Breaking News

ကိုသန်းလွင် - တရားစီရင်ရေး နှင့်ဒီမိုကရေစီ

The Supreme Court of India in New Delhi.Credit...Nasir Kachroo/NurPhoto, via Getty Images


ကိုသန်းလွင် - တရားစီရင်ရေး နှင့်ဒီမိုကရေစီ

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၀

Ref: Courts Fail as Freedom is at Stake By Madhav Khosla, New York Times September 10 2020

(၁)

လက်ယာယိမ်းသော ပေါ်ပြူလာခေါင်းဆောင်များနိုင်ငံ အများအပြားတွင်ပေါ်ပေါက်လာ ခြင်းမှာများစွာ စိုးရိမ်ဖွယ်ရာကောင်းသည်ဟု ပေါ်ပြူလာ ဒီဘိတ်များနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များအကြားတွင် စိတ်ဝင်တစားဆွေးနွေးလျက်ရှိကြပါသည်။ သမ္မတနှင့်ပါလီမန်တို့၏ ဆက်ဆံရေးတွင်လည်း သမ္မတ၏ လုပ်ပိုင် ခွင့် အာဏာများပြာလာသည်နှင့် အတူ ပါလီမန်နှင့်တရားရုံးတို့၏ သြဇာအာဏာမှာကျဆင်းလျက်ရှိပါသည်။

တရားရုံးများမှာ တခါတုန်းက အများပြည်သူတို့အပေါ်အာဏာရှင်များများထံမှ အကာအကွယ်ပေးခဲ့ ကြသော်လည်း ယနေ့ခေတ်တွင်ဘေးမှ ရပ်ကြည့်သူသက်သက်နှင့်အာဏာပိုင်များဘက်မှလိုက်ပါဆောင်ရွက် သေူတို့ဖြစ်လာပါသည်။ အပြစ်မဲ့သူတို့ကိုကာကွယ်ပေးသူ၊ အာဏာရှင်များကို မိမိလုပ်ရပ်ကို မိမိတာဝန်ယူ အောင်ဆောင်ရွက်ပေးသူများမဟုတ်ကြတော့ပေ။

(၂)

ဟန်ဂေရီတွင်ဝန်ကြီးချုပ်အော်ဘင် (Viktor Orbin) ကတရားသူတို့အငြိမ်းစားယူရမည့်နှစ်ကိုလျှော့ချခြင်း လစ်လပ်နေသောနေရာကို ကွက်လပ်များအဖြစ်ချန်ထားခြင်း၊ ထိုနေရာများတွင် သူ့အကျိုးကိုလိုလားသူများကို သာခန့်ထားခြင်းဖြင့် တရားရေးဌာနကိုစနစ်တကျဖျက်ဆီးလျက်ရှိပါသည်။ မူလကတရားရုံးစနစ်ကိုစင်ပြိုင်အစား ထိုးရန် စီးစဉ်ထားခဲ့သော်လည်း ထိုအစီအစဉ်မှာ ပျက်ပြယ်သွားပြီး ဥပဒေသစ်တခုကို ဒီဇင်ဘာလက ပြဌာန်းခဲ့ ပါသည်။ နိုင်ငံရေးဆိုင်ရာ ပြစ်မှုများကို လက်ရှိတရားရုံးများကို စစ်ဆေးခြင်းမပြုတော့ဘဲ စပါယ်ရှယ်တရားရုံး (Constitutional Court) များတွင် စစ်ဆေးရန်စီစဉ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မစ္စတာ အော်ဘင် ပြန်လည်အရွေး ခံရချိန်တွင်တရားသူကြီးအများအပြား “ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များ” ဖြင့်အငြိမ်းစားယူခဲ့ကြပါသည်။ အငြိမ်း စားယူချိန်နှင့် အစုလိုက်အပြုံလိုက်နုတ်ထွက်သွားခြင်းကြောင့် အစိုးရကဖိအားပေးခြင်းကြောင့်လား ဟုတွေး တောစရာဖြစ်လာ ပါသည်။

တူရကီနိုင်ငံတွင်လည်း သမ္မတအက်ဒဝန် (Recep Tayyip Erdogen) ကအလားတူတရားသူကြီးများ နေရာတွင် သူ့နောက်လိုက်များဖြင့် အစားထိုးလျက်ရှိသည်။ ၂၀၁၆ ခုနှစ်က မအောင်မြင်သော အာဏာသိမ်းပွဲ အပြီးတွင် ထောင်ပေါင်းများစွာသောတရားသူကြီးများကို ရာထူးမှဖယ်ရှားခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဆန္ဒခံယူပွဲက သူ့ကို တရားသူကြီးများနှင့်ဥပဒေအရာရှိ ကြီးများကို ခန့်အပ်ရာတွင် များစွာလုပ်ပိုင်ခွင့်ပေးခဲ့ ပါသည်။ ယခုစနစ် သစ်အရ သူ့ကိုဆန့်ကျင်သူ နှင့် လူမှုရေး တက်ကြွသူများကို အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းထားပိုင်ခွင့် ရရှိသွားပါသည်။

တူရကီနှင့်ဟန်ဂေရီနိုင်ငံ နှစ်ခုစလုံးတွင်တရားရုံးများကို ပိတ်ပစ်ခြင်းမဟုတ်ပါ။ သို့သော် တရားသူကြီးများ နေရာတွင် အစိုးရကိုသစ္စာခံသူများကို ခန့်ထားခြင်းဖြင့် တရားစီရင်ရာတွင် လိုသလိုခြယ်လှယ်လုပ်ပိုင်ခွင့် များရှိသွားပါသည်။ ယခင်ကမလုပ်နိုင်မကိုင်နိုင်ဖြစ်ခဲ့ရသော ဖြစ်ရပ်များကို ကိုင်တွယ်နိုင်သွားကြပါသည်။ တရားရုံးများမှာ လူနေမှုစနစ်တွင် နေရာတခုရသွားပြီး အမှုများမှာလည်း မစစ်ဆေးရခင်က စီရင်ချက်ချပြီး ဖြစ်နေတတ်သည်။

အလားတူ ပိုလန်နိုင်ငံတွင်ပေါ်ပြူလာဖြစ်နေသော ဥပဒေနှင့်တရားရေး (Law and Justice) ပါတီကအနိုင် ရသွားပြီး ၂၀၁၉ ခုနှစ်တွင် ပြန်လည်အရွေးခံရရာ ၄င်းပါတီ၏ သြဇာအာဏာကိုချဲ့လင့်လုပ်သူမှန်သမျှကိုနှိမ်နင်း လျက်ရှိသည်။ ပထမဦးစွာ ထိခိုက်သွားရသည်မှာ ဖွဲ့စည်းပုံဆိုင်ရာတရားရုံးဖြစ်ပြီး (Constitution Tribunal) ဖြစ်သည်။ ပါတီမှတရားရုံးကို အစိုးရ၏လုပ်ရက်များကို လှည့်မကြည့်နိုင်အောင် အသေးအဖွဲ့ကိစ္စများနှင့်အလုပ် များနေ အောင်လုပ်ခဲ့ပါသည်။

ယခုအခါ အိန္ဒိယပြည်မှာလောက် တရားရုံးများ၏ သြဇာအာဏာကျဆင်းခဲ့ရသော နိုင်ငံမရှိပါ။ လွန်ခဲ့သော ၆ နှစ်အတွင်း ဟိန္ဒူ အမျိုးသားရေး (BLP -Hindu Nationalist Bharatiya Janata) ပါတီသည် ဝန်ကြီးချုပ်နီရန်ဒါ မိုဒီ ၏နိုင်ငံသားဖြစ်ရန် ကိုးကွယ်သည့်ဝါဒကို အခြေခံသည့်ဥပဒေကိုပြဌာန်းခဲ့ပါသည်။ သူချမှတ်သောလမ်းစဉ်မှာ အိန္ဒိယကို လစ်ဘရယ်ဒီမိုကရေစီ စနစ်နှင့်ဝေးရာကို ဦးတည်နေသည်။ ထို့နောက် နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ဂရုမပြုဘဲ ဘိုင်အိုမက်ထရစ်ပရောဂျက် (Biometric Project) ကိုချမှတ်ခဲ့ပါသည်။ ဂျမှုးနှင့် ကက်ရှမီးယားပြည်၏ လွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်ကိုလည်း တဖက်သတ်ပယ်ဖျက်ခဲ့ပြီး လူအမြောက်အများကို ဖမ်းဆီးခြင်း၊ ပါတီရံပုံငွေကို အမည်ဖေါ်ပြစရာမလိုဘဲထည့်နိုင်ခြင်း စသည့်အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယတွင်တချိန်က လွတ်လပ်ပါသည်ဟု နာမည်ကြီးခဲ့သောတရားရုံးချုပ်မှာငြိမ်သက်နေခဲ့ပြီး သူ့ကို ထောက် ခံသကဲ့သို့ ပြုမှုခဲ့ပါသည်။ တချိန်က ဗလီရှိခဲ့သောနေရာတွင် ဟိန္ဒူဘုရား ကျောင်းဆောက်လုပ်ခြင်းကို တရား ရုံးမှ ခွင့်ပြုခဲ့ပါသည်။ ကိစ္စပေါင်းများစွာတို့တွင် တရားရုံးကဝင်ရောက် ပြောဆိုခြင်းမပြုခဲ့ပါ။ ကက်ရှမီးယား လူမျိုး အမြောက်အမြားဖမ်းဆီးထားခြင်းတွင်လည်းဝင်ရောက်မပြောဆိုခဲ့ပါ။ ပါတီရံပုံငွေအတွက်ပေးသူနှင့်လက်ခံသူတို့ကို လျှို့ဝှက်ထားပိုင်ခွင့်ကိစ္စကိုလည်း တရားဝင်ခြင်းရှိမရှိ တရားရုံးက ကြားနာနိုင်ခြင်းမရှိသေး ပါ။

အထူးသဖြင့် ဂျမှုးနှင့်ကက်ရှမီးယားပြည်နယ်တွင် သူတို့၏လွတ်လပ်ပိုင်ခွင့်ကို ရုတ်သိမ်းခြင်းကို တရားရုံး က မသိသလိုနေနေခြင်းမှာ တရားလွန်သောကိစ္စဖြစ်သည်။ တရားရုံးမှ ကြားနာရမည်ဟူသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏တားမြစ်ချက်ကို ချိုးဖောက်ထားခြင်းဖြစ်သည်။ တရားရုံးက ဘူရှန်( Prashant Bhushan)ခေါ်လူအများ ရိုသေ၍ တိုင်းပြည်တွင် အကျင့်သိက္ခာနှင့် ပြည့်စုံသောရှေ့နေကိုဖွဲ့စည်းပုံ အခြေခံဥပဒေကိုတရားရုံးကချိုးဖေါက် သည်ဟုပြောခြင်းကြောင့် တရားရုံးကို မထေမဲ့မြင်ပြုသည်ဟု ဆုံးဖြတ်ခဲ့ခြင်းမှာလည်း အာဏာရှင်ဘက်ကလိုက် ခြင်းဖြစ်သည်။

ရှက်ပဲလ် (Kim Lane Scheppele) မှာပရင်စတန်မှ ဖွဲ့စည်းပုံဥပဒေဆိုင်ရာပညာရှင်ဖြစ်ပြီး သူကရှေးက ဗျူရို ကရက် များနှင့် ယနေ့ခေတ်သစ်အာဏာရှင်တို့မတူညီကြပုံကို နှီုင်းယှဉ်၍ပြောထားသည်။ သူကရှေးယခင် ဗျူရို ကရက် တစ်ယောက်မှာလမ်းပေါ်တွင်တင့်ကားများ နှင့်ဖြည့်မည့်အချိန်တွင် ယခုခေတ်အာဏာရှင်ကကျည်ဆံများအစား ဥပဒေများဖြင့်လာသည်ဟု သူ့အမြင်ကိုပြောခဲ့ပါသည်။

သူ့အဆိုကို ထောက်ခံသောဖြစ်ရပ်များမှာ တူရကီတွင် အာယာ ဆိုဖီးယာ ကိုပြတိုက်အဖြစ်မှ ဗလီအဖြစ် သို့ပြောင်းလဲရာတွင် တရားရုံးမှဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲစေခဲ့သည်ကို တွေ့နိုင်ပါသည်။ ပိုလန်၏ဖွဲ့စည်းပုံဆိုင် ရာ တရားရုံးမှ တရားသူကြီးများခန့်ထားခြင်း၊ သူတို့အပြုအမှုများကိုထိမ်းချုပ်ထားခြင်းကြောင့် နိုင်ငံရေး သမားများကို ပိုမိုအာဏာရှိအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

