Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၆)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၆)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဒီဇင်ဘာ ၂၆၊ ၂၀၂၀

အပိုင်း (၁၄) - ရွှေတြိဂံမူးယစ်ဆေးဝါးရင်းမြစ်က တရုတ်ပြည်ကြီးကို ဘေးဒုက္ခကြီးတွေ ကျရောက်စေပြီး ဆူပူလှုပ်ရှားမှုတွေ ဖြစ်လာလေ၏
''မူးယစ်ဆေးဝါးက ယဉ်ကျေးမှုကို ကြီးမားစွာ ဘေးဒုက္ခတွေပေးနေပါ တယ်။ အကယ်၍ ဆက်လက်ပြီး မြင်နေပါလျက်နှင့်် ဂရုမစိုက် လျစ်လျူရှုကြ မယ်ဆိုရင် လူသားမျိုးနွယ်စုဟာ စာရိတ္တမဏ္ဍိုင်ပိုင်းမှာ အဘက်ဘက်က လက် နက်ချ အညံ့ခံလိုက်ပြီဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်လာသလိုပါပဲ''

၈၀ ခုနှစ် အစဦးပိုင်း ရွှေတြိဂံမှာ ခွန်ဆာအုပ်စု ဘုန်းတန်ခိုး အာနု ဘော် ကြီးထွားလာတာကြောင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု အင်အားစုကြီးဟာ တောင်ဘက်အရပ်တွေဆီ လှိမ့်ဆင်းလာမှုကို အကြီးအကျယ် အဟန့်အတားဖြစ်သွားပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အစွမ်းကုန် ရှောင်ရှားလိုတဲ့ တရုတ်ပြည်လမ်းကြောင်း ကို မလွဲမသွေ ထိုးဖောက်လာကြပါတယ်။ ယူနန်ပြည်နယ်အပြင် တရုတ်ပြည်ရဲ့ တခြားနယ်မြေဒေသတွေကို အသုံးပြု ဖြတ်သန်းပြီး နိုင်ငံတကာ ဈေးကွက်ထဲ ဆီ ပို့ဆောင်နေကြပါတယ်။ ယူနန်ပြည်နယ်ကို ''ခေါင်'' အရာထိပ်မှာတင်ပြီး ထိုးဖောက်ဖြတ်သန်းကြပါတယ်။

''ရန်သူတွေ ခန်းမတွေဆီ တက်လာကြပြီ။ အခန်းထဲ ဝင်ကုန်ကြပြီ''
အမေရိကန်ပြည်ထောင်စု ''သတင်းနှင့် ကမ္ဘာ့သတင်းအစီရင်ခံချက်'' မဂ္ဂဇင်း ဂျာနယ်မှာ ၁၁-၉-၁၉၈၉ နေ့မှာ ဆောင်းပါးတစ်ပုဒ်က ဟောသလိုမျိုး ပြောထားပါတယ်။ ''မူးယစ်ဆေးဝါးက ယဉ်ကျေးမှုကို ခြိမ်းခြောက်တဲ့ ဘေး အန္တရာယ်ဆိုးကြီးက ၃၀ ခုနှစ်တွေမှာ ခေါင်းထောင်ခဲ့တဲ့ ဖက်ဆစ်ဝါဒီတွေထက် အောက်ကျနောက်ကျမယ်မထင်ပါ။ မူးယစ်ဆေးဝါးဆိုတဲ့ ဒီကိန်းဂဏန်းစာရင်း ဇယားကို တွက်ချက်ကြတော့မယ်ဆိုရင် ကနေ့ မူးယစ်ဆေးဝါးကြောင့် ဘဝ အခြေအနေတွေ ပျက်စီးကုန်ကြတဲ့ အိမ်ထောင်ရေး အကွဲအပြဲစာရင်းကိုပါ ထည့်မြှောက်ဖို့ လိုအပ်နေပါတယ်။ နောက်ပြီးတော့ ကျန်းမာရေး ယိုယွင်းပျက်စီး မှုတွေ၊ ကုန်ထုတ်လုပ်အား ယုတ်လျော့ကျဆင်းမှုတွေ၊ လမ်းတွေပေါ် အလုပ်တွေ မှာ မတော်တဆ ထိခိုက်မှုကိစ္စရပ်တွေလည်းပဲ ထည့်ပြီး မြှောက်လိုက်ဖို့ လိုအပ် နေပါတယ်။ အိမ်ထောင်ရေးမှာ အကြမ်းပတမ်းမှုတွေ၊ ဘဝကြင်ဖော်အပေါ် လူမဆန်စွာ နှိပ်စပ်ညှင်းပန်းမှုတွေ၊ ဒါ့အပြင် သားငယ် သမီးငယ်လေးတွေ၊ နို့စို့အရွယ် လူမမယ် ကလေးသူငယ်လေးတွေကို သဘာဝလောကကြီးက အလိုအလျောက် ဘိန်းစွဲရောဂါ ကူးစက်ခံရတယ်။ ဒါမှမဟုတ်လည်းပဲ ဉာဏ် ရည်ဉာဏ်သွေး နိမ့်ပါးတဲ့ ဆုံးရှုံးမှု ပြဿနာတွေကိုပါ သယ်ဆောင်လာကြပါ တယ်။ ဒီမူးယစ်ဆေးဝါးတွေ အဖိုးသားနား ဈေးနှုန်းတွေ တအားကို ကျဆင်း သွားတယ်ပဲ ထားလိုက်ပါဦး။ အလုပ်ကိုမှ မလုပ်နိုင်၊ မကိုင်နိုင်၊ တစ်ချိန်လုံး ဘိန်းကိုသာ မှိန်းနေပြီး အဲဒီအလုပ်ကို မလုပ်လို မကိုင်လိုမှုတွေကိုသာ ထပ်ခါ ထပ်ခွါ တိုးလုပ်ကြတော့တယ်။ ကဲ ဒါလောက်နဲ့တင် ကြောက်စရာ လန့်စရာ အမျိုးမျိုးလောက်နဲ့တင် လုံလောက်နေပါပြီ။ မူးယစ်ဆေးဝါးကနေ ပေါ်ပေါက် လာတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေက ပိုပြီးတော့တောင် ခန့်မှန်းရခက်ခဲလှတဲ့ ဘေးအန္တရာယ်ဆိုးအမျိုးမျိုး၊ အဖုံဖုံတွေ တသီကြီး ပြေးလိုက်လာနေကြပါတယ်။ ဒါတွေ ဒါတွေကို ကြည့်ကောင်းကောင်းနဲ့သာ ကြည့်ရုံ ကြည့်နေကြပြီး ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ လေညာက နေသာသလို နေနေကြလို့ကတော့ လူသားတို့ရဲ့ ကျင့်ဝတ်သိက္ခာပိုင်းမှာ ဘက်စုံအရှုံးပေးအညံ့ခံလိုက်ပါပြီးရယ်လို့ ကြေညာ မောင်းခတ်လိုက်သလိုမျိုး ဖြစ်နေပါတယ်။

မူးယစ်ဆေးဝါးရယ်လို့ ရည်ညွှန်းရတာက ပေါ်ပီပင်အပြင် ၄င်းရဲ့ ရုက္ခဗေဒ အပင် ဘိန်းစိမ်းကနေပြီး အဆင့်ဆင့် ဟီးရိုးအင်းအဖြစ် ပြောင်းလဲ သွားပါတယ်။ ဒီနှစ်နှစ်ကာလကလေးမှာတင်ပဲ မူးယစ်ဆေးဝါးဝင်ပစ္စည်းတွေထဲ မှာ ထပ်ဆင့်ပြီး အရူးဆေး၊ ခေါင်းရမ်းဆေးလုံး၊ ဆေးခြောက် (ဂန်ဆာ၊ ဘင်း) စတာတွေ ပွားများလာပါတယ်။ ဒါပေမဲ့ ကနေ့ထက်တိုင် မူးယစ်ဆေးဝါးရဲ့ အဓိက ဇာတ်ကောင်ကတော့ အရင်ကတိုင်းပဲ ဘိန်းနှင့် ဟီးရိုးအင်းပဲဖြစ်ပါ တယ်။ အားလုံးသိနှင့်ပြီးသားတွေပါ။ ဘိန်း၊ ဟီးရိုးအင်းတို့ကနေ မူးယစ်ဆေးဝါး ရယ်လို့ ဖြစ်လာပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေကို သောက်တယ်၊ စားတယ်၊ ရှူရှိုက်တယ်၊ ထိုးသွင်းလိုက်တယ်၊ အဲသလိုတွေ ပြုလုပ်ပြီးစီးတဲ့နောက် ပြင်းပြတဲ့ ပျော်ရွှင်မှုတွေရယ်၊ ပြင်းထန်လွန်းတဲ့ ရှည်ကြာမှုတွေရယ်၊ မှီခိုအားထားလိုစိတ် (စိတ်အားငယ်မှု) တွေ ပေါ်ပေါက်လာပါတယ်။ ၄င်းက လူ့ခန္ဓာကိုယ်ကို ပြင်း ထန်ဆိုးဝါးတဲ့ ချို့တဲ့မှုတွေကို ပြုလုပ်ပေးပါတယ်။ တစ်နေ့နေ့မှာ ဘိန်းစွဲသွားတာ နဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အစာချေဖျက်မှုစနစ်တွေ အဖျက်ဆီးခံရလေတယ်။ နာ တာရှည် အဆိပ်သင့်မှုတွေ ပေါ်ပေါက်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွုဲသူဟာ ငိုင်တိ၊ ငိုင်တိုင်၊ ကြောင်တောင်တောင် ဖြစ်လာမယ်။ အာရုံတွေ လေးလံထိုင်း မှိှုုင်းမယ်၊ နှာရည်တွေ စီးယိုကျလာမယ်၊ တစ္ဆေသရဲ မကောင်းဆိုးရွားပုံပေါက် မယ်။ အများတကာ သိနှင့်ပြီးသားတွေပါ။ မူးယစ်ဆေးဝါး သုံးစွဲမှုကနေပြီး ဆိုးရွားတဲ့ ဘေးဒုက္ခဆိုးကြီးတွေကို ပေါ်ပေါက်စေလိုပါတယ်။ နောက်ပြီး လူ့ ဘောင်လောကမှာလည်း ပြဿနာ တသီတတန်းကြီး ပေါ်ပေါက်လာစေပါတယ်။ ဘိန်းသုံးစွဲတာ၊ ဟီးရိုးအင်း သုံးစွဲမှုတွေဟာ ငွေကုန်ကြေးကျ များလွန်းလှပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငွေကြေးဓနကို လိုက်မမီနိုင်ဘူးဆိုရင် အလွယ်တကူနဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားနိုင်ပါတယ်။ သားရောင်း၊ သမီးရောင်း၊ ဇနီးသည်ကိုပါ ရောင်းစားပစ်တတ်ပါတယ်။ ယောကျာ်းသားတွေ ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်ကြမယ်။ မိန်းမသားတွေကတော့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတတ်ကြပါတယ်။

ဟီးရိုးအင်းက နှာခေါင်းအမြှေးပါးကနေ ဖြတ်သန်းသွားရပါတယ်။ အသက်ရှူလမ်းကြောင်းက အမြှေးပါးကို ကျုံသွားစေပါတယ်။ ြွကက်သားတွေ၊ အရေပြားအောက်ပိုင်းတွေနှင့် သွေးပြန်ကြောတွေထဲ ထိုးသွင်းတာက ရှူရှိုက် တာထက် သက်ရောက်မှုပိုပြီး မြန်ဆန်ပါတယ်။ လွယ်ကူအဆင်ပြေမှုကလည်း ရှိ၊ ပုန်းလျှိုးကွယ်ဝှက် မြန်ဆန်ချက်တွေ ရှိနေပြန်တယ်။ ကိုင်ရ တွယ်ရ လွယ်ကူ ပြီး ကရိကထတွေ မများဘဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ရနေပါတယ်။ ရှူ တာ၊ ရှိုက်တာ ထိုးသွင်းတာတွေက ဟီးရိုးအင်းဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား ပါတယ်။ ရေနဲ့ ဓာတ်ပြုပြီး မော်ဖီးယား ဖြစ်သွားပါတယ်။ တစ်စိတ်တစ်ပိုင်းက ဟီမိုကလိုဘင်နဲ့ ရောနှောပေါင်းစပ်သွားပါတယ်။ တစ်စိတ်တစ်ပိုင်းက ဦးနှောက် ထဲ၊ ကျောက်ကပ်ထဲ၊ အသည်းထဲ၊ သရက်ရွက်ထဲနှင့် ြွကက်သားတွေထဲကို ရောက်ရှိသွားပါတယ်။ ဒါ့အပြင် အချင်းကနေ ဝင်ရောက်လာပြီး သန္ဓေသား လောင်းကို ဒုက္ခပေးပါတော့တယ်။ နို့တိုက်ကာလတွေမှာ သားသည်မိခင်တွေရဲ့ နို့ရည်ထဲက အချိုးအစား အနည်းငယ်ပါတဲ့ မော်ဖိန်းဓာတ်က နို့ရည်ထဲ ပျော်ဝင် နေပါတယ်။ ဟီးရိုးအင်းကို ရှူရှိုက်တာရယ်၊ ထိုးသွင်းတာရယ်က တုန့်ပြန်ချက် က အင်မတန် ကြီးမားလှပါတယ်။ အာနိသင်ထိရောက်ချက်ကလည်း ပြင်းထန် လှပါတယ်။ အစွမ်းပြချက်ကလည်း မြန်ဆန်လှတယ်။ ၄င်းရဲ့ အဆိပ်အတောက်က ဘိန်းထက် ၁၀ ဆ သာလွန်ပါတယ်။

ဟီးရိုးအင်း ရှူရှိုက်တာ၊ ထိုးသွင်းတာ လုပ်လာလို့ နှုန်းထားအတိုင်းအတာ တစ်ခုကို ရောက်တာနဲ့ သုံးစွဲသူ ငနဲသားခမျာ ဟီးရိုးအင်းကို ပြင်းပြတဲ့ ငံ့လင့် မှုတွေ၊ မျှော်ကိုးမှုတွေ ပေါ်ပေါက်လာရလေတယ်။ သုံးစွဲသူဟာ မရရတဲ့ နည်း နဲ့ ဟီးရိုအင်းကို အရရှာတော့မှာပါ။ ဘယ်လောက်အထိ များလဲဆိုရင် ဖြစ်ပေါ် လာမယ့် ရှေ့ရေးတွေရော၊ နောက်ကြောင်းတွေကိုရော ဘာဆိုဘာမှ ဂရုစိုက် မနေတော့ဘဲ လိမ်ညာမယ်၊ ခိုးဝှက် တိုက်ခိုက်မယ် အစရှိတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ကြပြီး ဟီးရိုးအင်းကို မရရအောင် ရှာဖွေရလိမ့်မယ်။ ယင်းထနေချိန်မှာ မူးယစ်ဆေးဝါးကို ရှာမရ ဖွေမရဖြစ်နေရင် ဆေးစွဲသူဟာ မခံမရပ်နိုင်လောက် အောင် ဖြစ်ချေလိမ့်မယ်။ စိုးရိမ်ကြောင့်ကြမှုတွေ အထိတ်တလန့်မှုတွေ အလို လိုနေရင်း ဖြစ်ပေါ်နေမယ်။ ဟော့ဟော့ရမ်းရမ်း၊ ဆူဆူညံညံတွေဖြစ်နေမယ်။ သွားလာလှုပ်ရှားမှုတွေကလည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေလိမ့်မယ်။ လူမှုရေး တွေ၊ အိမ်ထောင်ရေးတွေမှာ တာဝန်ယူလိုစိတ်တွေ ကင်းမဲ့နေမယ်။ လှုပ်ရှား ဆောင်ရွက်မှုတွေက ကိုယ့်ရဲ့ စိတ်လို စိတ်ရတွေ မဟုတ်တော့ပါ။ ဘာဆို ဘာကိုမှ အလေးမမူ ဂရုမထားဘဲ နောင်ရေးကို ထည့်မတွေးဘဲ ထင်ရာစိုင်း နေချေမယ်။ တစ်ဦးတစ်ယောက်တည်း မူးယစ်ဆေးသုံးစွဲပြီး ဘိန်းမှိန်း မှိန်းပြီးတဲ့ နောက် အဲဒီစည်းစိမ်ကို ဆက်လက်ထိန်းထားလိုတာကြောင့် စီးပွားရေးမှာ ထိပ်တန်းမြင့်မြင့်မားမား သုံးဖြုန်းရပါတော့မယ်။ အဲဒီအတွက် ပထမခြေလှမ်းက ဆွေမျိုးအပေါင်းအသင်း မိတ်ဆွေတွေဆီကနေ ငွေလိမ်တာတွေကို လုပ်ရပါ တော့မယ်။ ဒုတိယခြေလှမ်းက အိမ်ရှိပစ္စည်းတွေကို ရောင်းချလိမ်တာတွေကို လုပ်ရပါတော့မယ်။ ''မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရာဇဝတ်မှု ကျူးလွန်းခြင်းတို့ဟာ အလွန်တရာမှ ပူးတွဲဆက်စပ်နေပါတယ်'' ဆိုတဲ့ စကားကို တစ်လောကလုံးက လူတွေဟာ (မူးယစ်ဆေးဝါးသုံးစွဲသူ ကိုယ်၌ကလည်း) သတိထားကြပါတယ်။ သုံးစွဲမှု ပမာဏတိုးတိုးလာတဲ့ အလျောက်၊ အကြိမ်ကလည်း များများလာပါတယ်။ သောက်သုံးရှူရှိုက်လာရာကနေ တဆင့်တက်ပြီး သွေးပြန်ကြောထဲဆီ ထိုးသွင်း လေတယ်။ တဆင့်ပြီးတဆင့် တက်တက်သွားပြီး ဆေးကို စွဲသထက် စွဲသွားပါ တယ်။ ဆေးအစွဲကြီးစွဲပြီး နက်ရှိုင်းလာလွန်းတော့ ခန္ဓာကိုယ်တွင်းက ကလီစာ တွေကပါ ပျက်စီးကုန်ပါလေရော။ သိပ်မကြာတော့တဲ့အချိန်မှာ သေသွားဖို့သာ ရှိပါတော့တယ်။

၂၀ ရာစုခေတ် ၇၀-၈၀ ခုနှစ်တွေရဲ့ အစဦးပိုင်းမှာ ပေါ်ပီရယ်၊ ဘိန်းရယ်က စိမ်းရွှေရွှေ ခါးသက်သက်တွေက ဘိန်းနဲ့ အလှမ်းကွာဝေးစေပါတယ်။ အဲဒါတွေနဲ့ ချို့ယွင်းချက်တွေ ပျောက်ကုန်အောင် ဘိန်းကနေ အဆင့်မြင့်မြင့် ဓာတ်ပြုပြောင်းလဲဖြစ်ပြီး နောက်မှပေါက်တဲ့ ရွှေကြာပင် ဟီးရိုးအင်းဟာ ဘိန်း ထက် အဆတစ်ရာ သာလွန်အောင် စွဲမက်စရာ ကောင်းလှပါတယ်။ ဘိန်းထက် ဒုန်းစိုင်းပြီး အမြန်ရောက်လာပါတယ်။ သူ့ရဲ့ အားသာချက်တွေက ထုထည် ပမာဏသေးတယ်၊ သယ်ယူရတာ လွယ်ကူတဲ့ အထူးကောင်းမွန်တဲ့ အချက်က ရှိနေပြန်တယ်။ အချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးရလွယ်ပါတယ်။

လူသားတွေက စစ်မျက်နှာတွေ ဖြန့်ကျက်ပြီး အလုံးအရင်းနဲ့ အသစ် ပေါ်ပေါက်လာတဲ့ အဖြူရောင်သရဲသဘက်ကြီး စစ်ကြေညာပြီး စိန်ခေါ်တိုက် ခိုက်နေတုန်းနေဆဲ၊ အောင်ပွဲခံဖိုပ မျှော်လင့်ချက် မတွေ့ရှိသေးခင်မှာပဲ မူးယစ် ဆေးဝါးထက် အဆပေါင်းရာကျော်အောင် ကြောက်စရာကောင်းလှတဲ့ HIV ခုခံအားကျဆင်းမှု ရောဂါကြီးက တိတ်တဆိတ်နဲ့ အသံမပေးဘဲ ဝင်ရောက်လာပါ တယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုကနေ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ နောက်တစ်ခုက ပိုပြီးဆိုးရွားတဲ့ ပြဿနာကြီးက ပေါ်ထွက်လပြန်တယ်။ AIDS ကိုယ်ခံအားကျဆင်းမှုရောဂါဟာ အရှိန်အဟုန် မြန်မြန်ဆန်ဆန်နဲ့ ကူးစက်ပြန့် ပွားလာပါလေရော။ ၈၀ ခုနှစ်တွေမှာ လူသားတွေ အထိတ်တလန့် အဖြစ်ဆုံး တွေထဲက တစ်ခုဟာ ကိုယ်ခံအားကျဆင်းမှု ရောဂါဖြစ်တယ်။ ဒါ့အပြင် မူးယစ် ဆေးဝါးနဲ့ ကိုယ်ခံအားကျမှုရောဂါတို့က ပေါင်းစပ်လို့ သွားကြပါတယ်။ မူးယစ် ဆေးဝါးသုံးစွဲသူ မိန်းမသားက ဟီးရိုးအင်းအရည် ထိုးသွင်းတဲ့ ကိရိယာကို အတူသုံးစွဲလိုက်မယ်။ လိင် စက်ယှက်မယ်၊ အဲဒီတော့ ကိုယ်ခံအားကျဆင်းမှု ရောဂါကို ဖြန့်ချိလိုက်သလို ဖြစ်သွားပါတယ်။ HIV သမားဆီက သွေးကို သွင်းတာတို့၊ သွေးလှူတာ၊ သွေးရောင်းတာ၊ လိင်ဆက်ဆံတာနှင့် နို့တိုက်မိခင် တို့တွေကနေ ရောဂါကို ကူးစက်ပြန့်ပွားစေပါတယ်။

တရုတ်ပြည်မှာ ၁၉၈၅ ခုနှစ် စတင်တွေ့ရှိပြီး  HIV ရောဂါရယ်လို့ စာရင်ဝင်လာလိုက်ကတည်းက ကိုယ်ခံအားကျဆင်းမှုရောဂါဟာ နယ်စပ်တွေ၊ ကမ်းရိုးတန်းတွေကနေ နိုင်ငံတစ်ဝှမ်းလုံးကို အလျင်အမြန် ပျံ့နှံ့သွားလေတယ်။ ၁၉၉၉ ခုနှစ်၊ တရုတ်ပြည်မှာ ရောဂါသည်ပေါင်း ၁၇၃၁၆ ယောက်ရှိတာကို တွေ့ရှိရပါတယ်။ ကနေ့မျက်မှောက်မှာ တရုတ်ပြည်မှာ HIV ကူးစက်ပြန့်ပါပွား မှုနှုန်း မြန်ဆန်လွန်းနေပါတယ်။ လူအယောက်ပေါင်း ၈ သိန်းကို ကျော်လွန်ချေ ပြီလို့ ဆိုထားပါတယ်။ (ပညာရှင်တွေ ခန့်မှန်းချက်က တကယ့်ရောဂါသည် အရေအတွက်ဟာ ဒီထက်ပိုများပါလိမ့်မယ်လို့ ပြောကြပါတယ်) ယူနန်ပြည်နယ် ကို အဓိကပင်မထားပြီး တခြားပြည်နယ်တွေရဲ့ လက်တွေ့ကျကျ ဖော်ပြချက်အရ မူးယစ်ဆေးဝါးရဲ့ ကျယ်ပြန့်ချက်က HIV အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာရ မှုရဲ့ အရေးပါတဲ့ အကြောင်းရင်းဖြစ်တယ်ရယ်လို့ ရှုမြင်ကြပါတယ်။ အပ်တစ် ချောင်းတည်း အသုံးပြုပြီး မူးယစ်ဆေးဝါး ထိုးသွင်းခြင်းဟာ HIV ကူးစက်ပြန့် ပွားစေမှုရဲ့ အဓိကလမ်းကြောင်းဖြစ်ပါတယ်။ ၇၂"၇プ ရှိပါတယ်။ လိင်ဆက်ဆံ ပြန့်ပွားမှုနဲ့ နို့တိုက်မိခင်တွေဆီကနေ ပြန့်ပွားနှုန်းက ၂၇"၃プ ရှိပါတယ်။ ဒါလောက်ဆိုရင် မူးယစ်ဆေးဝါးနှင့် HIV ကူးစက်ပြန့်ပွားမှုတို့က အင်မတန် နီးနီးကပ်ကပ် ဆက်စပ်မှု ရှိနေတာကို တွေ့နေရပြီးဖြစ်တယ်။

မူးယစ်ဆေးသုံးစွဲတဲ့ အမျိုးသမီးဟာ ဆေးသုံးစွဲဖို့ ငွေကြေးလိုလာတဲ့ အခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို ရောင်းချလေတယ်။ ဒါဟာလည်း ဒီခေတ် ဒီအချိန် မှာ ကျယ်ကျယ်ပြန့်ပြန့် အနေအထားဖြစ်နေပါပြီ။ မူးယစ်ဆေးဝါးကြောင့် အတင်းအကြပ် ပြည့်တန်ဆာဖြစ်ရခြင်းရယ်လို့ ခေါ်ကြပါတယ်။ ဒီအမျိုးသမီး တွေမှာ မူးယစ်ဆေးသုံးစွဲမှု ဒွေးရောယှက်တင်ချက်ကနေ ကူးစက်တာတွေရော၊ လိင်ဆက်ဆံခြင်းက ကူးစက်ခံရတာတွေရော၊ ဒွိယံနှစ်ပင်လိမ် ဘေးအန္တရာယ်ကြီး တွေကို ရင်ဆိုင်ကြုံတွေ့နေရရှာတယ်။ ဒီအမျိုးသမီးတွေ တစ်နေ့နေ့ တစ်ချိန် ချိန်မှာHIV ကူးစက်သွားလိုက်တာနဲ့ အင်မတန် တုန်လှုပ်ခြောက်ခြားစရာတွေ ကောင်းတဲ့ ပြန့်ပွားပေးသူတွေ ဖြစ်သွားကြလေတယ်။ ယင်းကူးစက်ပြန့်ပွားမှု မျိုးက သွေးပြန်ကြောထဲ ဆေးသွင်းတာထက်တောင် ကျော်လွန်သွားပါဦးမယ်။

''ခုခံအားကျရောဂါ ကာကွယ်ဟန့်တားရေးစီမံကိန်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ တာဝန်ခံ မိုက်ကယ်ဟေးစိန့်ကနေ ထောက်ပြပါတယ်။ ၁၉၉၄ ခုနှစ်က တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတဲ့ ခုခံအားကျရောဂါရှိသူပေါင်း ၈ သန်းကနေ ၁၀ သန်းအထိဟာ လူလတ်ပိုင်းတွေဖြစ်ကြပါတယ်တဲ့။ ၃။ ၄ ခန့်က လိမ်မတူချင်း စပ်ယှက်ရာက ကူးစက်ပါတယ်။ ကင်ညာနိုင်ငံ နေဂိုဘီ မြို့မှာ ၁၉၉၅ ခုနှစ်တုန်းက ပြည့်တန်ဆာမယ်တွေကို တစ်ကြိမ်စစ်ဆေးပြီး စာရင်းကောက်ယူလိုက်တော့ HIV ကူးစက်ခံရသူ ၁၉ プ ရှိတာကို အထင်အရှား ဖော်ပြနေပါတယ်။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာ ၁၉၉၀ ခုနှစ်က ၄င်းမြို့ရဲ့ ပြည့် တန်ဆာမယ် တစ်သိန်းခွဲကို စစ်ဆေးလိုက်တော့ HIV ကူးစက်ခံရသူပေါင်းက မြို့ရဲ့ ၃၀ プ ကိန်းဆီကို ရောက်နေတယ်။ အဲဒီမြို့မှာ တစ်လ တစ်လ ကူးစက် ခံရတဲ့ အသစ်အသစ်တွေက လူဦးရေ ၆၀ဝ၀ တောင် ရောက်ရှိနေတယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးသုံးစွဲသူတွေထဲကHIV  ကူးစက်ခံရသူတွေ ၃၅ プ တောင် မြင့်မားနေပါတယ်။ ထိုင်းနိုင်ငံရဲ့ လိင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေရဲ့ သွက်လက်ချက်ချာမှုတွေကြောင့် ှုံဠ ဟာ ထိုင်းနိုင်ငံရဲ့ ကူးစက်ပြန့်ပွားမှုဟာ ထင်းခြောက်ထဲ မီးတောက်မီးလျှံလိုပါပဲ။ လောင်ကျွမ်းလိုက်တာနဲ့ ထန်းမနိုင်၊ သိမ်းမရ ဖြစ်နေပါပြီ။

HIV ရဲ့ ပြူးပြဲ ခြိမ်းခြောက်မှုကို အခံရဆုံးကတော့ လုံးဝ အပြစ်ကင်း စင်တဲ့ ကလေးသူငယ်လေးတွေပါပဲ။ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာဌာနတွေရဲ့ ခန့်မှန်းချက်အရက ၁၉၈၁ ခုနှစ်က အစပြုပြီး ကနေ့အထိ တစ်ကမ္ဘာလုံး အတိုင်းအတာထဲမှာ နေ့စဉ် နေ့တိုင်း ကလေးသူငယ်တွေ HIV ကူးစက်ခံရတာ ဟာ ဦးရေအယောက် ၁၀ဝ၀ ခန့် တိုးတိုးလာပါတယ်လို့ ဆိုထားပါတယ်။ ၁၉၉၅ ခုနှစ်မှာတင် အသက်ငါးနှစ်အောက် ကလေး ၃ သိန်းဟာ HIV ကူး စက်ပြီး သေဆုံးကြရတာဖြစ်ပါတယ်တဲ့။ ၁၉၉၆ ဇွန်လကို ရောက်တော့ ကမ္ဘာ တဝှမ်း ှုံဠ ကူးစက်ခံရသူပေါင်း ၂၁"၈၀ သန်းရှိနေပါတယ်။ ဒီအထဲက ၈ သိန်း ၃ သောင်းရှိပါတယ်။ ခန့်မှန်းချက်အရ သက္ကရာဇ် ၂၀ဝ၀ မှာ ကမ္ဘာတဝှမ်းHIV ကူးစက်ခံရသူပေါင်း သန်း ၄၀ ကို ရောက်ရှိပါလိမ့်မယ်တဲ့။ HIV ကူးစက်ခံရသူ အများအပြားဟာ အသက် ၄၀-၅၀ မှာ သေသွားကြရတာကြောင့် သူတို့ရဲ့ သားငယ်၊ သမီးငယ်လေးတွေဟာ မိဘမဲ့ဘဝကို ဆိုက်ရောက်သွားကြ ပါတယ်။ ၂၀ဝ၀ ခုနှစ်ကိုရောက်ရင် ကမ္ဘာတဝှမ်းမှာ ကလေးငယ်ဦးရေ ၁၀ သန်း လောက်ဟာ အမိ၊ ဒါမှမဟုတ် အဖ၊ ဒါမှမဟုတ် မိဘနှစ်ပါးစလုံး မရှိကြ တော့တဲ့ ဘဝကို ရောက်သွားကြရပါလိမ့်မယ်။ HIV ကူးစက်ပြန့်ပွားနှုန်း ပြင်း ထန်တဲ့ နိုင်ငံတွေမှာ ၁၅ နှစ်အောက်က ကလေးငယ်တွေထဲမှာ ၄プ-၇プဟာ HIV ကြောင့် မိဘမဲ့ကလေးတွေဖြစ်ရပါတော့မယ်။ ဝါဒဖြန့်ချိမှုတွေနှင့် တား မြစ်မှုတွေ၊ အားနည်းမှုတွေကြောင့် တရုတ်ပြည် ၈၀ プ ရဲ့ ကျေးလက်တောရွာ နေ လူဦးရေဟာ တစ်ခါဖူးမှ မကြုံစဖူး ထုထည်ကြီးမားလှတဲ့ မျိုးတူအုပ်စုကြီး ဟာ လျစ်လျူရှုထားခံနေရပါတယ်။ အမြဲတမ်းလိုလိုပဲ မော်တော်ဆိုင်ကယ်စီးပြီး ရွာတွေဆီကို မူးယစ်ဆေးဝါး လိုက်လံပို့ပေးပါသတဲ့။ ခွန်မင်းမြို့က မူးယစ်ဆေး ဖြတ်ကုသဆောင် အဆောင်မှူး မာဝေ့က သတင်းထောက်တွေကို ဧည့်ခံတဲ့ပွဲ မှာ ပြောပြပါတယ်။ ''ကနေ့မျက်မှောက်ခေတ် နိုင်ငံတွင်းမှာ မူးယစ်ဆေးစွဲသူ တွေမှာ ''နှစ်နိမ့်၊ နှစ်များ၊ ပျံ့နှံ့သွား ''ဆိုတဲ့ ထူးခြားချက်တွေ ရှိနေပါတယ်။ ''နှစ်နိမ့်'' ဆိုတာက ပညာအရည်အချင်း နိမ့်ပါးခြင်း၊ အသက်အရွယ်နိမ့်ပါးခြင်း ပါပဲ။ ''နှစ်များ''ဆိုတာက မြို့ပြတွေမှာ ဗဟိုချက်မ ဒေသတွေများပြားခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလွန်လွန်းနေတာကြောင့် မြို့ပြခရိုင်တွေ များပြားစည်ကားလာခြင်းတွေဖြစ်တယ်။ နောက်ထပ်တစ်ခုက ကျေးလက်တော ရွာတွေဆီကို တမဟုတ်ချင်း ပျံ့နှံ့ကူးစက်သွားခြင်းပါပဲ။ ကျေးလက်တောရွာတွေ မှာ ဝါဒဖြန့်ချိမှုတွေ၊ ရှာဖွေဟန့်တားမှုတွေ အပြန်အလှန်အားတွေက ပိုပြီး လျော့ပါးနေတာကြောင့် မျက်မှောက်ကာလမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုဟာ ဈေးကွက်အသစ်တွေ ထိုးဖောက်ဖွင့်လှစ်နေကြပါပြီ။

''နန်းဖှန်ကျိုးပေါက်'' (တောင်ပိုင်း အပတ်စဉ်ဂျာနယ်) ရဲ့ သတင်းထဲမှာ ပါလာတာက တရုတ်မြန်မာနယ်စပ်မြို့ ရွှေလီတကြောမှာ မူးယစ်ဆေးစွဲမှုတွေ ကူးဆက်ပြန့်ပွားနေပါတယ်။ အဲဒါကနေ နေရာအများအပြားတွေမှာ လိင်မှုရေး ရကနေ ပြောင်းလဲဖြစ်ပေါ်လာတဲ့ HIV ကိုယ်ခံအားကျဆင်းရေးရွာတွေ များ ပြားပါလာပါတယ်။ (တရုတ်မြန်မာနှစ်နိုင်ငံစလုံးမှာ ရှိနေပါတယ်) နှစ်များ မကြာခင် နှောင်းပိုင်းတွေမှာ ဒီလိုမျိုး ရောဂါပိုးတွေ ဆိုးရွားနေတဲ့ ရွာတွေဟာ လူသူကင်းမဲ့တဲ့ ရွာတွေဖြစ်လာချေလိမ့်မယ်။ ဝမ်ကန်းရွာက မိဘမဲ့ သမီးလေး ရှောင်ရှမ်းမိုက်။ သူကလေးဟာ ၁၉၉၇ ခုနှစ်ကုန်ပိုင်းရောက်ရင် ကလေးမလေး ရဲ့ အသက်က လေးနှစ်ပြည့်သွားပါတော့မယ်။ HIV ရောဂါကျွမ်းကျင်တဲ့ ပညာရှင်ကြီးတွေရဲ့ အမြင်မှာ ဒါလောက်အသက်ရှည်ရှည်နေရတာဟာ အင် မတန် ရှားတယ်ဆိုပဲ။ ရှောင်ရှမ်းမိုက်ရဲ့ ဖခင် ဖိုင်ကန်းဖိန်ဟာဆိုရင် ရွာထဲက မူးယစ်ဆေးဝါး သောက်သုံးသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထိုးသွင်းတဲ့အဆင့်ကို တက်သွားပါတယ်။ ဟီးရိုးအင်း နံပါတ် ၄ အရည် ကိုယ်ထဲ ထိုးသွင်းတာပေါ့။ ထိုးသွင်းတာမှာ စုပေါင်းထိုးသွင်းတာမျိုးကို လုပ်ကြတော့ ဆေးသမား ဖိုင်ကန်း ဖိန်ကို HIV ကူးစက်သွားပါလေရော။ သူ့မှာ ဒီရောဂါရှိကြောင်းကို ၁၉၉၁ ခုနှစ်မှာ ဆေးစစ်ကြည့်လိုက်တော့မှ သိရတာဖြစ်တယ်။ ဖိုင်ကန်းဖိန်ဟာ သူ့ ကိုယ်သူ ဘာမှ မဖြစ်ဘူးလို့ အထင်ရောက်နေတယ်။ ဒါနဲ့ပဲ ရီမော့လန်ဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်လိုက်တယ်။ ရီမောလန်ဟာ ၁၉၉၃ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ သမီးလေး ရှောင်ရှမ်းမိုက်ကို မွေးဖွားပါတယ်။

ဒါဟာ ဘာကို ပြောနေသလဲဆိုတော့ ရှောင်ရှမ်းမိုက်ကလေးဟာ ဘဝပေးကံကြမ္မာကနေပြီး HIV ကိုယ်ခံအားကျရောဂါသည်လေးအဖြစ်နဲ့ လူ့ ပြည်လာပြီး လူဖြစ်ရလေတယ်။ သမီးလေး ရှောင်ရှမ်းမိုက် ဖွားမြင်ပြီး လပိုင်းတွေ လောက်မှာ သွေးစစ်ကြည့်လိုက်တာ့ သမီးလေးရဲ့ သွေးထဲမှာ HIV ကိုယ်ခံအား ကျရောဂါပိုးကို တွေ့ရှိပါသတဲ့။ သမီးလေး ရှောင်ရှမ်းမိုက်လေးဟာ ဘာမသိ ညာမသိနဲ့ HIV ရောဂါပိုင်ရှင်လေးဖြစ်သွားရချေပြီကော။

လက်ဦးပိုင်းကတော့ လင်ယောကျာ်း၊ ဒါမှမဟုတ် ဇနီးမယားက မူး ယစ်ဆေးဝါးသုံးစွဲရင်းကနေ HIV ကူးစက်သွားတယ်။ ဒီနောက်မှာ လိင်မှု ဆက်ဆံရေး လမ်းကြောင်းကနေပြီး တစ်ဖက် ကြင်ဖက်သက်နှံဆီ ကူးစက်သွား ရတယ်။ တဖန် ဇနီးမယားကနေ နို့တိုက်မိခင်ရဲ့ နို့ရည်ကြည်လမ်းကြောင်းကနေ ပြီး သမီးသားတွေဆီ ထပ်ဆင့် ကူးစက်သွားပြန်လေရော။ ဒါကတော့ တရုတ် ပြည် အနောက်တောင်ပိုင်း နယ်စပ်ဒေသက ရွာတွေ ရွာတွေမှာ ကြက်သီးထစရာ ကောင်းတဲ့ တကယ့်ပုံဝတ္ထုတွေ ဖြစ်နေပါတယ်။ ဖိုင်ကန်းဖိန်ဟာ ၁၉၉၄ ခုနှစ် မှာ ဟီးရိုးအင်း အထိုးလွန်လို့ သေသွားပါတယ်။ ကျန်ရစ်ခဲ့တဲ့ ဇနီးသည် ရီမော့လန်နှင့် သမီးလေး ရှောင်ရှမ်းမိုက်တို့ခမျာ ဝမ်းစာရေးကို ခက်ခက်ခဲခဲ ရှာကြံနေကြရတယ်။ ကူသူမဲ့၊ ကယ်သူမဲ့ဘဝနဲ့ဘဝကို ရုန်းကန်နေရရှာတယ်။ ရွာသူ ရွာသားတွေရဲ့ တံတွေးခွက်ထဲ ပက်လက်အမြော မခံနိုင်လေတော့ ၁၉၉၆ ခုနှစ်ကျတော့ သူ့မှာHIV ရှိမှန်း မသိရှာတဲ့ တစ်နယ်တစ်ကျေး စန်း တုန်းဇာတိသားနဲ့ တိတ်တိတ်ကလေး ခိုးရာလိုက်ပြေးသွားပါလေရော။ ဝမ်ကန်း ရွာကလေးမှာ အဲဒီအချိန်အခါက အစပြုပြီး ရီမော့လန်ရဲ့ သတင်းစကား ဘာ တစ်ခွန်းမျှ မကြားရတော့ပါ။ သူကလေးဟာ သူ ပိုင်ဆိုင်ထားတဲ့HIV ကို လူတွေ ဘယ်လောက်အထိ ဖြန့်ဖြူးပေးလိုက်ပြီလဲဆိုတာကိုလည်း ပိုလို့ ပိုလို့ မသိရပါ။ မိလည်းမရှိ၊ ဖလည်း မရှိတော့တဲ့ သမီးငယ်လေး ရှောင်ရှမ်းမိုက်ဟာ ကံကြမ္မာက ပေးလာတဲ့ HIVကို ရင်မှာပိုက်ပြီး ဘွားဘွားရယ်၊ ဘဘရယ်၊ ဒေါ်ဒေါ်တို့ရဲ့ ပြုစုယုယမှုအောက်မှာ ခိုလှုံနေရရှာလေတယ်။

HIV ကြောင့် ဘေးကြပ်နံကြပ်ဖြစ်တဲ့ နောက်ရွာတစ်ရွာ ရှိပါသေးတယ်။ ဖုန်စိန့်အော့ရွာဖြစ်ပါတယ်။ ကောင်ကလေး လဖိန်ရဲ့ မိခင် ထန်မုလုဟာ မူး ယစ်ဆေးဝါး သုံးစွဲတာရော၊ အနည်းအပါးရောင်းချပြီး ဝမ်းစာရှာရတာကို မိ သွားလို့ သက်သက်ညှာညှာနဲ့ ပြုပြင်ထိန်းသိမ်းခံနေရပါတယ်။ ဖခင် တောင်းစန် လှဆိုတာကလည်း မူးယစ်ဆေးစွဲသူဖြစ်ရုံတင် မကသေးပါ။ ဆေးသုံးစွဲရင်းကနေ HIV ကူးစက်ခံနေရတဲ့သူ ဖြစ်ပါတယ်။ အနောက်တောင်ပိုင်း နယ်စပ်တကြော မှာ ထန်မုလုလိုမျိုးသူတွေက မနည်းမနောပါ။ ဖုန်စိန်အော့လို ရွာတွေကလည်း များမှ များပါဘိ။ နောက်တစ်ယောက်က မုပြဲန်းဆိုတဲ့ ကောင်ကလေး။ သူ့ရဲ့ မိဘနှစ်ပါးစလုံး HIV နဲ့ ၁၉၉၆ ခုနှစ်မှာ ရှေ့ဆင့်နောက်ဆင့်ပဲ သေဆုံးသွား ကြပါတယ်။ အစဦးပိုင်းက သူ့ရဲ့ ဖခင်ပေါ့၊ မူးယစ်ဆေးသုံးစွဲရင်းကနေ ကူးစက် သွားတယ်။ ဒီနောက်မှာ သူ့ရဲ့ မိခင်ဆီ ကူးစက်သွားပါတယ်။ ကံကောင်း ထောက်မတာက မုပြဲန်းကိုတော့ မကူးစက်ပါ။ ရွာသူကြီး လီကွမ်ကန်းရဲ့ ပြော စကားအရဆိုရင် ရွာထဲမှာ အိမ်ခြေပေါင်း ၄၀ ကျော်ရှိပါတယ်။ အိမ်တိုင်း အိမ်တိုင်းလောက်ကို မူးယစ်ဆေးဝါး သုံးစွဲကြပါတယ်။ တချို့အိမ်တွေများ စီးပွားပျက်ပြီး ဘာမှ မရှိတော့ပါဘူး။ ဟီးရိုးအင်း သုံးစွဲလို့ကြောင့် သေတာရယ်၊ ဒါမှမဟုတ် HIVကူးစက်တာကြောင့် သေတာရယ်၊ အားလုံး စုစုပေါင်း ၁၃ ယောက်ရှိပါတယ်။ ရွာသူကြီးက ပြောပါတယ်။ ''နောက်ထပ် ဒီအတိုင်း ဆက် ပြီးသွားရင် သိပ်မကြာတော့တဲ့ နှစ်တွေမှာ ဟောဒီကျွန်တော်တို့ရွာဟာလေ လူသူမရှိတော့တဲ့ ရွာဖြစ်သွားတော့မှာဗျ'' မကြာခဏ ဒီရွာဆီလာပြီးHIV  စုံစမ်းလေ့လာတဲ့HIV အထူးကု ဒေါက်တာတစ်ယောက်က အတော့်ကို စိတ် ပျက်လက်ပျက်တဲ့ လေသံနဲ့ ပြောပါတယ်။ ''လူငယ်လူရွယ်လေးတွေကို ပြော ပြရ၊ ရှင်းပြရတာလည်း အကြိမ်ပေါင်း ဆယ်လီတွေ အထပ်ထပ်ပါပဲဗျာ။ အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြကြတာဗျ။ နားထောင်စတုန်းတော့ ဟုတ်တော့ မလိုလိုပါပဲ။ ဟော ရွာထဲက သူတို့အပေါင်းအဖော် တစ်ယောက်ယောက်ကသာ နံပါတ် ၄ တစ်ငုံလောက် ပေးဖွာလိုက်၊ ပြောခဲ့တာအားလုံး ဗလာတွေ ဖြစ်ကုန် ပါလေရောဗျာ''

