မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၅ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၂ဇန်နဝါရီ ၅ ရက် - ပြဿနာတွေကို တခုပြီးမှ တခုရှင်းမှာလား တပြိုင်နက်ထဲ ဖြေရှင်းမှာလား
မြန်မာပြည်အရေးက ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေတွေက အသင့်ဖြစ်နေပြီလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူ အခြေစိုက် နိုင်ငံရေးလေ့လာတဲ့ စင်တာ ISEAS-Yusof Ishak မှာပြောခဲ့ပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်က ဖြစ်နေပြီပဲလို့ ဆိုတဲ့စောဒက ရှိကောင်းရှိပါလိမ့်မယ်။ ဒီစောဒက တက်ခြင်းကလည်း မမှားယွင်းပါဘူး။ နှစ်ပေါင်း ၇၀ ကျော် နယ်စပ်ဒေသတွေမှာ ပြည်နယ်တွေမှာ လူမျိုးစုတွေနေထိုင်ကြတဲ့ တိုင်းဒေသကြီးအချို့ရဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံထဲမှာ စခန်းဖွင့်ပြီးနေထိုင်ကြရတာ နှစ် ၃၀ နီးပါးတောင် ရှိနေတာဖြစ်ပြီး ပြည်တွင်းမှာပဲ စစ်ဘေးရှောင်စခန်းလို့ နောက်ပိုင်းခေါ်ဝေါ် သုံးစွဲကြတဲ့ စခန်းတွေမှာ နေထိုင်ကြရသူတွေလည်း ဆယ်စုနှစ်ချီနေပြီမို့လို့ ပြည်တွင်းစစ်ဖြစ်ဖို့ အသင့်ဖြစ်ပြီဆိုတဲ့ မှတ်ချက်က ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုချက် ဘယ်လိုအခြေအနေမျိုးကို ရည်ညွှန်းပြောဆိုတာလဲ ဆိုတာမေးစရာ ရှိလာတာ ဖြစ်ပါတယ်။
နှစ် ၇၀ ကျော်ပြည်တွင်းစစ် ဖြစ်လာတာ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ ရည်ညွှန်းပြောဆိုကြတာလည်း အမှန်ပါ။ အခုတကြိမ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ရည်ညွှန်းတဲ့ ပြည်တွင်းစစ်ဆိုတာက ၁၉၆၀တွေကနေ ၂၀၁၀ ခုနှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ စတဲ့လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်တာမျိုးထက် ပိုမိုကျယ်ပြန့်ပြီး ကျေးလက်တွေသာမကပဲ မြို့ကြီးတွေမှာပါ ပြည်တွင်းစစ်မီးကူးစက်တောက်လောင် လာမယ့် အနေအထားမျိုး၊ တရားဥပဒေစိုးမိုးရေး လုံးဝ ပျက်ပြားတာမျိုး၊ စီးပွားရေးလုပ်ဆောင်မှုတွေ ရပ်ဆိုင်းလုနီးဖြစ်သွားတာမျိုး၊ အုပ်ချုပ်ရေးလုံးဝ ရပ်ဆိုင်းသွားတာမျိုး၊ လူဦးရေသိန်းဂဏန်းမကပဲ သန်းနဲ့ချီ တိမ်းရှောင်ရတာမျိုး စစ်ပြေးရတာမျိုး အခြေအနေကို ဆိုလိုတာလို့ နားလည်ရပါတယ်။
အခုအခြေအနေနဲ့ နှိုင်းယှဥ်စရာဆိုလို့ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ကာလမျိုးနဲ့ နှိုင်းယှဥ်ရမယ့်သဘောလို့ ထင်ပါတယ်။ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌတာဝန်ယူထားတဲ့ နိုင်ငံရဲ့ ဝန်ကြီးက လက်ရှိမြန်မာနိုင်ငံမှာ အစိုးရ ၂ ရပ်ရှိနေပြီး လက်နက်ကိုင် တပ်တွေက ဒါဇင်နဲ့ သို့မဟုတ် ရာနဲ့ချီရှိလာနေတဲ့ အချက်အလက်တွေ အပေါ်အခြေခံကာ ဒီမှတ်ချက်ကို ပြောဆိုခဲ့တာလို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
ဒီနေရာမှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာက အခုချက်ခြင်းဖြေရှင်းဖို့ နိုင်ငံရေးအင်အားစုတွေက လက်နက်ကိုင်တပ်တွေနဲ့ တဖက်အဖွဲ့အစည်းကို အာဏာစွန့်လွှတ်ဖို့ တိုက်ခိုက် ဖိအားပေးနေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တိုင်း အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြပေမယ့် အချို့ကတော့ အန်အယ်လ်ဒီပါတီခေါင်းဆောင် အများစုပါတဲ့ အစိုးရနဲ့ အကြားနားလည်မှု၊ အနာဂတ်နိုင်ငံပုံဖေါ်မယ့် အခြေခံမူ စတဲ့အပိုင်းတွေမှာ သဘောထား အမြင်ကွဲလွဲမှုတွေ အပေါ်အခြေခံပြီး လက်တွဲတိုက်ခိုက်မယ့် ဆုံးဖြတ်ချက်မျိုးမချကြတဲ့ သဘောမျိုး တွေ့မြင်ရပါတယ်။
ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ရခိုင်လက်နက်ကိုင် အဖွဲ့၊ ပအို့ဝ်လက်နက်ကိုင် စတဲ့ အင်အားရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အန်ယူဂျီ နဲ့ လက်တွဲတိုက်ခိုက်မယ့် လမ်းကြောင်းမျိုး ရွေးချယ်ခြင်းမပြုကြတာတွေ့ရမှာပါ။
တိုင်းရင်းသားလူမျိုးစုတွေ လိုလားတဲ့ ဖက်ဒရယ် နိုင်ငံရေးပန်းတိုင်နဲ့ ဒီအပေါ် အခြေခံတဲ့ ပြဿနာဟာ အန်အယ်လ်ဒီမပေါ်ခင်ကတည်းက စစ်တပ်၊ အာဏာရ နိုင်ငံရေးပါတီ သို့မဟုတ် စစ်တပ်က ထောက်ခံထူထောင်ထားတဲ့ ပါတီလိုအဖွဲ့အစည်းတွေနဲ့ အကြား၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အကြား တည်ရှိခဲ့တာ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ရဲ့ သက်တမ်း ၁၀နှစ်ကျော်အကြာမှာ ဖက်ဒရယ်အရေးကို စတင်ဆွေးနွေးပြောဆိုလာစဥ်ကစလို့ အဲဒီအချိန်က ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုကာ ပြည်ထောင်စုမပြိုကွဲရေးလို့ အကြောင်းပြပြီး စစ်တပ်ခေါင်းဆောင်တွေက နိုင်ငံရေးသမားတွေကို အစိုးရနေရာက ဖယ်ရှားပြီး စစ်တပ်က အုပ်ချုပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပြဿနာတွေ ဖြေရှင်းရမယ့် နိုင်ငံရေးအကြောင်းကိစ္စတွေဟာ ဒီနေ့အထိရှိနေဆဲဖြစ်ပြီး ဒီနိုင်ငံရေး အကြောင်းကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြား အားကောင်းတဲ့ စုစည်းမှု တခုဖြစ်လာမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို အရင်ဖြုတ်ချ၊ တန်းတူရေး စစ်မှန်တဲ့ ဖက်ဒရယ်က အဲဒီနောက်ပြေလည်သွားလိမ့်မယ်ဆိုတဲ့ ယုတ္တိဗေဒ ကောက်ချက် အယူအဆဟာ လက်တွေ့မကျဘူးဆိုရမှာ ဖြစ်ပါတယ်။ အခုလို အင်အားစုစည်းဖို့ လိုအပ်ဆုံးအနေအထားမှာ နိုင်ငံရေးမကြေလည်မှုတွေ အမြင်မတူမှုတွေကို အားလုံး ဖြေရှင်းထားနိုင်မှသာ တဖက်စစ်အာဏာရှင်အင်အားစုကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးမှာ အခြေခံကျတဲ့ အယူအဆ၊ အနာဂတ်ပုံဖေါ်မှု ရည်မှန်းချက်စတဲ့ ပြဿနာတွေကို အခုလို အင်အားစုစည်းချိန် တိုက်ပွဲမဖေါ်ခင်မှာကတည်းက သဘောထား တူညီအောင်ညှိနှိုင်းဖို့၊ နားလည်မှု၊ ယုံကြည်မှုနဲ့ အာမခံမှုတွေကနေ သဘောတူညီမှုထိ ရရှိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံကို ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ထဲ ဆွဲခေါ်သွားမယ် မသွားဘူးဆိုတာကတော့ တဖက် စစ်အာဏာရှင်တွေရဲ့ နိုင်ငံအပေါ် ဘယ်လောက် အလေးထားသလဲ လူအများရဲ့ အကျိုးစီးပွားကိုထက် သူတို့အုပ်စုရဲ့ အကျိုးစီးပွားကိုပဲ ဦးထိပ်ထားသလား ဆိုတဲ့အချက်တွေအပေါ်မှာ မူတည်နေမှာလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar