Breaking News

ကိုသန်းလွင် - စပိန်နိုင်ငံရေး



ကိုသန်းလွင် - စပိန်နိုင်ငံရေး

(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၁

(၁)

ဒီဇင်ဘာလစောစောပိုင်းက စပိန်လက်နက်ကိုင်အဖွဲ့အစည်းကို ကိုယ်စားပြု၍ ၂၇၁ ယောက်သော အငြိမ်း စားလေတပ်အရာရှိများက ကြေညာချက်စာတမ်းတစ်စောင်ထုတ်ပြန်ခဲ့ကြပါသည်။ စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုခဲ့သည့် နှစ်ပတ်လည်နေ့ကိုရည်ညွှန်း၍ထုတ်ပြန်သောထိုစာစောင်တွင် စပိန်နိုင်ငံ၏လက်ဝဲယိမ်း ညွှန့်ပေါင်းအစိုးရကို ဝေဖန်ခဲ့ပါသည်။ စပိန်နိုင်ငံ၏ညီညွှတ်ရေးသည် ပျောက်ဆုံးလုနီးပါးဖြစ်နေပြီဟု ဆိုပါသည်။

ကြေညာစာတမ်းကို လူအများဖတ်ကြရသောအခါ အာဏာရှင် ဖရန်ကို (Gen Francisco Franco) သည် လူစားထိုး၍မရနိုင်သောခေါင်းဆောင် ဖြစ်ကြောင်းရေးသား ထားပါသည်။ လက်ဝဲယိမ်းခေါင်းဆောင်များနှင့်ပရိ သတ်ကို သေနက်ဖြင့်ပစ်သတ်သင့်ကြောင်း ဖော်ပြထားပါသည်။ အချို့အငြိမ်းစားယူထားသာအရာရှိများကစပိန် ဘုရင်ဖိလစ် ( Felipe VI) ထံသို့ ရေးသားရာတွင် ဝန်ကြီးချုပ်ဆန်းချက် ( Pedro Sanchez) ကိုဝေဖန်ရေးသား ကြပါသည်။

ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်ဦးစီးချုပ်ကကြေညာစာတမ်းပါ အချက်အလက်များသည် လက်ရှိစစ်တပ် ၏ အမြင်မဟုတ်ကြောင်းပြောကြသည်။ စစ်တပ်အနေဖြင့် နိုင်ငံရေးကို စွက်ဖက်စရာအကြောင်းမရှိ။ ၁၉၇၅ ခု နှစ် အထိ စပိန်နိုင်ငံသည် စစ်အာဏာရှင်အုပ်ချုပ်သောနိုင်ငံဖြစ်ခဲ့ပါသည်။

စပိန်သတင်းစာများတွင်မှု ကွန်ပြူတာ (Screen shot) များကိုဖော်ပြရာ၌စစ်တပ်တွင် တာဝန်ထမ်းဆောင် နေသူများကပါ ဖက်စစ်ဝါဒနှင့် ၄င်းဝါဒကို ကြိုဆိုကြောင်း မှတ်ချက်များရေးသား ပါဝင်ကြပါသည်။ ကာကွယ်ရေး ဝန်ကြီး ရိုဘဲလ် (Magarita Robles) က ထိုပုံများကြောင့်သူတို့ကို တရားဥပဒေအရအရေးယူရန်ဖြစ်နိုင်မဖြစ်နိုင် ကိုအစိုးရရှေ့နေများထံ မေးမြန်းထားသည်ဟုဆိုသည်။

(၂)

စပိန်လူမျိုးတို့သည် အစိုးရ၏အကာအကွယ်ပေးမှုအရဆုံး လူမျိုးများစာရင်းတွင်ပါဝင်ပါသည်။ နိုင်ငံရေး အရ လွတ်လပ်ခွင့်၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးအရကြည့်လျင်လည်း လွတ်လပ်မှု အရှိဆုံးလူမျိုး များဖြစ်ကြပါသည်။ လိင်တူချင်းလက်ထပ်ခွင့် (Same Sex Marriage)ကို ၂၀ဝ၅ ခုနှစ်တွင်အတည်ပြုခဲ့ပါသည်။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နှင့်အမေရိကန်မှာထက် အကြာကြီးစော၍ ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ အနောက်ဥရောပ တွင် ပြင်ပမှလာသည့်လူများကို အကြိုဆိုဆုံးနိုင်ငံကို ပြပါဆိုလျှင် စပိန်ကိုပင်ပြရမည်ဖြစ်ပါသည် သူတို့သည် ကမ္ဘာအရပ်ရပ်မှ မည်သူ့ကိုမဆိုကြိုဆို၍ ယခင်စပိန်ကိုလိုနီနိုင်ငံများ၊ လက်တင်အမေရိကား၊ အာရှ၊ မြောက်ပိုင်း အာဖရိကနှင့်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဥရောပနိုင်ငံများမှ စပိန်နိုင်ငံသို့ ခိုဝင်လာသူအများ အပြားရှိခဲ့ပါသည်။

စပိန်နိုင်ငံတွင် အခြားနိုင်ငံများကဲ့သို့ လူ့အခွင့်အရေးကိုထိခိုက်စေသောအကြောင်းအရာမှာ ကော်ပိုရေးရှင်း ကြီးများမှ လူချမ်းသာများ၏ ခြစားမှုအကြောင့်ပင်ဖြစ်ပါသည်။ လူထု၏ယုံကြည်မှုရခြင်းသည် ဒီမိုကရေစီဘီးကြီး လည်နိုင်အောင် ဆီထည့်ပေးသည်နှင့်တူပါသည်။ ထို့အတူ ပြည်သူတို့၏ယုံကြည်မှုကို ခြစားခြင်းလောက်ပျက်စီး စေသောအရာလည်း မရှိနိုင်ပါ။ လွန်ခဲ့သောနှစ်များတွင်နိုင်ငံကိုအုပ်ချုပ်၍မရနိုင်လောက်အောင် ယုံကြည်မှုပျက် ပြားပြီး အဖွဲ့အစည်း(Institution)ကြီးများ၏ ချို့ယွင်းမှုများမှာ နိုင်ငံငြိမ်ဝပ်ပိပြားစွာအုပ်ချုပ်ရေးကိုထိပါးစေခဲ့သည်  အခြားကိုလိုနီ ပါဝါများနည်းတူ စပိန်နိုင်ငံ၏ကိုလိုနီစနစ်မှာ ၁၈၉၈ ခုနှစ်တွင် စတင်ပြိုလဲခဲ့သည်။ အမေရိ ကန်တို့နှင့်စစ်ဖြစ်ရသည်နှင့်ဆက်နွယ်၍ နိုင်ငံရေးတွင်လည်း လာဒ်စားမှု အရာရှိများ၏ မဖွယ်မရာအပြုအမှုများ၊ ဆွေမျိုးကြီးဝါဒ၊ ကြီးမားသောလောဘဖိစီးကြပြီး ပျက်ဆီးယိုယွင်းနေသည်ကိုတွေ့ကြ ရပါသည်။

တိုင်းပြည်တွင်ပျက်စီးမှုများကိုမစ္စတာမတ် (Juan March) ဆိုသူ၏တိုင်းပြည်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ် ပုံတွင် တွေ့ရှိနိုင်ပါသည်။ သူသည်ဆေးလိပ်ကို မှောင်ခိုတင်သွင်းရာမှ တစတစ ချမ်းသာလာခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီးမဖြစ်မီကာလများက သူ၏လုပ်ငန်းကြီးကျယ်လာမှုမှာအစိုးရက အကောက်ခွန်ရငွေနည်းသွားသည် အထိသိသာလာခဲ့သည်။ သူ၏ကြွယ်ဝမှုဖြင့် ၁၉၃၆ ခုနှစ်တွင် ဂျင်နရယ်ဖရန်ကိုကအာဏာသိမ်းမှုကို အကူအညီ ပေးခဲ့သည်။

