Breaking News

ကိုသန်းလွင် - အိုမင်းရင့်ရော်ခြင်း


ကိုသန်းလွင် - အိုမင်းရင့်ရော်ခြင်း

(မိုးမခ) ဇူလိုင် ၁၇ ၊ ၂၀၂၃


( ၁ )

အော်စကာဝိုင်းသည် ၁၈၉၇ ခုနှစ်တွင် လိင်တူချင်း မဖွယ်မရာလုပ်မှုဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်မျှ အပြစ်ပေးခြင်းခံခဲ့ရသည်။ ထိုနှစ်နှစ်က ဝိုင်း ကို ပြုပြင်ပေးလိုက်ပုံကို ထောင်မှထွက်လာသည့်အခါ မြင်သူတိုင်းက အံ့အားသင့်ခဲ့ကြပါသည်။ အိုင်းရစ်စာရေးဆရာသည် မမျှော်မှန်းနိုင်လောက်အောင် ပြောင်းလဲသွားသည့်အပြင် လူလည်းလွန်စွာများစွာ အိုမင်းရင့်ရော်သွားခဲ့ပါသည်။ ဗြိတိန်ရှိ မိဘဆွေမျိုးများက ဝိုင်းပယ်ခြင်းကို ခံရအပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ ၄၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရပါသည်။ လူတစ်ယောက်၏ သက်တမ်းတစ်ခုအတွင်း မမျှော်လင့်ဘဲ အပြောင်းအလဲများ ဖြစ်နိုင်ကြပါသည်။

( ၂ )

၁၈ ရာစုနှစ်အကုန်ပြင်သစ် တော်လှန်ရေးကာလ ကွန်ဒိုဆက် (Nicolass de Condocet) သည်ပုန်း အောင်းနေရာမှအက်ဆေးတစ်စောင်ထွက်ပေါ်လာခဲ့ပါသည်။ ထိုအက်ဆေးထဲမှမေးထားသောမေးခွန်းသည် သိပ္ပံပညာရှင်များကိုယနေ့တိုင်လှုပ်ခတ်နေဆဲဖြစ်ပါသည်။ “ လူတွေဟာ မသေတဲ့လူတွေ (Immortal) ဖြစ် လာမှာ မဟုတ်ပါဘူး၊ ဒါပေမယ့်သူတို့ ရဲ့သက်တမ်းကို ထာဝရဆွဲဆန့်နေဖို့ကလဲ မဖြစ်နိုင်ဘူး၊ လူဖြစ်လာက တည်းက ဒုက္ခတွေတွေ့နေရတာပါ” ဟူ၍ဖြစ်သည်။ မေးခွန်းက လူများကိုငြင်းခုန်စရာဖြစ်စေခဲ့ပါသည်။ လူ တို့၏အသက်သည် နောက်ထပ်မတိုးနိုင်တော့သည့် နိဂုံးသို့ရောက်ခါနီးပြီ၊ အချို့ကလည်း ထိုနိဂုံးကို မမြင် နိုင်ကြသေး၊ အချို့ကလည်း နိဂုံးသည်မရှိပါဟုမြင်ကြသည်။

အောစတပ် (Steven Austud) ဘာမင်ဟန်တက္ကသိုလ်မှ အိုမင်းရင့်ရော်ခြင်းကို လေ့လာသည့် ပညာ ရှင်က“လူတွေဟာ သူတို့ မြင်နိုင်သမျှ အမြင်ကလေးနဲ့ သဲပေါ်မှာ မမြင်ရတဲ့လိုင်းတခုကို ရေးဆွဲကြတယ်၊ နောက် ပြီးတော့ လက်တွေ့သိပ္ပံက ဘာတွေဖြစ်လို့ ဘာတွေကိုပဲ ပြောပြော လက်သင့်မခံကြဘူး” ဟူ၍ပြောပါသည်။ 

ရိုဘိုင်း(Jean Marie Robine) ပြင်သစ်ဆေးသုတေသနဌာနပညာရှင်က”လူတွေ အိုမင်းရင့်ရော်ခြင်း  အကြောင်းကို ကွန်နိဆက် မတိုင်မီကာလ အကြာကြီးကတည်းက ပြောဆိုလာကြတာပါ။ ကျွန်တော်တို့ သု တေသနလုပ်ငန်းတွေရဲ့ အစကိုလဲဆိုနိုင်ပါတယ်။ ရူပဗေဒသဘောအရ ဘာမှ အကန့်အသတ်မထားနိုင်ပေ မဲ့ အခုလောက်နေနိုင်တာကိုက အောင်မြင်လှပါပြီ။ ထပ်ပြီးအောင်မြင်ဖို့ကတော့ဆေးသိပ္ပံပညာရဲ့ တိုးတက် မှုလိုပါတယ်။ ဒါကလဲ အသက်ရာကျော်နေနိုင်တဲ့ လူတွေများများလာနေဘို့ပါဘဲ” ဟုဆိုသည်။

ပထမဆုံး လူ့သက်တမ်းနှင့် ပတ်သက်၍ဖော်ပြချက်မှာဗြိတိသျှသင်္ချာပညာရှင် ဂွန်ပတ် (Benjamin Gompertz) က ၁၈၂၅ ခုနှစ်တွင် “လူတစ်ယောက်သည် သူ၏အသက် ၂၀ နောက်ပိုင်းအချိန်မှ စ၍ တစ်နှစ် ပြီး တစ်နှစ် သူ၏သေရန်အခွင့်အလမ်းသည် ထပ်တိုးကိန်း (exponential rate) နှင့်တိုးပွားလာပြီး ၎င်းသည်  နှစ် ၁၀၀ အထိမှန်ကန်သည်” ဟုဆိုသည်။ 

အိုလန်စကီ (Jay Olshansky) ခေါ် ကူးစက်တတ်သော ရောဂါကာကွယ်ရေး ဆရာဝန် ကပြောဆိုရာ တွင် ဂွန်ပတ်၏ တွေ့ရှိချက်သည် “နယူတန်၏ မြေဆွဲအားဥပဒေ” ပမာ အရေးပါသည်။ အနှစ် ၂၀၀ ကြာလာ သည့်တိုင်အောင် ဤလောကကို လွှမ်းမိုးနေဆဲဖြစ်ပြီး ဆေးပညာ၏ အသစ်တွေ့ရှိချက်များကြားမှ မှန်ကန်နေ ဆဲဖြစ်သည်ဟု ဆိုပါသည်။ အာရုံခံအင်္ဂါများ ပိုမိုကောင်းမွန်လာခြင်း၊ နာတာရှည်ရောဂါများကို ကုသနိုင်ခြင်း တို့ကို ဆိုလိုပါသည်။

ဂွန်ပတ် ၏ပုံစံနှင့်ပတ်သက်၍ ရောက်ရန်ခက်ခဲသောနှစ်များကို လူတို့ရောက်လာကြသောအခါ ထိုပုံစံသည် ပြောင်းလဲမှုမရှိနိုင်ဘူးလား ဟုမေးခွန်းထုတ်လာကြပါသည်။ ၂၀၂၀ ခုနှစ်တွင် ကုလသမဂ္ဂ ကခန့်မှန်းသည်မှာ တစ်ကမ္ဘာလုံးတွင် လူ ၇၃,၀၀၀ သည် ၂၀၃၀ တွင်သက်တမ်း ၁၀၀ အထိနေနိုင်လာကြပြီး သူတို့၏ အရေအတွက်သည် လွန်ခဲ့သောနှစ် ၅၀ ထက်အဆ ၂၀ တိုးလာခဲ့သည်ဟုဆိုပါသည်။ နှစ်ပေါင်း ၁၁၀ တမ်းသို့မူ လူပေါင်းရာချီ၍ ရောက်ရှိခဲ့ကြပါသည်။

ဖွားသေစာရင်းကို ကိုင်သူများက လူအနည်းငယ်၏ စာရင်းကိုသာအတည်ပြုနိုင်ကြသည်ဟုဆိုပါ သည်။ ယခုအချိန်တွင် အသက်အရှည်ဆုံး စံချိန်တင်ထားသူမှာ ပြင်သစ်အမျိုးသမီး ဂျင်နင်း ကလီမင် (Jeanne Calment) ဆိုသူဖြစ်ပြီး သူသည် ၁၉၉၇ ခုနှစ်က အသက် ၁၂၂ နှစ်နှင့် ၅ လ အရွယ်တွင်ကွယ် လွန်ခဲ့ပါသည်။ ဤအဖြစ်အပျက်များက ကျွန်တော်တို့သည်အသက်မည်မျှအထိနေနိုင်မည်နည်းဟူသော မေးခွန်းကို မေးလာအောင်လှုံဆော်ကြပါသည်။ ၂၀၁၆ ခုနှစ်က ဂျင်း (Gene) ပညာရှင် ရန်ဗိ (Jan Vijg) က သေနှုန်းကို ပြင်သစ်၊ ဂျပန်၊ အမေရိကန် နှင့် အင်္ဂလန်နိုင်ငံများကို လေ့လာရင်း လူတို့သည် အသက် ၁၂၅ နှစ်အထက် နေနိုင်ရန် မမျှော်လင့်နိုင်ကြောင်း ထို့ပြင် ကျွန်တော်တို့ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ သက်တမ်းကို လည်း မှန်းဆရန် ခက်ခဲကြောင်း ကောက်ချက်ချခဲ့ကြပါသည်။

ဗိ ၏ လေ့လာမှုအပြီး နှစ်နှစ်ခန့်ကြာသောအခါ ဖွားသေစာရင်းပညာရှင်နှစ်ဦး ပူးပေါင်း၍ ၎င်း အဆို ကိုပြုပြင်ရန် ကြိုးစားခဲ့ကြသည်။ အသက် ၁၀၅ နှစ်ကျော်နေရသူများကို အီတလီနိုင်ငံတွင် လေ့လာချက် ပြု လုပ်ခဲ့ပြန်ပါသည်။ သူတို့က ဂွန်ပတ် ၏ဂရပ်သည် အသက်ကြီးပိုင်းရောက်လာသောအခါတိုးတက်မှုရပ်ဆိုင်း ၍ (Plateaus) ဖြစ်သွားကြောင်းပြောပါသည်။ အသက်သေရန် Chance မှာ၅၀% အထိလျှော့ကျသွားသည် ဟုဆိုသည်။ ထို့ကြောင့် အသက်အကန့်သတ်ချက်ကိုလည်း သေချာပြောမရတော့ပါ။

မှတ်တမ်းမှတ်ရာများမှာ မှန်ကန်တိကျမှုရှိရန်ခက်ခဲလှပါသည်။ သတိမေ့တတ်သောအဖိုးအို၊ အဖွား အိုများ စာရင်းထိန်းသိမ်းမှုအားနည်းခြင်းများ၊ အချို့မှာနာမည်ကြီးအောင်၊ ဂုဏ်သိက္ခာတက်အောင် မှားယွင်း စွာ သတင်းပေးမှုများနှင့်ကြုံရတတ်ပါသည်။

ယခုလက်ရှိအနေအထားတွင်စံချိန်မှာ ၁၂၂ နှစ်နှင့် ၅ လဖြစ်ပါသည်။ ၎င်းနှင့်အနီးစပ်ဆုံး ပြိုင်ဘက် မှာ မနော (Sarah Knauss) ဖြစ်ပြီး သူသည်အသက် ၁၁၉ နှစ် (၁၉၉၉) တွင် ကွယ်လွန်ခဲ့ပါသည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် နီကိုလေ ဇက် (Nikolay Zak) ဆိုသူ မော်စကိုမှ သင်္ချာပညာရှင်က ကလီမက်မှာ ဆယ်နှစ် စော၍ကွယ်လွန်ခဲ့ပြီး ၎င်း၏သမီးကြီးဖြစ်သူကဆက်ခံ၍ဤမျှအသက်ရှည်ကြောင်းပြောခဲ့သည်။ ရိုဘိုင်း ကမှု ဤကိစ္စသည် သူ့စာတမ်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟုပြောခဲ့သည်။ တချို့သောပညာရှင်များက အသက် ၁၀၅ နှစ်သို့ရောက်သွားပါက သေရန်အခွင့်အလမ်းသည် ရပ်တန့်သွားသည်ဟုဆိုသည်။ ဂွန်ပတ်၏ နှစ်ထပ် ကိန်းနှင့် တိုးခြင်းသည် ရပ်တန့်သွားသည်ဟုဆိုလိုပါသည်။

၂၀၀၂ သို့ ရောက်ရှိသောအခါ ဆွီဒင်၊ ဂျပန်နိုင်ငံတို့တွင် အသက်ရှင်ရန် မျှော်လင့်ချက်သည် ၁၈၄၀ ခုနှစ်မှစ၍တစ်နှစ်လျင် ၃ လခန့်ပို၍တိုးလာသည်ဟုစာတမ်းတစ်စောင်ကဆိုသည်။ အကယ်စင်စစ်ဂျပန်ပြည် မှမိန်းကလေးများ၏ အသက်ရှည်ရန်မျှော်လင့်ချက်မှာကမ္ဘာ့ပေါ်တွင်အမြင့်ဆုံးဖြစ်ပြီး ၈၇ နှစ်ဖြစ်သည်။ မေး ရန်ရှိသည်မှာ ထိုသက်တမ်းသည်တိုးမြင့်လာဦးမည်လားဟူ၍ဖြစ်ပါသည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်းအမေ ရိကန်နှင့် အင်္ဂလန်နိုင်ငံတို့တွင် အသက်ပိုရှည်ရန် မျှော်လင့်ချက်မှာနှစ်အနည်းငယ် မျှသာရှိခဲ့သည်ဟုဆို၏။ ထိုသို့ မတိုးတက်ရခြင်းမှာ ဆေးသုံးစွဲခြင်းနှင့် အရက်သေစာသောက်သုံးခြင်း မိမိကိုယ် ကို သက်သေမှုနှင့် အခြားထိခိုက် သေဆုံးမှုစသောအကြောင်းအရာများလည်းပါဝင်ပါသည်။ ၂၀၁၈ ခုနှစ် ကစာတမ်းတစ်စောင်  ကမှု အမေရိကန်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင်အသက် ၆၀ ပါတ်ဝန်းကျင်လူတို့၌ ပိုမို အသက်ရှည်ရှည် နေ နိုင်ကြမည်ဟု မျှော်လင့်နိုင်သည်။

ဝင်ငွေနည်းသောနိုင်ငံ အလယ်အလတ်ရရှိသောနိုင်ငံမှ လူများတွင်မှု အသက်ရှည်ရှည် နေနိုင်ရန် မျှော်လင့်ချက်မှာ ချမ်းသာသောနိုင်ငံများလောက် မရှိလှပေ။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရမူ လူသက်တမ်းတိုးသည် တဖြည်းဖြည်းပို၍ရှည်လာနေပြီး ၇၁ နှစ်သို့ ရောက်သွားပြီဟု ၂၀၁၉ က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်ကထက် ၆ နှစ်မျှပို၍ တိုးလာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်က ကုလသမဂ္ဂမှ ထုတ်ပြန်ရာတွင် ပြင်သစ်ပြည်မှ လေ့လာမှုအရ လူ့သက်တမ်းသည် ၁၉၄၆ ခုနှစ်တွင် ၉၉ နှစ်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၁၀၉ နှစ်သို့ တိုးသွားကြောင်း သိရသည်။ လူတို့၏သက်တမ်း မြင့်တက်လာပုံမှာ မျဉ်းဖြောင့်အတိုင်း ဖြစ်ပါသည်။ သို့သော် အချို့သောသူများက အသက် ၁၀၀ တမ်းသို့ ရောက်သွားပြီ ဆိုသည်နှင့် ထို့ထက်ပို၍ အသက်ရှည်စွာနေနိုင်ရေးမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀ အတွင်း တိုးတက်မှုမရှိဟုလည်း ဆိုပါသည်။

( ၃ ) 

လူအများက ကိုယ်အမူအရာ ချည့်နဲ့သွားခြင်းကို အသက်အရွယ်ကြီးရင့်ခြင်း၏ လက္ခဏာတရပ်အဖြစ် လက်ခံကြပါသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်၊ ဘလာတီမိုး၊ မေရီလင်းမှ ဆရာဝန်များ၏ သုတေသနပြုချက် အရမူ ဤသို့ မဟုတ်ပါ။ အသက်အရွယ်ကြီး ရင့်လာသဖြင့်ကိုယ်ခန္ဓာအားအင်ကုန်ခန်းပြီး ချည့်နဲ့ရခြင်းမှာ (self efficiency) ခေါ်မိမိ ကိုယ်တိုင်၏ ခံနိုင်ရည်အား လျော့နည်းမှုအရသာ ဖြစ်ရသည်ဟု ဆိုပါသည်။ မိမိ ကိုယ်မိမိ ယုံကြည်ချက်အပြည့်နှင့် တည်ဆောက်ထားလျှင် သန်မာသောလူတယောက်၊ အားအင်ချည့်နဲ့မှု မရှိအောင် ကာကွယ်နိုင်သောလူတစ်ယောက် ဖြစ်နိုင်စရာနည်းလမ်းများ ရှိပါသည်။ အဖွဲ့မှ လူ ၄၈၀၀ ကို လေ့လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လူအိုရုံတွင်မနေဘဲ မိမိ ဘာသာရပ်တည်သူများကို လေ့လာခဲ့သည်။ ၇ နှစ်မျှအချိန်ယူ၍ လေ့လာခဲ့ခြင်းဖြစ်သည်။

Ref: Does the human lifespan have a limit? By Michael Eisenstein Nature January 2022.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar