Breaking News

ဂျူနီယာဝင်း - ခံစားမိတဲ့ အနုပညာ


ဂျူနီယာဝင်း - ခံစားမိတဲ့ အနုပညာ

(ရနံ့သစ်၊ ၂ဝ၁၁ ခုနှစ်၊ မတ်လ။)
(မိုးမခ) မေ ၁၅၊ ၂၀၁၉



အော်စကာဝိုင်း (Oscar Wilde) သည် ၁၈၉၅ မေလမှစ၍ ၂ နှစ်တိုင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခဲ့ရသည်။ ထိုအတောအတွင်း သူ့ခံစားချက်များကို ရေးသားထားသော De Profoundis ဆောင်းပါးရှည်သည် ၁၉ဝ၅ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ယခုဘာသာပြန်ထား သည်မှာ နိဒါန်းမျှသာ ဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ခြင်းကြောင့် သူ၏ ခံစားချက်များကို စာဖွဲ့၍ မကုန်ဖြစ်ခဲ့လေသည်။ Wilde တစ်ယောက် ၁၈၉၅ ခုနှစ် အကျဉ်းကျစဉ်မှာ သူသည် စာပေ ပညာရှင်တစ်ဦးအနေနှင့် ထိပ်ဆုံးရောက်နေချိန်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း မှာလည်း အချစ်တော် ဖြစ်နေချိန် ဖြစ်သည်။ ထို့ပြင် စကားလုံးလှလှ တီထွင်ရေးသားမှုမှာလည်း ဆရာတစ်ဆူ ဖြစ်နေသည်။ အကျဉ်းထောင်ထဲတွင် လူ့ကျက်သရေဟူသမျှ ခွာချခဲ့ရကာ ကာလကြာရှည်စွာ စာရေးခွင့်မရရှိခဲ့ချေ။ သူဦးစွာ စာရွက်နှင့် ရေးစရာ ရလာချိန် မှာတော့ သူ့မိတ်ဆွေ Douglas ထံသို့

''ခင်ဗျားရဲ့နှလုံးသားထဲကို ခါးသီးစရာတွေ ပစ်သွင်းလိုက်တာ မဟုတ်ရပါဘူး။ ကျွန်တော့် နှလုံးသားထဲကနေ ဆွဲထုတ်ပစ်လိုက်တာဖြစ်ပါတယ်''ဟု ရေးသားခဲ့ပါသည်။

De Profoundis ထဲက ဝမ်းနည်းစိတ်မကောင်းဖြစ်ရသော စာသားများသည် ရယ်သွမ်းသွေးဖွယ်ဖြစ်လာရာမှ ငိုချင်စရာဖြစ်ရသည်။ တစ်ခါတစ်ရံ ရှေ့က သူရေးခဲ့သော အရေးအသားများဖြင့် ထိုးနှက် လိုက်သကဲ့သို့ ဖြစ်ရသည်။

''မငိုဘဲနဲ့နေတဲ့ အကျဉ်းထဲက နေ့တစ်ရက်ဟာ သူ့အသည်း နှလုံးက မာကျောနေလို့ဖြစ်တယ်။ သူပျော်နေလို့ မဟုတ်ဘူး''

ထိုစာအုပ်သည် အနှိမ်ခံ၊ သစ္စာဖောက်ခံ၊ ဂုဏ်ကျက်သရေ ညှိးနွမ်းအောင်လုပ်ခံရသူတိုင်း၏ ရင်ကို ထိခတ်လိုက်သော သံစဉ်များ ဖြစ်ပါသည်။ ၁၉ ရာစု၏ စိတ်မကောင်းစရာအဖြစ်ကို ညဏ်အမြော်အမြင်ဖြင့် စာကြီးပေကြီး ခေတ်ကို ကိုင်လှုပ်လိုက်သော စာအုပ်တစ်အုပ် လည်း ဖြစ်ပါသည်။

Wilde အကျဉ်းကျခြင်းနှင့် ပတ်သက်၍ ပြောစရာများ ဖြစ်ခဲ့ရသည်။ သူ့ဘဝကို အမည်းရောင်စွန်းထင်းခဲ့သော်လည်း အမှန်တကယ် သူကျူးလွန်ခဲ့လေသလား။ သို့တည်းမဟုတ် အသရေဖျက်ခံခဲ့ရသည်လား ဆိုတာကတော့ သူမှတစ်ပါး မသိပါချေ။

သူသည် ထောင်တွင်းစာများကို နောင်တချပြီး ရေးခဲ့သည်လား၊ နာကျည်းပြီး ရေးသားခဲ့တာလားဆိုတာကိုတော့ ... ... ... ... ....

