Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၀)


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၀)

မိုးမခ ၊ ဇွန် ၁၃ ၊ ၂၀၂၆


ကြောင်သူတော် ကြွက်သူခိုးဆိုတော့ "ကြောင်ကြီးရဲ့ မြီးတံတို" ပွဲကို တက်ခွင့်ပေးဖို့ဆိုပြီး မိုဒီ့ထံ ဘောလှမ်းမတာ။ အဲဒီပွဲကတော့ ကြောင်သူတော် ကြွက်သူခိုးတစ်ကောင်အနေနဲ့ တက်ခွင့်ရှိပါတယ်ဆိုပြီး ခွင့်ပြုလိုက်သကိုး။ မိုဒီကလည်း ခွေးတူဖွတ်တူကောင်ကို လူစာရင်းသွင်းလို့မရတော့ ကြောင်သူတော်စာရင်းထဲ ပြောင်းထည့်ပေးလိုက်တာပလေ။ ခုမှပဲ မျက်လုံး ဘယ်တစောင်း ညာမတည့်၊ နှုတ်ခမ်း အထက်အောက် ရွဲ့နေတဲ့ မျက်နှာဟာ ခွေးဖွတ်ကြောင် သရီးအင်ဝမ်းမှန်း နားလည်ရတော့တာပဲ။ အဲဒီမှာ ကြောင်ပွဲက ရက်ရွေ့လိုက်တော့ ငလမ ကြောင်ပျောက်ရော။ ဘယ်နိုင်ငံနဲ့မှမတွေ့ရတော့မဲ့ဘဝရောက်။ ဒါပေမဲ့ ကြောင်အစား ခွေးရယ်၊ ဖွတ်ရယ်၊ ကြံ့ရယ် သရီးအင်ဝမ်းပြန်လုပ်ပြီး ဘုရားဖူးရင်း ဘောဥတူးပရစေ လုပ်တော့တာ။ တိုင်းပြည်မှာ ဒုက္ခဗလဗွာဖန်တီးထားတဲ့ကောင်က ဗုဒ္ဓဘာသာပါ ဆိုပြီး ဗုဒ္ဓဂါယာကို ဖူးပါရစေ လုပ်တာ။ တကယ့်ကောင် ဟောင်ချက်။

မိုဒီလည်း ဒီကပ်ကောင် လက်ခံမိတဲ့နေ့ကစပြီး တိုင်းပြည် သဲမုန်တိုင်း ဝင်ရတာနဲ့၊ ဆန္ဒပြခံရတာနဲ့။ ဟော ခု သူ့သာ မီးအတိုက်မခံရသေးတာ၊ သူ့ရုပ်တုတော့ မီးတိုက်ခံရပြီ။ ကုလားတန်စီမံကိန်း ဂိန်နေကတည်းက ကုလားတန်ဆိုတာ မောင်ကုလား တန်တော့လို့ ပြောတာ နားလည်သင့်ပြီ။ အဲဒါ ရှေ့ဆက်ရင် ကွေ့အတက်မှာ ပွေ့ဖက်လာမှာက ဒုက္ခတွေ။

ဒီကိုယ်မေကိုယ်လိုးကောင်နဲ့ မယားငယ်ပေါင်း ပေါင်းခဲ့တဲ့ အီရန်သာကြည့်။ ဘယ်အခြေဆိုက်နေပလဲ။ ခေါင်းဆောင်တွေဆို အပြတ်အသတ်တွေချည်း၊ တိုင်းပြည်လည်း မုန့်လပွေဆင်နင်းသလိုဖြစ်။ မြန်မာပြည်သူတွေ ဗုံးဒဏ်ခံစားရတာနဲ့ တစ်ထပ်တည်း။ ရှီကျင့်ဖျင့်လည်း ကျန်းမာရေးမကောင်းသလို သူ့တရုတ်ပြည်လည်း ရေနင်းလိုက်၊ လေဗျင်းလိုက်နဲ့။ ခံရတာနော်။ ပူတင်တော့ မပြောနဲ့၊ ပုန်းအိပ်နေရတဲ့အဆင့်။ ဒရုန်းတွေက စိန့်ပီတာစဘတ်ထိရောက် နန်းတော်တံခါးခေါက်နေပြီ။ ရေနံတွေလည်း မီးဟုန်းဟုန်းတောက်။ ကိုယ့်ရေနံနဲ့ကိုယ် မီးသင်္ဂြိုဟ်ခံရမဲ့အပေါက်။ တပ်ကိုကူရင် ကပ်ကို ယူတယ်ဆိုတာလောက်တော့ သိနော် ဘူဘူ။ မဟုတ်ရင် မူမူတို့ ပူပူတို့ကိုသာ ကြည့်ပါလေ။

ဘာသံသရာဝဋ်ဆင်းရဲမှ မယုံတဲ့ ငလမတို့အုပ်စုကတော့ စွယ်တော်နဲ့ တရုတ် ကပ်လိုက်၊ ဗုဒ္ဓဂယာနဲ့ ကုလားသိုက် တက်နှိုက်၊ ဥရောပက ပူတင်တောင် ကြွက်မင်းဆို ဂျင်းအတောင့်လိုက်သွင်း လုံးတာသာကြည့်။ အိန္ဒိယလို ဒီမိုကရေစီမိခင်ကြီးတောင် ဒီလိုခရေစီကို မသိချင်ယောင်ဆောင်ရ။ ဗုဒ္ဓလည်း ဒုက္ခဖန်တရာတေနေတဲ့ကောင်တွေရဲ့ ရုပ်ပြညာခံရတာပဲလေ။

တစ်မိနစ် နှစ်မိနစ်လောက်တောင် မအူမကိုက်ဘဲ မနေနိုင်တဲ့ကောင်ဆိုတော့ ပြန်လာလာချင်း တောင်ငူ သွားပြီး ကျေးဇူးရှင် ကျေးစွပ်ပြီ။ သားရေနားစားပြီ။ ငလမကောင်က တောင်ငူမြို့လယ်က ဗိုလ်ချုပ်ရုပ်တုကို ရှင်းပစ်တယ်။ ကြောင်သူတော်၊ ဖွတ်သွေးရော၊ ခွေးကြံ့ဇာတ်ခင်းတာလေ။

ဒီလို ကိုယ့်တပ်မတော်အဖေကိုတောင် လက်စဖျောက်တဲ့ကောင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်သတဲ့။ ဒီလိုစိတ်ဓာတ်သေးသိမ် ခွေးရည်စိမ်ကောင်ကို ယုံဦးမယ် တိုင်းရင်းသားတွေက။ ယုံဦးမယ် ERO တွေက။

သောက်ရူးထ လက်နက်အားကိုးနဲ့ အတင်းအဓမ္မအာဏာသိမ်း လူပတ်သတ်နေလို့ ပြန်တိုက်တာကို နိုင်ငံရေးသဘောထား ကွဲလွဲတယ်လို့ ပြောပြောပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်နေကတည်းက ခွေးတူဝက်တူကောင် ဟောင်တဲ့ ငြိမ်းချမ်းရေးအတုမှန်း လူတိုင်းသိပြီးသား။ အဲလို လက်နက်နဲ့အနိုင်ကျင့်နေတဲ့ကောင်က နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာရေးအတွက် လက်နက်ချကြတဲ့။ ဟောင်ပုံ အူပုံက။ အမယ်... သူအာဏာသိမ်းတာမကျေနပ်လို့ ဆန္ဒပြတဲ့ပြည်သူကို မတရားသတ်ဖြတ်ဖမ်းဆီးထောင်ချနေလို့ လက်နက်ပြန်ကိုင်တော်လှန်တာကို ဒါဟာ ပညာမတတ်လို့ လုပ်သတဲ့။ အက်သစ်နဲ့ အက်သနစ်မကွဲတဲ့ကောင်က ဟောင်တာနော်။ လက်နက်ချကြပါလို့ ပြောတာကိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုပြီး နိုင်ငံတကာကို ပိုက်ဆံတောင်းဖို့တောင် ကြံသေးတာ။ ငွေက အချောင်ဖန်ချင်သေးတာ။ ခိုးရာပါပစ္စည်း၊ တိုက်ရာပါပစ္စည်းကိုပဲ အမြတ်တင် ရောင်းချင်သေးတဲ့သဘော။ လာဆွေးနွေးတာက သူ့နဲ့ မတိုက်တဲ့အဖွဲ့တွေနဲ့ သူနဲ့အတူ ပူးတိုက်နေတဲ့ အဖွဲ့တွေချည်း။ အဲဒါတွေနဲ့ ဘာငြိမ်းချမ်းရေးအမျိုးအစားများ ဆွေးနွေးကြတယ် မသိဘူး။ အေးလေ... လမ်းဘေး ချီးစားခွေးဆိုတော့လည်း လေးဘမ်းအသိ လေးဘမ်းအတွေးနဲ့ အူတာဟောင်တာပေါ့။ လစ်ရင် ဆွဲတာပေါ့။ အုပ်စုတောင့်ရင် ဝိုင်းကိုက်တာပေါ့။ အိမ်မွေးခွေးတွေလို ဟောင်သင့် မဟောင်သင့်လည်း ဘာသိမှာလဲ။

အဲသလို တိုင်းပြည်ကချစ်မြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးပြီး တိုင်းပြည်ကို စိတ်ဒုက္ခမျိုးစုံဖန်တီး၊ တစ်တိုင်းပြည်လုံးနဲ့ တပ်မတော်တစ်ခုလုံး၊ တပ်မတော်မိသားစုတွေ အကုန်လုံးကို ဝေးအောင်လုပ်နေတဲ့ ဟောင်ကောင်က တရုတ်ရုပ်ရှင်သွားကြည့်ပြီး ရုပ်ရှင်ဟာ ပြည်သူများစိတ်နှလုံးချင်းပေါင်းစည်းဖို့၊ ခံစားမှုရသချင်းနီးစပ်ဖို့အပြင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အထောက်အကူရစေသတဲ့၊ အူရဲချက်တော့လေ။

တရုတ်ကလည်း သိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလမှာ တရုတ်ဆန့်ကျင်ရေးတွေ စစ်တပ်အုပ်စုက ဘယ်လို ရေးသားလှုံ့ဆော်ခဲ့တယ်ဆိုတာ၊ ပျူတွေ၊ မဘသတွေသုံးပြီး တရုတ် ဆန့်ကျင်ရေးစာတွေ လိုက်ကပ် ပြဿနာတွေ ပတ်ရှာနေလို့ မန်းလေးက တရုတ်တွေ လန့်နေခဲ့ကြတာလေ။

ခုတော့ ရန်ကုန် တရုတ်တွေအလှည့်။ ကျားဖြန့်စစ်ဆင်ရေး ဆိုပြီး မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေ၊ ကွန်ဒိုတွေကို စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ ထွေ/အုပ်ပေါင်းပြီး စီးနင်းဖမ်းဆီးစစ်ဆေး ငွေညှစ်နေသတဲ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့လေ။ လုပ်ငန်းရှင်ဆီက ငွေညှစ်၊ အလုပ်သမားတွေကိုတော့ စစ်မှုထမ်းထဲထည့်၊ ဂွင်တည့်နေကြတာ။ တကယ် ကျားဖြန့်လုပ်တဲ့ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင် တရုတ်တွေတော့ မထိ။ အကောင်ဗလောင်တွေနဲ့ တစ်ခါတည်း ချိတ်ဆက်လုပ်ထားတော့ ဂျဘိ။ အလုပ်သမားတွေပါ စစ်ထဲမဝင်ချင် ငွေပေးခိုင်းနေတယ်။ အွန်လိုင်းရှော့ပင်းတွေ ကပ်ဆိုက်တာပေါ့လေ။

ရန်ကုန်အခြေစိုက် တရုတ်ကျားဖြန့်လုပ်ငန်းတွေက ပြည်တွင်းပြည်ပ ဘဏ်စာရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေရယူ ငွေညှစ်၊ ငွေသွင်းကစားရတဲ့ စလော့ဂိမ်းတွေ ဖြန့်၊ မြန်မာဆယ်ကျော်သက်မိန်းကလေးတွေကို အလုပ်ခန့်ပြီး အင်တာနက်ပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှု ဝန်ဆောင်မှုပေးတာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ငွေညှစ်နေကြတာပါ။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးတဲ့သူပြောပြတာက -

"သူတို့ ငွေရှာတဲ့နေရာ၊ လုပ်ငန်းနေရာပေါ့ အဲဒါက သပ်သပ်၊ ငွေဖြူဖွတ်တဲ့ နေရာက သပ်သပ်။ ဥပမာ တရုတ်ကျားဖြန့်တစ်ခုကို မိတယ်ထား၊ မပြီးဘူး။ သူတို့ငွေတွေကို ဖွတ်ပေးနေတာက သူတို့ဟန်ပြဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ ကားရှိုးရွန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ ကိုရီးယားနဲ့ တရုတ်စာ သင်တန်းကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်ရေး စင်တာတွေ။ အကုန် တရုတ်တွေ ပိုင်တာပဲ။ အဲဒီလုပ်ငန်းတွေက ကျားဖြန့်ကရတဲ့ငွေတွေကို လွှဲယူတယ်။ အဲဒီကနေ မြန်မာဘဏ်တွေဆီ ရောက်တယ်။ အဲဒီကနေ တရုတ်ဘဏ်စာရင်းတွေကို ငွေဖြူပြန်သွားတယ်။ စစ်ရင် အဲလုပ်ငန်းတွေပါ အကုန်စစ်ရမှာ။ အမြတ် ဘယ်လောက်ရနေလဲ၊ အခွန်တွေ ဘယ်လို ဆောင်ထားလဲ၊ စာရင်းစစ်ဝင်လိုက်ရင် အကုန်ပေါ်တယ်။ စီးပွားရေးမကောင်းတဲ့နေရာမှာ ဒီလူတွေ ဘာလာလုပ်လဲ၊ ဒီကျားဖြန့်တွေပဲ ရှိတယ်" တဲ့။

"အခုက ရန်ကုန်မှာ ကျားဖြန့်တွေကို ဖမ်းဖို့ စီမံချက်က တကယ်ကျားဖြန့်လုပ်နေတာကို ဖမ်းတာမဟုတ်ဘူး။ မြန်မာနိုင်ငံသား တရုတ်လုပ်ငန်းတွေကို ကျားဖြန့် သံသယဆိုပြီး လိုက်ပြီး ငွေညှစ်နေတာ၊ အဲဒါက အဆိုးဆုံးပဲ။ တကယ်တမ်း ကျားဖြန့်တွေက ဟိုတယ်ကြီးတွေ ဟီးနေအောင် ဖွင့်ပြီး နယ်မြေခံ စစ်တပ်၊ ရဲနဲ့ ထွေ/အုပ်ကို လိုင်းကြေး လစဉ် သိန်းထောင်ချီ ပေးထားတာ။ အခု ခံနေရတာက တရုတ်တွေပိုင်တဲ့ တရားဝင်လုပ်ငန်းတွေခံနေရတာ" လို့ ငွေညှစ်ခံရတဲ့ တရုတ်စီးပွားရေးရပ်ကွက်က ပြောသတဲ့။

မြ၀တီ ကျားဖြန့်တရုတ်တွေဟာ လှိုင်သာယာမှာ အများဆုံးအခြေချလာသတဲ့။ ရန်ကုန်စစ်တိုင်းမှူးဟာ ကျားဖြန့်နဲ့ အပွကြီးပွနေတော့ အောက်ခြေတွေကလည်း အရကြီးရအောင် ဂွင်ဖန်ကြတာပေါ့လေ။

အဲသလို ဟောင်လိုက်အူလိုက်နဲ့ ကိုက်လိုက်ဆွဲလိုက် လေးဘမ်းသေးပမ်းလိုက်လုပ်နေတာကို အာဆီယံက ကြည့်မရတော့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အချက်ငါးချက်ကိုလည်း တစ်ချက်မှမလိုက်နာဘူး၊ ရူးသလိုလိုပေါသလိုလို ဖောရှောလုပ်နေတာဆိုတော့ မြန်မာ့အရေး အဖြေရှာဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြောပြီ။

ဖိလစ်ပိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ ရှာဖွေဖို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ "သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးပွဲ" ခေါ်ခဲ့သေးတယ်။

ဘာလုပ်လုပ် မအောင်မြင်သလို ဘယ်ဟောင်ရမှန်း၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း၊ ဘယ်ဘောငုံရမှန်းမသိ၊ တိုင်းပြည်ကို နေ့တိုင်း ဗုံးကြဲခိုင်းတဲ့ ငလမဆိုတဲ့ကောင်ဟာ ချောင်းနဲ့ မြစ်ရေတွေ ပင်လယ်အတွင်း စီးဝင်နေမှုဟာ တိုင်းပြည်အတွက် နစ်နာမှုဖြစ်တယ်ဆိုပြီး မြစ်ဘေး ချောင်းဘေးမှာ သွားအူနေတော့တယ်။ သူကသာ အက်သနစ်နဲ့ အက်သစ်မကွဲတာ... အိမ်သာမှာ ရေဘယ်လိုဆွဲရပုံ၊ အင်းအင်းပါပြီးရင် ရေဘယ်နှခွက်ကို ဘယ်လို ပက်ရမယ်ဆိုတာကို အခြေခံပညာကျောင်း၊ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အထက်တန်းကျောင်းတွေမှာ ထည့်သွင်းသင်ကြားပေးဖို့ အူသွားသေးတာ။

ဂေဟစနစ်နားမလည်ဘဲ ရေက လျှပ်စစ်ချည်း အူနေလို့ ခုတော့ နှုတ်သီး ချေးလူးပေးထားရသတဲ့ကွယ်။









Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar