Breaking News

ဇင်လင်း - အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန် ဖြစ်သည်

Photo - Mizzima


ဇင်လင်း - အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန် ဖြစ်သည်
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၉

မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရသည့် အကြောင်းများအနက် အဂတိလိုက်စားမှုနှင့် အကျင့်ပျက်လာဘ် စားမှု ပြဿနာသည် ပဓါနကိစ္စတစ်ခု ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ယိမ်းယိုင်နေသည့် ကိစ္စ၊ အုပ်ချုပ်ရေးကဏ္ဍ မမျှမတ ဖြစ်နေသည့် ကိစ္စ၊ သယံဇာတ ကိစ္စ၊ ဖွံ့ဖြိုးရေး စီမံကိန်းများ ကိစ္စ၊ မြေသိမ်းယာသိမ်းကိစ္စ၊ မူးယစ်ဆေးနှင့် ဘိန်းကုန်ကူးမှု ကိစ္စနှင့် လူကုန်ကူမှုအပါအဝင် လူဝင်မှုစည်းရိုး ကျိုးပေါက်သည့် ကိစ္စ အစရှိသော အမှုကိစ္စအဝဝတို့သည် အဂတိ လိုက် စားမှုများနှင့် ခွဲမရအောင် ဆက်နွယ်နေသည်။ အထူးသဖြင့် ပြည်ထဲရေးလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက် အခွန်၊ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ စသည်တို့တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေ ဆဲဖြစ်ကြောင်း ပြည်သူတို့၏ ဝေဖန်သံများ ထွက်ပေါ်နေဆဲရှိသည်။ ၂၀၁၈ မေလ၂၃ ရက်နေ့ စတုတ္ထအကြိမ် အမျိုးသား လွှတ်တော်တွင်အဂတိလိုက်စားမှုဖြင့် ကျော်စောသတင်းထွက်နေသူများကို စုံစမ်းစစ်ဆေးအရေးယူနိုင်မည့် “အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေ” ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည် ပြုခဲ့သည်။ ယခင်ဥပဒေဟောင်းတွင်အားနည်းချက် များရှိသဖြင့် ယခုပြင်ဆင်အတည်ပြုလိုက်သော ဥပဒေသည် ဟာကွက် ပျော့ကွက်များ နည်းသွား၍ ရှေ့ဆက် အလုပ်လုပ် ရန် အဆင်ပြေသွားပြီဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥကၠ႒ ဦးအောင်ကြည်က ပြောကြားခဲ့သည်ကို သတင်းများ၌ ဖေါ်ပြခဲ့သည်။

မြန်မာနိုင်ငံသည် အဂတိလိုက္စားမႈ များသော နိုင်ငံများစာရင်း၌ ပါဝင်နေသည်မှာ ဆယ္စုႏွစ္ငါးစုမွ် ရွိခဲ့သည်။ ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီ အစိုးရတက်လာပြီးနောက် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မူဝါဒများချမှတ် ဆောင်ရွက်လာသည် ကို တွေ့ရသည်။ အဂတိလိုက္စားမႈ တိုက်ဖျက်ရေး (Anti-Corruption Campaign) သည် အစိုးရတစ်ရပ် အတွက် နိုင်ငံ၏ ဂုဏ္သိကၡာကို ပြန်လည် မြှင့်တင်ရာ၌ အလွန်အရေးကြီးသောတာဝန်ဖြစ်သည်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃၀/၂၀၁၇ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၃-၁၁-၂၀၁၇ ရက်စွဲဖြင့် ကော်မရှင်ဥက္ကဌ ဉီးအောင်ကြည်၊ အတွင်းရေးမှူးဦးစန်းဝင်းနှင့်အဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြင့် ဒုတိယအကြိမ် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်များမှာ -
-(က) အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်ရန်။
-(ခ) သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်။
-(ဂ) အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန်။
-(ဃ) အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက်အကာအကွယ်ပေးရန်။
-(င) အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်။
-(စ) တရားဥပဒေစိုးမိုးရေးနှင့်အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာေစရန်။ - စသည်ဖြင့် ဖြစ်သည်။

