မောင်ရစ် - အသည်းကွဲရတဲ့ တော်လှန်ရေးတွေ
(မိုးမခ) မတ် ၂၈၊ ၂၀၂၅
တော်လှန်ရေးမှာ အသည်းကွဲရသလား။ အသည်းကွဲရတယ်ဆိုတာ ချစ်ရသူနဲ့ သေကွဲ ရှင်ကွဲ ကွဲရလို့ အချစ်အတွက် အသည်းကွဲရတာ ကို ဆိုလိုတာ မဟုတ်ပါ။ တော်လှန်ရေးမှာ မိမိမျော်လင့်မြုပ်နှံခဲ့သလို မဖြစ်ခဲ့ဘဲ ဆုံးရှုံးရတာ၊ လွဲချော်ရတာ၊ ပန်းတိုင်ပျောက်ရတာတွေ ဒါမျိုးတွေ ဖြစ်ရတဲ့အခါ တော်လှန်ရေးမှာ အသည်းကွဲရတယ်လို့ ဆိုချင်တာပါ။
တိုက်ပွဲမှာ တော်လှန်ရေးမှာ မိမိယုံကြည်ချက်အတွက် မြုပ်နှံရင်း စွန့်လွှတ်အနစ်နာခံလိုက်ရတာအတွက်ကတော့ အသည်းကွဲစရာ မရှိပါ။ အဲသည်အတွက်ကတော့ အမြဲတန်း ဂုဏ်ယူနေရမှာ ဖြစ်ပါတယ်။ သို့သော် မိမိရင်းနှီးမြုပ်နှံခဲ့သမျှဟာ ပန်းကဲ့သို့ မပွင့်မြောက်ခဲ့ဘဲ သဲထဲသို့ ရေသွန်ပြီး မျော်လင့်ချက်ကနေ သွေဖီလဲပြိုခဲ့ရင်တော့ အဲသည်တော်လှန်ရေးမှာ မိမိတို့ အသည်းကွဲရတယ်လို့ ဆိုရမယ် ထင်ပါတယ်။
အဲသည်လိုအတွေးက ဘယ်တုန်းကပေါ်ခဲ့တာလဲ။ ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ပွားတော့ မိမိ၏နေအိမ်ကနေ အရေးတော်ပုံထဲ ချီတက်ဖို့ ထွက်ခဲ့တဲ့အချိန်က မိမိ၏ အဘိုးနဲ့ အဘွား၏ မျက်နှာကို မြင်တွေ့ခဲ့ရစဉ်က ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တနှစ်တည်း ၁၉၁၅ မှာ မွေးကြပြီး မြန်မာပြည် ကိုလိုနီခေတ်က လွတ်မြောက်ရေးတိုက်ပွဲကို စာပေလက်နက်၊ နိုင်ငံရေးလက်နက်နဲ့ မြုပ်နှံဆင်နွှဲခဲ့ကြတဲ့ စာပေဇနီးမောင်နှံ။ အသက်က ၇၃ နှစ်။ လွတ်လပ်ရေးနောက်ပိုင်းခေတ်မှာလည်း စာပေနဲ့ ပညာရေးကို မြုပ်နှံပြီးတော့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်နေဆဲ အဖိုးနဲ့အဖွားဟာ သူတို့ခေတ်ကတည်းက မပြီးဆုံးသေးတဲ့ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို သူတို့သားမြေးတွေက အာဏာဖီဆန်ရေးလမ်းစဉ်ကို ရွေးချယ်ပြီး လမ်းပေါ်တက် ချီတက်ဖို့ ထွက်ခွာကြတဲ့အခါ … ။ သူတို့ဆင်နွှဲခဲ့ကြတဲ့ ခေတ်ပြောင်းတော်လှန်ရေးဟာ နောင်မျိုးဆက်သစ်တွေအပေါ် ဝန်ထုတ်ဝန်ပိုးသဖွယ် ပိစေခဲ့လို့ နောင်မျိုးဆက်သစ်တွေဟာ လမ်းဟောင်းက ဖယ်ခွာလို့ လမ်းသစ်ကို ခွဲကြတာကို မြင်ကြရတာမို့ သူတို့ ဘာမှ တားမြစ်ဖို့ရာမရှိ အရေးတော်ပုံအသစ် တော်လှန်ရေးအသစ်ကို ဆက်လျှောက်ကြဖို့ ခွင့်ပြုရုံသာ ရှိကြတဲ့ အဖိုးအဖွားတို့၏ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်း။ သူတို့တွေလည်း သူတို့သားမြေးတွေ၏ ခရီးလမ်းကြမ်းအတွက် အသည်းတွေ ကွဲကြရမယ်လို့ တွေးမြင်မိပါတယ်။
နောက် မြင်ကွင်းတခုကတော့ အင်းစိန်အကျဉ်းထောင် ၅ တိုက်တွင်းက ကွန်မြူနစ်ပါတီဝင် မြေအောက်ယူဂျီဟောင်းတဦး။ သူက မြေအောက်လှုပ်ရှားမှုများကနေ အနားယူပြီး မိသားစုနဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေချိန်။ ၈၈ အရေးတော်ပုံကြီးဖြစ်ပြီးနောက် ၁၉၈၉ ခုနှစ်ထဲမှာ စစ်ခေါင်းဆောင် ခင်ညွန့်က ဗမာပြည်ကွန်မြူနစ်ယူဂျီတွေကို လိုက်လံဖမ်းဆီး ထောင်ချတဲ့အချိန်။ ၈၈ အရေးတော်ပုံဟာ လူထုတရပ်လုံး၏ အုံကြွမှုလို့ ဝန်မခံချင်တာမို့ ကွန်မြူနစ်တွေ လက်ဝဲဝါဒီတွေ၏ သွေးထိုးလှုံဆော်မှုလို့ စစ်အာဏာရှင်တွေက မှိုင်းတိုက်ဝါဒဖြန့်နေတာမို့ အဆိုပါ ယူဂျီဟောင်းလည်း အမှုဆင် မတရားစွပ်စွဲခံရပြီး ထောင်ထဲ ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။ တခါက ကွန်မြူနစ် ဆိုတာ တသက်လုံး ကွန်မြူနစ်ပဲဆိုတဲ့ စကားကို ကြားဖူးခဲ့သလို အတိတ်က ကွန်မြူနစ်တဦး ဖြစ်ခဲ့လို့ အခုလည်း ကွန်မြူနစ်ပဲဆိုပြီး ဖမ်းဆီး ထောင်ချခံရတာကို သူက တည်တည်ငြိမ်ငြိမ်ပဲ ခံယူထားပါတယ်။ သူစွမ်းသလောက် တော်လှန်ရေးမှာ လိုက်ပါခဲ့ပြီးနောက် မိသားစုဘ၀ကို ပြန်လည်ထူထောင်နေသူ ကွန်မြူနစ်ပါတီဝင်ဟောင်းကို မတရားဖမ်းဆီးထောင်ချခံထားရချိန်၊ ချန်ထားရစ်ခဲ့ရတဲ့ မိသားဝင်တွေအတွက် သူ အသည်းကွဲရလိမ့်မယ်လို့ တွေးကြည့်မိခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ မှာ ပြိုကွဲသွားတော့ အသက် ၇၀ကျော် အဘိုးကြီးတဦး ကျနော်တို့အိမ်ကို ပြန်ရောက်လာတယ်။ သူ ဖာသာ အိမ်ပြန်ချင်လို့ ပြန်လာတာတော့ မဟုတ်ဘူး။ ၁၉၈၉မှာ ဗကပနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေနဲ့ ကွဲကြတယ်။ နောက်ဆုံးလက်ကျန် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို တရုတ်ပြည်ကြီးထဲကို ခိုလှုံခွင့်ပေးတော့ သူက လိုက်မသွားဘဲ သူ့ရဲဘော်တွေနဲ့အတူ နယ်စပ်တလျောက် ဆက်တိုက်ပွဲဝင်ဖို့ လမ်းရှာနေခဲ့တယ်။ ဗမာစစ်တပ်က ဖမ်းမိတော့ သူက လက်နက်ချအဖမ်းခံပေါ့။ အလင်းမဝင်ဘူး။ သည်လိုနဲ့ ဗမာစစ်တပ်က ဖမ်းမိထားတဲ့ အိုမင်းမစွမ်း ကွန်မြူနစ်ကြီးကို ဗမာပြည်ထဲမှာ သက်ရှိထင်ရှားရှိနေသေးတဲ့ သူ့အမ အသက် ၇၅ နှစ်အရွယ် အဖွားကြီးဆီ ပြန်ပို့ပါတယ်။ အဲသည်အဖွားကြီးအမည်က စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ပါ။ ကျနော်၏အဖွား။ မောင်နှမ ၂ယောက်ဟာ မြန်မာပြည်ပြည် တွင်းစစ်၏အစဦး သူတို့အသက် ၃၀ ကျော် အရွယ်ကကွဲသွားခဲ့ကြတာပါ။ နှစ်ပေါင်း ၄၀ ကျော်။ သူ့အမည်ရင်းက ဦးသိန်းအောင်။ လွတ်လပ်ရေး တိုက်ပွဲဝင်ဗမာတပ်မတော် ရိုင်ဖယ်တပ်ရင်းက ဗိုလ်ပါ။ ၁၉၄၈ ဩဂုတ်မှာ ဗမာတပ်မတော် တပ်ရင်း ၃ ရင်း တောခိုတော့ သူလည်းကွန်မြူနစ်ပါတီထဲ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ရောက်သွားခဲ့တာ။ အဲသည်ကတည်း က ရုရှားအထောက်အပံ့နဲ့ အရှေ့ဥရောပမှာ ပညာသင်၊ နောက်တော့ ရုရှားတရုတ်အကွဲ တရုတ်ပြည် ကို ပြန်ရောက်။ အရှေ့မြောက်ဒေသ ပန်ဆန်းမှာ ရဲဘော် ဦးလွင် အမည် နဲ့ ကျရာ တာဝန် ထမ်း။ နောက် ဆုံး ပါတီပြိုကွဲတော့ သူ့အမ၏ အိမ် ကို ဆန္ဒမပါဘဲ အနှစ် ၄၀အကြာမှာ ပြန်ရောက်လာရတဲ့ အဖိုးကြီး။ သူလည်းပဲ အသည်းကွဲရမှာပဲ။ မိခင်ပါတီနဲ့ ကွဲ၊ ရဲဘော်တွေနဲ့ ကွဲ။ တဦးတည်း အထီးကျန် ဘ၀နောက်ဆုံးအချိန်တွေကို တစိမ်းတရံများကြားထဲ ကုန်ဆုံးရတာ။
နောက်တဦးကိုတွေးမိတာက သတင်းစာဆရာကြီး ဦးဝင်းတင်ပါ။ ၁၉၂၉ ဖွား။ တသက်လုံး သတင်းစာဆရာ။ ၁၉၈၈ အသက် ၆၀ နီးမှ ၈၈ အရေးတော်ပုံမှာ နိုင်ငံရေးတိုက်ပွဲထဲကို ဝင်ရောက်မြုပ်နှံခဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို ထူထောင်။ ပါတီရှင်သန် ရပ်တည်ရေးအတွက် ကြံ့ကြံ့ခံ။ ၁၉၈၉ကနေ ၂၀၀၈ အထိ ထောင် ၁၉နှစ် ကျခဲ့။ တခါမှ စစ်အာဏာရှင်ကို ဒူးမထောက်ခဲ့တဲ့ စာနယ်ဇင်းသမား၊ နိုင်ငံရေးသမားကြီးဖြစ်ပါတယ်။ ၂၀၁၀ မှာ စစ်တပ်က တဖက်သပ်ရွေး ကောက်ပွဲနဲ့ ပါတီကို ကြုံးသွင်းပြီး သင်းကွပ်ဖို့ လုပ်တော့ စစ်အာဏာရှင်ကို ဖီဆန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲခဲ့သူ ဖြစ်ပါတယ်။ သည်လိုနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီး NLD ပါတီက စစ်တပ်၏ ကြံ့ဖွံ့အစိုးရဆီမှာ မှတ်ပုံတင်ပါတယ်။ ၂၀၀၈ စစ်တပ်၏ အခြေခံဥပဒေကို လက်ခံကြောင်း ကျမ်းကျိန်လိုက်ပါတယ်။ ဆရာဦးဝင်းတင်က စစ်အာဏာရှင်သက်ဇိုးရှည်ရေးကို အုတ်မြစ်ချတဲ့ ၂၀၀၈ ခြေဥကို ဆန့်ကျင်ပြီး ဖျက်သိမ်းပစ်ရေးလမ်းစဉ်ကိုကိုင်ခဲ့တာပါ။ သို့သော် NLD ပါတိနဲ့ ခေါင်းဆောင်တွေအများစုက အဲသည်ခြေဥနဲ့ စစ်တပ်၏ရွေးကောက်ပွဲကို ဝင်ပြီး စစ်တပ် ထိန်းကွပ်တဲ့ လွှတ်တော်နဲ့ အစိုးရလမ်းကြောင်းကိုရွေးတော့ ဆရာဘာပြောခဲ့သလဲ။ ဒီမိုကရေစီနည်းကျပါတီနဲ့ခေါင်းဆောင်တွေ၏ သဘောထားကို လေးစာပါမယ်တဲ့။ ဆရာကတော့ စစ်တပ်၏ ကျေးဇူးဟာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှုစရာမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောနေသူအဖြစ် ဆက်ရပ်တည်ပါတယ်။ ဆရာ ၂၀၁၄ မှာ ကွယ်လွန်ပါတယ်။ အသက် ၈၁ နှစ်။ အသက် ၆၀ ကျော်မှာ ဗမာပြည်ဒီမိုကရေစီနိုင်ငံရေးထဲ ခြေစုံပစ်ဝင်ခဲ့သူ၊ ထောင်သက် ၁၉နှစ် ဖြတ်သန်းခဲ့သူ။ အပြင်မှာ ၆ နှစ်တာ အသက်ရှင်ခဲ့ရပြီး ထောင်တွင်းနာတွေနဲ့ ကွယ်လွန်ပါတယ်။ သူကော သူဖြစ်ချင်သလို သူယုံကြည်သလို မဖြစ်လာတဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် အသည်းကွဲခဲ့လေမလားလို့ ကျနော် တွေးမိတယ်။ ဆရာက ၂၀၁၃ မှာ ဗမာပြည်ဟာ လမ်းခုလပ်မှာ လို့ ထောက်ပြခဲ့တယ်။ စစ်တပ်နဲ့ လမ်းခွဲရမယ်လို့ သူက ပြောခဲ့ပါတယ်။ ဆရာလည်း တော်လှန်ရေးမှာ အသည်းကွဲခဲ့ရမှာပါပဲ။
နောက်တယောက် တွေးမိတာကတော့ ဒေါ်အောင်ဆန်းစုကြည်။ သင်ပုန်းချေရေး၊ ပြန်လည်သင့်မြတ်ရေး နဲ့ စစ်တပ်နဲ့ ရင်ကြားစေ့ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် အထိအခိုက် နစ်နာမှု အနည်းဆုံးဖြစ်မယ်ထင်တဲ့နိုင်ငံရေးနည်းလမ်းကနေ ရွေးကောက်ပွဲဝင်၊ အာဏာကို ခွဲဝေသုံးစွဲ၊ စစ်တပ်ခြေဥကို တဆင့်ချင်း ပြင်ဆင်ဖို့ ကြိုး ပမ်းခဲ့ပါတယ်။ တိုင်းရင်းသားတွေ၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နဲ့ အတူယှဉ်တွဲပြီး ၂၁ ရာစုပင်လုံနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်ကြီးလို့ ဒေါ်အောင်ဆန်းစုကြည် အစဉ်အမြဲ လက်ရှိစစ်ခေါင်းဆောင်တွေကို သတိပေးနေပြီး သည်သမိုင်းခြေရာကနေ ပြည်သူနဲ့တပ်မတော် ကြည်ဖြူရေးကိုလည်းလုံးပမ်းရင်းတပ်ကိုလည်း စည်းရုံးခဲ့ပါတယ်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲကိုချေဖျက်ပြီး အာဏာသိမ်းလို့ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချလိုက်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ လက် နက်မကိုင်ဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ရွေးကောက်ပွဲလမ်းကြောင်းကနေ အာဏာခွဲဝေပြီး နိုင်ငံကို ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ဆီသို့ ပြုပြင်ပြောင်းလဲ တည်ဆောက်ကြရေးဟာ အခုချိန် ပြည်တွင်းစစ်မီးနဲ့ နွေဦးတော်လှန်ရေးမှာ လမ်းဆုံးခဲ့ပြီလို့ ပြောလို့ရလေမလားမသိပါ။ သည်တော့ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ မှာ သူမ၏တော်လှန်ရေးအတွက် အသည်း ကွဲခဲ့လေမလားလို့ တွေးကြည့်မိပါတယ်။
ဒါနဲ့ ကျနော်တို့လို အညတရ တော်လှန်ပြည်သူတဦးအနေနဲ့ကော တော်လှန်ရေးမှာ အသည်းကွဲခဲ့ပြီလား။ သခင်ကိုယ်တော်မှိုင်း ပြောဆို မြည်တမ်းခဲ့သလို ငါမသေခင် ငြိမ်းချမ်းရေးကို မြင်သွားချင်တယ်ဆိုခဲ့ပြီး သူ ငြိမ်းချမ်းရေးကို မမြင်သွားခဲ့ရပါဘူး။ ကျနော်တို့ ဘိုးဘွားတွေလည်း မမြင်ခဲ့ကြရဘူး။ ကျနော်တို့ မိဘဦးလေးဒေါ်ဒေါ်တွေလည်း မမြင်ခဲ့ကြရဘူး။ ကျနော်တို့လက်ထဲမှာလည်း အရှိန်တငြီးငြီးနဲ့ ပြည်တွင်းစစ်မီး။ မပြီးဆုံးသေးတဲ့ ၈လေးလုံး အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ပြီးတော့ နွေဦးတော်လှန်ရေး။ ကျနော်တို့ နောက်က မျိုးဆက်သစ်တွေ လူငယ်တွေဟာ အဲသည်လှိုင်းကြီးလေထန် ပင် လယ်ကြီးထဲ ရဲရဲကြီး ခြေစုံပစ် ထိုးဆင်းသွားကြတယ်။ ကျနော်လည်း အသည်းကွဲရတာပေါ့။ အချိန်တွေက ကိုယ့်အတွက် သိပ်မှ မကျန်တော့တာကိုး။
ဒါပေမယ့် အသည်းကွဲရသော်လည်း အမှန်တရား၊ လွတ်လပ်ရေးနဲ့ တရားမျှတမှုကို အချစ်မလျော့နိုင်မှတော့ - ကျနော်လည်း သည်လမ်း သည်ခရီးမှာ အသည်းကွဲသူတွေအချင်းချင်း လည်ပင်းဖက်ပေါင်းပြီး အလွမ်းသီချင်းဆိုရင်း လမ်းဆက်လျောက်ကြဖို့သာ ရှိတယ် မဟုတ်ပါလား ခင်ဗျာ။
နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၅)
၂၀၂၄ စက်တင်ဘာက နောက်ဆုံးတပိုင်းကို ရေးခဲ့တယ်။ အခု နောက်တပိုင်း ဆက်ရေးဖြစ်ပါတယ်။ ဇန်နဝါရီကရေးတာ မတ်လမှ တခန်းရပ်ပါတယ်။တော်လှန်ရေးမှာ အသည်းကွဲရသလား။ အသည်းကွဲရတယ်ဆိုတာ ချစ်ရသူနဲ့ သေကွဲ ရှင်ကွဲ ကွဲရလို့ အချစ်အတွက် အသည်းကွဲရတာ ကို ဆိုလိုတာ မဟုတ်ပါ။ တော်လှန်ရေးမှာ မိမိမျော်လင့်မြုပ်နှံခဲ့သလို မဖြစ်ခဲ့ဘဲ ဆုံးရှုံးရတာ၊ လွဲချော်ရတာ၊ ပန်းတိုင်ပျောက်ရတာတွေ ဒါမျိုးတွေ ဖြစ်ရတဲ့အခါ တော်လှန်ရေးမှာ အသည်းကွဲရတယ်လို့ ဆိုချင်တာပါ။

မောင်ရစ်၏ အခန်းဆက်များ ပြန်ဖတ်ချင်ရင်
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar