Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၁)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၁)

မိုးမခ ၊ ဇွန် ၁၇ ၊ ၂၀၂၆


တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော် ဖြစ်မှန်းသိသိ ဖြစ်နေပြီ။ ဟိုခွေးကောင်ကတော့ အူကောင်းတုန်း၊ အူတာမှ ခွေးတစ်အုပ်လုံး အူတာ။ စစ်မင်းသုံးဆက် တိုင်းရင်းသားတွေအပေါ် လက်နက်နဲ့ ဗိုလ်ကျ၊ နိုင်ငံရေးနဲ့ လူလည်ကျ၊ ကျကောင်းကောင်းနဲ့ ကျလာလိုက်တာ၊ ဟော... ခု မြန်မာနိုင်ငံတစ်ခြမ်း တရုတ်ပိုင်သွားပြီ။ ဝင်လာသမျှ တရုတ်ရော၊ ဝင်မလာသေးသမျှ တရုတ်ပါ မှတ်ပုံတင်တွေ လုပ်ပေးလိုက်တာ၊ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးလိုက်တာ၊ ပါ့စပို့တွေ ထုတ်ပေးလိုက်တာဆိုတာ နှစ်ပေါင်းဘယ်လောက်ရှိပလဲ။ ဟော... ခု ကိုယ့်ပြည်ထဲကို မြန်မာမဝင်ရ စာထုတ်ခံရတဲ့ သောက်ဆင့်။ အမြဲကိုင်နေကြ နိုင်ငံရေးဆိုင်းဘုတ် "ဒို့တာဝန်အရေးသုံးပါး" တောင် မြောင်းထဲပစ်ထားလိုက်ကြတဲ့ အခြေ။ "ပြည်ပအားကိုး ပုဆိန်ရိုး" ကတော့ စစ်အုပ်စုက သူတို့ဖင်ထဲ သူတို့ပြန်ထိုးထားတာ ကြာပြီ။

အခု ကျန်တဲ့တစ်ခြမ်းကို အော်မီတော်ဖုဖို့ ငပု တရုတ်ကြီးဆီ တလုတ်စီး သွားပြီ။ မသွားလို့က မရ၊ One Belt, One Road, One Country အလုပ်ခံဖို့ တရုတ်ထံသို့ ပလေ။ ကျားဖြန့်နဲ့ ဖဝါးဆန့်လာတဲ့ အမေရိကန်အရေးကလည်း မအေးဘူး မဟုတ်လား။ ခါးမဆန့်နိုင်အောင် ကြိတ်တော့မှာဆိုတော့ "ပါပါ ကယ်ပါ" ပေါ့။

ခွေးအုပ်ကတော့ သူတို့ သားစဉ်မြေးဆက် ချေးဖူလုံရေး၊ ချေးဝဝလင်လင် စားရရေး၊ သေးပန်းစရာ လေးဘမ်းကျယ်ကျယ်နဲ့ ဓာတ်တိုင်များများရှိရေးဘဲ စဉ်းစားတတ်တာ။ ရွာကျေသွားတာ၊ မြို့ပျက်သွားတာ၊ မြို့နာသွားတာ၊ ပြည်ပျက်သွားတာ ဘာမှ ထည့်မတွက်ဘူး။ သူတို့ အူချင်သလို အူမယ်၊ အူချင်တဲ့အချိန် အူမယ်။ ဟောင်ချင်ရာ ဟောင်မယ်။ ကိုက်ချင်တဲ့လူကို ကိုက်မယ်။ ခွေးအချင်းချင်းလဲ ကိုက်မယ်။ တော်သလင်းကျရင် မအေ၊ နှမနဲ့ ခွေးဇာတ်ခင်းမယ်။ ဒါဘဲ စဉ်းစားတတ်တာ။ တိုင်းရေးပြည်ရေး ဝေးရော။ သားရေနားစားချင်လို့ သားရေပြားပေါ် တက်အိပ်တာလေ။ သားရေဖိုး နားမလည်၊ သားရေတန်ဖိုး မသိ၊ ဘာကျွေးကျွေး မရ၊ ဘာအရိုးကိုက်ရကိုက်ရ မဝ၊ သားရေနံ့ရရင်ကို စားရမှ။

တိုင်းရင်းသားတွေကို ဖိနှိပ်ရင်း တိုင်းရင်းသားအရင်းအမြစ်တွေ ဖျက်ဆီးရင်း ကြာလာတော့ ဘယ်ဘက်မှာမှ မတောင့်တင်းတော့ဘဲ မယုံကြည်တော့ဘဲ မနေနိုင်တော့ဘဲ ဖေးလ်စတိတ် (Failed State) ဖြစ်သွားတော့ အိမ်နီးချင်းနိုင်ငံကြီးက အသာကောက်ဝါးလိုက်တော့တာ။ ခုတော့ ခွေးနေရာမရတော့။ ခွေးကို နေရာမပေးနိုင်တော့။ ဗမာဒေသကိုပါ ဖျက်ဆီးလာတော့ ဗမာတွေကပါ "ဒီခွေးတွေ မရှိမှဖြစ်မှာ" လို့ သန္နိဋ္ဌာန်ချလိုက်ကြပြီ။ ဗမာဒေသကိုလဲ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူ့ဂုဏ်သိက္ခာ၊ သားရေနားကို တတိတိနဲ့ ကိုက်စားလာတာ ကြာပြီ။ ခုမှ အလုံးစုံဖျက်ဆီးတာ။ ဘယ်သူမှ လက်မခံနိုင်တော့တဲ့အချိန် တိုင်းပြည်ကို တရုတ်လက်ထိုးအပ်၊ ကိုယ့်ခြံလေးကို တံတားခတ်တာ သိသာပြီ။

အဲသလို တိုင်းရင်းသားတွေကိုရော ပြည်မဗမာတွေကိုရော နည်းပေါင်းစုံ ကိုက်သတ်စားသောက်နေတဲ့ကောင်က "ငြိမ်းချမ်းရေး" တဲ့၊ အူသေးတယ်။ တရုတ်လက်ကျန် တိုင်းရင်းသားဒေသတချို့ကို ဖိတိုက်ပြီး ဖက်ဒရယ်သံပေး ငြိမ်းချမ်းရေးခေါ်မယ်။ အဲဒီက ပြန်ဆုတ်လာတဲ့တပ်တွေနဲ့ပေါင်း ဗမာအညာဒေသကို ဖိထောင်းနှိမ်နင်း၊ လက်နက်ချခိုင်းမယ်၊ နိုင်ငံရေးသံပျောက်အောင် ဖျောက်မယ်ပေါ့လေ။ ပြီးမှ ထုံးစံအတိုင်း ကလိမ်ကကျစ် တိုင်းရင်းသားဒေသတွေ သွေးခွဲရင်း သွေးကွဲလာတော့ ပြန်သိမ်းရင်း ဒုံရင်းငမွဲဇာတ်ကို ပြန်ခင်းမယ်ဆိုတဲ့အချိုး။

ဒီလိုနဲ့ မြန်မာဟာ ထိုင်ဝမ်မတိုင်ခင် တရုတ်ရဲ့ One Country ဖြစ်သွားတော့မှာ။ ခွေးကတော့ ခွေးစာချေး လုံလောက်ရင် အူလို့ဟောင်လို့ အဆင်ပြေတာကိုး။ ခွေးဆိုတာ တရုတ်ကြိုက် အစားအစာလေ။ တရုတ်လက်ထဲရောက်ရင် တဖြည်းဖြည်းနဲ့ ခွေးမျိုးတုံးမှာကျ မသိဘူး။

အဲတော့ "မြန်မာနိုင်ငံရဲ့ အချုပ်အချာဆိုတာ တရုတ်အဝှာ" လို့လဲ ပြောနေကြပြီလေ။ "မြန်မာပြည်ကို ကာကွယ်စောင့်ရှောက်မယ်၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး" ဆိုတဲ့ တပ်မတော်ကြီးရဲ့လက်မှာ တိုင်းပြည်မြေက တလက်မမှ မကျန်မဲ့ကိန်း ဆိုက်လာတယ်။ ဘယ်နယ်စပ်ဖြစ်ဖြစ် မြေက ကျုံ့ကျုံ့လာသလို နယ်လိုက်ပယ်လိုက် ထိုးအပ်လိုက်ရတာတွေကလဲ သိသိသာသာ များလာတယ်။ မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားအတု တရုတ်တွေကဘဲ ပြည်မကမြေတွေကို ပိုင်ဆိုင်နေကြတာတွေကလဲ ဧကသန်းပေါင်း အများကြီးဖြစ်နေပြီ။ မြို့ကြီးတွေရဲ့ အကွက်အကွင်းနေရာတွေလည်း သူတို့ဟာ ဖြစ်နေပြီလေ။ မြို့နယ်လိုက်နီးနီး ပိုင်ဆိုင်ထားကြတာလဲ အများကြီးပါ။ ၁၀၂၇ ကိုကြည့်ရင်ကိုပဲ ကျားဖြန့်ဟာ တပ်ဆီက အာဏာကို ထိန်းချုပ်သိမ်းပိုက်တဲ့ စီမံချက်တစ်ခု ဖြစ်လာတာလဲ သိပ်သိသာနေပါပြီ။ နောက်ထပ် စာချုပ်ချုပ်လိုက်တဲ့ စီမံကိန်းတွေကတော့ ဝမ်းဘဲ့လ်ထ် ဝမ်းရုဒ် (One Belt One Road) ကတဆင့် ဝမ်းကန်းထရီး (One Country) ဖြစ်ဖို့ လက်နှစ်လုံးအလိုတောင် ရောက်ပေါ့။

ခု ငလမ တရုတ် သွားပြီ။ ကျန်တဲ့မြေချွေရင်း မရှိတဲ့ သောက်ရှက်ဖြေရင်း သွားတာ။ သူ့ကို ရွေးကောက်ပွဲအတု လုပ်ပေးပြီး လည်ပတ်တပ်ပေးထားတဲ့ဆီတော့ ဘယ်ချိန်သွားသွား၊ အူအူ၊ ဟောင်ဟောင် ရတာပလေ။ အာဆီယံကတော့ "နိုး" ပါတဲ့။ ပူတင်က ဘယ်လောက်ဘဲ "အာဆီယံ မေတ္တာရပ်ပါတယ်" ပြောပြော၊ ဟိုကတော့ ကန်တော့ဆွမ်းပါတဲ့။

မိစ္ဆာနှင်ပွဲ ခွေးမောင်းပွဲလုပ်ကြတယ်။ ရုရှား-အာဆီယံ ထိပ်သီးစည်းဝေးမှာ "ချေးခွေး မလာရပါဘူး" တဲ့။ အာဆီယံက ခွေးအူသံနဲ့ အနှောင့်အယှက်မခံ၊ ခွေးချေးနံ့ ရွံတယ်တဲ့။ တရုတ်ကသာ ခွေးသားစားနေကျမို့ ခွေးနံ့ခံနိုင်တာတဲ့။ ငလမခမျာ ပါးလျက်နားလျက် လုပ်ဖို့ပြင်ထားသမျှ အလကားဖြစ်သွားတော့ ရှီကျင့်ဖျင်ဆီသွား "ပေပေ့ ပေပေ့" လုပ်ရတော့တာပေါ့။ "ပူတင်အားကိုးနဲ့ လူတောတိုးရပြီ၊ နိုင်ငံတကာခေါင်းဆောင်တွေကြား လတ်လျားလတ်လျားလုပ်၊ ပေါင်ကြားကုတ်ရပြီ" ထင်ထားသမျှ ဖင်ကားရတာလေ။ အပိုင်သေချာတဲ့ "ခိုင်ရွှေဝါ" ဆိုပြီး ခဲလေသမျှ သဲရေကျဖြစ်ပြီဆိုတော့ ဖျင်ဖျင်ကိုပဲ အသည်းထဲက စွဲပြရတော့တာပလေ။

အာဆီယံနဲ့ ရုရှား ဘာစကားတွေ ပြောတယ်၊ ဘာစာချုပ်တွေ ချုပ်တယ် ကြားရတိုင်း ငုတ်ထိပ် ဖင်ဆောင့်၊ ခေါင်းကိုတောင့်ပြီး ငြောင့်ထိုးသံနဲ့ ဟောင်နေရတော့မှာ မဟုတ်လား။ အဲဒီပွဲမှာ ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေပါ တက်ရောက်မှာဆိုတော့ "အူသံမစဲ ဆူညံပွဲကြီး" လာတော့မည်ဖြစ်ကြောင်း။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar