Breaking News

ကိုသန်းလွင် ● လေယာဉ်ပျံ ပျံသန်းမှုလုံခြုံရေး

ကိုသန်းလွင် ● လေယာဉ်ပျံ ပျံသန်းမှုလုံခြုံရေး
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၉

(၁)
၂၀၁၈ ခု၊ အောက်တိုဘာလကတကြိမ်၊ မကြာသေးမီ မတ်လ ၁၀ ရက်နေ့ကတကြိမ် လေယာဉ်မောင်းနေစဉ် ခေါင်းငိုက်ဆိုက် ကျသွားဃြပီး လေယာဉ်ပျက်ကျခဲ့ရပါသည်။ အဖြစ်အပျက်နှစ်ခုလုံးမှာ ဘိုးအင်း ၇၃၇ မက်စ် ၈ (Boeing 737 Max 8) လေ ယာဉ်အမျိုးအစားချည်းဖြစ်နေသဖြင့် ဘိုးအင်းကုမ္ပဏီအဖို့ များစွာအကြပ်အတည်း နှင့်ရင်ဆိုင်ခဲ့ရပါသည်။

တကမ္ဘာလုံးလေကြောင်းလိုင်းတိုင်းလိုလိုက ဤလေယာဉ်ပျံအမျိုးအစားကို အသုံးပြုရန် ငြင်းဆန်ကြသဖြင့် ဘိုးအင်းကုမ္ပဏီ အဖို့ ဒေါ်လာ ၄၀ ဘီလီယံဘိုးမျှ ဆုံးရှုံးနစ်နာရသည်ဟု ဆိုပါသည်။

(၂)
လေယာဉ်နှစ်စီးစလုံးမှာ ဖြစ်ပျက်ပုံတို့သည် ဆင်ဆင်တူကြပြီး လေဆိပ်မှထွက်လာခါစ မိနစ်ပိုင်းအတွင်းတွင် ပျက်ကျ ကြခြင်းဖြစ်သည်။ ယခုအခါလေယာဉ်ပျံ၏ (Black box data) ကို စစ်ဆေးသူတို့တွေ့ရှိကြရပြီဖြစ်သည်။ ပျက်ကျခါနီးတွင် လေယာဉ်ဦးခေါင်းပိုင်းအတွင်းမှစကားပြောကြပုံအသံများကိုလည်း ကြားကြရပြီဖြစ်သည်။

လေယာဉ် အစမ်းမောင်းလေ့ကျင့်ရေးကိရိယာ (ဆင်မြူလေတာ) (Flight Simulator) ပေါ်တွင် ပျက်ကျသွားသော လိုင်း ယွန်းလေကြောင်းအမှတ်စဉ် ၆၁၀ လေယာဉ်အတွက် စစ်ဆေးကြည့်ကြသောအခါ အော်တိုပိုင်းလော့ဖြင့် လေယာဉ်ကိုမောင်း နင်စေခြင်းကိုပယ်ဖျက်ရန်အတွက် စက္ကန့် ၄၀ မျှသာ အချိန်ရှိကြောင်းတွေ့ရှိကြရပါသည်။ လေယာဉ်ပျံကို ကွန်ပျူတာက ထိန်းချုပ်ပြီးပျံသန်းစဉ်စနစ်ကို အော်တိုမက်တစ် (MCAS) စနစ်ဟုခေါ်သည်။

ထိုစနစ်ကို အသုံးပြုခြင်းမှပယ်ဖျက်ပြီး ပိုင်းလော့ထိန်းချုပ်သောအဖြစ်သို့ပြောင်းရန်အတွက် စက္ကန့် ၄၀ သာခွင့်ပြုပါသည်။ ပျက်စီးနေသော ဆင်ဆာ (Sensor) ကလေယာဉ်ကို မှားယွင်းအချက်ပြ (Signal) သောအခါ ဆော့ဖဝဲလ်ယားက တကယ် အချက်ပြသည်ဟုယူဆပြီး လေယာဉ်ဦးခေါင်းကို အောက်သို့နိမ့်ချလိုက်ပါသည်။

ထိုသို့ဖြစ်ပေါ်နေစဉ် ပိုင်းလော့ကလေယာဉ်ပျံကို အော်တိုမက်တစ်ထိန်းသိမ်းခြင်းမှ မိမိထိန်းချုပ်ခြင်းသို့ရောက်အောင် ပြောင်း ယူရပါသည်။ သို့မှသာ လေယာဉ်အောက်သို့ ထိုးဆင်းသွားခြင်းကိုကာကွယ်နိုင်မည် ဖြစ်ပါသည်။ စစ်ဆေးသူများက လိုင်းယွန်းလေကြောင်းအမှတ်စဉ် ၆၁၀ နှင့် အီသီယိုပီးယား လေကြောင်းအမှတ်စဉ် ၃၀၂ မှာ ဆင်တူဖြစ်ပွားခဲ့ပြီး ထိုစနစ် အလုပ်လုပ်ပုံကို ပိုင်းလော့လုပ်ကမသိသောကြောင့်ဖြစ်ရသည်ဟု ယူဆခဲ့ကြပါသည်။

ဆော့ဖဝဲလ်ယားမှာ ဒီဇိုင်းလုပ်ပြီးရေးသားစဉ်က အမှားအတွက်နေရာများစွာ မချန်ခဲ့ပါ။ စမ်းသပ်စဉ်ကလည်း ဆော့ဖဝဲလ် ယား အားကောင်းပုံကို သေချာစွာနားမလည်ခဲ့ကြပါ။ ယခုအခါ ဆင်မြူလေတာတွင်စမ်းသပ်သည့်အခါကျမှ သေချာစွာနားလည်လာကြခြင်းဖြစ်ပါသည်။

ပို၍ဆိုးရွားသွားခဲ့သည်မှာ လေယာဉ်ပျံ ပျံသန်းမည့်ပိုင်းလော့များမှာ လေ့ကျင့်ခန်း (Training) ကို လုံလုံလောက်လောက်အလေ့အကျင့်မရှိဘဲ ပျံသန်းခဲ့ရခြင်းဖြစ်ပါသည်။ လိုင်းယွန်းလေကြောင်းမှပိုင်းလော့က နောက်ဆုံးမိနှစ်များတွင် လေယာဉ် ပျံ၏ လက်စွဲစာအုပ် (Flight Manual) ကို အသဲအသန် ရှာဖွေနေခဲ့ပုံများကို သိခဲ့ရပါသည်။

လိုင်းယွန်းအဲယားလေယာဉ်မှာအခင်းမဖြစ်ပွားမီတရက်ကမှ ထိုအဖြစ်အပျက်မျိုးဖြစ်ခဲ့ပြီး လေယာဉ်မောင်းသည့်အခန်းထဲ တွင် ရှိနေသော (Off duty) ပိုင်းလော့တစ်ဦးက လေယာဉ်ပျံအော်တိုပိုင်းလော့ ကိုဖြုတ်ပေးခဲ့ရသည်ဟု သိရပါသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ (မတ်လ ၂၇) က ဘိုးအင်းက လေယာဉ်ပျံ ပိုင်းလော့များ အုပ်ချုပ်သူများ ၂၀၀ ကျော်တက်ရောက်သော စည်းဝေးပွဲတွင် ဆော့ဖဝဲလ်ယားကို အသစ်ပြုပြင်ပြီးဖြစ်ကြောင်းကြေညာသည်။ ပိုင်းလော့က လေယာဉ်ပျံကိုထိန်းချုပ်ခွင့်  ပိုမိုပေးထားသော ဆော့ဖဝဲလ်ယားဖြစ်ပါသည်။ ထို့ပြင်ဆင်ဆာမှားရုံဖြင့် လေယာဉ်ပျံကို ထိန်းသိမ်းရပိုခက်ခဲသွားအောင် ဖြစ်စေခြင်းကိုလည်းမရှိတော့ကြောင်း ကြေညာပါသည်။

