Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၅)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၅)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) အောက်တိုဘာ ၁၇၊ ၂၀၁၉

အပိုင်း (၄) - ဘိန်းဗိုလ်ချုပ် ဟီးရိုးအင်းရာဇာ

လော်စစ်ဟန် (လိုစင်းဟန့်) 


လော်စစ်ဟန် (လိုစင်းဟန့်) က မမလေး ယန်းအော့ (ဂျင်မီယန်း) ထက် အသက်ဆယ်နှစ်ကျော်ကျော် ငယ်ပါတယ်။ မမလေးယန်းအော့ အားထား ရတဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး အမြှောက်စားအခံရဆုံးလည်းဖြစ်တယ်။ ဒါကြောင့် လည်း နောက်ဆုံးမှာ ကိုးကန့်သမိုင်းမှာ နာမည်အကျော်ကြားဆုံးသော ''နိုင်ငံ တကာ အထွဋ်အထိပ်လူတန်းစား'' ထဲက စာရင်းပါဝင်သွားလေတယ်။ နှစ်ဆယ် ရာစုခေတ် (၆၀-၇၀) နှစ်ကာလတွေမှာ ထိပ်တန်းစာရင်းဝင် ဘိန်းရာဇာကြီး ဖြစ်သွားလေတယ်။

လော်စစ်ဟန်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နည်းနာမျိုး စုံ ရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးဘက်မှာ အင်မတန်ကို ညက်ညောလွန်းတဲ့ သူပါ။ ထိုင်း၊ မြန်မာ လော အစိုးရအမှုထမ်း အရာထမ်းတွေ၊ စစ်တပ်ဖွဲ့ ဗိုလ် မှူး ဗိုလ်ချုပ်တွေ၊ အကောက်ခွန်ဌာန၊ အရာရှိအရာခံတွေ၊ တရားရေးဌာနအဖွဲ့ သားတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ သူ့အနေနဲ့ ရွှေငွေတံစိုးလက်ဆောင် အများအပြား တနင့်တပိုးကြီး ပေးလိုက်တာပါပဲ။

၂၀ ရာစုခေတ် (၆၀-၇၀) ခုနှစ်ကာလတွေတုန်းက အနောက်နိုင်ငံတွေက လော်စစ်ဟန်ကို တစ်ကမ္ဘာလုံးမှာ ဖမ်းဝရမ်းထုတ်ထားတဲ့ ထိပ်တန်းစာရင်းဝင် ဘိန်းရာဇာကြီးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် တခြားနာမည်ပြောင် တစ်ခုပါ ထပ်ဆင့်ပေးလိုက်ပြန်ပါသေးတယ်။ ''ဘိန်းဗိုလ်ချုပ်'' တဲ့။ သူ့ရဲ့ လှုပ်ရှားမှု နယ်မြေဒေသ အဝန်းအဝိုင်းက ရွှေတြိဂံမြောက်ဘက်ပိုင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသကြီး (၁) (ကိုးကန့်)၊ ထိုင်းမြန်မာ နယ်စပ်တဝိုက်တွေ ဖြစ်ပါတယ်။ ရွှေတြိဂံကျော်ကြားမှုစာရင်း ကမ္ဘာမှာ ရှေးဦးအရင်ဆုံး ဝင်ရောက် သွားသူကတော့ လော်စစ်ဟန်က စတင်ဖွင့်လှစ်လိုက်တာပါပဲ။ သူ့နောက်မှ ခွန်ဆာဟာ ၇၀ ခုနှစ် ကာလရောက်တော့မှ ခွန်ဆာဟာ ကမ္ဘာ့ထိပ်တန်းစာရင်း ဝင် ဖြစ်လာပါတယ်။ လူတွေက ''ဟီးရိုးအင်းဘုရင်'' ရယ်လို့ ခေါ်တွင်ကြပါ တယ်။ သူ့ရဲ့ လှုပ်ရှားမှုနယ်မြေ အဝန်းအဝိုင်းကတော့ ရွှေတြိဂံတောင်ဘက် ပိုင်း ထိုင်း၊ လော၊ မြန်မာ သုံးနိုင်ငံ နယ်စပ်တစ်ဝိုက်ဖြစ်ပါတယ်။

ခွန်ဆာနှင့် လော်စစ်ဟန်တို့ နှစ်ယောက်ဟာ ခေတ်တစ်ခေတ်ထဲက လူတွေပါပဲ။ နှစ်ဦးစလုံးရဲ့ အိမ်ထောင်စု နောက်ခံအခင်းအကျင်းတွေက တူ နေကြပါတယ်။ ဖြတ်သန်းမှုတွေကလည်း သိပ်ပြီး ထူးထူးထွေထွေ မကွာခြားလှ ပါ။ လော်စစ်ဟန် နယ်ခံထိပ်တန်းကြေးရတတ်မျိုးရိုးက ဆင်းသက်လာတာဖြစ် တယ်။ ခွန်ဆာရဲ့ ဖခင်ကတော့ ရှမ်းပြည်နယ် လွိုင်မော်လူမျိုးစုရဲ့ စော်ဘွားပါ။ အသက်အရွယ်ပိုင်းကို နှိုင်းယှဉ်ကြည့်ရအောင်။ လော်စစ်ဟန်က ခွန်ဆာထက် နည်းနည်းလေးပိုကြီးမယ်။ ဒါပေမဲ့ သူတို့ကျင်လည် ကျက်စားတဲ့ နယ်ပယ်အသိုင်း အဝိုင်းမှာ ဝါစဉ်အလိုက် အတန်းအစား တစ်တန်းစားထဲ မသတ်မှတ်ကြပါ။ ရွှေတြိဂံသားတွေ ပြောကြတာက လော်စစ်ဟန်ဆိုတာကတော့ ရွှေတြိဂံ ပထမ ဗွေဆော်ဦးလုပ်ငန်းရဲ့ ''စွန့်ဦး တီထွင်သူ'' ဖြစ်ပြီး ခွန်ဆာကတော့ ဘိန်းဘုရင့် နိုင်ငံတော်ရဲ့ ဒုတိယခေတ် လုပ်ငန်းခွင်ရဲ့ ''စွန့်ဦးတီထွင်သူ'' သူတွေရယ်လို့ ခေတ်နဲ့ ပိုင်းခြားပြီး ဝါစဉ်အကြီးအငယ် အနုအရင့် သတ်မှတ်ကြပါတယ်။ ၁၉၆၂ -၁၉၇၈ ကာလတွေမှာ လော်စစ်ဟန်၊ ခွန်ဆာ သူတို့နှစ်ဦးဟာ ဘိန်း ဘုရင် ရာဇပလ္လင်ကြီးကို အပြိုင်လုကြတဲ့ နှစ်ကာလတွေဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ဘိန်းရာဇာကြီးနှစ်ဦးက တစ်ဦးက တောင်၊ တစ်ဦးက မြောက်၊ ဒီတောင် - မြောက်နှစ်ခု ပိုင်းခြားထားတဲ့ အကွာအဝေးက ခရီးမိုင်ရာ ကျော်ရှိပါတယ်။ နှစ်ဦးသား ကိုယ်စီ လိုရာစေနိုင်ကြတဲ့ အနန္တ ဘုန်းတန်ခိုးရှင် ကြီးတွေလို ကိုယ့်ပိုင်နက်နယ်မြေမှာ နှစ်ကာလ ဆယ်လီပေါင်း အတန်ကြာ စိုးမိုးနိုင်ကြတဲ့ သူနှစ်ဦးဖြစ်ကြပါတယ်။

ဘိန်းရာဇာကြီး လော်စစ်ဟန်ဟာ ကိုးကန့်နှင့် ရွှေတြိဂံမူးယစ်ဆေးဝါး လောကမှာ အမည်နာမ ဟိုးဟိုးကျော်သူတစ်ယောက်ပါ။

လော်စစ်ဟန်ကို ၁၉၃၄ ခုနှစ် ကိုးကန့်မှာ မွေးဖွားပါတယ်။ မြန်မာ နာမည်က ''ဝေမန်'' ဖြစ်တယ် သူ့ရဲ့ ဘိုးဘေးတွေက တောင်ပိုင်းမိန်ခေတ် ယုံလိမင်း ဧကရာဇ် အနီးကပ် တပ်မှူးကြီးဖြစ်ပါတယ်။ (မိန်မင်းဆက်ခေတ် ခရစ်သက္ကရာဇ် ၁၃၆၈-၁၆၄၄ ခုနှစ် မြန်မာအင်းဝခေတ်-တောင်ငူခေတ်နှင့် ခေတ်ပြိုင် - မြန်မာပြန်ဆိုသူ၏ မှတ်ချက်) လော်စစ်ဟန်လက်ထက်ရောက်တော့ မျိုးဆက် (ဆယ်) ဆက်မြောက်ဖြစ်သွားပါတယ်။ မိန်ဧကရာဇ်ကို မန်ချူးဧကရာဇ် က ဖြုတ်ချပါတယ်။ မိန်ဧကရာဇ် နောက်ဆုံးမင်းဆက် စစ်ရှုံးတော့ တောင်ပိုင်း ယူနန်ပြည်နယ်ဘက်ဆီ ပြေးဆင်းလာပါတယ်။ ထီးနန်းလက်လွှတ်ဆုံးရှုံးသွားတဲ့ မိန်ဧကရာဇ်မင်းနဲ့အတူ လော်စစ်ဟန်ဘိုးဘေးတို့လည်း ပါလာကြပါတယ်။ စစ်ရှုံးမိန်ဘုရင်ကြီး သူ့ဘဝဇာတ်ကို တိမ်မြှုပ် ဖုံးကွယ်ထားရသလို လော်စစ်ဟန် ရဲ့ ဘိုးဘေးတို့လည်း မင်းဧကရာဇ်အပါးမှာ မထင်မရှား ဇာတ်မြှုပ်ထားကြရလေ တယ်။ မိသားစု အရိုက်အရာ အမွေအနှစ် လက်ဆင့်ကမ်း ခံစားရပေမယ့်လည်း တင်းကြပ်တဲ့ ရှေးပဒေသရာဇ် စည်းမျဉ်းစည်းကမ်းကို တင်းတင်းကြပ်ကြပ် လိုက်နာနေထိုင်ခဲ့ရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်းရာချီ မထင် မရှား ဆင်းသက်လာတဲ့ ဒီဆွေမျိုးစုရဲ့ သမိုင်းကြောင်းက လူသူမသိ မထင်မရှားနဲ့ သာ ရှိခဲ့ပါတယ်။

ကိုးကန့်တောင်ဘက်ပိုင်းက လွိုင်မော်တောင်တန်းမှာပါ။ မာလိပါးနဲ့ နီးကပ်ထိစပ်မှုတွေ ရှိနေပါတယ်။ သမိုင်းတစ်လျှောက် လွိုင်မော်စော်ဘွားနှင့် ကိုးကန့်စော်ဘွားတို့ဆိုတာက မိန်မင်းဆက်ခေတ်၊ မန်ချူးမင်းဆက်ခေတ်တွေမှာ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ အညီအမျှ ချီးမြှင့်မြှောက်စားခံကြရသူတွေ ဖြစ်ကြပါတယ်။ ရှေးတရုတ်ဘုရင် မင်းဧကရာဇ်တွေ လက်ထက်ကတည်းက ကျော်ကြားခဲ့တဲ့ လွိုင်မော်တောင်တန်းကား သမိုင်းနောက်ပိုင်း ခုကာလပိုင်းမှာလည်းပဲ ကမ္ဘာ့ အဆင့်မြင့်ဆုံး ဘိန်းရာဇာ ခွန်ဆာရယ်လို့ ရေခံမြေခံသားတို့အလျှောက် ဟိုး လေးတကြော်ကြော် ထင်ပေါ်ကျော်ကြားရပြန်ချေပြီ။ မတူတဲ့ အချက်တစ်ချက်က လွိုင်မော်တောင်တန်းက ရှမ်းလူမျိုး အသိုင်းအဝိုင်းတွေ အများစုမှီတင်းနေထိုင် တဲ့ ရှမ်းတို့ဌာနေဖြစ်ပါတယ်။ ဒါပေမဲ့ ကိုးကန့်နယ်မြေဆိုပေမယ့် တကယ့်တကယ် တော့ ဟန်တရုတ်နွယ်ဖွားတွေ အများစုနေထိုင်ပြီး တရုတ်ဟန်ပန်၊ တရုတ် ရှေးဓလေ့ ထုုံးတမ်းစဉ်လာအတိုင်း ပြောကြဆိုကြ နေကြထိုင်ကြ ဝတ်စားဆင်ယင် ကြပါတယ်။ လူမျိုးနွယ်ဖွား မတူခြားနားကြပေမယ့် တူညီတဲ့အချက်ကတော့ နှစ်ဖက်စလုံး အားလုံးဟန်တရုတ်ရယ်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝငြွ့်ကားလေ့ ရှိကြပါတယ်။

