Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - အုပ်စုကွဲနေခြင်းကို ပြန်စေ့ခြင်း


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - အုပ်စုကွဲနေခြင်းကို ပြန်စေ့ခြင်း

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃၅
(မိုးမခ) မေ ၁၆၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACEIES DIE စာအုပ်မှ Saving Democracy ကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ပြင်းထန်စွာ အုပ်စုကွဲနေသော အဖွဲ့အစည်းများကို ပြန်စေ့ပြီး၊ အားလုံးရည်ရွယ်ချက်တစ်ခုတည်းဖြစ် သွားအောင် မည်ကဲ့သို့ပြန်စေ့နိုင်သနည်း? ထိုအခါ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့်၊ လုပ်နိုင်သောနည်း နှစ်ခုရှိသည်။ လုပ်နိုင်သောနည်းတော့ဖြစ်ပါသည်။ တကယ်ပဲပြန်စေ့နိုင်၊ မစေ့နိုင်ကိုတော့ လုပ်ကြည့်မှ သိရပါလိမ့်မည်။

ပထမနည်းမှာ၊ ရှေးဦးစွာနိုင်ငံရေး ခေါင်းဆောင်များအနေဖြင့် ထိုကဲ့သို့ အုပ်စုကွဲ များစွာကွဲနေခြင်း ကို၊ ပေးထားချက် (given) ဟူ၍ ယူဆထားရမည်။ အလယ်တန်း၊ အထက်တန်းတို့တွင် ဂျော်မတ်ထရီ (Geometry) ပုစ္ဆာတွက်သည့်အခါတွင်၊ ရှေးဦးစွာ ပေးထားချက်ကို ရေးသားခြင်းပမာဖြစ်သည်။ ဂျော်မတ်ထရီ ပုစ္ဆာတွက်ရာတွင်၊ ထိုပေးထားချက် (ပေးထားသော အချက်အလက်များ) ကို သူ့နေရာနှင့်သူ သုံးရန် ကြိုးပမ်းရသည်။ ယခုကိစ္စတွင် အထက်လွှာအဆင့် (elite-level) ပေါင်းစည်းမှု (cooperation) နှင့် ညှိနှိုင်းမှု (compromise) တို့ကို ပြုလုပ်သောနည်းဖြင့် တုန့်ပြန်ရမည်။ ဤနေရာတွင် စာအုပ်ထဲတွင် သုံးထားသော စကားလုံးဖြစ်သော elite-level ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်လိုက်ခြင်းဖြစ်သည်။ ၄င်းသည် ဘာကိုဆိုလိုသည်ဟူသည်ကိုတော့ ဘာသာပြန်သူကိုယ်တိုင်လည်း မသိ၍၊ စာလုံးကိုသာ တိုက်ရိုက်ဘာသာပြန်ပေးလိုက်ပါသည်။ စာအုပ်ထဲတွင် ပေးထားသော ဥပမာကို လေ့လာကြည့်လျှင် ဘာကိုဆိုလိုသည်ဟူသည်ကို နားလည်ချင်လည်ပါလိမ့်မည်။

1973 ခုနှစ်တွင် ချီလီ (Chile) နိုင်ငံတွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကိုကြည့်ပါ။ ထိုနိုင်ငံတွင် ဆိုရှယ် လစ်ပါတီ (Socialist) နှင့် ခရိယန်ဒီမိုကရက် (Christian Democrat) ပါတီနှစ်ခု၏ ပဋိပက္ခသည် ချီလီနိုင်ငံ ၏ ဒီမိုကရေစီစနစ်ကို ပျက်စီးသွားစေခဲ့သည်။ ရက်အနည်းငယ်ကြာသော် ခရိယာန်ဒီမိုကရက်ပါတီ ခေါင်းဆောင် အေလဝင် (Aylwin) သည် ပါတီမျိုးစုံမှ ရှေ့နေများနှင့် ပညာရှင်များပါဝင်သော အစည်းအဝေး များကိုစတင်၍ တက်ရောက်လေသည်။ ထိုအစည်းအဝေးထဲတွင်ပါဝင်သော လူတော်တော်များများသည် နိုင်ငံရေးအကျဉ်းသားများကို ကာကွယ်ရင်း တရားရုံးများတွင် တွေ့ဖူးသူများဖြစ်ကြသည်။ ထို “Group 24” meetings အုပ်စု 24 အစည်းအဝေးများဟု ခေါ်ဆိုသောတွေ့ဆုံပွဲများသည် အသင်းဝင်များ၏ အိမ်များတွင် သာမန်ညစာစားပွဲများသာဖြစ်သည်။ သို့သော် အေလဝင်၏ ပြောကြားချက်အရ၊ ၄င်းတို့သည် ယခင်က ရန်သူဖြစ်ခဲ့သော သူများကြားတွင် ယုံကြည်မှုတည်ဆောက်ပေးခဲ့နိုင်သည်။ နောက်ဆုံးတွင် ဤညစာစားပွဲ များ၏ အကျိုးကို သြဂုတ်လ 1985 ခုနှစ်တွင် တွေ့မြင်ကြရသည်။ ခရိယာန် ဒီမိုကရက် ဆိုရှယ်လစ်ပါတီနှင့် အခြားပါတီ (19) ခုတို့သည် စင်တီယာဂို (Santiago) ၏ ဟော်တယ်တစ်ခုတွင် တွေ့ဆုံကြပြီး၊ ဒီမိုကရေစီ ဆိုင်ရာ လက်မှတ်ထိုးပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့ကြသည်။

ထိုလက်မှတ်ထိုးပွဲမှ ဖြစ်လာသောအရာတစ်ခုမှာ အများဆန္ဒ နိုင်ငံရေး (consensus politics) ဟု ခေါ်သော လုပ်ငန်းတစ်ခုဖြစ်ပေါ်လာခြင်းဖြစ်သည်။ အများသဘောတူနိုင်ငံရေးတွင် ပါဝင်သောအရာတစ်ခု မှာ အဓိကသော့ချက်ပါသော ဆုံးဖြတ်ချက်များပြုလုပ်သည့်အခါတိုင်းတွင် ဆိုရှယ်လစ်နှင့် ခရိယာန် ဒီမိုကရက်တစ်ပါတီတို့၏ ခေါင်းဆောင်များ ညှိနှိုင်းပြီးတော့မှ ပြုလုပ်ခြင်းဖြစ်သည်။ ၄င်းသည် အောင်မြင်ခဲ့ပါ သည်။ 1989 မှ စတင်၍ နှစ်ပေါင်း နှစ်ဆယ်ကျော်တည်မြဲခဲ့သည်။

ထိုလုပ်ငန်းကို ချီလီနိုင်ငံ၏ သဘောတူညီမှုဆိုင်ရာ ဒီမိုကရေစီ (democracy of agreement) ဟု ခေါ်တွင်လာသည်။ မည်သူသမ္မတဖြစ်လာသည်ဖြစ်စေ ထိုသမ္မတသည် လွှတ်တော်သို့ တရားဝင်တင်သွင်း ခြင်းကို မပြုလုပ်မှီ၊ ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းမှုများကို ပြုလုပ်ရသည်။ ခရိယာန်ဒီမိုကရက်တစ်သမ္မတ အေလဝင်သည် ဤနည်းအတိုင်း ကျင့်သုံးသည်။ ချီလီနိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် နှစ်ပေါင်းသုံးဆယ် အတွင်း လက်တင်အမေရိကနိုင်ငံများတွင် အအောင်မြင်ဆုံးနှင့်အတည်မြဲဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာ လေသည်။

ချီလီနိုင်ငံနှင့် အမေရိကန်နိုင်ငံကို နှိုင်းယှဉ်၍ပြရာတွင် စာအုပ်ရေးသူ စာရေးဆရာများက၊ အမေရိကန်နိုင်ငံ၏ ရီပတ်ဘလီကန်ပါတီနှင့် ဒီမိုကရက်ပါတီတို့သည် ချီလီနိုင်ငံကဲ့သို့ ကျင့်သုံးရန်မဖြစ်နိုင်ပါ ဟူ၍ဆိုသည်။ ဒီမိုကရေစီစံနှုန်းများကို ဖန်တီးသည့်အလုပ်သည် အားလုံးစုပေါင်း၍ ပြုလုပ်ရသော အရာဖြစ် သည်။ ထိုကဲ့သို့ဖြစ်နိုင်ရန်၊ ပါတီကိုခေါင်းဆောင်သော ပုဂ္ဂိုလ်တော်တော်များများသည် ရေးသား၍မထား သော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ၍ တညီတညွတ်တည်း ညီညွတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်နိုင်ရန်အတွက် အုပ်စုကွဲခြင်း၏ ဒဏ်၊ အာဏာရှင်စနစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ပင် ခံရဖူးဖို့လိုသည်။ ချီလီနိုင်ငံသည် ထိုဒဏ်များကို ပြင်းပြင်းထန်ထန် ခံရဖူးသည်။ စပိန်နိုင်ငံသည် ပြည်တွင်းစစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံရဖူးသည်။ အမေရိကန်နိုင်ငံသည် ထိုကဲ့သို့ဒဏ်မျိုးကို ပြင်းပြင်းထန်ထန်မခံဖူးပါ။

ယခု ဒုတိယနည်း (ပြင်းထန်စွာအုပ်စုကွဲခြင်းကို စေ့စပ်သောနည်း) ကို ဆက်လက်၍ ပြောပါတော့ မည်။ ပထမနည်းမှာ ညှိနှိုင်းသောနည်းဟု ဆိုထားပါသည်။ ဒုတိယနည်းမှာ အုပ်စုကွဲခြင်းကို မကွဲအောင် ပြုလုပ်သောနည်းဖြစ်သည်။ ဆိုလိုသည်မှာ အုပ်စုကွဲခြင်းကို ပေးထားချက်ဟုမယူတော့ဘဲ၊ ၄င်းကိုမရှိ အောင် လုပ်သောနည်းဖြစ်သည်။

ယခုလေ့လာသောနည်းများမှာ ပြင်းထန်စွာအုပ်စုကွဲခြင်းကို စေ့စပ်သောနည်းများ ဖြစ်သည်ကို သတိပြုပါ။ သာမန်အားဖြင့် ဒီမိုကရေစီစနစ်အောက်တွင် အုပ်စုကွဲခြင်းသည်ရှိရမည့်အရာဖြစ်သည်။ သို့သော် ထိုအုပ်စုကွဲခြင်းသည် ပြင်းထန်လာလျှင်၊ အစွန်းရောက်လာလျှင် ဒီမိုကရေစီစနစ်ကိုပါ ပျက်စီးသွား မည်ဖြစ်သည်။

ဒုတိယနည်းမှာ ပြင်းထန်စွာ အုပ်စုကွဲခြင်းမရှိအောင် လုပ်သောနည်းဖြစ်သည်။ ၄င်းတို့ထဲတွင် နိုင်ငံရေးသိပ္ပံပညာရှင်များက ရွေးကောက်တင်မြှောက်သောနည်းအမျိုးမျိုးကို အကြံပြုကြသည်။ သို့သော် ယင်းနည်းလမ်းများ၏ ထိရောက်မှု ရှိ၊ မရှိ ကိုသိပ်တော့ ရှင်းရှင်းလင်းလင်းမသိသေးပါဟူ၍၊ ယင်းပညာရှင် များက ဝန်ခံကြသည်။

အုပ်စုကွဲခြင်းကိုမရှိစေရန် လုပ်ရမည့်နည်းမှာ နိုင်ငံရေးပါတီများသည် သူတို့၏အခြေခံသဘောထား များကို အားမနာတမ်းပြန်လည်၍ သုံးသပ်ရန်ဖြစ်ပါသည်။

ဤကျမ်းစာအုပ်ထဲတွင် အုပ်စုကွဲခြင်းကိုမရှိအောင် ပြုလုပ်သောနည်းဟူ၍ ရှင်းရှင်းလင်းလင်း ရေးသားမထားပါ။ ဒါလည်း ဘာသာပြန်သူက နားမလည်ခြင်းလည်းဖြစ်နိုင်ပါသည်။ ဘာသာပြန်သူအနေနဲ့ နားမလည်၍ ကျော်သွားသော စာမျက်နှာများထဲတွင် ပါနိုင်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ ယင်းစာအုပ်၏အဆုံးသတ်တွင် ရေးသားထားသော အချက်များကို ဖော်ပြပါမည်။

နိုင်ငံရေးပညာရှင် ဒယ်နီယယ်အယ်လင် (Daniel Allen) က ဤသို့ဆိုသည် - ကမ္ဘာပေါ်တွင် မည်သည့်ဇာတိ၊ မည်သည့်မျိုးနွယ်ကမှ အခြားဇာတိ၊ မျိုးနွယ်များထက် အားကောင်းခြင်း၊ များပြာခြင်းဟူ၍ မရှိသော၊ ၄င်းအပြင် အားလုံးသည် နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ တူညီမှုကိုရရှိထားသော၊ နိုင်ငံရေးပါတီဟူ၍ မရှိသေးပါ။ ထို့ကြောင့် ၄င်းသည် ဒီမိုကရေစီစနစ် ကျင့်သုံးလိုသော အဖွဲ့အစည်းအားလုံး အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသေးသည်။

နိုင်ငံရေးခေါင်းဆောင်များနှင့် ဒီမိုကရေစီရှင်သန်ရေးကိစ္စနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်။

မည်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းကမှ ဒီမိုကရေစီကို အဆုံးမသတ်နိုင် သလို၊ မည်သည့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးတည်းကမှ ဒီမိုကရေစီကို မကယ်တင်နိ်ုင်ပါ။ ဒီမိုကရေစီ သည် အားလုံးမျှဝေခံစားရသောအရာဖြစ်သည်။ ဒီမိုကရေစီ၏ ကံကြမ္မာသည် အားလုံးအပေါ်တည်သည်။

ဒီမိုကရေစီဟူသည် အဘယ်နည်း? ဟူသောမေးခွန်းကို အမျိုးမျိုးဖြေကြသည်။ မည်သည့်အဖြေက မှ ပြီးပြည့်စုံသည်ဟု မဆိုနိုင်ပါ။ အဖြေတစ်ခုမှာ - လူအားလုံး၏ ထက်ဝက်ကျော်ကျော်သည်၊ အချိန်တစ် ဝက်ကျော်ကျော်တွင် မှန်သည်ဟူ၍အားလုံးက ယုံကြည်သော ဝါဒဖြစ်သည်။

အခြားအဖြေတစ်ခုမှာ - ဒီမိုကရေစီဟူသည်မှာ မဲပေးသည်။ အခန်းထဲရောက်သွားသောအခါ၊ ကိုယ်ကြိုက်ရာလုပ်နိုင်သည်ဟု ယုံကြည်သောဝါဒဖြစ်သည်။

နောက်အဖြေတစ်ခုမှာ - ဒီမိုကရေစီဟူသည် အယ်ဒီတာထံပေးစာဖြစ်သည်။

နောက်အဖြေတစ်ခုမှာ - ဒီမိုကရေစီဝါဒဟူသည်မှာ မှားကြောင်းကို သက်သေမပြရသေးသော အဆိုတစ်ခုဖြစ်၏။

ဤသည်ကား - ဒီမိုကရေစီဟူသည် အဘယ်နည်း? ဟူသော မေးခွန်း၏အဖြေများဖြစ်ကြသည်။

မည်သည့်အဖြေမှရာနှုန်းပြည့်မပြည့်စုံသေးပါ။

ကမ္ဘာပေါ်ရှိအဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆိုထားသည်မှာ - ကမ္ဘာပေါ်တွင် လူမျိုးအစုံပါဝင်ပြီး၊ ဒီမိုကရေစီကို ဧကန်တကယ်ကျင့်သုံးနိုင်သော အဖွဲ့ဟူ၍မရှိသေးပါ။ ၄င်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသေး သည်။ ထိုစိန်ခေါ်မှုကို ဖြေနိုင်ခြင်းသည် ဧကန်တကယ်ထူးခြားပါသည်။

(ပြီးပါပြီ)

Photo credit - http://www.publicseminar.org/2018/11/further-thoughts-on-putting-liberal-democracy-first/