Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၂)

အာဖဂန်က ဘိန်းစိုက်ခင်းပုံ၊ သည်နေရှင်းသတင်းစာ၊ ၂၀၁၉


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၂)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) ဇွန် ၂၈၊ ၂၀၁၉

မိုးမခမိတ်ဆက် - အဆိုပါစာအုပ်ကို မြန်မာပြည်၊ ရန်ကုန်မြို့မှာ မန်းဖိုးအေးက တရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခု အွန်လိုင်းမှာ ကောင်းနိုးရာရာ ဖတ်စရာအဖြစ် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ 

ထိုင်း မြန်မာ နှစ်နိုင်ငံ စစ်တပ်ချင်း တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းက -

လွန်ခဲ့တဲ့ သုံးရက် (၈-၂-၂၀ဝ၂) က မြန်မာ့စစ်တပ်နဲ့ ဝစစ်တပ်တို့ ထိုင်းမြန်မာနယ်စပ်မှာ ပူးပေါင်းပြီး မြန်မာအစိုးရကို တော်လှန်ပုန်ကန်တဲ့ ရှမ်းပြည်နယ် တပ်ဖွဲ့ကို ဝိုင်းရံလိုက်ပြီး တိုက်ကြလေတယ်။ တိုက်ပွဲစတင်ဖြစ်ပေါ် တာနဲ့ ထိုင်းစစ်တပ်က မြန်မာနိုင်ငံဆီ ကိုယ်စားလှယ်စေလွှတ်ပြီး မြန်မာအစိုးရနဲ့ ဆွေးနွေးကြပါတယ်။ ထိုင်းနိုင်ငံ ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စူလာရီ အခင်းဖြစ်တဲ့နေ့မှာပဲ အဲဒီနယ်မြေဆီကို အရောက်သွားပါတယ်။ စစ်မီးရှိန် ပြင်းလွန်းတဲ့ အကျိုးဆက်ကြောင့် မယ်ဆိုင်က အရေအတွက် ရာပေါင်းအတော် များတဲ့ အရပ်သူ အရပ်သားတွေ မိမိတို့ရဲ့ အိုးအိမ်ကို ပစ်ပြီး ထွက်ပြေးကြရပါ တယ်။ စစ်ဘေးဒုက္ခသည်တွေဟာ ယာယီဒုက္ခသည်စခန်းအဖြစ် တည်ဆောက် ထားတဲ့ စာသင်ကျောင်းနှစ်ကျောင်းမှာ ဝင်ရောကိ်ခိုလှုံကြရရှာတယ်။ အမြဲတမ်း ကြက်ပျံမကျ စည်ကားလှတဲ့ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်ကြီးကို ပိတ်ပစ် လိုက်ရလေတယ်။

အချိန်မီ ထိုင်းမြန်မာနှစ်နိုင်ငံ ကူးလူးဆက်ဆံခြင်းနှင့် ဆွေးနွေးညှိနှိုင်း ကြတဲ့အတါက် ၁၁-၂-၂၀ဝ၂ ည (၇း၃၀) မှာ အပစ်အခတ်ရပ်စဲဖို့ကို သဘောတူ လိုက်ကြတယ်။ တိုက်ပွဲလည်းပဲ အဲဒီညမှာပဲ ရပ်သွားပါတယ်။ မြန်မာတပ်တွေ ထိုင်းနယ်မြေထဲက ပြန်ဆုတ်လာကြပါတယ်။ ၁၂-၂-၂၀ဝ၂ နေ့မှာ အိုးအိမ်စွန့် ခွာထွက်ပြေးကြတဲ့ စစ်ဘေးဒုက္ခသည်တွေ တဖြည်းဖြည်း ပြန်ရောက်လာကြပါ တယ်။ နယ်စပ်ကုန်သွယ်ရေး ဈေးတန်းကြီးလည်း တစ်စတစ်စ ပြန်လည်စည်ကား ပြန်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေကျော်ဖြတ်တိုက်ခိုက်တဲ့ စစ်ပွဲကြောင့် နယ် စပ်ကနေ မြန်မာနိုင်ငံ တိုင်းရင်းသား အများအပြား ထိုင်းနယ်မြေထဲ ပြေးဝင်သွား ကြပြီး နေထိုင်တဲ့ ပြဿာနာရပ်တွေ ပေါ်ပေါက်လာပါတယ်။ ယခု ထိုင်းမြန်မာ နယ်စပ် ထိုင်းနယ်မြေဘက်မှာ အရေအတွက် ရာပေါင်း အတော်များတဲ့ မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတုန်းပါပဲ။ ဒုက္ခသည် စခန်းတွေထဲမှာ မြန်မာစစ်ပြေးဒုက္ခသည်ပေါင်း ၁၄၀ဝ၀ဝ (တစ်သိန်းလေး သောင်း) အရေအတွက်ရှိပါတယ်။ ၉-၂-၂၀ဝ၂ နေ့က ဝန်ကြီးချုပ်အသစ်တင် မြှောက်ခံရတဲ့ သက်စင်စီနာဝါ့က ထုတ်ဖော်ပြောသွားပါတယ်။ အစိုးရသစ်အဖြစ် အုပ်ချုပ်ရေးအာဏာ ရလိုက်တာနဲ့ သူ ရှေးဦးဆုံး မြန်မာနိုင်ငံကို သွားပါလိမ့်မယ်။ မြန်မာ့ခေါင်းဆောင်တွေနဲ့ စစ်ရေး၊ နယ်စပ်ရေးကိစ္စ၊ လုံခြုံရေးအစရှိတဲ့ ကိစ္စ တွေကို ဆွေးနွေးသွားမယ်လို့ ပြောသွားပါတယ်။

နှစ်နိုင်ငံမှာ မူလကတည်းက တင်းမာမှုတွေ ရှိနေရတဲ့အထဲ မေလ ကုန်ပိုင်း ရောက်လာတော့ ပြဿနာကြီးတစ်ရပ် ဘွားကနဲ ပေါ်ပေါက်လာပြန် တယ်။

''အာရှတိုက်ထိပ်တန်း စာရင်းဝင် ဘိန်းရာဇာကြီး ဝေ့ရွှေကန်းကို အကြောင်းပြုပြီး ဓားဆွဲ၊ လှံဆွဲ ရန်ပွဲကြီးဖြစ်ရပြန်တယ်။ ထိုင်းမြန်မာ နှစ်နိုင်ငံ စလုံး ဘိန်းရာဇာကြီး ဝေ့ရွှေကန်းကြောင့် ခေါင်းတွေခဲကုန်ကြပါပြီ။ အမေရိကန် နိုင်ငံခြားရေးဌာနက ဆုကြေးငွေ ဒေါ်လာနှစ်သန်း ဖမ်းဝရမ်း ထုတ်ပြန်ထားတဲ့ ဘိန်းရာဇာကြီး ၁၂ ဦးရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက တရုတ်နွယ်ဖွား ဝေ့ရွှေကန်း ပါဝင်နေပါတယ်။ ဒီနှစ် ကာလတစ်လျှောက် အသစ်တက်လာကြတဲ့ ထိုင်းအစိုးရတိုင်းက ဘိန်းရာ ဇာကြီး ဝေ့ရွှေကန်းကို ဖမ်းဆီးပစ်မယ်ရယ်လို့ ြွေကးကြော်ခဲ့ကြတာချည်းပါပဲ။ ဘန်ကောက်မီဒီယာလောကရဲ့ သတင်းအဆိုအရ၊ ထိုင်းတို့ဘက်က စစ်ဆင်ရေး အမှတ် ''၁၄၃'' စစ်လေ့ကျင့်ရေး အကြောင်းပြ အကာအကွယ်ပြုပြီး ထိုင်းနိုင်ငံ မြောက်ဘက် နယ်စပ်တစ်လျှောက်မှာ တပ်အင်အားဖြန့်ချလိုက်တယ်။ တကယ့် အစစ်အမှန် ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံကို ခြိမ်းခြောက်နေသလို ဖြစ်နေ တဲ့ အာရှတိုက် အကြီးမားဆုံး ဘိန်းရာဇာကြီး ဝေ့ရွှေကန်းရဲ့ လက်နက်ကိုင် တပ်ဖွဲ့အင်အားကြီးကို အမြစ်ပြတ်ချေမှုန်းရေးကို ပြင်ဆင်လိုက်ခြင်းဖြစ်တယ်။ ဒါကို မြန်မာတို့ဘက်က ဒီလိုမျိုး လှုပ်ရှားဆောင်ရွက်နေတာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်ဆိုပြီး ထိုင်းမြန်မာနယ်စပ်က အရေးပါ တဲ့ ဂိတ်သုံးဂိတ်ကို ပိတ်ပစ်လိုက်တယ်။ မြန်မာတို့ဘက်က ဒီလိုဂိတ်တွေကို ပိတ်လိုက်တယ်ဆိုတာက ထိုင်းတို့ရဲ့ ဆောင်ရွက်ချက်ကို လက်တုန်ပြန်လိုက်တယ် ဆိုတဲ့ သဘောထားကို ပြသလိုက်တာပါပဲ။

စာရေးသူ အသစ်လွင်ဆုံး သတင်းတစ်ခုကို ရထားပါတယ်။ ထိုင်းတို့ ဘက်က အမှတ် ''၁၄၃'' စစ်ရေးလေ့ကျင့်မှုပြပွဲ စီမံချက်ကို ရပ်ဆိုင်းဖို့ အမိန့်ကို ထုတ်ပြန်လိုက်တယ်။ ထောင်ချီတဲ့ ထိုင်းတပ်သားတွေ ထိုင်းမြန်မာ နယ်စပ်က ဆုတ်ခွာခိုင်းလိုက်တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် သက်ဆင်က သစ္စာဆိုပြီး ပြော လိုက်ပါတယ်။ '' ဖြစ်ချင်ရာ ဖြစ်နေပါစေ၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ ဘိန်းရာဇာ ကြီး ဝေ့ရွှေကန်းကို လက်ရဖမ်းဆီးပြီး အမှုလွှဲအပ်ပေးမှာဖြစ်တယ်'' ရွှေတြိဂံရဲ့ အနာဂတ် ဘယ်သို့ဘယ်ပုံ ဖြစ်လေမလဲဆိုတာ လူတကာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

၂၀ဝ၂ ခုနှစ် နွေဦးကာလ

ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာ တက်တကြွ်ကြွက သက်ဝင်လှုပ်ရှားနေတဲ့ မူလက ခွန်ဆာ့လက်အောက်ခံ ရွက်ဆစ်တပ်ဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့ဘက်က စစ်ရေးနဲ့ အားပေးကူညီချက်တွေကြောင့် ဝေ့ရွှေကန်းအမှူးပြုတဲ့ တောင်ပိုင်း စစ်ဒေသ ဝညွန့်ပေါင်းတပ်ဖွဲ့နဲ့ အကြိတ်အနယ် စစ်ဖြစ်ကြလေတယ်။ ရွက်ဆစ် တို့ လက်နက်ကိုင်တပ်ဖွဲ့အင်အားဟာ တောင့်တင်းခိုင်မာလှပြီး တိုက်ရည်ခိုက် ရည်ပြည့်ဝတဲ့ ဝစစ်တပ်ကို ဘယ်လိုမှ ယှဉ်ပြိုင် မတိုက်ခိုက်နိုင်ပါ။ ဒါပေမဲ့ ရွက်ဆစ်တို့ဟာ အင်အားကြီးမားလှတဲ့ နိုင်ငံတွေရဲ့ နောက်ခံအားပေးထောက်ခံ မှုတွေကြောင့် ခေတ်မီဆန်းပြားတဲ့ လက်နက်ကောင်းတွေ တပ်ဆင်လိုက်တဲ့ အခါမှာ အရည်အသွေး ထက်မြက်လာကြပါတယ်။ သူတို့လက်ထဲမှာ ခေတ်မီ ဆန်းပြားတဲ့ အမြှောက်ကြီးတွေ၊ အပေါ့စားလက်နက်တွေ အမြောက်အမြား ပိုင်ဆိုင်ထားပြီးဖြစ်တယ်။ လက်နက်အင်အား အသာစီးနဲ့ မူလက ဝအဖွဲ့အစည်း ထိန်းချုပ်တဲ့ နယ်မြေဒေသတွေကို အတင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ တစ်ပြိုင်တည်းမှာပဲ နှစ်ဖက်တိုက်ပွဲဟာ အဆင့်မြင့်သထက် တိုးမြှင့်လိုက်ကြ တယ်။

၂၀ဝ၂ ခုနှစ်၊ ဇွန် ၇၊ ၈ နေ့ရက်တွေမှာ ဝညွန့်ပေါင်းတပ်ဖွဲ့နဲ့ ရွက်ဆစ် တို့ ကြီးကျယ်တဲ့ စစ်ပွဲကြီး ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ ဝတပ်ဖွဲ့က ဝမြောက် ပိုင်းဒေသက ဒီဝီဇံတပ်မ (၂၁၈)၊ သီးခြားလွတ်လပ်ရေး တပ်ရင်း၊ အမြှောက် တပ်ရင်း၊ တပ်အင်အား ၃၄၀ဝ ရှိတဲ့ အင်အားကို တောင်ပိုင်းဒေသဆီ အလုံး အရင်း ရွှေ့ပြောင်းလိုက်တယ်။

တောင်ပိုင်းဒေသဆိုတာက ဝတပ်ဖွဲ့အဓိက အချက်အခြာနယ်မြေဒေသ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးဒေသလည်းဖြစ်ပါတယ်။ ဒီနယ်မြေဒေသကို ခြောက်နှစ်တာ ခဲရာခဲဆစ် အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ ခွန်ဆာရဲ့ လက်ထဲကနေ သိမ်းပိုက်ခဲ့ရတဲ့ နယ်မြေဒေသဖြစ်ပါတယ်။ အဲဒီဝအဖွဲ့အစည်း တောင်ပိုင်း စစ်ဒေသကြီးကို ဝေ့ရွှေကန်းကို ဦးစီးချုပ်အဖြစ် ခန့်အပ်ထားပါတယ်။ နိုင်ငံရေးမှူးကတော့ ဝညွန့်ပေါင်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ပေါင့်ယုရှန်ရဲ့ အစ်ကိုရင်း ပေါင့်ယုယိပါပဲ။ ဝေ့ရွှေကန်းနဲ့ သူ့ တပ်ဖွဲ့ဝင်အများစုက ဝ တိုင်းရင်းသားတွေ ဖြစ်ကြတယ်။ ဝေ့တပ်ဖွဲ့က ၁၉၉၅ ခုနှစ်မှာ ဝညွန်ပေါင်းတပ်ဖွဲ့ထဲ ဝင်ရောက် ပူးပေါင်းခြင်းဖြစ်တယ်။ ဝေ့ရွှေကန်းတပ်ဖွဲ့ ဝညွန့်ပေါင်းတပ်ဖွဲ့ထဲ ပူးပေါင်းလိုက် တာနဲ့ တုံ့ဆိုင်းမနေဘဲ ခွန်ဆာတပ်ဖွဲ့နဲ့ တိုက်ကြတော့တယ်။ ဒီလို ခြေမြန်လက် မြန်စစ်ပွဲ ဆင်တိုက်ခိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဝ'အဖွဲ့ကြီးနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လမ်းပန်းနယ်မြေကို ရယူပိုင်ဆိုင်ထား ရေး ဖြစ်တယ်။ အဲဒါရဲ့ မီးပွားအစက ဝေ့ရွှေကန်းအားထားရတဲ့ တောင်ပိုင်း ကို သွားရောက်ပြီး မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ဖောက်ကားတဲ့ ဒုတပ်မ မှူးကို ခွန်ဆာက ဖမ်းဆီးလိုက်တယ်။ ဒါ့အပြင် သတ်ပါ သတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ နှစ်ဖက် ရန်ငြိုးတွေ ပေါ်ပေါက်လာရလေတယ်။

၁၉၉၆ ခုနှစ်မှာ ခွန်ဆာနောက်လိုက်ပါပြီး မြန်မာအစိုးရဆီ လက်နက်ချ အညံ့ခံခြင်းမပြုတဲ့ တပ်အင်အားသုံးထောင်ကျော် လေးထောင်ရှိတဲ့ ရွက်ဆစ်တို့ ဟာ သမိုင်းတစ်လျှောက်လုံး ဝတို့အပေါ် အငြိုးအတေးတွေ နက်သထက် နက်၊ ကြီးသထက် ကြီးထွားလာပါတယ်။ ဝတပ်ဖွဲ့တိုက်ခိုက် သိမ်းပိုက်ထားတဲ့ တောင်ပိုင်းနယ်မြေဒေသဟာ မူလက ခွန်ဆာထိန်းချုပ်ခဲ့တဲ့ နယ်မြေဖြစ်တယ်။ တချို့နယ်မြေတွေဆိုရင် ခွန်ဆာစိုးမိုးစဉ်တုန်းက ရွက်ဆစ်တပ်ဖွဲ့ချုပ်ကိုင်ခဲ့တဲ့ နယ်မြေတွေဖြစ်ခဲ့ပါတယ်။ ရွက်ဆစ်တို့ တပ်ဖွဲ့ဟာ အပေါ်ယံကြောက ကြည့် လိုက်ရင်တော့ ခေါင်းဆောင်ခွန်ဆာနောက် လိုက်ပါပြီး မြန်မာအစိုးရဆီ လက်နက်ချ အညံ့ခံတာမျိုး မလုပ်ပေမယ့်၊ အတွင်းသိ အကြောင်းသိသူတွေရဲ့ ထုတ်ပြောချက်အရ သိရတာကဖြင့် ခွန်ဆာဟာ ရွက်ဆစ်တို့တပ်ဖွဲ့အပေါ် သြဇာအာဏာအကျိုးသက်ရောက်မှုတွေ ရှိနေဆဲပါ။ ဒါဟာလည်း ထိုစဉ် နှစ် ကလာတွေမှာ ခွန်ဆာဟာ မလှုပ်သာ မဝင့်သာ ဘေးကြပ်နံကြပ်ဖြစ်နေပြီး၊ ယဲ့ယဲ့ကလေးဖြစ်နေတဲ့ အနေအထားမှာ အားအထားရဆုံး အင်အားကို မြှုပ်နှံ ထားလိုက်ပါတယ်။ ခုဆိုရင် ခွန်ဆာရဲ့ စတုတ္ထမြောက်သားဖြစ်သူဟာ ကနေ့ အထိ တပ်အင်အား နှစ်ထောင်ကို ခေါင်းဆောင်ပြီး တောင်တန်းတွေထဲမှာ ပုန်းခိုနေရင်း မူးယစ်ဆေးဝါး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတုန်းပါပဲ။

ရွက်ဆစ်တပ်ဖွဲ့ဟာ မူလက ခွန်ဆာချုပ်ကိုင်ခဲ့ဖူးတဲ့ ထိုင်း၊ လော၊ မြန်မာတို့ရဲ့ နယ်မြေကို လှလှပပအကွက်ဆင်လွှားကျော်ပြီး ထိုင်းနိုင်ငံထဲ ပြေးဝင်သွားလေတယ်။ ထိုင်းစစ်တပ် ဝင်ရောက်ပူးပေါင်းလိုက်တယ်။ ထိုင်းစစ် တပ်ကလည်း အားရဝမ်းသာစွာနဲ့ ဖက်လှဲတကင်း ဖေးမထောက်ခံပေးလေတယ်။ မြန်မာပြည်မြောက်ပိုင်း သုံးနိုင်ငံ ဂွဆုံဒေသမှာ လက်တွေ့ကျကျ အကျိုးသက် ရောက်မှု အင်အားရှိတဲ့ တိုင်းရင်းသား (အမျိုးသား) လက်နက်ကိုင်တပ်ကို အားပေးအားမြှောက်ပြုလိုက်ခြင်း ဖြစ်တယ်။

ရွက်ဆစ်တပ်ဖွဲ့ ထိုင်းစစ်တပ်ရဲ့ ကျောထောက်နောက်ခံ တောင့်ခံပေး တဲ့ အားကို ရရှိတဲ့အပြင်၊ ထပ်ဆင့်ရရှိတဲ့ အားကတော့ အမေရိကန်ရဲ့ အားပါ ပဲ။

၂၀ဝ၂ ခုနှစ် နွေဦးကာလမှာ ဝ'အဖွဲ့အစည်းကြီးရဲ့ နိုင်ငံတကာ လူ့ဘောင်ကြီးကို မူးယစ်ဆေးဝါး အဖုအကျိတ်နာ ဘေးဒုက္ခဆိုးကြီးပေးနေတဲ့ ဝအဖွဲ့အစည်းကြီးကို ရှင်းပစ်ရေး' ဆိုတဲ့ အမေရိကန်တို့ရဲ့ ဆုံးဖြတ်ချက်ကြီးက ရွက်ဆစ်တပ်ဖွဲ့ကို ထပ်ဆင့်တောင့်ခံပေးလိုက်ခြင်းပါပဲ။ အမေရိကန်တို့ရဲ့ ကြေညာချက်မှာက ''လက်နက်ကိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အကြမ်းဖက်ဝါဒီအုပ်စု'' ဆိုပြီး သတ်မှတ်လိုက်တယ်။ ဒါ့အပြင် မြန်မာနိုုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆီကိုလည်း အမှာစာ ပေးပို့လိုက်ပါတယ်။ အမှာစာက မြန်မာအစိုးရက အချိန်တိုအတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းပစ်ရပါမယ်။ အကယ်၍ ၄င်းတိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသမှာ မူးယစ်ဆေးဝါးပြဿနာကို အလျင်အမြန် ဖြေရှင်းခြင်း မပြုလုပ်ရင် အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ အနောက်နိုင်ငံတို့က အာဖဂန်က ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) နယ်မြေဒေသ ကို သုတ်သင်ရှင်းလစ်ပစ်လိုက်တဲ့ စံနမူနာအတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ အသွင်သဏ္ဍာန်နှင့် ကာလရှည်ကြာစွာ ခိုင်မြဲနေတဲ့ မူးယစ်ဆေးဝါးရင်းမြစ်နေရာကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်ရမှာဖြစ်ကြောင်း ကို အမှာစာထဲမှာ ရေးထည့်ထားပါတယ်။ ရွက်ဆစ်တပ်ဖွဲ့ဟာ အဲသလိုမျိုး နိုင်ငံတကာ အင်အားစုကြီးတွေရဲ့ ကျောထောက်နောက်ခံကို ရရှိထားပါတယ်။ ဒီအင်အားနဲ့ ရွက်ဆစ်တို့ ခုန်ထွက်လာပြီး မူလက ခွန်ဆာ့ထိန်းချုပ်နယ်မြေကို ဝတို့လက်ထဲကနေ အတင်းထိုး စစ်ဆင်သိမ်းပိုက်လိုက်လေတယ်။

ဝတောင်ပိုင်း နယ်မြေကို စိုးမိုးအုပ်ချုပ်နေတဲ့ ဝေ့ရွှေကန်ရဲ့ တချို့ နယ်မြေတွေက မူလက ခွန်ဆာအုပ်စုဝင်ဖြစ်ခဲ့တဲ့ ရွက်ဆစ်တပ်ဖွဲ့ပိုင်နယ်မြေ ဖြစ်ခဲ့ပါတယ်။ ကိုယ့်နယ်မြေ ကိုယ်ပြန်သိမ်းပိုက်ခြင်းဆိုတဲ့ အကြောင်းပြချက်ကို ြွေကးကြော်ရင်း ရွက်ဆစ်ဟာ တိုက်ခိုက်သိမ်းပိုက်လိုက်လေတယ်။

ဇွန်လပိုင်းမှာ ရွက်ဆစ်တို့ရဲ့ အပြင်းအထန်တိုက်ခိုက်နေချိန်မှာပဲ ဝ တို့ဟာ သူတို့အခြေစိုက်တပ်စွဲထားတဲ့ တောင်ပိုင်းက သီခြားလွတ်မြောက်ရေး တပ်ရင်းဟာ အနောက်ပိုင်းအင်အားစုရဲ့ တော်လှန်ပုန်ကန်တာကို ခံလိုက်ရပါ တယ်။ အနောက်ပိုင်းနယ်မြေဒေသဟာ ဝတို့လက်ထဲကနေ တသီးတခြား လွတ်မြောက်သွားတော့မယ့် ဘက်ဆီကို ယိမ်းနေပါပြီ။ ဝတို့လည်း တပ်ဖွဲ့ချုပ် အစည်းအဝေးဆိုတဲ့ အမည်ခံပြီး တပ်ရင်းမှူး ထျိုင်ကျဲန့်မိန်၊ နိုင်ငံရေးမှူးတို့ကို ရုံးစိုက်ရာ ပန်ခန်းဆီ ဖိတ်ခေါ်လိုက်ပြီး အကျယ်ချုပ် ချုပ်နှောင်လိုက်တယ်။ အတွင်းသိ အစင်းသိသူ တစ်ယောက်ရဲ့ ထုတ်ဖော်ပြောပြချက်အရ သိရတာက တော့ - ၁၉၈၉ ခုနှစ်တုန်းက ဝတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဦးဆောင် မှုအောက်က ရုန်းထွက်စဉ်တုန်းက တပ်ရင်းမှူး (လေး) ထျိုင်ကျဲန့်မိန်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုနယ်မြေမှာ တပ်ဖွဲ့ကို ဦးဆောင်ပြီး ဗ-က-ပ ခေါင်းဆောင်တွေကို အတင်းအကြပ် အာဏာလွှဲပြောင်းခိုင်းပါတယ်။ နောက် အတွင်းသိသူတစ်ယေက်ရဲ့ ပြောပြချက်အရ သိရတာက ထျိုင်ကျဲန့်မိန်မှာ မိန်းမ ၇ ယောက် ရှိပါတယ်။ ဒေသခံတိုင်းရင်းသူတစ်ယောက်ကို မယားတစ် ယောက်ကျအဖြစ် ယူထားခြင်းဖြစ်တယ်။ ဝအဖွဲ့အစည်း တသီးတခြား လွတ် မြောက်ရေး တပ်ရင်းရဲ့ လွတ်မြောက်ရေးပုန်ကန်မှု အရေးအခင်းဟာ အမေရိ ကန် CIA တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီအရေးအခင်းနဲ့ စပ်လျဉ်းပြီး ဝထိပ်တန်းခေါင်းဆောင်ပိုင်းက သက် သေခံအချက်အလက်တွေ ရှာဖွေပြီး စုံစမ်းစစ်ဆေးရေးလုပ်တော့မယ့် ကာလ အတွင်းမှာ သီးခြားလွတ်လပ်ရေးတပ်ရင်းက စစ်ဦးစီးမှူးက အထူးကွန်မင်ဒို တပ်ဖွဲ့ငယ်လေးတစ်ဖွဲ့ကို စေလွှတ်ပြီး ပန်ခန်းမှာ မြှုပ်နှံထားလိုက်တယ်။ ရည် ရွယ်ချက်ကတော့ ဝ ထိပ်တန်းခေါင်းဆောင် တစ်ယောက်နှစ်ယောက်ကို ဖမ်း ဆီးဓားစာခံလုပ်ပြီး သူတို့ရဲ့ တပ်ရင်း နိုင်ငံရေးမှူးနဲ့ အလဲအလှယ်လုပ်ကြဖို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အကြံအစည် ထမြောက်အောင်မြင်ခြင်းမရှိပါ။ သတိအင်မတန် ရှိတဲ့ ဝထိပ်တန်းခေါင်းဆောင်တို့ သိရှိသွားပါတယ်။ ကွန်မင်ဒိုတပ်ဖွဲ့လေးနဲ့ ဝတပ်ဖွဲ့တို့ အနီးကပ်တိုက်ပွဲတွေ ဖြစ်လေတယ်။ သီးခြားလွတ်လပ်ရေးတပ်ရင်း မှူးရဲ့ မယားသုံးယောက်က သူတို့တပ်စွဲထားတဲ့နေရာကနေ တပ်ဖွဲ့ကို ဦးဆောင် ပြီး ကယ်တင်ဖို့ကို ကြိုးစားကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ဘဲ အရှင်ဖမ်းခံ လိုက်ရပါတယ်။ သီးခြားလွတ်လပ်ရေးတစ်ရင်း စစ်ဦးစီးမှူးရဲ့ အကြံအစည် မအောင်မြင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက်ပါတယ်။

သီးခြားလွတ်လပ်ရေးတပ်ဖွဲ့ရဲ့ အရေးတော်ပုံကို အမျိုးမျိုး အဖုံဖုံ ပြောကြပါတယ်။ ဝအတွင်းပိုင်းက လူတွေ ပြောကြတာကတော့ ထျိုင်ကျဲန့်မိန်ရဲ့ စွမ်းဆောင်ချက်တွေက ဝအဖွဲ့အစည်းအတွက် ကြီးမားတဲ့ အကျိုးတွေဖြစ်ပေါ်စေ တဲ့အတွက် သူဟာ ဝခေါင်းဆောင်တွေကို လွှမ်းမိုးချင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ပြင်ပအသိုင်းအဝိုင်းပြောတာက တစ်မျိုးတဖုံပါ။ ဝအဖွဲ့တွင်းမှာ မူးယစ် ဆေးဝါးက ရလာတဲ့ အကျိုးအမြတ်ကို ဝေစုခွဲတာမှာ မျှတမှုမရှိတဲ့အတွက် ပဋိပက္ခတွေဖြစ်ပြီး၊ အာဏာနဲ့ ရွှေငွေတွေကို လုကြတာဖြစ်ပါသတဲ့။ တပ်တွင်း ပုန်ကန်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်း၊ ဝညွန့်ပေါင်းတပ်ဖွဲက ဒုတိယ စစ်ဦးစီးချုပ် ကျောက်ဝန်စင်း သီးခြားလွတ်လပ် ရေးတပ်ရင်းတပ်ဖွဲ့ အခြေစိုက်ရာနေရာဆီ ရောက်လို့လာပါတယ်။ သီးခြား လွတ်လပ်ရေးတပ်ရင်းတပ်ဖွဲ့ဟာ တပ်ဗိုလ်တပ်သားတွေကို ခေါ်ယူပြီး အတွေး အခေါ်ပိုင်း ပြုပြင်ရေးလုပ်ငန်းကို လုပ်လေတော့တယ်။

ရွက်ဆစ်တပ်ဖွဲ့နဲ့ ဝတပ်ဖွဲ့တို့ စစ်ပွဲစတင်ကာစတုန်းက မြန်မာအစိုးရ ရဲ့ အနေအထားက ဘာမှမဆိုင်သလို ကြက်နှစ်ကောင်ခွပ်တာကို ဝမ်းသာအားရ ထိုင်လိုသာ ကြည့်နေပါတယ်။ နောက်ပိုင်းကျတော့မှ ဒါဟာ နိုင်ငံတော် နယ် မြေပိုင်းရဲ့ လုံခြုံရေး ပြဿနာပိုင်းနဲ့ ပတ်သက်နေတာကို သုံးသပ်မိတော့တယ်။ ဒါ့အပြင် ရွက်ဆစ်ရဲ့ နောက်ကျောဘက်မှာ ပုန်းလျှိုး ကွယ်လျှိုးလုပ်နေတဲ့ အနောက်အင်အားစုကြီးရဲ့ အရိပ်ကို ဘွားကနဲ တွေ့မြင်လိုက်တယ်။ ဒီတော့မှ ဝညွန့်ပေါင်းတပ်ဖွဲ့ကို အင်တိုက်အားတိုက် အကူအညီတွေ ပေးပူးပေါင်းလိုက်ပြီး ရွက်ဆစ်တို့ကို ဝိုင်းတိုက်လေတယ်။ ပင်ကိုယ်က တိုက်ရည်ခိုက်ရည်ဝနေတဲ့ ဝတို့ဟာ တစ်လအတွင်းမှာပဲ လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် တိုက်ယူနိုင်ခဲ့တယ်။ မူလက ခွန်ဆာပိုင်ခဲ့ပါတယ်ဆိုတဲ့ နယ်မြေကို ဝတို့ပြန်ပြီး သိမ်းပိုက်လိုက်တယ်။

ထိုင်းမြန်မာတပ် - ထိုင်းလော- မြန်မာ သုံးနိုင်ငံ နယ်စပ်တစ်ဝိုက်မှာ တိုက်ကြခိုက်ကြလေပြီ။ ဒီစစ်မီးတောက်ကြီးဟာ တရုတ်ပြည်ကြီးကိုပါ အပူဟပ် ချေလေတယ်။ ရှေးရိုးအစဉ်အလာ မူးယစ်ဆေးဝါးလမ်းမကြီး စစ်မီးရှိန်ကြောင့် ပိတ်ဆို့ပြတ်တောက်သွားလေတယ်။ ဒီတော့လည်း သယ်ယူပို့ဆောင်ရေးခရီး လမ်းကြောင်း တရုတ်ပြည်နယ် နိမိတ်အတွင်းပိုင်းဆီ တသွင်သွင်စီးဝင်သွားလေ တယ်။ ဒီအပြောင်းအလဲကို တိုက်ရိုက်ရှုမြင်နိုင်ဆုံး သက်သေပြချက်ကတော့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနက ထုတ် ပြန်တဲ့ အချက်အလက်တွေက အထင်းသား ဖော်ပြလို့နေပါတယ်။ ၂၀ဝ၂ ခုနှစ်၊ နှစ်ဦးပိုင်း သုံးလမှာ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဆေဖမ်းဆီးမိတဲ့ မူးယစ် ဆေးဝါးအမှုနဲ့ နောက်ပိုင်းတူညီတဲ့ ကာလပိုင်းကို နှိုင်းယှဉ်ချိန်ထိုးကြည့်လိုက် တော့ ထူးထူးခြားခြား တိုးပွားများပြားလာတာကို တွေ့မြင်ကြရပါတယ်။ တရုတ်ပြည်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှု ဖိအားကလည်း မကြုံစဖူး ထူးထူးကဲကဲ ကြီးထွားလာပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ကြသူတွေ ဖြတ်သန်းရမယ့် လမ်းကြောင်းသစ် ဖုတ်ပူမီးတိုက်လိုအပ်နေတဲ့ အနေအထားကို ဆိုက်ရောက်လို့ နေချေပြီ။ ဒီ အချက်ကို သတိထားမိတဲ့ တရုတ်ပြည် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဟာ ၂၀ဝ၂ ခုနှစ် ဖေဖော်ဝါရီလပိုင်းကနေ ဇူလိုင်လအထိ နိုင်ငံတဝှမ်းမှာ ''မူးယစ်ဆေးဝါး တိုက်ဖျက်ရေး'' စစ်ဆင်ရေး တစ်ရပ်ကြီးကို ခင်းကျင်းလိုက်လေတယ်။ တစ်ချိန် တည်းမှာပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လမ်းကြောင်း အလယ် ကြောက ဖြတ်တိုက်တာထက် ရင်းမြစ်ဆီကို ထိုးနှက်ခြင်းဆီ ဦးတည်ရွှေ့ပြောင်း လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ''ရန်သူ'' ကို နိုင်ငံ့တံခါးပြင်ပမှာတင် ခုခံတိုက်ခိုက်ခြင်းပဲဖြစ်တယ်။

၇-၃-၂၀ဝ၂ နေ့မှာ သုံးရက်ကြာတဲ့ ''တရုတ်မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ'' ခွန်မင်းမြို့မှာ ကျင်းပပါ တယ်။ တရုတ်ပြည် ပြည်သူ့လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး ဌာန ဌာနမှူး ရန်ဖုန်းရွှေက ဟောသလို ပြောပါတယ်။ ဒီညီလာခံကြီးက တရုတ်မြန်မာ မူးယစ်ဆေဝါးတိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ပိုပြီးနက်ရှိုင်းတဲ့အဆင့်ဆီ ချဉ်းနင်းဝင်ရောက်လို့လာပါပြီ'' ''နယ်မြေဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်'' တရုတ်မြန်မာ နှစ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်က ခုတလော ဖွဲ့စည်းလိုက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းအဖွဲ့ အစည်းက မြန်မာနိုင်ငံတွင်းက တစ်ခုမကများပြားလှတဲ့ မူးယစ်ဆေးဝါးရင်းမြစ် ဒေသကို ရှာဖွေစစ်ဆေးရပါလိမ့်မယ်။

ဒီအကြိမ် ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ဖို့အတွက် မူးယစ်ဆေးဝါးရဲ့ ဘေးဒုက္ခအန္တရာယ်ဆိုးကြီးကို ကမ္ဘာသူ ကမ္ဘာသားတွေ ကွင်းကွင်းကွက်ကွက် သိရှိရလေအောင် အကြီးအကျယ် ဝါဒဖြန့်ချိလေတယ်။ တရုတ်ပြည်က နိုင်ငံ တကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမှုကြီးရဲ့ ပူးတွဲဆောင်ရွက်မှု ရလာဒ်ကို ခင်းကျင်းပြသလိုက်ခြင်းပဲ ဖြစ်တယ်။ ဒါဟာလည်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဝါဒဖြန့်ချိတဲ့ အသံကို ထပ်ဆင့်တိုးမြှင့်လိုက်ခြင်းပဲဖြစ်တယ်။ ဧပြီလဆန်းပိုင်းမှာ တရုတ်ပြည်သတင်းထောက်အဖွဲ့နှင့် ပြည်သူ့လုံခြုံ ရေးအဖွဲ့၊ နိုင်ငံတော်မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကော်မတီတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန နှင့် ပြည်နယ်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ကော်မတီတို့က ''ယူနန်ပြည် နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တရုတ်ပြည်သတင်းထောက်များအဖွဲ့'' ကို ဖွဲ့စည်းလိုက်ပါတယ်။

''ရန်ချဲန်ညနေသတင်းစာ'' ဆိုတာက အထူးသတင်းပေးပို့ရမယ့် မီဒီယာသတင်းဌာနထဲက တစ်ခုဖြစ်တယ်။ ခွန်မင်းမြို့ကနေ စူးရှောင်၊ စီးစွမ်း ပန်နနယ်မြေ။ ချန်ကျန်းမြစ် (ပြည်ပဘက်ရောက်တော့ မဲခေါင်မြစ်ဖြစ်သွား) ကို ကျော်လွှားပြီး နုကျန်းမြစ် (ပြည်ပဘက်ရောက်တော့ သံလွင်မြစ်ဖြစ်သွား) ကို အရောက်သွားနိုင်တယ်။ နယ်မြေကျော်ဖြတ်ပြီး ရွှေတြိဂံဝမ်းဗိုက်က မူးယစ် ဆေးဝါးရင်းမြစ်ဒေသအထိ စူးစမ်းလေ့လာနိုင်တယ်။ နယ်မြေဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အတွင်းသတင်း ရယူနိုင်ရမယ်။ နယ်မြေ ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးထွက်ရာ ရင်းမြစ်ဒေသကို ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးကို အားပေးကူညီကြမယ် အစရှိတဲ့ ရလာဒ် အကျိုးတွေကို ရရှိပါ တယ်။

၂၂-၄-၂၀ဝ၂

 AP, ရိုက်တာ၊ CNN အစရှိတဲ့ သတင်းဌာန ၁၃ ခုက နာမည်ကျော်သတင်းမီဒီယာတွေ ခွန်မင်းမြို့မှာ ယူနန်ရဲက မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးသတင်းရယူဖို့ လာရောက်စုဝေးကြပါတယ်။ ထိုနေ့က ကျင်းပတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးဌာန ဌာနမှူး စွန်းတဟုန်ရဲ့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ''၁၉၉၀-၂၀ဝ၁ ခုနှစ်၊ ၁၂ နှစ်တာကာလအတွင်း ယူနန်ပြည်နယ်က မူးယစ် ဆေးဝါး အမှုပေါင်း ၇-၄ သောင်းကျော်ကို ဖော်ထုတ်ဖမ်းမိပါတယ်။ တရားခံ ပေါင်းတစ်သိန်းကျော်၊ မူးယစ်ဆေးဝါးပေါင်း ၅၇ တန်ကျော် ဖမ်းမိသိမ်းဆည်း လိုက်တယ်။ ''ရင်းမြစ်စီးဆင်းမှုကို ပိတ်ဆို့ရေး'' ဦးတည်ချက်အရ နယ်စပ်ချင်း ကပ် အိမ်နီးချင်းနိုင်ငံ ဗဟိုအဖွဲ့အစည်းအပြင်၊ နယ်မြေဒေသခံတို့နဲ့ ပူးပေါင်း ပြီး နယ်မြေ ပြင်ပထွက် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးကို လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ၁၉၉၀ ခုနှစ်ကအစပြုပြီး တရုတ်ပြည်သုံး ရင်မင်ပိ ယွမ်ငွေ သန်းသုံးရာ ကျော်ကို ရင်းနှီးမြှုပ်နှံဖို့ရာ ထည့်ဝင်ပေးခဲ့ပါတယ်။ ပြန်လည်ပေးဆပ်ရန် မလို တဲ့ သို့တည်းမဟုတ် အချိုသာဆုံး အတိုးနှုန်းနဲ့ ပံ့ပိုးပေးအပ်တဲ့ စားနပ်ရိက္ခာ သီးနှံမျုးိစုံနဲ့ စီးပွားဖြစ်စိုက်ပျိုးတဲ့ မျိုးစေ့တန် ရာနဲ့ချီပြီး ပေးအပ်နိုင်ခဲ့ပါတယ်။ အဖက်ဖက်က ကျွမ်းကျင်တဲ့ ပါရဂူများနှင့် အတတ်ပညာရှင်ပေါင်း ၃၀ဝ၀ ကျော် (အကြိမ်) ကို စေလွှတ်ပြီး လောမြောက်ပိုင်း၊ မြန်မာမြောက်ပိုင်းတွေမှာ အစားထိုးလယ်ယာသီးနှံ စိုက်ပျိုးမြေဧကပေါင်း ၄.၄၅ သိန်းကို ကူညီပံ့ပိုးစိုက် ပျိုးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနက တရုတ်ပြည်ရဲ့ ရွှေတြိဂံနယ်မြေ ဘိန်းအစားထိုးလုပ်ရပ်ကို ဂုဏ်ပြုချီးကျူးလိုက်ပါ တယ်။ ''ဒီလုပ်ရပ်က ကမ္ဘာတစ်ဝှမ်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ သမိုင်းတွင်လောက်တဲ့ တီထွင်ကြံဆမှုကြီးဖြစ်ပါတယ်'' ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တွဲဖက် မူးယစ် ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးဌာန တာဝန်ခံ မစ္စတာ အာလာချီတို့က လူသား တစ်ရပ်လုံး ချမ်းသာသုခဖြစ်စေတဲ့ ဒီတီထွင်ကြံဆချက်ကို မြင့်မြင့်မားမား ဂုဏ်ပြုချီးကျူးကြပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းရပ်မှာ တစ်ကမ္ဘာလုံးက တရုတ်ပြည်ကို အတုယူကြဖို့ကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ယူနန်ဆိုတာက တရုတ်ပြည်ရဲ့ စံထားလောက်တဲ့ နယ်မြေဒေသဖြစ်သလို တစ်ကမ္ဘာလုံးရဲ့ စံပြလည်း ဖြစ်ပါတယ်။

သတင်းထောက်တွေ နယ်မြေကျော်ဖြတ်ပြီး သတင်းရယူစုဆောင်းခြင်း ဟာ နယ်မြေကျော်ဖြတ်ပြီး မူးယစ်ဆေးဝါးကို တိုက်ဖျက်နှိမ်နင်းခြင်းဖြစ်တယ်။ အစားထိုးသီးနှံ စိုက်ပျိုးရေးလှုပ်ရှားမှုကြီးကို ဆောင်ရွက်စေပြီး ရွှေတြိဂံနယ်မြေ ဒေသ နှစ်တစ်ရာကျော် သမိုင်းရှည်လျားတဲ့ မူးယစ်ဆေးဝါး စီးပွားရေးလုပ်ငန်း အဆောက်အအုံကြီးဟာ ဒီနယ်မြေဒေသကနေ တိတ်တဆိတ် ဆုတ်ခွာသွားပြီး ကြီးမားတဲ့ ပြောင်းလဲမှုကြီး ပေါ်ပေါက်လာချေတော့မည်တည်း။

(ဆက်လက်ဖော်ပြပါမည်)