ဆော့ဖဝဲလ်ယား အဟောင်းတွင်လေယာဉ်ပျံ အော်တိုပိုင်းလော့နှင့် ပျံသန်းနေပါကလိုက်နာရန် စည်းကမ်းနည်း လမ်းများ ရှိပြီး ဖြစ်ပါသည်။ အကယ်၍လေယာဉ်ပျံ၏ဦးသည်စိုက်ကျသွားပါက ထိုအဖြစ်ကိုကာကွယ်ရန် ခလုတ်သည် ပိုင်းလော့၏ အနီးအနားတွင် ရှိပါသည်။ တကယ်ကလေယာဉ်ပျံတိုင်းတွင်ပါနေကျ ထုံးစံဖြစ်ပါသည်။ ဤခလုတ်ကို ဖွင့်လိုက်ရန် ၄၀ စက္ကန့်အချိန်ရပါသည်။

လေယာဉ်ပျံကို ပိုမို၍ ပိုင်းလော့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရန်အတွက်ပိုင်းလော့သည် နောက်ထပ်ခလုတ် နှစ်ခုကို ဖွင့်ပေးရန် လိုပါသည်။ ထိုအခါ လေယာဉ်ပျံ၏ဦးကို နှိမ့်ချပေးမည့် မိုတာသို့ လျှပ်စစ်ဓာတ်ပေးခြင်းကို ဖြတ်တောက်ပေးပါသည်။ နောက်ထပ်မံပြီး ဖြစ်ပွားလာမည့် ပြဿနာများကိုဖြေရှင်းရန် ပိုင်းလော့က ဘီးတခုကို လှည့်ပေးရန်လိုအပ်ပါသည်။

ဆင်မြူလေတာတွင် ထိုအဖြစ်အပျက်များကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ ဆော့ဝဲလ်ယားမှလေယာဉ်ပျံကို ထိန်း ချုပ်ထားခြင်းကိုရပ်ဆိုင်းစေပြီး မြေပြင်သို့ဆင်းသက်ရန်ဖြစ်ပါသည်။ သို့သော် ဤသို့လုပ်နိုင်ခြင်းမှာ ဘာ လုပ်လျင် ဘာဖြစ် မည်ဆိုသည်ကို ဦးစွာနားလည်ထားပြီးဖြစ်ပါသည်။ ထိုအသိကိုလိုင်းယွန်းလေကြောင်းလိုင်းမှ လေယာဉ်မှူးများသိရှိထားခြင်း မရှိပါ။

ပိုင်းလော့များက ဆော့ဝဲလ်ယားကို ပိတ်မပြစ်နိုင်ခြင်းမှာ ပါစင်ဂျာ ၁ဂ၉ ယောက်ကို သေစေလိုက်ခြင်းပင်ဖြစ်ပါသည်။ လိုင်း ယွန်းလေကြောင်း ပိုင်းလော့က ဆော့ဝဲလ်ယားပိတ်သည့်ခလုတ်ကို အကြိမ်ပေါင်း ၂ ဒါဇင်ကျော်မှ ပိတ်ပစ်ခဲ့ပါသည်။ ဆော့ဝဲလ်မှာ ပြုတ်မသွားဘဲ ထိန်းချုပ်မြဲ ထိန်းချုပ်ထားခဲ့ပါသည်။ ဆင်ဆာများကပေးသော (Signal) အမှားများကြောင့် လည်းဖြစ်ဟန်တူပါသည်။ နောက်ဆုံးတွင် လေယာဉ်ပျံမှာထိန်း၍မရတော့ဘဲ ပျက်ကျခဲ့ရခြင်း ဖြစ်ပါသည်။

အမှန်မှာ ပိုင်းလော့သည် ခလုတ်ကိုဖွင့်ပြီး ၄၀ စက္ကန့်ကို မိနစ်ပိုင်းသို့ပြောင်းခွင့်ရရန် ကျိုးစားခဲ့ခြင်းဖြစ်ပါသည်။ စနစ်အလုပ် လုပ်ပုံကို သေချာစွာမသိရှိသောကြောင့် ပြဿနာကိုရရှိသည့် အချိန်အတွင်း မဖြေရှင်းနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ အချိန် က ကန့်သတ်ထားသည့်အထဲတွင် ဤစနစ်သည် သည်လို သည်ပုံ အလုပ်လုပ်ကြောင်းကိုပင် ပိုင်းလော့တို့က သိခြင်းထား ခြင်း မရှိကြပါ။

လိုင်းယွန်းလေကြောင်းလေယာဉ်ပျက်ကျပြီးမှ ဘိုးအင်းက အကယ်၍ ထိုအဖြစ်မျိုးဖြစ်ပွားပါက မည်သို့တုန့်ပြန်ရ မည်ဆို သည်ကို ကြေညာချက်တခုထုတ်ပြန်ခဲ့သည်ဟုဆိုပါသည်။ သူတို့၏ဆောဝဲလ်ယားအသစ်မှာ ပိုင်းလော့များ၏ အလုပ်ကို လျော့ကျစေပါသည်ဟုဆိုခဲ့သည်။

စနစ်သစ်အရဆော့ဖဝဲလ်ယားအသစ်မှာ လေယာဉ်လုံခြုံမှုအတွက် နောက်ခံ (Back Ground) မှ အလုပ်လုပ်နေမည်ဖြစ် သည်။ လက်ရှိစနစ်အရ ၁၀ စက္ကန့်မျှ ဒေတာကိုယူပြီး ကြားထဲတွင် ၅ စက္ကန့်မျှ ရပ်နားနေမည် ဖြစ်သည်။ လိုင်းယွန်းလေကြောင်း လေယာဉ်သည်စက္ကန့် ၄၀ အတွင်း ၁၀ စက္ကန့်စီသုံးကြိမ်မျှ တိုင်းယူခြင်းဖြစ်သည်။ ထိုသို့တိုင်းယူပြီး လေယာဉ်ဦးခေါင်းသည်မြင့်လွန်းနေသည်ဟု ယူဆပါက ဦးခေါင်းကို နှိမ့်ချပေးမည်ဖြစ်သည်။ အော်တိုပိုင်းလော့၏သဘောမှာ လေယာဉ်ပျံကိုကွန် ပြူတာကမောင်းပေးခြင်းဖြစ်ပြီး ဦးခေါင်းကိုမြှင့်ပေးခြင်း၊ မော့လွန်းနေပါက နှိမ့်ပေးခြင်းတို့ကို ပြုလုပ်ပါသည်။

ဘိုးအင်းက အသစ်တင်ပေးသော ဆော့ဖဝဲလ်ယားတွင် ဆင်ဆာနှစ်ခုမှဒေတာကိုရယူသည်။ တခုတည်း မဟုတ်တော့ပေ။ ဆင်ဆာနှစ်ခုမှ ဒေတာသည် တခုနှင့်တခုမကွဲပြားဘဲ တူညီနေမှသာ အတည်ရယူသည်။ ထို့ကြောင့် ဝေဖန်သူတို့က  ဘို အင်းသည် အဘယ်ကြောင့် ဆင်ဆာတခုတည်းမှ အချက်အလက်ကိုရယူသနည်းဆိုသောမေးခွန်းကို ပြန်မေးနေကြသည်။

(၃)
ယခုနောက်ပိုင်းမှ သိလာရသည်မှာ (FAA Federal Aviation Administration) မှ ဘိုအင်း ၇၃၈ မက် ၈ အတွက် ပျံသန်းရန် သင့်တော်ကြောင်းလက်မှတ်ထုတ်ပေးရန်အလုပ်ကို ဘိုးအင်းသို့ လွှဲပေးထားကြောင်းသိရသည်။ စက်ပစ္စည်းတခုကို ပြုလုပ် သည့်လူနှင့် အတည်ပြုပေးသူတို့သည် တဦးတည်းဖြစ်သွားသည့်သဘောဖြစ်သည်။

ယခုဆော့ဝဲလ်ယားအသစ်ကိုအတွက်မူ ပိုင်းလော့ယူနီယံမှပုဂ္ဂိုလ်များလည်း ပါဝင်ရမည်ဖြစ်သည်။ ပိုင်းလော့ကို သင်ပြပေး ရန်အတွက် သူတို့၏ အိုင်ပက်များနှင့် စမ်းသပ်မောင်းနှင့်ကြည့်ရမည်ဖြစ်သည်။ ထိုစမ်းသပ်မောင်း နှင်ခြင်းချောမွေ့အောင်မြင်မှ သာ ပိုင်းလော့များကို သင်တန်းပေးသွားမည်ဖြစ်သည်။

ကိုသန်းလွင်

Ref:
In Test Of Boeing Jet, Pilots had 40 Seconds to fix error by Jack Nican Mar 25 New York Times, March 25 2019