ဧရာ(မန္တလေး) - မြင်တာ ၊ထင်တာ၊ ငါ နဲ့ ငါ့လောက

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၀
အတ္တ-လောက ပြဿနာကို spatial-temporal dimension နဲ့ 2D ဆွဲကြည့်လို့ ရနိုင်တယ်လို့ ရေးခဲ့တယ်။ ဒီပုံရဲ့ ဗဟိုချက်မှာ “စိတ်-စေတသိက်” ကို ထားပြီး ဆွဲခဲ့တယ်။
ဒီနေရာမှာ ပြောချင်တဲ့ spatial dimension က X-Y-Z ဆိုတဲ့ Cartesian dimension မဟုတ်ပါဘူး။ Cartesian Ontology မှာ X-Y-Z coordinates တွေနဲ့ ရည်ညွှန်းထားတဲ့ space ကို ‘လောက’ အဖြစ် သတ်မှတ်ပါတယ်။ (ကမ္ဘာ, နေ, လ, နက္ခတ်တာရာ, စကြာဝဠာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဩကာသလောကကြီးက Cartesian world ပါ)။
ဒီနေရာမှာပြောချင်တဲ့ spatial dimension က “လောကအဆုံးကို သွားခြင်းဖြင့် မရောက်နိုင်, မသိ, မမြင်နိုင်၊ လောကအဆုံးကို မရောက်ဘဲလည်း ဒုက္ခအဆုံးကို မပြုနိုင်ဘူး” လို့ သုတ္တန်ဒေသနာတွေမှာ ဟောထားတဲ့ ‘လောက’ ကို ဆိုလိုပါတယ်။ ဒီလောကမျိုးကို ခန္ဓလောက, အာယတနလောက, ဓာတုလောက ဆိုပြီး သုံးမျိုး ဟောလေ့ ရှိပါတယ်။
သိပ္ပံပညာရှင်တွေက ‘လောက’ ကို နားလည်ဖို့ အားထုတ်ရာမှာ ‘အရာခပ်သိမ်း’ ကို ခြုံမိငုံမိတဲ့ သီအိုရီ (Theory of Everything) တစ်ခုတည်းနဲ့ ပေါင်းစည်းဖို့ ကြိုးစားကြတယ်။ ဗုဒ္ဓဒေသနာမှာတော့ ‘လောက’ ကို လွန်မြောက်ဖို့ အားထုတ်ရာမှာ physical world ရှုထောင့်က မဟုတ်ဘဲ၊ existential world ရှုထောင့်ကနေ ချဉ်းကပ်တယ်၊ phenomenological approach လို့ ဆိုကောင်း ဆိုနိုင်တယ်။ experience ‘သိမှုအတွေ့အကြုံ’ ကို ဗဟိုပြုတဲ့ ချဉ်းကပ်နည်းပါပဲ။
ဒီနည်းအရ ချဉ်းကပ်တဲ့အခါမှာ ‘လောက’ (သို့မဟုတ်) ‘အရာခပ်သိမ်း’ ဆိုတာကို မျက်စိနဲ့ အဆင်း, နားနဲ့ အသံ, နှာခေါင်းနဲ့ အနံ့, လျှာနဲ့ အရသာ, ကိုယ်နဲ့ အထိအတွေ့, မနောနဲ့ သဘောတရား ဆိုတဲ့ #အာယတန ၁၂-ပါး အဖြစ်သတ်မှတ်ပါတယ်။ “အရာခပ်သိမ်း” ဆိုတာကို ဒါကလွဲပြီး တခြားအရာတွေနဲ့ သတ်မှတ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သဗ္ဗသုတ်မှာ ဟောထားပါတယ်။ လောက (သို့မဟုတ်) အရာခပ်သိမ်းကို အာယတန-၁၂ ပါးနဲ့ သတ်မှတ်တဲ့ အာယတနလောက, အာယတနသဗ္ဗ လို့ ခေါ်ပါတယ်။
‘လောက’ (သို့မဟုတ်) ‘အရာခပ်သိမ်း’ ကို စနစ်တကျ ခြုံငုံပြီး စုစည်းလိုက်ရင် အသိခံအာရုံ ၆-ပါး (ဗဟိရာယတန)နဲ့ ဒွါရ ၆-ပါး (အဇ္ဈတ္တိကာယတန)၊ ဒီ ၁၂-ပါးကို အခြေခံပြီး ဖြစ်ပေါ် ပေါက်ပွားနေတဲ့ သိမှုစိတ်အစဉ် (stream of consciousness) အဖြစ် တွေ့ရမှာ ဖြစ်တယ်။
ဘိက္ခုဉာဏမောဠိက ‘အဇ္ဈတ္တိကာယတန’ ဆိုတာက the organization of experience (the internal sense-base)၊ ‘ဗဟိရာယတန’ ဆိုတာက the experience as organized (the external sense bases) လို့ အနက်ဖွင့်ပြတယ်။
ဒါကို အဝိဇ္ဇာမျက်စိနဲ့ ကြည့်တဲ့အခါ ‘အဇ္ဈတ္တိကာယတန’ နဲ့ သိမှုစိတ်အစဉ်ကို ‘ငါ, ငါ့အတ္တ’ လို့ မြင်ပါလိမ့်မယ်။ ‘ဗဟိရာယတန’ ကိုတော့ “တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်း, မြက်ခင်းစိမ်းစိမ်းရဲ့ ရနံ့, ကြယ်တာရာတွေ, စိတ်ကို ပေါ့ပါးလပ်ဆတ်စေတဲ့ ညနေခင်း … စသဖြင့် စသဖြင့် ... ‘ငါ’ ဖြစ်တည်ရှင်သန်တဲ့ ‘လောက’ ကြီးလို့ မြင်ပါလိမ့်မယ်။ ငါ့မိသားစု, ငါ့အိမ်, ငါ့ဥစ္စာ, စသဖြင့် ... ငါနဲ့ ဆက်စပ်နေတဲ့ အရာတွေ ‘အတ္တနိယ’ လို့ မြင်ပါလိမ့်မယ်။
#philosophy
#Paṭṭhāna
စာညွှန်း
သံ.၄.၂၃၊ သဠာယတနဝဂ္ဂသံယုတ်၊ သဗ္ဗသုတ်
သံ.၄.၁၁၆၊ သဠာယတနဝဂ္ဂသံယုတ်၊ လောကဂမနသုတ်
သံ.၄.၆၈၊ သဠာယတနဝဂ္ဂသံယုတ်၊ သမိဒ္ဓိလောကပဉှာသုတ်
သံ.၁.၁၀၇၊ သဂ္ဂါထာဝဂ္ဂသံယုတ်၊ ရောဟိတဿသုတ်
Bhikkhu Ñāṇamoli, Thinker’s Notebook, Posthumous Papers of a Buddhist Monk.

သိမှုအတွေ့အကြုံ (experience) လို့ ပြောရင် ‘အာရုံသိမှု’ ဆိုတဲ့ စိတ်ကို ဗဟိုပြုရပါတယ်။ အာရုံသိမှု လို့ ဆိုတဲ့ အတွက် ‘အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, တွေးကြံစရာ သဘောတရား’ ဆိုတဲ့ စိတ်ရဲ့ အသိခံ အာရုံ ၆-ပါးက အခြေခံကျပါတယ်။ ထို့အတူ ဒီအာရုံတွေကို သိဖို့အတွက် ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, မနော ဆိုတဲ့ ဒွါရ ၆-ပါးကလည်း အခြေခံကျပါတယ်။ အာရုံနဲ့ ဒွါရတွေက အသိစိတ်တို့ ပေါက်ပွားရာ, ဖြစ်တည်ရာ, ပင်မရင်းမြစ် ဖြစ်ပါတယ်။ ဒါကို ပါဠိဝေါဟာရနဲ့ ‘အာယန’ လို့ ခေါ်ပါတယ်။ အာရုံ ၆-ပါးက ပြင်ပဖြစ်တည်ရာ (#ဗဟိရာယတန = အပြင်အာယတန) ဖြစ်ပြီး၊ ဒွါရ ၆-ပါးကတော့ အတွင်းတည်ရာ (#အဇ္ဈတ္တိကာယတန = အတွင်းအာယတန) တွေပါ။