Breaking News

ကိုသန်းလွင် - အမေရိကန်နှင့် ဟွာဝေးပြဿနာ


ကိုသန်းလွင် - အမေရိကန်နှင့် ဟွာဝေးပြဿနာ

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၀

(၁)

ဥရောပကောင်စီ၏ကော်မတီရုံးခန်းတွင် ဥပဒေပြုသူများ၊ ဥပဒေလုပ်ရန် လော်ဘီလုပ်သူများနှင့် ဟွာဝေးကုမ္မဏီ (Huawei) ၏မန်နေဂျာများ တွေ့ဆုံဆွေးနွေးနေကြပါသည်။ ဥပဒေပြုသူများဘက်က အများသူငါသိလိုသော ကို မေးခွန်းကိုတိုက်ရိုက်မေးသည်။ “ဟွာဝေးသည် တရုတ်ပြည်အတွက် စပိုင်လုပ်ပါသလား” ဟူသော မေးခွန်းဖြစ် ပါသည်။

ဟွာဝေး၏ ဥရောပကောင်စီအတွက်တာဝန်ခံဖြစ်သူမစ္စတာလီယူ (Abraham Liu) က“ဟွာဝေးသည်လွတ်လပ် သောကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ပြည်အတွက် သတင်းစုဆောင်းပေးရန် တာဝန်မရှိသကဲ့သို့ ထိုသို့လုပ်ခဲ့လျင် လည်း မိမိကိုယ်ကို အသေသတ်သလိုဖြစ်မည်” ဟူ၍ဖြစ်သည်။ ထို့နောက် သူကထပ်မံ၍ “ကျွန်တော်တို့ဟာ ဥရောပကောင်စီနှင့် ရည်ရွယ်ချက်ချင်းတူညီကြပါတယ် မစ္စတာထရမ့်လို မဟုတ်ပါ” ဟုပြောသည်။

ဆက်သွယ်ရေးလုပ်ငန်း များတွင် ဥရောပ၏ပွင့်ပွင့်လင်းလင်းဖြစ်ခြင်းကိုလိုလားမှု၊ တီထွင်ကြံဆခြင်း နှင့်ဥပဒေ စိုးမိုး မှုတို့ကို ဖြစ်စေရန်လိုလားသကဲ့သို့ ဟွာဝေးကလည်း တစ်သဘောတည်းပင်ဖြစ်ပါသည်ဟုဆိုသည်။

(၂)

ဟွာဝေးသည် ဝါရှင်တန်က နိုင်ငံတော်လုံခြုံရေးအတွက် မလိုလားအပ်သော တံဆိပ်(Brand) ဖြစ်သည်ဟုသတ် မှတ်ထား ခြင်းခံနေရသည်။ တရုတ်ထောက်လှမ်းရေးက ဟွာဝေး၏ ပစ္စည်းကိရိယာများကတဆင့် အမေရိကန် ပြည်သူ လူထုကို စုံစမ်းထောက်လှမ်းမှုများပြုလုပ်နေသည်ဟု စွတ်စွဲသည်။ ထို့ကြောင့် ဥရောပကောင်စီရုံးစိုက် ရာ ဘရပ်ဆဲလ်မြို့တွင် ဟွာဝေးကဥရောပကောင်စီ၏ ထရမ့်အပေါ်ယုံကြည်ခြင်း မရှိခြင်းကိုအခြေခံကာ ဝါဒဖြန့် လျက်ရှိသည်။ ယခု အချိန်ထိတော့ ထိုဝါဒဖြန့်မှုမှာ အောင်မြင်လျက်ရှိသည်ကိုတွေ ့ရပါသည်။

အနာဂါတ်ဥရောပတွင် 5G နက်ဝပ်ကိုထူထောင်ရန်အတွက် ဟွာဝေးက သန်းပေါင်းများစွာအကုန်ကျခံ ကာ ကြေညာလျက်ရှိသည်။ အလားတူ ဥရောပကောင်စီ၏ ပေါ်လစီချမှတ်သူ လူကြီးများရှေ့မှောက်တွင် အာမခံ ရသည်။ ထရမ့်အစိုးရအပေါ် ကြိုတင်၍လည်း မခန့်မှန်းနိုင်သလို၊ ယုံကြည်ရန်လည်းအကြောင်းမရှိ သဖြင့် ပူပေါင်းရန်မဖြစ်နိုင်။ ဟွာဝေးသည် မူဝါဒမှာ တစ်ကိုယ်ရေလွတ်လပ်မှု (Privacy)၊ ပွင့်လင်းမြင်သာမှု ရှိပြီး ကလိုဗယ်လိုက်ဇေးရှင်းကိုသာ လိုလားပါသည်။ ထိုလမ်းကြောင်းသည် ဥရောပကောင်စီ၏လိုလားချက်များ ဖြစ်ကြပါသည်။

တရုတ်တို့က ပြောကြားသည်မှာ တရုတ်ပြည်သည်အမေရိကန်တို့လိုမဟုတ်ပါ။ ဥရောပ ကောင်စီနှင့်အတူ “ရာသီဥတုပြောင်းလဲလာခြင်းကိုလည်း ယုံကြည်ပါသည်။ အများပြည်သူ၏ကောင်းကျိုး ကိုလည်း ဆောင်ရွက် လိုပါသည်” ဟုပြောသည်။

ထိုသတင်းပြန့်နှံ့ဖို့အတွက် ဟွာဝေးသည် မျှော်လင့်မထားသောအလုပ်ကိုလုပ်ခဲ့ပါသည်။ ဥရောပကောင်စီလူကြီး များနှင့်အတူ မစ္စတာလီယူသည်လူထုရှေ့မှောက်တွင်ဆွေးနွေးဟောပြောရင်းထိုဆွေးနွေးချက်များ ကိုအင်တာ နက်မှ (Live) တစ်ဆင့်လွှင့်ခဲ့ပါသည်။ ကော်ပိုရိတ် ခေါင်းဆောင်များမှာ အများပြည်သူရှေ့တွင် စကားပြောရန် ဝန်လေးကြပါသည်။ မစ္စတာလီယူ ကိုယ်တိုင်က အချီအချ စကားပြောပွဲအဖြစ် (Public debate) အဖြစ်စီစဉ်ခဲ့ ခြင်းဖြစ်ပါသည်။

အမေရိကန်တို့က ဟွာဝေးကိုပိတ်ဆို့ထားသလို ဥရောပကောင်စီကိုအလားတူပြုလုပ်ရန် ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ပါ။ ဥရောပကောင်စီတစ်ခုလုံးဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံတစ်ဦးချင်ဖြစ်စေ၊ ဟွာဝေး၏ပစ္စည်း များ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့သောနိုင်ငံမရှိပါ။

ထရမ့်ကမိမိနှင့် အမူအကျင့်နှင့် အယူအဆတူပါသည်ဟု လက်ခံထားသူဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာ အော်ဘင် (Viktor Orban)ကိုပင်မဆွဲဆောင်နိုင်ခဲ့ပေ။ နိုဝင်ဘာလတွင်ဟန်ဂေရီနိုင်ငံအတွက် 5G Circuit တွင် ဟွာဝေး၏ ပစ္စည်းများကို တပ်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ အစိုးရအရာရှိများနှင့် ဟွာဝေး၏ပါဝင်ပါတ်သက် နေမှုကို ဆွေးနွေးနေကြဆဲမှာပင် ဒါဇင်ပေါင်းများစွာနှင့်ချီ၍ စာချုပ်များချုပ်ဆိုနိုင်ခဲ့သည်ဟုပြောသည်။ အချို့ ကိရိယာများမှာ 5G နှင့်တွဲပြီးသုံးနိုင်သောကြောင့် စတင်အသုံးပြုနေကြသည်။

နေတိုးအစည်းအဝေးတွင် ထရမ့်ကအင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ဟွာဝေးနှင့်ကင်းရှင်းအောင်နေရန် ပြောကြားခဲ့သော်လည်း ဂျွန်ဆင်က အဖြေမပေးဘဲ ဆုံးဖြတ်ချက်ချရန်ရွှေ့ဆိုင်းထားကြောင်းကိုသာပြောသည်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုကလည်း ဥရောပပေါ်လစ်တီကို မဂ္ဂဇင်းတွင်ရေးသားရာ၌မိမိတို့နိုင်ငံ၏လျှို့ဝှက်ချက် များကို ဟွာဝေးပစ္စည်းများနှင့်ယုံကြည် မထားရန်ရေးသားသည်။

ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်နည်းတူ မိမိတို့နက်ဝပ်များလုံခြုံရေးတွင် ဟွာဝေးအပေါ်ရာနှုန်းပြညိ့ ယုံကြည်မှု ရှိကြသည်တော့မဟုတ်ပါ။ ဥရောပကောင်စီ၏ ရီပို့တစ်ခုတွင်နက်ဝပ်များ၌ ပြင်ပမှဝင်ရောက်ခိုးယူ နားထောင်နိုင်မှုမရှိအောင် သတိရှိရမည်ဟု ဟွာဝေး၏နာမည်ကို မသုံးဘဲဖော်ပြသည်။

မည်သည့် တရုတ်ကုမ္ပဏီများမှ အစိုးရနှင့်မကင်းကြပါ။ ဂျာမနီတယ်လီကွန်းကုမ္ပဏီကမှု ဟွာဝေးကို 5G အတွက်လိုင်စင်ချပေးရန်ရည်ရွယ်သည်။ အင်ဂျလာမာကယ်၏ ပါတီကလူများက မကန့်ကွက်ကြသော်လည်း ကန့်ကွက်သူတချို့တော့ရှိနေသည်။

ဥရောပကောင်စီ၏ ဥပဒေများအရ ကုမ္ပဏီတစ်ခုကို ဦးတည်၍ တိုက်ခိုက်ရန်ခက်ခဲပါသည်။ ထို့ကြောင့်ဟွာဝေး ကိုလိုင်စင်ချပေးရေး၊ မချပေးရေးကိစ္စကို အဖွဲ့ဝင်နိုင်ငံ အစိုးရများကိုသာ ဆုံးဖြတ်စေသည်။ ထရမ့်အစိုးရအပေါ် ယုံကြည်ခြင်းမရှိခြင်းကလည်း အကြောင်းပြချက်တစ်ခုဖြစ်နိုင်ပါသည်။ နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲတွင် မိမိ ကအနိုင်ရရန် (Bargaining Chip) တစ်ခုသဖွယ် အသုံးချပြီး၊ ပြေလည်သွားသောအခါ ဘာမှမဟုတ်ဘူး ဟု လည်း ဖြစ်သွားနိုင်ပါသည်။

ထိုကိစ္စ 5G မပေါ်ကတည်းကဟွာဝေးသည် ဆမ်ဆောင်းနှင့် အက်ပဲ (Apple) ပြီးလျှင် ဟန်းဖုန်းရောင်း ချရာ တွင် တတိယလိုက်သည့် ကုမ္ပဏီဖြစ်ပါသည်။ အလုပ်သမားပေါင်း ၁၂၀ဝ၀ ရှိပြီး ဥရောပတိုက်နေရာအနှံ့တွင် သုတေသနနှင့် ဖွံဖြိုးရေးအတွက် ရုံးခန်းပေါင်း ၂၃ ခုရှိပါသည်။ ထို့ကြောင့်လည်း ဘရပ်ဆဲလ် တွင်ပေါ်လစီ ချ မှတ်သူများကို ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ်တွင်ကြော်ညာလုပ်ငန်းနှင့် ဆွဲဆောင်မှုလုပ်ငန်းများအတွက် ဒေါ်လာ ၃သန်း ချသုံးခဲ့ပြီး ၄င်းသည် ဥရောပတွင် 5G လုပ်ငန်းအတွက် အလုပ်လုပ်ကြသော ကုမ္ပဏီပေါင်း၏ သုံးငွေထက် များပြားပါသေးသည်။ အဲရစ်ဆန်၊ နိုကီယာနှင့် အမေရိကန်မှ (Qualcomm) တို့ဖြစ်ကြပါသည်။

ဘရပ်ဆဲလ် လေဆိပ်နှင့် အထင်ကရနေရာကြီးများတွင် ဧရာမ ပိုစတာကြီးများထောင်ခဲ့သည်။ ရာပေါင်းများ စွာသော ဂျာနယ်လစ်များထံစာရေးသားပေးပို့ခဲ့ပြီး 5G စီမံကိန်းကိုဆောင်ရွက်ရာတွင် ဥရောပတွင် နေသူတို့အဖို့ ဥရောပတန်ဖိုး အတိုင်း ဆောင်ရွက်ရမည်ဟု ရေးသားခဲ့သည်။

ဘရပ်ဆဲလ် တွင် အဓိကသုတေသနလုပ်ရာဌာန ၂ခုသို့ငွေပေးလှူခဲ့ပြီး ဥရောပပေါ်လစီနှင့် အကြံပေးအဖွဲ့များ သို့လည်း တရုတ်အစိုးရကိုယ်စား ငွေပေးလှူခဲ့ပါသည်။ ငွေကြေးပမာဏမှာ မများလှသော်လည်း (အမေရိကန် ဒေါ်လာ ၅၅,ဝ၀ဝ) ကုမ္ပဏီ၏ရပ်တည်မှုမှာ ပိုမိုကောင်းမွန့်လာခဲ့သည်။

ဟွာဝေးက အမေရိကန် ကုမ္ပဏီများနှင့် မဟာမိတ်ပြုထားရသည်။ အဆောက်အအုံတခု တည်းတွင် ဂူးဂဲလ်နှင့် အခန်းများ ငှားထားပြီး ဂူးဂဲလ်က သုံးထပ် ဟွာဝေးက တစ်ထပ်လုံးယူထားသည်။

ဟွာဝေးက သူတို့၏ ဥရောပတွင် ရပ်တည်မှုမှာ ခိုင်မြဲနေပြီဖြစ်ကြောင်း ဤသို့ရပ်တည်နိုင်ခြင်းမှာလည်း အမေရိကန်တို့ စွတ်စွဲသလိုမဟုတ်ဘဲ မသမာမှုများမှ ကင်းရှင်း၍ဖြစ်ကြောင်း အမေရိကန်နှင့်မတူသော သဘောထားများအတွက် ဥရောပကောင်စီကိုကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

(၃)

ဟွာဝေးထူထောင်သူ၏သမီးဖြစ်ပြီး၊ ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိဖြစ်သူ မစ္စဝမ်ဇူး (Meng Wanzhou) မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါတွင်ရောက်ရှိနေစဉ် ကနေဒါရဲတို့၏ ဖမ်းဆီးခြင်းကို ခံရသည်။ အမေရိကန် အရှေ့ပိုင်းဒီစတြိတ် ကဖမ်းဝရမ်းကိုထုတ်ပေးသည်ဟုဆိုသည်။ အမေရိကန် ဆန်ရှင်လုပ်ထားသည့် အီရန်နိ်ုင်ငံနှင့် ဘဏ္ဍာရေးတွင်ဆက်သွယ်မှု မသမာမှုများရှိသည်ဟုစွတ်စွဲသည်။ အမှုရင်ဆိုင်နေစဉ်ကာလ အတွင်း ကနေဒါတွင် အကျယ်ချုပ်ကျနေသည်။ အမေရိကန်သမ္မတ ကိုယ်တိုင်ပါဝင်ပါတ်သက်နေသဖြင့် အမှုသည် ဟွာဝေးနှင့်ပါတ်သက်၍ အရေးကြီးသောအမှုဖြစ်လာခဲ့သည်။

၂၀၁၉ ခုသြဂုတ်လက အမေရိကန်သမ္မတသည် ဟွာဝေးနှင့် အလုပ်မလုပ်လိုကြောင်းကြေညာခဲ့သည်။

ကိုသန်းလွင်

Ref: Huawei Chases 5G deals in EU, By Martina Stevis Gridneff, Newyork Times December 30 2019.