''ကျွန်တော့်ရဲ့နေရာဟာ အမှန်တော့ပြင်သစ်စာရေးဆရာကြီးတွေ ရှိတဲ့နေရာမျိူးမှာ ဖြစ်ရမှာပေါ့။ အဲဒါမျိူးဆို အကောင်းဆုံးပေါ့။ ကျွန်တော့်မှာ စောဒကတတ်ဖို့ ဆန္ဒမရှိပါဘူး။ သင်ခန်းစာရတဲ့နေရာတွေထဲမှာ ထောင်ထဲမှာရတဲ့ သင်ခန်းစာကတော့ အရာရာတိုင်းဟာ ဒါပဲ၊ နောက်လည်းဒါပဲဆိုတာပါပဲ။ ကျွန်တော့်မှာ အလယ်ခေတ်က ဘုရားသခင် ကယ်ခဲ့တယ်ဆိုတဲ့ အနူတစ်ယောက်ရှိခဲ့တယ် ဆိုတာကိုရော၊ သမိုင်းပုံပြင်တွေထဲက ပညာပေးစာသားတွေကိုရော ယုံကြည်မှုကင်းမဲ့ခဲ့တဲ့ ခံစားချက်မိုျးရှိခဲ့ပါတယ်လို့ မပြောဝံ့ပါဘူးဗျာ။

အဲဒီလို ယုံကြည်ခဲ့တာ မနှစ်က ဒီထဲမရောက်ခင်အထိပါပဲလို့ ဆိုပါတော့။ ဘဝရဲ့မြစ်တစ်စင်းဟာ ကျွန်တော်နဲ့ ဟိုးဝေးကွာလှတဲ့ ရက်စွဲတွေ ကြားထဲမှာ စီးဆင်းနေပါတယ်။ ကြည့်စမ်းပါဦး ဘယ်လောက်တောင်များ အကျိူးမရှိ ကုန်လွန်ခဲ့ရတဲ့ပမာဏ။ ဒါပေမဲ့ ဒါကို ကျွန် တော်က ဒီလိုယူဆတယ်။ ကျွန်တော်က မနေ့က အကြောင်းကို မပြောဘူး။ ဒီနေ့ကိုပဲ ပြောမယ့်။ ခံစားမှု ဝေဒနာဆိုတာ သိပ်ကို ရှည်လျား လိုက်တဲ့ အရာတစ်ခု။ ဒါကို ရာသီဥတုနဲ့လည်း ပိုင်းခြားလို့မရ။ ဒါကို သူ့ရဲ့လှုပ်ရှားမှုတွေ၊ တစ်ပတ်ပြန်လည်မှုတွေနဲ့သာ မှတ်တမ်းတင်ထား လို့ ရနိုင်တယ်။ ကျွန်တော်တို့အတွက် အချိန်ဆိုတာ တိုးတက်မှုမရှိတဲ့ အရာတစ်ခု။ သူက လည်ပတ်နေတယ်။ သူက နာကြင်ခြင်းဆိုတဲ့ ဗဟို ချက်မှာ လည်ပတ်နေတဲ့စက်ဝိုင်း။ ဘယ်တော့မှ ပြောင်းလဲခြင်းမရှိတဲ့ ပုံစံခွက်ထဲမှာ ဘယ်တော့မှ မလှုပ်ရှား မရွေ့လျားစွာနဲ့ လည်ပတ်နေတဲ့ အရာ။ ဒီတော့ ကျွန်တော်တို့က စားတယ်၊ သောက်တယ်၊ လဲလျောင်းတယ်၊ ဘုရားဝတ်ပြုဆုတောင်းတယ်၊ ဒူးတုပ်ထိုင်ပြီးတော့ ဆုတောင်း တယ်။ ဒါတွေက သံမဏိလို မာကျောတဲ့ ပုဒ်မတွေနဲ့ တည်ဆောက်ထားတဲ့ လည်ပတ်မှု။ ဒီလိုဆိုးရွားပြင်းထန်တဲ့ နေ့ရက်တွေမှာ မိနစ်တိုင်း ကို ညီအစ်ကိုလိုပေါင်းဖက်လို့ အချိန်တိုင်းကို အသေးစိတ်မှတ်သားလို့ ဘယ်တော့မှ လှုပ်ရှားမှုမရှိတဲ့ နေ့ရက်တွေကို ရေတွက်လို့။ သူ့ရဲ့ အနှစ်သာရတည်ရှိခြင်းက ဘာလဲဆိုတော့ အမြဲတမ်းရပ်တန့်နေတဲ့ ပြောင်းလဲမှု။ ကောက်ရိတ်သိမ်းပွဲဆိုတဲ့ ကောက်ပဲသီးနှံရာသီတွေ၊ ကောက် ကွေးလာတဲ့ သီးနှံပင်ရဲ့ အကိုင်းလေးတွေ ရိတ်သိမ်းချိန် ဒါမှမဟုတ်ရင်လည်း စပျစ်သီးတွေမှည့်လို့ အသီးတွေခူးဆွတ်ရတဲ့ကာလ၊ အသီးအနှံ ပင်တွေဆီကနေ မှည့်ရင့်လို့ မြက်ခင်းပေါ်ကို ေြွကကျတဲ့အခါ ဒါတွေကို ကျွန်တော်တို့ ဘာဆိုဘာမှမသိ၊ သိလည်း မသိနိုင်တဲ့အဖြစ်။

ကျွန်တော်တို့အတွက် ရာသီက တစ်ခုပဲရှိတယ်။ ဝမ်းနည်းကြေကွဲခြင်းတဲ့။ ဝမ်းနည်းမှုဆိုတဲ့ရာသီ။ တစ်ခုတည်းသော လမင်းကြီးနဲ့ တစ်ခုတည်းသော နေမင်းကြီးက ကျွန်တော်တို့ဆီက ဖယ်ခွာသွားပြီ။ အပြင်မှာတော့ နေ့ရက်တွေဟာ အပြာရောင်ဖြစ်ချင်ဖြစ်မယ်။ ရွှေရောင် ဖြစ်ချင်ဖြစ်မယ်။ သံမဏိတိုင်တွေမှန်သားပြင်တွေ ကြားက ချဉ်းနင်းဝင်ရောက်လာတဲ့ အလင်းရောင်ဖျဖျ မီးခိုးရောင် ညိုမည်းမည်း ညစ်နွမ်းနွမ်း ကြားထဲကို ပုန်းလှိုျးကွယ်လှိုျး ဝင်လာတဲ့ အလင်းရောင်။ အဲဒါသည် သူတစ်ယောက်၏ အခန်းထဲမှာ အမြဲရှိနေတဲ့ ဆည်းဆာ။ ပြီးတော့ သူတစ်ယောက်၏ အသည်းနှလုံးထဲမှာ အမြဲရှိနေတဲ့အလင်းရောင်။ အဲဒီအတွေးစက်လုံးထဲမှာ၊ အဲဒီအချိန်၏ စက်လုံးဆိုတာထက် လည်း မလျော့တဲ့၊ ဘယ်တော့မှလည်း မလှုပ်ရှားတဲ့ အတွေးတွေသာရှိတယ်။ အရာရာဟာ လွန်ခဲ့တဲ့အချိန်တွေ ကြာသွားလို့ ဒါတွေကို ကိုယ့် ဘာသာကိုယ် မေ့လျော့သွားမယ်။ ဒါမှမဟုတ်လည်း လွယ်လွယ်ကူကူနဲ့ မေ့ဖျောက်နိုင်မယ်ဆိုတာ အခုတော့ ကျွန်တော့်အတွက်တော့ တကယ် ဖြစ်လာပြီ။ မနက်ဖြန်ကျရင်လည်း အဲသည်လို ဆက်ဖြစ်ဦးမှာ။ ကျွန်တော်ဘာလို့ရေးရသလဲဆိုတာကို နားလည်လာမှာပါ။

တစ်ပတ်လောက်အကြာမှာ ဒီနေရာကို ပြောင်းခဲ့ရတယ်။ ၃ လလောက်အကြာမှာ ကျွန်တော့် အမေဆုံးတယ်။ ကျွန်တော် သူ့ကို ဘယ် လောက်ချစ်တယ်။ ဘယ်လောက်ဂုဏ်ယူတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အမေသေဆုံးခြင်းဟာ ကျွန်တော့်ကို ပူပြင်းလောင်မြိုက် သွားစေပါတယ်။ ဒါကို စကားလုံးအက္ခရာတွေရဲ့ ဘုရင်လို့ ကိုယ့်ကိုယ်ကိုယ် တင်စားခဲ့တဲ့ ကျွန်တော်ဟာ ဘယ်လိုစကားလုံးတွေနဲ့ ကျွန်တော့် ရဲ့ ပူဆွေးခြင်းနှင့် ရှက်ခြင်းဆိုတဲ့ အရာကို ဖော်ပြစရာ စကားလုံးမရှိဖြစ်သွားစေတယ်။ ကျွန်တော့်ရဲ့ အနုပညာသမားဆိုတဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်ပုဒ်ထဲမှာ ကျွန်တော့်ရဲ့ စိတ်ခံစားမှု၊ လေးလံမှုကို ထိရောက်တဲ့ စကားလုံး ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့်ရဲ့ ဘယ်လိုပြောရမှန်းမသိတဲ့ ဝမ်း နည်းမှုကို ဖော်ပြတဲ့ မြင့်မြတ်တဲ့ တော်ဝင်စာသားများနဲ့ တည်ဆောက်ထားတဲ့ ဂီတသံစဉ်လည်း ရှာမတွေ့တော့ဘူး။ ကျွန်တော့် မိခင်နဲ့ ဖခင် တို့ဟာ ကျွန်တော့်ကို မြင့်မြတ်သော၊ ဂုဏ်ရှိသောဆိုတဲ့ အဓိပ္ပာယ်များနဲ့ ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အမည်၊ စာကြီးပေကြီး၊ အနုပညာ၊ သုတေသနပညာ၊ သိပ္ပံပညာဆန်ဆန်သာမက ကျွန်တော့် တိုင်းပြည်ရဲ့ သမိုင်းမှာပါ တွင်လောက်စေတဲ့ အမည်မိုျးကို ပေးခဲ့တယ်။ ကျွန်တော် ဟာ သည်အမည်ကိုဖြင့် အရှက်ရစေခဲ့ပြီ။ ကျွန်တော်ဟာ နိမ့်ကျတဲ့လူတမ်းစားတွေ အလယ်မှာ ပိုပြီးနိမ့်ကျအောင် လုပ်ခဲ့မိပြီ။ ဒီအမည်ကိုဖြင့် ကျွန်တော်ကပင် နိမ့်ကျအောင် ဆွဲချပစ်ခဲ့မိပြီ။ ဒီနာမည်ကို ယုတ်မာရိုင်းစိုင်းအောင်၊ ပြီးတော့ သူတို့လက်ထဲမှာ ယုတ်မာသထက် ယုတ်မာ အောင်၊ ရူးသွပ်သွားအောင် ပြောင်းလဲပစ်ခဲ့မိပြီ။ ကျွန်တော် ခံစားနေရတာတွေ အခုလည်း ခံစားနေရဆဲ။ ဒါကို စာရေးဖို့ခဲတံမရှိလို့၊ မှတ်တမ်း တင်ဖို့ စာရွက်မရှိလို့ အဲဒါတွေကြောင့် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဇနီးသည် ကျွန်တော့်အပေါ် နူးညံ့ သိမ်မွေ့စွာ၊ ကြင်နာစွာ အမြဲ ဆက်ဆံတတ်သူဆီက ဟောဒီထောင်ထဲကနေ အင်္ဂလန်ကို အသွားအပြန်လုပ်ရင်း ဆန့်ကျင်ဘက် နှုတ်ခမ်းများက သတင်းစကားတွေ ကြားခဲ့ရ တယ်။ ဆုံးရှုံးမှု ဒဏ်ရာတွေ ရိုက်ခတ်ထားလို့ နာကျင်နေတဲ့ စကားလုံးတွေ၊ ကျွန်တော့်ကို အပြင်က ချစ်ခင်စွာနဲ့ ရှိနေဆဲဆိုတဲ့ သတင်းတွေ ကို သူက သယ်လာပေးတယ်။ ကျွန်တော့်ကို လူကိုယ်တိုင်မသိပေမယ့် ကျွန်တော့်ရဲ့ အဖြစ်တွေကို ကြားသိပြီး သူတို့ရဲ့ ဝမ်းနည်းမှုစကား လက်ဆောင်တွေ ပါးလိုက်ကြတယ်။ ၃ လတော့ ကုန်သွားခဲ့ပြီ။ ကျွန်တော့်ရဲ့ နေ့စဉ်ဝတ္တရားတွေ၊ အလုပ်ချိန်ဇယားတွေက ကျွန်တော့်ရဲ့ အခန်းအပြင်တံခါးဝမှာ အမြဲချိတ်ထားတယ်။ ကျွန်တော့်ရဲ့ အမည်၊ ကျွန်တော့်ရဲ့ ပြစ်ဒဏ်၊ မေလတုန်းက ဒီလိုမှတ်တမ်းတွေနဲ့အတူ။

ဘုရားသခင် ဖန်တီးပေးလိုက်တဲ့ အရာတွေ အားလုံးထဲမှာ တိုးတက်ကြီးပွားချမ်းသာ၊ အခွင့်အရေး၊ အောင်မြင်မှုဆိုတာတွေကို အသီး အပွင့်တွေ အသာလေး ခူးဆွတ်စားသုံးရသလို ဖြစ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းဆိုတဲ့ အရာကတော့ အလွန်ကို ထိခိုက်ခံစားရဆုံးပါပဲ။ ဝမ်းနည်းကြေကွဲရခြင်းဆိုတဲ့အရာက တုန်ခါမှုပြင်းထန်လိုက်တာ ကမ္ဘာကြီးကိုတောင် လှုပ်ခတ်သွားစေလိုက်တာများ ဒီထက်ပြင်းထန်တဲ့ ခံစား ချက်မိုျးဆိုတာ မရှိနိုင်ပါဘူး။ ရွှေအဆင်းရှိတဲ့ သစ်ရွက်ပါးပါးလေးတစ်စ လွင့်ပါးသွားလိုက်တာ ဘယ်ဆီဘယ်ဝယ်ကိုလည်းလို့ သာမန်မျက်စိ နဲ့ မမြင်နိုင်သကဲ့သို့ ဝမ်းနည်းမှုဆိုတဲ့ လမ်းကြောင်းလေး ရွေ့လျားသွားမှုဟာ လိုက်လို့မမီနိုင်ပါလား။ ချစ်ခြင်းမေတ္တာဆိုတဲ့ လက်ကလေးနဲ့ ထိမိမှသာ သွေးစိမ်းရှင်ရှင် ထွက်ရလောက်အောင် ဒဏ်ရာတွေရလာလိုက်တာ သွေးတွေ ထပ်ခါထပ်ခါ ထွက်နေတာတောင်မှ ရုပ်ပိုင်းဆိုင်ရာ မှာ နာကြင်မှုမရှိ။

ဝမ်းနည်းခြင်းဆိုတဲ့အရာရှိရင် အဲသည်မှာ မြင့်မြတ်တဲ့အကြောင်းအရာတွေရှိတယ်။ အဲဒါကို သာမန်လူတွေ တခိုျ့ပေါ့နားလည်ပါလိမ့် မယ်။ ဘဝဆိုတာ ဘာမှန်းမသိပေမယ့် သိတော့သိတယ်ဆိုတာလို သဘာဝတရားကို သိတယ်။ ဒါဆို နားလည်တယ်ဆိုတာလို ကျွန်တော့ကို ပုလိပ် ၂ ယောက် ခြံရံပြီး ဘတ်စ်ကာဘီ တရားရုံးကို ခေါ်သွားတုန်းကပေါ့။ ကြီးမားတဲ့ လူအုပ်ကြီးရှေ့ ဝရံတာမှာ စောင့်ဆိုင်းနေတုန်း အင်မတန် ခိုျမြိန်ပြီး ရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခုက တိတ်ဆိတ်မှုထဲမှာ ဖြစ်ပျက်သွားတယ်။ သူက သူ့ဦးထုပ်အလေးအနက် 'မ'ပြီး ကျွန်တော့်ကို ……လက်ထိတ်ခတ်ခံထားရတဲ့ကျွန်တော့်ကို…. ဦးခေါင်းငိုက်စိုက်နဲ့ ကျွန်တော့်ကို ….အရိုအသေပေးတယ်။ ကျွန်တော် သူ့ကို ကျော်ဖြတ်လာခဲ့တယ်။ လူတွေဟာ ဒီထက် သေးမွှားတဲ့ အရာတွေအတွက် ကောင်းကင်ဘုံကို သွားနိုင်တယ်။ အဲဒီစိတ်၊ အဲဒီချစ်ခြင်းမေတ္တာဆိုတဲ့ အပြုအမူ။ ဒါဟာ ဘာနဲ့အလား သဏ္ဌာန်တူသလဲဆိုရင် သူဆင်းရဲရဲ့ ခြေအစုံကို သူတော်စင်တွေက ဒူးတုပ်ပြီး ဆေးကြောပေးသလို အနူတစ်ယောက်ရဲ့ ပါးပြင်ကို နမ်းသွားတဲ့ ရုတ်တရက်ပြုမူမှု၊ သူ ကျွန်တော့်ကို ပြုမူလိုက်တဲ့ အပြုအမူလေးကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်ဘူး။ အဲဒီအချိန်ပိုင်းလေးတုန်းမှာ သူရော ကျွန်တော်က သူ့ရဲ့ အပြုအမူလေးကို ဘယ်လောက်ခံစားသွားသလဲဆိုတာ သိပါ့မလား။ ဒါကို ဘယ်လိုစကားများနဲ့ ဖော်ပြရမလဲ။ စကားလုံးများနဲ့ ရောဖော်ပြလို့ ရနိုင်မှာမဟုတ်။ ဒါကို ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အဖိုးတန်ရတနာတစ်ခုလို သိမ်းဆည်းခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ပြန်မဆပ်နိုင်တော့မယ့်၊ကျေကျေနပ်နပ်ကြီးယူထားလိုက်မိတဲ့လျိူ့ဝှက်သောအကြွေးအဖြစ်သိမ်းဆည်းထားတယ်။ မျက်ရည် စက်ပေါက်များစွာနဲ့ မွမ်းမံပေါင်းထည့်သွားပြီး တဖြည်းဖြည်း တန်ဖိုးကြီးမားလာမယ့် အဖိုးတန်ရတနာ။

ကျွန်တော့်အတွက် အသိပညာဆိုတာနဲ့ အကိုျးမပေးဘူးဆိုတဲ့ အချိန်ကျရင် အတွေးအခေါ်တွေ ပျက်သုဉ်း၊ စကားပုံတွေ၊ စာသားတွေ ကျွန်တော့် နှုတ်ဖျားမှာ ဖုန်တွေပြာတွေအဖြစ် ဖြစ်သွားတဲ့အခါကျရင် ဟောဒီချစ်ခြင်းမေတ္တာ၊ တိတ်ဆိတ်စွာ ပြသသွားတဲ့ ချစ်ခြင်းဆိုတဲ့အရာ ဟာ ကျွန်တော့်ရဲ့ရင်မှာ ဖွင့်ဟလိုက်ပါစေ။ သဲကန္တာရထဲမှာ နှင်းဆီပန်းကလေး ပွင့်ဖူးလာသလို ဟောဒီ ခါးသည်းတစ်ကိုယ်တည်း အထီး ကျန် ဖြစ်ကာ ဒဏ်ရာဒဏ်ချက်တွေ၊ ကိုျးပဲ့မှုတွေနဲ့ အဖော်လုပ်နေရတဲ့ ဒီကမ္ဘာထဲကနေ ဆွဲထုတ်ပေးလိုက်စမ်းပါ့။ လူတွေဟာ ဒီလူရဲ့ ပြုမူမှု လေးကို နားလည်နိုင်ရင်တောင်မှ ကျွန်တော့်အတွက် ဘာလို့ အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ပြည့်ဝနေတယ်ဆိုတာကို သူတို့လည်း ဘာလို့ ဆိုတာကို နားလည်ချင် နားလည်လာလိမ့်မယ်။ ဘယ်လို စိတ်ခံစားမှုက ကျွန်တော့်ကို အုပ်မိုးလိုက်သလဲဆိုတာကို သိချင်သိလာမယ်။

ကမ္ဘာကြီးကိုပေးပို့လိုက်တဲ့ ဒီလိုလူသားတစ်ဦးရဲ့ ရင်တွင်းခံစားမှုများဟာ နွေဦးရာသီရဲ့ အဖူးအပွင့်တွေလို ဖြစ်ချင်ဖြစ်မယ်။ စိတ်ဓာတ် ပြုပြင်ရေးစခန်းက အေးမြတဲ့ မြက်ခင်းလေးနဲ့ တူချင်တူမယ်။ ဒါမှမဟုတ်ရင်လည်း လယ်ကွင်းထဲက လှပတဲ့ အဝါရောင် ပန်းကလေးတွေလို ''ဝမ်းနည်းပူဆွေးစရာကောင်းလှတဲ့ သံသရာ စက်ဝိုင်းထဲမှာ ပိုပြီးလေးလံသွားစေမယ့် အရာတော့ မဟုတ်ဘူး။ စိတ်ထိခိုက်ဖွယ် စက်ကွင်းထဲ မှာ ပိုပြီးဆိုးဝါးသွားအောင် ဖိစီးပေးမယ့်အရာမိုျး မဟုတ်ဘူး။ ဒါဟာ ဟိုးအဝေးကြီးကနေ သတင်းစကား သယ်ယူလာပေးတဲ့ တေးသီ ငှက် ကလေးရဲ့ နှုတ်က ဖွင့်ဟလိုက်တဲ့ စကားလုံးလေးတွေဖြစ်တယ်။ သို့သော်လည်း ဒါဟာ လေးနက်တဲ့ အနုပညာမြောက်တဲ့ အမှားမိုျးဖြစ်ချင် ဖြစ်မယ်။ ဒီစာလုံးတွေနဲ့ တည်ဆောက်ထားပေမယ့် လွဲမှားစွာတိုက်ခတ်ခဲ့တဲ့ လေထုလို့ဆိုချင်ဆိုမယ်။ ဒါမှမဟုတ်လည်း ခေတ်မီတဲ့ အနုပညာ မြောက် လေကောင်းလေသန့်လို့ ဆိုချင်ဆိုမယ်။ ခေတ်မီတဲ့ ဘဝဆိုတာဟာ ရှုပ်ထွေးပြီး အပြောင်းအလဲတွေများတယ်။ သို့သော်လည်း ခေတ်မီ တဲ့ ကမ္ဘာထဲမှာ ဂီတအနုပညာသမား၊ ပန်းပုအနုပညာသည်တွေလို သူတို့ထုဆစ်ဖွဲ့နွဲ့လိုက်တဲ့ အနုပညာဟာ အများကို ဖော်ပြခြင်းဆိုတဲ့ အနု ပညာမိုျးလို့ဆိုရင် စာပေဟာလည်း ကိုယ့်ခံစားချက်များ၊ ရင်တွင်းရိုက်ခတ်မှုများကို စကားလုံးများနှင့် ဖော်ပြလိုက်တာပါပဲလို့''

De Profoundis 'from the depths'(အကျဉ်းထောင်ထဲက ရေးတဲ့စာများ) စာစုမှ ဘာသာပြန်သည်။'