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်၍ အဂတိလိုက်စားမှု ကျူးလွန်ပါက ရာထူး ကြီးငယ်မရွေး၊ သူ့လူကိုယ့်လူမရွေး၊ သည်းမခံဘဲ တိတိကျကျ ပြတ်ပြတ်သားသားအရေးယူသင့်သည်။ လာဘ်ပေး လာဘ်ယူမှုများကြောင့် အာဏာ အလွဲသုံးခြင်း၊ ဥပေဒ အလွဲသုံးခြင်း၊ ကိုယ်ကျိုးရှာခြင်း စသည်တို့ ဖြစ် ပေါ်စေသည်။ နိုင်ငံနှင့်ပြည်သူ့အကျိုး စီးပြားကို မျက်ကွယ်ပြု၍၊ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ကာ အစိုးရအုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ် ချက်များကို ချမှတ်ရာ၌ အဂတိမကင်းခဲ့သောကြောင့် နိုင်ငံအား ဘက်ပေါင်းစုံ ဆုံးရှုံးနစ်နာခဲ့ဖူးသည်ဟု ပြည်သူ့လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ်များကဝေဖန် ထောက်ပြခဲ့ဖူးသည်။

လက်ရှိကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၄-၁၁-၂၀၁၇ ရက်နေ့မှ ၃၀-၄-၂၀၁၉ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၁၃၉၄၃ စောင် လက်ခံရရှိခဲ့ပြီး၊ ၁၃၂၁၅ စောင်အား လိုအပ္သလို အရေးယူဆောင်ရွက်ခဲ့သဖြင့် ၉၄. ၈ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။ နှိုင်းယှဉ်ချက်အရ ၂၀၁၄ မတ္လ ၁၂ ရက္မွ စ၍ ၂၀၁၅ ဒီဇင္ဘာ ၃၁ ရက္အထိ တာဝန်ယူခဲ့သည့် ယခင် ကော်မရှင်အဟောင်း လက်ထက်တွင် တိုင်ကြားမှု ၄,၄၇၁ မႈရွိၿပီးအဂတိလိုက်စားမှုဖြင့် စစ်ဆေးခဲ့သည့် အမႈ ၆၂ မှုသာရှိ သည်။ NLD အစိုးရအနေဖြင့် အဂတိလိုက္စားမႈကို တိုက်ဖျက်နိုင်ရန် ‘တရားဥပေဒ စိုးမိုးရေး’ ကို ပွင့်လင်းမြင်သာစွာ အားဖြည့်လုပ်ဆောင်ပေးရေးအတွက်လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော်များတွင် မၾကာခန တင်ပြခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များအနြေဖင့် အဂတိလိုက်စားသည့် ၀န်ထမ်းများတွေ့ ရွိပါက မေးခွန်းမေးရုံ မျှမဟုတ်ဘဲအချက်အလက်အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပြီး ၀န်ကြီးဌာနဘက်ကလည်း ထိထိရောက်ရောက် အရေးယူ ပေးရန် လက်ရှိ နိုင်ငံတော် သမၼတ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားစဉ်) က ၂၀၁၇ ခုနှစ်ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့ဖူးသည်။

၂၀၁၈ ဇန်နဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့ Park Royal Hotel ၌ "အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့" (Promote Integrity to Counter Corruption) ဦးတည်ချက်ဖြင့် စာတမ်းဖတ်ပွဲကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းကျင်းပခဲ့ သည်။ စာတမ်းဖတ်ကြား ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) Country Manager Mr. Troels Vester တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ စီးပွားရေးပညာရှင်များဖြစ်သော ဦးမြင့်၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့က စာတမ်းဖတ်ပွဲ ခေါင်းစဉ် အပေါ် ဆွေးနွေးပြောဆိုခဲ့ကြသည်။ စာတမ်းဖတ်ပွဲ တွင် တရားလွှတ်တော်ရှေ့နေ ဦးမြသိန်း(နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်(ငြိမ်း)နှင့် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)တို့က ဦးဆောင် ဆွေးနွေးခဲ့သည်။ စာတမ်းရှင်(၂၇) ဦး၏ စာတမ်းများ ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ စိတ်ပါဝင်စားသောပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြသည်။

နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာ (Political Will) နှင့် နိုင်ငံသားများ၏ နိုင်ငံရေးစေတနာ (Political Will) တို့ သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ နိုင်ငံရေးစေတနာ မကောင်းလျှင် အဂတိလိုက်စားမှု များသည် နိုင်ငံဖွံံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်စေကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ဗဟို ချုပ်ကိုင်မှု လျှော့ချရန်၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု ပိုမိုတိုးမြှင့်ရန်၊ အထူးသဖြင့် ပစ္စည်း ဝယ်ယူရေး၊ သဘာဝ သယံဇာတများအသုံးချရေးနှင့် ပြည်သူ့ဘဏ္ဍာသုံးစွဲရေးတို့တွင် ပွင့်လင်း မြင်သာစေရန်နှင့် တိုင်ကြားသူ မရှိသော်လည်း ကော်မရှင်က အရေးယူခွင့်ရှိရန် စသည့် ဆွေးနွေးပြောဆိုချက်များသည် ကော်မရှင်အတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်လာသည်။ ထို့ပြင် အကျင့်ပျက်ခြစားမှု ကင်းစင်ရေးအတွက် ပြည်သူ၊ နိုင်ငံတော် နှင့် စီးပွားရေးလုပ်ငန်းရှင်များ အကြား ယုံကြည်မှုတည်ဆောက်ရန် (Building Trust) လိုအပ်သည်ဆိုသည့် အကြံပြု ဆွေးနွေးချက်မှာလည်း ကော်မရှင်အနေဖြင့် ထည့်သွင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ႏှင့် ကုလသမဂ္ဂဖွံ႕ဖြိဳးမႈအစီအစဉ္တို႕ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ႕ နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို ဖေဖေါ်ဝါရီ ၅ မှ ၇ ရက်အတွင်း နေပြည်တော် ရှိ Kempinski Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို႕ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ႀကီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ႀကီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ႀကီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ႀကီးဌာနများမှ ဒုတိယဝန်ႀကီးများ၊ ကော်မရှင်အဖွဲ႕ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညႊန်ၾကားရေးမှူးချဳပ် များ၊ ဒုတိယ ညႊန်ၾကားရေးမှူးချဳပ်များ၊ ညႊန်ၾကားရေးမှူးများ၊ သင်တန်းသားသင်တန်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၂၀ဝ ဦးခန်႕ တက်ရောက်သည်။
အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ၾကည်က အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းြဖစ်သည့် အပြင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောပြစ်မႈကို က်ဴးလွန်ခြင်းလည်းဖြစ်သဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်သိက္ခာ နှင့်လူထု၏ယုံၾကည်မှုကို ကျဆင်းစေႏိုင်သည်ဟု ပြောကြားသည်။ ပြည်ထောင်စုဝန်ႀကီးဌာနအချိုဳ႕တြင် ယခု ဖွဲ့စည်းမည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ႕(Corruption Prevention Unit – CPU) များ၏လုပ်ငန်းတာဝန်သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ယုံၾကည်မှုကို ပြန်လည်မြှင့်တင်ပေနိုင်မည်ဖြစ်၍ အောင်မြင်စွာ အကောင်အထည်ဖော်ရန် အလွန်အရေးႀကီးသည်ဟုလည်း ဆိုသည်။ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာ ႏှင့်လာဘ်ငွေ၊ လူထု၏ ယုံၾကည်မှုနှင့် တစ်ဦးတစ်ဖွဲ႕အတွက် တစ်ကိုယ်ကောင်းဆန်သော အဆင်ပြေသက်သာမှု၊ အများပြည်သူအကျိဳးစီးပွားနှင့် ပုဂ္ဂလိက အကျိဳးစီးပြားတို႕တွင် မည်သည့်အရာကို ရွေးချယ်ၾကမည်နည်းဟူသောမေးခွန်းသည် မိမိတို႕၏ တန်ဖိုးထားမှုများ ကို ကောင်း၏ မကောင်း၏၊ မှန်၏ မမှန်၏ သေချာစွာအကဲဖြတ်ပေးနိုင်သည်ဟု ဦးအောင်ကြည်က ပြောကြားခဲ့သည်။

၂၀၁၉ မေလ ၁၇ ရက်နေ့ နံနက်က အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို Grand Amara ဟိုတယ်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ UNODC နှင့် UNDP တို့မှ ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၃၁)ခု တို့မှ ကိုယ်စားလှယ်အရာ ရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြော၍၊ UNODC မွ Ms. Marie Pegie Cauchois က အလုပ်ရုံဆွေးနွေးပွဲအား ကြိုဆိုကြောင်းနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC အပိုဒ် (၃၃) ပါ ပြဋ္ဌာန်းချက်မျာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် UNCAC အပိုဒ်(၃၃)အရ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင် မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာလုပ်ငန်းစဉ် ၁.၄.၅ အရ လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၁ အရ လည်းကောင်း “ထုတ်ဖော်သတင်းပေးသူများ အား အကာအကွယ်ပေးရေး” အတွက် ဥပဒေတစ်ရပ် လိုအပ်ကြောင်းနှင့် ဥပဒေမူကြမ်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ မှ တက်ရောက်လာသူများက စဉ်းစားဆွေးနွေးပေးကြရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန် ချက်၌ တွေ့ရသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်အတွင်းရေးမှူးက ဥပဒေကြမ်းပါ စာပိုဒ်များကို တစ်ပိုဒ်ချင်း ရှင်းလင်း၍ တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ အခြားတိုးတက်မှု တစ်ခုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးပေါင်း၍ လာဘ်ပေးလာဘ်ယူမှုများအား စုံစမ်းစစ်ဆေး အရေးယူ ခြင်းနှှင့်စပ်လျဉ်းသည့် သင်တန်း (Mentoring in relation to the investigation of bribery offences)ကို ကော်မရှင်ရုံး ၌ မေလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်းသို့ကော်မရှင်ရုံးမှ သင်တန်းသား ၂၀ တက်ရောက်ခဲ့ပြီး မေလ ၁၅ ရက်ထိ(၃)ရက်ကြာဖွင့်လှစ်ခဲ့သည်။ ကော်မရှင်အနေဖြင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Corruption Prevention Unit (CPU)သင်တန်းများကိုလည်း ဆက်လက် ပို့ချ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ သင်တန်းများပို့ချပေးခြင်းအားြဖင့် ကော်မရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပြည့်ဝစေရန်နှင့် မြှင့်တင်ပေးနှိုင်ရန်အတွက် Human Resource Developmentသင်တန်းများ ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတွင် သဘာဝ သယံဇာတများ မည်သို့ပင် ပေါများစေကာမူ လူသားအရင်းအမြစ် သည် အရေးကြီးကြောင်း၊ နိုင်ငံအတွင်း အတွေ့အကြုံ များမျှသာမက အခြားနိုင်ငံများ၏ အတွေ့အကြံုများလည်း ရရှိရန် လိုအပ်သည့်သဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက ပြောကြားသည်။

UNODC မှ ကျွမ်းကျင်သူပညာရှင် Mr.Donald Mckenzie ကလည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြား မည့် သင်ခန်းစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်း၌ လာဘ်ပေးလာဘ်ယူမှုများ နှှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းဆောင်ရွက်သည့်အခါ စာရွက်စာတမ်း သက်သေခံချက်များ ရယူခြင်း၊ ပရဝုဏ်နှင့် လူပုဂ္ဂိုလ်များထံမှ ရှာဖွေခြင်း၊ သက်သေများထံမှ လိုအပ်သည့်အထောက် အထားများရယူခြင်း၊ အဂတိလိုက်စားမှုဆိုင်ရာ ပြစ်မှုများအား တရားစွဲဆိုခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ သက်သေများကို မေးမြန်းခြင်း၊ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံတင်ပြခြင်းတို့နှင့်ပတ်သက်၍ သင်ကြားပို့ချမည်ဟု ဆိုသည်။

အဂတိလိုက္စားမႈ တိုက်ဖျက်ရာ၌ လုပ်ငန်းရှင်ကြီးများ အခွန်ရှောင်နေသည့် ကိစ္စများနှင့် ငွေကြေးခဝါချနေသည့် လုပ်ငန်း များကို စိစစ်အရေးယူရန် ဝေဖန်ထောက်ပြမှုများ ရှိဖူးသည်။ ထို့အပြင် ကျင့်ဝတ်မလိုက်နာသောရဲအဖွဲ့ဝန်ထမ်းများနှင့် တရားရေးဝန်ထမ်းများ၏ လာဘ်ယူကာ အမှုဖျောက်ဖျက်မှုလုပ်ခြင်းများကိုလည်း အထူးစောင့်ကြည့် အရေးယူသင့်ကြောင်း ပြည်သူတို့က မှတ်ချက်ပြုဖူးသည်။ အဂတိလိုက်စားမှုသည် အစိုးရ ယန္တရားနှင့် စီးပွားရေးလုပ်ငန်းများအတွင်း နည်းအမျိုး မျိုးဖြင့် ရှင်သန်နေတတ်၍ အစိုးရအဖွဲ့အသီးသီးနှင့် လွှတ်တော်အသီးသီးတို့က နိုင်ငံရေး သတိရှိရှိ လက်တွဲ တိုက်ဖျက် နိုင်မှသာ နိုင်ငံတော်ဘက်စုံတိုးတက်ရေးအတွက် အေထာက္အကူ ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် အာဏာအလြဲသုံးကာ တိုင်းပြည့်ဘဏ္ဍာ ကုဋေ ကုဋာနှင့် မြေယာများကို အပိုင်စီးသွားခဲ့သော ခေတ်သစ်မိုးကျရွှေကိုယ် သူဌေးကြီးများအား ကျော်စောမှုအရဖြစ်စေ၊ အခွန်ရှောင်မှုအရ ဖြစ်စေ၊ လိုင်စင်မဲ့ လုပ်ငန်း လည်ပတ်နေမှုအရဖြစ်စေ၊ အရေးယူမည့်အချိန်ကို ပြည်သူလူထုက စောင့်ကြည့်လျှက်ရှိပေသည်။

အဂတိလိုက်စားမှု အခြေအနေများကို စောင့်ကြည့်လျှက်ရှိသော Transparency International အဖွဲ့၏ ၂ဝ၁၈ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆင့် ၁၃၂ တွင် ရှိသည်။ အမှတ် ၁၀၀ ပေးရာတွင် မြန်မာသည် ၂၉ မှတ်သာ ရရှိသည်။ Corruption Perceptions Index (CPI) ညွှန်းကိန်းအရ အဂတိလိုက်စားမှု အဆိုးဆုံံး ၃ နိုင်ငံမှာ ကမ္ဘောဒီးယား (Cambodia) ၂၀ မှတ်၊ အာဖဂန်နစ္စတန် (Afghanistan) ၁၆ မှတ်နှင့် မြောက်ကိုးရီးယား (North Korea) ၁၄ မှတ် တို့ ဖြစ်သည်။ အဂတိလိုက်စားမှု အနည်းဆုံး အဆင့် ၁ နိုင်ငံမှာ နယူးဇီလန် (New Zealand) ၈၇ မှတ် ဖြစ်သည်။ အဆင့် ၂ နိုင်ငံမှာ စင်္ကာပူ (Singapore) ၈၅ မှတ် နှင့် အဆင့် ၃ နိုင်ငံမှာ သြစတြေးလျား (Australia) ၇၇ မှတ် ဖြစ်သည်။

၁၀-၆-၂၀၁၉ နေ့ထုတ် ဒီလှိုင်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။