Breaking News

အောင်သူငြိမ်း - ငွေဖောင်းပွမှုအပေါ် နားလည်ဖို့ ကြိုးစားကြည့်ခြင်း

အောင်သူငြိမ်း - ငွေဖောင်းပွမှုအပေါ် နားလည်ဖို့ ကြိုးစားကြည့်ခြင်း 
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၂

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇွန် ၁၅) က အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် (FED) ကနေ ငွေတိုးနှုန်း (Fed fund rate) ကို နှစ်ပေါင်း ၃၀ အတွင်း အမြင့်မားဆုံး ၇၅% bp (basic point) မြှင့်လိုက်ပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်ကနေကြည့်ရင် အမြင့်မားဆုံး တိုးလိုက်တဲ့ အတိုးနှုန်းပါ။ 

FED ရဲ့ မူဝါဒချမှတ်ရာ လွတ်လပ်စွာ ဈေးကွက်သတ်မှတ်ရေး ကော်မီတီ (Open Market Committee) က အတည်ပြု ပြောတာကတော့ အခုလိုလုပ်ဆောင်တာ ငွေကြေးဖောင်းပွမှုကို ၂% သတ်မှတ်ထားတဲ့အတိုင်း ပြန်ကျလာအောင် လုပ်ဆောင်တာ လို့ ပြောပါတယ်။ ကော်မီတီ အဖွဲ့ဝင်တွေက ပြောကြတာကတော့ အခုနှစ်ကုန်မှာ Fed fund rate ဟာ မတ်လက ခန့်မှန်း ထားတဲ့ ၁.၉၉၆ (median quarterly forecast) ကနေ ၃.၄၉၆ ကို မြင့်သွားမှာ ဖြစ်ပါတယ်။ ဒီလိုတိုးလိုက်တဲ့အတွက် GDP တိုးတက်မှုနှုန်းကတော့ အရင်ခန့်မှန်းထားတဲ့ ၂.၈၉၆% ကနေ ၁.၇၉၆% ကို နှေးကွေးသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ကလည်း ထိုင်းဗဟိုဘဏ်က ငွေဖောင်းပွမှုကို တားနိုင်ဖို့ ငွေတိုးနှုန်းကို မြှင့်ဖို့ များပါတယ်။ ထိုင်းဗဟိုဘဏ် ဘဏ္ဍာရေးမူဝါဒ ကော်မီတီအစည်းအဝေးက ဩဂုတ် ၁၀ ရက်မှာဖြစ်လာရင် ၂၅ bp တိုးနိုင်တယ်။ နောက်ထပ် စက်တင်ဘာ ၂၈ နဲ့ နိုဝင်ဘာ ၃၀ အစည်းအဝေးတွေမှာလည်း နောက်ထပ် ၂၅ bp ထပ်ပြီး တိုးနိုင်တယ်။ စုစုပေါင်း ၇၅ bp ဖြစ်လာပြီး ထိုင်း နိုင်ငံရဲ့ ငွေတိုးနှုန်း Policy Interest Rate (1-Day Repo Rate) က ၁.၂၅% ဖြစ်လာလိမ့်မယ်လို့ ထိုင်းနိုင်ငံက သီးခြားလွတ် လပ်တဲ့ စီးပွားရေး ပညာရှင် ချတ်ချိုင်း ပါရာဆုက်က ရေးထားပါတယ်။ ဒီလိုလုပ်ရင် မေးစရာရှိတာက ထိုင်းနိုင်ငံရဲ့ ငွေဖောင်း ပွမှုနှုန်း ၇.၁% ကို ဟန့်တားနိုင်မှာလား၊ နိုင်ငံခြားမှာ အတိုးမြင့်လို့ ပြောင်းရွှေ့ထွက်သွားမယ့် ရန်ပုံငွေ (capital flight) ကို တားဆီးနိုင်မလား.. စတာတွေ ရှိပါတယ်။ 

ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် ချတ်ချိုင်း ပါရာဆုက်က မေးခွန်း ၃ ခုကို ရှင်းပြဖြေပေးဖို့ ကြိုးစားပါ တယ်။ ပထမတခုကတော့ ငွေတိုးနှုန်း (interest rate) မြှင့်လိုက်တာဟာ ငွေဖောင်းပွမှုကို လျှော့ကျစေမှာလား။ ဒုတိယတခု က ငွေကြေးဖောင်းပွမှု လျှော့ချဖို့ဆိုရင် ငွေတိုးနှုန်း (interest rate) ကို ဘယ်လောက် အတိုင်းအတာအထိ မြှင့်တင်ရမှာလဲ။ တတိယ အချက်ကတော့ ငွေတိုးနှုန်းမြှင့်လိုက်တဲ့အတွက် စီးပွားရေး နောက်ဆက်တွဲ အကျိုးဆက် ဘယ်လိုရှိမှာလဲ စတာတွေ ဖြစ်ပါတယ်။ 

ငွေတိုးနှုန်း (interest rate) မြှင့်လိုက်တာဟာ ငွေဖောင်းပွမှုကို လျှော့ကျစေမှာလား။ 

လူအများစု ယုံကြည်ကြတာကတော့ လူတွေ ငွေတိုးနှုန်းမြှင့်လိုက်ရင် လူတွေက အသုံးလျှော့ချမယ်၊ ငွေတိုးနှုန်းများလာတဲ့ အတွက်ကြောင့် လူတွေက သုံးတာထက်စာရင်၊ စုရင် ပိုကောင်းတယ် ယူဆကြမယ်လို့ မြင်ပါတယ်။ လူတွေ စားသုံးမှုကျဆင်း သွားတဲ့ အတွက်ကြောင့်လည်း ကုန်ဈေးနှုန်းတွေက ကျဆင်းလာနိုင်ပါတယ်။ ဖြစ်ရင်တော့ ကောင်းတာပေါ့။ တကယ့် လက်တွေ့ဘဝမှာတော့ ငွေတိုးနှုန်း မြှင့်တင်လိုက်တဲ့အပေါ် နေ့စဉ် စားသုံးမှုက သိပ်ပြီး တုံ့ပြန်မှု မရှိလှပါဘူး။ 

ငွေတိုးနှုန်း မြှင့်တင်လိုက်တဲ့အခါ စီးပွားရေးထဲ လှည့်လည်နေတဲ့ ငွေကြေး (ငွေဖော်နိုင်မှု liquidity) ကို ပြန်သိမ်းလိုက်ဖို့၊ ပြန် စုတ်ယူလိုက်ဖို့ ကြိုးစားတာပါပဲ။ သုံးစရာ ငွေကြေးနည်းလာတဲ့အတွက်ကြောင့်၊ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက ကျဆင်းလာပါ တယ်။ ဥပမာ-တခု စဉ်းစားကြည့်ကြပါစို့ဆိုပြီး ချတ်ချိုင်း ပါရာဆုက်က ရှင်းပြပါတယ်။ စီးပွားရေးစနစ်ထဲမှာ ကြက်ဉ ၁၀ လုံး ဝယ်ဖို့ ငွေ ၁၀၀ ကျပ် ရှိနေတယ်ဆိုပါစို့။ ကြက်ဉတလုံးက ၁၀ ကျပ် ကျသင့်ပါတယ်။ အကယ်၍ ငွေလှည့်လည်မှု (money supply) က ၁၀၀ ကနေ ၉၀ ကျသွားတယ် ဆိုပါစို့။ ကြက်ဉတလုံးက ၉ ကျပ်ပဲ ကျသင့်ပါတော့မယ်။ ငွေကြေးထောက်ပံ့မှု နိမ့်ကျနေခြင်းက အစဉ်အမြဲဆိုသလို ငွေကြေးဖောင်းပွမှုကို လျှော့နည်း ကျဆင်းစေပါတယ်။ ငွေကြေးထောက်ပံ့မှုကို ညှစ်ချ လိုက်တဲ့အခါ (သဘောက ဗဟိုဘဏ်က ငွေတိုးနှုန်းကို မြှင့်လိုက်တဲ့အခါ) စီးပွားရေးလုပ်တဲ့ ဘဏ်တွေက သူတို့ငွေတွေကို အကျိုးအမြတ် ပိုများစေဖို့ ဗဟိုဘဏ်ကို ပြန်ရွှေ့ကြပါတယ်။ ဒါလည်း ရှုပ်ထွေးနေတုန်းပဲလား။ မစ္စတာ ချတ်ချိုင်းပြောတာ ကတော့ စီးပွားရေးပညာရှင် အများစုကလည်း ဘယ်လိုဖြစ်ပျက်တယ်ဆိုတာ သိပ်နားမလည်ကြပါဘူးတဲ့။

ဒုတိယမေးခွန်းက ငွေကြေးဖောင်းပွမှု လျှော့ချဖို့ဆိုရင် ငွေတိုးနှုန်း (interest rate) ကို ဘယ်လောက် အတိုင်းအတာအထိ မြှင့် တင်ရမှာလဲ ဆိုတာပါ။ ဒါက လွယ်ပါတယ်တဲ့။ စီးပွားရေး သီအိုရီတွေက ဘယ်လိုတွက်ချက်ရမယ်ဆိုတာ ပြထားပါတယ်။ ငွေ ထောက်ပံ့မှု (money supply) ၁% လျှော့ချရင်၊ ငွေကြေး ဖောင်းပွမှု ၁% လျှော့ကျပါတယ်။ ဥပမာအားဖြင့် ထိုင်းဗဟိုဘဏ်က အခုနှစ် နှစ်စဉ်ငွေကြေးဖောင်းပွမှုကို ပစ်မှတ်ထားတဲ့အတိုင်း ၆.၂% ကနေ လူတွေ လက်ခံနိုင်ဖွယ်ရှိတဲ့ ၃.၂% ကို လျှော့ချချင် တယ်ဆိုရင်၊ ငွေကြေးထောက်ပံ့မှု (money supply) ကို အနည်းဆုံး ၃% သို့မဟုတ် ထိုင်းနိုင်ငံမှာ တွက်ချက်ထားမှုအရဆိုရင်  ၇၃၈ ဘီလီယံဘတ် လျှော့ချဖို့ပါပဲ။ 

ဒါနဲ့ ဒုတိယမေးခွန်းက အတိုးနှုန်းမြှင့်တာကို မေးထားတာပါ၊ ငွေကြေးထောက်ပံ့မှု လျှော့ချတဲ့ကိစ္စ (money supply) ကို မေးထားတာ မဟုတ်ပါဘူး။ 

အမှန်ပါပဲ။ ဆက်ဖြေရမှာကတော့ ရချင်တဲ့ ငွေကြေးထောက်ပံ့မှု (money supply) အတိုင်းအဆကို လျှော့ချနိုင်ဖို့ ဘယ် လောက်အထိ ငွေတိုးနှုန်း (interest rate) မြှင့်ရမှာပါလဲ။ အဖြေကတော့ “ဘယ်သူကမှ မသိပါဘူး”။ လုပ်ရင်း စမ်းရင်းသွား ကြရတာပါ။ ဒါကြောင့်မို့ ဗဟိုဘဏ်တွေက သူတို့လိုချင်တဲ့ သက်ရောက်မှု ရလဒ်ရောက်တဲ့အထိ ငွေတိုးနှုန်းကို မြှင့်ပြီးရင်းမြှင့် စမ်းပြီး လုပ်နေကြရတာပါ။ ဒါပေမယ့် စီးပွားရေး သီအိုရီတွေက အချို့သဲလွန်စ ယူစရာလေးတွေတော့ ရှိပါတယ်။ နောက်ဆုံး ငွေတိုးနှုန်းက (final interest rate) က ဖြစ်စေချင်တဲ့ ငွေကြေးဖောင်းပွမှုထက်ကို ၂% ပို သင့်ပါတယ်။ ဒီဥပမာအရဆိုရင် နောက်ဆုံး အတိုးနှုန်း (final interest rate) က ထိုင်းမှာဆိုရင် ၅.၂% ဖြစ်သင့်ပါတယ်။ အစောက ဖော်ပြထားသလို ငွေတိုး နှုန်း Policy Interest Rate (1-Day Repo Rate) ၁.၂၅% က ပျော့လွန်းနေပါတယ်။  

စီးပွား ပညာရှင် ချတ်ချိုင်း ပါရာဆုက် အမြင်မှာတော့ ထိုင်းပြည်တွင်း ငွေတိုးနှုန်းက ယူအက်စ်ငွေတိုးနှုန်း နဲ့ အတိုင်အဖောက် ညီညီ ချိတ်ဆက်နေသင့်ပါတယ်။ ထိုင်းစီးပွားရေးက ပွင့်လင်းနေတဲ့အခါ၊ ယူအက်စ်က ထိုင်းထက်ကို အတိုးနှုန်းမြင့်နေရင် ငွေ ကြေးအရင်းအနှီး စီးထွက်မှု (capital outflows) တွေ ဖြစ်နိုင်ပါတယ်။ ထိုင်းဘတ်ငွေ ဈေးကျတာတွေ ဖြစ်နိုင်ပါတယ်။ မြန်မာ စီးပွား ရေးက ဒီလောက် မပွင့်လင်းတော့ မပြောတတ်ပါဘူး။ လန်ဒန်အခြေစိုက် Economic Intelligence Unit ရဲ့ ၂၀၂၂ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေတိုးနှုန်း policy rate ကို လက်ရှိ ၇% ကနေ ၉% အထိ တတိယ ၃ လပတ်မှာ တက်မယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။ Policy rate က ၂၀၂၃ ခုနှစ်အထိ ဒီအတိုင်းပဲ ဆက်သွား မယ်လို့လည်း သူတို့ EIU က ခန့်မှန်းပါတယ်။ (ဒါပေမယ့် လက်ရှိမှာ ဗဟိုဘဏ်က လှုပ်တာ မကြားရသေးပါဘူး။)  

တတိယမေးခွန်းက ဒါဆိုရင် အကျိုးဆက်တွေက ဘယ်လို ရှိမှာပါလဲ။ ဖြစ်တန်ခြေ scenarios ၂ ခု ရှိပါတယ်။ ဖြစ်တန်ခြေ- အေ Scenario A က ထိုင်းနိုင်ငံရဲ့ အခုနှစ်ကုန်ရင် Repo rate 75bp ကနေ 1.25% အထိ တက်လာနိုင်ပါတယ်။ ဒုတိယ ဖြစ်တန်ခြေ ဘီ Scenario B ကတော့ အဲဒီ သတ်မှတ်ထားချိန် နှစ်ကုန်မှာ Repo rate ကို သီအိုရီအတိုင်း ၅.၂ % တက်လာဖို့ ရှိပါတယ်။ 

ဖြစ်တန်ခြေ-အေ Scenario A အရဆိုရင်၊ ပြင်ပကို အရင်းနှီးတွေ စီးထွက်ဖို့ မရှိဘူးလို့ ယူဆထားရင် ထိုင်းငွေကြေးဖောင်းပွမှု က ဇွန်ကနေ ဒီဇင်ဘာအထိ ၇% အတိုင်း ဆက်မြင့်နေဦးမှာပါ။ ငွေကြေးဖောင်းပွမှု ဆက်မြင့်နေရင် ထိုင်းလူမျိုးတွေရဲ့ တကယ် ဝယ်နိုင်တဲ့စွမ်းအားကို ကျဆင်းစေပါမယ်။ ဝယ်နိုင်အားကျလို့ ကျန်တဲ့ ကာလတွေမှာ ထိုင်းစီးပွားရေး ၀.၈% ကျုံ့သွားနိုင်ပါတယ်။ ဒါမျိုးကို ဖွံ့ဖြိုးမှုတန့်နေ- ငွေကြေးဖောင်းပွမှုရှိနေ (Stagflation) အခြေအနေလို့ ခေါ်ကြပါတယ်။ ဒါက အနိမ့်ဆုံး ဖြစ်နိုင်တာပါ။ တကယ်ခြိမ်းခြောက်မှုက ပြင်ပကို အရင်းနှီးတွေ စီးထွက်နိုင်တဲ့ အခြေအနေ (capital outflow) ပါ။ 

ထိုင်းအစိုးရရဲ့ ၅ နှစ်စာ ငွေတိုက်စာချုပ် (bonds) တွေ ဝယ်ထားရင် ပြန်ရနိုင်တဲ့ ငွေတိုးနှုန်းက ၂.၇၂% ပဲ ရှိပါတယ်။ ဟိုမှာ ငွေတိုးနှုန်း တင်ထားတဲ့အတွက်ကြောင့်၊ အကယ်၍ ယူအက်စ်မှာ ဘွန်းဝယ်ထားရင် ၃.၆၁% ပြန်ရမှာပါ။ ဒါကြောင့် ယူအက်စ် FED က ငွေတိုးနှုန်းကို ထပ်ပြီးထပ်ပြီး မြန်မြန် မြှင့်နေလို့ရှိရင်၊ ထိုင်းငွေတိုးနှုန်းနဲ့ ကွာဟလာတော့မှာပါ။ အကယ်၍ ထိုင်း ထက်ကို အတိုးနှုန်းပိုရနိုင်မယ့် နေရာတွေကို အရင်းအနှီးတွေ ၁ ထရီလီယံဘတ်လောက် စီးထွက်သွားတယ်ဆိုရင် ထိုင်းက ငွေထောက်ပံ့မှု (liquidity) ကျသွားမယ်။ ဒီအခါ GDP က ၄.၀၆% ကို ကျုံ့သွားမယ်လို့ ချတ်ချိုင်းပါရာဆုက်က တွက်ပြပါတယ်။ 

တကယ်လို့ ဖြစ်နိုင်ခြေ-ဘီ Scenario B မှာ တွက်ပြထားသလို ငွေတိုးနှုန်းက ၅.၂% တက်ပလိုက်မယ်ဆိုရင်လည်း ကြောက် စရာပါပဲ။ ဒါပေမယ့် ရလဒ်ပိုကောင်းနိုင်မယ်လို့ ချတ်ချိုင်းက ယူဆပါတယ်။ အဲသလို လုပ်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုကို ၃% ကနေ ၃.၂% အထိ လျှော့ချပေးနိုင်မယ်။ ပိုကောင်းတာက ငွေရင်းနှီးတွေ စီးထွက်ဖို့ မရှိနိုင်ဘူးလို့ ယူဆပါတယ်။ ပြည်တွင်း ငွေစီးဆင်းမှုက ဒီအတိုင်း ရှိနေမှာပါ။ ငွေတိုးနှုန်း interest rate မြှင့်လိုက်တဲ့အတွက်ကြောင့် GDP ဖွံ့ဖြိုးမှုကို (-) ၁.၆၈% အထိ ကျုံ့သွားနိုင်ပါတယ်။ ချတ်ချိုင်းကတော့ ဒုတိယအခြေအနေကို ပိုထောက်ခံပါတယ်။ 

ဒါပေမယ့် သူထင်တာကတော့ ထိုင်းအစိုးရရဲ့ ဖိအားတွေကြောင့် ထိုင်းဗဟိုဘဏ်က ဖြစ်တန်ခြေ-အေ Scenario A ကိုပဲ ရွေးချယ်လိမ့်မယ်လို့ သူထင်နေတာပါပဲ။ 

နားလည်ကြလားတော့ မသိဘူး။ မြန်မာပြည်စီးပွားရေးကတော့ အဲသလို ရှင်းပြနိုင်ဖို့ ပိုခက်ခဲနိုင်ပါတယ်။ 

Resource: 
AFP. (June 16, 2022). US Fed announces biggest interest rate hike since 1994. Bangkok Post. 
EIU. (May 9, 2022). Country Report: Myanmar. 
Parasuk, Chartchai. . (June 16, 2022). How far should interest rate hikes go?. Bangkok Post.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar