ကျော်လွင်အောင် - ဆေးရုံ ည (၁၁)
ကျော်လွင်အောင် - ဆေးရုံ ည (၁၁)
မိုးမခ ၊ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
အိပ်မက်ဆိုးနဲ့ ညတွေ ကုန်ဆုံးရင် "ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်"။
မျှော်လင့်ချက်က ရှင်သန်မှုပဲ တစ်ခုကို ဖြေရှင်းပြီးရုံနဲ့ ရပ်သွားတာ မဟုတ်ဘူးလေ။
နောက်ထပ် ရင်ဆိုင်ရမယ့်ပြဿနာတွေ အများကြီးမို့၊ အားတင်းရဦးမယ်၊ သေသွားတာမှ မဟုတ်ဘဲ။
မိုးလင်းခါနီး မက်ထရိုလာချိတ်ပြီးတာနဲ့ ပုဆိုးတိုတိုဝတ်လို့ လမ်းလျှောက်ထွက်လာခဲ့တယ်၊ အဆောင်ပတ်ချာလည် ဗီဒီယို လှည့်ရိုက်ခဲ့တာ၊ ခုတင် ၁၀၀၀ #ဆေးရုံညတွေ ပြီးဆုံးခြင်းရဲ့ သင်္ကေတ မိုးသောက်အရုဏ်ဦးကို ဗီတို ရိုက်ခဲ့မိတာ၊ အမှတ်တရပါ။ (ခုနေပြန်ကြည့်မိတိုင်း ကုန်းကွ၊ ပူစပ်နာကျင်မှုတွေကို သတိရနေတုန်း။)
မနက် ကိုးနာရီခွဲ ဆရာဝန်ကြီးရှေ့ ထိုင်မိတာနဲ့ "ဆယ့်တစ်ရက်နေ့ ပြန်လာပြနော်၊ လက်က အပ် သွားချွတ်၊ ပြီးရင် ပြန်လို့ရပြီ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး" နှုတ်ဆက်ခဲ့ပါတယ်၊
ဆေးရုံည ၆ ညတာ အိပ်ခဲ့နားခဲ့တဲ့ အခန်းထောင့်က ခုတင်လေးရေ၊ စရောက်ကတည်းက လက်မှာထိုးထားတဲ့ အပ်ကို ချွတ်၊ သောက်ဆေးနဲ့ စာအုပ်ပေးရင်း"တတ်နိုင်သလောက် အလှူငွေထည့်လို့ရပါတယ်"ဆိုတာနဲ့ အပြန် သုံးဘီးခချန်ပြီး ပိုတာတွေအကုန် ထည့်ခဲ့တယ်၊ #နေ့စားစာရေးအိုကြီး တတ်နိုင်သလောက်ပေါ့ဗျာ။
မထင်မှတ်ဘဲ လူနာလာစောင့်ပေးတဲ့ ကိုသက်တို့ အိမ်က ကားနဲ့ စေတနာနဲ့ လာကြိုပေးလို့ သက်သက်သာသာနဲ့ အိမ်ပြန်ရောက်တယ်၊
ရောက်ရောက်ချင်း အမေ့ ဒူးခေါင်းကို ပြေးဖက်ပြီး-
"ကျွန်တော် ပြန်လာပြီအမေ၊ ဘာမှမဖြစ်တော့ဘူးနော်"
👉ကျော်လွင်အောင် - ဆေးရုံ ည (၁)
👉ကျော်လွင်အောင် - ဆေးရုံ ည (၂)
👉ကျော်လွင်အောင် - ဆေးရုံ ည (၃)
👉ကျော်လွင်အောင် - ဆေးရုံ ည (၄)
👉ကျော်လွင်အောင် - ဆေးရုံ ည (၅)
👉ကျော်လွင်အောင် - ဆေးရုံ ည (၆)
👉ကျော်လွင်အောင် - ဆေးရုံ ည (၇)
👉ကျော်လွင်အောင် - ဆေးရုံ ည (၈)
👉ကျော်လွင်အောင် - ဆေးရုံ ည (၉)
👉ကျော်လွင်အောင် - ဆေးရုံ ည (၁၀)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar