နောင်အနာဂတ်တွင် သိပ္ပံပညာဆိုင်ရာသီအိုရီသဘောတရားနှင့် အလုပ်ကျွမ်းကျင် သောသူများများမွေးထုတ်ရမည်။

(၂) လူတိုင်းသည် လူ့ဘဝတွင် သိပ္ပံပညာ၏အရေးပါမှုနှင့်အစွမ်းတို့ကို ကောင်းစွာသိရ မည်။

(၃) သိပ္ပံဘာသာရပ်ကို အထူးလေ့လာသောသူမဟုတ်လျှင် သိပ္ပံ၏အရေးပါးမှုနှင့်အစွမ်း တို့ကို သိပ္ပံပပညာ၏သမိုင်းကို လေ့လာခြင်းဖြင့်သိစေရမည်။

(၄) အဆင့်မြင့်ပညာတွင် သိပ္ပံ၏အရေးပါးမှုနှင့်အစွမ်းတို့ကို သိခြင်းသည် လိုအပ်ချက် တစ်ခုဖြစ်စေရမည်။

ဒီတော့သိပ္ပံဆိုရင် အကောင်းတွေချည်းပဲလား

ပြောခဲ့သော အကြောင်းဆရာများကို ပြန်လည်သုံးသပ်လိုက်သော သိပ္ပံဟု ဆိုလိုက်လျှင် အကောင်းတွေချည်းရှိသည်။ မကောင်းသောအရာ အားနည်းချက်များမရှိဟု ထင်ရသည်။ သို့သော် ပြန်စဉ်းစားပါဦး။

၁၉၁၄ နောက်ပိုင်းတွင် ကမ္ဘာပေါ်တွင် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်စေခဲ့သော စစ်ကြီးနှစ်ခု ဖြစ်ခဲ့သည်။ (ထိုစာအုပ်ကိုထုတ်ဝေခဲ့သောအချိန်သည် ၁၉၄၆ ဖြစ်သည် - ဘာသာပြန်သူ)

ထိုစစ်ကြီးများနှင့်ပတ်သက်၍သုံးခဲ့သောနည်းလမ်းများကို သိပ္ပံပညာကကောင်းစွာ ရှင်းပြ နိုင်သည်။ သို့သော် ထိုစစ်ကြီးများဖြစ်ခဲ့ရသော အကြောင်းရင်းများကိုလည်း ဤကဲ့သို့စစ်ကြီး များကို နောင်တွင်မဖြစ်ပွားစေရန် ကာကွယ်နိုင်သော နည်းများနှင့်ပတ်သက်၍သော်လည်း ကောင်း၊ သိပ္ပံပညာသည် ဘာမှမပြောနိုင်သလောက်ဖြစ်နေသည်။ ဤအဖြစ်များကပြသနေ သည်မှာ သိပ္ပံပညာ၏နယ်ပယ်ထဲတွင် မရှိသောအရာများရှိနေသေးသည်။ လူ့စိတ်ဓာတ်ဖန်တီး မှုနှင့်ပတ်သက်၍ ဘာကိုမှမပြောနိုင်သလို စာပေပညာရပ်များနှင့်အနုပညာများ ဖန်တီးမှုတို့နှင့် ပတ်သက်၍လည်း သိပ္ပံပညာသည် ဘာကိုမှမပြောနိုင်ပါ။

 ကျွန်ုပ်တို့သည် ရှိတ်စပီးယား  ၊ ဟိုးမား တို့ကို ဖတ်သောအခါဖြစ်ပေါ်လာသောစိတ်၊ ဘီသိုဘန်  ၏ တေးဂီတကို နားထောင်၍ခံစားရသော အရသာ၊ ရှေးကအဆောက်အဦး များ၊ ပန်းချီ၊ ပန်းပုလက်ရာများကို တွေ့သောအခါ ခံစားချက်များ ၎င်းတို့နှင့်ပတ်သက်၍ သိပ္ပံပညာသည် ဘာကိုမျှ ရှင်းပြနိုင်စွမ်းမရှိပါ။ 

