Breaking News

ကိုသန်းလွင် - စစ်တပ်စွမ်းရည်


ကိုသန်းလွင် - စစ်တပ်စွမ်းရည်

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၉

(၁)

အောက်တိုဘာလ (၁) ရက်နေ့ တရုတ်ပြည်ထူထောင်သောနေ့ နှင့် ကွန်မြူနစ်ပါတီအုပ်ချုပ်ခဲ့သော ၇၀ နှစ်ပြည့် မြောက်သောအခမ်းအနားကို ကြည့်မိသူပရိတ်သတ် အဖို့ တရုတ်ပြည်၏စစ်အင်အားသည် အမေရိကန်ပြည်ကို မှီဖို့နီးပြီလားဟု တွေးတောမိကောင်း တွေးတောမိကြပါလိမ့်မည်။ အဖြေမှာယေဘူယျတွေးဆချက်များထက်အ များကြီးပို၍နီးသည်ဟုဆိုရပါလိမ့်မည်။

သက္ကရာဇ် ၂၀၅၀ခုနှစ်တွင် ခေတ်မှီတပ်မတော်ကြီးဖြစ်ရမည်ဟုရည်မှန်းချက်ထားရှိပြီး တိုက်ချင်းပစ်ဒုံးပျံကြီးများ အသံထက်မြန်သော ဒရုန်းများ၊ ခေတ်ရှေ့ပြေးနေသော တင့်ကားများဖြင့် အခမ်းအနားကို ကျင်းပခဲ့သည်။

တင်ရန်မင်လွင်ပြင်တွင်ကျင်းပခဲ့သောထိုအခမ်းအနားသို့ စစ်သားပေါင်း ၁၅,ဝ၀ဝ ပါဝင်ဆင်နွဲခဲ့ပြီး စစ်လေယာဉ် အစီး ၁၆၀ ကလေမှာ ဝဲကာစစ်သုံးဆိုင်ရာကားအစီး ၅၈၀ တို့ကရင်ပြင်ပေါ်မှာမောင်းလာကြသည်။ DF-၄၁ ခေါ် နျူကလီယာထိပ်ဖူး ၁၀ ခုအထိသယ်ဆောင်နိုင်သောဒုံးကျည် (Miissle) မစ်ဆိုင်းများမှာအမေရိကတိုက်၏ဘယ် နေရာမဆို ပြစ်ခတ်နိုင်ပါသည်။

သက္ကရာဇ် ၂၀၁၁ ခုနှစ်မှစ၍ အမေရိကန်တို့၏စစ်အသုံးစားရိတ်မှာ အီရတ်နှင့် အာဖဂန် စစ်ပွဲအပြီးတွင်လျှော့ ကျလာနေချိန်တွင် တရုတ်၊ ရုရှား နှင့်ဆော်ဒီအာရေးဗီးယားတို့၏ အသုံးစားရိတ်မှာတိုးလာနေ သည့်သဘောရှိ ပါသည်။

တရုတ်ပြည်၏ ကာကွယ်ရေး ဘတ်ဂျက်သည် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန (International Peace Pesearch Institute) ၏ခန့်မှန်းချက်အရ ၁.၇ ထရီလီယမ်ရှိပါသည်။ ၄င်းသည် တရုတ် ပြည် ဂျီဒီပီ (GDP) ၏ ၁.၉ ရာခိုင်နှုန်းရှိပါသည်။

တရုတ်ပြည်၏ ငွေကြေးပြောင်းလဲနှုန်းအရ တွက်ကြည့်သော် တရုတ်ပြည်၏ တစ်နှစ်တစ်နှစ်လျှင် ကာကွယ်ရေး အတွက်သုံးငွေမှာအမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယမ်မျှရှိပါသည်။ အမေရိကန်ပြည်၏ ကာကွယ်ရေးအတွက် သုံးသောဘတ်ဂျက်မှာ ၆၄၉ ဘီလီယမ်ဒေါ်လာရှိရာဂျီဒီပီ၏ ၃.၂ ရာခိုင်နှုန်းရှိပါသည်။

တရုတ်ပြည်၏စစ်သုံးဘတ်ဂျက်မှာအမေရိကန်တို့ စစ်သုံးငွေ၏ ၄၀ ရာခိုင်နှုန်းရှိပါသည်။ အမေရိကန်တို့၏ ကာ ကွယ်ရေး အသုံးစားရိပ်မှာ အနီးစပ်ဆုံးနောက်ထပ် ၇ နိုင်ငံပေါင်း၏ (တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အန္ဒိယ တို့အားလုံးပေါင်း၏ ဘတ်ဂျက်ငွေ ပမာဏနှင့်ညီမျှပါသည်။)

ထိုသို့ဆိုခြင်းဖြင့် အမေရိကန်တို့၏ စစ်သုံးစရိတ်ကို မြှင့်တင်ပေးရာရောက်ပါသည်။ တရုတ်ပြည်ကို နှိမ့်ချပြောဆို သကဲ့သို့ ရှိပါသည်။ တကယ်ကပြင်ပပေါက်ဈေးနှုန်းနျင့်တွက်သော် တရုတ်တို၏ အသုံးစားရိတ်မှာ အမေရိကန် ပြည်၏ ၇၅ ရာခိုင်နှုန်းခန့်ရှိပါသည်။

(၂)

ငွေကြေးတို့၏ဝယ်နိုင်အားတန်ဘိုး


ပြဿနာရှိသည်မှာ ငွေကြေးကိုတန်ဖိုးပြောင်းလိုက်ရုံဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်အသုံးစာရိတ်များကို နှိုင်းယှဉ် ၍မရနိုင်ပါ။ အမေရိကန် သို့မဟုတ် သြစတေးလျ နိုင်ငံသားတို့ တရုတ်ပြည်ကို အလည်သွားသောအခါ လမ်းမှာ တွေ့ရသော အစားအစာ၊ အိမ်တွင်းအကူအဖြစ်ငှါးရမ်းရာတွင် အလွန်ဈေးချိုသည်ကို တွေ့ကြရပါသည်။ စစ်တပ် ဆိုင်ရာ အသုံးစာရိတ်တွင်လည်း ဤအတိုင်းပြော၍ ရပါသည်။

အမေရိကန်စစ်သားတစ်ယောက်၏ လစာမှာ ဥပမာတစ်နှစ်လျင် ၆၀,ဝ၀ဝ ဒေါ်လာဆိုပါစို့။ ဤငွေနှင့် တရုတ် ပြည်လွတ်မြောက်ရေး တပ်မတော်အတွက် စစ်သားမြောက်များစွာကို ငှါးရမ်းနိုင်ပါသည်။

ထို့ကြောင့် နိုင်ငံနှစ်နိုင်ငံကို နှိုင်ယှဉ်တော့မည်ဆိုပါလျှင် နိုင်ငံနှစ်ခု၏ လေဘာနှင့် အော်ပရေးရှင်း အသုံးစားရိတ် များကိုထည့်တွက်ရပါမည်။ နိုင်ငံနှစ်ခု၏ ကာကွယ်ရေးဆိုင်ရာ အသုံးစားရိတ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံး စားရိတ်၊ အော်ပရေးရှင်းဆိုင်ရာ အသုံးစားရိတ်များကို နှိုင်းယှဉ်ကြည့်ရပါမည်။

ဖိုက်တာဂျက်များနှင့် စစ်သင်္ဘောများအတွက် ကုန်ကျငွေကို ဈေးကွက် ဈေးနှုန်းနှင့် တွက်ကြည့်နိုင်ပါသည်။ တစ်ခြားစားရိတ်များဖြစ်သော လူပုဂ္ဂိုလ်ဆိုင်ရာ အသုံးစားရိတ်များကို အလားတူလေ့ကျင့် (Train) ထားသော ပုဂ္ဂိုလ်အချင်းချင်း နှိုင်းယှဉ်ကြည့်ရပါသည်။ ထိုနောက်မှ (Purchasing Power Parity) ကိုနှိုင်းယှဉ်ရန် အတွက် ပြောင်းလဲသည့် နှုန်းသပ်သပ် တွက်ယူရပါသည်။

ထိုပြောင်းလဲသည့်နှုန်းရပြီဆိုလျှင် ဤပိုက်ဆံဖြင့် ထိုနိုင်ငံအတွင်း မည်မျှဝယ်၍ ရနိုင်သည်ကို ကြည့်ရပါသည်။ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းကိုလိုက်၍ အသုံးစာရိတ်များတွက်ချက်ရပါသည်။ ထိုသို့ပြောင်းလဲနေ သည့်နှုန်းကို လိုက်၍ ငွေသုံးစွဲရန် စီမံသူများက ကာကွယ်ရေးဆိုင်ရာလိုအပ်ချက်များကို ကြည့်ကာ သုံးစွဲကြ ရပါသည်။

ထိုကွဲပြားချက်များကို ထည့်ပေါင်း၍ ကြည့်လိုက်သောအခါ တရုတ်တို့၏အသုံးစားရိတ် သည် အမေရိကန် ဒေါ်လာ ၄၅၅ ဘီလီယံ မျှရှိကြောင်း တွေ့ရှိရပါသည်။ ၄င်းသည် ငွေလဲနှုန်းအရ တိုက်ရိုက်ပြောင်းလဲခြင်းနှင့်စာ သော်နှစ်ဆမျှ တိုးလာကြောင်းတွေ့နိုင်ပါသည်။ အမေရိကန်အသုံးစားရိတ်၏ ၇၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ရ ပါသည်။

တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်ကြည့်ခြင်း


ထိုကဲ့သို့သော လေဘာနှင့်ဆားဗစ်ဆိုင်ရာ အလွန်ဈေးနှုန်းချိုသာသော နိုင်ငံများနှင့်အသုံးစားရိတ်ကိုနှိုင်းယှဉ် ကြည့်နိုင်ပါသည်။

ရိုးရိုး ငွေလဲနှုန်းနှင့်ကြည့်သော် ရရှားနှင့် အိန္ဒိယနိုင်ငံတို့၏ အသုံးစာရိတ်မှာ အမေရိကန်တို့၏ ၁၀ ရာခိုင်နှုန်း သာရှိပါသည်။ သို့သော် ကာကွယ်ရေးအသုံးစားရိတ်ကို သူတို့နိုင်ငံတွင်း၌ ရှိသည့် ဈေးနှုန်းအရ တွက်သော် ရရှားတို့သည် အမေရိကန်တို့၏ ၃၀ ရာခိုင်နှုန်းရှိပါသည်။ အိန္ဒိယက ၄၀ ရာခိုင်နှုန်းရှိပါ သည်။

ဤကဲ့သို့သောနည်းနှင့်တွက်ကြည့်သောအခါ အင်ဒိုနီးရှား၊ ယူကရိန်းနှင့် ကိုလမ်ဘီယာကဲ့သို့သော နိုင်ငံများ၏ ကာကွယ်ရေးအသုံးစာရိတ်များမှာ တက်လာကြပါသည်။

ဥပမာ အင်ဒိုနီးရှား၏ ၂၀၁၈ ခုနှစ်အတွက် ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယမ်မျှသာရှိပါသည်။ ဝယ် နိုင်အားအရ ပိုမိုတိကျသော နှုန်းဖြင့်တွက်ရာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယမ်မျှ ဖြစ်သွားပါသည်။ဆိုလိုသည် မှာ သြစတေးလျနိုင်ငံ အသုံးစာရိတ်ထက် များစွာပိုမိုသွားကြောင်းတွေ့ရပါသည်။

စစ်တပ်တခုထူထောင်ရန် တန်ဖိုးကြီးသည်။ လူတို့၏စားရိတ်က ကြီးသည်ဆိုခြင်းမှာ သူ့တွင်ကောင်းသော တန် ဖိုးရှိသည်ဟုဆိုလိုရာမရောက်ပါ။ ကျွန်တော်တို့သိလိုသော စစ်တပ်၏တန်ဘိုးအတွက်နံပါတ်အရေအတွက်သည် အခါခပ်သိမ်း ကောင်းသည်မဟုတ်ပါ။ စစ်တပ်ဆိုင် ရာစွမ်းရည်ဆိုသည်က တခြားဖြစ်ပါသည်။ ပြစ်ခတ်နိုင်စွမ်း အား ဖျက်ဆီးနိုင်စွမ်းအားသည် စစ်တပ်တစ်တပ်၏ စုပေါင်းအင်အားမှလာပါသည်။ နံပါတ်များမှ ယေဘူယျ စစ် တပ်များ၏ ကမ္ဘာလုံးဆိုင်ရာစစ်တပ်များ၏ ဖြန့်ချထားပုံကိုသာ သိနိုင်ပါသည်။

ထို့ကြောင့်တရုတ်ပြည်၏ စစ်တပ်ဆိုင်ရာပြပွဲကိုကြည့်၍သူတို့၏ တိုးတက်လာပုံသဘောကို သိနိိုုင်ပါသည်။ သို့ပါ သော်လည်း အမေရိကန်မှာ ယနေ့တိုင် နံပါတ်(၁) ဘဲ ဖြစ်ပါသည်။ သို့သော် သင်ထင်ထားသကဲ့သို့ ကွာခြားကြ သည် တော့မဟုတ်ပါ။

ကိုသန်းလွင်

Ref: China military might is much closer to The US than you probably think, By Peter Robertson, The Conversation.