သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၅ )
၂၀၀၀-၂၀၁၀ ပြည့်နှစ်ကြား ထင်သလောက် ခရီးမပေါက်ခဲ့တဲ့ နျူကလီးယား အိပ်မက်အကြောင်းကို ဇောင်းပေး ရေးသားနေတာကို သတိပြုမိကြပါလိမ့်မယ်။
၂၀၁၂ ခုနှစ် ‘ရှန်ဂရီလာ ဒိုင်ယာလော့ဂ်’မှာ မြန်မာကာကွယ်ရေးဝန်ကြီး နိုင်ငံတကာကို ပြောကြားခဲ့တဲ့ ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ နျူကလီးယားစီမံကိန်းကနေ ‘အီဘီဆာဝါ’လက်ထဲ weapons grade plutonium ရောက်သွားခဲ့တဲ့ ဖြစ်စဉ်က၊ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာလည်း လျှို့ဝှက်လုပ်ဆောင်နေမှုတွေ ရှိနေဆဲဆိုတာကို ထင်ရှားစေလိုတဲ့အတွက် ဖြစ်ပါတယ်။
တချို့ ရှင်းရှင်းလင်းလင်းကောက်ချက်ချဖို့ အချိန်စောနေသေးတာတွေ ရှိခဲ့ရင်လည်း၊ စစ်ခေါင်း ဆောင် အစဉ်အဆက်ဟာ စကားမတည်ကြသူ၊ နိုင်ငံတကာ သဘောတူစာချုပ်တွေကိုလည်း ဖောက်ဖျက်ဖို့ ဝန်မလေးကြသူတွေဖြစ်ကြောင်း ပေါ်လွင်စေနိုင်ရေးအတွက်၊ ရေးသင့်ရေးထိုက်တဲ့ဘက်ကသာ ရပ်တည်ပြီး သဘောထားပေးထားပါတယ်။ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီအပေါ် ဝေဖန်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ထိုင်းလွှတ်တော်အမတ် ‘ကန်နဗီး’( Kannavee Suebsang- Fair Party)က စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်ပေါင်းဖို တည် ဆောက်မယ့်အရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။ အာဆီယံအပါအဝင် အိမ်နီး ချင်းနိုင်ငံများက စိုးရိမ်မှုတွေ ရှိလာခဲ့မယ်ဆိုရင်လည်း ဒါက မထူးဆန်းပါဘူး။ အဲဒီလို စိုးရိမ်ပူပန်မှုတွေ ရှိလာကြဖို့ ဝိုင်းကြိုးစားကြရမှာပါ။
အဲဒီနှစ်ကာလတွေအတွင်းက နျူကလီးယားလျှို့ဝှက် စီမံကိန်းတွေအကြောင်းတွေကို ပြောတဲ့အခါ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ပါမောက္ခ ‘ဒက်စ်မွန်ဘောလ်’(Desmond Ball)ရဲ့ ဖော်ထုတ်ရေးသားချက်တွေကိုလည်း ချန်လှပ်ခဲ့လို့မရပါဘူး။ သူဟာ The Australian National University ရဲ့ The Strategic and Defence Studies Centre က ပါမောက္ခတဦးဖြစ်ပြီး ၁၉၈၄ ခုနှစ် - ၁၉၉၁ ခုနှစ်အတွင်းက ဒီဌာနကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျင်မီကာတာ ကိုယ်တိုင် စစ်အေးခေတ် နျူကလီးယားစစ်ပွဲ ရှောင်ရှားနိုင်ရေးအတွက် သူ့ကို အကြံပေးဆွေးနွေးဖူးတဲ့ ပါမောက္ခ ‘ဒက်စ်မွန်ဘောလ်’ကို ချီးမွမ်းစကား ဆိုခဲ့ဖူးပါတယ်။
သူဟာ မြန်မာနိုင်ငံအရေးကိုလည်း စိတ်ဝင်စားသူတဦးပါ။ ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ထုတ် Sydney Morning Herald မှာ ဂျာနယ်လစ် ဖီးလ်သော်တန် (Phil Thornton)နဲ့အတူ ရေးသားခဲ့တဲ့ မြန်မာ့နျူကလီးယားလျှို့ဝှက်ချက် ဖွင့်ချမှုဆောင်းပါးက DVB- Al Jazeera အစီအစဉ် (၂၀၁၀) ထက် စောပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ သူ ၂ နှစ်ကြာ အင်တာဗျူးခဲ့သူတွေထဲက တယောက်က ၂၀၀၀ ပြည့်နှစ် DSA ဆင်း - ရုရှားပြန် အရာရှိဟောင်း (၂၀၀၀ ပြည့်နှစ် ဧပြီမှာ အပတ်စဉ် ၄၁ နဲ့ ၄၂ နှစ်ခုပေါင်းဆင်းခဲ့တာဆိုတော့ အဲဒီအပတ်စဉ်တွေထဲ တခုခုက ဖြစ်မယ် ထင်ပါတယ်)၊ နောက်တယောက်က အင်္ဂလိပ်စကားကို ကောင်းမွန်ချောမွေ့စွာ ပြောဆိုနိုင်သူလို့ ဆောင်းပါးရှင်က မှတ်ချက်ပြုခံခဲ့ရတဲ့ ‘ထူးထရိတ်ဒင်း’က အမှုဆောင်အရာရှိပါ။
ဆောင်းပါးအတွက် အင်တာဗျူး စတင်တာက ၂၀၀၇ ခုနှစ်လို့ ဆိုတဲ့အတွက် ဒီ လျှို့ဝှက် စီမံကိန်းက မတိုင်မီ နှစ်များကတည်းက စစ်ခေါင်းဆောင်တွေ အကောင်အထည်ဖော်နေတာကို ပေါ်လွင်စေပါတယ်။
ဆောင်းပါးအတွက် အင်တာဗျူး စတင်တာက ၂၀၀၇ ခုနှစ်လို့ ဆိုတဲ့အတွက် ဒီ လျှို့ဝှက် စီမံကိန်းက မတိုင်မီ နှစ်များကတည်းက စစ်ခေါင်းဆောင်တွေ အကောင်အထည်ဖော်နေတာကို ပေါ်လွင်စေပါတယ်။
ဒီဆောင်းပါးကနေ ကောက်နုတ်ဖော်ပြလိုတဲ့ အချက်တချို့ရှိပါတယ်။ စစ်တပ်အရာရှိဟောင်း ပြောကြားချက်မှာ ‘သပိတ်ကျင်း’မှာ ရုရှားနိုင်ငံဖြစ် စက်ကိရိယာတွေ တပ်ဆင်အသုံးပြုတဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ရှိတယ်လို့ပါဝင်ပြီး၊ ရယူခဲ့တဲ့ ၂၀၀၇ ခုနှစ် Google Earth ဓာတ်ပုံတွေအရ Yellowcake (U3O8) မပြောင်းလဲခင်အဆင့် သိုလှောင်ကန်တွေနဲ့ ဆင်တူတယ်လို့ ဆောင်းပါးရှင်က ကောက်ချက်ချခဲ့ပါတယ်။
Yellowcake ဆိုတာနဲ့ အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ‘အီဘီဆာဝါ’အမှုမှာ တင်ပြခဲ့တဲ့ သက်သေခံပစ္စည်းတခု ဆိုတာကို ပြန်သတိရကြပါလိမ့်မယ်။ အဲဒီမတိုင်မီ ၁၀ နှစ်ကျော်လောက်ကလည်း Yellowcake အကြောင်း VOA အင်တာဗျူးတခုမှာ ပါခဲ့ဖူးတာကိုလည်း ထည့်ပြောချင်ပါတယ်။
ဖြေကြားသူက ဒီနျူကလီးယားစီမံကိန်းရဲ့ အကြံပေးတယောက်လို့ ဆိုနိုင်တဲ့ DSA မှာ ရူပဗေဒ ဌာနမှူး ဖြစ်ခဲ့သူ ဦးသိန်းဦးဖိုးစော ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ရက်စွဲပါ အင်တာဗျူးမှာ သူ ဖြေကြားခဲ့တဲ့ အထဲမှာ ’Yellowcake ဆိုတဲ့ ယူရေနီယမ်အောက်ဆိုဒ် ထုတ်ဖို့ ကြိုးစားနေတုန်းပါ၊ အဆင်မပြေသေးပါဘူး’ဆိုတာ ပါသလို၊ သိုရီယမ် (Thorium)က မိုးကုတ် ကျောက်မျက်တွေ ထွက်နေတဲ့ နေရာတွေမှာ ရှိတယ် ဆိုတာလည်း ပါပါတယ်။

‘အီဘီဆာဝါ’ မှောင်ခိုရောင်းဖို့ ကြိုးစားတဲ့အထဲမှာလည်း သိုရီယမ် ပါဝင်ပါတယ်။ ဒီလို ရေဒီယို သတ္တိကြွပစ္စည်းတွေက စစ်ခေါင်းဆောင်တွေရဲ့ စီမံကိန်းတွေက မဟုတ်ဘူး ဆိုပြီး မျက်စိပိတ် ငြင်းချင်ရင် ငြင်းကြစေဦး၊ ဘယ်ခရိုနီ၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် စစ်ခေါင်းဆောင်တွေ မသိဘဲ ဒီလိုပစ္စည်းတွေ ထုတ်ယူဖို့ မဖြစ်နိုင်ဘူး ဆိုတာကိုတော့ လက်ခံကြရပါလိမ့်မယ်။
ဦးသိန်းဦးဖိုးစော အင်တာဗျူးကို ‘ရှန်ဂရီလာဒိုင်ယာလော့ဂ်’ (၂၀၁၂) တုန်းက ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ပြောခဲ့သလို ‘အစိုးရသစ်လက်ထက်မှာ ဒါတွေအားလုံးကို ရပ်နားလိုက်ပြီး ဆက်လုပ်ဖို့ အစီအစဉ်လည်း မရှိတော့ဘူး ‘ဆိုတဲ့ နိုင်ငံတကာကို ပြောကြားချက် နောက်ပိုင်းမှာ ပြုလုပ်ခဲ့တာကို သတိပြုဖို့လိုပါတယ်။ ဒီနျူကလီးယား စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု အလျှင်းမရှိတဲ့အတွက် သူ့ အင်တာဗျူးမှာပါတဲ့ ကြိုးစားနေဆဲ လုပ်ငန်းစဉ်များက IAEA ခွင့်ပြုတဲ့ ဘောင်အတွင်းက ဟုတ်၊ မဟုတ် သူတို့ပဲ သိကြပါလိမ့်မယ်။
