မြင့်ကျော် - နှစ်နဲ့ချီ တည်ဆောက်လာခဲ့ရပေမယ့် သီတင်းပတ် ၃/၄ ပတ်အတွင်း ဖျက်ဆီးခံလိုက်ရတဲ့ သတင်းလွတ်လပ်ခွင့်

(မိုးမခ) မတ် ၉၊ ၂၀၂၁
နိုင်ငံရေး နယ်ပယ်ဘက်မှာလည်း ဒီမိုကရေစီ အခွင့်အရေးတချို့ ရဖို့ တည်ဆောက်ခဲ့ရတာ နှစ်နဲ့ချီကြာသလို ပိတ်ပင်၊ ဖျက်ဆီးလိုက်တာတော့ တမနက်၊ သီတင်းတပတ် ၊ တလလောက်အတွင်း မှာ ဆယ်စုနှစ်နဲ့ချီတဲ့ တည်ဆောက်မှုတွေကို အားလုံးပျက်စီးစေခဲ့သလို သတင်းမီဒီယာနယ်ပယ်မှာလည်း အလားတူပါ။
ခုမနက် သတင်းစာရောင်းတဲ့ဆိုင်ရောက်တော့ ခါတိုင်းဝယ်နေကျ သတင်းစာထဲက ဆဲဗင်းဒေး၊ ဒေးလီးအလဲဗင်းတို့မတွေ့ရတော့ပဲ စံတော်ချိန်တမျိုးပဲ ရှိပါတော့တယ်။ နောက်မှ သိရတာက ဒေးလီးအလဲဗင်းက ဒီနေ့ ထွက်ရှိပေမယ့် ကျနော်ဝယ်နေကျဆိုင်က မရလိုက်လို့ မတင်နိုင်တာလို့သိရပါတယ်။ သေချာတာတော့ ဒေးလီးအလဲဗင်း သတင်းစာလည်း မတ်လ ၁၀ ရက်နေ့က နေ ဧပြီ ၁၈ ရက်နေ့ထိ ရပ်နားမယ်လို့ အသိပေးထားတာကြောင့် မနက်ဖြန်ဆို ပုဂ္ဂလိက နေ့စဥ် သတင်းစာဆိုရင် စံတော်ချိန် တမျိုးထဲ ကျန်ပါလိမ့်မယ်။
သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ အစပိုင်းနဲ့ပတ်သက်လို့ ပြန်တွေးကြည့်တဲ့အခါ ခုရခဲ့တဲ့ အကန့်အသတ်ရလပ်တဲ့ သတင်းသိရှိပိုင်ခွင့် အတွက် တည်ဆောက်ခဲ့ရတာ ဆယ်စုနှစ် တခုနီးပါး။
၂၀၁၁ ခုနှစ် အစိုးရပိုင် သတင်းစာ ၃ စောင်ရဲ့ နောက်ကျောဖုံးတွေမှာ ပါနေကျ ဗွီအိုအေ လိမ်နေသည်၊ ဘီဘီစီ လိမ်နေသည် ဆိုတဲ့ စာလုံးကြီးတွေနဲ့ နေ့စဥ် ထည့်နေတဲ့ ပြည်ပအခြေစိုက်မီဒီယာတွေကို တိုက်ခိုက်တဲ့ ဝါဒဖြန့် slogan တွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တဲ့ ဆီက စမှတ်သားရမယ်လို့ ထင်ပါတယ်။
အဲဒီအဖြစ်အပျက်နဲ့အတူ ကြည့်ခွင့်ပိတ်ထားတဲ့ ပြည်ပ အခြေစိုက် သတင်းဝက်ဆိုက်တွေ ၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေရဲ့ သတင်းဝက်ဆိုက်၊ နိုင်ငံတကာ သတင်းဌာန အဖွဲ့အစည်းအချို့ ရဲ့ ဝက်ဆိုက်တွေ ကိုလည်း တပြိုင်နက်ထဲဆိုသလို ဖွင့်ပေးလိုက်ပါတယ်။
ဒါက သတင်းလွတ်လပ်ခွင့် အတွက် ဖြေလျော့ဖို့ ကနဦးလက္ခဏာ အမှတ်အသားလို့ ဆိုနိုင်ပါတယ်။
အဲဒီနောက် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေက အယ်ဒီတာတွေ ၊ အယ်ဒီတာချုပ်၊ ဌာနမှူး စတဲ့သူတွေကို ပြည်ဝင်ခွင့်ဗီဇာပေးလိုက်ပြီး သတင်းမီဒီယာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ တခုကို ရန်ကုန်မှာ လာတက်ကြတာ ပထမဆုံး ပြည်တွင်းထဲမှာ ပြည်တွင်းမီဒီယာနဲ့ ပြည်ပအခြေစိုက် မီဒီယာကလူတွေ လူချင်းဆုံရတဲ့ ဆွေးနွေးပွဲ ဖြစ်မယ်လို့ထင်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ သတင်းမီဒီယာ ဥပဒေကြမ်းဆိုတာကို ပထမဆုံး ကြားရတဲ့ ဆွေးနွေးပွဲဖြစ်ပြီး အဲဒီဥပဒေကြမ်းထဲ ဘာတွေပါဝင်သလဲဆိုတာတော့ ချပြဆွေးနွေးခြင်းမရှိသေးပါဘူး။
အဲဒီဆွေးနွေးပွဲအပြီး မကြာခင် လပိုင်းတွေမှာ သတင်းဂျာနယ်တွေ ယာယီရပ်ဆိုင်းခံရတဲ့အဖြစ်တွေ၊ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သတင်းသမားတွေ မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့ တီရှပ်ဆင်တူတွေနဲ့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရတဲ့ သတင်းဂျာနယ်တိုက်တွေဆီသွားအားပေးတာ တွေ ဖြစ်ပျက်လာပြီး သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုတွေရဲ့ ကနဦး အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။
၂၀၁၂ သြဂုတ်လ ၂၀ ရက်နေ့ကတော့ ကြိုတင်စိစစ်တဲ့ စနစ်ကို ဖျက်သိမ်းလိုက်တဲ့နေ့ သတင်းလွတ်လပ်ခွင့် ၊ မီဒီယာ ဖြေလျော့မှုရဲ့ မှတ်တိုင်တခုလို့ဆိုရမယ့် အဖြစ်အပျက် နေ့ဖြစ်ပါတယ်။
အဲဒီနောက် ဖွဲ့စည်းမယ်လို့ ထုတ်ပြန်သော်လည်း မအောင်မြင်လိုက်တဲ့ အမြုတေသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သတင်းသမားကွန်ရက်တွေ သတင်းသမားသမဂ္ဂ၊ အသင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
နောက်မှတ်တိုင်တခုက ၂၀၁၃ ခုနှစ်ရဲ့ ဧပြီလ ၁ ရက်နေ့ပါ။ ဆယ်စုနှစ် ၄/၅ ခုအတွင်း ပုဂ္ဂလိက နေ့စဥ်သတင်းစာတွေ ပထမဆုံး ပြန်ထွက်ရှိနိုင်တဲ့ နေ့ပါ။
ပထမဆုံး နေ့မှာ ၅ စောင် ထွက်ခဲ့တယ်လို့ မှတ်မိပါတယ်။ အဲဒီတုန်းက ထွက်ခဲ့တဲ့ သတင်းစာအချို့လည်း ရပ်နားသွားတာ နှစ်အနည်းငယ်တောင်ရှိသွားပါပြီ။
ပုဂ္ဂလိကနေ့စဥ် သတင်းစာထွက်မယ့်နေ့ကို သတင်းလောကသား တယောက်အနေနဲ့ တကယ့်ကို စိတ်လှုပ်ရှားခဲ့ရတာပါ။ အဲဒီအခါတုန်းက အင်တာနက် ဆက်သွယ်မှုက ခုလောက်မမြန် ခုလောက် လက်လှမ်းမမှီကြသေးတော့ ပုံနှိပ်က အားရှိဆဲ ကာလဖြစ်ပါတယ်။
နောက်မှတ်တိုင်ကတော့ သတင်းမီဒီယာ ဥပဒေ ပြဌါန်းတဲ့ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်ပါ။
သတင်းမီဒီယာဥပဒေက သတင်းမီဒီယာရဲ့ ရပိုင်ခွင့် ၊ သတင်းရယူခွင့်တွေကို ပထမဆုံး ဥပဒေအရ အသိအမှတ်ပြုလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ ခုနေပြန်ငဲ့ကြည့်ရင် ဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့တာကို ပြန်တွေ့ရမှာ ဖြစ်သော်လည်း ထိုကာလမှာတော့ သတင်းလွတ်လပ်ခွင့် အတွက် ရှေ့တဆင့်တက်လှမ်းခဲ့တဲ့ ခြေလှမ်းလို့ပဲ အကဲဖြတ်ပါတယ်။
နည်းဥပဒေ ကအဲဒီနှစ် နောက်လအနည်းငယ်အကြာ ဇွန်လ မှာ အတည်ပြုခဲ့ပြီး ဥပဒေအရ ပေါ်ထွက်လာတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်း ခဲ့ပါတယ်။
ဒီအဖြစ်အပျက် မတိုင်ခင် သတင်းသမားတွေပါ အရိုက်ခံရတဲ့ လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွဲမှု၊ သတင်းသမား တရားစွဲခံရ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုနဲ့ ထောင်ချခံရတဲ့ ကိစ္စတွေ၊ သတင်းမီဒီယာ ဥပဒေ လွှတ်တော်မှာ တင်သွင်းဖို့ကိစ္စနဲ့ပတ်သက်လို့ အခြေအတင်အငြင်းအခုံတွေ အားပြိုင်မှုတွေ စတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေအတွင်း သတင်းမီဒီယာနယ်ပယ်မှာ သတင်းသမားတွေ နဲ့ဖွဲ့စည်းတဲ့ အသင်းအဖွဲ့တွေရဲ့ အခန်းကဏ၊ သတင်းရယူခွင့်အတွက် တောင်းဆိုရတာတွေ၊ အားပြိုင်ရတာတွေ၊ သတင်းသမားတွေ နိင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူခံရလို့ ကန့်ကွက်ခဲ့ကြတာတွေ စတဲ့အဖြစ်အပျက်တွေအားလုံးဟာ သတင်းမီဒီယာ နယ်ပယ်မှာ ကိုယ့်အခန်းကဏကို ကိုယ်နားလည်အောင် ၊ အဖွဲ့အစည်းတွေရဲ့ အခန်းကဏကို တခြားဆက်စပ်အဖွဲ့အစည်းတွေက နားလည် အသိအမှတ်ပြုလာအောင် ကြိုးစားခဲ့ကြ လွတ်လပ်မှုကို လက်တွေ့မှာ အတိုင်းအတာတခုထိ ကျင့်သုံးခဲ့ကြ တာမျိုးပါ။
သတင်းမီဒီယာဥပဒေ ပြဌန်းဖို့ ပြင်ဆင်နေတဲ့ အဲဒီအချိန်မှာပဲ တပြိုင်နက်ထဲ ပုံနှိပ်ထုတ်ဝေ မှတ်ပုံတင်ဥပဒေကို ပြန်ပြင်ဆင်ရေးထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကိုလည်း ပြန်ကြားရေးဘက်က ပြင်ဆင်နေခဲ့ပြီး သတင်းမီဒီယာ ဥပဒေကြမ်းနဲ့အပြိုင်ပဲ အတည်ပြုဖို့ လွှတ်တော်ကို တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က ယာယီစာနယ်ဇင်းကောင်စီက မှတ်ပုံတင်စနစ်ကို မကြိုက်လို့ ကန့်ကွက်ခဲ့ပေမယ့် ပြန်ကြားရေးဘက်က ပြင်းပြင်းထန်ထန် ကာကွယ်ခဲ့ပြီး အတည်ပြုခဲ့တာပါ။ အဲဒီဥပဒေမှာ လိုင်စင်မရှိပဲ ထုတ်ဝေရင် ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ မပါတာကို အချို့က ကြိုဆိုခဲ့ကြပြီး လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
မနေ့ နေ့စွဲနဲ့ ကြေညာလိုက်တဲ့ ကြေညာချက်အရ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့် လိုင်စင်ပယ်ဖျက်တယ်ဆိုတာ အဲဒီဥပဒေ ကို အသုံးပြုပြီး ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
ဒီကြေညာချက်ကို ကြားလိုက်ရတဲ့နောက် အပေါ်မှာ ရေးခဲ့တဲ့ အဖြစ်အပျက်တွေ ကို ပြန်တွေးမိပြီး ဆယ်စုနှစ် တခုနီးပါး တည်ဆောက်လာ မွေးမြူလာခဲ့တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ အချိန်ယူမွေးမြူလာခဲ့တဲ့ ကြက်ကို တမနက်ထဲနဲ့ ရိုက်သတ်ချက်စားလိုက်တာမျိုးးလားလို့ စိတ်ထဲမှာ နိမိတ်ပုံတင်စားအတွေးပေါ်မိပါတော့တယ်။
#pressfreedomofmyanmar
#revokingprivatemediaofmyanmar#MoeMaKaMedia #WhatsHappeningInMyanmar