Breaking News

(မြန်မာပြန်-မောင်သာနိုး) - ဗီယက်နမ်ကဗျာဆရာ ဟူသင်း Hu Thinh ရဲ့ ကဗျာတချို့



(မြန်မာပြန်-မောင်သာနိုး) - ဗီယက်နမ်ကဗျာဆရာ ဟူသင်း Hu Thinh ရဲ့ ကဗျာတချို့

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၉

နတ္ထိ

ငါ အော်ခေါ်တယ် ရာသီမဲ့လယ်ကွင်းတွေရဲ့ အမည်တွေ
အရွက်မဲ့ အပင်တွေ ၊ အသံမလိုက်ဖက်တဲ့
ဘုရားခေါင်းလောင်းတွေကို
ငါ အော်ခေါ်တယ် ငါးလမ်း ၊ ခုနှစ်လမ်း အမည်တွေကို
တိမ် ထက်သန် ၊ နှင်းမြူ အသည်းအသန် ကျဆင်း
အဝေးလှမ်းခေါ်တယ် မှုန်ဝါးလမ်းတွေကို
အနီးခေါ်တယ် ငါတို့ရဲ့ အတူတူရှိတဲ့ အချိန်ကို
မင်းက ဥယျာဉ်ထဲမှာ လေတွေကို ဖြိုဖျက်လိုက်ပြီ
ငါက ဒီအချိန်လေးကို ဒီနတ္ထိလေးကို ဆက်ယူလိုက်ပြီ ။

၁၉၉၃

+++++++++++++++++++++++++++++

အမေး

ငါ မြေကြီးကို မေးတယ် မြေကြီးနဲ့ မြေကြီး ဘယ်လိုနေလဲ
“ငါတို့ တဦးကို တဦး လေးစားကြတယ်”
ငါ ရေကို မေးတယ် - ရေနဲ့ ရေ ဘယ်လိုနေလဲ
“ငါတို့ တဦးကို တဦး ဖြည့်ကြတယ်”
ငါ မြက်ကို မေးတယ် မြက်နဲ့မြက် ဘယ်လိုနေလဲ
“ငါတို့ တဦးနဲ့တဦး ရက်ကန်းရှယ်
မိုးကုပ်စက်ဝိုင်းတွေ ဖန်ဆင်းကြတယ်”
ငါ လူကို မေးတယ် လူနဲ့ လူ ဘယ်လိုနေလဲ
ငါ လူကို မေးတယ် လူနဲ့ လူ ဘယ်လိုနေလဲ
ငါ လူကို မေးတယ် လူနဲ့ လူ ဘယ်လိုနေလဲ

၁၉၉၂

Asking
I ask the earth: How does earth live with earth?
-- We honor each other.
I ask water: How does water live with water?
-- We fill each other up.
I ask the grass: How does grass live with grass?
-- We weave into one another
creating horizons.
I ask man: How does man live with man?
I ask man: How does man live with man?
I ask man: How does man live with man?

+++++++++++++++++++++++++

ချစ်ရတဲ့ စန္ဒရာ

ငါက ချစ်တတ်တော့
အခု ခံစားရပြီ ……..
အဆီးအတားတွေရှိမှန်း သိလျက်
ခံစားမှုတွေ အဝင်ခံမိ ။

ကြာပန်းလိုချင်လို့ ကန်ကိုရှာ
ရေပွက်တွေသာ တွေ့ရတယ် ၊
ဂန္ဓမာတွေနဲ့ ပြန်လာရ
နှစ်တရာ တိုင်ခဲ့ရတာမျိုးတွေ ။

ဖနွမ်ပင် ၊ ၁၉၈၅ ။

(ဒီကဗျာမှာ အမျိုးသမီးအမည်အဖြစ် ရည်စူးထားပေမဲ့ “စန္ဒရာ”(စန္ဒြ)ဆိုတာ သက္ကတစကား ၊ လ ကိုလည်း ဆိုလိုပါတယ် ။ဗီယက်နမ်က အင်္ဂလိပ်ဘာသာပြန်သူ မှတ်ချက်။ )

စာကိုး
မောင်သာနိုး - မိုးမခပင်ရိပ် ၊ ရန်ကုန် ၊ ကွမ်းခြံလမ်းစာပေ ၊ ၂၀၁၇ ။