သိပ္ပံပညာ၏အမြင်သဘောထားအရ လီယိုနာဒို  ၏ နောက်ဆုံးညခါ ပန်းချီကားသည် ကင်းဘတ်ပေါ် တွင် ဆေးရောင်များကိုစပ်၍ချယ်သထားခြင်းမျှသာဖြစ်သည်။ အသံသည်လည်းကောင်း ရုပ် အဆင်းတို့သည်လည်းကောင်း၊ သိပ္ပံပညာအရ ရုပ်ဝတ္ထုများထက်ပိုသောအရာများ မဟုတ်ကြ ပါ။

အလင်းနှင့်အသံတို့သည် လှိုင်းများဖြစ်ကြသည်ဟု သိပ္ပံပညာကဆိုပြီး၊ ထိုလှိုင်းတို့၏ အလျားများကို တိကျစွာတိုင်းပြနိုင်သည်။ ထိုအလင်းနှင့်အသံတို့သည် လူ၏မျက်စိနှင့်နား တို့ကို ဖြတ်သွားပြီး၊ ဖြစ်ပေါ်လာသော လူ့စိတ်နှင့်ခံစားချက်များနှင့်ပတ်သက်၍တော့ သိပ္ပံဘာသာသည် ဘာကိုမှပြောနိုင်စွမ်းမရှိပါ။ အ နေသောသူမခြားဖြစ်သည်။

လူ့စိတ်နှင့်ခံစားချက်များသည် သိပ္ပံနယ်ပယ်ထဲတွင်မရှိပါ။ ဘာသာရေး၊ တေးကဗျာ၊ အနုပညာနယ်ပယ်ထဲတွင်ရှိသည်။ လောကတွင် အနုမြူများ၊ မော်လီကြူးများ၊ ဓာတ်စင်များ၊ ဆဲ(လ်)များ၊ လှိုင်းများစသည်တို့သည် ရှိနေသကဲ့သို့ ဘာသာရေး၊ တေးကဗျာ၊ အနုပညာကိစ္စ များသည်လည်း တန်းတူညီတူရှိနေကြသည်ကို သတိပြုသင့်ပါသည်။

ထို့ကြောင့် သိပ္ပံဆိုလျှင် အကောင်းတွေချည်းပဲလား၊ ဆိုးတာတွေ၊ အားနည်းချက်တွေကော မရှိဘူးလားဟူသော မေးခွန်းကိုဖြေဆိုရလျှင် မြန်မာစကားပုံကဲ့သို့ မီးစတစ်ဖက် ရေမုတ်တစ် ဖက်ဟုဆိုနိုင်ပါသည်။

သိပ္ပံပညာသည် လူရှေ့ကိုရောက်လာပါပြီ။ တစ်ဖက်တွင် အနုမြူဗုံးနှင့်အဆိပ်ဓာတ်ငွေ့ နောက်တစ်ဖက်တွင်ရောဂါများပျောက်ကင်းစေသော ကာကွယ်နိုင်သော ဆေးများပါလာသည်။ ရွေးရမည့်သူက လူဖြစ်ပါသည်။ သိပ္ပံပညာမဟုတ်ပါ။ လူက ဘာကိုပဲရွေးသည်ဖြစ်စေ၊ လူ၏ တာဝန်ဖြစ်သည်။ သိပ္ပံပညာတွင် တာဝန်လည်းမရှိပါ။ ခံစားချက်လည်းမရှိပါ။ သိပ္ပံပညာ၏ ဝေါဟာရများထဲတွင် ကောင်းခြင်း၊ ဆိုးဟူသော စကားလုံးများမရှိပါ။ ဤဝေါဟာရများကို ရှာချင်လျှင် သိပ္ပံပညာမဟုတ်သော အခြားနယ်ပယ်ထဲတွင် ရှာရမည်။ ဥပမာဒဿနပညာ၊ ဘာသာရေးတို့ဖြစ်သည်။

ယဉ်ကျေးသောသူနှင့်လူရိုင်းကွာခြားချက်

ပညာရေးတွင် တာဝန်ဝတ္တရားများရှိပါသည်။ ၎င်းတို့မှာ လူ၏ပညာအရည်အချင်းကို တိုးတက်ရန်လေ့ကျင့်ပေးခြင်း၊ လူစိတ်ကိုကျယ်ပြန့်စေခြင်း၊ စိတ်ဝင်စားသောနယ်ပယ်များတိုး လာခြင်း၊ ခေတ်သစ်ယဉ်ကျေးမှုကိုအခြေခံထားသော နည်းပညာများတိုးတက်လာစေရေးတို့ ဖြစ်သည်။

ဤတာဝန်တွေသည် တော်တော်များပါသည်။ ဒါတွေကိုသာလုပ်နိုင်လျှင် အတော်ပြီး မြောက်ပြီဟု ထင်နိုင်သည်။ သို့သော် ဒါတွေအားလုံးကို ကောင်းစွာပြီးစီးအောင် လုပ်နိုင်သည့် တိုင်အောင်၊ တကယ်လုပ်သင့်လုပ်ထိုက်သောအရာတစ်ခုမှာ ကျန်နေနိုင်ပါသေးသည်။ ထိုကျန် နေသော အရာမှာကား ယဉ်ကျေးသောလူသည် လူရိုင်းနှင့်ဘာကွာသလည်းဟူသည်ကို သိဖို့ ဖြစ်သည်။ ယဉ်ကျေးသောသူသည် လူရိုင်းထက် ဘာတွေသာသနည်းဟူသည်ကို သိဖို့လိုအပ် နေသေးသည်။

ယဉ်ကျေးသောသူနှင့်လူရိုင်းတို့ကို ကွာခြားစေသောအရာတွေကား လူတို့၏တီထွင်မှု တွေလား၊ အင်ဂျင်နီယာလုပ်ငန်းများလား၊ ဓာတုဗေဒလုပ်ငန်းများလား။ ဒါတွေမဟုတ်ရင် လည်း ဘာတွေလဲ။

သေချာတာတစ်ခုမှာ လူ့သမိုင်းတစ်လျှောက်ကိုကြည့်လိုက်မည်ဆိုလျှင် လူရိုင်းနှင့်လူယဉ် ကျေးကိုခွဲခြားစေသောအရာများမှာ သိပ္ပံတိုးတက်မှုတွေမဟုတ်၊ သိပ္ပံတိုးတက်မှုတွေကြောင့် သက်သက်တော့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်မလာချေ။ ထို့ကြောင့်အပြစ်ကို လိုက်လံ ၍ရှာမည်ဆိုလျှင် သိပ္ပံပညာ၊ နည်းပညာ၊ လူမှုရေးပညာဘာသာရပ်တို့အတွက် အပြစ်မရှိ၊ အပြစ်ရှိသည်မှာ လူများတွင်သာဖြစ်သည်။

လူများနှင့်ပတ်သက်၍ မေးရမည့်မေးခွန်းမှာ လူများကိုအာဏာဖြင့် အုပ်ချုပ်ခြင်းသည် မှန်ကန်သလား၊ ပျော်စရာတွေကိုပဲပေးပြီး အုပ်ချုပ်ခြင်းသည် မှန်ကန်သလား၊ အလှအပ၊ ကောင်းကျိုး၊ ဆင်ခြင်တွေးခေါ်ခြင်းဖြင့် အုပ်ချုပ်ခြင်းသည် မှန်ကန်သလား။

လူများသည် သိပ္ပံပညာ၏စွမ်းအားတို့ကိုကောင်းစွာမြင်နိုင်သည်။ စီးပွားရေးပညာနှင့်အစိုး ရ၏ဖွဲ့စည်းပုံတို့၏ အရေးပါပုံကိုလည်း ကောင်းစွာသိနိုင်၊ မြင်နိုင်သည်။ ထိုသို့သိနိုင်မြင်နိုင် ခြင်းကြောင့် ၎င်းတို့ကိုကောင်းမွန်စွာ၊ မှန်ကန်စွာအသုံးချတတ်ဖို့လည်း လိုအပ်ပါသည်။ သိပ္ပံပညာသည်လူများ၏ လက်ထဲသို့ စွမ်းအင်တွေများများပေးခြင်းဖြင့် အကောင်းများကိုလုပ် ဆောင်နိုင်သော အခွင့်အလမ်းနှင့်အဆိုးကို လုပ်နိုင်သောအခွင့်အလမ်းများသည် တန်းတူညီ တူရှိနေသည်။

ဆင်းရဲသောသူသည်လည်းကောင်း၊ ဆင်းရဲသော ကမ္ဘာလောကကြီးသည်လည်းကောင်း၊ သူတို့၏ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ အန္တရာယ်ပေးနိုင်၏။ အကယ်၍လူများ သည်လည်းကောင်း၊ လောကကြီးသည်လည်းကောင်း၊ ချမ်းသာကြွယ်ဝလာလျှင် ရရှိသောစွမ်း အင်ကြောင့်၊ အန္တရာယ်ပြုဖို့ အခွင့်အလမ်းတွေတိုးလာသည်။

စွမ်းအင်များတိုးလာခြင်းကြောင့် အန္တရာယ်ပြုဖို့အခွင့်အလမ်းတွေကို ဖန်းတီးသည်မှာ လူဖြစ်သဖြင့် ထိုလူကိုမှန်မှန်ကန်ကန်အရာရာကိုလုပ်ရန်အတွက်ပညာပေးဖို့လိုသည်။ ဤသည် ကားပညာရေး၏အရေးပါသောအခန်းကဏ္ဍဖြစ်သည်။ ပညာရေးသည်သာလျှင် လူ၏စိတ်ပိုင်း ဆိုင်ရာကိုပြုပြင်နိုင်မည်။ ဤသည်ကားပညာရေး၏ အရေးအကြီးဆုံးနှင့် အခက်ဆုံးအလုပ် ဖြစ်သည်။

သမိုင်းတွင် ရောမအင်ပိုင်ယာကြီးကို လူရိုင်းလူမျိုးစုများက ဖျက်ဆီးလိုက်သည်ဟုဆို၏။

မှန်ပါသည်။ သို့သော် ခေတ်သစ်ယဉ်ကျေးမှုတို့ကို ဖျက်ဆီးမည့်လူရိုင်းလူမျိုးစုများ ယခုအခါ တွင်မရှိတော့ပါ။ ဖျက်ဆီးမည့်လူရိုင်းများသည်ကား ယခုမျက်မောက်ကလူများ ကိုယ်တိုင်ဖြစ် သည်။ ပညာရေးကောင်းလျှင် လူများသည် လူယဉ်ကျေးများဖြစ်နိုင်သည်။ ပညာရေးညံ့လျှင် ဤလူများသည်ပင် လူရိုင်းများဖြစ်သွားနိုင်သည်။ ထို့ကြောင့် ပညာရေးသည် လူကို လူရိုင်း မဖြစ်အောင် စွမ်းဆောင်ပေးဖို့ တာဝန်ရှိသည်။ လူ၏စိတ်ကိုကောင်းအောင် ပြုပြင်ပေးရမည်။ ဤကဲ့သို့ စိတ်ကိုကောင်းအောင်ပြုပြင်တော့မှ အနုမြူများကိုခွဲစိတ်တတ်သော အတတ်ပညာကို တတ်မြောက်ရာသာမက အနုမြူများကို လူ၏ကောင်းကျိုးအတွက်ကို သုံးတတ်အောင်သင်ပေး ရမည်။ ဤကဲ့သို့ သင်ကြားပေးမည့် ဘာသာရပ်မှာ သိပ္ပံဘာသာမဟုတ်ပါ။ ဘာဖြစ်မည်နည်း။ ဒဿနဖြစ်နိုင်သည်။ ဘာသာရေးဖြစ်နိုင်သည်။

ဒဿန၊ ဘာသာရေး၊ အနုပညာ၊ စာပေရေးရာတို့သည်သာ လူရိုင်းနှင့်ယဉ်ကျေးသော သူတို့ကိုခွဲခြားစိတ်ဖြာပေးနိုင်သော ဘာသာရပ်များဖြစ်နိုင်သည်။