အိန္ဒိယတရားရုံးများက အစိုးရ၏အပြုအမှုများကိုထောက်ခံခဲ့သည့်အပြင် များသောအားဖြင့် အစိုးရကကျူး လွန်သည့်အချိန် အများအပြားတွင်ငြိမ်သက်နေခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များမှစတင်၍ တရားရုံးချုပ်သည် ပြည်သူ့ ဘက်က ရပ်တည်ခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်က အစိုးရကတရားသူကြီးများ ခန့် ထားရန် ကော်မရှင်အဖွဲ့အစည်းများဖြင့်စီစဉ်ခြင်းကို တရားရုံးချုပ်မှ ကန့်ကွက်ခဲ့ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ အခြား နေရာများနှင့်မတူအောင် တရားရုံးချုပ်သည် သြဇာပါဝါများရှိခဲ့ပြီး လူမှုရေးကိစ္စများတွင် ဝင်ရောက်ပြောဆိုခြင်း၊ အစိုးရဝန်ကြီးဌာနများ၏လုပ်ငန်းများကို ဟန့်တားထားခဲ့ခြင်း၊ ဖွဲ့စည်းပုံကို ထိခိုက်စေမည့် အစိုးရ၏ အပြုအမှု များကိုစောင့်ကြည့်၍ သတိပေးတားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

ယခုအခါ တရားရုံးချုပ်က မိမိကိုယ်ကိုသေးသိမ်အောင်လုပ်ခြင်းများ၊ တူရကီ၊ ပိုလန်နှင့်ဟန်ဂေရီနိုင်ငံတို့တွင် မိမိတရားရုံးကိုအလုပ် ရှုပ်စေခဲ့ပြီး အစိုးရလုပ်သည်များကိုစောင့်မကြည့်နိုင်စေရန်ဟန့်တားထားခြင်းများမှာ ဝမ်းနည်းဖွယ်ရာကိစ္စများဖြစ်ပြီး၊ နိုင်ငံရေးသမားတို့၏ဆန္ဒအတိုင်းဖြစ်သွားသည်ကိုတွေ့နေရပါသည်။

(၃)

၁၉၅၃ ခုနှစ်က အမေရိကန်နိုင်ငံတွင် Warren Court ဟူ၍ရှိခဲ့သည်။ တရားသူကြီးချုပ်၊ Earl Warren ကအမြင့်ဆုံးတရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် တိုင်းပြည်အတွင်း၌ ပြည်သူများ၏ လွတ်လပ် ခွင့်ကို အကျယ်ပြန့်ဆုံးဖြစ်စေပြီး ဥပဒေစိုးမိုးစေခဲ့ပါသည်။ တိုင်းပြည်အတွက်အရေးအကြီးဆုံးမှာ အမြင့်ဆုံး တရား ရုံးက ဖက်မလိုက်ဘဲ အမှုများကိုတရားဥပဒေအတိုင်း ဆုံးဖြတ်ရသည်ဆိုလျင်ကိစ္စပြီးပါသည်။

တရားရုံး၏ (Legitimacy) ကိုတည်ဆောက်ရခြင်းမှာပြည်သူများနှင့်မဆိုင်ပါ။ ၄င်းသည်ပြည်သူကိုကိုယ်စား ပြုခြင်းနှင့် ပြည်သူများကို အကာကွယ်ပေးခြင်းတို့အပေါ်တွင် တည်ဆောက်ယူကြရပါသည်။ တကယ့်မေးခွန်းမှာ အနာဂတ်တွင် တရားရုံးများသည်မည်သို့ပြုမူမည်နည်းဆိုသည်မဟုတ်ဘဲ အစိုးရတို့သည်တရားရုံးများကိုတရား ဝင်အောင်ဘယ်လို လုပ်မှာလဲ၊ ဘယ်တော့လုပ်မှာလဲ၊ ဆိုသောမေးခွန်းသာဖြစ်ပါသည်။

ကိုသန်းလွင်



Ref: Courts Fail as Freedom is at Stake By Madhav Khosla, New York Times September 10 2020