‘ဒက်စ်မွန်ဘောလ်’ ရဲ့ ဆောင်းပါးထဲကနေ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာတခုက အဏုမြူဓါတ်ပေါင်းဖိုတွေ တည်ဆောက် ထားတယ် ဆိုတဲ့အချက်ပါ။ တခုကို မြောက်ကိုရီးယား အကူအညီနဲ့ ဆောက်တာဖြစ်ပြီး ဖော်ပြထားတဲ့ မြေပုံအရတော့ မန္တလေးအထက် ပြင်ဦးလွင် အနားတဝိုက်က ‘‘နောင်လိုင်’( Naung Laing)လို့ ယူဆရပါတယ်။ တကယ့်နေရာအစစ်ကို ဖုံးကွယ်ချင်လို့ လမ်းလွှဲတဲ့အနေနဲ့ ‘နောင်လိုင်’သတင်းမှားကို ထောက်လှမ်းရေးက လုပ်ကြံဖန်တီးခဲ့တယ် ဆိုတဲ့ ယူဆချက်ကိုလည်း စဉ်းစားလို့ရအောင် ဆောင်းပါးထဲ ချပြထားပါတယ်။
လျှို့ဝှက်မှုတွေ ပြည့်နေတဲ့ စီမံကိန်းမျိုးဆိုတော့ နေရာအတိအကျ ပြောဖို့က ခက်ပါလိမ့်မယ်။ ရေးသားသူတွေကလည်း ရရှိတဲ့ အချက်အလက်ပေါ် အခြေခံပြီး လေ့လာသုံးသပ်ရတာပါ။ ကိုယ်တိုင်လည်း နေပြည်တော် မြေအောက်ဥမင်တွေအကြောင်း မိုးမခဆောင်းပါး ရေးခဲ့စဉ်တုန်းက ‘စိတ်ကူးနဲ့မှန်းပြီး ပုံဖေါ်နေတာပါ’ဆိုတဲ့ ကွန်းမင့်ကို ဆောင်းပါးဖတ်ပြတဲ့ YouTube ချန်နယ်မှာ လာရေးသွားတာ ကြုံခဲ့ဖူးပါတယ်။ စစ်ကိုင်းငလျင် အပြီး ဘီဘီစီရဲ့ နေပြည်တော်စစ်ရုံးအောက်မှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ ကွပ်ကဲမှုရုံးလည်း ငလျင်ဒဏ်ခံခဲ့ရတဲ့အကြောင်း ဆောင်းပါးအရ ကတော့ နေပြည်တော် ဥမင်ဆိုတာတွေဟာ တကယ်ရှိနေခဲ့တာဖြစ်ကြောင်း ပေါ်လွင် သွားခဲ့ပါတယ်။
ဒီလိုနေရာမျိုးတွေကို တချို့ဒုဗိုလ်ချုပ်ကြီးအဆင့်တွေတောင် သွားခွင့်မရှိတာ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေတောင် အကုန်မသိကြတာ၊ ဦးသိန်းစိန် လက်ထက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် (ငြိမ်း)တယောက်တောင် ခွင့်ပြုချက်မရဘဲ သွားရောက် စူးစမ်းခဲ့ပြီးမှ အရေးယူခံရမှာကို ပြန်ကြောက်နေရတာတွေပါတဲ့။

အဲဒီဆောင်းပါးကိုဖတ်မိရင်တော့ ဥမင်လိုဏ်ခေါင်းထက် ပိုလျှို့ဝှက်ထားမယ့် နျူကလီးယားစီမံကိန်းအကြောင်းကို ဘယ်လောက် မှန်းဆရခက်မယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။
ဒီလိုပဟေဠိတွေ ပြည့်နှက်နေတဲ့ နျူကလီးယားစီမံကိန်းအကြောင်းကို ခရေစေ့တွင်းကျ မဟုတ်ရင်တောင်၊ ထဲထဲဝင်ဝင် သိနိုင်မယ့်သူတဦးကို အမည်နဲ့တကွ ပြောလို့ရနိုင်မလား ဆိုရင်တော့ ခေါင်းထဲကို ပြေးဝင်လာသူ တဦးရှိပါတယ်။ သူကတော့ NLD အ စိုးရအဖွဲ့ဝင် ဝန်ကြီးတဦးပါ။
(ဆက်လက်ဖော်ပြပါဦးမည်)

👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၁ )
👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၃ )
👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၄ )
👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၄ )
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar