Breaking News

ကိုအောင်မှိုင်း - နင်လားဟဲ့ ရွေးကောက်ပွဲ (၂)

Cartoon Saw Ngo (2015)


ကိုအောင်မှိုင်း - နင်လားဟဲ့ ရွေးကောက်ပွဲ (၂)

မိုးမခ၊ ဇူလိုင် ၃၀၊ ၂၀၂၀

၁၀။ကနေ့စစ်တပ်က မြေသိမ်းယာသိမ်းတင်မကတော့ဘဲ မြေသိမ်းခံ ယာသိမ်းခံ တောင်သူလယ်သမား ထောင်နီးပါး ကို တရားစွဲထောင်ချခဲ့ပြီးသလို လက်ရှိလဲရာဂဏန်းကျော်ဟာ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒါတွေက ဘယ် သူ့မှာတာ ဝန်ရှိပါသလဲ။ NLD အစိုးရကမှ တာဝန်မခံရင် ဘယ်အစိုးရက တာဝန်ခံမှာပါလဲ။ မေးခွန်းထုတ်ရတော့မှာ ပါ။ လမ်းဖေါက် တံတားဆောက်ဆိုတာလောက်နဲ့တော့ အစိုးရတရပ် တာဝန်ကြေပြီထင်ရင်တော့ အလွန်မှားယွင်းတဲ့ အတွေးအခေါ်လို့ဘဲ ကျနော်တို့ပြောရတော့မှာပါ။လယ်သမားတွေ အလုပ်သမားတွေ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးကို အစိုးရတရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမဲ့တာဝန်ဟာ အဓိကကျတဲ့တာဝန်တရပ်မဟုတ်ပါလား။ ကနေ့ လယ်သမား ယာသမား တွေရဲ့ပြဿနာက သန်းချီတဲ့မြေယာတွေကို ဗိုလ်ကျအနိုင်ကျင့် သိမ်းယူနေတဲ့ စစ်တပ် ပြဿနာဟာ အဓိကပြဿနာဖြစ်သလို လယ်ယာကဏ္ဍတိုးတက်ဖြစ်ထွန်းမှုကို စိမ်ခေါ်နေတဲ့ ပြဿနာလဲဖြစ်နေပါ တယ်။ မြေသိမ်း ယာသိမ်းပြဿနာ ကို ကျနော်တို့အလေးအနက်စဉ်းစားတွေးခေါ်မယ်ဆိုရင် စစ်ကျွန်ပြုမှုပြဿနာ လဲဖြစ်ပါတယ်။

၁၁။ NLD ပါတီရဲ့မြေယာဥပဒေတချိူ့အပေါ် ထောက်ပြဝေဖန်တဲ့ သုတေသနစာတမ်းတချိူ့လဲရှိပြန်ပါတယ်။ အဲဒါတွေ က တော့ (“NLD အစိုးရ တက်လာပြီးနောက်ပိုင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ၁၁ရက် စက်တင်ဘာလ ၂၀၁၈ တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ထိုဥပဒေအရ မြန်မာတနိုင်ငံလုံးရှိ မြေယာများကို မှတ်ပုံတင် ထားရန် မြေ လွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီက အောက်တိုဘာလ ၃၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်တွင် အမိန့်စာထုတ် ခဲ့ပြီး မတ်လ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အကယ်၍ မှတ်ပုံတင်ရန် ငြင်းဆို (သို့မဟုတ်) ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ၂ နှစ်နှင့် ကျပ်ငွေ ၅၀၀,၀၀၀ ဒဏ်ခံ ရ နိုင်သည်။ မှတ်ပုံတင်ခဲ့သော်လည်း သမိုင်းအစဉ်အလာ အရ ပိုင်ဆိုင်လာခဲ့သော သူတို့၏ မြေယာများကို ဆုံးရှုံးမည် ဖြစ်ပြီး နှစ် ၃၀ သုံးစွဲခွင့် လက်မှတ်ကိုသာ ရရှိမည်ဖြစ်သည်။ ထို့အပြင် အစိုးရက အစဉ်အမြဲ မြန်မာနိုင်ငံတွင် မြေ လွတ်၊ မြေလပ်၊ မြေရိုင်း ၄၅ သန်း ဧကကျော် ရှိသည်ဟု ကြေညာချက်များ ထုတ်ပြန်နေပြီး တိုင်းရင်းသား ပြည်သူ များ၏ နေထိုင်မှု၊ စား ဝတ်နေရေးကို မျက်ကွယ် ပြုထားသည်။

ထိုသို့ ဆိုရခြင်း အကြောင်းရင်းမှာ ထိုကြေညာထားသော မြေယာဧကများ အနက် ၈၂ ရာခိုင်နှုန်းသည် တိုင်းရင်းသား ပြည်သူတို့၏ သမိုင်းစဉ်ဆက် ဘိုးဘွားပိုင် မြေယာများ ဖြစ်သည့်အပြင် သူတို့၏ ရိုးရာ ဓလေ့ အစဉ်အလာ စီမံခန့်ခွဲမှု အောက်တွင် အသုံးပြုလျှက်ရှိသော မြေများဖြစ်သည်။ ထို့အပြင် ထိုမြေများသည် သူတို့၏ တည်ရှိမှု၊ ဖြစ်တည်မှု (Identity) နှင့် အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ် အသုံးပြုနေသော မြေများဖြစ်ကြသည်။ ဤဥပဒေနှင့် NLD အစိုးရ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား ပြည်သူများ၏နေထိုင်မှုဘဝကို ခြိမ်းခြောက်နေသော ဥပဒေဖြစ်သည့် အတွက် အရပ်ဖက် အဖွဲ့အစည်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၄၀ ကျော်က ကန့်ကွက်ခဲ့ကြသည်။)

၁၁။ ကျနော်တို့ NLD ပါတီကို ဦးတည်ဝေဖန်ပြောဆိုနေတာက အာဏာရအစိုးရတရပ်ဖြစ်တာရယ်။ ပြီးခဲ့တဲ့ရွေး ကောက်ပွဲ မှာသောင်ပြိုကမ်းပြိုနိုင်ခဲ့တာရယ်။ဆိုလိုတာက လူထုထောက်ခံမှုအရဆုံးပါတီတရပ်ဖြစ်နေတာ ကြောင့် ဆိုတာတော့ ပွင့် ပွင့်လင်းလင်းပြောထားလိုပါတယ်။ အခုအချိန်မှာ NLD ပါတီကိုဝေဖန်တာဟာ ဖွတ်နဲ့ဖွတ်တပည့် စစ်တပ်ကို ထောက်ခံတာဖြစ်တယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် လုံးဝဆန့်ကျင်လိုပါတယ်။ ကျနော်တို့ ခံယူချက် က “ပြည်သူ့အကျိူးဆောင်ကြ” ဆိုတဲ့ မူပေါ်အခြေခံတာဖြစ်တော့ ပြည်သူ့အကျိူးစီးပွါးဟာ အဓိကဖြစ်ပါတယ်။ ဥပမာဗျာ စစ်တပ်ကလယ်သိမ်းယာသိမ်း ပြဿနာကြောင့် လယ်သမားတွေ ယာသမားတွေဆန္ဒပြကြတယ်။ဒါကို စစ်တပ်က တရားစွဲတယ်။ အစိုးရက ဒီလိုကိစ္စမျိူး မှာ ကြားနေလို့ မရပါဘူး။မတရားအလုပ်ခံရတဲ့ လယ်သမား ယာ သမားတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ဘို့ တာဝန်ရှိနေတာကို သိဘို့လိုပါတယ်။ စစ်တပ်နဲ့ မျက်နှာပျက်မှာစိုးတယ်ဆိုတဲ့ အမြင်နဲ့တော့ လူထုအကျိူးစီးပါွးကို အကာအ ကွယ်ပေးနိုင်မှာမဟုတ်သလို ပြည်သူ့အကျိူးဆောင်ဘို့ဆိုတာနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်နေမှာပါ။ စစ်တပ်ဟာ ဗမာပြည်အတွက် ဒုက္ခပေးနေ တဲ့ ဝန်ထုတ်ဝန်ပိုးကြိးဆိုတာ တနိုင်ငံလုံး တကမ္ဘာလုံးသိနေတဲ့ ကိစ္စပါ။ ရှမ်းပြည်မှာဆို ရှမ်းလူထုဟာ စစ်တပ်ရဲ့ မတရားသတ်ဖြတ်နှိပ်စက်မှုတွေကို မခံနိုင်ကြတော့တဲ့အဆုံး လူထုသောင်းအချိူ့ ဆန္ဒပြခဲ့ကြပါတယ်။လူထုက သတ္တိရှိရှိ စစ်တပ်ရဲ့မတရားမှုတွေကို အံတုနေချိန်မှာ အစိုးရကဟိုလိုလိုဒီလိုလို ခေါင်းရှောင်နေခဲ့တာအတော်များ ပြီလို့ဘဲပြောရတော့မှာပါ။ ဒိလောက်မှသတ္တိမရှိရင် အစိုးရမလုပ်ပါနဲ့လို့ဘဲ လူထုကိုယ်စားပြောရမှာဖြစ်ပါတယ်။

၁။ ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာ NLD အပါအဝင် ဗမာပါတီတွေရော တိုင်းရင်းသားပါတီတွေရော ဖွတ် ပါတီတွေ (ချာပါတီ ၃၀)ရော တသီးပုဂ္ဂလတွေရော အပြိုင်အဆိုင် ၂၀၀၈က ပေးတဲ့ စစ်အာဏာတွေထဲက အရိုး အ ရင်း အာဏာတချိူ့ကို လုကြ ယက်ကြဘို့ အပြင်းအထန်လုံးပမ်းနေချိန်မှာ စစ်တပ်ကတော့အေးဆေးပါလို့ ပြောပါ ရစေ။ လွတ်တော်ထဲ က ၂၅%သော စစ်အမတ်တွေရယ် စစ်တပ်ကတင်မဲ့ သမ္မတလောင်းရယ် အစိုးရအဖွဲ့ထဲက ဝန်ကြီးဌာန ၃ခုရယ် ကာလုံ ဆိုတဲ့ စစ်ဂိုဏ်းရယ်ကို စစ်ချေးဥပဒေက စစ်တပ်ကိုပေးသနားထားပြီးဖြစ်လို့ ဘယ်လို ကန့်လန့်တိုက်ရမလဲဆိုတာလောက်ကလွဲပြီးစဉ်းစားစရာ ခေါင်းရှုတ်စရာမလိုတော့လောက်အောင် အခြေအနေလို့ ပြောနိုင်မှာပါ။ နောက်တက်လာမဲ့ ကာချူပ် ဆိုတဲ့ပုဂ္ဂိုလ်က စစ်တိုက်တတ်စရာမလိုပါဘူး။နေ့တဓူ၀ စစ်ဥပဒေကို စောင့်ကြည့်ရင်း တက်လာမဲ့အစိုးရကို ကန့်လန့်တိုက် နိုင်ရင်ပြီးတာပါဘဲ။ လက်ရှိကာချူပ်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင် ကိုယ်တိုင်လဲ နေ့တဓူ၀ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းရယ် ကန့်လန့်တိုက်တာရယ် တပ်နယ်တို့စစ်ကျောင်း တို့မှာမိန့်ခွန်း ပြောရင်း စောင်းပြောတဲ့အလုပ် ခြိမ်းခြောက်တဲ့အလုပ် ကိုယ်ရည်သွေးတဲ့အလုပ် စစ်တပ်နဲ့လူထုကြားသွေးကွဲ စေမဲ့ စကားတွေပြောတာတွေလောက်ကို လုပ်တတ်ရင်ကာချူပ် အလုပ် ကအဆင်ပြေပါပြီ။

၁၂။ ဒီစစ်ဥပဒေအရ စစ်တပ်ကအမျိူးသားနိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာ့နိုင်ငံရေး စီးပွားရေး စစ်ရေးအပါအဝင် ချေးရေးသေးရေးပါမကျန် ပါဝင်ခွင့်ရနေတာကိုက လူထုကို စစ်ကျွန်ဘဝရောက်အောင် တွန်းပို့နေတာပါ။ အမျိူးသားနိုင် ငံရေးမှာ ဥိးဆောင်မှုအခန်းဆိုတာကို ဒီစစ်ဥပဒေမှာ ထည့်ထားတာကိုက ပါချင်တာအကုန်ပါဆိုတာ မျိူးပါ။ ဒီလောက်လူ ပါးဝတဲ့ စစ်ဥပဒေကိုလိုက်နာပြီး ရွေးကောက်ပွဲဝင်ကြတာဆိုတော့ နားလည်မှုပေးရတာ အတော် ခက်ပါတယ်။NLD ပါတီ ရဲ့ ၅နှစ်တာ အစိုးရသက်တမ်းကိုကြည့်ရင် စစ်တပိုင်းအစိုးရအခြေအနေအောက်မှာ လူထုအတွက် စစ်လွတ်တော်မှာ စစ် ဥပဒေကို ပြင်မယ်ဆင်မယ်ဆိုသူများ သံဝေဂ ရစေနိုင်မှာပါ။ ဒါတောင် ဖွတ်အမတ်က ၇% တောင်မပြည့်ပါဘူး။ စစ်အမတ်ဖြစ်တဲ့ ဖွတ်တပည့်တွေနဲ့ပေါင်းပြီး လွတ်တော်ကိုဘယ်လောက်မိုက်ရိုင်း စော်ကားရမ်းကားကြသလဲဆိုတာ ဘယ်လောက် ကန့်လန့် တိုက်နေကြသလဲဆိုတာ လက်တွေ့အမြင်ပါဘဲ။ နောင်လဲ လူမိုက်ဆန်ဆန်လုပ်ဟန်တွေနဲ့ ဆက်လက်လူပါး၀ ကြဦးမှာပါ။ ထွေထွေထူးထူး ရှာဖွေနေစရာမလိုလောက်အောင် ထင်ထင်ရှားရှားတွေ့နိုင်တဲ့ရမ်းကားမှုတွေလို့ ပြောရင် မှားမယ်မထင်ပါ။

၁၃။ တနိုင်ငံလုံးကတော့ ဒီစစ်ဥပဒေကို အတော်စိတ်ပျက်နေကြပါပြီ။ နိုင်ငံရေးသမားအများစုကတော့ စစ်ဥပဒေ အ ပြင် စစ်တပ်ပြောသမ ျှ လုပ်သမ ျှကို ငုံခံနေတဲ့အစိုးရဆိုသူများကိုလည်း ဒေါသတွေအရှိန်ပြင်းထန်စွာ ပေါက်ကွဲ နေကြပါပြီ။ အကန့်အသတ်မဲ့ (မူမဲ့) စစ်တပ်နဲ့ရင်ကြားစေ့ရေး အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ်ကိုလည်း သဘာဝကျစွာ နားမလည်နိုင်ကြတော့ပါ။ ကျနော်ဆိုလိုတာက အစိုးရသက်တမ်း ၅ နှစ်လုံးလုံး စစ် တပ်က ခြိမ်းလိုက်ခြောက်လိုက် ကန့် လန့်တိုက်လိုက်နဲ့ လက်ကုန်နှိက်နေတာကိုလည်း မျက်စေ့မှိတ်ငြိမ်ခံနေတဲ့အပေါ် များစွာအထင်အမြင်သေးမှုများ ဖြစ်ပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ “ဗမာပြည်မှာ စစ်တပ်ကိုမပြောင်းလဲရဲဘဲ ဗမာပြည်ကိုပြောင်းလဲမယ် ပြောနေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ကျနော်တို့အမြင်က တော့ လိမ်တာညာတာ လူပါးဝတာထက်မပိုဘူးလို့ဘဲ ပြောရတော့မှာပါဗျာ။ ”စစ်တပ်လုပ်သ မ ျှခံတုန်းက တခွန်းမှမဟဘဲ ငုံ့ခံနေပြီး စစ်တပ်ကကန့်လန့်တွေ ဇွတ်တိုက်လာတော့မှ လူထုမှာတာဝန်ရှိတယ်လို့ ပြောလေ့ရှိတဲ့ နိုင်ငံရေးသမားတွေ ခေတ်ကုန်သင့်ပါပြီ။ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော စစ်အုပ်စု စစ်အာဏာရှင်စနစ် ကို ပြန်လည်ခုခံလိုတဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေ အမြောက်အမြားရှိနေတုန်းပါ။ ခက်တာက ဒီမိုကရေစီ အိုက်ကွန်းကိုယ်တိုင်မှာကို မိတ်ဆွေနဲ့ရန်သူ လေလုံးမကွဲတဲ့ အတွေးအခေါ်နဲ့ လုပ်သမ ျှခံပြီး နွားပလာတာကျွေးချင်တဲ့ လုပ်ဟန်ကြောင့် တတိုင်းတပြည်လုံး အဝီဇိရောက်တဲ့အထိ လက်ကုန်နိုက်ခံနေကြရတာလို့ ပြောရင်မှားမယ်မထင်ပါ။

၁၄။ ကနေ့မိုးကောင်းကင်တခုလုံး ဒီမိုကရေစီ မီးရူးမီးပန်းတွေ ပေါက်ပေါက်ဖောက်နေတဲ့ ကာလဖြစ်ပါတယ်။ တသက် လုံး လူထုအပေါ်နိုင်ထက်စီးနင်း အနိုင်ကျင့်နေသူတွေကိုယ်တိုင် ပြည်သူဆိုတာပါးစပ်ဖျားက မချကြတဲ့အချိန်ဆိုရင် မမှားဘူး လို့ဘဲပြောကြရအောင်ပါဗျာ။စစ်အုပ်စုကို ကျနော်တို့ပြောစရာစကားကတော့ ကုန်ပါပြီ။ မေးခွန်းဘဲ ထုတ်ရ တော့မှာပါ။ အခု ဆိုရင် စစ်တပ်ကနိုင်ငံအာဏာကို အနုကြမ်းစီးအုပ်ချူပ်ခဲ့တာရော ၂၀၀၈ ခြေဥဖြစ်တဲ့ စစ်ဥပဒေကို အကာအကွယ်ယူ အခွင့်ထူးခံခဲ့ကြတာရောနှစ်ပေါင်း ၆၈ နှစ်ပြည့်ပါတော့မယ်။ လက်ရှိတိုင်းပြည်မှာလဲ ရောင်းစားစရာ ဆိုလို့ လူတွေဘဲရှိပါ တော့တယ်။ ခင်ဗျားတို့ တိုင်းပြည်က ဘာတွေများ ထပ်လိုချင်ကြပြန်တာလဲဆိုတဲ့မေးခွန်းမှ တပါး အခြားမရှိတော့ပါ။

၁၅။ ဗမာပြည်ရဲ့ အဓိကပဋိပက္ခက စစ်အုပ်စုစစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်ဖွဲ့စည်းပုံကတဖက် အဖိနှိပ်ခံတိုင်းရင်းသား လူမျိူးပေါင်းစုံနဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးကတဖက် ဖြစ်နေတဲ့ပြဿနာပါ။ လက်ရှိရွေးကောက်ပွဲကိုဝင် ပြိုင်တဲ့ ဒီမိုကရေစီပါတီတွေရော၊ တိုင်းရင်းသားပါတီတွေရော၊ တသီပုဂ္ဂလိကတွေရော (ချာပါတီ ၃၀ မပါ) စစ်ဥပဒေဖြစ်တဲ့ ၂၀၀၈ ကိုပြင်ပါမယ်ဆိုတာလောက်နဲ့တော့ မအူမလည် ဂျင်းထည့်တဲ့လုပ်ရပ်တွေနဲ့ လူလည်မလုပ်စေချင်ပါ။ လူထုသိချင်တာက ၂၀၀၈ ဆိုတဲ့ စစ်ဥပဒေကို ဘယ်လိုပြင်မလဲဆိုတာကိုဘဲ သိချင်ကြတာဖြစ်ပါတယ်။ ဝင် ပြင်ဆိုတာ လောက်နဲ့တော့ မဲထည့်လဲ သိပ်မထူးဘူးထင်ပါတယ်။ ကနေ့ပြောနေကြတဲ့ No Vote ပြဿနာရဲ့ ဇစ်မြစ်က အဓိကတိုက်ပွဲသဏ္ဍာန်နဲ့ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှုကင်းမဲ့သွားခြင်းရဲ့ ရလဒ်အကျိူးဆက်ပင်မဟုတ်ပါလား။ ဆင်ခြင် နိုင်ဘို့ဖြစ်ပါတယ်။

ဗမာပြည်တလွှား No Vote အသံများကတော့ ကျယ်လောင်စွာ ပေါ်ထွက်လာနေပါပြီ။


ကိုအောင်မှိုင်း
၂၈ရက်ဇူလိုင်လ ၂၀၂၀ခုနှစ်