Breaking News

ကိုသန်းလွင် - ကျယ်ပြန့်လာနေသော ရုရှားတို့၏သြဇာ



ကိုသန်းလွင် - ကျယ်ပြန့်လာနေသော ရုရှားတို့၏သြဇာ

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀
(၁)

ရုရှားနိုင်ငံ၏ စီးပွားရေးမှာ အီတလီထက်ပင်ငယ်သေးသဖြင့် ကမ္ဘာအဆင့်မှီစေရန်အနိုင်နိုင် ရုန်းကန်လှုတ်ရှား နေရပါသည်။ သို့ပါသော်လည်း ၁၉၉၉ ခုနှစ်က မထင်ရှားသည့် စပိုင်တစ်ယောက်ဖြစ်သူ ဗလာဒီမီယာ ပူတင် အာဏာရလာပြီးသည့် ဆယ်စုနှစ် နှစ်ခုနှစ် အလွန်တွင် ရုရှားနိုင်ငံသည် အကောင်းဆုံး နှစ်အဖြစ်၂၀၁၉ နှစ်တစ် နှစ်ကို ကျော်လွန်ခဲ့ရပြန်ပါသည်။

စစ်အေးခေတ်ကာလက ရန်သူဖြစ်ခဲ့သော အမေရိကန်မှာ ရုရှားတို့နှင့်ခင်မင်ရင်းနှီးရန် ကြိုးစားနေပြီး သမ္မတ ကိုယ်တိုင်မှာ ရာထုးမှဖြုတ်ချမည့် အန္တရာယ်ကိုရင်ဆိုင်နေရပါသည်။ အခြား အန္တလန်တိတ် သမုဒ္ဒရာ၏ တဖက် က အင်အားကြီးနိုင်ငံ ဗြိတိန်မှာလည်း ဥရောပယူနီယံမှ ထွက်ရန်ကြိုးစားရင်း မိမိကိုယ်ကို အင်အားချိနဲ့အောင် လုပ်သည်နှင့် တွေ့ကြုံနေရပါသည်။

(၂)

တချိန်တုန်းက ဗြိတိန် နှင့်အမေရိကန်တို့ကလွှမ်းမိုးခဲ့သည် ့အရှေ့အလယ်ပိုင်းဒေသမှာ မော်စကိုဘက်သို့ ယိမ်းမည့်အရိပ်အရောင်များကိုတွေ့နေရပါသည်။ ဆီးရီးယား ပြည်တွင်းစစ်ကို သမ္မတအာဆတ် ဘက်ကအရေး သာ အောင်ဆောင်ရွက်ပြီးနောက် နေတိုးအဖွဲ့ဝင်ဖြစ်သည့်တူရကီနိုင်ငံသို့ တိုးတက်ခေတ်မှီသော မစ်ဆိုင်းစနစ် ကို ရောင်းချခဲ့သည်။ အမေရိကန်နှင့် အနီးဆုံးဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့်လည်း သန်းပေါင်းများစွာတန် ဘိုးရှိသော စာချုပ်များချုပ်ခဲ့ပြီးဖြစ်ပါသည်။ အခြားအမေရိကန်နှင့် ကာလကြာမြင့်စွာ ရင်းနှီးလာခဲ့သည့် အီဂျစ် နိုင်ငံနှင့်လည်းနီးနီးကပ်ကပ်လှုပ်ရှားလုပ်ကိုင်နေပြီး လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်တွင် ပါဝင်ပါတ်သက် လျက်ရှိပါ သည်။ ထို့ပြင်သူ၏လှုပ်ရှားမှုများမှာ တဖြည်းဖြည်း တရုတ်နှင့် နားလည်မှုရတော့မည့် အနေအထား ဖြစ်ပါသည်။

၂၀၁၉ခုနှစ် သမ္မတအိုဗားမားလက်အောက်တွင် သုံးသပ်ချက်များအရ ရုရှားသည် မိမိနှင့် အိမ်နီးချင်း နိုင်ငံများ အရေးကိုသာချယ်လှယ်ဝင်ရောက်နှောင့်ယှက်နိုင်ပြီး စီးပွားရေးအရှိန်ကအားအင်ချိနဲ့နေသဖြင့် အခြားဝေးကွာ သော နိုင်ငံများသို့ လက်လှမ်းမမှီ နိုင်ဟု လွန်ခဲ့သော ၅ နှစ်က ယုံကြည်ခဲ့ကြပါသည်။ ထို့ကြောင့်ယခုအခါ ရုရှားကဲ့သို့ ပမာဏကြီးပြီး (Time Zone ၁၁ ခုရှိသည်) အခြားစီးပွားရေးနှင့်အရေးကြီးသောအင်္ဂါရပ်များနှင့် တိုင်းထွာပါက မပြော လောက်သည့်နိုင်ငံကယခုကဲ့သို့ အင်အားကြီးလာရသည်မှာ စဉ်းစားဖွယ်ရာဖြစ်ပါသည်။