အသက် ၂၇ နှစ်အရွယ် ဖိုင်လကျိုက်။ ဝါးခြမ်းပြားလို အရိုးပေါ် အရေတင်ထားတဲ့ အရေပြားတွေပေါ်မှာ ဆေးမင်ကြောင် ထိုးထားတာ တစ် ကိုယ်လုံး အပြည့်ပါပဲ။ သူ့မှာ ညီအစ်ကိုမောင်နှမ အားလုံး ၉ ယောက်ရှိတယ်။ ညီအစ်ကို ၅ ယောက်ထဲမှာ ၃ ယောက်က ဆေးစွဲနေကြတယ်။ ဒီအထဲက အစ်ကို ဖိုင်လတိုးက ၂၀ဝ၁ ခုနှစ်တုန်းက နံပါတ် ၄ ရှူရှိုက်ရင်းက သေသွား တယ်။ ဖိုင်လကျိုက် နံပါတ် ၄ စတင်သုံးစွဲတာက ၁၉၉၂ ခုနှစ်ကပေါ့။ ဒါ့ အပြင် HIV ပါ ကူးစက်သွားပါပြီ။ ဒါကလည်း ရှေးအဦးဆုံး ကူးစက်တာက ရွာထဲက လပန်းဆိုတဲ့ သူငယ်လေးက တခြားရွာပြင်ဘက်ဆီကနေပြီး ကူးစက်လ လာတာဖြစ်တယ်။ နောက် ရွာပြန်ရောက်တော့ ရွာထဲက ဝိုင်းတော်သားတွေနဲ့ ဟီးရိုးအင်းဆေးထိုးသွင်းတဲ့ ပျော်ပွဲရွှင်ပွဲကြီးကို တိုးတိုးတိတ်တိတ်ကြိတ်လုပ်ရင်း ကနေ တစ်ချီတည်း ကူးစက်ကြပါလေရော။ အဲဒီ ကြိတ်ဝိုင်းမှာ ဖိုင်လကျိုက်နှင့် သူ့ရဲ့အစ်ကိုနှစ်ယောက် ပါဝင်ဆင်နွှဲကြတာပေါ့။ ဖိုင်လကျိုက် ပြောပြချက်အရ HIVကူးစက်သွားပြီးတဲ့နောက် သူဟာ တစ်ကြိမ်မှာ သူ့ရဲ့မိန်းကလေး မိတ်ဆွေ နှင့် အတူနေခဲ့ကြပါသေးတယ်။ နေလို့မှ သိပ်မကြာပါဘူး။ မောင်နှင့်မယ် ကိုယ့်လမ်းကိုယ် ခွဲလျှောက်သွားကြပါတယ်။ အခုလည်း သူ့မှာ နောက်ထပ် မိန်းကလေးမိတ်ဆွေ အသစ်တစ်ယောက် ထပ်ရှိလာပြန်ပါပြီ။ ပြီးတဲ့ (ထုံးစံ အတိုင်းပေါ့၊ ဘယ်လိုအကာအကွယ်မျိုးမှ မပါဘဲ လိင်ဆက်ဆံကြပါတယ်။ ဖိုင်လတောင်မှာ HIV ရောဂါပိုး ကူးစက်သွားပါပြီ။ သူ့ရဲ့ဇနီးကိုတော့ ဆေးမ စစ်ရသေးလို့ ဘာရယ်လို့ မသိရသေးပါ)

တရုတ်မြန်မာနယ်စပ် ဝေးစင် ဂိတ်လားရင်းအနီးနားက ကျန်းချွန်းရွာ ဆိုတာက HIV ရွာတစ်ရွာပါ။ ကျန်းကွန့်ပေါင်ဆိုတဲ့ ရွာသားဟာ HIV ရောဂါ သည်ဆိုတာ သက်သေသက်ကာယ အထောက်အထားနဲ့ ရှိနေပါတယ်။ သူဟာ ၁၉၈၈ ကစပြီး ဟီးရိုးအင်း သုံးစွဲပါတယ်။ ၁၉၈၉ ခုနှစ်ရောက်တော့ သွေးပြန် ကြောထဲ ထိုးသွင်းတာမျိုးကို ပြောင်းလာလုပ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဆေးစစ် လိုက်တော့ HIV ကူးစက်နေပြီဆိုတာ သိလိုက်ရတယ်။ ကျန်းကွန့်ပေါင်ဟာ ဆေးဖြတ်တာ အကြိမ်ကြိမ်ပါပဲ။ ဆယ်ကြိမ်တောင် ကျော်ပါတယ်။ သူပြောတာ က ''ဆေးဖြတ်ပြီးနောက် ရက်ပေါင်း ၁၅ ရက်လောက်မှာ ကျွန်တော် တစ်ကိုယ် လုံး စုတ်ပြတ်ထွက်သွားသလိုမျိုး ခံစားရပါတယ်ခင်ဗျာ''။ မူးယစ်ဆေးဝါးနဲ့ စပ်လျဉ်းပြီး ဘယ်လိုရှုထောင့် အမြင်မျိုး ရှိပါသလဲလို့ စာရေးသူ သူ့ကို မေး လိုက်ပါတယ်။ သူက ''ရွံ့မုန်းနေလို့ ဘာအသုံးကျတော့မှာလဲဗျာ။ အားလုံး ထုံထိုင်းကုန်ပြီလေဗျာ။ ဘာခံစားချက်မှ မရှိတော့ပါဘူးဗျာ''။ အဲဒီရွာက ရွာ သားလူငယ်လေး မူလကတော့ မူးယစ်ဆေးဝါးကို မသုံးစွဲပါ။ ဒါပေမဲ့ သူ့အစ်ကို သုံးယောက်စလုံး မူးယစ်ဆေးဝါးကူးစက်ပြီး အားလုံးသေကုန်ကြတယ်။ ဒီအထဲ က အစ်ကို မူလတွမ်းက သြဂုတ်လပိုင်းမှာ သေတယ်။ အထက်က ကျန်းကွန့် ပေါင်ရဲ့ အစ်မကြီး ကျန်းမုလုံ တစ်အိမ်သားလုံးရယ် သူနဲ့က တစ်ရွာတည်းနေကြ တာပါ။ အစ်မကြီး ကျန်းမုလုံနှင့် သူ့ရဲ့ယောကျာ်း လီစုတက်တို့ နှစ်ယောက်စလုံး ဟီးရိုးအင်းဆေးရည်ထိုးသွင်းရင်းကနေ HIV ရောဂါ ကူးစက်သွားကြပါတယ်။ လီစုတက်က ၂၀ဝ၀ ခုနှစ်မှာ သေဆုံးတယ်။ အစ်မကြီး ကျန်းမုလုံက ဟိုးနန် နယ်သားယောကျာ်းနဲ့ ထပ်ဆင့် အိမ်ထောင်ပြုလိုက်တယ်။ ကူးစက်မှုမရှိသေးတဲ့ ကလေးနှစ်ယောက်ကို ထားရစ်ခဲ့ပြီး နောက်ယောကျာ်းနောက် လိုက်သွားပါတယ်။ မူးယစ်ဆေးတို့ ဘာတို့ လုံးဝကင်းစင်တဲ့ ကျန်းကွန့်ပေါင်က ပြောပါတယ်။ အစ်မကြီးဟာ ကလေးနောက်တစ်ယောက် ထပ်မွေးလုနီးပါပြီ။ တကယ်လို့ မွေးဖွားလာရင် ကမ္ဘာလောကမှာ HIV ကူးစက်ခံရတဲ့ လူသားကလေးငယ် လေး တစ်ယောက် ထပ်ဆင့်တိုးလာရပြန်ပြီပေါ့ဗျ။

မန်းမောက်ရွာက ၁၅ နှစ်သား လေးကန်းမူ။ မိဘနှစ်ပါးစလုံး အသေ စောကြတယ်။ ညီငယ်လေး လုံလန်နဲ့တူတူ နေထိုင်ကြတယ်။ နွားကျောင်းတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရရှာတယ်။ ၂၀ဝ၁ ခုနှစ်၊ နိုဝင်ဘာလရဲ့ နေ့တစ်နေ့ နွားကျောင်းသားလေးကန်းမူ တောင်ကုန်းနံဘေးမှာ နွားကျောင်း နေပါတယ်။ အဲဒီမှာ နံပါတ် ၄ ဆေးစွဲနေသူ လေးယောက်နဲ့ သွားဆုံပါလေရော။ ဒီ ''၄'' သမားတွေက ဟီးရိုးအင်းအရည်တွေ ထိုးသွင်းနေကြတာကိုး။ ဒီအထဲက နှစ်ယောက်က ကန့်မူနဲ့ အသက်အရွယ်ချင်းက တူနေတယ်။ ဘိန်းဖြူရည်တွေ ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီးကြတဲ့ ကောင်လေး လေးယောက်က လန်းဆန်းတက် ြွကနေကြတာပေါ့။ လေးယောက်ထဲက သုံးယောက်ဟာ ရုတ်တရက် ကန်းမူ လေးကို ဝိုင်းချုပ်ထားကြတယ်။ ကန်းမူကို အတင်းချုပ်ထားကြတယ်။ ကျန်တစ် ယောက်က ကန်းမူပြင်းပြင်းထန်ထန် ငြင်းဆန်တာကို နည်းနည်းလေးမှ အရေး မစိုက်ဘဲ ဟီးရိုးအင်းဆေးရည် အပြည့်ထည့်ထားတဲ့ ဆေးသွင်းကိရိယာရဲ့ အပ်ကို ကန်းမူ သွေးြ့ပန်ကြောထဲ အတင်းထိုးသွင်းလိုက်တယ်။ ဆေးကို ထိုး သွင်းနေရင်းက ပြောလိုက်ပါသေးတယ်။ ''ဟေ့ကောင် တအောင့်ကြာရင် မင်း ဇိမ်ရှိသွားမှာပါကွာ'' လို့ ပြောလိုက်ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက ကလေးငယ်လေး တွေ ဆော့ကစားကြတဲ့အတိုင်းပါပဲ။ ဟီးရိုးအင်းဆေးရည် အဓမ္မအသွင်းခံလိုက် ရတဲ့ ကန်းမူ နှစ်ရက်လုံးလုံး မူးမေ့နေတယ်။ နောက်ပိုင်းတွေကျတော့မှ သိရပါ တယ်။ အတင်းအဓမ္မ ပြုလုပ်ကြတဲ့ ''၄'' သမားလေး လေးယောက်ထဲမှာ နှစ် ယောက်က ဟိုးအစောကြီးကတည်းကHIV ပိုးကူးစက်တာကို ခံနေရတဲ့ ကောင်လေးတွေဖြစ်နေပါတယ်။ ဒါပေမဲ့ ကံကောင်ထောက်မပြီးတော့ ကန်းမူ လေးခမျာ  HIV ပိုး မကူးစက်ပါ။

''ရွာထဲမှာ မုဆိုးမတွေ ကြာလေ များလာလေပဲဗျ''။ မန်းမောက် ရွာ သူကြီး လီကျဲန့်ဖုန်း မျက်နှာတစ်ခုလုံး အားမတန်လို့ မာန်လျှော့ဟန်နဲ့ မူးယစ် ဆေးဝါးနှင့် HIV တို့ကနေ ဆိုးရွားတဲ့ နောက်ဆက်တွဲကို ပြောပြပါတယ်။ တစ်ရွာလုံး ရွာသားအယောက် ၂၀ဝ ကျော်ရှိတာမှာ ''၄'' သမားက ၂၄ ယောက်တောင် ဖြစ်နေတယ်။ ရောဂါသည်တွေအထဲမှာ လူငယ် လူရွယ်လေး တွေက အများစုဖြစ်နေတယ်။ ဒီအထဲမှာ တစ်ခါ ကလေးငယ်လေးတွေကပါ ပါနေပြန်ပါသေးတယ်။ ဆေးစစ်ပြီးတဲ့သူတွေအထဲမှာ ၅ ယောက်က  HIV ကူးစက်ခံနေရတယ်။ ဒါပေမဲ့ ရွာသားအများစုကို ဆေးမစစ်ရသေးပါဘူး။ ရွာ ထဲက ရွာသားမှန်သမျှ အားလုံးလိုလို နံပါတ် ၄ သုံးစွဲကြသူတွေချည်းလိုပါပဲ။ အရင်တစ်ခေါက်တုန်းက ကျန်းမာရေးကောင်းတဲ့ လူငယ်လေးတွေကို ရွေးထုတ် ပြီး ကာကွယ်တားဆီးရေးအဖွဲ့ ဖွဲ့မလားဆိုပြီး လူရွေးထုတ်ကြည့်ပါသေးတယ်။ စိတ်ကြိုက်တစ်ယောက်မှ ရှာမတွေ့ပါဘူးဗျာ''

မန်းမောက်ရွာလေးဟာ ပြောရမယ်ဆိုရင် သဘာဝအချက်အလက်တွေ က မဆိုးလှပါဘူးဗျာ။ ပျမ်းမျှခြင်းအားဖြင့် လူတစ်ဦးကို လယ်မြေနှစ်ဧကစီ ပိုင်ဆိုင်နိုင်တယ်။ (ရေအလုံအလောက်ရနိုင်ပြီး၊ ဆန်စပါး စိုက်လို့ရတဲ့ လယ်မြေ ပါ) ဒါ့အပြင် သစ်တောထွက်ပစ္စည်းတွေကိုပါ မှီခိုအားထားလို့ ရနိုင်ပါသေး တယ။် လူနေမှုအဆင့်အတန်းက အားလုံး ဝမ်းဝလို့ ခါးအတန်အသင့်လှနိုင်တဲ့ ရွာသာယာလေး။ ဒါပေမဲ့ လက်တွေ့ပိုင်းမှာကျတော့ ရိတ်သိမ်းရာသီ ရောက် လာလေတိုင်း ရွာသူရွာသားအများအပြားက ရိတ်သိမ်းလို့ရလာတဲ့ စပါးဆန်ရေ တွေကို နံပါတ် ၄ နဲ့ သွားလဲပစ်လိုက်ကြတယ်ဗျာ။ ''၄'' ရှူလိုက်ပြီဆိုရင် လယ် ယာမြေထဲ ဆင်းပြီး အလုပ်မလုပ်ချင်ကြတော့ဘူးဗျ။ တော်တော့်ကို ဆိုးတာ။ တချို့ဆို HIV ကပါ ကူးစက်လာပြန်ရော။ ကြာလာတော့ သူခိုးတွေ ပေါလာ တာပေါ့ဗျာ။ တကယ့်ကို ကြာလေ သူခိုးပေါလေဖြစ်လာတယ်။ ပြောရမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရွာရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာဆိုတာများ ဖြစ်သွားလေမလား ပဲဗျာ။

ရွာသူကြီး ပိုပြီးလက်မှိုင်ချရတာက ဆေးစွဲနေသူတွေကို ဘယ်လိုမျိုး ဆောင်ရွက်ပေးရမလဲဆိုတာပါပဲ။ စာရေးသူ သွားရောက်လည်ပတ်တဲ့ နေ့ရက် မတိုင်ခင်မှာ ရွာထဲက ''၄'' သမားတချို့က ဆေးဖြတ်တဲ့ ဌာနဆီကို ပို့လိုက်ပါ တယ်။ ဒါပေမဲ့ အဲဒီတစ်ရက်လွန်မြောက်တာနဲ့ နောက်တစ်နေ့မှာ ဆေးဖြတ်ဖို့ ပို့ထားတဲ့ ''၄'' သမားတွေအားလုံး ရွာကို ပြန်လာပို့ကြတယ်။ ဘာကြောင့်ဆို သူတို့တွေမှာ HIV တွေ ကူးစက်နေကြလို့တဲ့ဗျာ။ အဲဒီအထဲက အသက်အရွယ် မရောက်သေး ''၄'' သမားလေးတွေကို ဖမ်းပြီး စာသင်ကျောင်းတွေဆီ ပို့လိုက် ပါတယ်။ ကျောင်းတွေကလည်း သူတို့လေးတွေကို လက်သင့်မခံရဲကြဘူး။ ခရိုင်မူးယစ်ဆေးဝါး ဆေးဖြတ်တဲ့ အဆောင်က အဆောင်မှူးမှာလည်း အကြပ် တွေ့နေရပါတယ်။ သူ့အဆောင်က အလွန်ဆုံးဆံ့လှ အယောက် ၁၇၆ ယောက် ပေါ့။ ဒါပေမဲ့ လက်တွေ့ ရင်ဆိုင်နေရတာက တစ်မျီုး တစ်ဘာသာစီဖြစ်နေတယ် ''ပြင်းပြင်းထန်ထန် ဆော်နှက်'' တဲ့ ကာလကို ရောက်လာလေတိုင်း အထူးသဖြင့် ''၆-၂၆'' နိုင်ငံတကာ မူးယစ်ဆေးဝါး ပြတ်စဲရေးနေ့ ရောက်လာလေတိုင်း လက်တွေ့ကျကျ ဖမ်းဆီးထိန်းသိမ်းလိုက်တာက အယောက် ၃၀ဝ နီးပါးတောင် ရှိပါတယ်။ ဘတ်ဂျက်အသုံးစရိတ်အားလုံးက ယွမ် ၄ သောင်းဖြစ်တယ်။ ခုလို ဖမ်းဆီးထိန်းသိမ်းရမယ့်ကာလရောက်လေတိုင်း သုံးလိုက်တာက အများအပြား ကို ဖြစ်သွားပါတယ်။ သာမန်အချိန်တွေမှာက ထိန်းသိမ်းထားမှု အရေအတွက် ကို လျှော့ထားပါတယ်။ ကျိုးအဆောင်မှူးက ပြောပါတယ်။ ၁၉၈၄ - ၁၉၈၅ ခုနှစ်တွေမှာ ခရိုင်က စုံစမ်းစစ်ဆေးလို့ရတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူရဲ့ အမည် စာရင်းက ၅၀ ကျော်ကလေးသာရှိတယ်။ ၁၉၉၃-၁၉၉၄ ခုနှစ်တွေကိုရောက်တော့ ဆေးစွဲခြင်းဟာ ခေတ်မီတဲ့ စတိုင်လ်တစ်ရပ်လို ဖြစ်နေတယ။် အဲဒီက အစပြုပြီး ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားမျိုးကို ရောက်သွားပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ တဖန် ယင်းနယ် မြေဒေသရဲ့ ဖိုမဆက်ဆံရေးမှာ အတော်လေး ဖြစ်ကတက်ဆန်း စရိုက်ကပါ ထပ်ဆင့်ဖြည့်ဆည်းလိုက်တော့  HIVရဲ့ စီးဝင်လာမှုကို သဘာဝအလျောက် ဘယ်လိုမှ ရှောင်လွှဲလို့မရတော့ပါ။

ယင်းနယ်မြေဒေသမှာ  HIV ကို ကြီးကြပ်ကုသတဲ့ ဆရာဝန်နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က တရုတ်ပြည် ကြိုတင်ကာကွယ်ရေး ဆေးကောလိပ်က ပရော်ဖက်ဆာဒေါက်တာဖြစ်ပါတယ်။ ယင်းဒေသက သူ့ကို ''ကိုယ်ခံအားကျဆငး် ရေး သမားတော်ကြီး'' လို့ခေါ်ကြတဲ့ လီကျွတ်လုံ ဖြစ်ပါတယ်။ သမားတော်ကြီး လီဟာ ဒီဒေသခံ ဖိနပ်မပါတဲ့ ဆရာဝန်တစ်ယောက်ပါ။ အရေပြားရောဂါတွေ ကို အထူးကျွမ်းကျင်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယင်းဒေသက မူးယစ်ဆေးစွဲသူ ၁၈၆ ယောက်ကို စစ်ဆေးရာမှာ အယောက် ၈၀ ကို  HIV စာရင်းထဲ သွင်း လိုက်ပါတယ်။ ဒါဟာ ယင်းနယ်မြေဒေသမှာ HIV ရောဂါကူးစက်ပြန့်ပွားနေပြီ ဆိုတာကို သက်သေပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အရေပြားကျွမ်းကျင် သမားတော်ကြီးလီဟာ HIV ကြိုတင်ကာကွယ်ရေးလုပ်ငန်းဘက်ဆီ ကူးပြောင်း လိုက်ပါတယ်။ HIV ဘာသာရပ်ကို အထူးဘာသာရပ်အဖြစ် ဖွင့်လှစ်လိုက်ပါ တယ်။ ၁၉၉၂ ခုနှစ်မှာ ပရော်ဖက်ဆာ ဝူကျွမ်းယို ဦးစီးဦးဆောင် ဆောင်ရွက်တဲ့ ''လူငယ်လူရွယ်တွေ မူးယစ်ဆေးစွဲမှုကို ကြိုတင်ကာကွယ်ခြင်းနှင့် HIV ဒေသ တွင်း ကြိုတင်စူးစမ်းသုတေသနပြုခြင်း'' အဖွဲ့ထဲ ဝင်ပြီး တာဝန်ထမ်းဆောင်ပါ တယ်။

ဝူကျွန်းယိုဆိုတာက အမေရိကန် ကာလီဖိုးနီးယားပြည်နယ် လော့အိန် ဂျလိစ်ကျောင်းခွဲက ကူးစက်ရောဂါ ပရော်ဖက်ဆာကြီးဖြစ်ပါတယ်။ ဒီနောက်ပိုင်း တရုတ်ပြည် ရောဂါကြိုတင်ကာကွယ်ရေးဘာသာရပ်ကို ပြီးမြောက်သွားပြီး ပရော်ဖက်ဆာဖြစ်ပြီးတဲ့နောက် သုတေသနလုပ်ငန်းကို ဇောက်ချလုပ်ကိုင်သူ ဖြစ်တယ်။  HIV ရွာတွေကို စတင်ပြီး စူးစမ်းလေ့လာပါတယ်။ ဒါ့အပြင် ယင်း ဘာသာရပ်ကို သုတေသန စတင်လုပ်လာပါတယ်။ ၁၉၉၇ ခုနှစ်၊ မေလ ပရော် ဖက်ဆာဝူက ယူနန်ပြည်နယ် နယ်ခြားဒေသ ရွာ ၁၅ ရွာကို ရှာဖွေစုံစမ်းရေးကို ဆောင်ရွက်လေတယ်။ နောက်ဆုံးမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးတဲ့ ယောကျာ်း သားလူငယ်တွေက ၄င်းတို့ထက် အသက်အရွယ်တူညီကြတဲ့ လူငယ်ထုရဲ့ ၄၃ プ ရှိနေတာကို တုန်လှုပ်ခြောက်ချားဖွယ် တွေ့ရှိရပါတယ်။ ဒါ့အပြင် ဆေးစွဲ သူက ၂၈プ ရှိနေပါတယ်။ သမားတော်ကြီးလီက ပြောပါတယ်။ ၄င်းဒေသက  HIV ရဲ့ ကြိုတင်ကာကွယ်ကုသမှုလုပ်ငန်းဟာ ပို၍ပို၍ တင်းကြပ်နေပါတယ်။ စုံစမ်းစစ်ဆေးချက်အရဆိုရင် ၁၉၉၂-၁၉၉၆ နှစ်တွေမှာ သွေးကြောထဲ ဟီးရိုး အင်းအရည် ထိုးသွင်းတဲ့ ဆေးစွဲသူတွေအထဲမှာ  HIV ကူးစက်ခံရသူတွေ နှစ်စဉ် ၁၂ プ ခုန်ခုန်တိုးလာပါတယ်။

ဒီလိုအနေအထားကို ရင်ဆိုင်နေရပါတယ်။ ဝူကျန်းယို၊ လီကျွတ်လုံတို့ လို အစိုးရိမ်ကြီး စိုးရိမ်နေကြသူတွေက ထောက်ပြကြပါတယ်။ ''မူးယစ်ဆေး မကောင်းဆိုးရွားကြီးနှင့် HIV ခုခံအားကျဆင်းရေးသရဲသဘက်ကြီး နှစ်ကောင် ပေါင်းပြီး နှိပ်စက်နေလို့ကတော့ ဒါဟာ အရမ်း အရမ်းကို ထိတ်လန့် တုန်လှုပ် စရာကိစ္စကြီး တစ်ရပ်ပဲဗျ။ အကယ်၍များ လူသားတွေက ဒီလိုအမျိုးအစား အနေအထားကို တဆင့်တက်ပြီး ဟန့်တားနိုင်စွမ်း မရှိတော့ဘူးဆိုရင်တော့ ဒါဆိုရင် တစ်နေ့နေ့မှာ လူသားမျိုးဆက်တုံးသွားမှာဟာ မဖြစ်နိုင်စရာအကြောင်း မရှိဘူးဗျ။ ှုံဠ ကို တားဆီးကုသဖို့အရေးက မူးယစ်ဆေးဝးကို အရင်ဆုံး အမြစ်ပြတ်ကင်းရှင်းအောင် လုပ်ပါမယ်။

နှစ်သုံးရာ ကာလတစ်လျှောက်လုံး တရုတ်ပြည်ရဲ့ သမိုင်းအစဉ်အဆက် မင်းအစိုးရများနှင့် ပြည်သူလူထုတို့က ကြံ့ကြံ့ခံပြီး မလျှော့သော ဇွဲနဲ့ မူးယစ်ဆေး ဝါး တိုက်ဖျက်နှိမ်နင်းရေးကို ဆောင်ရွက်ပါတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေး ဝါး သရဲသဘက်ကြီးကို မျိုးပြုတ်သွားအောင် မလုပ်နိုင်သေးပါ။ တရုတ်ပြည်က ၂၀ ရာစုခေတ်၊ ၅၀ ခုနှစ်တွေရဲ့ ခေတ်ဦးအစပိုင်းတွေမှာ ြွေကးကြော်ခဲ့ဖူးပါ တယ်။ တရုတ်ပြည်ဟာ တစ်နိုင်ငံလုံးရဲ့ အဝန်းအဝိုင်းအတွင်းမှာ ဘိန်းကို အပြတ်အသတ် တိုက်ခိုက်နှိမ်နင်းပြီးပါပြီလို့ အော်ဟစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၈၀ ခုနှစ်တွေထဲ ချဉ်းနင်းဝင်ရောက်လာပြီးတဲ့တစ်လျှောက်လုံး၊ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မူးယစ်ရင်းမြစ် ရွှေတြိဂံနှင့် ရေမြေချင်း ဆက်စပ်နီးကပ်နေတာ ကြောင့် မူးယစ်ဆေးဝါးတွေက တဖန် လှိမ့်လှိမ့်ဝင်လာပြန်တယ်။ တရုတ်ပြည်မှာ ရှေ့ဆုံးတန်းက အပြင်းအထန် ဆုံထိုးနှက်တိုက်ခိုက်ခံရတာကတော့ ရွှေတြိဂံနှင့် တဆက်တည်းဖြစ်နေတဲ့ ယူနန်ပြည်နယ်ပါပဲ။ တရုတ်မြန်မာ နယ်နိမိတ်မျဉ်းက ကီလိုမီတာ ၂၁၈၅ ရှည်လျားပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်နိုင်စွမ်းရှိတာ က ကီလိုမီတာ တစ်ရာပင် မပြည့်ပါ။ နယ်ခြားမျဉ်း အရှည်အလျား တစ်ခုလုံး ရဲ့ ၄"၆ プ လောက်ကိုသာ စွမ်းဆောင်နိုင်ပါတယ်။ ကျန်အပိုင်းပိုင်းတွေကို တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးလက်နက်ကိုင် ၆ ဖွဲ့က ထိန်းချုပ်ထားပါတယ်။ အဲဒီနေရာတွေ ဂိတ်တွေကိုတောင် မြန်မာအစိုးရ အရာရှိတွေတောင် ဝင်ချင်သ လို ဝင်ခွင့်မရှိပါ။ အဲဒီနယ်မြေဒေသကို ထိန်းချုပ်ထားတဲ့ တိုင်းရင်သား လက် နက် အဖွဲ့အစည်းခေါင်းဆောင်ရဲ့ ခွင့်ပြုမိန့်ရမှသာ ဝင်ခွင့်ရပါတယ်။ ရှည်လျား လှတဲ့ နယ်စပ်နယ်နိမိတ်ကြီးဟာ မူးယစ်ဆေးဝါး ဂိုဏ်ဂဏအုပ်စုကြီးရဲ့ ထင်ရာ စိုင်းကြပြီး မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတဲ့ လမ်းကြောင်းကြီး ဖြစ်နေပါတယ်။

၁၉၈၆ ခုနှစ်၊ သြဂုတ်လ။ စင်ဟွာသတင်းဌာနနှင့် ပူးတွဲပြီး ရွှေတြိဂ ကနေ တရုတ်ပြည်လမ်းကြောင်းကို အသုံးချပြီး ဟောင်ကောင် မကာအိုကို ဖြတ်သန်း၊ တဖန် ဥရောပ၊ အမေရိကဈေးကွက်ဆီ သယ်ယူပို့ဆောင်မယ့် နိုင် င့တကာ မူးယစ်ဆေးဝါး ပြစ်မှုကြီးကို ဖော်ထုတ်လိုက်ခြင်း။ နိုင်ငံခြားသား (ပြည်ပနိုင်ငံသားကဒ်ကိုင်ဆောင်သူ) သုံးယောက်ကိုလည်း ဥပဒေအကြောင်းအရ ဖမ်းဆီးလိုက်ပါတယ်။ ဟီးရိုးအင်း ၂၂၇၆၈ ဂရမ်ကို လက်ပူးလက်ကြပ် ဖမ်းမိ ပါတယ်။ ဒါကတော့ တရုတ်ပြည်က ၅၀ ခုနှစ်တွေတုန်းက ''မူးယစ်ကင်းမဲ့နိုင်ငံ'' ရယ်လို့ ြွေကးကြော်ပြီးတဲ့နောက်ပိုင်း ပထမဦးဆုံး ထုတ်ပြန်လိုက်တဲ့ သတင်း ပါပဲ။ အဲသလို တရားဝင် သတင်းထုတ်ပြန်လိုက်သလို မူးယစ်ဆေးဝါးနဲ့ စပ် လျဉ်းတဲ့ ဖမ်းဝရမ်းကိုပါ စတင်ထုတ်လိုက်ပါတယ်။

လက်တွေ့ကျကျ ဖြစ်ရပ်က ၁၉၇၆ ခုနှစ် ဆောင်းဦး။ ယူနန် တက်ဟုန် လက်နက်ကိုင် ရဲတပ်ဖွဲ့တစ်ဖွဲ့က လုံလိန်ခရိုင် နယ်ခြားနယ်နိမိတ်အတွင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်က နယ်နိမိတ် ဖြတ်ကျော်ဝင်လာ ပြီး ဘိန်းသယ်လာတာကို လက်ရဖမ်းဆီးလိုက်တယ်။ ဒါဟာ တရုတ်ပြည် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်ပါဝင် ပတ်သက်နေတဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုကို ဖမ်းဆီးရမိတဲ့ ဗွေ ဆော်ဦးအမှုပါပဲ။

ကနေ့ဆိုရင် ရွှေတြိဂံမှာ ဟီးရိုးအင်းအဖြစ် ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံ အလုပ်ရုံပေါင်း ၆၀ ကျော်ရှိတယ်ရယ်လို့ သိရပြီးဖြစ်တယ်။ ဒီအထဲမှာ ကျွန်တော်တို့ တရုတ်ပြည်နဲ့ ကပ်နေတဲ့ နယ်စပ်နယ်နိမိတ်တကြောမှာ ဟီးရိုး အင်း ထုတ်လုပ်တဲ့ စက်ရုံ ၃၀ ကျော်ရှိနေပါတယ်။ တစ်နှစ် တစ်နှစ်ကို ဟီးရိုး အင်း တန် ၄၀ကျော် ထုတ်လုပ်ပါတယ်။ ရွှေတြိဂံဒေသက ဘိန်းထုတ်လုပ်မှုက မြင့်မားလှပါတယ်။ ၄င်းဒေသကနေ ထုတ်လုပ်တဲ့ ရေခဲမူးယစ် ခေါင်ရမ်းဆေး လုံးအစရှိတဲ့ အဲဖက်ဒမင်းအမျိုးအစား ထုတ်လုပ်မှုက တစ်နေ့တခြား သောင်း ကျန်းချင်တိုင်း သောင်းကျန်းလာပါတယ်။ ပမာဏအများအပြား တရုတ်ပြည်ထဲ ကို ၄င်းမူးယစ်ဆေးဝါးတွေ သယ်ယူဖြန့်ဖြူးသလို တစ်ချိန်တည်းမှာပဲ တရုတ် ပြည်ကို ဓာတုဆေးဝါး ကုန်ကြမ်းနိုင်ငံလို့ သဘောထားလာကြတဲ့အတွက် တရုတ်ပြည်ကို ဖိအားတွေ ပေးလာတဲ့အတွက် ပိုပြီး မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးကို တိုးမြှင့်လုပ်ဆောင်ကြရလေတော့တယ်။

သတင်းအရ ကနေ့ မူးယစ်ဆေးဝါး သုံးစွဲမှုဖြုန်းအား ပေါ်ပေါက်မှုတွေ ကို အထင်အရှား တွေ့ကြရပါတယ်။ ရေခဲမူးယစ်စိတြွ်ကဆေးအစရှိတဲ့ မူးယစ် ဆေးဝါးတွေက ကမ္ဘာ့ခေါင်းခဲစရာ ပြဿနာတွေ ဖြစ်လာပြန်ပါပြီ။ ရွှေတြိဂံ မူးယစ်ရင်းမြစ်မြေရဲ့ ဗဟိုရွေ့လျားမှုက တစစနဲ့ မြောက်ဘက်ပိုင်းဆီကို ရွေ့ လျားလာပါပြီ။ ဟီးရိုးအင်း ထုတ်လုပ်မှုတွေ ကျဆင်းမလာဘဲ ပိုမိုမြင့်တက်လာ တဲ့ တစ်ချိန်တည်းမှာ ရေခဲမူးယစ် ပြုပြင်ထုတ်လုပ်မှုကလည်း ကြောက်ခမန်းလိလိ ထိုးတက်လို့နေပါတယ်။ တရုတ်ပြည်တွင်းဆီ ထိုးဖောက်စိမ့်ဝင်မှုတွေ ပိုလို့များ လာ၊ ကြီးထွားလာပါတယ်။ တရုတ်ပြည်တွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အမှုအခင်းတွေကနေ ကြည့်လိုက်မယ်ဆိုရင် ဖမ်းဆီး ရမိတဲ့ ဟီးရိုးအင်း ၉၀プ က မြန်မာနိုင်ငံ မြောက်ပိုင်းဆီကနေ လာတာဖြစ် မယ်။ ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေး တိုးတက်မှုကြီးတွေ၊ တံခါးဖွင့်ဝါဒကြီးတွေ က အာရှ၊ ဥရောပနှင့် အနောက်နိုင်ငံတွေဆီ ဥဒဟိုလမ်းပေါက်လို့နေပါပြီ။ အနောက်မြောက်ဘက် နယ်နိမိတ် စင်းကျင်းယွဲ့ (ရွှေလခြမ်းသစ်) ဒေသက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတို့ကလည်း တရုတ်ပြည်ကြီးကို ပုန်းလျှိုးကွယ်လျှိုး ခြိမ်းခြောက်မှုကြီးကလည်း ကြီးသထက်ကြီးမားလာပါတယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်ပင်လယ် ရေကြောင်းနယ်နိမိတ်ပြင်ပဆီက မူးယစ်ဆေးဝါး ထုတ် လုပ်တဲ့ နည်းပညာသစ်တွေကို နယ်နိမိတ်အတွင်းအတွင်သာ သွတ်သွင်းနေကြ ပါတယ်။

ရေခဲမူးယစ်၊ အင်ဖဒမင်း (မီသိုင်းအက်ဖတမင်း၊ အောက်စီဂျင် ထုတ် ထားတဲ့ အက်ဖီဒရာပင်) လို့လည်း ခေါ်ပါတယ်။

ဗဟိုနာဗ့်ကြောဆိုင်ရာ စိတြွ်ကဆေးဖြစ်တယ်။ တရုတ်ပြည်က ထိန်း ချုပ်ထားတဲ့ အာရုံကြောဆိုင်ရာ ဆေးဝါးတွေဖြစ်တယ်။ အပင်ပုံပန်းသဏ္ဍာန် က ဖြူဆွတ်နေတဲ့ ပုံဆောင်ခဲအမှုန့်လေးတွေဖြစ်ပြီး ဟိုဘက်ဒီဘက် ထုတ်ချင်း ပေါက်မြင်ရပါတယ်။ ကြည့်နေပြီးမှ ရှူရှိုက်လို့ရပါတယ်။ မူးယစ်ဆေးဝါး ကုန် သည်တို့က ''ရေခဲ'' (ှုခန) လို့ ခေါ်ကြတယ်။ ရှူမယ်၊ စားမယ်ဆိုလို့ရှိရင် ပြင်း ထန်တဲ့ မှီခိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ တုန့်ပြန်မှု မြန်ဆန်လှတယ်။ ဆေးပြတ်လိုက်ရုံနဲ့၊ ချက်ချင်း မခံမရပ်နိုင်တဲ့ ဝေဒနာတွေ ပေါ်လာပါတယ်။ ဒီဆေးဝါးသုံးစွဲပြီးတဲ့နောက် အာရုံကြောတွေ တကြွ်ကလာတယ်။ အစာစားလိုစိတ်၊ အိပ်လိုစိတ်တွေ လျော့ပါးလာမယ်၊ ဂဏာမငြိမ်ခြင်းနှင့် အကြမ်းဖက်မှုတွေ လုပ်လာပါလိမ့်မယ်။

ခေါင်းရမ်းဆေးလုံးက အက်ဖဒမင်းအမျိုးအစားထဲက ဆင့်ပွားပစ္စည်း ဖြစ်တယ်။ အက်ဖတမင်းဆေးပြားဖြစ်တယ်။ ဗဟိုနာဗ့်ကြောဆိုင်ရာကို နိုးြွက စေပါတယ်။ တရုတ်ပြည်က စိတ္တဇဆေးဝါးအဖြစ် ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ခေါင်းရမ်းဆေးလုံးရဲ့ အစွမ်းသတ္တိက ဗဟိုနာဗ့်ကြောကို နိုးြွကစေတယ်။ အင်မတန် ပြင်းထန်တဲ့ မှီခိုအားထားလိုစိတ်တွေ ပေါ်ပေါက်လာတယ်။ လူကို ဆိုးဆိုးရွားရွား ဘေးဒုက္ခပေးတဲ့ ဆေးဝါးတွေဖြစ်ပါတယ်။

၂၀ ရာစုခေတ်၊ ၉၀ ခုနှစ် မတိုင်ခင်က တရုတ်ပြည်မှာ ရေခဲမူးယစ် ဆေးတို့၊ ခေါင်းရမ်းဆေးအစရှိတဲ့ ပုံစံသစ်မူးယစ်ဆေးတွေ မရောက်သေးသ လောက်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးအနေအထားရဲ့ ရိုက် ခတ်မှုတွေကြောင့် ၉၀ ခုနှစ် အလယ်ပိုင်းနောက်မှာ ရေခဲမူးယစ်ဆေး၊ ခေါင်း ရမ်းဆေးလုံး အစရှိတဲ့ စိတြွ်ကဆေးဝါးတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ မရှိရာကနေ ရှိလာပါတယ်။ နည်းရာကနေ များလာပါတယ်။ အချိန်တိုကလေး မှာ အလျင်အမြန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပါတယ်။ အထူးသဖြင့် ဒီနှစ် ပိုင်းကာလတွေမှာ အဲသလိုမျိုး ပြစ်မှုကြီးတွေ ကျူးလွန်ကြတာဟာ ကြာလေ ကြာလေ ပြင်းထန်လာလေဖြစ်နေပါတယ်။ ကနေ့ မျက်မှောက်ကာလမှာ ကျွန်တော်တို့ နိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အဓိကထား သုံးစွဲကြတာဟာ ဟီးရိုးအင်းပါပဲ။ ဒါပေမဲ့ ရေခဲမူးယစ်ဆေး၊ ခေါင်းရမ်းဆေးလုံး သုံးစွဲသူတွေက ကြာလေများလေနဲ့ပါ။ တစ်နိုင်ငံလုံးမှာ ၃၁ ပြည်နယ်ရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသ၊ စီရင်စုမြို့တွေမှာ ရေခဲမူးယစ်ဆေး၊ ခေါင်းရမ်းဆေးလုံး သုံးစွဲတဲ့ပုံ ပေါ်နေပါတယ်။ မြို့အများအပြားရဲ့ ကလပ်တွေ၊ ပျော်ပွဲရွှင်ပွဲနေရာတိုင်းမှာ ခေါင်းရမ်းဆေးလုံး စားသုံးတဲ့ဓလေ့က အရမ်းကို ဆိုးရွားနေပါပြီ။ ရေခဲမူးယစ် ဆေးဝါးကို နှိမ်နင်းတဲ့ မှုခင်းတွေကလည်း တိုးပွားလာပါတယ်။ ၁၉၉၉ ခုနှစ်က ရေခဲမူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို ဖော်ထုတ်ဖမ်းဆီးလိုက်တဲ့ အမှုပေါင်းက လွန်ခဲ့တဲ့ ၈ နှစ်ကထက် များလှပါတယ်။ ၂၀ဝ၀ ခုနှစ်မှာ တိုး မြင့်လာတာက ၃၀"၆プ။ ရှာဖွေဖမ်းဆီးမိတဲ့ ခေါင်းရမ်းဆေးလုံးက အလုံးပေါင်း ၂ သိန်း ၄ သောင်းနီးပါးရှိတယ်။ ခေါင်းရမ်းမူးယစ်ဆေးမှုန့်က ကီလိုဂရမ် ၂၀ဝ ကျော်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးက ၂၁၅ တန်ရှိတယ။် လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ပြည်သူ့လုံ ခြုံရေးဌာအဆင့်ဆင့်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အားပေးထောက်ခံမှုကြောင့် မူးယစ်ဆေးဝါးအမှုပေါင်း ၉၆၁၈၉ မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မနှစ် ကထက် ၄၈"၇プ တိုးပွားလာပါတယ်။ ဖော်ထုတ်ဖမ်းဆီးလိုက်တာတွေက ဟီးရိုးအင်း ၆"၃ တန်၊ ဘိန်းစိမ်း ၂"၄ တန်၊ ရေခဲမူးယစ်ဆေး ၂၀"၉ တန် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဌာန၊ နိုင်ငံတော် မူးယစ်ဆေး ဝါးတိုက်ဖျက်နှိမ်နင်းရေး ကော်မတီတွေက ညွှန်ကြားထားပါတယ်။ ဆက်လက်ပြီး အနောက်တောင်ပိုင်းပြည်နယ် အထူးသဖြင့် ယူနန်ပြည်နယ်ရဲ့ စီးဝင်မှုလမ်း ကြောင်းကို ပိတ်ဆို့ရပါမယ်။ ပြုပြင်မွမ်းမံထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ ရေခဲမူးယစ်ဆေး အစရှိတဲ့ စိတြွ်ကဆေးဝါးတွေ တရားမဝင် ဥပဒေချိုးဖောက်မှု တို့ကို ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။ ထပ်တဆင့်တက်လှမ်းပြီး မူးယစ် ဆေးဝါးထုတ်လုပ်မယ့် ဓာတုဗေဒ ဆေးဝါးများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားရပါမယ်။ ''မူးယစ်ဆေးဝါးကင်းစင် ဒေသ'' ဖြစ်အောင် အင်တိုက်အားတိုက် ဆောင်ရွက်ပါမယ်။ အကြီးမားဆုံး အတိုင်းအတာကတော့ မူးယစ်ဆေးဝါးမှန်သ မျှ နိုင်ငံတံခါး ပြင်ပဘက်မှာသာ ရှိနေရပါမယ်။ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနရဲ့ ၂၀ဝ၂ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ အသစ်ဆုံး စာရင်းဇယားအရ ပြီးခဲ့တဲ့ ၁၂ နှစ်ကာလအတွင်း ဘိန်းစိမ်း ၂"၉၈ သောင်း ကီလိုဂရမ်၊ ဟီးရိုးအင်း ၄၄၄၈ ကီလိုဂရမ်၊ ဆေးခြောက် ၆၈၈၀ ကီလိုဂရမ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုဗေဒဆေးရည် လီတာပေါင်း ၄၇"၂၈ သောင်းဖမ်းဆီး ရရှိပါတယ်။ ဒီအထဲမှာ ၁၉၉၉ ခုနှစ် တိုက်ပွဲကနေ ဖမ်းမိတဲ့ စာရင်းက ဘိန်းစိမ်း ၁၄၄၇"၅၅ ကီလိုဂရမ်၊ ဟီးရိုးအင်း ၂၇၂"၉၄ ကီလိုဂရမ်၊ ဆေးခြောက် ၂၇၄"၄၈ ကီလို ဂရမ်၊ စိတြွ်ကဆေးပြား ၂၈၇၅ သောင်း၊ မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုဆေးရည်လီတာပေါင်း ၂၆ သောင်း။ မီးရှိှုု့ဖျက်ဆီးပစ်လိုက်တဲ့ ဟီးရိုးအင်း ထုတ်လုပ်စက်ရုံက ၁၂ ရုံ၊ ပေါ်ပီပင် စိုက်ခင်း ၃၉၇၉ ဟက်တာကို မြေလှန် ဖျက်ဆီးပစ်လိုက်တယ်။

၂၀ဝ၁ ခုနှစ် တစ်လျှောက်လုံး အထူးသဖြင့် တရုတ်နိုင်ငံလုံးဆိုင်ရာ အေးချမ်းသာယာရေးလုပ်ငန်းညီလာခံနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ကို ဆောင်ရွက်လိုက်တဲ့နောက်ပိုင်း၊ တရုတ်ပြည် ပြည်သူ့လုံခြုံရေး မူးယစ်ဆေး ဝါး တိုက်ခိုက်နှိမ်နင်းရေးဌာနက မူးယစ်ဆေးဝါး ပြစ်မှုပေါင်း ၂၂၀ဝ၀ ကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဖမ်းဆီးရမိတဲ့ ဟီးရိုးအင်းက ၂"၂ တန်၊ ဘိန်းစိမ်းက ၁"၂ တန်၊ ရေခဲမူးယစ်က ၂ တန်၊ ခေါင်းရမ်းဆေးလုံးက အလုံးပေါင်း ၆၄၀ဝ၀ဝ၊ ကာဖီးအင်က ၄၀"၃ ကီလိုဂရမ်၊ အိပ်ဆေး ကီတုန်း (ုနအသညန) ၉ တန်၊ အလိပ်ပေါင်း ၁၇၀ဝ၀၊ ပေါ်ပီသီး ၁၈"၆ တန်၊ ဓာတုဆေးဝါးမျိုးစုံ ၄၀"၈ တန်၊ မူးယစ်ဆေးဝါးပင် ၁၀၇၀ဝ၀ ပင်။ ဒါ့အပြင် ပြည်တွင်းမှာတင် အက်ဖီဒရာမင်အစရှိတဲ့ မူးယစ်ဆေးဝါးကို အလွယ်တကူ ထုတ်လုပ်နိုင်တဲ့ ဓာတုဆေးရည်ဥပဒေမှ ထုတ်ယူမှုလမ်းကြောင်းကို အဆိုးရွားဆုံးလို့ သတ်မှတ် ထားပါတယ်။ ''၉၅'' ကာလအတွင်းမှာ နိုင်ငံတဝှမ်း ရှာဖွေသိမ်းဆည်းရမိတဲ့ ဓာတုဆေးရည်ပေါင်း ၁၄၀၁"၃ တန် ရှိပါတယ်။

ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအရာရှိ မာစုဟန် ရဲ့ ပြောစကားအရ မြန်မာနိုင်ငံမြောက်ပိုင်း ရွှေတြိဂံဒေသထုတ်လုပ်တဲ့ မူးယစ် ဆေးဝါး အနည်းဆုံး ၁။၄ က မြောက်ဘက်လမ်းကြောင်းက ဖြတ်ပြီး ဖြန့်ချိပါ တယ်။ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းကြီး လေးသွယ်ရှိပါ တယ်။

(၁) ရွှေတြိဂံမှ ယူနန်၊ ထိုမှတဆင့် ကွမ်တုံးကို ရောက်ပြီး ဟောင် ကောင်သို့၊

(၂) ရွှေတြိဂံမှ ထိုင်းနိုင်ငံထဲ ဝင်သွားပါတယ်။ အဲဒီကတဆင့် တခြား နိုင်ငံတွေသို့၊

(၃) ရွှေတြိဂံမှ မြန်မာပြည်တွင်းကို ဖြတ်သန်းပြီး မြန်မာနိုင်ငံတောင်ပိုင်း ဆီ ရောက်လာပါတယ်။ တောင်ဘက်ပိုင်း ပင်လယ်ရေလမ်းကြောင်းကနေ တခြားနိုင်ငံတွေဆီသို့၊

(၄) ရွှေတြိဂံမှ မြန်မာပြည်တွင်းကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းကနေ အိန္ဒိယအရှေ့မြောက်ပိုင်းဆီသို့၊

မူးယစ်ဆေးဝါး မြောက်ဘက်ဆီသို့ ချီခွန်းမင်ကို ရောက်တော့ အဲဒီ မျာ စုရပ်အနေနဲ့စု၊ တစ်ခါ အဲဒီအမှတ် ၁ စုရပ်ကနေ ဖြန့်ပြန်တယ်။ အရှေ့ ဘက်ဆီ လှည့်ပြောင်းလိုက်ရင် ချုံကင်း၊ ချဲန်တူး စတဲ့နေရာတွေဆီ။ အရှေ့ တောင်ဘက်ဆီ လှည့်ပြောင်းလိုက်တော့ ကွမ်တုန်း၊ ဟောင်ကောင်ဘက်ကို ဦးတည်သွားတယ်။ အဲဒီကတဆင့် ပင်လယ်ရေစီးကြောင်းနဲ့ လိုက်ပါစီးမျော ပြီး ဥရောပ၊ အမေရိက၊ ဂျပန်၊ ကိုရီးယား နေရာတွေဆီ ပြန့်သွားပါတယ်။ ခွန်မင်းရဲ့ အနောက်မြောက်ဘက်ဆီ လှည့်ပြောင်းပြန်တော့ ကန်စုကနေ ရုရှားဘက်ဆီ ခရီးဆန့်သွားပြန်တယ်။ ဒီတော့ ယူနန်ဟာ အဲဒီ အပြည်ပြည်ဆိုင် ရာ လမ်းကြောင်းရဲ့ လည်မြိုနေရာမှာ ကျရောက်နေပါတယ်။ ၈၀ ခုနှစ် အစ ဦးပိုင်းမှာ ရွှေတြိဂံ ခွန်ဆာအုပ်စုအင်အားကောင်းစဉ်ကာလတုန်းက နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိကြတဲ့ အင်အားစုတောင်ဘက် စုန်ဆင်းလာမှု ကို တားဆီးခံရပါတယ်။ ဒါနဲ့ပဲ တရုတ်ပြည်လမ်းကြောင်းဖောက်ဖို့ကို အားသွန် ခွန်စိုက် ကြိုးပမ်းကြပါတယ်။ ယူနန်လမ်းကြောင်းကနေ တရုတ်ပြည်ရဲ့ တခြား နယ်မြေဒေသတွေဆီ အရောက်ပို့၊ အဲဒီနေရာကတဆင့် နိုင်ငံတကာ ဈေးကွက် ဆီ ဆက်ဖြန့်။ ဒီတော့ ယူနန်ကို အရင်ဆုံး ထိုးဖောက်ရပါလိမ့်မယ်။ ကနေ့ တရုတ်နိုင်ငံတဝှမ်းလုံးဆီ ဖြန့်ကျက်ရောက်ရှိနေတဲ့ မူးယစ်ဆေးဝါးအများစုက ယူနန်က ဖြတ်သန်းပြီး စီးထွက်သွားကြတာတွေပါပဲ။ ၁၉၈၂ ခုနှစ်က အစပြုပြီး ယူနန်နယ်နိမိတ်ကနေ ဖြတ်သန်းပြီး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၇ သောင်းကျော် ရှိနေပါပြီ။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တန်ချိန်ပေါင်း ၈၀ ရှိပါတယ်။ ၁၉၉၀ - ၂၀ဝ၁ ခုနှစ် ၁၂ နှစ်ကာလအပိုင်းအခြားအတွင်း ယူနန်ဒေသတစ်ခုတည်းကပဲ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အမှုပေါင်း ၇၄၀ဝ၀ ကို ဖမ်းမိပါတယ်။ အမှုနဲ့ ပါဝင်ပတ်သက်သူပေါင်းက ၁ သိန်းကျော်ရှိပါတယ်။ စုစုပေါင်း တန်ချိန် ၅၀ဝ ကျော် ဖမ်းမိပါတယ်။ ဒီကြားထဲ ၂၀ဝ၁ ခုနှစ် တစ်နှစ်ထဲတွင် အမှုပေါင်း ၁၁၀ဝ၀ ကျော် ရှာဖွေဖမ်းဆီးပါတယ်။ (၂၀ဝ၀ ခုနှစ်ထက် ၃၈"၄プ တိုးလာပါ တယ်) လူပေါင်း ၁၃၇၀ဝ ကျော်ပါတုယ်။ ၁၀"၂၂၈ တန် ဖမ်းလိုက်ပါတယ်။ (အရင်ကထက် ၁"၂၆ ဆများလာပါတယ်။) မူးယစ်ဆေးဝါး ပြဿနာဟာ ယူနန်ပြည်နယ်နှင့် တရုတ်တစ်နိုင်ငံလုံးကို အင်မတန်ကြီးမားတဲ့ ဘေးအန္တရာယ် ကြီးတွေ ပေးနေပါတယ်။ နိုင်ငံတကာရဲ့ သုံးသပ်ချက်ကလည်း ဒီအပေါ်မှာ မူတည်ပြီး ပြောနေပါတယ်။ ''ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဆိုတာ က တရုတ်ပြည်ကို ကြည့်ရပါမယ်၊ တရုတ်ပြည် မူးယစ်ဆေးဝါး နှိမ်နင်းရေးက ယူနန်ပြည်နယ်ကို ကြည့်ရပါမယ်''

ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ဒုဌာနမှူး စွန်းတဟုန်က သတင်းထောက်တွေနဲ့ တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ ဒီခြေလှမ်းတစ်ရပ်က ( ရွှေတြိဂံမှ တရုတ်ပြည်ကနေ မူးယစ်ဆေးဝါးတွေ မြောက်ဘက်လမ်းကြောင်း ဖောက်ထွက်ခြင်း) ခေါင်းပြူရုံ ပြုစလေးပဲ ရှိပါတယ်။ ဒါကို ဗဟိုနှင့် ယူနန်ပြည် နယ် ကော်မတီတို့က အတော်လေးကို အလေးထားပါတယ်။ ၁၉၈၂ ခုနှစ်၊ မတ်လမှာ ဗဟိုက ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အင်အား ၁၀ဝ၀ တို့ ဖြည့်ပေးပြီး မူးယစ်ဆေးဝါး ဖမ်းဝရမ်းဖွဲ့စည်းလိုက်ပါတယ်။ အဲဒီနှစ်မှာပဲ နိုင်ငံတဝှမ်း ရှေ့ဆောင်ရှေ့ရွက်ပြုပြီး မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး သီး ခြားဝရမ်းတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီနောက်ပိုင်းတွေမှာ မူးယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းရေး လုပ်ငန်းတာဝန်တွေ တစ်နေ့တခြား အရေးကြီးလာလေ ဖြစ်ပါတယ်။ အဲဒီ ဖမ်းဝရမ်းတပ်ဖွဲ့က မပြတ်တမ်း အင်အားကို ကျစ်လျစ်စေ ပြီး တောင့်တင်းလာပါတယ်။ ပြည်နယ်တခွင်လုံးက တိုင်းရင်းသား အသီးသီး ပြည်သူလူထု တတပ်တအား ထောက်ခံအားပေးတဲ့ ပြည်သူ့လုံခြုံရေး မူးယစ် ဆေးဝါး ဝရမ်းတပ်ဖွဲ့ရယ်၊ နယ်ခြားစောင့်တပ်တွေရယ်၊ ပင်လယ်ရေကြောင်း ဂိတ်ပေါက် ဒီအင်အားစု သုံးရပ်က နိုင်ငံတော်ရဲ့ တံခါးမကို ခိုင်ခိုင်ခံ့ခံ့ အကာ အကွယ်ပြုထားတဲ့ အင်အားသုံးရပ် ဖြစ်ပါတယ်။

စွန်းတဟုန်က ပြောပါတယ်။ မူးယစ်ဆေးဝါး လမ်းကြောင်း လည်မြို ကို ညှစ်ဖို့အတွက် ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး စစ် ကြောင်းက အခက်အခဲ အကြပ်အတည်းပေါင်းမျိုးစုံကို ခံနိုင်ရည်စွမ်း ရှိရပါမယ်။ ကြီးမားတဲ့ လုံ့လဝီရိယစွမ်းအားကိုလည်း ထုတ်ရပါမယ်။ ဒီနှစ်ကာလတွေမှာ နိုင်ငံတော်က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းကို မြင့်မြင့်မားမား အလေးထားပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းထဲက မပြတ်တမ်း တိုးချဲ့ပြီး ဝင်ရောက်လာပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကနေ ကြည့်လိုက်ရင် အမေရိကန်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးမူဝါဒ သုတေသနပြုရုံးက နှစ်စဉ်ကိုင်ဆောင်ထားတဲ့ ရန်ပုံငွေကြေးက သန်းပေါင်း ၁၉၂ သောင်းဒေါ်လာဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း နှစ်စဉ် ရင်မင်ပိယွမ်ငွေ သန်းနှစ်ထောင် မြှပ်နှံကြပါတယ်။ ကျွန်တော်တို့ နိုင်ငံက နှစ်စဉ် ဗဟိုဘဏ္ဍာရေးရဲ့ အထူးရန်ပုံငွေ တစ်ရပ်အနေနဲ့ မြှုပ်နှံမှုက ရင်မင်ပိ ယွမ်ငွေ သန်းတစ်ရာပင် မရှိပါ။ မူးယစ်ဝရမ်းစစ်ကြောင်းရဲ့ အပူတပြင်း လို အပ်နေပါတယ်။ ဒါ့အပြင် ၂၀ဝ၀ ခုနှစ်က အစပြုပြီး တရုတ်ပြည် ပြည်သူ့လုံ ခြုံရေး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနက မူးယစ်ဆေးဝါးပြစ်မှုပေါင်း ၉"၅ သောင်းကို ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်တယ်။ ဒါဟာ ၁၉၉၉ ခုနှစ်ထက် ၆၁"၄プ တိုးပွားများပြားလာပါတယ်။ ၁၉၈၂ ခုနှစ်ကနေ ၂၀ဝ၀ ခုနှစ်အထိ ၁၉ နှစ်တာ ကာလအတွင်း ယူနန်ပြည်နယ်က မူးယစ်ဆေးဝါးအမှုပေါင်း ၈၃၇၄၃ မှုကို ဖော်ထုတ်အရေးယူခဲ့ပါတယ်။ ဟီးရိုးအင်း၊ ဘိန်း၊ ရေခဲမူးယစ်ဆေး အစရှိတဲ့ မူးယစ်ဆေးဝါးပေါင်း ၈၈"၃ တန်ကို ဖမ်းဆီးမိခဲ့ပါတယ်။ မူးယစ်ဆေး ဝါးရောင်းဝယ်သူပေါင်း ၁ သိန်းကျော်ကျော် ဖမ်းထားပါတယ်။ ဒီအထဲမှာ ဟီးရိုးအင်း ဖမ်းဆီးခံရမှုက တစ်နိုင်ငံလုံး ဖမ်းဆီးထားတဲ့ စုစုပေါင်း စာရင်းချုပ် ရဲ့ ၈၀プ ဝန်းကျင်မှာ ရှိနေပါတယ်။ ဘိန်းက ၇၀ プ ရှိပါတယ်။ ဒါကတော့ဖြင့် နိုင်ငံတစ်ဝှမ်းလုံးနဲ့ကပဲ ပြောပြော တစ်ကမ္ဘာလုံးအတွက်ကပဲ ပြောပြော အား လုံးဟာ အင်မတန် ကြီးကျယ်လွန်းလှတဲ့ အကျိုးပြုဆောင်ရွက်မှုကြီးတွေပဲ ဖြစ်ပါတယ်။

ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်း ရေး ဒုဌာနမှူး ချဲန်စင်းမင်က ပြောပါတယ်။ ယူနန်ပြည်နယ်မှာက ရှည်လျားတဲ့ နယ်နိမိတ်မျဉ်း ၄၀၆၀ ကီလိုမီတာ ရှိနေပါတယ်။ ဒါ့အပြင် ပြည်နယ်တဝှမ်းလုံး မှာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးစစ်ကြောင်းမှာ တပ်သားအင်အား ၂၁၀ဝ ကျော်ကျော်ရှိပါတယ်။ ရဲဘက်ဆိုင်ရာပိုင်းကနေ စီစဉ်ရတာ အင်မတန် ခက်ခဲလှပါတယ်။ နှစ် ၂၀ ကာလတစ်ခုလုံး ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်းရေးမှာ ရဲနဲ့ ပြည်သူ အသက်ပေါင်း ၃၂ ဦး ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၂၀၈ ယောက်ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးအတွက် တိုက်ပွဲဝင်ကြရင်း ကြီးမားတဲ့ ငွေကြေးတန်ဖိုးတွေ၊ အသက် တွေ ဆုံးရှုံးခဲ့ရပါတယ်။ ခွန်မင်းဒေသရဲ့ မူးယစ်ဆေးဝါးဈေးကွက်ရဲ့ ဈေးနှုန်း တွေအရပြောရရင် မူးယစ်ဆေးစွဲသူတစ်ယောက်ရဲ့ နေ့စဉ် မူးယစ်ဆေး အသုံး စရိတ်က ယွမ် ၅၀ ဝန်းကျင် ရှိပါတယ်။ အဲဒီအတိုင်း အကြမ်းဖျဉ်း တွက်ချက် လိုက်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို မူးယစ်ဆေးဝါးသယ်ယူတဲ့ ကုန်ကျ မယ့် ငွေကြေးစုစုပေါင်းက သန်းပေါင်း သောင်း ၁၄၆ ယွမ်လောက်ကုန်ဆုံးရပါ လိမ့်မယ်။ တစ်နည်းပြောရရင် ဒါဟာလည်း မြေအောက်ဒုစရိုက် အမှောင်လောက ရဲ့ စီးပွားရေး ငွေကြေးအလုံးအရင်း ဖြစ်နေတာပါပဲ။

ယူနန်ပြည်နယ် စူးမောင်ဒေသက လက်နက်ကိုင်မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ရဲတပ်သားလေးတစ်ယောက်က ပြောပြပါတယ်။ ''အခု ဆိုရင် နိုင်ငံ့နယ်နိမိတ်မျဉ်းရဲ့ အပြင်ဘက်က ဝန်းရံထားတဲ့ စည်းရိုးကနေကြည့် ရင် မူးယစ်ဆေးဝါးအပင်တွေ စိုက်ပျိုးထားတာကို မတွေ့မြင်ရပါ။ ဒါပေမဲ့ ကျွန်တော်တို့ နယ်မြေဖြတ်ကျော်ပြီး စမ်းတဝါးဝါးနဲ့ စုံစမ်းလေ့လာတဲ့အခါမှာ မနှစ်က ဆောင်းရယ်၊ ဒီနှစ် နွေဦးရယ်တွေတုန်းက တိတ်တိတ်လေး ခိုးစိုက်ထား တာမှာ ဧကပေါင်း (တစ်သန်းခြောက်သိန်း) ပေါ်ပီပင်စိုက်ခင်းကို တွေ့မြင်ခဲ့ရ ပါတယ်။ ခန့်မှန်းခြေ ဘိန်းစိမ်းတန်ချိန် ၁၅၀ဝ ထွက်ရှိပါလိမ့်မယ်။ ဟီးရိုးအင်း ကတော့ တန်ချိန် ၁၅၀-၂၀ဝ ထွက်ပါလိမ့်မယ်။ ဘာကြောင့်ဆိုရင် မနှစ်က အစချီပြီး ဒီနှစ်တွေမှာ ထိုင်းမြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဒီတော့ ထိုင်းမြန်မာ နယ်နိမိတ်တွေရဲ့ မူလဘိန်းဖြတ်သန်းရာလမ်းကြောင်းကို အသေပိတ်လိုက်သလို ဖြစ်သွားပါလေရော။ ဒီမှာတင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တဲ့လမ်းကြောင်းကို တရုတ်ပြည် နယ်နိမိတ်လမ်းကြောင်းလည်း ပဲ အသေပိတ်ဆို့ခံလိုက်ရတယ်။ ကီလိုမီတာ ၄၀ဝ ရှည်လျားတဲ့ နိုင်ငံနယ်နိမိတ် မျဉ်းရှိတဲ့ စူးမောင်ရွာကလေးဟာ ထိုင်း၊ လော၊ မြန်မာ သုံးနိုင်ငံရဲ့ ဆက်စပ်နေ တယ်။ မူးယစ်ဆေးဝါး ဖြတ်သန်းရတဲ့ ဘေးဆိုးဒေသကြီးလို ဖြစ်သွားပါလေရော။

ယူနန်ပြည်နယ် မူးယစ်ဆေးဝါးဝရမ်းအဖွဲ့အရာရှိတစ်ဦးရဲ့ ထုတ်ပြော ချက်အရ ယူနန်ပြည်နယ် တက်ဟုန်ကျိုးနယ်နိမိတ် ပြင်ပ မြန်မာ့ နယ်နိမိတ် အတွင်းပိုင်းမှာ ပေါ်ပီပင်စိုက်ခင်းက ဧက ၃ သိန်းလောက် ရှိပါလိမ့်မယ်။ မြန်မာပြည်မြောက်ပိုင်းက ကိုးကန့်၊ မူဆယ်၊ ကြူကုတ်၊ မုန်းဂိုးအစရှိတဲ့ နေရာ တွေမှာ တစတစနဲ့ ပိုမိုကြီးမားတဲ့ မူးယစ်ဆေးဝါးစုရပ်နှင့် ဖြန့်ကျက်ရာဒေသ တွေ ဖြစ်နေပါပြီ။ ၇၀ ခုနှစ် နှောင်းပိုင်းကနေ ၈၀ ခုနှစ် အစဦးပိုင်းတွေမှာ နယ်နိမိတ်ပြင်ပက မူးယစ်ဆေးဝါးတွေ တရုတ်ပြည် နယ်နိမိတ်အတွင်းကို စိမ့်ဝင်လို့လာပါတယ်။ မူးယစ်ဆေးဝါးတွေဟာ ကျွန်တော်တို့နိုင်ငံ နယ်နိမိတ် ကို အငှားလမ်းသဘောနှင့် အသုံးချပြီး အနီးအနား နယ်မြေဒေသကနေ နိုင်ငံ အသီးသီးဆီက ဈေးကွက်ဆီကို ပို့ဆောင်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ တရုတ်ပြည်ဟာလည်း မူးယစ်ဆေးဝါးနယ်နိမိတ် ဖြတ်သန်းမှုတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အလျောက် မူးယစ်ဆေးဝါးဖြုန်းအားကောင်းတဲ့ တိုင်း နိုင်ငံကြီး ဖြစ်လာနိုင်ချေရှိနေပါတယ်။ နိုင်ငံနယ်နိမိတ်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ကျယ်ပြန့်နှံ့စပ်လာပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေလည်း တစ်နေ့တခြား ဆိုးဆိုးရွားရွား ထိုးတက်နေပါတယ်။ ၂၀ဝ၁ ခုနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလအထိ တက်ဟုန်ကြိုးတခွင်လုံးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပေါင်း ၉၉၉ မှုကို ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းမိတဲ့ ဟီးရိုးအင်းက ၃၀၈၉ ကီလိုဂရမ် ရှိပါတယ်။ ဒါဟာ ၂၀ဝ၀ ခုနှစ်တုန်းက တူ နေတဲ့ တစ်ချိန်တည်းရဲ့ ၁"၄ ဆ ကြီးထွားလာတာပါပဲ''

တက်ဟုန်ကြိုး ပြည်သူ့လုံခြုံရေးဌာနမှူး ရန်းရီကပြောပါတယ်။ 'မူး ယစ်ဆေးဝါးဖမ်းမိတဲ့ အမှုတွေက ပိုမိုကြီးထွားလာတယ်။ ဖမ်းဆီးရရှိတဲ့ ပစ္စည်း တွေကလည်း တစ်နှစ်ထက်တစ်နှစ် များများလာတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး ရင်းမြစ်ဒေသက နိုင်ငံနယ်နိမိတ်ပြင်ပက ဖြစ်နေတယ်။ နယ်စပ် နယ်နိမိတ်မျဉ်း တွေကလည်း တစ်ခုနဲ့ တစ်ခု ယှက်သန်းနေကြတယ်။ ဝင်ရ ထွက်ရတယ်လွယ် တဲ့ နေရာကိုးဗျ။ လွတ်လည်း လွတ်လပ်တယ်လေ။ ဒါ့အပြင် မူးယစ်ဆေးဝါး ဖမ်းဝရမ်း လုပ်ငန်းရဲ့ ရန်ပုံငွေကြေးကလည်း ဆိုးဆိုးရွားရွားကို မလုံမလောက် ဖြစ်နေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ကျွန်တော်တို့ကို ပေးတဲ့ ဖိအားက တအားကို ကြီးမားလှပါတယ်'

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တစ်နေ့တခြား တိုးတက်လာ တာဟာ ဆိုးရွားတဲ့ နှိုင်းယှဉ်ချက်တစ်ရပ်ကို ပြနေပါတယ်။ ဒါဘာလဲဆိုတော့ တရုတ်ပြည် နယ်နိမိတ်အတွင်းမှာ ဆေးသုံးစွဲသူ ဦးရေတွေကလည်း တစ်နေ့ တခြား အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးတက်လာပါတယ်။ လက်ရှိတရုတ်ပြင်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု စာရင်းစာအုပ်ထဲမှာ မှတ်ပုံတင်ထားတဲ့ အရေအတွက်တင်ပဲ ၈၆၀ဝ၀ဝ ရှိနေပါပြီ။ သင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ''နိုင်ငံတကာ အစဉ်ကျင့်သုံးတဲ့ စံနှုန်းနဲ့ ချိန်ဆက်တွက်ချက်ရမယ်ဆိုရင် အခု လက်ရှိ သိနှင့်ထားပြီးဖြစ်တဲ့ လူအရေအတွက်ကိန်းကို ၅ ဆနှင့် မြှောက်လိုက်ပါ။ ဒါဆိုရင် တကယ့်လက်ရှိ လူအရေအတွက် တွက်ကိန်းနဲ့ နီးစပ်သွားပါလိမ့်မယ်။ အဲဒါဆိုတော့ အတိုင်းအတာ အင်မတန့် အင်မတန် ကြီးမားများပြားလှတဲ့ လူပေါင်း ၄ သန်းက မူးယစ်သုံးစွဲသူတွေ ဖြစ်ချေလေပြီ။

၂၀ဝ၀ ခုနှစ် ''၆-၂၆'' နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်း ရေးနေ့ ဖြစ်ပေတယ်။ ကွမ်တုံးပြည်နယ် အဆင်မြင့် ပြည်သူ့တရားရုံး ဒုရုံးချုပ် လျိုချင်းဟိုင်က မူးယစ်ဆေးဝါးလမ်းကြောင်းသင့်တာရယ်၊ ဘေးဒုက္ခဆိုးကြီး ဆိုးဆိုးရွားရွားကျရောက်တဲ့ ကွမ်းတုံပြည်နယ်မှာ ပေါ်ပေါက်နေတဲ့ မူးယစ်ဆေး ဝါး ပြစ်မှုကျူးလွန်တဲ့ ခြေလှမ်းသစ်ကို ရှင်းလင်းပြောပြပါတယ်။ ''ပထမတစ် ချက်က မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူတွေဟာ ကြာလေ ကြီးထွားလာလေပါပဲ။ ဒါဟာ ထိုစဉ်ကာလတုန်းက မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူရဲ့ အရေးကြီးတဲ့ ထူးခြားချက်ပါပဲ။ ပြစ်မှုကျူးလွန်သူတို့ဟာ မတရားနည်းနဲ့ အမြတ်အကြီးအကျယ် ရရေးအတွက် အန္တရာယ်လမ်းကို ရွေးလျှောက်ကြလေတယ်။ လူသူစုရုန်းပြီး ကျူးလွန်ကြတယ်။ ထုတ်လုပ်ကြတယ်။ သယ်ယူပို့ဆောင်ကြတယ်။ ရောင်းဝယ် ဖောက်ကားကြတယ်။ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ တစ်နေ့တခြား ကြီးထွား လာပါတယ်။ အနည်းဆုံးအရေအတွက်ကတော့ ဂရမ် ရာချီ၊ ထောင်ချီရှိပြီး၊ အများဆုံး ၅၇၀ ကီလိုဂရမ် သယ်ယူကြတယ်။ ငွေအရင်းအနှီးကလည်း ကြာ လေ ကြာလေ များပြားလာလေပါပဲ။ တချို့ အမှုတွေများ ယွမ်ငွေ သန်းဂဏန်း ကနေ ရင်းနှီး ရပါတယ်။ တချို့များ သန်းပေါင်းများစွာ အရင်းအနှီးနဲ့ မူးယစ် ဆေးဝါး ဝယ်ယူရင်းနှီးကြရပါတယ်။ အန္တရာယ်ဘေးဆိုးက များမှများ၊ ကြီးမှ ကြီးပါ။

ဒုတိယအချက်က - အစုအဝေးနဲ့ ထူးထူးချွန်ချွန် ကျူးလွန်ကြပါတယ်။ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်မှုတွေအထဲမှာ အများအားဖြင့် လူစုလူဝေးနဲ့ လုပ်ကိုင်ကြပါတယ်။ လူနည်းတယ်ဆိုရင် သုံးလေးငါးယောက်။ များရင် အနည်းဆုံး ဆယ်ယောက်ကျော်မှာရှိတယ်။ ပြစ်မှုကျူးလွန်သူတွေမှာ လုပ်ငန်း တာဝန် အသီးသီး ခွဲထားပါတယ်။ အထူးသဖြင့် ပြုပြင်ထုတ်လုပ်မှု လုပ်ငန်းမျိုး ဆိုရင် တချို့က ငွေကြေးအရင်းအနှီး စိုက်ထုတ်တဲ့ တာဝန်ယူတယ်။ တချို့က စမ်းသပ်တာတို့၊ ထုတ်လုပ်တာတို့ တာဝန်ယူတယ်။ တချို့က ထပ်ဆင့်မွမ်းမံ မှုအလုပ်မှာ တာဝန်ယူတယ်။ တချို့ကို ဝယ်သူနဲ့ ဆက်သွယ်ရေးကို တာဝန် ယူတယ်။ တာဝန်ခွဲဝေမှုမှာ အင်မတန်ကို အနုစိတ်လွန်းပါတယ်။

တတိယအချက် - နိုင်ငံနယ်နိမိတ်ကို ကျော်၊ ဒေသမြေကို ကျော်ဖြတ် ပြီး ရောင်းချတာ၊ မှောင်ခိုချတာတွေကို လုပ်ကြပါတယ်။ တချို့နယ်နိမိတ်အတွင်း က မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူက နယ်နိမိတ်ပြင်ပက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့သူနဲ့ ပေါင်းစည်းလိုက်ပါတယ်။ မြန်မာပြည်အစရှိတဲ့ မူးယစ်ဆေးတွေကို ဝယ်ယူ၊ အလှမ်းဝေးတဲ့ ကွမ်တုန်းဆီကို သယ်ဆောင်သွားပြီး တဲ့နောက် နောက်ထပ်ပြီး နယ်နိမိတ်ပြင်ပဆီက မူးယစ်ဆေးတွေကို ဝယ်ယူပြီး နယ်နိမိတ်အပြင်ကိုပဲ ထပ်ဆင့်သယ်ထုတ်သွားပြန်တယ်။ ကွမ်တုန်းပြည်နယ်ကို ကြားခံစခန်းအဖြစ်ထားပြီး နိုင်ငံတကာဆီ ဖြန့်ကျက်ကြပါတယ်။

စတုတ္ထအချက် - မြေအောက် လျှို့ဝှက်စက်ရုံတည်ခြင်း။ အဲဒီလုပ်ငန်းရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုပမာဏတွေ ကြီးထွားသထက် ကြီးထွားလာပါတယ်။ မူးယစ်ဆေးကျူးလွန်သူတွေ ပိုပြီး အတင့်ရဲလာကြတယ်။ တချို့စက်ရုံကို အသုံး ချပြီး ရေခဲမူးယစ်၊ ခေါင်းရမ်းဆေးလုံးစတဲ့ ဆေးလုံးတွေ ထုတ်လုပ်ကြတယ်။ တချို့အိမ်မှာတင် မူးယစ်ဆေးကို ပြုလုပ်ကြတယ်။ တချို့များ ဟိုနေရာ နည်း နည်း၊ ဒီနေရာနည်းနည်း နေရာတကာမှာ နည်းနည်း၊ နည်းနည်းစီ မူးယစ်ဆေး ကို ထုတ်လုပ်ကြတယ်။ ပြစ်မှုကျူးလွန်တဲ့သူတချို့ဟာ မာန်စွယ်ငေါငေါနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြပါသေးတယ်။ ကျူးလွန်မှု လုပ်ကွင်း လုပ်ကွက် ပိရိလွန်းလှပါတယ်။ ကောက်ကျစ်စဉ်းလဲမှုကလည်း များပါ့။ ထိုသူ တို့ဟာ ထိုးနှက်ခံရမှာကို ရှောင်တိမ်းနိုင်ဖို့အတွက် ထပ်ပြီးအဆင့်ဆင့် ကျူးလွန် ရမှာကိုလည်း သူတို့ မမှုပါ။ ကျူးလွန်ပုံ၊ ကျူးလွန်နည်းတွေကလည်း များမှ များပါ။ တချို့များ လော်ကီကားကြီးတွေကို သုံးပါတယ်။ အငှားကားနဲ့ ကြား ပေါက်ငှားရမ်း သယ်တာလည်း ရှိပါတယ်။ တချို့ဆိုရင် ဝမ်းဗိုက်ထဲကို မြိုချပြီး မသိမသာ ကျော်ဖြတ်သွားဖို့ ကြံစည်ကြတယ်။

ယူနန်ပြည်နယ် လိန်ချန်းဒေသ ပြည်သူ့လုံခြုံရေးဌာန၊ မူးယစ်ဆေးဝါး တိုက်ဖျက်နိုမ်နင်းရေးဌာနခွဲ နိုင်ငံရေးကော်မတီဝင် ဟွမ်ဝေ့မိန်က ပြောပါတယ်။ နှစ်စဉ် ၇-၈-၉ လပိုင်းတွေကိုရောက်တိုင်း၊ ဒါဟာ မူးယစ်ဆေးမှောင်ခိုသယ်တဲ့ ဒီရေအမြင့်ဆုံး အချိန်ဖြစ်တယ်။ လိန်ချန်းဒေသကို သာဓကထားရင် နှစ်စဉ် ပထမနှစ်ဝင်ကာလတွေမှာ မူးယစ်ဆေးဖမ်းဆီးရမိတာက ၃၀ဝ-၄၀ဝ ကီလိုဂရမ် လောက်ပဲရှိပါတယ်။ နောက်နှစ်ဝက် ရောက်လာတော့ ၇၀ဝ-၈၀ဝ ကီလိုဂရမ် ကို မြင့်တက်လာပါတယ်။ နှစ်စဉ်ပျမ်းမျှခြင်း ၁ တန်ဝန်းကျင်လောက် ဖမ်းမိပါ တယ်။ မူးယစ်ဆေးဖမ်းမိတာ များတာက တစ်နှစ်ရဲ့ နောက်ပိုင်းလတွေဖြစ်တယ်။ အထူးသဖြင့် ၇-၈-၉ လပိုင်းတွေမျာ ပြုံးနေတာပဲ။ ဒါဟာ ထုံးတမ်းစဉ်လာတစ်ရပ် လို ဖြစ်နေတယ်။ အခု မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးမှာ အရေးပါတဲ့ ကွင်းဆက်တစ်ခုကို တွေ့ရှိရပါတယ်။ အဲဒါကတော့ မူးယစ်ဆေးပြုလုပ်တဲ့ ဓာတုဗေဒပစ္စည်းတွေရဲ့ ထိန်းချုပ်မှုအပေါ်မှာ မူတည်နေပါတယ်။ အရင်က မူးယစ်ဆေးပြုပြင်ထုတ်လုပ်တဲ့ ဓာတုပစ္စည်းတွေ အများစုဟာ တရုတ်ပြည်ကနေ ခိုးသွင်းရပါတယ်။ မူးယစ်ဆေးထုတ်လုပ်တဲ့ အတွဲအဖက်ဆေးရည် ၉၉プ ဟာ တရုတ်ပြည်ကနေ ဖြတ်သွားပါတယ်။ အရင်က အလွန်ဆုံးမျာလှ ၂၈ မျိုးကိုသာ ကျွန်တော်တို့ တွေ့ရှိပါတယ်။ အခုတော့ အမျိုးအစားပေါင်း လေးငါး ဆယ်တောင်ရှိနေပြီဆိုပဲ။ ပစ္စည်းအမျိုးအစားတွေထဲမှာ အင်ဟိုက်ဒရိုဒ်အက်ဆစ် တစ်အက်ဆစ်၊ အီသာ (နအ့နမ) ၊ စက်မှုလုပ်ငန်းသုံး အရက်ပျံ၊ လိုင်စော (ူပျသူ) အစရှိတဲ့ ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အမိုးနီးယမ်း ကလိုရိုဒ်အစရှိတဲ့ ဓာတ်မြေသြဇာ အမျိုးအစားကလည်း မူးယစ်ဆေးထုတ်လုပ် တဲ့ တွဲဖက်ကုန်ကြမ်းတွေဖြစ်တယ်။ တရုတ်ပြည်ဘက်က အဲဒီစိမ့်ယိုတဲ့ ဂိတ် ပေါက်တွေကို ပိတ်လိုက်တာနဲ့ ရေတြိဂံက ထုတ်လုပ်မှုအစီအစဉ်တွေကို အကြီးအကျယ် သွားရောက်ထိခိုက်တော့တာပါပဲ။ ဘိန်းရာဇာကြီးတွေ၊ ဘိန်း ရောင်းဝယ်ဖောက်ကားကြသူတွေ ဒီနှစ်နွေဦး ဘိန်းရိတ်သိမ်းကြပြီးနောက် ဘာမှ လုပ်လို့ကိုင်လို့မရဘဲ စုပုံသိုလှောင်ထားကြရပါတယ်။ ဓာတုဆေးရည်တွေ ရောက်အလာကိုသာ ထိုင်စောင့်နေကြရပါတယ်။ ဒါကို ကြည့်ပြီး ခန့်မှန်းရရင် ဒီတစ်နှစ် ရွှေတြိဂံက မူးယစ်ဆေးဝါးဈေးကွက်တင်ဖို့က အချိန် နောက်ထပ် နှစ်လစောင့်ဆိုင်းရမှာ ဖြစ်တယ်။

စာရေးသူ နယ်နိမိတ်ကျော်ဖြတ်ပြီး သတင်းရယူတဲ့ကာလအတွင်း ယူနန်ပြည်နယ် နယ်နိမိတ်အတွင်းက ခရိုင်တစ်ခုရဲ့ ပြည်သူ့လုံခြုံရေးမှူး တစ် ယောက်က ပြောပြပါတယ်။ ''အမှန်တကယ်တော့ ကျွန်တော်တို့ ဒီဘက်ကို ဆေးဝါးသုံးစွဲသူတွေက ဟိုဘက်ကထက်တောင် များပါသေးတယ်။ ဒီအနေ အထားက အင်မတန်ကို အလေးအနက်ထားပြီး ဆွေးနွေးဖို့တောင်လိုနေပါပြီ''။ စာရေးသူဟာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး မူးယစ်ရင်းမြစ်မြေဖြစ်တဲ့ မြန်မာ နိုင်ငံ ဝပြည်နယ်၊ ကိုးကန့်ဒေသတွေမှာ သတင်းရယူစုဆောင်းပါတယ်။ အဲဟို ဘက်က အရာရှိတွေက ပြောပါတယ်။ ''တရုတ်ပြည်ဘက်က လာကြတဲ့သူတွေ ပါပဲ။ ဘာကြောင့်ဆိုရင် ဒီဘက်က မူးယစ်ဆေးက ဈေးသက်သာတယ်လေ၊ နောက်ပြီး ဝယ်ရခြမ်းရလည်း သိပ်လွယ်တယ်။ လူအတော်များများ နှစ်ရှည်လ များ လာရောက်နေထိုင်ကြပြီး မူးယစ်ဆေးသုံးစွဲကြပါတယ်ခင်ဗျာ။ ကျွန်တော် တို့ တစ်ယောက်မိရင် တရုတ်ပြည်ဘက်ဆီ တစ်ယောက်ပြန်ပို့မှာပဲ။ အဲဒီလူတွေ ကို တရုတ်ပြည်ဘက်က သူတို့ကို ''ခြေဦးတည့်ရာ ပြေးလွှားနေကြတဲ့ ဆေးစွဲသူ များ''လို့ ခေါ်ကြပါတယ်''။

စာရေးသူက ဒီကိုလာရောက်ပြီး သုတေသနပြုတဲ့ အကြောင်းရင်းကို လည်း ရှင်းပြလိုက်ရော၊ ဝပြည်နယ် အစိုးရလုပ်ငန်းဌာနက အရာရှိတစ်ယောက် က ပြောပါတယ်။ ''အဓိကကတော့ ကျွန်တော်တို့ ဒီကတရုတ်တွေပြောတဲ့ မူး ယစ်ထွက်တဲ့ ရင်းမြစ်က လူတွေဟာ ငယ်စဉ်တောင်ကျေး ကလေးငယ်အရွယ် ကတည်းက မူးယစ်ဆေးကို စိုက်ကြတယ်။ တွေ့မြင်ကြတယ်။ မူးယစ်ဆေးရဲ့ ဘေးဥပဒ်ဒုက္ခဆိုးကို ပိုပြီး အလေးအနက် သဘောပေါက်သိရှိထားပါတယ်။ တရုတ်ပြည် အဲဟိုဘက်က လူခပ်များများက ထူးဆန်းအံ့သြဟန်နဲ့ ကြည့်မြင် ကြပါတယ်။ အဲဒါတစ်ချက်ကလေး စမ်းကြည့်လိုက်တာနဲ့ ပြီးပါလေရောဗျာ။ နောက်ထပ်တစ်ချက်က တရုတ်ပြည်ဟိုမှာဘက်က မူးယစ်ဆေးသုံးစွဲသူတွေကို ပြစ်ဒဏ်ချမှတ်တာမှာ သိပ်ပြီး ပေါ့နေသေးတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာဘက်ကတော့ မူးယစ်ဆေးသုံးစွဲသူကို အပြင်းအထန် အရေး ယူအပြစ်ပေးပါတယ်။ ခွန်ဆာ အဲဟိုဘက်က အတိုင်းပါပဲဗျာ။ မူးယစ်ဆေးသုံး စွဲလို့ သုံးကြိမ်ဆိုရင် သေနတ်နဲ့ ပစ်သတ်ဖို့ကို ဥပဒေချမှတ်ထားပါတယ်။ သေဒဏ်ချမှတ်ပြီးရင်တော့ ဆွေးနွေးစရာ မလိုတော့ပါဘူး။

တစ်စုံတစ်ယောက်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မူးယစ်ဆေး စွဲမိ ပြီဆိုရင် ယေဘုယျအားဖြင့်တော့ သေတာနဲ့ အတူတူပါပဲ။ ကယ်လို့ မရတော့ ပါ။ ဒါကြောင့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူရတာပါ။ ဝအဖွဲ့အစည်း ကတော့ ဟိုယခင်က မြေအောက်ကျင်းထဲ လှောင်ပိတ်ထည့်လေ့ရှိတယ်။ (မြေ အောက်ကျင်းဆိုတာက ရွှေတြိဂံ တစ်လျှောက်က ရေပန်းစားတဲ့ ပြစ်မှုကြီးလေး တဲ့ ရာဇဝတ်သားကို ပြစ်ဒဏ်ချလေ့ရှိပါတယ်။ အမြဲတမ်း အကျဉ်းထောင်စခန်း လိုမျိုး ''မြေအောက်ကျင်း'' ကလွဲရင် (သာမန်အပြစ်သား (ပြစ်မှုကျူးလွန်သူ) ကိုယ်တိုင်က ဥပဒေကပေးတဲ့ ပြစ်ဒဏ်အတိုင်း လိုက်နာပြီး (သာမန်အားဖြင့် အုပ်ချုပ်မှုလုပ်ငန်းပိုင်း) က နေရာကို ရွေးချယ်ရပါတယ်။ ပြီးတော့ ကိုယ့်ဘာသာ ကျင်းတစ်ကျင်းတူးရပါတယ်။ ကျင်းက အောက်ဆီတည့်တည့် မတ်မတ်စိုက်ပြီး တူးရပါတယ်။ အနက်က ၃-၅ မီတာ၊ အထက်ပိုင်းက သေးပြီး၊ အောက်ဘက် ပိုင်းက ကြီးပေးရပါတယ်။ အောက်ခြေက အချင်း ၃ မီတာ ဝန်းကျင်ရှိရပါတယ်။ အဲဒီနောက် အဲဒီမြေကျင်းထဲမှာ ထိန်းချုပ်ခံရပြီဆိုရင် ခြေကန်တက်လို့က မရ နိုင်၊ ပြင်ပအား တစ်ခုခု၊ ဒါမှမဟုတ် ပစ္စည်းကိရိယာအကူမပါဘဲနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ လွတ်စရာလမ်းမရှိပါ။ မြေကျင်းကို ပိတ်ထားလိုက်ပြီး အပေါ် ကနေ ကျောက်တုံး၊ ကျောက်ပြားစတဲ့ အလေးအပင်နဲ့ ဖိထားပြန်ပါတယ်။ မြေကျင်းအထဲက အကျဉ်းသား ထွက်မပြေးနိုင်အောင် လုပ်ထားပါတယ်။

ဝအဖွဲ့အစည်းက လူကိုယ်တိုင်ကိုယ်ကျ ပြောစကားအရ အဲဒီမြေကျင်း ထဲ လှောင်ပိတ်လိုက်တာနဲ့ နေ့တိုင်း မြေအိုးသုံးလုံး အောက်ကို ချပေးပါတယ်။ တစ်အိုးက သောက်ရေကြည်၊ တစ်အိုးက စားစရာ၊ နောက်တစ်အိုးက အကျဉ်း သားက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးထည့်ဖို့ အုးိ။ တစ်နေ့ကို ဒီသုံးအိုး လဲလှယ်ပေးပါတယ်။ အထဲ ထည့်ပိတ်ခံထားရသူဟာ ပြင်ပက ဘာအသံကိုမှ မကြားရပါ။ အဖုံးမဖွင့်လိုကတော့ ဘာနေရောင်ကိုမှလည်း မရပါ။ မြေကျင်းက ကျဉ်းကျဉ်းကျုတ်ကျုတ်ရယ်၊ မှောင်မိုက်ပြီး စွတ်စိုနေတယ်။ သာမန်ကျန်းမာပါ တယ်ဆိုတဲ့ လူတောင် အထဲမှာ သုံးလလောက် လှောင်ပိတ်ခံလိုက်ရုံနဲ့ တစ်ခါ တည်း ချိနဲ့သွားပါလေရော။ အခြေအနေဆိုးရင်တော့ မြေကျင်းထဲမှာတင် အသက်ပျောက်ရလေတယ်။ ဝပြည်နယ်မှာ တစ်ချိန်တစ်ခါက မူးယစ်ဆေးသုံးစွဲ သူတွေကို အဲသလို မြေကျင်းထည့်ပိတ်တာမျိုး အပြစ်ပေးတာ ရေပန်းစားလိုက်ပါ သေးတယ်။ အခုတော့ ဒါမျိုး မလုပ်တော့ပါဘူး။ လယ်ယာလုပ်ခိုင်းတဲ့ ပြစ်ဒဏ် ကို ပြောင်းလဲပေးပါတယ်။ သက်သက်ညှာညှာနဲ့ ပြုပြင်ပေးလို့မှ မရတော့ရင် သေဒဏ်ပေးပစ်လိုက်ပါတယ်။

ဝအဖွဲ့အစည်း စတုတ္ထအတန်း လူပုဂ္ဂိုလ်၊ လယ်ယာနှင့် သစ်တော၊ ရေအသုံးချဝန်ကြီး ကျောက်ဝံကွမ်းက စာရေးသူကို ဥပမာ သာဓကနဲ့ ရှင်းပြ ပါတယ်။ ''ဥပမာဗျာ - မနှစ်က မြန်မာနှင့် ထိုင်း စစ်ဖြစ်ကြတယ်။ နှစ်ဖက်က တောင်ကုန်းထိပ်တစ်ခုကို အကြိတ်အနယ် လုကြတယ်။ မြန်မာတပ်က နှစ်ဝက် ကြာလို့တောင် မသိမ်းပိုက်နိုင်ပါ။ ကျွန်တော်တို့ ဝတပ်ဖွဲ့ကို အဲဒီဆီပို့ပြီး တိုက် ခိုင်းတယ်။ ကျွန်တော်တို့က တစ်နာရီကလေးနဲ့ အသာလေး သိမ်းလိုက်နိုင် တယ်။ ဒါဘာကြောင့်လဲ သိလား။ ဘာကြောင့်ဆို ကျွန်တော်တို့ဆီမှာ အမြှောက် ပစ်လက်ဖြောင့်တပ်သားရှိလို့ကိုးဗျ။ အဲဒီတပ်သား နာမည်က ရဲလူတဲ့ဗျ။ သူ နောက်ပိုင်းနံပါတ် ၄ (ဟီးရိုးအင်း) ရှူတယ်လေဗျာ။ ကျွန်တော်တို့ သူ့ကို မြေ ကျင်းထဲ ထည့်ပိတ်ထားလိုက်တယ်။ တိုက်ကြ ခိုက်ကြတော့မယ်ဆိုရင် သူ့ကို ဆွဲထုတ်ပြီး လက်ထိတ်တွေ၊ ခြေကျဉ်းတွေပါ ဖြုတ်ပေးလိုက်တယ်။ သူ မြေကျင်း ထဲကနေ တက်လာပါတယ်။ ''ဝုန်း ဝုန်း'' '' ဝုန်း ဝုန်း'' အမြောက်တွေနဲ့ ထုနေ ပြီလေ။ အချက်တိုင်း ပစ်မှတ်ဆီကို တန်းတန်းမတ်မတ်ချည်းပါပဲ။ တောင်ထိပ်က ကျွန်တော်တို့လက်ထဲဆီကို အသာလေး ရောက်လာပါတယ်။ ဒီတပ်သား တိုက်ပွဲမှာ ဆုတွေတောင် ရလိုက်ပါသေးတယ်။ ဒါပေမဲ့ ဒီဆေးက မဖြတ်နိုင် ဖြစ်တယ်လေဗျာ။ ဒီတော့ ခြေထိပ်၊ လက်ထိပ်ပြန်ခတ်၊ မြေကျင်းထဲဆီ ပြန်ပိတ် ထားလိုက်ရပြန်တယ်။ ဒီလိုသာ ဆေးမပြတ်လို့ကတော့ မြေကျင်း သံသရာက မလွတ်နိုင်တော့ဘူးဗျာ''။ စာရေးသူတို့ ပိုသေချာအောင် မေးလိုက်ပါတယ်။ ''တကယ်လို့ လွှတ်လိုက်လို့ ထပ်ရှူဦးမယ်လုပ်ပြန်ရင်ကောဗျာ''။ ကျောက်ဝံ ကွမ်းလက်ကို လည်မှာတင်ပြီး ခေါင်းဖြတ်ဟန်နဲ့ ပြောလိုက်တယ်။ ''လွှတ်လိုက် လို့မှ ထပ်ရှူလို့ကတော့ ဒါဆို သူ့ခေါင်းဖြတ်ခံရမှာပဲ။ ကျွန်တော်တို့ ဒီမှာက သေဒဏ်ပေးရတာ သိပ်ပြီး အပန်းမကြီးလှဘူးခင်ဗျ။ တာဝန်ယူတဲ့သူက လိုလို လားလားပဲ သွားကိုလုပ်မှာ''။

၁၀-၄-၂၀ဝ၂ နေ့မှာ ယူနန်ပြည်နယ် သတင်းထောက်များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရယ်၊ ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး အစည်းအရုံးအောက်မှာ သတင်းထောက်တွေ ခွန်မင်းမူးယစ်ဆေးဝါး ဆေးဖြတ် ဆောင်သွားပြီး သတင်းရယူကြတယ်။

ခွန်မင်းက ဆေးဖြတ်ဆောင်က ခွန်မင်းမြို့ရဲ့ ၂၃ ကီလိုမီတာ ကွာ လှမ်းပါတယ်။ အကျယ်အဝန်း ဧက ၃၀ဝ၀ ကျယ်ဝန်းပါတယ်။ ကနေ့ အာရှ တိုက်မှာ အကြီးဆုံးဆေးဖြတ်စခန်းကြီး ဖြစ်ပါတယ်။ နောက်ပြီးတာ့ ပြည်တွင်းမှာ ပထမဦးဆုံး တည်ဆောက်တဲ့ မူးယစ်ဆေးဖြတ်တဲ့ အဆောင်ကြီးပါ။ ဒီမှာလာပြီး ဆေးဖြတ်ကြသူတွေက အတန်းအစား၊ အလွှာပေါင်း စုံလင်ပါတယ်။ အသက် အပိုင်းအခြားကလည်း စုံပါတယ်။ အသက် ၁၁ နှစ် အရွယ်ကနေ ၆၀ အရွယ် တွေလည်း ပါရှိပါတယ်။ ဒီအထဲက ယောကျာ်းက ၇プ၊ ၁၈-၃၅ နှစ်က ၇၅プ။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတည်းကစပြီး ဖွင့်လှစ်လိုက်ကတည်းက ၄င်းဆေးရုံဆောင်မှာ ဆေးစွဲသူပေါင်း ၄၇၀ဝ၀ ကျော် တက်ရောက်ကုသခဲ့ပါ တယ်။ အခုဆေးဖြတ်သူပေါင်း ၃၀ဝ၀ နီးပါး ရှိပါတယ်။ ၄င်းနှင့် ပတ်သက်တာ တွေက နိုင်ငံတဝှမ်းမှာရှိကြတဲ့ ပြည်နယ်၊ မြို့၊ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ (ထိုင်ဝမ်အပါအဝင်) တွေဖြစ်တယ်။ ဒီအထဲက ယူနန်၊ ကွေ့ကြိုး၊ စွတ်ချွမ်း သုံးပြည်နယ်မှာ အများဆုံးပါပဲ။ ၇プ ဝန်းကျင်လောက်ရှိပါတယ်။ ဆေးဖြတ်သူ ၅၀ဝ၀-၆၀ဝ၀ ဦးရေအထိ အများအပြား တက်ခဲ့ဖူးပါတယ်။

ဒုအဆောင်မှူး မာဝေ့က ပြောပါတယ်။ ''ဒီမှာ ဆေးဖြတ်ကြသူတွေ ထဲမှာ ပညာရည်အဆင့်မြင့်တန်းက အလွန်နည်းပါးပါတယ်။ လူတန်းစားဖွဲ့ စည်းမှု အပိုင်းကနေ ပြောရရင် တောင်သူလယ်သမားထဲက အများဆုံးပါပဲ။ အဓိက ဖြစ်ရတာက မြို့တက်ပြီး အလုပ်လုပ်ကြရတယ်လေဗျာ။ အလုပ်ဆင်းတဲ့ အလုပ်သမားတွေက များလာပါတယ်။ လောကသဘာဝအခြေခံက နိမ့်ပါးလှ တယ်။ အဲဒါကြောင့် ဆေးစွဲတာတွေ များရတာပဲ။ ဒါဟာ ဘာကို မီးမောင်းထိုး ပြနေလဲဆိုတာတော့ မျက်မှောက်တရုတ်ပြည်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ် နင်းရေးဝါဒဖြန့်ချိမှုမှာ ရင်ဆိုင်ကြုံတွေ့နေရတာက ပြဿနာအသစ်တွေ ဖြစ် နေပါတယ်။ အဆင့်အလွှာနိမ့်တဲ့ဆီကို ဦးတည်ရမှာ ဖြစ်ပါတယ်''

သာမန်အခြေအနေမှာ ဆေးဖြတ်သူတွေရဲ့ စရိတ်စကကို ဆေးဖြတ်သူ ကိုယ်တိုင်နှင့် သူ့ မိသားစုတွေက တာဝန်ယူရပါတယ်။ ဒါပေမဲ့ အတင်းအကြပ် ခေါ်ဆောင်လာပြီး ဆေးဖြတ်ခံရသူတွေဟာ ဆေးစွဲမှုကြောင့် မိသားစုရော၊ သူ့ကိုယ်၌ကပါ ခြူတစ်ပြားမျှ မကျန်လောက်အောင် မွဲပြာကျနေပါပြီ။ ဆေးလာ ဖြတ်သူတစ်ဝက်ကျော်ကျော်လောက်က တစ်ပြားတစ်ချပ်မှ ထုတ်မပေးနိုင်ကြ ဘူး။ ဒီတော့ ဆေးဖြတ်သူတို့ကို အဆောင်ဝန်းထဲမှာ သီးနှံတွေ ကိုယ့်ဘာသာ စိုက်ပျိုးရင်းနဲပ ကိုယ်ရိက္ခာကိုယ်ရှာ၊ ကိုယ့်အားကိုယ်ကိုး နည်းလမ်းနဲ့ စခန်း သွားကြရပါတယ်။

အဲဒီနေ့က ခွန်မင်းမြို့တဝိုက်မှာ မိုးကြီး သည်းသည်းမည်းမည်း ရွာပါ တယ်။ ရာသီဥတုတွေက အေးမြနေတာပါပဲ။ ကနေ့က ဧည့်လက်ခံ တွေ့တဲ့နေ့ ဖြစ်တယ်။ ဆေးဖြတ်ဖို့ လာပို့ထားတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို တဖွဲဖွဲ၊ တ သဲသဲ လာကြည့်ကြတဲ့ လူအုပ်တွေဖြစ်ပါတယ်။ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ အဘွားအိုဟာ မျက်ရည်တွေ စီးကျရင်းက စာရေးသူကို ပြောပြပါတယ်။ အဘွားအိုရဲ့ မြေးလေးက အခုမှ အသက် ၂၀ ပြည့်ရုံလေးသာ၊ မူးယစ်ဆေးစွဲ တာ နှစ်နှစ်၊ သုံးနှစ်တောင်ရှိသွားပါပြီ။ ပြတ်မပြတ်ဆိုတာ ခုထိ မသိရသေးပါတဲ့။ လက်ခံတွေ့ဆုံတဲ့ ဧည့်ခန်းဆောင်ရဲ့ အပြင်ဘက်မှာ လူပေါင်းတစ်ရာကျော် နှစ်ရာက ဝန်းကြီးရဲ့ မြေကွက်လပ်မှာ အလုပ်လုပ်နေကြပါတယ်။ သူတို့ကြည့်ရ တာ ပူပြင်းတဲ့ မီးတောက်ကြီးကို ရင်ဆိုင်နေကြတဲ့နေကြတဲ့ အတိုင်းပါပဲ။ စာရေးသူနဲ့ အဖော်လိုက်ပါလာတဲ့ ရဲအရာရှိ မာဝေက ပြောပါတယ်။ ဒီလူတွေ က အတော်အသင့် ကျန်းမာရေးကောင်းတဲ့ ဆေးဖြတ်သူတွေ ဖြစ်တယ်။ ဆေးဖြတ်ဖို့ ရောက်လာခါစ လူမမာဆိုရင် အလုပ်လုပ်နိုင်ဖို့ကို မပြောနဲ့၊ သူ့ ကိုယ်သူ ရပ်နိုင်ဖို့တောင် အနိုင်နိုင်ဗျ''

နံဘေးက ခန်းမကြီးထဲမှာ အတန်းလိုက်၊ အပြည့်ထိုင်နေကြတဲ့ အရေအတွက် ထောင်ကျော်ရှိတဲ့ ခုမှ ဝင်လာတာ ဘာမှမကြာသေးတဲ့ ဆေးဖြတ် သူတွေ ထိုင်နေကြပါတယ်။ သူတို့ဟာ ဒီကုသဆောင်က သုတေသနပြုလုပ်ထား တဲ့ ''၆-၂၆'' ပလပ်စတစ်ဖုံး မူးယစ်ဆေးဖြတ်တဲ့ ဆေးလုံးကို တန်းစီပြီး စောင့် ဆိုင်းယူနေကြတာဖြစ်ပါတယ်။ ဒီအထူး ဆေးဝါးဖြတ်ဆေးရဲ့ ထိရောက်မှု စွမ်းအားက ၁၀ဝプ ရှိပါတယ်လို့ ဆိုပါတယ်။ နိုင်ငံတဝှမ်းလုံးက ပြည်သူ့လုံ ခြုံရေးဌာန မူးယစ်ဆေးဝါး ဆေးဖြတ်မှုကုသဆောင် ၁၄၂ ဆောင်စလုံး ဒီဆေး လုံးကို စမ်းသပ်သုံးစွဲနေကြပါတယ်။ ဆေးစွဲဝေဒနာသည်အားလုံး ငေးတိငေး ငိုင်၊ ကြောင်တောင်တောင်တွေနဲ့ပါ။ သူတို့မှာ ကြင်နာတရား ကရုဏာထားပြီး လာရောက်ကြည့်ကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေမှာ သူတို့တွေကိုကြည့်ပြီး ရင် ထုမနာ ဖြစ်နေကြပါတယ်။ မိန်းကလေးတစ်ယောက်ဆိုရင် ရုပ်ရည်ကလေး ချောချောလှလှကလေးရယ်၊ အရည်အချင်းကလည်း သာမန်လူတန်းစားမျိုးထဲ က မဟုတ်တဲ့ ဆံကေသာ ရှည်လျားလျား မိန်းမလှလေးတစ်ယောက်ပါ။ စာရေးသူ သူကလေးကို ဂရုတစိုက် ကြည့်နေမှန်းသိသွားတော့ သူ့ခမှာရှက်ပြီး မျက်ရည်လေးတစို့စို့နဲ့ ခေါင်းကို ငုံ့ချလိုက်တယ်။

ဒီနောက်ပိုင်းမှာ သတင်းထောက်တွေကို မူးယစ်ဆေးဖြတ် ဝေဒနာရှင် တွေ သီဆိုကပြမှုကို ခေါ်ပြီး ပြသပါတယ်။ ''အလံနီကို တေးဖွဲ့ဂုဏ်ပြ'' အက၊ မွန်ဂိုတိုင်းရင်းသားတို့ရဲ့ ''ကောင်းကင်ဘုံ'' အက၊ မြူးမြူးြွကြွက ခုန်ပေါက်ကနေ တဲ့ ''ဘဝပန်းမာလာ'' အစရှိတဲ့ အကတွေ ကပြကြပါတယ်။ ဆေးဖြတ်သူတွေရဲ့ ကကြိုးကကွက်တွေက ဘဝရဲ့ လန်းလန်းဆတ်ဆတ်တဲ့ အားမာန်တွေနှင့် မူး ယစ်ဆေး မကောင်းဆိုးဝါးကြီးတို့ရဲ့ စီးချင်းထိုး တိုက်ပွဲစစ်တလင်းကို ဖော်ညွန်း ပြလို့နေပါတယ်။ ကြည့်ရှုနေကြတဲ့ သတင်းထောက်တိုင်း ရင်မှာ နာကျင်မှုတွေ တစိမ့်စိမ့် ခံစားနေကြရပါတယ်။

ရဲအရာရှိတစ်ယောက်က စာရေးသူ အနားကပ်လာပြီး တိုးတိုးလေး ပြောပြပါတယ်။ ''သူတို့လေးတွေဟာ ဘဝအချိုးဖဲ့ ခံလိုက်ရသူလေးတွေပါဗျာ။ အခုတော့ ဝေဒနာသစ်ပင်ကြီးကနေပြီး အဖူးအညွန့်ကလေးတွေ ဝေဝေဆာဆာ ထွက်လာကြပါပြီ။ ဒါပေမဲ့ သူတို့ ဒီကနေ ထွက်သွားကြရင် ပြန်သုံးစွဲတဲ့ ဝဲ ဂယက်ထဲဆီများ ပြန်ရောက်ကြဦးမှာလား။ အင်းလေ လက်တွေ့အနေအထားက ဒီရေဝဲဂယက်အရှိန်က အင်မတန် မြင့်မားလွန်းနေတာကိုးဗျ''

အခုန်အက ကပြသူတွေထဲမှာ အတော်လေး ချောမောလှပသူလေး တစ်ယောက်ကို စာရေးသူ အထူးပဲ သတိထားမိတယ်။ အဖော်လိုက်ပါလာတဲ့ ရဲအရာရှိ ချဲန်ချီက မိတ်ဆက်ပေးပါတယ်။ ကလေးမလေး နာမည်က ဒယဲန့်ပါ။ တစ်ချိန်တုန်းက ကာယအားကစားသမားလုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းခဲ့ သူလေးပါ။ နိုင်ငံလုံးဆိုင်ရာ ကစားခုန်စားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါ တယ်။ ချိန်ဆဘား၊ နှစ်ယောက်တွဲ မြေပြင်ဘားကျွမ်းနှင့် တစ်ဦးချင်း စွယ်စုံတွေ မှာ ရွှေတံဆိပ်သုံးခု ရခဲ့ပါတယ်။ အဲသလောက် ထူးထူးချွန်ချွန်သူကလေးပေါ့ဗျာ။ အခုမှ အသက်က ၂၄ နှစ်သာ ရှိသေးတယ်ဗျ။ ယူနန်ချိကျွင်း ဇာတိသူလေးပါ။ ရှန်ဟဲအားကစားကောလိပ် စိတ္တဗေဒ အထူးဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပါတယ်။ သူမက (ကာယကံရှင်သူကလေးနှင့် ရဲအရာရှိရဲ့ တောင်းဆိုချက်ကြောင့် သူ ကလေးရဲ့ အမည်နာမကို လျှို့ဝှက်ထားပါတယ်) ပြောပါတယ်။ ''ထူးထူးထွေ ထွေ ဘာရယ် ညာရယ် မဟုတ်ပါဘူးရှင်။ နည်းနည်းထူးဆန်းသလိုဖြစ်ပြီး စိတ်ဝင်စားပြီး စမ်းသပ်ကြည့်တာပါပဲ။ ဒီတစ်ဖွာ နှစ်ဖွာကနေ ''အဖြူရောင် မကောင်းဆိုးဝါး'' ရဲ့ ကျေးကျွန်ဖြစ်သွားတာပါပဲရှင်''

မိမိဆန္ဒအလျောက် ဆေးဖြတ်တဲ့ဌာနက ဆေးဖြတ်နေတဲ့ မစ္စတာ ကောင်းက ပြောပြပါတယ်။ ''ကျွန်တော့်အသက်က ၃၃ နှစ်။ မကြီးမငယ်တဲ့ လောပန် (သူဋ္ဌေး) တစ်ယောက်ပေါ့ဗျာ။ ကျွန်တော်က ကြိုးစား ရှာဖွေထားတဲ့ သန်းချီတဲ့ ဓနငွေကြေးတွေဟာ ဖွာရင်းဖွာရင်းနဲ့ မီးခိုးတန်းကလေးတွေ ဖြစ်ကုန် ပြီး ကျွန်တော့်မှာ ပြောင်တလင်းခါသွားပါလေရောဗျာ''။ အထည်ကြီးပျက်က သူ့အကြောင်းကို ဆက်လိုက်ပြန်တယ်။ ''ခုတစ်ကြိမ်ပါရင် ကျွန်တော် ဆေး လာဖြတ်တာ ဆယ်ကြိမ်ကျော်သွားပါပြီ။ ကျွန်တော် ဆေးချတုန်းက မျက်ဝါးထင် ထင် တွေ့မြင်ခဲ့ပါတယ်။ ဆေးထိုးရင်း ထိုးရင်းကနေ မျက်စိအောက်မှာတင် သေသွားကြသူတွေကို အတော်လေး တွေ့ခဲ့ရပါတယ်။ ကျွန်တော် ထပ်မချတော့ ပါဘူးဗျ။ ကြောက်လှပါပြီ။ အရင်က ကျွန်တော် မြို့မှာ စီးပွားရှာတယ်၊ ပိုက်ဆံ တော့ ရတာပေါ့။ အခု ကျွန်တော် စဉ်းစားပါတယ်။ ဒီတစ်ကြိမ် ဆေးပြတ်တဲ့ နောက် မြို့မှာ မနေတော့ဘူး။ ကျေးလက်တောရွာ ဆင်းနေတော့မယ်။ ဒါမှပဲ သောက်ဖော်သောက်ဖော်၊ ရှူဖော် ရှူဖက်တွေနဲ့ ကင်းဝေးသွားမှာ မဟုတ်ဘူး လားဗျာ။ ဒီအပေါင်းအသင်းတွေနဲ့ တွေ့လိုက်တာနဲ့ အားနာပြီး ပြန်တွဲမိရော။ ဟော တွဲဖက်မိတာနဲ့ သူက တိုက်လိုက်၊ ကိုယ်က တိုက်လိုက်နဲ့ ဒီသံသရာထဲ က ရုန်းမထွက်နိုင်တော့ဘူးဗျ။ နောက်ပြီး ကျွန်တော်တို့ ဆေးသမားတွေကို လူတွေက အဖက်မလုပ်ချင်ကြတော့ဘူးဗျ။ ရှောင်ဖယ် ရှောင်ဖယ်နဲ့ ကျွန်တော် တို့ကို ကျဉ်ထားပထားကြတယ်။ ကဲ ဘယ့်နှယ်လုပ်ကြမလဲ။ ဒီတော့ ကျွန်တော် တို့အပေါ် နားလည်မှုရှိတဲ့ လက်သင့်ခံတဲ့ အဲဒီအပေါင်းအသင်း အသင်းဟောင်း တွေနဲ့ပဲ ပြန်ပေါင်းသင်းရတယ်။ နောက်ပြီး မူးယစ်ဆေးဝါးအပေါင်းအသင်းတွေ ထဲမှာ အရောင်းသမားတွေကလည်း ပါနေတယ်။ သူတို့ ရောင်းချရဖို့ ဆွယ်ကြ တာပေါ့။ ဒါကြောင့်လည်း စိတ်က မပြတ်သားတော့ ဒီနွံအိုင်ထဲဆီပဲ ပြန်သက် ဆင်းကြရတယ်လေဗျာ။ အင်း တကယ်တော့ မူးယစ်ဆေးစွဲ မိတ်ဆွေသူငယ်ချင်း ဆိုတာကို ပေါင်းသင်းရတာဟာ ဧရာမ ကျားဆိုးကြီးတစ်ကောင်ကို ပေါင်းရ သင်းရသလိုပါပဲဗျာ''

ဒီကနေ့ဆိုတဲ့ ခေတ်ကာလကြီးကို ရောက်လို့လာပါပြီ။ မူးယစ်ဆေး ကမ္ဘာတဝှမ်းဆီသို့ ပျံ့နှံ့မှုဟာ လူတွေ တွေးဆထင်မှတ်ထားတာထက် အဆ ပေါင်းများစွာ ကျော်လွန်သွားပါပြီ။ ခွန်မင်း မူးယစ်ဆေးဖြတ်တဲ့ ဆေးဝါးကုသ ဆောင်ကြီးရဲ့ ဆောင်ပုဒြွေ်ကးကြော်သံတစ်ခုမှာ ဟောသလို ရေးထားပါတယ်။ ''အခုကတည်းကသာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲတဲ့ ပြဿနာရပ်တွေကို မဖြေရှင်းပစ်နိုင်ရင်၊ တစ်စုံတစ်ခုသော အနက်အဓိပ္ပာယ် တစ်ရပ်ကနေ ပြောကြမယ်ဆိုရင် တရုတ်အမျိုးသားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ပြဿနာရပ်ကြီးကိုတောင် ချဉ်းနင်းစွက်ဖက်ဖို့ရန် ဧကန်မလွဲပါ''

ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ရဲအရာရှိက ပြောပါတယ်။ ''ဒါဟာ ကြောက်လန့်ဖွယ်ရာ၊ စကားအရာတွေနဲ့ ခြောက်လှန့် ရုံသက်သက် မဟုတ်ပါ။ ဒီလိုမျိုး အဆင့်မြင့်မြင့်နဲ့ ဖော်ပြပြီး သိမှတ်ဖို့ကို လို အပ်နေပါတယ်''။ ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေးစောင့်ကြပ် ကြည့်ရှုရေး အဖွဲ့အစည်းကြီးက ၂၀ဝ၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းမှာ တစ်နှစ်တာ အစီရင်ခံ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာကတော့ ကနေ့ ကမ္ဘာမှာ မူးယစ်ဆေးသုံးစွဲသူပေါင်း သန်း ၂၀ဝ ကျော်ရှိနေပါပြီ။ နှစ် စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းလုံးမှာ မူးယစ်ဆေးသုံးစွဲတာကြောင့် သေဆုံးတာက လူဦးရေ နှစ်သိန်းရှိပါတယ်။ ကျန်လူ အယောက်ဆယ်သန်းကလည်း သုံးစွဲရင်း ကနေ အသိဉာဏ်တွေ ချွတ်ယွင်းတိမ်းချော်တာတို့ အလုပ်လုပ်ကိုင်တဲ့ စွမ်းရည် တွေ ပျက်သုဉ်းကုန်တာတို့တွေ ဖြစ်ကုန်ကြပါပြီ။ ကနေ့ တရုတ်ပြည်မှာ မူးယစ် ဆေးဝါး ဝင်ရောက်စွက်ဖက် ခံနေရတဲ့ ခရိုင်တွေ (မြို့၊ ဒေသ) ဟာ ၂၀၈၄ ခု ရှိနေပါပြီ။ နိုင်ငံတဝှမ်းလုံး ခရိုင်တွေ (မြို့၊ ဒေသ) စုစုပေါင်းရဲ့ ၇၂"၇プ အချိုးကို ရောက်ရှိလို့နေပါပြီ။ နိုင်ငံတဝှမ်းလုံး မြို့ပြအများအပြားဟာ မူး ယစ်ဆေးဝါး ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ခေါင်းလည်း ခဲနေကြ ပါပြီ။ ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းတာဝန်တွေကို ဌာနအစိတ်အပိုင်းကနေပြီး လူ့ဘောင်လောက (ဘုံ) တစ်ခုလုံးရဲ့ လုပ်ငန်း ရပ်အဖြစ် ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ခေတ်သစ်ကာလတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းလုပ်ကြဖို့ကို တောင်းဆိုမှုအသစ် တစ်ရပ်အဖြစ် တင်ပြလိုက်ပါတယ်။

မူးယစ်ဆေးဖြတ်မှု လက်တွေ့လုပ်ဆောင်ချက် ကဏ္ဍကနေကြည့်ရင် ဆေးစွဲသူရဲ့ ဇီဝကိစ္စပိုင်းဆိုင်ရာ စွဲလမ်းစိတ်ကို ဖြေဖျောက်ဖယ်ရှားဖို့ဟာ မခက်ခဲလှပါဘူး။ မူးယစ်ဆေးဝါးပစ္စည်းတွေနဲ့ အတင်းပိုင်းခြားပစ်ဖို့ လုပ်ရမှာပဲ။ သာမန်အနေနဲ့က ဆယ်ရက်ဝန်းကျင်လောက်ဟာ ဇီဝဖြစ်စဉ်ချက်ရဲ့ မူးယစ်ဆေး စွဲမှုကို ဖယ်ရှားနိုင်ပြီဖြစ်တယ်။ ဒါပေမဲ့ ဆေးစွဲသူရဲ့ စိတ္တဗေဒပိုင်းဆိုင်ရာ စွဲ လမ်းကတော့ ဖယ်ရှားရအတော်လေး ခက်ခဲနေတုန်းပါပဲ။ ကနေ့ မျက်မှောက် ကာလမှာ ဆေးဖြတ်သူတွေ ဆေးကို တဖန်ပြန်လည်သုုံးစွဲတဲ့နှုန်းထားက ၈၀ プ အထက်မှာ ရှိနေပါတယ်။ ဘာကြောင့်ဆိုရင် ဆေးသုံးစွဲသူဟာ အဖော် အသင်းတစ်စုတဝေးနဲ့ သုံးစွဲခြင်းဆိုတဲ့ ထူးခြားတဲ့အချက် ရှိနေပါတယ်။ ဆေး စွဲသူဟာ ဆေးဖြတ်တဲ့ အဆောင်ဌာနကြီးထဲက ထွက်သွားပြီးတဲ့နောက်မှာ အမြဲလိုလိုပဲ သူ့ရဲ့မိသားစုနဲ့ လူ့လောကအသိုင်းအဝိုင်းမှာ အထင်အမြင်သေး တာတို့စတဲ့ ဖယ်ကျဉ်မှုတွေ ရှိနေပါတယ်။ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းမှာ အကျဉ်ခံရပြီး အထီးကျန်ရတာကြောင့် မိမိဝင်ဆံ့နိုင်တဲ့ မူလလောကထဲဆီ ခြေပြန်ချနင်းရလေတယ်။ ဒါကြောင့်လည်းပဲ အမြဲလိုလိုပဲ သူ့ရဲ့ မူလပေါင်း ဟောင်းသင်းဟောင်း မူးယစ်အသိုင်းအဝိုင်းဟောင်းထဲဆီပဲ ပြန်လည်စုစည်း နေကြပြန်တယ်။ ဒီလိုအနေအထားမျိုးမှာ မူးယစ်ဆေးကို တဖန်ပြန်လည်သုံးစွဲ တာဟာ ဘာမှမဆန်းတော့ပါဘူး။ စုံစမ်းလေ့လာချက်အရ အထင်အရှား အဖြေရလိုက်တာကတော့ မူးယစ်ဆေးဖြတ်မှု ခိုင်မာ ခိုင်ခံ့မှုနှုန်း ပြည့်ပြည့်ဝ၀ (ဒါမှမဟုတ်) များများစားစား ရရှိလိုက်တယ်ဆိုရင် အကြောင်းအချက် သုံး ချက်ရှိဖို့ရန် လိုအပ်နေပါတယ်။ (၁) ကာယကံရှင်ကိုယ်တိုင် ဇွဲသတ္တိရှိရမယ်၊ ယုံကြည်ချက် ခိုင်မာရမယ်၊ (၂) မိသားစုက ဆက်လက်ပြီး နွေးထွေးမှု ရှိရပါ မယ်။ (၃) အပြုသဘောဆောင်တဲ့ ထက်သန်တကြွ်ကတဲ့ ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှမရှိဘဲ အစိုးရက လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်းအားတွေ အမြောက်အမြား အကုန်ခံပြီး တပင်တပန်းနဲ့ မူးယစ် ဆေးဖြတ်နေလို့ကလည်း ကောင်းမြတ်တဲ့ လောကအသိုင်းအဝိုင်းနယ်မြေဒေသ မရှိလို့ကတော့ ရှေ့က ဘယ်လောက်ပဲ အစွမ်းကုန် ကြိုးပမ်း ကြိုးပမ်း၊ ဘယ် လောက်ပဲ အစွမ်းကုန် ကုန်ကျနေပါစေ၊ ဒါဟာ အိတ်ပေါက်နဲ့ ဖားကောက်တာပဲ ဖြစ်မယ်။

ဧပြီ ၁ ရက်နေ့။ သတင်းထောက်အဖွဲ့က ခွန်မင်းမြို့ ဖန်လုံဒေသ ကျင်းပိအသင်းအဖွဲ့နယ်မြေဆီကို ရောက်ရှိလာကြပါတယ်။ ၄င်းအသင်း နယ် မြေဒေသမှာ အိမ်ထောင်စုပေါင်း ၃၁၅၂ အိမ်ရှိပါတယ်။ ဆေးဝါးသုံးစွဲသူ ၂၁ ဦးရှိတယ်။ အခုအားလုံး ဆေးပြတ်သွားကြပါပြီ။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါး ကင်းစင်တဲ့ စံပြဒေသဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ၁၉၉၆ ခုနှစ်က အစပြုပြီး နိုင်ငံတော်က မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ကော်မတီနှင့် ကုလသမဂ္ဂ ဆိုင်ရာ အာရှတိုက် ပစိဖိတ်စီးပွားရေးအသင်း အမှုဆောင်အဖွဲ့တို့က ''မူးယစ် ဆေးလိုအပ်မှုကို လျှော့ချခြင်းနှင့် ှုံဠ ကြိုတင်ကာကွယ်တားဆီးရေး နိုင်ငံ အဆင့် လုပ်ငန်းရပ်'' စတင်လည်ပတ်ရေးကို ပူးပေါင်းဆောင်ရွက်မှု စလုပ်က တည်းက မူးယစ်ဆေးသုံးစွဲသူ အသစ်တစ်ယောက်တောင် စာရင်းသွင်းရလောက် အောင် ပေါ်ထွက်မလာချေ။ ၄င်းအသင်းအဖွဲ့နယ်မြေဒေသရဲ့ မူးယစ်ဆေးဖြတ် မှု စံနမူနာပြုပုံစံကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပါရဂူကြီး တွေက ကမ္ဘာ့ထိပ်တန်း မူးယစ်ဆေးဖြတ် စံပြနယ်မြေအဖြစ် ဂုဏ်ပြုချီးမွမ်းထား ပါတယ်။ ၄င်းဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းအတတ်ပညာရှင် ညွှန်ကြား ရေး ယူနန်ပြည်နယ် ဆေးဝါးစမ်းသပ်စစ်ဆေးရေးဌာနက မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်းရေး ပါရဂူကျဲန်လီမိန်က ထောက်ပြပါတယ်။ ''ကနေ့ မူးယစ်ဆေး ဖြတ်ရေးမှာ လူအတော်များများမှာ ထင်မြင်ယူဆချက် အမှားနှစ်ရပ် ရှိနေပါ တယ်။ (တစ်) က ဆေးဖြတ်ကုသဆောင် ဝင်လိုက်တာနဲ့ မူးယစ်ဆေးပြတ်ပြီးရယ် လို့ ထင်မှတ်မှားနေပါတယ်။ လက်တွေ့ဖြစ်ရပ်က မူးယစ်ဆေးဖြတ်တဲ့ အဆောင် ရောက်လာတာဟာ မူးယစ်ဆေးနဲ့ ခေတ္တပြတ်တောက်သွားတာပဲရှိတယ်။ ဘာ ကြောင့်ဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူဟာ ဆေးဖြတ်အဆောင်က ထွက်ခွာသွား လိုက်တာနဲ့ မူလကိုယ့်ရဲ့ အဝန်းအဝိုင်းထဲဆီ ပြန်ရောက်သွားရပါတယ်။ (နှစ်) က မူးယစ်ဆေး သုံးစွဲသူရယ်၊ သူ့မိသားစုရယ်၊ လောကမှာ ရှိရှိသမျှ လူတွေ အတော်များများက မူးယစ်ဆေးပြတ်ကို ပြတ်စေချင်တဲ့ ''နတ်ဆေး'' တစ်မျိုးကို ရှာဖွေနေကြပါတယ်။ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ အခြေခံအကျဆုံး အချက်က မူးယစ်ဆေးပစ္စည်းကို ဖြတ်ပစ်ဖို့သာရှိတယ်။ အချိုးအဆနဲ့ ပြောရရင် ၃ ချိုးက ကုသမှု။ ၇ ချိုးက အတွေးအခေါ်ပိုင်းဆိုင်ရာ အလုပ်ကို အားထား ရပါမယ်။ သေချာပေါက် စကားလို့ ပြောလို့ရနိုင်ပါတယ်။ ဆေးဝါးကုသမှုကို အားထားရုံနဲ့ မူးယစ်ဆေးစွဲမှု မပြတ်နိုင်ပါဆိုတာပါပဲ''

တရုတ်ပြည်က ''မူးယစ်ကင်းစင်ဇုံနယ်မြေ'' တည်ဆောက်ရေး အလုပ် ကို တရားဝင်စတင်ဆောင်ရွက်တာက ၁၉၉၉ သြဂုတ်လကပါ။ လုပ်ပုံ လုပ်နည်း က မြို့ပြကျေးရွာ အငယ်စားဇုံနယ်မြေ (မြို့ပြက ယေဘုယျအားဖြင့် လမ်းတွေ၊ ကျေးလက် တောရွာဆိုတာက ယေဘုယျအားဖြင့် ရွာကတွေ၊ မြို့ငယ်လေးတွေ) ကို ယူနစ်တစ်ရပ်အနေနဲ့ ဖွဲဲ့စည်းထားပါတယ်။ သူ့အပိုင်ယူနစ်အတိုင်း ထိန်း ချုပ်ကိုင်တွယ်ပါတယ်။ သုံးစွဲမှုတားဆီးရေး၊ ရောင်းချမှု တားဆီးရေး၊ စိုက်ပျိုး မှု တားဆီးရေး၊ မွမ်းမံထုတ်လုပ်မှု တားဆီးရေး လုပ်ငန်းပိုင်းအသီးသီးမှာ လုပ်ငန်းဆောင်တာ အချိုးအစားအလိုက် တာဝန်ခွဲခြားထားပါတယ်။ အဆင့် အလွှာပိုင်းတွေ ခွဲခြားထားပြီး ထင်ရှားပြတ်သားတဲ့ တာဝန်ပိုင်းဆိုင်ရာ ဦးတည် ချက်နှင့် လက်တွေ့ကျကျ ဆောင်ရွက်ချက်တို့ကို တင်ပြကြပါတယ်။ မူးယစ်ဆေး ဝါးတိုက်ဖျက်နှိမ်နင်းရေး ထိန်းချုပ်ကိုင်တွယ်မှု သဘာဝဖြစ်စဉ်နှင့် လုပ်ငန်း တာဝန်ယူလုပ်ကိုင်မှု စနစ်တွေနဲ့ စီရင်စုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားရေးကို တည်ဆောက်ကြပါတယ်။ အလွှာလွှာ၊ အဆင့်ဆင့် တာဝန်ယူ စာချုပ်စာတမ်း တွေ ချုပ်ဆို လက်မှတ်ရေးထိုးကြပါတယ်။ သတ်မှတ်ချိန်ရောက်တိုင်း စုံစမ်းစစ် ဆေးပြီး ဝေဖန်နှိုင်းယှဉ်မှုတွေ ဆောင်ရွက်ပါတယ်။ ''မူးယစ်ဆေးသုံးစွဲမှုကင်း ရေး၊ မူးယစ်ဆေး ပြုပြင်မွမ်းမံ ထုတ်လုပ်မှုကင်းရေး'' ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် ကို လက်တွေ့ကျကျ ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နောက်ဆုံးမှာ '' မူးယစ်ဆေး ကင်းမဲ့ဇုံ နယ်မြေ'' ကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့ပါတယ်။ ကနေ့ '' မူးယစ်ကင်းမဲ့ဇုံ နယ်မြေ'' တီထွင်ဆောက်လုပ်တဲ့လုပ် ငန်းက တရုတ်တစ်နိုင်ငံလုံးမှာ ချောချောမွေ့မွေ့ ဖြန့်ကျက်တီထွင်ဆောက်နေ တုန်း နေဆဲပါ။ အတော်များများ အစိတ်အပိုင်းတွေမှာ အောင်မြင်မှုရလာဒ်တွေ ကို ရရှိပြီးဖြစ်ပါတယ်။ တချို့နယ်မြေဒေသတွေမှာ မူးယစ်ဆေး သုံးစွဲသူတွေရဲ့ နှုန်းထားကျဆင်းနေတာဟာ အင်မတန်ကောင်းမြတ်လှတဲ့ အကျိုးရလာဒ်တွေ ပါပဲ။ ''မူးယစ်ဆေးကင်းမဲ့ဇုံနယ်မြေ''က အကြီးမားဆုံးဖြစ်တဲ့ တီထွင်ကြံဆဆောင် ရွက်ခြင်းက စမ်းတဝါးဝါးနှင့် တစ်မျိုးသားလုံး မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်း ရေးလမ်းကြောင်းသစ်တစ်ခုကို ဖောက်လုပ်နေပြီး ဖြစ်ပါတယ်။

လူငယ် ဗော်လံတီယာသမားတွေက ကျွန်တော်တို့နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လက်တွေ့ဆောင်ရွက်ချက်တွေမှာ အရည်အသွေး လျှမ်းလျှမ်းတောက် ထင်ရှားပေါ်လွင်လာတဲ့ အားကောင်းတဲ့ တပ်ဖွဲ့တစ်ဖွဲ့ပါ။ ၁၉၉၉ ခုနှစ်၊ သြဂုတ်လ။ နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ တာဝန်ခံ၊ ပြည်သူ့လုံခြုံရေးဌာနမှူး ကျာ့ချွန်းဝမ့်က နိုင်ငံလုံးဆိုင်ရာ မူးယစ်ဆေး ဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်း အစည်းအဝေးပွဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး ''ငါးခုတစ်'' ဝါဒ ဖြန့်ချိမှုလုပ်ငန်းစဉ် တစ်ရပ်ကို လုပ်ဆောင်ဖို့ တင်ပြပါတယ်။ အဲဒီအထဲက တစ်ချက်ကတော့ ''လူငယ်မူးယစ်ဆေးဝါး တိုက် ဖျက်နှိမ်နင်းရေး ဗော်လံတီယာတစ်စုကို လေ့ကျင့်မွေးထုတ်ပေးရေး'' ဖြစ်ပါ တယ်။

နှစ်နှစ်တာကာလအတွင်း ပီကင်း၊ ကျန်းစူး၊ ကွမ်စီး၊ ဟူပေအပြင် နိုင်ငံတဝှမ်းလုံးက တခြားအမြောက်အမြားနေရာတွေက မူးယစ်ဆေးဝါး တိုက် ဖျက်နှိမ်နင်းရေးဌာနတွေနှင့် ကွန်မြူနစ်လူငယ်အဖွဲ့အစည်းတွေ တရင်းတနှီး ပူးပေါင်းကြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လူငယ်ဗော်လံတီယာ လှုပ်ရှားမှုအချက်ဟာ စူးစမ်းရှာဖွေမှုကို ထက်ထက်သန်သန်၊ တက်တကြွ်ကြွက ဆောင်ရွက်ကြပါတယ်။ အဲဒီအခြေခံပေါ်ကနေ ၂၀ဝ၂ ခုနှစ် နှစ်ဆန်းပိုင်း၊ နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကော်မတီက ဆုံးဖြတ်လိုက် ပါတယ်။ ပထမနှစ်ဝက်ပိုင်းမှာ ပီကင်း၊ ကျန်းစူး၊ ကွမ်တုံး၊ ဟူပေ၊ ချုံကင်း (ချုံချင့်) အစရှိတဲ့ ပြည်နယ်မြို့တွေမှာ တစ်မြို့ကနေ နှစ်မြို့ကို ရွေးပြီး ဇုံနယ်မြေ အနည်းငယ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဗော်လံတီယာ စမ်း သပ်ဆောင်ရွက်မှုအချက်အဖြစ် ရွေးချယ်လိုက်ပါတယ်။ အတွေ့အကြုံတွေ ရရှိပြီးတဲ့နောက် ထပ်ဆင့်ပြီး တစ်နိုင်ငံလုံးဆီ ကျယ်ကျယ်ပြန့်ပြန့် တွန်းတင်လိုက် မှာ ဖြစ်ပါတယ်။

၂၆- ၆- ၂၀၀၂ (နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးနေ့)၊ ပီကင်းမှာ ကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဗော်လံတီယာ တပ်ဖွဲ့ချုပ်'' ကို ဖွဲ့စည်းတည်ထောင်တဲ့ ညီလာခံကြီးကို ကျင်းပပါတယ်။