နောက်ဖြစ်ရပ်မှာ ၁၉၉၉ မှ ၂၀ဝ၅ အတွင်းဖြစ်ပွားခဲ့သော ဂါတယ် (Gurtel) ကိစ္စဟု လူသိရှင်ကြားဖြစ်ခဲ့ရ သည့်ကိစ္စဖြစ်ပါသည်။ ပေါ်ပြူလာဖြစ်သော ပါတီ (PP) မှ ပုဂ္ဂိုလ် ၂၉ ဦးကို ၂၀၁၈ ခုနှစ်တွင်အကျင့်ပျက်ခြစားမှု များ ဖြင့်တရားစွဲ ဆိုခဲ့သည်။ ပါတီ၏ဘဏ္ဍာရေးမှုးမှာ ပစ်မှုထင်ရှားသဖြင့်ထောင်ဒဏ် ၂၉ နှစ်ကျခံခဲ့ရသည်။ ဖြစ်ရပ်မှာ ဤမျှနှင့်ရပ်မသွားဘဲ ဝန်ကြီးချုပ် ရီဂျွိုင်း Mariano Rajoy မှာအမှုတွင်သက်သေ အဖြစ် ခေါ်ယူအစစ် အဆေးခံရသည်။ နောက်နှစ်တွင်အတိုက်အခံဘက်မှ အယုံအကြည်မရှိအဆိုကို ရှုံးနှိမ့်ခါ ရာထူးမှ နှုတ်ထွက်ခဲ့ ရသည်။

၁၉၇၆ ခုနှစ်တွင် စပိန်ဘုရင် ကားလော့ (Juan Carlos) မှာ နိုင်ငံ၏ဒီမိုကရေစီစနစ်၏ ဖခင်ကြီး ဖြစ်လာခဲ့ သည်။ သူသည်သေခါနီးဆဲဆဲ ဖြစ်နေသည့် ဂျင်နရယ်ဖရန်ကို ကိုကတိပေးပြီးမှ ကတိကဝက်ကိုဖောက်ဖျက်ခါ စပိန်နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်ဆွဲတင်နိုင်ခဲ့ပါသည်။ သူက ၁၉၈၁ ခုတွင်စစ်တပ်မှအာ ဏာသိမ်းသည်ကိုလည်း (Late Night Broadcast) ညပိုင်းတွင် ရေဒီယိုမှကြေညာခြင်းဖြင့် အခက်အခဲကိုကျော် လွှားနိုင်ခဲ့သည်။ ဘုရင်ပါဝင်လာမှုကြောင့်စစ်တပ်မှအာဏာသိမ်းပွဲမှာမအောင်မြင်ဘဲပြီးဆုံးခဲ့ရခြင်းဖြစ်ပါသည်။

သို့သော် စပိန်နိုင်ငံ၏ ဒီမိုကရေစီဖခင်ကြီးမှာ ၂၀၂၀ တွင်ဆော်ဒီအာရေးဗီးယား ကို ပေးသောကန်ထရိုက် မှဘဏ္ဍာငွေများကို မတရားယူခဲ့သည်ဆိုကာ နိုင်ငံမှထွက်ပြေးခဲ့ရသည်။ ၁၉၇၅ မှ ၁၉၈၂ခုနှစ်အထိ သူလုပ်ခဲ့ သောအလုပ်များအားလုံးမှာ အရာမထင်ဘဲတိုင်းပြည်၏ ဘဏ္ဍာငွေကိုမတရားသုံးစွဲသူအဖြစ်နာမည်ပျက်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ဂျင်နရယ်ဖရန်ကိုသည် သူ၏အိပ်ရာထဲမှာ အိပ်ရင်းအေးချမ်းငြိမ်းသက်စွာ ကွယ်လွန်ခဲ့ပါ သည်။ သူကွယ်လွန်ခါနီးတွင်မှတိုင်းပြည်ကို (technocrat) စက်မှုတက်ကျွမ်းသူတို့၏လက်ထဲသို့ထည့်ခဲ့သည် ဟုဆိုနိုင်ပါသည်။ စပိန်နိုင်ငံ၏အံ့ဘွယ် (Spanish Miracle) ဟုခေါ်သည့် (၁၉၆၃-၇၁) ခုနှစ်အတွင်း စပိန်နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းကို အမြင့်ဆုံးဖြစ်စေခဲ့ပါသည်။ ၁၉၇၅ခု ဖရန်ကိုကွယ်လွန်ချိန်တွင် စပိန်နိုင်ငံမှာ အလယ်အလတ်တန်းစားတို့ ချမ်းသာကြွယ်ဝမှုဖြင့် ကမ္ဘာတွင်မျက်နှာပန်းလှခဲ့ပါသည်။