၂၀ ရာစုခေတ် ၄၀-၅၀ နှစ်တွေမှာ ကိုးကန့်နှင့် လွိုင်မော်တောင်တန်း တွေမှာ တစတစနဲ့ မူလရှိရင်းစွဲဌာနေ လူနည်းစု တိုင်းရင်းသားတို့က ထွန်ကြ ယက်ကြ စိုက်ပျိုးရိတ်သိမ်းကြ။ မြန်မာပြည်ရောက် ဟန်တရုတ်နွယ်ဖွားတို့ကတော့ ဝယ်ကြ၊ ရောင်းကြ၊ သယ်ယူပို့ဆောင်ကြဆိုတဲ့ လုပ်ငန်းတာဝန်ကို ခွဲယူကြပြီး ဘိန်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပါတယ်။ ဒီတော့ ဟန်တရုတ်တွေ ရလိုက်တဲ့ အကျိုးအမြတ်က ထွန်ယက်စိုက်ပျိုးကြတဲ့ မူလဌာနေ တိုင်းရင်းသား တို့နဲ့ တအားကို ကွာခြားသွားပါတယ်။ လော်စစ်ဟန်ရဲ့ ဖခင် လော်ချောင်စင်းဟာ ၁၉၄၅ ခုနှစ်မှာ ဖက်ဆစ်ဂျပန်တို့ လက်နက်ချသွားတဲ့ အချိန်ကာလကိုရောက် တော့ သူဟာ ထိပ်တန်း သြွူကယ်စာရင်းဝင် စတုတ္ထမြောက် လော်လောပန်ကြီး ဖြစ်သွားပါလေရော။

ကူမင်တန်တပ် အကြွင်းအကျန် ၉၃ တပ်မ စစ်ရှုံးပြီး ကိုးကန့်နယ်မြေကို ရောက်လာပြီးတဲ့နောက် တပ်အင်အား၊ မြင်းလားအင်အား စုဆောင်းပြီး စစ် ရေးလေ့ကျင့်ကြလေတယ်။ မြေရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး၊ ပေါ်ပီပင်တွေ စိုက်ပျိုး ဘိန်းကုန်ကူးကြပါတယ်။ မြန်မြန်ဆန်ဆန်ပါပဲ၊ သူတို့တပ်အုပ်စုဟာ ထိုဒေသမှာ အင်အားအကြီးမားဆုံး လက်နက်ကိုင် ဘိန်းတပ်ဖွဲ့ကြီးဖြစ်သွားလေ တယ်။ ရွှေတြိဂံမှာ ဘိန်းလုပ်ငန်းဆောင်ရွက်မှုဟာ ကူမင်တန်တပ်အကြွင်းအကျန် တို့ ဝင်ရောက်လာကြပြီး ဆောင်ရွက်ခြင်းကြောင့် ပထမဆုံး အဆင့်မြင့် ကာလ ဆီကို ဆိုက်ရောက်သွားရလေတယ်။ နှစ်စဉ် ဘိန်းအထွက်နှုန်းဟာ ၅၀ ခုနှစ် ကုန်ဆုံးလုအပိုင်းမှာ တန်ချိန် ၇၀ဝ ဖြစ်ပြီး ကမ္ဘာ့တစ်နှစ်ထွက်နှုန်းရဲ့ ၅၀プ မှာ ရှိပါတယ်။

တပ်မ ၉၃ ဟာ ကိုးကန့်မှာ ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပညာကျောင်း ကို ဖွင့်လှစ်ပါတယ်။ လူအများအပြား လာရောက်တက်ကြပါတယ်။ အဲဒီ စစ် ပညာကျောင်း လာရောက်တက်ကြသူတွေအထဲက လူငယ်လူရွယ်လေး သုံးလေး ယောက်ဟာ နောင်တစ်ချိန် သူတို့အရွယ် ရောက်လာကြတဲ့အခါမှာ ကမ္ဘာကြီး ကိုတောင် ကိုင်လှုပ်နိုင်ကြတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်လာကြပါတယ်။ သူတို့ဆိုတဲ့ လူပုဂ္ဂိုလ်တွေက လော်စစ်ဟန် (ထိုစဉ်က ၁၃ နှစ်) နောက်ပိုင်းကာလတွေမှာ ''ကိုးကန့်ဘုရင်'' လို့ တွင်ကျယ်တဲ့ ဖုန်းကျားရှင် (ကျားစိမ်း ၁၄) နှစ်၊ နောက်ပြီး တော့ ခွန်ဆာ (အသက်အငယ်ဆုံးလေး။ ဒါပေမဲ့ သူ့အသက် ၂၀ ရောက်တော့ မှ ကိုးကန့်စစ်ပညာ ကျောင်းတက်တာပါ) ။ 

၁၉၄၈ ခုနှစ်မှာ လော်စစ်ဟန်ဟာ ကိုးကန့် အစိုးရဖွင့်လှစ်တဲ့ကျောင်းမှာ မူလတန်းအောင်ခဲ့ပြီးတဲ့နောက် ''ကူမင် တန် အကြွင်းအကျန်တွေက ဖွင့်လှစ်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပညာကျောင်း ကြီးကို တက်ရောက်ပညာဆည်းပူးပါတယ်။ ဆရာက ကူမင်တန်တပ် အကြွင်း အကျန်စစ်တပ်တွေအထဲက ဝမ်ပူစစ်တက္ကသိုလ်ကျောင်းဆင်း စစ်သားဟောင်း ကြီး ဖြစ်ပါတယ်။ ပထမဦးဆုံး ကျောင်းဆင်းတဲ့ သင်တန်းသား ၂၂ ဦးကို ဒု ဗိုလ်  စစ်ရာထူးဘွဲ့ အပ်နှင်းလိုက်တယ်။ လော်စစ်ဟန်က အသက်အငယ်ဆုံး ဖြစ်တယ်။ ဒီတုန်းကမှ ၁၄ နှစ်သားလေးပဲ ရှိပါသေးတယ်။ လူပြော သူပြောအရ သိရတာက စစ်ပညာသင်တန်းကျောင်းရဲ့ သူ့အမှတ်စာရင်း က သာမန်ထဲကပါပဲ။ ဘာမှ ထူးထူးချွန်ချွန်ရယ်လို့ မရှိပါဘူး။ အဲပြောရမှာ တစ်ခုတော့ ရှိပါတယ်။ သူ့မှာ အထက်ကို တက်လှမ်းလိုတဲ့ စိတ်ဆန္ဒက အလွန်ကြီးမားတယ်။ ဒါကြောင့်လည်း ထိုစဉ်တုန်းက အဲဟိုမှာ ရှိနေကြတဲ့ ကူမင်တန်တပ် အကြွင်းအကျန်တပ်ဖွဲ့ စစ်ဗိုလ်ကြီးတွေရဲ့ ခိုင်းသမျှကို ကျိုးကျိုး နွံနွံ ပေါ့ပါးဖျတ်လတ်စွာ လုပ်ပေးကိုင်ပေး၊ ပြေးလွှားပေးတတ်တယ်။ ဒါကြောင့် လည်း စစ်ဗိုလ်ကြီးတွေက သူ့ကို ဟန်တရုတ်တို့ရဲ့ အနာဂတ် ထွန်းပေါက်မယ့် ကြယ်တစ်ပွင့်ဆိုတဲ့ အဓိပ္ပာယ်ပေါက်ရောက်တဲ့ (လိုစင်းဟန်) လော်စစ်ဟန်ဆိုတဲ့ တရုတ်နာမည် မှည့်ပေးလိုက်ကြတာပါပဲ။

စစ်ပညာသင်တန်းကျောင်းပြီးတဲ့နောက် လော်စစ်ဟန်ဟာ ၄င်းနယ်မြေ ဒေသက စော်ဘွားကြီး ယန်းမိသားစုရဲ့ ကာကွယ်ရေးတပ်ဖွဲ့မှာ တပ်မှူးလေး အဖြစ် တာဝန်ထမ်းရွက်ပါတယ်။ စော်ဘွားကြီး ယန်းမိသားစုအကြောင်းအစပြု တော့မှ ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းလှပြီး စိတ်ဝင်စားစရာလည်း အင်မတန် ကောင်းလှတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ချန်ထားလို့ မရပါဘူး။ သူ ကတော့ မမလေး ယန်းအော့လို့ အမည်တွင်တဲ့ ယန်းကျင်းရှုပါ။ (အောလစ်ယန်း လို့ လူသိများတယ်။ မြန်မာပြန်ဆိုသူ၏ မှတ်ချက်) မမလေးယန်းက စော်ဘွားကြီး ယန်းကျဲန်ချိုင်ရဲ့ ညီမလေးပါ။ ရုပ်ဆင်း ရူပကာက ချောမှချော။ ဖယောင်းရုပ် သွင် ပန်းပွင့်လေးအလား လှမှ လှ။ ချောမောလှပတယ်ဆိုပေမယ့် ပျော့ဖတ်ဖတ်၊ နူးညံ့ညံ့အစားထဲကလို့ မထင်လိုက်ပါနဲ့။ စိတ်ဓာတ်ခွန်အားက အင်မတန်မှ ခိုင်မာပြတ်သားတယ်။ ခက်လည်း ခက်ထန်တယ်။ ငယ်စဉ်တောင်ကျေးကတည်း က ယောကျာ်းလေးအတိုင်းပါပဲ။ အနုအယဉ်ဘက်မှာ စာတွေ၊ ပေတွေလိုက် စားတယ်။ အကြမ်းဘက်မှာ မြင်းစီး၊ လှံထိုး၊ ဓားခုတ်၊ သေနတ်ပစ်၊ ဗန်တို ဗန်ရှည် နှံ့နှံ့စပ်စပ်၊ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတယ်။ ဝတ်လိုက်ရင် ယောကျာ်းလေးအဝတ်။ အရွယ်ရောက်လာတော့ ခါးကြားမှာ ပစ္စတိုနှစ်လက်က အမြဲတမ်း ထိုးထားတယ်။ သေနတ်နှစ်လက်ကို တစ်ပြိုင်တည်း လျှပ်တပြက် ဆွဲထုတ်ပြီး ပစ်မှတ်နှစ်ခုကို တည့်တည့်ကြီး ထိမှတ်အောင် ပစ်ခတ်နိုင်တဲ့ စွမ်းအင်တွေ မမလေး ယန်းအော့မှာ ရှိနေတယ်။ ငယ်ငယ်ကလေးတည်းက မြင်း၊ လား၊ ဘိန်းကုန်စည်ကူးသန်းတဲ့ တပ်ဖွဲ့ကြီးနဲ့ အတူလိုက်ပါတတ်တယ်။ မမလေးယန်းအော့ရဲ့ အစ်ကို စော်ဘွားကြီးမှာ လားအကောင်ရေပေါင်း ထောင်ကျော်တဲ့ ကုန်စည်ကူးသန်းတဲ့ တပ်အင်အား ရှိတယ်ဆိုပေမယ့်လည်းပဲ မမလေးယန်းအော့ကလည်း အားကျမခံနဲ့ သူ့အသက် ၁၈ နှစ်အရွယ်မှာ သူ့ ကိုယ်ပိုင် တပ်သားအင်အား ၂၀ဝ ကျော်၊ လက်နက်အပြည့်အစုံ တပ်ဆင်ထား တဲ့ တပ်အင်အားရှိတယ်။ မမလေးယန်းအော့ သူ့ကိုယ်ပိုင်တပ်မှာ သူမစိတ်ကြိုက် လက်ရွေးစင် ခန့်အပ်ထားတဲ့ တပ်မှူးကတော့ နောင်တစ်ချိန်မှာ မြန်မာတွင်မက ဘဲ ကမ္ဘာကိုပါ ဟိုးလေးကျော်သွားမယ့် လော်စစ်ဟန်ပါပဲ။

၅၀ ခုနှစ် ကာလတုန်းက လော်စစ်ဟန်ဟာ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်နဲ့ စစ်ဖြစ်ကြတော့ လော်စစ်ဟန်တို့ဘက်က စစ်ရှုံးသွားတယ်။ စစ်ရှုံးတဲ့ လော်စစ်ဟန်တို့ တပ်ဖွဲ့တွေက လောင်းကိုင်က အရပ်သူ အရပ်သား တွေကိုပါ သူတို့တပ်ဖွဲ့နဲ့အတူ အတင်းအကြပ် ဆုတ်ခွာခိုင်းတယ်။ အိမ်ထောင်စု အရေအတွက် ၈၀ဝ လောက် ရှိပါလိမ့်မယ်။ သူတို့ ဆုတ်ခွာပြီးတာနဲ့ လောင်း ကိုင်တစ်ရွာလုံးကို မီးတင်ရှို့ဖျက်ဆီးလိုက်တယ်။ လောင်းကိုင်ရွာကြီးဟာ မီးဘေးသင့်တာ နှစ်ကြိမ်မြောက် ဖြစ်သွားပါပြီ။ ပထမတစ်ကြိမ်က ဂျပန်တွေရဲ့ လက်ချက်။ ဂျပန်ကို တွန်းလှန်တိုက်ခိုက်စဉ်တုန်းက အချိန်ပေါ့။ ခုလော်စစ်ဟန် တို့ တစ်ရွာလုံး ပြာကျစေတဲ့ မီးရှို့မှုကြီးက ဒုတိယအကြိမ်။

လော်စစ်ဟန်က မမလေးယန်းအော့ထက် အသက် ဆယ်နှစ်ကျော် ကျော် ငယ်ရွယ်တယ်။ မမလေးယန်းအော့ အားထားရတဲ့ လက်ရုံးတစ်ဆူ ဖြစ်တယ်။ နောက်ဆုံး ကိုးကန့်သမိုင်းမှာ ''ထင်ပေါ်ကျော်ကြား သြဇာအရှိန်အဝါ ကြီးမားတဲ့ ပုဂ္ဂိုလ်'' ဖြစ်သွားပါတယ်။ ၆၀-၇၀ ခုနှစ်တွေကို ရောက်လာတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဘိန်းရာဇာကြီး ဖြစ်သွားလေတယ်။ လော်စစ်ဟန်ဟာ ကိုယ့်ရဲ့စွမ်းအား၊ လုံ့လဝီရိယအားထုတ်မှုတွေနဲ့ ဟိုးစောစောပိုင်း မြင်း၊ လား ဘိန်းကုန်ကူးတဲ့အလုပ်ကို လုပ်စဉ်တုန်းကတည်းက လော်စစ်ဟန်ဟာ မမလေး ယန်းအော့ ယုံကြည်အားထားရတဲ့ လက်ရုံးတစ်ဆူပေါ့။

တစ်နှစ်မှာ လုပ်စရာ ကိုင်စရာ ဘာတစ်ခုမှမရှိ အိမ်တွင်းအောင်းနေရ တဲ့ လော်စစ်ဟန်၊ လောင်းကစားအကျင့်ဆိုးကြီးဘက်ကို ယိမ်းပါသွားတယ်။ လောင်းကစားဝိုင်းကြီးထဲ နစ်မွန်းသွားတဲ့ သူ့ဘဝ၊ အကြွေးတွေ တနင့်တပိုးကြီး တင်သွားပါလေရော။ သူ့ဖခင်နဲ့ အချီအချ အကြီးအကျယ် အချင်းများကြလေ တယ်။ သူ့ကို အမြဲတမ်း ဖေးမကြည့်ရှုတဲ့ မမလေး ယန်းအော့ကယ်ပေလို့ပေါ့။ တင်သမျှ အကြွေးအားလုံး မမလေး ယန်းအော့ တာဝန်ယူဆပ်ပေးတယ်။ လောင်းကစားစည်းဝိုင်းထဲက ခုန်ထွက်ဖို့ စိတ်ဓာတ်ခွန်အားတွေပါ ပေးတယ်။ ဒါတင် ဘယ်ကဦးမှာလဲ၊ ဘိန်းချည်းပဲ သီးသန့်ရောင်းချတဲ့ ကုမ္ပဏီကြီးတစ်ခုကို ပါ တည်ထောင်ပေးလိုက်ပြန်ပါသေးတယ်။ လော်စစ်ဟန်တို့ ဟန်ကို ကျသွား ပြန်တယ်။

မမလေးယန်းအော့ အကြောင်းကို ပြောရင် ဟောဒီ အကွက်တစ်ကွက် ကို ဘယ်ချန်ထားလို့ ဖြစ်မှာလဲ။ တစ်နေ့ မမလေးယန်းအော့ ဘယ်လိုစိတ်ကူး စိတ်သန်းတွေ ပေါက်လာ၊ ချင်ခြင်းတွေ တသလဲ မသိပါဘူး။ အဖော်မပါ တစ်ယောက်တည်း ဂျစ်ကားတစ်စီးမောင်းပြီး မြန်မာအစိုးရ စစ်တပ်ထိန်းချုပ် ထားတဲ့ နယ်မြေ နက်နက်ရှိုင်းရှိေင်းထဲ ဝင်သွားပါလေရော။ မမလေးယန်းအော့ ထင်မှတ်မှားနေတာက သူမလို နာမည်ကျော်ကြားတဲ့ သူကိုဖြင့် မှတ်မိကြလိမ့် မယ် မဟုတ်ဘူးရယ်လို့ ထင်မိတယ် ထင်ရတာပဲ။ ကဲ နောက်ဆုံးတော့ ဂိတ် ပေါက်စောင့် အစိုးရ စစ်ထောက်လှမ်းရေးက သူမကို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ပဲ ကားပေါ်က ဆင်းပေးဖို့ကို ဖိတ်ခေါ်ကမ်းလှမ်းလိုက်တယ်။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတယ်။ အားထားရတဲ့ လော်စစ်ဟန် လအတန်ကြာ စောင့်ကြည့်နေကြတယ်။ အခွင့်အရေးရတာနဲ့ အတင်းဝင် အတင်းကယ်ကြတယ်။ ရာကျော်တဲ့ တပ်သားတွေ သေကြေဒဏ်ရာရမှု တန်ဖိုးကြီးကြီးမားမားပေးပြီး အစိုးရစစ်တပ်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲလိုက်ရတယ်။ မမလေး ယန်းအောကို အတင်း ကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။ လော်စစ်ဟန်ရဲ့ အာဏာ ကိုးကန့်မှာ ကြီးသထက် ကြီးလာပါတယ်။

၂၀ ရာစုခေတ် ၆၀ ခုနှစ်ပိုင်း ယန်းစော်ဘွားမိသားစု ကိုယ်ပိုင်လက် နက်ကိုင်တပ်ဖွဲ့ မြန်မာစစ်အစိုးရစစ်တပ်ရဲ့ ဖြိုခွင်းတာကို ခံလိုက်ရတယ်။ သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်သားအများအပြားက ကူမင်တန် အကြွင်းအကျန်တပ် ဖွဲ့ထဲကို ပူးပေါင်းဝင်လိုက်ကြတယ်။ လော်စစ်ဟန်လည်းပဲ ''ကူမင်တန်တပ်'' ထဲ ဝင်လိုက်တယ်။ ၁၉၆၁ ခုနှစ် ကူမင်တန်တပ်နဲ့ မြန်မာတပ်တိုက်ကြတော့ ကူမင်တန်တပ် စစ်ရှုံးသွားပါတယ်။ ကူမင်တန်တပ်ဖွဲ့ ဒုတိယအသုတ် ထိုင်ဝမ်ကို ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်း၊ ရွှေတြိဂံရဲ့ ပုံစံအနေအထားဟာ လုံး လုံးကို ပြောင်းလဲသွားပါတယ်။

၁၇-၈-၁၉၆၃။ မြန်မာစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအပြင် အရှေ့မြောက်ပိုင်းစစ်ဒေသတို့ တစ်ပြိုင်တည်း စစ်ဆင်ရေး ဆင်နွှဲလိုက်ကြတယ်။ ကိုးကန့်ဒေသက ဦးစီးခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေကို အတင်းထိုးဖောက် ဝင်ရောက် ရှာဖွေကြပါတယ်။ ယန်းဝန်ချိန့်ကို ရန်ကုန်မြို့၊ ယန်းကျဲန်ချိုင်ကို လားရှိုးမှာ၊ မမလေးယန်းအော့ကိုလည်း ရန်ကုန်မှာ၊ လော်စစ်ဟန်ကိုတော့ တောင်ကြီးမြို့မှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းလောက်ကို ဖမ်းဆီးလိုက်ပါ တယ်။ မကြာခင်နောက်ပိုင်းမှာ လော်စစ်ဟန်တို့က အထူးလက်တွဲပူးပေါင်းပြီး ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင် အဖွဲ့အစည်းကို တိုက်ကြမယ်။ ဒါ့အပြင် မြန်မာအစိုးရကို ဦးစီးခေါင်းဆောင်အရာမှာ ထားမယ်ဆိုတဲ့ အချက်ကိုလည်း သဘောတူလိုက်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေမှာကိုလည်း သဘောတူလိုက်ပါတယ်။ မြန်မာအစိုးရကလည်း သူတို့ကို မြန်မြန်ဆန်ဆန်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် လူသူ မြင်း၊ သေနတ်လက်နက်တွေအား လုံး ပြန်လည်ပေးအပ်လိုက်ပါတယ်။ လော်စစ်ဟန်ကို ကိုးကန့်ကာကွယ်ရေးတပ် တပ်မှူးတာဝန်အပ်နှင်းလိုက်ပြီး ကိုးကန့်ဆီ အမြန်ပြန်သွားပြီး ''ဆူပူအုံကြွ'' တဲ့ တပ်ဖွဲ့ကို နှိမ်နင်းခိုင်းလိုက်တယ်။

မြန်မာအစိုးရ ချီးမြှင့်တော်မူတဲ့ ''ဘုရင့်သန်လျက်'' ကို လော်စစ်ဟန် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကိုးကန့်ဆီ ပြန်သွားလေတယ်။ အခွင့်အခါ သင့်တာနဲ့ ယန်းမိသားစု လက်နက်ကိုင်တပ်ဖွဲ့ကြီးကို ဝါးအစည်းပြေသလို နှိမ်နင်းရှင်းပစ်လိုက်ပြီး ကိုယ်ကိုယ်တိုင် အစားထိုးတက်သွားလေတယ်။ ''သူ ပုန်သူကန် နှိမ်နင်းမှု'' မှာ စွမ်းဆောင်မှုမရှိတာကြောင့် မြန်မာအစိုးရက လော် စစ်ဟန်ကို ''ကိုးကန့်ခရိုင် ပြည်သူ့အစိုးရ ဥက္ကဋ္ဌ''အဖြစ် ချီးမြှင့်ခန့်အပ်လိုက်ပါ တယ်။ ''ယန်းကာကွယ်ရေးတပ်ဖွဲ့'' ကနေ ''လော်ကာကွယ်ရေးတပ်ဖွဲ့'' အဖြစ် ပြောင်းလဲသွားလေတယ်။ ''ယန်းစစ်တပ်'' တစ်စိတ်တပိုင်းကို လော်စစ်ဟန် ခေါင်းဆောင်ပြီး ကိုးကန့်နယ်မြေတကြောမှာ ရှေးဟောင်းဆန်တဲ့ ဘိန်းကုန်ကူး လက်နက်ကိုင်အစောင့်အကြပ်လုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်လေတယ်။ လော်စစ်ဟန်ရဲ့ လက်နက်ကိုင် အခြံအရံတပ်ဖွဲ့ကြီးက ဘိန်းကုန်သည်တွေရဲ့ ဘိန်းတွေကို ခရီးရှည်စောင့်ရှောက်ကာကွယ်ပေးတဲ့ အထူးတပ်ဖွဲ့ဖြစ်ပါတယ်။ ကိုးကန့်နယ်မြေဒေသဟာ ထိုတုန်းက မြန်မာပြည် မြောက်ပိုင်းဘိန်းစုစည်းဖြန့် ကျက်ရာ အရေးပါတဲ့ ဒေသကြီးဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ စောင့်ကြပ်ခြံရံ တဲ့ လုပ်ငန်းဟာ ကြာလေကြာလေ ပိုပိုတွင်ကျယ်လာလေ ဖြစ်ချေတယ်။ အကျိုးအမြတ် မြက်မြက်ကြီးရလေတာကြောင့် သူ့လုပ်ငန်းကို ပိုပြီး ကြိုးပမ်း လုပ်ဆောင်လေတယ်။

လော်စစ်ဟန်ရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာက နိုင်ငံရေးနောက်ခံ ရှိ နေပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတက်လာတဲ့နောက် စစ်တပ်အာဏာ ချုပ်ကိုင်တဲ့ စနစ်နဲ့် အုပ်ချုပ်လေတယ်။ အစိုးရဆန့်ကျင်တဲ့ ပုန်ကန်မှုတွေလည်း အဆက်မပြတ် ပေါ်ပေါက်နေတဲ့ကာလဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ် စီရင် နည်းတစ်ရပ်အနေနဲ့ ဗိုလ်ချုပ်နေဝင်းက ရှမ်းတိုင်းရင်းသား ကာကွယ်ရေးအဖွဲ့ အစည်းကို ခွင့်ပြုလိုက်ပါတယ်။ လူအင်အား ၂၀ အထက်ရှိတဲ့ ပုဂ္ဂလိက လက် နက်ကိုင်တပ်ဖွဲ့ဟာ ပြည်ထောင်စုအစိုးရကို သစ္စာခံတယ်ဆိုရင် ဒီတိုင်းရင်းသား် လက်နက်ကိုင်အဖွဲ့ကို ရပ်တည်ခွင့်ပြုပါတယ်။ ဒီလိုမျိုး အဆိပ်ကို အဆိပ်နှင့် နှိမ်နင်းခြင်းလုပ်နည်းလုပ်ဟန်က အပေါ်ယံက ကြည့်လိုက်ရင်တော့ အင်အားစု အသီးသီးက ''သူပုန်သူကန်'' တွေကို သိမ်းသွင်းလိုက်တဲ့ ဟန်ပန်ကို ယိမ်းပြ လိုက်ပြီး လက်တွေ့ပိုင်းလုပ်ရပ်ကတော့ ပုဂ္ဂလိက ဘိန်းကုန်ကူးတဲ့ အဖွဲ့အစည်း တိုင်းကို ကူးသန်းခွင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဘာကြောင့်ဆို မြန်မာပြည်မြောက်ပိုင်းက လူသူအပေါက်အရောက်နည်းပါးတဲ့ တောကြိုအုံကြားက ပုဂ္ဂလိက လက်နက်တပ်ဆင်ထားသူတွေကို စည်းရုံးဆွဲဆောင် တာမှာ သူတို့တတွေကို ဘိန်းကူးသန်းရောင်းဝယ်ခွင့်ပေးလိုက်ခြင်း နည်းလမ်း တစ်ခုပဲ ရှိပါတယ်။ (နောက်ပိုင်းမျာ ထိုင်းအစိုးရလည်းပဲ ကူမင်တန် တပြွ်ကင်း တပ်ကျန်တွေကို ဗိုလ်နေဝင်းရဲ့ နည်းလမ်းအတိုင်း အသုံးပြုပြီး ခေါင်ယားတောင် က ထိုင်းအစိုးရကို ပုန်ကထြွကတဲ့ ပြောက်ကျားတွေကို တိုက်ခိုင်းလိုက်တယ်။ ဒါဟာ ဗိုလ်နေဝင်လုပ်ရပ်နဲ့ တထပ်တည်းကျနေပါတယ်)

နေဝင်းအစိုးရက လော်စစ်ဟန်ကို စည်းရုံးသိမ်းသွင်းလိုက်တယ်။ ဒါဟာ မြန်မာပြည်မြောက်ပိုင်းက သပွတ်အူလိုက်နေတဲ့ အခြေခံ အမျိုးသားရေး ရာတွေကို ဖြိုခွဲလိုက်ခြင်းပဲဖြစ်ပါတယ်။ အစိုးရစစ်တပ်က လော်စစ်ဟန်ဂိုဏ်းရဲ့ ဘိန်းအများအပြားကို ဖမ်းဆီးလိုက်တယ်။ စစ်ထောက်လှမ်းရေးတပ်ဖွဲ့က လော်စစ်ဟန်နဲ့ကြိတ်ပြီး အပေးအယူလုပ်လိုက်တယ်။ တောင်းဆိုချက်တွေကို ချပြလိုက်တယ်။ လော်စစ်ဟန်တပ်ဖွဲ့က အစိုးရကို သစ္စာခံတဲ့ နယ်မြေကာကွယ် ရေးတပ်ဖွဲ့ဟာ ရှမ်းပြည်နယ်ထဲမှာ အစိုးရထိန်းချုပ်တဲ့ လမ်းမကြီးတွေ မြို့ပြတွေ မှာ ဘိန်းမှောင်ခိုခွင့်ကို ခွင့်ပြုထားမှာဖြစ်တယ်။ ဒါပေမဲ့ အစိုးရစစ်တပ်နှင့် ပူးပေါင်းပြီး ၄င်းနယ်မြေဒေသမှာရှိတဲ့ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကို ကူတိုက်ပေးရမှာဖြစ်တယ်။ နေဝင်းအစိုးရရဲ့ တောင်းဆိုချက်အားလုံးကို လော်စစ်ဟန် သဘောတူလက်ခံလိုက်ပါတယ်။

လော်စစ်ဟန်နှင့် ဖုန်ကျားရှင်၊ စော်ဘွားယန်းကျဲန်ချိုင် ညီနောင်၊ ဒီ သုံးအုပ်စု၊ ဂိုဏ်သုံးဂိုဏ်းကို ''သုံးနိုင်ငံငယ်'' လို့ ခေါ်တွင်ကြတယ်။ လော်စစ်ဟန် က လားရှိုးမှာ ကိုးကန့်ကွန်မြူနစ်ဆန့်ကျင်ရေးကျောင်း ဖွင့်လှစ်လိုက်တယ်။ ကျောင်းအုပ်အဖြစ် သူ့ကိုယ်သူ ခန့်အပ်လိုက်တယ်။ အခြေမြင့်သွားတဲ့ လော် စစ်ဟန်ဟာ လားရှိုးကို ဗဟိုချက်မထားပြီး အခန့်သား ထိုင်နေလေတယ်။ နှစ် စဉ် ဘိန်းတန်ချိန် ၂၀ဝ လောက်ကို သယ်ဆောင်ပြီး လွှဲပြောင်းရောင်းချမယ်။ ဒါကို တစ်နှစ်ကို နှစ်ကြိမ်လောက်ပဲ ပြုလုပ်ပါတယ်။ အကျိုးအမြတ်က အရမ်း ကို ရတာကိုး။ ဒေါ်လာ ၆ သန်း၊ ၇ သန်းတောင် ရပါတယ်။ လော်စစ်ဟန်မှာ လားအစီးရေပေါင်း ထောင်ကျော် ပိုင်ဆိုင်ပါတယ်။ သူ့လားအုပ်ကြီးက မူးယစ် ဆေးဝါး ကူးသန်းရောင်းဝယ်ရေးမှာ အစွမ်းကုန် ဆောင်ရွက်နိုင်ပါတယ်။ သူ ဟာ သူ့ကိုယ်ပိုင် ဟီးရိုးအင်း ဘိန်းဖြူချက်စက်ရုံအတော်များများ ပိုင်ဆိုင်ပြန်ပါ သေးတယ်။ များပြားလှတဲ့ ဘိန်းဂိုဒေါင်ကြီးတွေကလည်း ဟီးထလို့ နေပြပါသေး တယ်။ လော်စစ်ဟန်ရဲ့ လက်ထဲမှာ ဘိန်းထုတ်လုပ်ဖြန့်ဖြူးအဖွဲ့ နဂါးကြီးတစ် ကောင်ရှိနေပါပြီ။ သူဟာ ရွှေတြိဂံနယ်မြေဒေသက ''ဘိန်းရာဇာကြီး'' ဖြစ်သွား ပါပြီ။

အမေရိကန်  က လော်စစ်ဟန်ကို ''ဘိန်းဗိုလ်ချုပ်'' လို့ သမုတ်ပြီးတဲ့နောက်၊ အဲဒီ ''ဘိန်းဗိုလ်ချုပ်'' နာမည်ကြီးက ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ လော်စစ်ဟန်တို့ မိုးကောင်စဉ်အခါတုန်းက မြင်းတွေ၊ လား တွေ အကောင်ရေထောင်ချီဆန့်တဲ့ သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ရွာအကြီးကြီး ကို တည်ဆောက်လိုက်တယ်။ သူတို့ တပ်ဆင်ထားတဲ့ လက်နက်တွေဟာ ခေတ်မီဆန်းပြားတဲ့ လက်နက်တွေဖြစ်တယ်။ လော်စစ်ဟန်ရဲ့ ခေတ်မီဆန်းပြား တဲ့ လက်နက်တပ်ဆင်ထားတဲ့ ကိုးကန့်ကာကွယ်ရေးတပ် အတောင့်တင်းဆုံး အချိန်မှာ တပ်သားအင်အား ခြောက်ထောင်ကျော်တဲ့ စစ်တပ်တစ်တပ်ပါ။ နှစ်ကာလ အတော်များများမှာတော့ တပ်ဖွဲ့အင်အား ၁၀ဝ၀ ကျော်၊ ၂၀ဝ၀ ကျော်ကျော် အမြဲတမ်းလို ရှိတဲ့ ဘိန်းကုန်ကူးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်။ ထိုတုန်းက ကမ္ဘာပေါ်မှာ ထိပ်တန်း ဘိန်းရာဇကြီးဖြစ်ပါတယ်။

၁၉၆၇ ခုနှစ် ''ဘိန်းဗိုလ်ချုပ်'' လော်စစ်ဟန်နှင့် နောက်ပေါက် ''ဟီး ရိုးအင်း ဘိန်းဖြူဘုရင်ကြီး'' ခွန်ဆာတို့ ဂိုဏ်းအုပ်စုကြီးနှစ်ခု ဘိန်းသမိုင်းမှာ ထင်ပေါ်ကျော်ကြားတဲ့ ဘိန်းစစ်ပွဲကြီးဖြစ်ပွားလေတယ်။ လော်စစ်ဟန်ပိုင်ဆိုင် တဲ့ နယ်မြေက မြောက်ဘက်က မိုင်းတုံကို အခြေစိုက်စခန်း တည်ထားပါတယ်။ မန်ထုံးရွာ တပ်စခန်းကြီးတွေဖြစ်ပါတယ်။ ဘိန်းကုန်ကူးမှုကြီး လုပ်ကိုင်တဲ့ နယ်မြေအစိတ်အပိုင်းကြီးကတော့ မြောက်ဘက်ကနေပြီး တောင်ဘက်ပိုင်း ထိုင်း၊ လော၊ မြန်မာ သုံးနိုင်ငံ ဆက်စပ်နေတဲ့ တောင်တန်းနယ်မြေ တောနက် ကြီးတွေကို ဝင်ရောက်ဖြတ်သန်းရပါတယ်။ (ဒါဟာ ခွန်ဆာပိုင် နယ်မြေအနီး အနားမှာ ရှိနေပါတယ်) ဒီလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တာမှာ တစ်နေ့တခြား တစတစ အင်အားကြီးထွားလာပြီး ဘိန်းဈေးကွက်ကို လုနေရတဲ့ ခွန်ဆာဂိုဏ်း အုပ်စုကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မတိုးရအောင် သတိကြီးစွာထားပြီး ရှောင်လွှဲနေ ရင်းကနေ တစ်နေ့မှာ တည့်တည့်ကြီးကို ရင်ဆိုင်တိုးမိလေတယ်။

လော်နှင့် ခွန် ကြီးကျယ်ပြင်းထန်တဲ့ ဒီစစ်ပွဲကြီးကို ကိုးကန့်သားတွေ အားလုံး သိရှိကြပါတယ်။ ကိုးကန့်အထူးဒေသ လုံခြုံရေးဌာနက လူတွေ သတင်းထောက်တွေကို ထုတ်ပြောကြပါတယ်။ ''ဘိန်းဗိုလ်ချုပ်'' လော်စစ်ဟန် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြီး သယ်ဆောင်သွားတဲ့ ဘိန်းတန်ချိန် ပမာဏဟာ ကြောက်ခမန်းလိလိပါပဲ။ အရမ်းကို များပါတယ်။ အဲဒီတိုက်ပွဲ ဖြစ်ကြတဲ့အကြိမ် သယ်ဆောင်တဲ့ ဘိန်းတန်ချိန်ပေါင်းက ပြောကြတဲ့ အဆိုအရ တန်ချိန် ၄၀ ကျော်၊ ၅၀ တောင်ရှိတယ်လို့ ဆိုပါတယ်။ အဆီတဝင်း အသားတုံး ကြီး ပါးစပ်နားကို ရောက်လာနေပြီ။ ဘယ်အလွတ်ခံလို့ ဖြစ်လိမ့်မလဲ၊ ခွန်ဆာနဲ့ စစ်အတိုင်ပင်ခံဦးစီးချုပ် ကျန်းစူးချွမ်တိုင်ပင်ပြီး လော်စစ်ဟန်ဦးဆောင်တဲ့ ကိုးကန့်ဘိန်းကုန်ကူးတဲ့ လားတပ်ဖွဲ့နောက်ကို နောက်ယောင်ခံလိုက်ဖို့ တပ်တွေ စေလွှတ်လိုက်တယ်။ ခြေသံလုံလုံနဲ့ နောက်ကနေ လိုက်ပါလိုက်တာ ရက်ပေါင်း လေးဆယ်ကျော်သွားတယ်။ ခွန်ဆာကိုယ်တိုင် တပ်သားသုံးထောင်ကျော် ချုံခို ပုန်းအောင်းနေတယ်။ လော်စစ်ဟန်တို့ ပိုက်ကွန်ထဲ အရောက်ကို စိတ်ရှည်ရှည် စောင့်နေကြတယ်။ လော်စစ်ဟန်ကလည်း ခေလှတဲ့သူမှ မဟုတ်တာ၊ ဒီလုပ်ငန်း နယ်ပယ်မှာ ရင့်ထော်နေပြီလေ။ ခွန်ဆာရဲ့ ထောင်ချောက်နား ရောက်အလာမှာ လော်စစ်ဟန် ခပ်လှမ်းလှမ်းက ပထဝီတောတောင်ရေမြေရဲ့ ခက်ထန်ကြမ်းတမ်း မှုကို သတိထားမိပြီး ရပ်ခိုင်းလိုက်တယ်။ ကင်းထောက်တပ်ဖွဲ့ကို တစ်သုတ်ပြီး တစ်သုတ် ဖုတ်ပူမီးတိုက်စေလွှတ် ထောက်လှမ်းခိုင်းလိုက်တယ်။ ဘဝင်မကျတာ နဲ့ လမ်းကြောင်းပြောင်း ကွေ့ဝိုက်သွားဖို့ အမိန့်ပေးလိုက်တယ်။ ခွန်ဆာတို့ရဲ့ ဝန်းရံပိတ်ဆို့ထားမယ့် အကွက်အကွင်းက လွတ်ထွက်သွားတယ်။ အပိုက်တွက် ထားတဲ့ ခွန်ဆာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ညီတော့ပါ။ အတင်းဝင် အတင်း တိုက်လေတော့တယ်။

အဲဒီအခေါက် လော်စစ်ဟန်ရဲ့ ဘိန်းကုန်ကူးတဲ့ အသုတ်မှာ မြင်းကောင် ရေ ၆၀ဝ ကျော်ပါတယ်။ တိုက်ရည် ခိုက်ရည်ပြည့်ဝတဲ့ ရဲစွမ်းသတ္တိရှိတဲ့ ဘိန်း ကာကွယ်စောင့်ရှောက်ရေးတပ် အမှတ် နှစ် တပ်ဖွဲ့ချုပ်က တပ်သားအင်အား ၁၅၀ဝ ကျော် ပါလာပါတယ်။ လက်နက်တွေကလည်း တကယ့်ခေတ်မီဆန်းပြား တဲ့ ဟာတွေပါ။ အမေရိကန်လုပ် ြ-၁၆ အော်တိုမစ်တစ် ရိုင်ဖယ်သေနတ်တင် မကသေးပါ။ နောက်ပြန်တွန်းကန်အားနဲ့ အမြှောက်လက်နက်တွေ၊ စစ်သေနတ် ကြီး (စက်ကြီး) တွေ၊ အများအပြား ပါဝင်ပါတယ်။ ကျန်းစူးချွမ်နှင့် ခွန်ဆာက ရှေ့နောက်နှစ်ဖက် ညှပ်ပြီး မီးကုန်၊ ယမ်းကုန် ဒလကြမ်း ပစ်ခတ်တဲ့ တိုက်နည်း ကို အသုံးပြုပါတယ်။ ကျန်းစူးချွိုင်က သူ့နည်းကို အကြံပြုတိုက်တွန်းပြန်တယ်။ ''ဝံပလွေအုပ် ကျားသေကို ဝိုင်းဆွဲ'' စစ်ဗျူဟာကို ခင်းလိုက်တယ်။ မိမိရဲ့ ပိုင် နက်နက်မြေထဲမှာ ချုံနွယ်ပိတ်ပေါင်းထူထပ်တဲ့ အားသာချက်တွေနဲ့ တိုက်ပွဲကို ဆင်နွှဲလေတယ်။ သုံးရက်ဆက်တိုက်လုံးလုံး တစ်ချက်ကလေးမှ အနားမပေးဘဲ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ကြပါတယ်။ သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ ပိနေတဲ့ လော်စစ်ဟန် သယ်ယူပို့ဆောင်ရေးပစ္စည်းတွေနဲ့ ဘယ်လိုမှ ဖောက်ထွက် လို့ မရနိုင်ပါ။ လူသူတွေလည်း မပြတ်ထိခိုက်ဒဏ်ရာ ရကုန်ကြတယ်။ ပြင်းထန် တဲ့ တိုက်ပွဲ သုံးရက်မှာ သေကြေဒဏ်ရာရသူပေါင်း နှစ်ရာကျော်၊ သုံးရာကျော် ရှိတယ်ရယ်လို့ ပြောကြပါတယ်။

လော်စစ်ဟန်ဟာ မထီမဲ့မြင် ပေါ့တီးပေါ့ပျက်နေတတ်သူ မဟုတ်ပါ။ အခြေအနေ မဟန်ပုံပေါက်တာနဲ့ ဒေါ်လာသန်းပေါင်းရာချီတန်တဲ့ဘိန်းတွေကို ပစ်ထားပြီး ရသမျှအင်အားနဲ့ အတင်းရုန်းထွက်လိုက်လေတယ်။

''နောက်မှပေါက်တဲ့ ရွှေကြာပင်'' ခွန်ဆာက သမ္ဘာရင့်တဲ့ ''ဘိန်းဗိုလ် ချုပ်'' လက်ထဲက ဘိန်းတန်ချိန်ပေါင်း ဆယ်ဂဏန်းတွေကို အတင်းလုယူသိမ်း ဆည်းလိုက်တယ်။ ငွေကြေးဓနကိုပါ အမြောက်အမြား ဖြည့်ဆည်းလိုက်ရုံတင် မကသေးပါ။ တပ်အင်အား၊ လက်နက်အင်အားကိုပါ အကြီးအကျယ် တိုးချဲ့ လိုက်နိုင်တယ်။ ဒီလိုနဲ့ ရွှေတြိဂံမှာ ပိုလို့ ပိုလို့ နာမည်ကြီးသထက် ကြီးလာလေ တယ်။ ထိုအချိန် ထိုအခါက အစပြုပြီး ''လမ်းကြောင်းပေါ်'' က ဘိန်းရောင်း ဝယ်ဖောက်ကားမှု အစိတ်အပိုင်းကြီးကို ခိုင်ခိုင်မြဲမြဲ ထိန်းချုပ်လိုက်နိုင်လေတယ်။ စစ်ရေးရှုံးနိမ့်ခဲ့။ ဘိန်းတန်ချိန် အများအပြား ဆုံးရှုံးခဲ့ရတဲ့ လော်စစ်ဟန်၊ ခံခဲ့ရ တာကို ညှိုးသူ ရန်ဘက်သဘောမထားဘဲ မကြာခင်မှာ ခွန်ဆာ့နယ်မြေထဲ သူကိုယ်တိုင် ရောက်လာပါတယ်။ ''အားလုံးဟာ တမြေတည်းနေ၊ တရေတည်း သောက်၊ တစ်လမ်းကြောင်းထဲ လျှောက်ကြသူတွေချည်းဖြစ်ကြပါတယ်။ သွေး စည်းညီညွတ်ရေးကို ထပ်လောင်းဖြည့်ဆည်းကြရမယ်။ ရင်ဆိုင်တိုက်ခိုက် ပဋိပက္ခဖြစ်မှုတွေ ရှောင်ရှားကြ အကျိုးတူပူးပေါင်းကြပြီး ဘုံရန်သူ မြန်မာအစိုးရ ကို ရင်ဆိုင်ဖို့ လက်တွဲအတူရှိကြရမယ်'' ဆိုတဲ့အကြောင်း ဇာတ်စုံခင်းပြလိုက် တယ်။ လော်စစ်ဟန်က ခွန်ဆာနဲ့ ကျန်းစူးချွမ်ကို ခင်းကျင်းရှင်းလင်းကြပြီး ရှေးရှေးက အမုန်းတရား ရနြွေ်ကးတွေကို အပြီးအပိုင် သင်ပုန်းချေပစ်လိုက်ပါ တယ်။ လော်စစ်ဟန်က သူ့ရဲ့ ''ဂုဏ်ရှိန်ကြီးမြင့်တဲ့ စတိုင်လ်'' ရယ် ''သံတမန် နည်းလမ်း အစွမ်းအစ'' တွေကို အသုံးပြုလိုက်ပါတယ်။ အားလုံးဟာ စိတ်ထဲမှာ သာ သိုသိပ်ထားကြပြီး၊ မကြာခင်က ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ''ဘိန်းတိုက် ပွဲ'' အကြောင်းကို ဘယ်သူကမှ တစ်လုံးတပါဒတောင် နှုတ်ဖွင့်မဟကြချေ။

လော်စစ်ဟန်မှာ ဘိန်းကုန်ကူးသန်းရောင်းဝယ်ရေးမှာ နည်းလမ်း အသွယ်သွယ်ရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်တယ်၊ ညက်ညော တယ်။ ထိုင်း၊ မြန်မာ၊ လော အစိုးရတွေရဲ့ အရေးပါအရာရောက်တဲ့သူတွေ၊ စစ်တပ်က ဦးစီးဦးဆောင် ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ၊ အကောက်ခွန်ဝန်ထမ်း ကြီး ကြီးငယ်ငယ်တွေ၊ တရားရေးရာ ရှေ့နေရှေ့ရပ် တရားသူကြီးရဲ့ ဝန်ထမ်းတွေကို သူက အနည်းနည်းအဖုံဖုံနဲ့ တံစိုးလက်ဆောင်လာဘ်တွေပေးပြီး ဆောင်ရွက်တတ် ပါတယ်။ သူ့ရဲ့ ဘိန်းအရောင်းအဝယ် လုပ်ငန်းကြီးဟာ ရွှေတြိဂံတစ်ခုထဲမှာသာ ကန့်ကန့်သတ်သတ် ရှိမနေပါ။ ဘန်ကောက်၊ ရန်ကုန်၊ စင်ကာပူ ခိလုန်အစရှိတဲ့ နေရာတိုင်းမှာ သူ့ရဲ့ အင်အားတွေကို ဖြန့်ကျက်ထားပါတယ်။ လော်စစ်ဟန်တပ်ဖွဲ့ ဖွဲ့စည်းထားမှုဟာ သပွတ်အူတမျှ ရှုပ်ထွေးနေတယ်ဆိုပေမယ့်လည်း သူ့တပ်မှာ တပ်ဆင်ထားတဲ့ လက်နက်တွေက တကယ့်ကို ခေတ်မီဆန်းပြားတဲ့ လက်နက် ကောင်းတွေ ဖြစ်တယ်။ သူ့တပ်သားတွေရဲ့ တိုက်ရည် ခိုက်ရည်ကလည်း ကောင်းမှကောင်း၊ တောင့်မှတောင့် စာရင်းဝင်တွေပါ။ ရဲရင့်တယ်၊ စွန့်လွှတ် တယ်။ အမိန့်နာခဲ့တယ်။ စနစ်တကျဖွဲ့စည်းထားပါတယ်ဆိုတဲ့ မြန်မာအစိုးရ တပ်ကတောင် အထင်မသေးဝံ့ပါ။ မူးယစ်ဆေဝါး ရောင်းဝယ်ဖောက်ကားမှုမှာ အကာအကွယ်ရဖို့က လက်နက်တပ်ဆင်ထားရေးပါပဲ။ အဲဒီမူးယစ်ဆေးဝါးကို လက်နက်တပ်ဆင်ရမှာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးဝင်ငွေနဲ့ ဝင်ထိန်းရပါလိမ့် မယ်။ သူတို့နှစ်ဖွဲ့ လက်တွဲပေါင်းစည်းလိုက်တာနဲ့ ထုထည်ပမာဏ ကြီးမားလာ တယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာအစိုးရကို ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖွဲ့အစည်းကြီးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၁၉၇၃ ခုနှစ်မှာ စိတ်လက်မအေးချမ်းတဲ့ မြန်မာအစိုးရဟာ ရှိရှိသမျှ နယ်မြေကာကွယ်ရေးတပ်အားလုံးကို ဖျက်သိမ်းတဲ့ အမိန့်ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကြေညာချက်ထဲမှာ လက်နက်အားလုံးပါ အပ်နှံရမယ်ဆို တာ ပါရှိပါတယ်။ အဲဒီအချိန်မှာ လော်စစ်ဟန်ရဲက ရွှေချောင်းတွေက မြန်မာ၊ ထိုင်းစစ်မက်၊ ရဲဘက်နှင့် အစိုးရ အရာရှိ၊ အရာခံတွေကို ကျယ်ကျယ်ပြန်ပြန့် အလဲထိုးနိုင်လိုက်နိုင်ပါပြီ။ မြန်မာအစိုးရ အခုထုတ်ပြန်တဲ့ အမိန့်က အပေါ်ယံ ကြောက ကြည့်လိုက်ရင်တော့ ရှိသမျှ ဘိန်းကာကွယ်စောင့်ရှောက်ရေးနှင့် လက်နက်ကိုင်တို့ရဲ့ အင်အားကို ဖြတ်တောက်လိုက်တာဖြစ်တယ်ရယ်လို့ ထင် ကြရတယ်။ ဒါပေမဲ့လည်း ဒီအချိန်ကာလမှာ အမွှေးအတောင်စုံလင်နေပြီဆိုတဲ့ လော်စစ်ဟန်ဟာ မြန်မာအစိုးရရဲ့ အမိန့်ကို ဂရုစိုက်မနေဘဲ ကူမင်တန် တပ် ြွကင်းတပ်ကျန်တွေနဲ့ တိတ်တဆိတ် စစ်ရေးမဟာမိတ် ဖွဲ့လိုက်ကြပါတယ်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်လေးစားပြီး မှောင်ခိုလှုပ်ရှားမှုများကို ဝင် ရောက် နှောင့်ယှက်ဟန့်တားခြင်း မလုပ်ရပါ။ အစိုးရတပ်ဖွဲ့နဲ့ လက်နက်ကိုင် ရင်ဆိုင် တိုက်ခိုက်ခြင်းကို အသစ်တဖန် ခင်းကျင်းသွားရမှာဖြစ်တယ်။

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ လော်စစ်ဟန်အုပ်စုဟာ ခွန်ဆာအုပ်စုနဲ့ ဘိန်းဈေးကွက်လုပ်ကြတဲ့ ထိပ်တိုက်ရင်ဆိုင်တိုးမှု အကြိမ်အများအပြား ဖြစ်ခဲ့ပါ တယ်။ လော်စစ်ဟန်တို့ တစ်ကြိမ်ပြီးတစ်ကြိမ် အရေးနိမ့်ခဲ့ကြတယ်။ အင်အား ပိုပိုပြီး ဆုံးရှုံးသွားရလေတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ သံခင်း တမန်ခင်းဖြစ်တဲ့ ကျလောက်အောင် ပြောတတ်တဲ့ စွမ်းအားကြောင့် လက်နက်ကိုင် ရှမ်းအမျိုးသား ကျောင်းသားအုပ်စုရယ်၊ တချို့မြန်မာအစိုးရနောက် မလိုက်ပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ဖွဲ့လိုက်တယ်။ အဲဒီမှာ ရှမ်းပြည်နယ် မဟာမိတ်ညွန့်ပေါင်းတပ် ဖွဲ့လိုက်ပါတယ်။ လော်စစ်ဟန်ကို ကွပ်ကဲအုပ်ချုပ်ရေး မှူးချုပ်အရာကို ခန့်အပ်လိုက်ပါတယ်။ အဲဒီ ၁၉၇၃ ခုနှစ် ဇူလိုင်လပိုင်းမှာပဲ ထိုင်း၊ မြန်မာနှစ်နိုင်ငံ အခွင့်ကောင်းယူပြီး ပူးပေါင်းမဟာမိတ် ဖွဲ့လိုက်ပါတယ်။ မြန်မာစစ်တပ်က အမေရိကန် ပြည်က အကူအညီပေးတဲ့ ရဟတ်ယာဉ် ၂၄ စီးရဲက အကာအကွယ်ပေးမှုကို အခွင့်ကောင်းယူပြီး စွမ်းရည်အထက်ဆုံး တပ်မ ၉၉ ၊ ၇၇ အပြင် ခြေမြန်တပ်ရင်း ၅ ရင်း၊ အမြှောက်တပ်ရင်း စုစုပေါင်း တပ်သားအင်အား သုံးသောင်းအားကို သုံးထားပါတယ်။ ထိုင်းနိုင်ငံဘက်က နယ်ခြားစောင့် ရဲတပ်အင်အား တစ်သောင်းကျော် သုံးထားပြီး လော်စစ်ဟန်တပ် ဖွဲ့ ဆုတ်လမ်းကို ဖြတ်တောက်ပစ်လိုက်တယ်။ မြန်မာစစ်တပ်ကြီးရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြီးအောက်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း လိုင်ကူတောင်က လော်စစ်ဟန်ရဲ့ တပ်စခန်းကြီး ဖြိုခွင်းခံလိုက်ရပါတယ်။ လော်စစ်ဟန်တပ်ဖွဲ့က ကစဥ့်ကလျား ဖြစ်ပြီး မြန်မာ၊ ထိုင်းနှစ်နိုင်ငံနယ်ခြား ထိုင်းနယ်ဘက်က မန်ထုံးရွာဆီ ထွက်ပြေး လေတယ်။

၆-၇-၁၉၇၃ ညနေ။ ရဟတ်ယာဉ် တစ်စီး မန်ထုံးရွာဆီ ပျံသန်းလာ တယ်။ ထိုင်းစစ်ဗိုလ်တစ်ယောက် ရဟတ်ယာဉ်ပေါ်က ဆင်းလာတယ်။ လော် စစ်ဟန်ရဲ့ အနာဂတ်ကို ဘယ်လိုစခန်းသွားမလဲဆိုတာကို လော်စစ်ဟန်နဲ့ နှစ် ယောက်ချင်း ဆွေးနွေးတိုင်ပင်ကြတယ်။ လော်စစ်ဟန် တောင်းဆိုချက်အချို့ကို ချပြလိုက်တယ်။ နောက်တစ်နေ့မှာလည်း အဲဒီထိုင်းစစ်ဗိုလ် ရဟတ်ယာဉ်နဲ့ နောက်ထပ်တစ်ကြိမ် ရောက်လာပြန်တယ်။ လော်စစ်ဟန် အေးအေးဆေးဆေးပဲ စီးကရက်ခဲပြီး မှိန်းနေတယ်။ နောက်ဆုံးသွေးစက် မြေကို သက်တဲ့အထိ တိုက် သွားကြမယ့် လက်အောက်ငယ်သားတွေရဲ့ ဖြောင်းဖျချက်တွေကို အလေးမထား ဘဲ ထိုင်းစစ်ဗိုလ်နဲ့အတူ ရဟတ်ယာဉ်နဲ့ လိုက်ပါသွားလေတယ်။

၁၇-၇-၁၉၇၃ ညနေ။ ထိုင်းပြောရေးဆိုခွင့်ရှိသူ ပြင်ပကို ထုတ်ပြန် ကြေညာလိုက်တယ်။ ''ဘိန်းဗိုလ်ချုပ် လော်စစ်ဟန်ကို အမှန်တကယ်ပဲ ဖမ်းဆီး လိုက်ပါပြီ'' အဲဒီနောက် အထူးလေယာဉ်နဲ့ လော်စစ်ဟန်ကို တင်ပြီး ဘန်ကောက် အကျဉ်းထောင်ထဲ ထည့်ပိတ်ထားလိုက်တယ်။ ၂-၈-၁၉၇၃ နေ့မှာ ထိုင်းတို့ဟာ မြန်မာအစိုးရထံ ဝကွက်အပ်နှံလိုက်ပါတယ်။ လော်စစ်ဟန် ရန်ကုန်ဆီ အပို့ခံ လိုက်ရတယ်။ မြန်မာနိုင်ငံ အစိုးရက ''နိုင်ငံတော် ပုန်ကန်မှု၊ မူးယစ်ဆေးဝါး၊ နိုင်ငံတော်စီးပွားရေးမူဝါဒ ပျက်ပြားစေမှု'' ပြစ်မှုပုဒ်မကြီးတွေနဲ့ ရုံးတင်တရားစွဲ ဆိုပြီး သေဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာ ထောင်တစ်သက်တစ်ကျွန်း ပြောင်းလဲပစ်လိုက်တယ်။

လော်စစ်ဟန် ရန်ကုန်အင်းစိန်ထောင်ကြီးမှာ သူ့ရဲ့ဘဝကို မြှုပ်နှံထား လိုက်ရတယ်။ ထောင်နန်းစံဘဝနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရလေတယ်။ အကျဉ်း စံကာလ ၇ နှစ် ကြာလာပါတယ်။ ၁၉၈၀ ခုနှစ်၊ နေဝင်းဖွဲ့စည်းထားတဲ့ စစ်သား အစိုးရသစ် ထပ်ဆင့်အာဏာရလာပြန်တယ်။ ၂၈-၅-၁၉၈၀ နေ့မှာ နိုင်ငံတဝှမ်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြီးကို ထုတ်ပြန်ကြေညာလိုက်တယ်။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ လော်စစ်ဟန် ထောင်က လွတ်မြောက်လာတယ်။

ထောင်က လွတ်မြောက်လာတဲ့ လော်စစ်ဟန်၊ ရွှေဖလားနဲ့ လက်ကို ဆေးကြောလိုက်တယ်။ ရှေးဦးဆုံး ထိုင်းမြန်မာနယ်စပ်ဆီကို သွားပါတယ်။ ညီဖြစ်တဲ့ လော်စစ်မိန် (လိုစင်းမိန်) ကို နားဝင်အောင် ပြောပြပါတယ်။ ညီ လော်စစ်မိန်ရဲ့ ''ရှမ်းပြည်နယ်တော်လှန်ရေး တပ်မတော်သစ်'' ကို လိုင်လန်း အခြေစိုက်စခန်းဆီက ထွက်လာခိုင်းလိုက်တယ်။ လားရှိုးမြို့ဆီ ပြန်လာပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဖွဲ့လိုက်တယ်။ ထို့နောက် သူ့ရဲ့ အလုံးအထည် ကြီးမားလှတဲ့ ဘိန်းငွေပင်ငွေရင်းကြီးကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီး ဘက် ကူးပြောင်းလိုက်တယ်။ အခုဆို မြန်မာနိုင်ငံရဲ့ တရုတ်နွယ်ဖွား ထိပ်တန်း ကုန်သည်သူကြွယ်ကြီး ဖြစ်လို့နေပါတယ်။ ဘဝနှောင်းပိုင်းဟာ ''စိတ်သစ် လူ သစ် '' ဖြစ်ပြီး၊ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ကြား မှာ လွန်းထိုးယှက်ပျံ ကူးလူးဆက်ဆံလို့နေပါတယ်။ သူ့ရဲ့ ပါရမီဓာတ်ခံ အကျွမ်းတဝင်ရှိတဲ့ သံခင်းတမန်ခင်း အရည်အချင်းနဲ့ အမျိုးသား သင့်မြတ်ရေး လှုံ့ဆော်ပေးမှုကြောင့် နောက်ဆုံးမှာ ကိုးကန့်က ဖုန်ကျားရှင်ကို ဗမာပြည်ကွန်မြူ နစ်ပါတီထဲကနေ ခွဲထွက်ခိုင်းနိုင်ခဲ့တယ်။ ပြည်တွင်းစစ်ကို ရပ်ဆိုင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့အထဲက ၁၅ ဖွဲ့ကို စည်းရုံးသိမ်းသွင်းနိုင်ပြီး မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အစိုးရက ဒီစွမ်းဆောင်ချက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ လော်စစ်ဟန်ကို ''အမျိုးသား သင့်မြတ်ရေးစေတမန်'' ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်နှင်းလိုက်လေတယ်။ ကိုးကန့်တွေကလည်း ပြောကြပါတယ်။ ''လော်စစ်ဟန် အကောင်းဘက်ကို ပြောင်းလဲလာတယ်''ဆိုပြီး ချီးကျူးကြပါတယ်။

လော်စစ်ဟန်နဲ့ မြင်တွေ့ဖူးတဲ့ နိုင်ငံခြားသတင်းထောက်ရဲ့ အဆိုက တော့ ''လော်စစ်ဟန်က တကယ်တော့ လှုံ့ဆော်ဝါဒဖြန့်ချိန်ရေး ကျွမ်းကျင်တဲ့ ပါရဂူကြီးပါ။ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်တွေဘက်မှာ အတော့်ကို စိတ် ရှည်သည်းခံနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ပါ''လို့ မှတ်ချက်ပေးကြပါတယ်။ ၁၉၈၀ ခုနှစ် နှစ်ကုန်ပိုင်း လားရှိှုုးမှာ် လော်စစ်ဟန်ကို ''ကိုးကန့်ယဉ်ကျေးမှုအဖွဲ့'' ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြတယ်။ ဒီအဖွဲ့အစည်းကြီးဟာ ဖွဲ့ စည်းပြီး နှစ်နှစ်ကျော်မြောက်တာနဲ့ လူအင်အား ၆ သောင်းကျော် တိုးတက်သွား ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ အင်အားထုထည်အကြီးဆုံး၊ အရေးပါအရာ ရောက်ဆုံး ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားတို့ရဲ့ အသင်းအဖွဲ့ကြီး ဖြစ်နေပါပြီ။

အခုဆို လော်စစ်ဟန် အမြဲတမ်းပဲ ကိုယ်ပိုင် စလွန်းကားအဖြူလေးကို မောင်းနှင်ပြီး ရန်ကုန်ကို ဝင်ထွက်နေပါပြီ။ မြန်မာနိုင်ငံမှာ အကျိုးသက်ရောက်မှု အရှိဆုံး ကုန်သည်ကြီးတစ်ယောက်ဖြစ်လို့နေချေပြီ။ မြန်မာနိုင်ငံ ''အာရှကမ္ဘာ လီမိတက်ကုမ္ပဏီ'' အမှုဆောင်ဒါရိုက်တာချုပ်ကြီးဖြစ်ပါတယ်။ လူတစ်စုဟာ သူနှင့် သူ့ရဲ့သား စတီဗင် - လောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေကြပါတယ်။ လော်စစ်ဟန်တည်ထောင်လိုက်တဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအင်ပါယာ ထဲမှာ ကျောက်မျက်ရတနာ၊ ပတ္တမြားနှင့် ကျွန်းသစ်တို့ ပါဝင်ပါတယ်။ ရန်ကုန်မှ ရွှေ့ပြောင်းမရတဲ့ ဓနဥစ္စာတွေ၊ ပင်လယ်ရေကြောင်းတင် ကွန်တင်နာလုပ်ငန်းစု ကြီးတွေနှင့် တရုတ်မြန်မာနယ်စပ်လမ်းမကြီးတစ်လျှောက်က ကုန်မျိုးစုံစတိုးဆိုင် ကြီးတွေစတဲ့ လုပ်ငန်းကြီးတွေကို ဖွင့်လှစ်ထားပါတယ်။ လော်စစ်ဟန်ရဲ့ အဆို အရ တရုတ်နယ်နိမိတ်ကို ဖြတ်သန်းပြီး ကားတွေ တရုတ်ပြည်ဘက်ဆီ ရောင်း ချပေးတဲ့ လုပ်ငန်းက ဘိန်းမှောင်ခို လုပ်တာထက် ငွေကြေးအမြတ် အဆမတန် များတယ်ရယ်လို့ ပြောပြပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် ရှုမြင်သုံးသပ်တဲ့ အနှစ်ချုပ်က လော်စစ်ဟန်ရဲ့ ငွေကြေးအရင်းအနှီးတွေဟာ မူလက မူးယစ်ဆေးဝါး ငွေပင်ငွေရင်းကနေ ငွေဖြူအဖြစ် ဆေးကြောလိုက်တဲ့ ငွေမည်းတွေပဲ ဖြစ်တယ်။ မြန်မာစစ်အစိုးရအထဲက လူတချို့က မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ကြတဲ့သူတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုကြဖို့ကို အားပေးတိုက်တွန်းကြပါတယ်။ ''ဘိန်းကူးသန်းရောင်းဝယ်ကြသူတွေ အတိတ် ကာလတုန်းက မြင်းလားတွေနဲ့ သယ်ဆောင်ပြီး တောတောင်တွေ ဖြတ်သန်း ကျော်လွှားခြင်းနဲ့ အချိန်တွေ အလဟဿ ဖြုန်းတီးခဲ့ပြီးပါပြီ။ အခုအချိန်ကာလမှာ မြန်မာနိုင်ငံရဲ့ သစ်လွင်တဲ့ ဈေးကွက် စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုပြီး လုပ်ကိုင်ကြပါ။ နိုင်ငံရေးဥပဒေအမိန့်သစ်ကို ဦးဆောင်ပြီး လိုက်နာကြပါ''။ ဒါဟာ မြန်မာစစ်အစိုးရထဲက လူတချို့ရဲ့တစ်ချိန်က ဘိန်းကုန်ကူးသူတွေကို ပြောတဲ့စကားမျိုးပါ။ ဒါပေမဲ့ လက်ရှိအနေအထားကို အနောက်တိုင်း အသိုင်း အဝိုင်းက လော်စစ်ဟန်အပေါ် အရင်အတိုင်းပဲ သံသယဝင်နေတုန်း ဝင်နေဆဲ ပါပဲ။ ''ကျုပ်တို့ သူ့ကို ပစ်မှတ်တစ်ခုအနေနဲ့ ချန်လှပ်ထားရပါဦးမယ်။ ဘာ ကြောင့်ဆိုရင် အခုလက်ရှိ သူဟာ ပိုပြီးလေးနက်၊ နက်ရှိုင်းတဲ့ ပိုပြီးကြီးမားတဲ့ ဟီးရိုးအင်းဘိန်းဖြူ ပြစ်မှုကြီးကို ကျူးလွန်တုန်း၊ ကျူးလွန်ဆဲဖြစ်ကောင်းဖြစ်နိုင် ပါသေးတယ် ''

ဒါပေမဲ့ လော်စစ်ဟန်က ဒါကို ငြင်းချက်ထုတ်လိုက်တယ်။ အခု သူ ဟာ ဘိန်းကုန်ကူးတာတွေနဲ့ ကင်းရှင်းတယ်။ ငွေဖြူဖြစ်ရေး ဆေးကြောမှုနဲ့လည်း ကင်းရှင်းတယ်ရယ်လို့ အပြတ်ငြင်းချက်ထုတ်ပါတယ်။ သူ့စိန်ခေါ်သံက''ကမ္ဘာ တစ်ခုလုံးက လာရောက်စုံစမ်းစစ်ဆေးတာကို ကျွန်တော် ကြိုဆိုပါတယ်'' တဲ့။ တစ်ချိန်တည်းမှာပဲ လော်စစ်ဟန်က ကတိခံဝန်ချက် ပြုလိုက်ပြန်ပါသေးတယ်။ ''တကယ်လို့ ကျွန်တော် မူလလုပ်ငန်းတွေကို စွန့်လွှတ်ပစ်လိုက်ပြီး လုံးဝမလုပ် တော့တဲ့ ဒီ ၂၅ နှစ်တာကာလ အတောအတွင်းမှာ ကျွန်တော်ဟာ မူးယစ်ဆေး ဝါးလုပ်ကိုင်တာတို့၊ ဒါမှမဟုတ် ဆက်သွယ်မှုတွေ၊ ပတ်သက်မှုတွေရှိနေပါတယ် ဆိုတဲ့ ဘယ်လိုမျိုး အထောက်အထားကို ပြနိုင်တယ်ဆိုရင် ကျွန်တော် အဲဒီလူကို အမေရိကန်ဒေါ်လာ ငါးထောင် ဆုချပါ့မယ်''။ သူ အမေရိကန် သတင်းထောက် တွေကို လက်ခံတွေ့ဆုံတဲ့အခါမှာ ဒီစကားကို သူ ပြောလိုက်ပါတယ်။

အမေရိကန်သတင်းထောက်က သူ မြင်တွေ့ခဲ့တဲ့ အတိတ်ကမ္ဘာက မူးယစ်ဆေးဝါးဘိန်းဘုရင်အကြောင်းကို ဒီလိုမျိုး ရေးသားမိတ်ဆက် ပေးထားပါ တယ်။ ''စိန်လုံးလေးတွေ အပြည့်စီခြယ်ထားတဲ့ တလက်လက် ဝင်းလက်နေတဲ့ ရိုးလွိုက်နာရီရဲ့ ရောင်စုံအလင်းတန်းလေးတွေရဲ့အောက်မှာ လော်စစ်ဟန်ဟာ တရုတ်ကူတစ်စုံ ကိုင်ထားပြီး ကြီးကျယ်ခမ်းနားတဲ့ တရုတ်အစားအစာတွေကို စားရင်းက ဟန်တရုတ်ဘာသာစကားနဲ့ မေးခွန်းတွေကို ဖြေကြားပါတယ်။

သူ့ကို လာရောက်တွေ့ဆုံမေးမြန်းတဲ့ အမေရိကန်သတင်းထောက် ကို လော်စစ်ဟန်က သူ့ရဲ့အတိတ်ဘဝဟောင်းကို ပြန်လည်တမ်းတမိတဲ့ အကြောင်းကို ပြောပြပါတယ်။ ''၆၀ ခုနှစ်၊ ၇၀ ခုနှစ်တွေရဲ့ အလယ်ပိုင်း ကာလတွေတုန်းကပေါ့ဗျာ။ ကျွန်တော့်ရဲ့ ဘိန်းကုန်ကူးတဲ့ ကုန်သည်အဖွဲ့ကြီးဟာ မိုင်ရာပေါင်းအတော်ရှည်လျားတဲ့ ကိုးကန့်တောင်စွယ်တောင်တန်းတွေ၊ လျှို မြောင်ချိုင့်ဝှမ်းတွေကို ဖြတ်သန်းကျော်လွှားခဲ့ရပါတယ်။ ရန်သူတော်တွေ၊ ပြိုင် ဘက်တွေရဲ့ နောက်ကနေ လိုက်လံလုယက်မှုတွေ၊ နှောင့်ယှက်ဟန့်တားမှုတွေ အမျိုးမျိုးအဖုံဖုံကို တွေ့ကြုံခဲ့ရပါတယ်။ တိုက်ပွဲတွေ အလီလီတိုက်ခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ ကိုယ့်အတွက်မဟုတ်ပါဘူးဗျာ။ အားလုံးကိုးကန့်က ပေါ်ပီ ပင် စိုက်ပျိုးကြတဲ့ တောင်သူတွေရဲ့ အကျိုးအမြတ်အတွက် သက်စွန့်ကြိုးပမ်း တိုက်ခိုက်ခဲ့ရတာတွေပါ။ ကျွန်တော် သောက်စားပျော်ပါးတဲ့ စိတ်ညစ်ညူးဖွယ် တွေအတွက် လုပ်ဆောင်နေတာ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော့်ရဲ့ ဘဝတစ်ခု လုံးကို ဆင်းရဲသူ ဆင်းရဲသားတွေကို ကူညီဖို့အတွက် အသက်ရှင်သန်နေရတာပါဗျ'' လော်စစ်ဟန်က သူ့အတိတ်လွမ်းမောဖွယ်တွေကို ဆက်လက်ရင်ဖွင့်ပြန်ပါတယ်။

''ကိုးကန့်တောင်တန်းနယ်မြေတွေမှာ အရပ်သူ၊ အရပ်သား ဘိန်းပင် စိုက်ပျိုးပြီး ဝမ်းစာရေး ဖြေရှင်းနေကြရတာ နှစ်ကာလပေါင်း ရာချီကျော်ဖြတ်လို့ လာပါပြီခင်ဗျာ။ အခုတော့ ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းကုန်သွယ်မှုတို့ဟာ ဥပဒေမဲ့ လုပ်ငန်းတွေဖြစ်လို့ နေပါတယ်။ ဒါပေမဲ့ အဲဒီဘိန်းဟာ ဒေသခံ အရပ်သူ အရပ်သားတို့ရဲ့ တစ်ခုတည်းသော ရပေါက်ရလမ်းသာဖြစ်ပါတယ်''

သူ့အပြောအရ ထိုစဉ်တုန်းက ဘိန်းကုန်ပစ္စည်းကို ယှဉ်ပြိုင်လုပ်ကိုင်ကြ တဲ့ သူတွေက သူ မြန်မာပြည်မြောက်ပိုင်းကနေပြီး ထိုင်းနိုုင်ငံဆီ သယ်ဆောင် ရောက်ရှိသွားတဲ့ ဘိန်းရဲ့ ၂၀プ - ၃၀プ သူ့ဆီက ရလိုမှုကို တောင်းဆိုကြပါ တယ်။ ဒါပေမဲ့ လော်စစ်ဟန်က တစ်လျှောက်လုံး သူတို့ကို ၂၀プ ပဲ ရှင်းပေးပါ တယ်။ ၁၉၆၃-၁၉၇၃ တုန်းက သူ တစ်နှစ်မှာ နှစ်ကြိမ်ပဲ ဘိန်းကုန်ကူးပါတယ်။ တစ်ကြိမ်ကို တန်ချိန် ၁၀-၂၀ ရှိတဲ့ ဘိန်းတွေကို ထိုင်းနိုင်ငံ နယ်နိမိတ်အထိ သယ်ယူပို့ဆောင်ပါတယ်။ ဒီလို သယ်ပို့တာမှာ သူ့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့အင်အား ၂၀ဝ၀-၃၀ဝ၀ အားကို သုံးထားပါတယ်။ မြင်းလားအကောင်ရေပေါင်း ၈၀ဝ- ၁၀ဝ၀ ရှိပါတယ်။ ဘိန်းသယ်ပို့တဲ့ တပ်ဖွဲ့ အရှည်အလျားက ၃ ကီလိုမီတာ ရှည်လျားပါတယ်။ တကယ်လို့ အဆင်ပြေချောမွေ့တဲ့ ခရီးတစ်ခေါက်ကို ရက် ပေါင်း ၂၆ ရက်ရှည်ကြာတဲ့ ခရီးလမ်းပန်းပဲ ဖြစ်ပါတယ်လို့ လော်စစ်ဟန်က သူ့ လာတွေ့တဲ့ အမေရိကန်သတင်းထောက်ကို ပြောပြပါတယ်။

အမေရိကန် သတင်းထောက်က ငွေကြေး ဘယ်ရွေ့ဘယ်မျှ အကျိုး အမြတ် ရှိပါသလဲလို့ သူ့ကို မေးခွန်းထုတ်လိုက်တော့ လော်စစ်ဟန်က လက်ကို ဝှေ့ကာ ရမ်းကာနဲ့ ပြောလိုက်ပါတယ်။ ''ကျွန်တော် သူတို့အတွက် အများကြီး အများကြီး လုပ်ပေးခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် ဝမ်းသာတယ်၊ ဂုဏ်ယူတယ် ဗျာ'' မြန်မာအစိုးရက သူ့တပ်ဖွဲ့ကို ဖျက်သိမ်းဖို့ အမိန့်ပေးခိုင်တုန်းက လော်စစ် ဟန် အပြင်းအထန် ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ''ကိုးကန့်ပြည်သူတွေ ဘိန်း ဈေးကွက် လိုအပ်ပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ သိမ်းဆည်းတာ၊ ရောင်းချ တာရဲ့ ကြားခံကိုယ်စားလှယ်တွေပါ။ ဒီလိုမျိုး ရှိနေမှ ကိုးကန့်ဘိန်းစိုက်တောင်သူ တွေအတွက် တရားနည်းလမ်း မှန်ကန်တဲ့ ရှိသင့်တဲ့ ဈေးနှုန်းတန်ဖိုးကို ရရှိမှာ ပေါ့ဗျ''

၁၉၇၃ ခုနှစ်တုန်းက ထိုင်းနယ်စပ်မှာ ထိုင်းအာဏာပိုင်တို့က ဖမ်းဆီး လိုက်ပြီး မြန်မာအစိုးရလက်ထဲ လွှဲပြောင်းအပ်နှံခံလိုက်ရတဲ့ လော်စစ်ဟန်ကို မြန်မာအစိုးရက သေဒဏ်အပြစ်ပေး ထောင်သွင်း ထိန်းသိမ်းခံထားလိုက်ရတဲ့ လော်စစ်ဟန်၊ အဲဒီ ဘဝအခြေအနေမျိုးကို ဆိုက်ရောက်ခဲ့ဖူးတဲ့ လော်စစ်ဟန်က ထိုတုန်းက ကိစ္စကို ခုလို စမြုံ့ပြန်ပြောဆိုပါတယ်။ ''ဒါတွေက ကျွန်တော့်ကို ဆုံးရှုံးနစ်နာစေတဲ့ ဘေးဆိုးကြီး မဟုတ်ပါဘူးခင်ဗျား။ အစိုးရက ကျွန်တော့်ကို ဘိန်းမှောင်ခိုလုပ်ငန်းလုပ်တဲ့သူပါရယ်လို့ စွပ်စွဲပြောဆိုတာမျိုး မရှိပါ။ သူတို့ အဓိကထား စွပ်စွဲပြောကြားတာက ပုန်ကန်ထြွကမှုရယ်၊ ဆိုရှယ်လစ်စီးပွားရေး တရားဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုလို့သာ စွပ်စွဲပြောဆိုတာပဲ ရှိပါတယ် ခင်ဗျာ''

၁၉၈၉ ခုနှစ်။ ကိုးကန့်ခေါင်းဆောင် ဖုန်းကျားရှင်ကို မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ကို လော်စစ်ဟန် ဖျောင်းဖျ နားချနိုင်ခဲ့ တယ်။ ဒီလာဒ်အကျိုးအတွက် မြန်မာစစ်အစိုးရက လော်စစ်ဟန်ကို ကျောက် မျက်ရတနာ ရောင်းဝယ်ခွင့် စီးပွားရေးလုပ်ငန်းနှင့် သစ်ရောင်းဝယ်မှု လုပ်ပိုင်ခွင့် တွေကို လုပ်ခွင့်ပြုလိုက်ပါတယ်။ အဲဒီအကြောင်းကို လော်စစ်ဟန်ရဲ့ စကားအရ '' ကျွန်တော် သွင်းကုန်ထုတ်ကုန်လုပ်ငန်း အများအပြားကို လုပ်ကိုင်ပါတယ်။ တရုတ်ပြည်နဲ့ နယ်စပ်ကုန်သွယ်ရေး အပါအဝင်ပေါ့ဗျာ''။ အမြဲတမ်းလိုလို သဘောမျိုး ရန်ကုန်ကနေ စလွန်းကားလေးတွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်နေပါတယ်။ လော်စစ်ဟန်က သူ့ရဲ့ ''အာရှကမ္ဘာ'' (Asia World) ကုမ္ပဏီကို ဘယ်လို သရုပ်ဖော်ပန်းချီကားချပ်အသွင် ရေးခဲ့ထားသလဲဆိုတော့ သူ့ရဲ့ ''အာရှကမ္ဘာ'' ကုမ္ပဏီကြီးက ကမ္ဘာ့ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အချိန်မရွေး ဒေါ်လာ သန်းချီတဲ့ ဝင်ငွေ'' ကို သယ်ယူတဲ့ နေရာဌာနကြီးဖြစ်တယ်ရယ်လို့ ဂုဏ်ယူဝံ့ ြွကားပြောထားပါတယ်။ ဒါပေမဲ့ ဘယ်ရွေ့ ဘယ်မျှရပါတယ်ဆိုတဲ့ ကိန်းဂဏန်း အတိအကျလောက်ကို ထုတ်ဖော်ပြောကြားဖို့ကိုတော့ သူ ငြင်းဆန်ပါတယ်။

လော်စစ်ဟန်က ပြောပြန်တယ်။ သူ အခု ဘိန်းမှောင်ခိုချတဲ့ အလုပ်ကို ထပ်လုပ်စရာ မလိုတော့ပါဘူးတဲ့။ ''မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး စတင် ဖွင့်ကတည်းက မော်တော်ကားတွေ တရုတ်ပြည်မကြီးထဲ သွင်းတဲ့လုပ်ငန်းက အမြတ်အစွန်းတမက်တမောကြီး ရတာဗျ''။ သူ့အပြောက တရုတ်ပြည်မကြီးဆီ ဇိမ်ခံဆလွန်းကားလေးတစ်စီး ရောင်းချလိုက်တိုင်း ခန့်မှန်းခြေ ဒေါ်လာ ၂၅၀ဝ မြတ်တယ်လို့ သူက ဆိုပါတယ်။

လော်စစ်ဟန်က သူ့ရဲ့ဇာတိ ကိုးကန့်မြေမှာ ခုဆို ဘိန်းစွဲသူတွေ ပိုများလာပါတယ်လို့ ထုတ်ဖော်ပြောပြပါတယ်။ ဒါ့အပြင် ဘိန်းရောင်းချသူတွေ လည်း အသစ်အသစ်တွေ ပေါ်ထွန်းလာနေပါသတဲ့။ ဒီအတွက် သူ တုန်လှုပ် ခြောက်ချားသွားမိပါတယ်လို့ ပြောပါတယ်။ ''မိသားစုထဲမှာ ဘိန်းစွဲသူ တစ်ယောက်ရှိလိုက်တာနဲ့ အဲဒီမိသားစုဟာ ဖြူပြာကျသွားရာမှာ မလွဲဧကန်ပါ ခင်ဗျာ'' သူက ပြောပြန်ပါသေးတယ်။ ''ဘိန်းမကောင်းတာကို ကျွန်တော် သိ ပါတယ်'' မြန်မာနိုင်ငံ ဘိန်းထိန်းချုပ်ရေးဌာန ဗိုလ်မှူးကြီး ကျော်သိန်းက လော်စစ်ဟန်ရဲ့ ဘိန်းအရေးကိစ္စကို ဟောသလို ရှင်းချက်ထုတ်ပြန်ပါတယ်။ ''လော်စစ်ဟန် လွတ်မြောက်လာပြီးတဲ့နောက် သူ ဘိန်းရောင်းဝယ်မှုကို ထပ်မံ ပြီး မလုပ်တော့ပါဘူး။ ကမ္ဘာတဝှမ်းက သတင်းထောက်လှမ်းရေး အဖွဲ့အစည်း တိုင်းက သူ့ကို မျက်စိဒေါက်ထောက်ကြည့််နေတာကြောင့်ပါ'' ဘယ်သူတွေက ဘာတွေကိုပဲ ပြောနေပြောနေ အနောက်တိုင်း သံတမန်ရေးရာ အရာရှိတွေ ကတော့ မြန်မာအစိုးရဟာ လော်စစ်ဟန် တရားဝင် ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် ငွေကြေးဆေးကြောမှု လုပ်ခွင့်ပြုခြင်းကို ဝိုင်းဝန်းပြီး အပြစ်တင်ကြပါတယ်။ ဒါကို နိုင်ငံတကာ သံတမန်ခင်းတွေရဲ့ စကားနဲ့ ပြောရ ရင် ''လော်စစ်ဟန်နှင့် မြန်မာနိုင်ငံဘဏ်တို့ ဆက်သွယ်မှုတွေ ရှိနေကြပါတယ်''

လော်စစ်ဟန်ရဲ့ သား စတီဗင် - လောင်။ အာရှကမ္ဘာကုမ္ပဏီရဲ့ လော်ပန်သူဋ္ဌေးကြီးက ကမ္ဘာတဝှမ်းမှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေပါတယ်။ ''မူးယစ်ဆေးဝါး သံသယကြောင်း'' ရဲ့ အကြောင်းပြချက်နဲ့ လော်စစ်ဟန် အမေရိကန် လာရောက်လည်ပတ်ခြင်း ဗီဇာထုတ်ပေးမှုကို ငြင်းပယ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး လော်စစ် ဟန် မကြေမချမ်း ဒေါသူပုန်ထပါတယ်။ ''ကျုပ်သား စတီဗင်က တကယ့်ကုန်သည် အစစ်အမှတ်တစ်ယောက်ပါဗျ။ ဘိန်းမှောင်ခိုချတာ သူ မသိပါဘူး။ ကျုပ် ကိုးကန့်မှာ (ဘိန်းလုပ်)တုန်းက သူ မွေးတောင် မမွေးသေးပါဘူးဗျာ'' လော်စစ် ဟန်ရဲ့ နောက်ထပ် ချာလီဆိုတဲ့ သားတစ်ယောက်ရှိပါသေးတယ်။ အမေရိကန် လော့စ် အင်ဂျလိစ်မှာ နေပါတယ်။ ဒါပေမဲ့ လော်စစ်ဟန်က ပြောပါတယ်။ ''အသေးစိတ် အချက်အလက်ကို ကျွန်တော် မမှတ်မိတော့ပါ''။ လော်စစ်ဟန်က အမေရိကန်ကို လှမ်းမျှော်ကြည့်ရင်းက ပြောလိုက်တယ်။ ''တကယ်လို့ အမေရိ ကန်ဟာ ဒီမိုကရေစီနိုင်ငံပါလို့ဆိုရင် ဘာကြောင့် ကျုပ်ဝင်ရောက်တာကို ခွင့် မပြုရတာလဲဗျ'' လော်စစ်ဟန်က မေးလိုက်ပြန်ပါသေးတယ်။ '' ကျုပ် အခု ဘယ်လိုဥပဒေချိုးဖောက်နေလို့လဲဗျ။ ကျုပ်သားကို သွားကြည့်တာ ကြည့်ခွင့်မရ ဘူးတဲ့လားဗျ''

ထိုင်းနိုင်ငံမှာ စောင်ရေအများဆုံးထုတ်တဲ့ တရုတ်ဘာသာနဲ့ ''ကမ္ဘာ့ နေ့စဉ်သတင်း'' က ၂၉-၂-၂၀ဝ၂ နေ့မှာ မြန်မာနိုင်ငံ လားရှိုင်း-ယူနန်ဘုံကျောင်း နှင့် ယူနန်နယ်သား ဘုံအသင်းရဲ့ စာမျက်နှာပြည့် ကြေငြာကဏ္ဍမှာရယ်၊ နောက်ပြီးတော့ ''ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်'' ရဲ့ ဖောင် ၁။၄ ရှိတဲ့ ကြေငြာကဏ္ဍတွေမှာ ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ချုပ်ကြီးက ''ဥက္ကဋ္ဌလော်စစ်ဟန်နှင့် ဇနီးကျန်းဖုန့်ကန်း'' ရွှေရတုမင်္ဂလာ အထိမ်းအမှတ်ဆိုပြီး ဆုမွန်ကောင်းတောင်း ကောင်းချီးပေး ဂုဏ်ပြုထားကြပါတယ်။ ပျောက်ခြင်းမလှ စုံးစုံးမြှုပ် နှစ်ပေါင်းသုံးဆယ် ပျောက်ကွယ်သွားပြီးတဲ့နောက် ကိုယ်ကို တစ်ချက် ကလေး လှုပ်ခါယမ်းလိုက်တဲ့ လော်စစ်ဟန်ဟာ ချက်ချင်းပဲ မြန်မာအစိုးရရဲ့ အတိုင်ပင်ခံ အကြံပေးနှင့် တိုင်းရင်းသား တစည်းတလုံးတည်း ငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌဆိုတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သွားချေလေပြီ။

သတင်းစာကြီး ကြေငြာကဏ္ဍ ဂုဏ်ပြုချီးမြှင့်ကြသူတွေထဲမှာ ဟိုးလေး တကြော် ကျော်ကြားတဲ့ ကျန်းစူးချွမ် (စာမျက်နှာ ၂၅။ဃ ဘိန်းမှောင်ခို သယ်တဲ့ လော်စစ်ဟန်ကို ခွန်ဆာ+ကျန်းစူးချွမ် ဝိုင်းတိုက်လုယူကြတဲ့ အခန်းကို ပြန်ကြည့် ပါ) ရဲ့ ချီးမြှင့်စာတမ်းကြီးက အထင်အရှားပြသနေပါတယ်။ ထိုစဉ်တုန်းက လော်စစ်ဟန် အခြေအနေမလှလို့ ထိုင်းဘက်ဆီ ထွက်ပြေးဖို့ အကူအညီပေးခဲ့ ဖူးပါတယ်။ ကြေငြာကဏ္ဍမှာ အခြားသူတွေကတော့ ''လူ့လောကမှာ အငွေ့ပျံ'' သွားတာ နှစ်အတော်ကြာသွားတဲ့ ဘိန်းရာဇာကြီးတွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ လော်စစ်ဟန်၊ ခွန်ဆာတို့လို အထင်ကရ လူတွေဖြစ်ကြပါတယ်။ အခုတော့ သူတို့အားလုံးဟာ မြန်မာအစိုးရရဲ့ ''အလိုကျ'' သူတွေဖြစ်သွားကြပါပြီ။ ဒါ့ အပြင် ဘုံကျောင်းဂုဏ်ပြုပွဲ ကြေငြာကဏ္ဍမှာ မီဒီယာပိုင်းကနေ လူတကာသိရှိတဲ့ ဂုဏ်ပုဒ်ကြီးတွေနဲ့ လော်စစ်ဟန်ကို ဂုဏ်ပြုချီးမြှင့်ထားကြပါတယ်။ အကြောင်းသိ သူတွေ ပြောကြတာက ဘန်ကောက်က အမေရိကန်၊ ထိုင်း မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအရာရှိတွေ အားလုံးက သိရှိထားကြပါတယ်။ ၇၀ နှစ်ကာလတွေတုန်းက အသည်းအသန် လိုက်လံဖမ်းဆီးခံနေကြရတဲ့ ဘိန်းရာဇာ တသီတတန်းကြီးတွေ ဟာ ကနေ့တော့ စိတ်အလိုဆန္ဒရှိတဲ့အတိုင်း သူတို့တတွေ ရန်ကုန်ရွှေမြို့တော် ကြီးမှာ အတူတကွ စုပြုံနေထိုင်ကြချေပြီ။ ဒီတော့လည်း ဘာမဆို အသံတူတွေ ပြိုင်တူထွက်ကြချေမပေါ့။