ပညာရေးတွင်လည်း အားနည်းချက်မရှိဘူးလား

လူမှုရေးသိပ္ပံ (Social Science) နှင့် သဘာဝသိပ္ပံ (Natural Science) တို့ကို အခြေခံသောပညာရေးစနစ်တို့၏ အားသာချက်နှင့် အားနည်းချက်တို့ကိုပြော၍ ပြီးသွားသော အခါ ယခုပညာရေးအကြောင်းသက်သက်ကို ပြောကြပါမည်။ ပညာရေးတွင် လူ၏စိတ်ဓာတ် ရေးရာနှင့်ဆိုင်သော လိုအပ်ချက်များပါဝင်သည်ဟုဆိုတော့ ပညာရေးမှာကော အားနည်းချက် တွေမရှိဘူးလား။ ပညာရေးတွင် ပညာသင်ကြားရာတွင်ရှိတတ်သော အားနည်းချက်တွေတော့ မကင်းနိုင်ပါ။ ဒါ့အပြင်ကော။ အားလုံးဖြတ်သန်းခဲ့ရသော ပညာရေးကိုပြောရလျှင် တော်တော် ဆိုးဝါးသော အားနည်းချက်တွေရှိပါသည်။ ၎င်းတို့ထဲမှ အဆိုးဝါးဆုံးအားနည်းချက်တစ်ခုကို ပြောပါမည်။ ထိုအားနည်းချက်မှာပညာပေးရာတွင် လူတိုင်းကိုမခွဲခြားဘဲပေးခြင်းဖြစ်သည်။ မခွဲခြားဘဲပေးခြင်းကြောင့်၊ ထိုက်တန်သောသူများနှင့်မထိုက်တန်သောသူများကို တန်းတူရည်တူ မခွဲခြားဘဲ ပေးခြင်းဖြစ်သည်။

နောက်အားနည်းချက်တစ်ခုမှာ သိပ္ပံကို လောကတွင် အရေးပါသည်ဟူ၍သာ ပေါ်ပင် အဖြစ် ပြောနေသော်လည်း သိပ္ပံ၏ တကယ့်အရေးပါမှုကို ဧကန်တကယ်မပြောနိုင်ခြင်းဖြစ် သည်။ ဤအားနည်းချက်ကိုရှောင်နိုင်သောနည်းတစ်ခုမှာ ဂရိ  သိပ္ပံနှင့် သင်္ချာအတွေး အခေါ်တို့ကို အားဖြည့်၍ သင်ပေးခြင်းဖြစ်သည်။

ကျဉ်းမြောင်းခြင်း၏အကျိုးကျေးဇူးများ
ကောင်းမွန်သော ပညာရေးဖြစ်စေရန် ကျဉ်းမြောင်းသောပညာရေးဖြစ်ရမည်။ ကျဉ်းမြောင်း ခြင်းဟူသည်ကို အများအားဖြင့် မကောင်းသောအရည်အချင်းဟုမြင်ကြသည်။ တစ်ဖက်ကကြည့်လျှင် မကောင်းသောအရည်အချင်းဟူသည်မှန်ပါသည်။ သို့သော်လည်း နောက်တစ်ဖက်တွင် ကျဉ်းမြောင်းခြင်းသည် ကောင်းသောအရည်အချင်းလည်းဖြစ်နိုင်ပါသည်။ ပညာရေးသည် ဘာတွေပါသည်ဟူသည်ကိုမပြောဘဲ ဘာတွေကိုဖယ်ထားသင့်သည်ဟူသည်ကို ပြောဖို့လိုအပ် ပါသည်။ ဤသည်ကား ကျဉ်းမြောင်းသွားစေခြင်းတစ်မျိုးဖြစ်သည်။ ၎င်းသည်လိုအပ်သော ကျဉ်းမြောင်းမှုတစ်ခုဖြစ်သည်။

ကျဉ်းမြောင်းခြင်းနှင့်ပတ်သက်၍လိုက်လုပ်ရမည့် နိယာမနှစ်ခုရှိသည်။ တစ်ခုမှာဘာသာ ရပ်များထဲမှနှစ်ခုကို သေချာစေ့စေ့စပ်စပ်သိအောင်လုပ်ရမည်။ ထိုဘာသာရပ်နှစ်ခုကိုသေချာ စွာအားထုတ်၍လေ့လာခြင်းအားဖြင့် ပညာဗဟုသုတဟူသည် အဘယ်နည်းဟူသည်ကို ကောင်းစွာသိစေရမည်။ ဤကဲ့သို့ နှံ့နှံ့စပ်စပ်သိရမည့်ဘာသာရပ်ကို နှစ်ခုထက်ပို၍လည်း ရွေး၍မဖြစ်နိုင်ပါ။ ၎င်းတို့အတွက် အချိန်လည်းလိုအပ်သည်။ အလေးပေးမှု၊ အာရုံစိုက် မှုလည်းများစွာလိုအပ်သည်။

ဒုတိယနိယာမမှာ ရွေးချယ်ထားသော ဘာသာရပ်နှစ်ခုသည် လေ့လာသောသူကို ကြီး ကျယ်သောအရာ။ ထူးခြားပြောင်မြောက်သောအရာ၊ ခမ်းနားသောအရာတစ်ခုခုနှင့်မျက်နှာချင်း ဆိုင်တွေ့ခွင့်ရရှိစေရမည်။ လောကတွင် ကြီးကျယ်ထူးခြား ပြောင်မြောက် ခမ်းနားသော မြင် ကွင်းကိုမြင်ရခြင်းထက်ပို၍ ပညာပေးနိုင်သောအရာသည်မရှိ၊ ၎င်းနေရာတွင် ဘာကိုမှ လည်း အစားမထိုးနိုင်။

ဤနိယာမနှစ်ခုအရ ပညာပေးခြင်းသည် ခေတ်သစ်ပညာရေး၏ရည်ရွယ်ချက် (ပေါ်ပင် ပမာ) ဖြစ်သော 'ခေတ်သစ် လူ့အဖွဲ့အစည်းကို မည်ကဲ့သို့ဖွဲ့စည်းပြီး စီမံခန့်ခွဲသည်'ဟူသည်ကို သိခြင်းထက်များစွာထိရောက်စေမည်ဖြစ်ပါသည်။

အချုပ်ကိုဆိုရသော်-

ကောင်းမွန်သော ပညာရေးဖြစ်ရန်ကျဉ်းမြောင်းရမည်ဟုဆိုခြင်းဖြစ်သည်။

အားလုံးကို ပြန်၍အတိုချုပ်ရသော်-

ခေတ်သစ်အတွက်ပညာရေး၏အကျဉ်းချုပ်
ခေတ်သစ်အတွက် ပညာရေး၏ခေါင်းစဉ်များအောက်ရှိ အကြောင်းအရာများကို အကျဉ်း အားဖြင့် ပြန်လည်၍သုံးသပ်ပါမည်။

ဤဆောင်းပါးကို ဘားနပ်ရှော ၏ အဆိုမှစတင်ခဲ့သည်။ ထိုအဆို မှာ

ယခုခေတ်တွင် အရာရာ၏ x,y,z ကို လူတိုင်းသည်သိကြသည်ဟုထင်ရသော်လည်း ဘယ်သူမှမည်သည့်အရာ၏ a,b,c ကိုမှမသိကြပါ။

 ခေတ်သစ်ကမ္ဘာအတွက် ခေတ်သစ်ပညာရေး ဟူသောခေါင်းစဉ်အောက်တွင် ဆိုထား သည်မှာ ဤစကားလုံးများကို ကြားလိုက်လျှင် အထင်ကြီးစရာဖြစ်သော်လည်း ၎င်းတို့သည် ဘာအနှစ်သာရမှ မရှိသောစကားများ ဖြစ်သည်။ အနှစ်သာရမဲ့သော စကားများမဖြစ်စေ ချင်လျှင် ခေတ်သစ်ဟူသည် အဘယ်နည်းဟူသည်ကိုသေချာသိဖို့လိုသည်။ အခြားအလားတူ မေးခွန်းများကိုလည်း မေးထားသည်။ဤမေးခွန်းများကိုဖြေရာတွင် ဟူသောခေါင်းစဉ်အောက်တွင် 'ခေတ်သစ်'ဟူသည် အချိန် ကာလကိုပြောခြင်းမဟုတ်။ အတွေးအခေါ်အမြင်သဘောထား၏သစ်ခြင်း(ဘယ်တော့မှ ဟောင်းနွမ်းမသွားခြင်း)ကိုဆိုလိုသည်။ 

မျက်မှောက်ခေတ်ကာလ၏ပြဿနာများ ခေါင်းစဉ်တွင် ပြဿနာအားဖြင့် နှစ်မျိုးနှစ်စား ရှိသည်။ ပထမပြဿနာမှာလူမှုရေးပြဿနာများ (Social Problem) ဖြစ်ပြီး ဒုတိယ ပြဿနာမှာ သိပ္ပံနှင့်အသုံးချသိပ္ပံ (Science & Applied Science) ပြဿနာဖြစ်သည်။ 

လူမှုရေးသိပ္ပံ (Social Science) အပေါ်အခြေခံသောပညာရေးအောက်တွင် သင်ရိုး မာတိကာအားဖြင့် ခေတ်သစ်လူ့အဖွဲ့အစည်းကို ဖွဲ့စည်းပုံနှင့် စီမံပုံစတာတွေပါဝင်သော သင်ရိုးမာတိကာသည် ဘယ်လောက်ကောင်းသည်ကိုတော့မသိပါ။ သေချာသည်မှာ အလွန်ပျင်း စရာကောင်းပြီး ညည်းငွေ့စရာကျောင်းပြေးချစ်စရာဖြစ်သည်။ ဝါဒဖြန့်မှုတွေသာများ နေသည်။ 

ဟိုနည်းနည်း ဒီနည်းနည်းအစုံသိရန်ဟူသော ခေါင်းစဉ်အောက်တွင် ခေတ်သစ်ပညာရေး ၏ရည်ရွယ်ချက်မှာ တော်တော်များများကို ဟိုနည်းနည်း ဒီနည်းနည်းသိရန်နှင့် တကယ်နက် နက်နဲနဲမသိခြင်းကိုလည်း သဘောပေါက်ရန်ဖြစ်သည်။ဟိုနည်းနည်း ဒီနည်းနည်းစီသိခြင်းနှင့် တကယ်မသိကြောင်းသိခြင်းဟူသော ခေါင်းစဉ် အောက်တွင် ဟိုနည်းနည်း ဒီနည်းနည်းသာသိသော ဘာသာရပ်များထဲမှ တစ်ခုခုကို ဧကန် တကယ် သေချာသိစေရမည်ဟု ဆိုထားသည်။ 

သဘာဝသိပ္ပံ (Natural Science) ကိုအခြေခံသော ပညာရေး၊ အောက်တွင် သိပ္ပံပညာနှင့် ပတ်သက်၍ အောက်ချက်လေးချက်ရှိသည်။ ၎င်းတို့မှာ-

(၁) သိပ္ပံကျွမ်းကျင်သူများနောင်တွင် မွေးထုတ်ရန်
(၂) သိပ္ပံ၏အရေးပါမှုနှင့်အစွမ်းကိုသိရန်
(၃) သိပ္ပံ၏သမိုင်းကိုလေ့လာဖြင့်လည်း နံပါတ်နှစ်ကိုအကောင်အထည်ဖော်ရန်
(၄) သိပ္ပံ၏အရေးပါမှုနှင့်အစွမ်းကိုသိခြင်းသည် အဆင့်မြင့်ပညာတွင် မရှိမဖြစ်လိုအပ် ချက်ဖြစ်ရန်

ဒီတော့ သိပ္ပံဆိုရင်အကောင်းတွင်ချည်းပဲလား ဟူသော ခေါင်းစဉ်အောက်တွင် သိပ္ပံပညာ သည် အနုမြူဗုံးနှင့်အဆိပ်ဓာတ်ငွေ့ကတစ်ဖက်၊ လူများကိုကယ်တင်နိုင်သော ဆေးဝါးများက တစ်ဖက်၊ ကိုင်ဆောင်၍လာပြီးရွေးရမှာက လူကသာဖြစ်သည်၊ သိပ္ပံပညာမဟုတ်။ 

ကောင်းခြင်း၊ ဆိုးခြင်းဟူသောဝေါဟာရများသည် သိပ္ပံပညာထဲတွင်မရှိပါ။ သိပ္ပံပညာမဟုတ်သော ဘာသာရေး၊ ဒဿနပညာတို့ထဲတွင်ရှိနိုင်သည်။

ယဉ်ကျေးသူနှင့်လူရိုင်းကွာခြားချက်အောက်တွင်ပြောထားသည်မှာ ရှေးကရောမအင်ပိုင် ယာကြီးကို လူရိုင်းများက ဖျက်စီးပစ်လိုက်သည်ဟုဆို၏။ ယခုမျက်မှောက်ကာလတွင် ဖျက်ဆီး မည့် လူရိုင်းများသည်ကား၊ မျက်မှောက်ကာလ၏လူများကိုယ်တိုင်ဖြစ်သည်။ ဒဿန ဘာသာ ရေးနှင့်အနုပညာတို့သည်သာလျှင် လူများကိုလူရိုင်းများမဖြစ်အောင်စွမ်းဆောင်နိုင်သည်။

ပညာရေးတွင်လည်းအားနည်းချက်မရှိဘူးလား ဟူသော ခေါင်းစဉ်အောက်တွင် ဆိုထား သည်မှာ ပညာပေးရာတွင် လူတိုင်းကိုမခွဲခြားဘဲပေးခြင်းကြောင့်၊ ထိုက်တန်သောသူများနှင့် မထိုက်တန်သောသူများကို တန်းတူရည်တူရရှိစေခြင်းသည် ပညာရေး၏အားနည်းချက် ဖြစ်သည်။

ကျဉ်းမြောင်းခြင်း၏အကျိုးကျေးဇူးတွင် ကောင်းမွန်သောပညာရေးသည် ကျဉ်းမြောင်းရမည် ဟုဆိုကာသေချာစွာစေ့စေ့စပ်စပ်လ့လာရမည့် ဘာသာရပ်နှစ်ခုကိုရွေးရမည်။ ရွေးချယ်သော ဘာသာရပ်နှစ်ခုတွင် ရှိရမည့်အရည်အချင်းများမှာ ပညာဗဟုသုတဟူသောအဓိပ္ပာယ်ကို သေချာစွာသိစေခြင်းနှင့် လောကတွင် ကြီးကျယ်ခမ်းနားသောမြင်ကွင်းကို မြင်စေခြင်းဖြစ်၏။ ဤကဲ့သို့ဖြစ်စေခြင်းသည် ပေါ်ပင်ပမာဖြစ်သော 'ခေတ်သစ်လူ့အဖွဲ့အစည်းကို မည်ကဲ့သို့ ဖွဲ့စည်း၊ မည်ကဲ့သို့စီမံခန့်ခွဲသည်'ဟူသည်ကိုသိခြင်းထက် များစွာထိရောက်စေသည်ဟူ၍ ဤဆောင်းပါးကို အဆုံးသတ်ထားသည်။

ဤသည်ကား ခေါင်းစဉ်တစ်ခုစီအောက်ရှိ အကြောင်းအရာများ၏ အကျဉ်းပင်ဖြစ်လေ သည်။ အကျယ်ကိုသိဖို့တော့ ဆောင်းပါးကို အစအဆုံး ဖတ်ပါ။ သို့မဟုတ် ကိုယ်သိလိုသော် ခေါင်းစဉ်ကို ပြန်၍ ဖတ်ပါ။

(အခန်း ၁ ပြီး၏)