ဆိုးရက် (Adolfo Sorez) ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်တွင် တိုင်းပြည်၏ (Per capital) ဝင်ငွေမှာ ၂ ဆ တိုးလာခဲ့ပါသည်။ ဆိုးရက်က လက်ရှိအာဏာရှင်ခေတ်ကရှိခဲ့သော အဖွဲ့အစည်း (Institution) ကြီးများ၏ အကူ အညီကိုယူခါ ဒီမိုကရေစီနိုင်ငံဖြစ်အောင်ပြောင်းလဲခဲ့ပါသည်။ ဤအဖြစ်အပျက်မျိုးမှာမည်သည့်နိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ် တွင်မှမဖြစ်ခဲ့ဘူးပါ။ ဝန်ကြီးချုပ်၏ဦးဆောင်မှုဖြင့် အာဏာရှင်ကိုကြောက်၍ အလုပ်လုပ်ခဲ့ကြရသောလူ များကပင် တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ဤကဲ့သို့အောင်မြင်မှုများရရှိချိန်တွင် ခြစားသောလူတန်းစားကိုလည်း နိမ်နှင်းခဲ့ရပါသည်။ ၂၀၁၇ ခုနှစ်တွင် ပေါ်ထွက်ခဲ့သော Politico ရီပို့အရ တိုင်းပြည်တွင် စီးပွားရေးတွင် ထိပ်တန်းရောက်နေသူများ၊ ဝန်ကြီးများ၊ မြို့ တော်ဝန်များ၊ မင်းသမီးခရစ္စတီးနားစသူတို့၏အကျင့်ပျက်မှုများကိုနိမ်နှင်းခဲ့ရပါသည်။ ၂၀၁၅ ဇူလိုင်လနှင့် ၂၀၁၆ အကုန်အတွင်း လူပေါင်း ၁၅၀ဝ ကျော်ကိုအမှုစွဲတင်ခဲ့ပြီး ၄င်းတို့မှ ၇၀% ကို အပြစ်ပေးနိုင်ခဲ့ကြပါသည်။

(၃)
တိုင်းပြည်တွင် နိုင်ငံရေးပါတီကြီး ၂ ခုရှိပြီး PP(Popular Party) နှင့် ဝန်ကြီးချုပ် ဆန်ချက်မှာ PSOE (Spanish Socialist Worker’s Party) ပါတီမှဖြစ်သည်။ ပါတီနှစ်ခုစလုံးမှာလွန်ခဲ့သော နှစ်များက ခြစားမှု များဖြင့်နာမည်ပျက်ခဲ့ရပါသည်။ တတိယပါတီဖြစ်သည့် Vox ပါတီမှာ၂၀၁၉ ခုနှစ်မှ ပါတီအဖြစ် စတင်ခဲ့ပြီး အမျိုးသားရေးဝါဒကို ရှေ့တန်းတင်၍ မဲတတိယအများဆုံးပါတီ ဖြစ်ပါ သည်။ ယုံကြည်မှုအရအဖွဲ့အ စည်း များကိုတန်းစီရာတွင်တက္ကသိုလ်များ၊ စစ်တပ်၊ မီဒီယာ၊ တရားသူကြီးများ၊ ရဲဌာန၊ ထရိတ်ယူနီယံ တို့ပြီးမှ နိုင်ငံရေးပါတီများလာပါသည်။

လေတပ် စစ်ဗိုလ်ချုပ်ဟောင်းများက ၂၆ သန်းကျော်မျှသောလူဦးရေ၏ ထက်ဝက်ကျော် (Sons of the Bitches) ကို ပစ်သတ်ရမည်ဟု ဆိုထားရာ ကြမ်းတမ်းလွန်းသည်။ သူ၏ အယူအဆမှာ စစ်တပ်မှ အာဏာသိမ်း ခြင်းဖြစ်ရာ ဥရောပတစ်တိုက်လုံးက လက်ခံနိုင်ဖွယ်ရာအကြောင်းမရှိပေ။ စပိန်စစ်တပ်မှာ ယခင်အာဏာသိမ်းမှု ကြောင့်တစ်ကြိမ်၊ ၁၉၈၁ ခုနှစ်တွင် စပိန်ကနေတိုးသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်စဉ်ကတစ်ကြိမ် သြဇာအာဏာကျ ဆင်းခဲ့ရပါသည်။ ၂၀၁၇ ကက်တလိုနီးယား ကခွဲထွက်ရန်ကြိုးစားချိန်တွင် စပိန်တို့သည် ညီညွတ်ဖို့လိုနေပြီ ဖြစ် ကြောင်းသိသာစေခဲ့ပါသည်။

ကိုသန်းလွင်
Ref: Foreign Affairs, January 2021.The Spanish Maricle By Omar Encarnacion