ယခင်ဝန်ကြီးချုပ် နီကီတာခရုရှက်၏မြေးဖြစ်သူ နယူးရောက် နယူးစကူးလ်မှ ရုရှားအရေးကျွမ်းကျင်သူ မစ္စ နီနာ ခရူးရှက် ကယခုအခါ ရုရှားကဲ့သို့ အင်အားချိနဲ့သည့် နိုင်ငံက အဘယ့်ကြောင့် ဤမျှအရာရောက်လာရသလဲ” ဆိုသည့်မေးခွန်းကို မေးမြန်းလျက်ရှိသည်မှပြောပါသည်။ ဆိုဗီယက်နိုင်ငံ ပြိုကွဲစဉ်ကပင် ရုရှားနိုင်ငံရဲ့ အဆုံး ကိုမြင်ခဲ့ကြရပြီး စနစ်ကြီးတစ်ခုလုံးပျက်စီးယိုယွင်းနေပါပြီဟု မစ္စ ခရူးရှက်ကပြောပါသည်။

အနောက်နိုင်ငံများသည် “ရုရှား၏အကြံအစည်ကို တလွဲဖတ်နေကြတယ်” နိုင်ငံကြီးသလောက် ရည်ရွယ်ချက် ကြီးမားသည့် ရုရှားနိုင်ငံနှင့်ပါတ်သတ်၍ပြောပါသည်။ ရုရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာမှ ဘော်လတစ်ပင်လယ် အထိ ကျယ်ပြန့်ပြီး ၄င်း၏မျှော်မှန်းချက်များမှာကြီးမားလှသည်ဟုပြောပါသည်။

မစ္စတာ ပူတင်သည် တစ်ချိန်က စက်မှုပညာတတ်ကျွမ်း ပြီး ဘာသာရေးအယူသီးသူတစ်ယောက်ဖြစ်သည်။ ရှိသမျှကို ရှိုးပြတတ်ပြီး လျှို့ဝှက်မှုများ၏ပိုင်ရှင်ဖြစ်သည်။ ရိုးရိုးမျှော်လင့် ထားသလို ဖြစ်မလာလျင်လည်း ရှုတ်ထွေး အောင်လုပ်ပြီး ထင်ရောင်ထင်မှားဖြစ်အောင်လုပ်နိုင်သူဖြစ်သည်။ ပူတင်၏အကြံပေးတစ်ယောက် က ပူတင်သည် အနောက်နိုင်ငံသား တို့၏ ဦးနှောက်နှင့် အလုပ်လုပ်နေသည်ဟုရေးသားသည်။

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်က ဒီမိုကရေစီနည်းနှင့်တင်မြှောက်ထားခဲ့သည့် ရုရှားသမ္မတ ဘောရစ်ယဲ့ဆင်က သမ္မတ ပူတင်ကဲ့သို့အာဏာလွှဲပြောင်းပေးခဲ့ပါသည်။ ထိုစဉ်က သူတွေ့ရသော စိတ်ပျက်ဖွယ်ရာ အခြေအနေများ ကို ပြောင်းလဲအောင်ဆောင်ရွက်ရန်ခက် ခဲလှကြောင်း သဘောပေါက်ခဲ့ပါလိမ့်မည်။

ရုရှား၏ စီးပွားရေးမှာရှုတ်ထွေးပွေလီလှပါသည်။ အမေရိကန်၌ ဖြစ်ခဲ့သော Great Depression ထက်ဆိုးရွားပါ သည်။ ရုရှားစစ်တပ်မှာအင်အားချိနဲ့လှသဖြင့် ချက်ညား(Chechnya) မှသူပုန်များကိုပင်မနှိမ်နင်းနိုင်ခဲ့ပါ။ ယဲ့ဆင် ကတိ ပေးခဲ့သော အရင်းရှင် နိုင်ငံကြီးဖြစ်လာရန်အရေးမှာ သူ့ ကက်ဘိနက်တွင်ကွန်မြူနစ်ဟောင်းကြီးများနှင့် ပြည့်နှက်နေသဖြင့်ဘယ်လိုမှမဖြစ်နိုင်ပါ။

သူသည်သေးငယ်သော အရာကို ကိုင်ဆိုင်ထားပြီး ၄င်းတို့ကိုအသုံးချ ကစားရန် မကြောက်ရွံ့သူ ဖြစ်သည်။ ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုံး (Oliver Stone) နှင့်တွေ့စဉ်က မစ္စတာပူတင်ကပြောသည်မှာ အရေးကြီးသည် မှာကိုင် ထားသောသြဇာအာဏာက အရေးမကြီး၊ ၄င်းတို့ကိုဘယ်လိုအသုံးချရမည်ကိုသိရန်သာဖြစ်သည်ဟု ပြောခဲ့သည်။

သူ၏နှစ်အကုန်သုံးသပ်ချက် တွင်ပြောသောစကားမှာ ရုရှားနိုင်ငံအပေါ်ချစ်ခင်သည့်အမျိုးသားရေး စိတ်ဓာတ် ကို ယနေ့ဒီမိုကရေစီကျသောလူနေမှုစနစ်တွင်အသုံးချရမည်ဟု ပြောခဲ့ပါသည်။ ယဲ့ဆင်ခေတ်ကကျန်နေခဲ့သော ဖရိုဖရဲအခြေအနေနှင့် ဒီမိုအရေစီ၏လွတ်လပ်မှုများကို ချိန်ဆနိုင်ရမည်ဟု ပြောသည်။ သူသမ္မတဖြစ်လာပြီးနာရီ ပိုင်းအတွင်းမှာပင် ချက်ညားသို့သွားရောက်ခဲ့ပြီး သူရုရှားစစ်တပ်၏ လုပ်နိုင်ပါတယ် ဆိုသောစိတ်ဓာတ်ကို ပြသ ခဲ့သည်။ ယဲ့ဆင်ခေတ်က အကျင့်ဖေါက်ဖျက်သော ကေဒါများကို အဝေးသို့ပို့ပစ်ခြင်း၊ ထောင်သွင်းအကျင်းချ ခြင်း၊ သို့မဟုတ်ကြောက်လန့်သွားအောင်ပြုလုပ်ခြင်း တို့ဖြင့် စည်းကမ်းရှိသော ကရင်မလင်ကို သစ္စာရှိသော ကေဒါများကိုဖန်တီးယူခဲ့သည်။

ရုရှားတို့၏စီးပွားရေးပမာဏများ ဒေါ်လာနှင့်တွက်ပါက အမေရိကန်ထက် ၁၀ဆ မျှငယ်ပြီး အမေရိကန်၏ အမြင့်ဆုံး ကုမ္မဏီ ၁၀ခု အဆင့်ကိုပင်မမှီပေ။ ယခုနှစ် စီးပွားရေးတိုးတက်နှုန်းမှာ ၁ ရာနှုန်း ပင်မပြည့်မှီပေ။ ယဉ်ကျေးမှုဘက်ကလည်း ကိုရီးယားက ကေပေါ့ (K-Pop) စကားများ၏ ရုပ်ရှင်ကိုပင်မှီအောင်မလိုက်နိုင်ပေ။

တရုတ်နိုင်ငံကလည်း မိမိလိုလားသည့် အဖြေထွက်အောင်အဘယ်မျှပင်လုပ်ဆောင်နိုင်သည်မှန်စေ၊ မစ္စတာ ပူတင် ခရိုင်မီးယားကို သိမ်းပိုက်ခြင်းကဲ့သို့မြန်မြန်ဆန်ဆန် မလုပ်နိုင်ပေ။ ပူတင်က ခရိုင်မီးယားသိမ်းပိုက်ခြင်း ကို ၂၀၁၉ခုနှစ်ဖေဖော်ဝါရီလကတညလုံးစည်းဝေးပွဲထိုင်ပြီး လေးရက်မျှအကြာတွင်အကောင်အထည်ဖေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ရုရှားစပါယ်ရှယ်တပ်သားများကိုစေလွှတ်ပြီး ခရိုင်မီးယား၏ စင်ဖါပို (Simferopol) မြို့မှအဓိကကျ သော အဆောက်အအုံ များကို သိမ်းပိုက်လိုက်ခြင်းပင်ဖြစ်သည်။

သို့သော်လည်း စိန့်ပီတာစဘတ်နှင့် မော်စကိုတို့၏ငယ်ရွယ်သောလူငယ်များမှာ ပူတင်၏အချိန်သည် ပြီးဆုံးသွား ပြီဟုဆိုသည်။ သူတို့သည် နွေခါကာလက ပူတင်ကို ဆန္ဒပြခဲ့ကြသည်။ သို့သော်လုံခြုံရေးတပ်သားများက ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။ နိုဝင်ဘာလက ကောက်ယူခဲ့သော စာရင်းအရ ပူတင် ကို ကောက်ခံမှုတွင် အနည်းငယ်ချို့ယွင်းသွားခဲ့သော်လည်း မကြာမီပင် ၇၀ ရာခိုင်နှုန်း သို့ပြန်လည်ရောက်ရှိခဲ့သည်။

Financial Times နှင့် အင်တာဗျူးလုပ်ရာတွင်ပူတင်ကကမ္ဘာစစ်ကြီး ပြီးကတည်းက ရှင်သန်ခဲ့သောလစ်ဘရယ် ဝါဒ သည်အဆုံးသပ်သွားပါပြီဟုပြောခဲ့သည်။

ယဲ့ဆင်၏ ကရင်မလင်နန်းတော်လှေခါးထက်ဝယ် မိန့်ခွန်းပြောကြားသည်နှင့်နာရီပိုင်းအတွင်း ရုရှားတယ်လီ ဗီးရှင်းတွင်ပူတင်ပေါ်လာခဲ့ပါသည်။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ကိုကာကွယ်မည်။ ယုံကြည်ကိုးကွယ်ပိုင် ခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်၊ ပိုင်ဆိုင်ခွင့်တို့ကို အခြား ယဉ်ကျေးသော လူ့အဖွဲ့အစည်းများနည်းတူ ရပါစေမည် ဟုအာမခံခဲ့သည်။

နောက်တစ်နှစ်ခွဲခန့်အကြာ ဘာလင် ပါလီမန် ( Reichtag) တွင် အလားတူအဓိပ္ပါယ်ပါသော မိန့်ခွန်းကိုဘဲပေး ခဲ့ပါသည်။ ထိုစဉ်က ရုရှားသည် ဥရောပနှင့်ပူးပေါင်းမည်ဟု ကတိပြုခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်ရောက် သောအခါ အင်အားချိနဲ့သော ဂျူနီယာ ပါတနာများအပေါ်ထားသည့် စိတ်ထားမျိုးကို မကျေမနပ်ဖြစ်ခဲ့သည်။

၂၀၁၇ခုနှစ်က မြူနစ်တွင် အမေရိကန်၏ သဘောထားကို မနစ်မြို့သောပူတင်က နေတိုး၏တိုးချဲ့မှုအပေါ် ကန့်ကွက်ခဲ့ပြီး ထိုကဲ့သို့သောလုပ်ရပ်ကို ဘယ်သူ့ကိုမှ လုံခြုံမှုကို မပေးပါဟုပြောခဲ့သည်။

သို့သော်တကယ်ပြောင်းလဲခဲ့သည်မှာ ၂၀၁၈ခုနှစ် တကမ္ဘာလုံး စီးပွားရေးပျက်ကြုံရချိန်မှာဖြစ်ပါသည်။ အမေရိကန်သည် သူအကျိုးအတွက် သူ့ဖါသာသွားနေခြင်းသာဖြစ်ပြီး အခုရုရှားကလည်း မိမိပိုင်သော နည်းစနစ်ဖြင့် မိမိဖါသာလုပ်ရမည်ဟု ပြောခဲ့သည်။

(၃)

ရုရှားကာကွယ်ရေးဝန်ကြီးက အသံထက် ၂၇ ဆမြန်သော (Avangard) မစ်ဆိုင်းဒုံးကျည်ကို စမ်းသပ် ဖေါက် ခွဲ ပြီးစီးကြောင်းကို သောကြာနေ့ (ဒီဇင်ဘာ ၂၇ ရက်) နေ့က အစီရင်ခံသည်။ ၄င်းသည် ပစ်တင်သည့်ဒုံးကျည် မှခွဲပြီးသည်နှင့် လိုရာပစ်မှတ်ကိုရောက်အောင်လမ်းကြောင်း ပြောင်းလဲ၍ရသည်ဟုဆိုသည်။ အောက်မှ ပစ်ခတ် ဖျက်ဆီးမည့် ဒုံးကျည်အန္တရာယ်ကို ဂရုစိုက်စရာမလို ဟု ဆိုလိုခြင်းဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင်လက်နက် အသစ်တစ်ခု အောင်မြင်စွာစမ်းသပ်နိုင်ခြင်းမှာ သတင်းမဟုတ်တော့ချေ၊

တစ်ကမ္ဘာလုံးက စစ်ပွဲများအဆုံးသပ်ရေး၊ အစာရေစာလုံလောက်စေရေး၊ ရာသီဥတုပြောင်းလဲမှုကို တားဆီးရေး တို့ပြုလုပ်နေကြချိန်တွင် လက်နက်ထုတ်လုပ်နိုင်ခြင်းသည် ဂုဏ်ယူစရာမဟုတ်တော့ပေ။

ကိုသန်းလွင်

Ref: Putin’s Russia gains Stature, By Andrew Higgins , New York Times December 26 2019