Breaking News

ဆိုင်းဗျူ - မြေမြုပ်မိုင်းကြောင့်ပျက်စီးသွားသည့်ဘဝများ


ဆိုင်းဗျူ - မြေမြုပ်မိုင်းကြောင့်ပျက်စီးသွားသည့်ဘဝများ

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၉
မြေမြုပ်မိုင်း အထိခံရဆုံးပြည်သူများတွင်ကချင် ပြည်သူများအများဆုံး ကြုံတွေ့ခံစားနေရပါသည်။ မြေမြုပ်မိုင်းထိခံရမှု ဖြစ်ပေါ်မှုနှင့် အများဆုံးဒဏ်ခံရသည်မှာ အောက်ခြေပြည်သူလူထုသည်သာ အများဆုံးကြုံတွေ့နေရပါသည်။ တိုက်ပွဲဖြစ်ပွားရာနယ်မြေနှင့်နီးစပ်သော ဒေသတပ်မတော်မှတားမြစ်ထားသော ကန့်သတ်နယ်မြေ ကေအိုင်အေ ရှေ့တန်းစခန်းနှင့်နီးစပ်သော နေရာများတို့တွင်အများဆုံး မိုင်းထိခံရမှုများ တွေ့နေရပါသည်။ စစ်ပွဲနှင့် စစ်မြေပြင်နှင့် အနီးတဝိုက်တွင် နေထိုင်လျှက် ရှိနေသော ပြည်သူများသည် မိုင်းအန္တရယ်ပိုမိုထိတွေ့နေနေရသည်။

ပြည်သူများသာ စစ်၏ အကျိုးဆက်ကို ရင်ဆိုင်နေရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ဇီးလွန် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ဖွင့်လှစ်ထားသော စစ်ရှောင်ဒုက္ခသည်စခန်းတွင်နေထိုင်လျှက်ရှိနေသည့် ဦးခွန်ဆိုင်းသည် ၂၀၁၁ခုနှစ်တွင် တကျော့ပြန် တပ်မတော်နှင့်ကေအိုင်အေ တို့ရဲ့ တိုက်ပွဲကြောင့်နန်ဆန်ယာန်ကျေးရွာမှ မြစ်ကြီးနားရှိ စစ်ရှောင်ဒုက္ခသည်စခန်းတွင် တိမ်းရှောင်လာခဲ့လေသည်။ စစ်ရှောင်စခန်းအတွင်းတွင်  နေထိုင်စဉ် စားဝတ်နေရေး ခက်ခဲမှုများကြောင့် မိမိနေရပ်တွင် တောင်ယာ သွားလုပ်ကိုင်စဉ် မြေမြုပ်မိုင်းထိခံခဲ့ရလေသည်။

''ကျနော်တို့ယာခင်းအနီးမှာ တိုက်ပွဲ ခဏဖြစ်တော့ တောမှ တစ်ညလောက် တိမ်းရှောင်လိုက်ပြီး တဲပေါ်ဆီ ပြန်လာတဲ့အခါတဲပေါ်ပြန်အတက်လှေကားခြေရင်းမှာ မိုင်းထိခံလိုက်ရတယ်ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ် သွေးထွက်လွန်ြပီးသေဖို့နည်းနည်းဘဲ လိုတယ်''ဟုဦးခွန်ဆိုင်းကပြောပြေလသည်။

မိုင်းထိခံရပြီးနောက် မိသားစုတွေ လူမှုရေးပြသာနာ စီးပွားရေး ပြသာနာ အမျိုးမျိုးကိုကြုံတွေ့ခံစားရလေသည်။  ပတ်ဝန်းကျင်က ရှောင်ဖယ်ခြင်း ခွဲခြားဆက်ဆံခံရခြင်းများကို မသန်စွမ်းဘဝဖြစ်သွားသည့်နောက်ပိုမို ရင်ဆိုင်လာရသည်။  စစ်ရှောင်ဒုက္ခသည်စခန်းတွင် ဒုက္ခတစ်ခုပြီးတစ်ခု ကြုံတွေ့လာရသည်။

''သားသမီးက သုံးယောက်ရှိတယ်။သားဆယ်တန်းတက်နေတာ အခုကျနော်ဒီလိုမိုင်းထိခံရပြီးမသန်စွမ်းဖြစ်သွားတော့ သူကျောင်းဆက်မတက်နိုင်တော့ဘူး ေကျာင်းထွက်လိုက်ရတယ်''ဟု ဦးခွန်ဆိုင်းကမျက်ရည်ဝဲပြီးပြောပြလေသည်။

ကချင်ဒေသရှိကျွေးရွာနေပြည်သူများမှာ တောထဲသို့ ဝမ်းစာရှာဖွေဖို့အတွက် သွားရောက်အလုပ်လုပ်ကိုင်ရန်မှာ မြေမြုပ်မိုင်း ထိခံရမည်စိုးရိမ်သောကြောင့် စားဝတ်နေရေးတွင် ခက်ခဲလာသည်များလည်းရှိပါသည်။ တောထဲသို့အလုပ်လုပ်သွားရောက်အလုပ်လုပ်ကိုင်စဉ် မိုင်းထိခံရမှုများလည်း ကချင်ဒေသတွင် အများဆုံးတွေ့ရ  ကြားနေရမြင်နေရသည်။ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းထိခံရမှု အများဆုံးဒေသတွင် ကချင်ပြည်နယ်လည်းထိပ်ဆုံးကပါဝင်နေပါသည်။

တစ်ချို့နေရာများတွင် တပ်မတော်က တားမြစ်ထားသော ကန့်သတ်နယ်မြေများတွင်သွားလာလှုပ်ရှားမှုကြောင့်လည်း  မိုင်းထိခံရသည့်ပြည်သူများလည်းရှိခဲ့သည်။ ကချင်ပြည်နယ်တွင်တနိုင်းဒေသမှ ပြည်သူများ ပိုမို ပြီး မိုင်းထိခံရမှု ယခုနှစ်တွင် ကြုံတွေ့ခဲ့ရကြောင်းဒေသခံများက ေြပာပြလေသည်။
တနိုင်းမြို့အနီးနှင့် ဟူးကောင်းချိုင့်ဝှမ်းတစ်လျှောက်ရှိကျေးရွာအနီးတွင် မိုင်းထိခံရသည့် ပြည်သူများ ၂၀၁၈ခုနှစ်တွင် အများဆုံး ဖြစ်ခဲ့သည်။ ၂၀၁၈ခုနှစ်တွင် စစ်ပွဲအဖြစ်ဆုံးဒေသတစ်ခုဖြစ်ခဲ့သောကြောင့်လည်းမြေမြုပ်မိုင်းအသုံးပြုမှု ရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံထဲက ပြည်နယ်တိုင်းက စစ်ပွဲဖြစ်နေတဲ့ ဒေသတွေဆီက လူ့အရင်းအမြစ်တွေဟာ ဆုံးရှုံးပြီး ပြည်သူများစွာ တိုင်းရင်းသား ပြည်သူများစွာ စစ်ပွဲကြား တွင်ပိတ်မိနေဆဲမျော်လင့်ချက်မဲ့နေဆဲ ဖြစ်နေပါသည်။ စစ်ဖြစ်နေတဲ့ ပြည်နယ်တိုင်းက လူ့အခွင့်အရေးတွေဟာ ဆုံးရှုံးနစ်နာနေရခြင်းကို အဆုံးသတ် အဖြေရှာဖို့ ကောင်းပါပြီလေ။ ြပည်သူတွေ လုံခြုံစွာ ဝမ်းရေးရှာဖွေ စားသောက်ဖို့ တောင်အခွင့်အရေးနည်းနည်းမှမရှိတော့ပါဘူး။  ပြည်သူတွေရဲ့ အခွင့်အရေးကို စစ်ပွဲက အနိုင်ယူလိုက်ပါပြီလေ။


ထိုမျှမက မိသားစု၏ တစ်ကယ်ကို အရေးပါသော ဖခင် သို့မဟုတ် မိခင် နှစ်ဦးတွင်တစ်ဦးဦးက မိုင်းထိခံရပြီဆိုလျှင်  အများအားဖြင့်ကလေးများ၏ အနာဂတ်သာကောင်းမွန်ဖို့ ဆုံးရှုံးရလေသည်။ တစ်ချို့ဆိုရင် မိုင်းထိခံရပြီ ထိုနေရာသေသွားသူများ ဆေးရုံးဆေးပေးခန်းမရောက်မီ သေဆုံးသွားသည့်ြဖစ်ရပ်များလည်းရှိနေသည်။ ပတ်ဝန်းကျင်တွင်လည်း မသန်စွမ်းတစ်ဦးဟာ အပယ်ခံဘဝရောက်သွားနိုင်သည်။ နေ့တိုင်းစိတ်ဓာတ်ကျမှုကို ခံစားနေရမည်မှာ လူသားချင်းစာနာထောက်ထားမှုရှိသင့်ပါသည်။

ကာကွယ်မှုကို ပြန်ကြည့်မယ်ဆိုလျှင် တစ်ချို့နေရာများတွင် မိုင်းသတိပေးစာတမ်းများ ဆိုင်းဘုတ်များ
ထောင်ထားပြီး သတိပေးမှုလည်းရှိသည်။ ထိုသို့ရှိပေမဲ့ ထိုနေရာများတွင် စားဝတ်နေရေးကြောင့်အသက်နဲ့ရင်းြပီး သွားလာရှာဖွေစားသောက်မှုများလည်းရှိသည်။ ရွာထဲတွင် အလုပ်အကိုင်ရှားပါးမှုရှိသောကြောင့်လည်း မိုင်းထိခံရသည့်ပြည်သူများစွာရှိလာခဲ့ခြင်းဖြစ်သည်။  မြေပြင်တွင် စစ်ပွဲနှင့်နီးသော ဒေသများတွင် မိုင်းအန္တရယ်သတိပေးအမြင်ဖွင့် လုပ်ငန်းများ စီမံကိန်းများ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေပါသည်။ 

မိုင်းထိခံရမှုကြောင့် မသန်စွမ်းဘဝရောက်စွားသူများအတွက်လည်း ထောက်ပံ့ကူညီရေးများလည်း ပိုမိုလုပ်ဆောင်ပေးသင့်သည်။ တစ်ချို့ က တစ်နှစ်လောက်ဘဲ ကူညီထောက်ပံ့မှုရရှိနေသေးကြောင်းကြားနေရသည်။

အကျိုးမရှိတဲ့ စစ်ပွဲတွင် ပြည်သူများစွာရဲ့ဘဝ နွံထဲနစ်နေရသည်မှာ အဆုံးသတ်ဖို့ လိုအပ်နေပါပြီ နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရအောင် အဖြေထွက်နိုင်အောင် စားပွဲပေါ်တွင် လက်တွေ့ချပြရပေတော့မည်။ တိုင်းရင်းသားတွေဘဝဟာ  စစ်ပွဲတွေကြားမှာ တစ်ဘဝလုံး မျိုးဆက်တစ်ခုပြီးတစ်ခုပြီး  နစ်မြုပ်စေမည့် တိုက်ပွဲက လွတ်မြောက်အောင် လုပ်ဆောင်ရပေတော့မည်။ မသန်စွမ်း များထုတ်လုပ်သည့် နိုင်ငံဖြစ်လာတော့မည်ကို အနာဂတ်အတွက် စိုးရိမ်မိပါသည်။ 

ယခုတိုက်ပွဲ  ပြင်းထန်သော ရခိုင်ဒေသတွင်လည်း မြေမြုပ်မိုင်းကြောင့်ထိ ခိုက် သေဆုံးဒဏ်ရာရမှုများ ပေါ်ထွက် လာလိမ့်မည်။ ကချင်ဒေသက အဖြစ်အပျက်လိုမျိုးသာ တွေ့ရလိမ့်ဟုယုံကြည်မိပါသည်။

''ကျွန်မခင်ပွန်းကတောမှာ ငါးဖမ်းသွားတဲ့အချိန် မိုင်းထိပြီးသွေးထွက်လွန်ပြီးလမ်းမှာ ဆုံးသွားတယ် ကျမမှာကလေး၅ယောက်ရှှိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေထောက်ပံ့ဖို့ ဘယ်သူမှမရှိတော့ဘူး''ဟုဟူးကောင်းချိုင့်ဝှမ်းလီဒိုလမ်းမ ရှဒူဇွပ်ကျေးရွာတွင်နေထိုင်သည့်ဒေါ်ညီဆာဒွေ့က ငိုယိုပြီးပြောပြေလေသည်။