Breaking News

ကိုသန်းလွင် - တိုင်းပြည်အတွက်လိုငွေ


ကိုသန်းလွင် - တိုင်းပြည်အတွက်လိုငွေ

(မိုးမခ) ဇွန် ၂၉၊ ၂၀၂၀

Ref: Learn to Love trillion- Dollar deficits, By Stephanie Kelton New York Times 13 June 2020

(၁)
မကြာသေးမီက အမေရိကန်ကွန်ဂရက်အမတ် ၆၀ ကကွန်ဂရက်ခေါင်းဆောင်များဆီသို့စာတစ်စောင် ရေးခဲ့ပါသည်။ ၄င်းတို့က တိုင်းပြည်၏ တင်ရှိသောအကြွေးနှင့် ကုန်သွယ်ရေးလိုငွေပြမူများအပေါ်  အစိုးရ၏တုန့်ပြန် မှုနှင့်ပတ်သက်၍ ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုနှင့်ပတ်သတ်၍“ကျွန်တော်တို့သည် နိုင်ငံတော် ၏အကြွေး များကိုလျစ်လျူရှုမထားနိုင်ပါ” ဟုဆိုသည်။ “ပြုပြင်၍မရနိုင်သော ပျက်စီးဆုံးရှုံးမှု ကြုံရနိုင် သည်” ဟူ၍ ဆီးနိတ် ဘတ်ဂျက် ကော်မတီဥက္ကဋ္ဌကလည်း ပြောလိုက်ပါသည်။

သို့သော်ကုမ္ပဏီငယ်ကလေးများနှင့် အလုပ်လက်မဲ့ဖြစ်သွားကြသော သန်းချီ၍ များပြားလာသည့်အလုပ် လက်မဲ့များ၏အနာဂတ်မှာ အစိုးရ၏အပြုအမှုပေါ်တွင်မှုတည်နေပါသည်။ ထိုကွန်ဂရက်အမတ်များအဖို့ “Defcit Myth” ခေါ် ထိုငွေပြမူ အမှားများ၏သားကောင်အဖြစ်မကျရောက်စေရန် နှင့် တိုင်းပြည်၏အကြွေးများသည် မဖော်ပြနိုင်လောက်အောင်ကြီးမားပြီး ၄င်းကို တခုခုလုပ်ရန်လိုအပ်သည်ဟု ဖြစ်ပါသည်။

(၂)

သို့ပါသော်လည်း ခေတ်သစ်ဘဏ္ဍာရေး သီအိုရီ (MMT- Modern Monetary Theory) များအရကြည့်လျင်တိုင်းပြည်၏ဘဏ္ဍာရေးစနစ်ကြီး အလုပ်လုပ်ပုံကိုသာ နားလည်လျင် တိုင်းပြည်၏ထရီလီယံများစွာကုန် ကျမည့် အသုံးစားရိပ်များအတွက် ပူနေစရာမလိုပါ။

သို့သော်ပြည်သူပြည်သားများအတွက် စိုးရိမ်နေရသည့်အကြောင်း များလည်းရှိပါသေးသည်။ ထုံးစံအတိုင်း တွေးကြည့်လျှင် တိုင်းပြည်တွင်လိုငွေပြမှုသည် စိုးရိမ်စရာပင်ဖြစ်ပါသည်။ ကျွန်တော်တို့ သင်ကြားရသည် မှာ အစိုးရသည် ကျွန်တော်တို့အိမ်များတွင် တွေ့ကြုံရသည့်အတိုင်း သုံးငွေကို ဝင်ငွေပေါ်တွင် မှုတည်၍သာဆုံး ဖြတ်ကြရပါသည်။ တိုင်းပြည်တွင် မလိုအပ်ဘဲကြွေးတင်မခံကြပါ။

၁၉၈၃ ခုနှစ်ကမာဂရက်သက်ချာနှင့် ရော်နယ်ရီဂင်တို့က တိုင်းပြည်သို့ ပြောကြားရာတွင် “ကျွန်တော်တို့ မှာ မိမိတို့ ရှာထားသောပိုက်ဆံမှလွဲ၍ မရှိကြောင်း။ တိုင်းပြည်က ပိုမို၍သုံးစေလိုပါလျင် ချေးငှါး၍ဖြစ်စေ၊ အခွန်အ ကောက်ကို တိုးကောက်၍ဖြစ်စေ ရှာကြရမည်ဖြစ်ကြောင်း” ပြောပါသည်။ သူတို့သည် ၂၀ ရာစုအကုန်ပိုင်းတွင် ကွန်ဆာဗေးတစ်များ၏ အယူအဆအတိုင်းပင်ဖြစ်ပါသည်။

သူတို့၏အတွေးအခေါ်မှာ ယုတ္တိအများကြီးရှိပါသည်။ ရီဂင်နှင့် မစ္စသက်ချာ က အဖြစ်မှန်ကို ပြောမပြခဲ့ ကြပါ။ တကယ်ဖြစ်ပျက်ခဲ့သည်မှာ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ မိမိတို့ သုံးငွေကိုမိမိတို့ ရိုက်ထုတ်နိုင် သောနိုင်ငံများတွင် ဤဥပဒေကို လိုက်နာရန်မလိုပါ။ တိုင်းပြည်ကို အခွန်တိုးကောက်စရာ မလိုဘဲ ငွေကိုပြင်ပမှ မချေးမငှါးဘဲ ရှာဖွေနိုင်ပါသည်။ ဤသို့ဆိုခြင်းဖြင့် အစိုးရများအဖို့ ပိုက်ဆံကို အကန့်အသတ်မရှိဘဲ ရှာဖွေနိုင်သည် ဟုမဆိုလိုကြောင်း။ ဆိုလိုသည်မှာ ပိုက်ဆံကို ရှာဖွေရန်အတွက် အစိုးရသည် ပူပန်နေစရာမလိုကြောင်းသာဖြစ် ပါသည်။ သူတို့အသုံးလိုသဖြင့်ငွေရှာပြီးသောအခါ ငွေကြေးဖောင်းပွခြင်းနှင့် အလုပ် သမား လေဘာရရှိနိုင်မှုနှင့် အခြား စီးပွားရေးအတွက် လိုအပ်သောပစ္စည်းများရှာဖွေရရှိနိုင်မှုတို့ ရှိဘို့သာ လိုပါသည်။

ထိုအရာများမှာ ကုန်လွန်သွားပြီး ဖြစ်သောအချိန်က မှန်ခဲ့ပါသည်။ အမေရိကန်ဒေါ်လာမှာ ရွှေသို့ ပြောင်းလဲနိုင်ရမည်ဖြစ်ပြီး အစိုးရများအနေဖြင့် ငွေကိုအသုံးပြုရန် သူတို့၏ရွှေအပေါင်ထားနိုင်မူ ပေါ်တွင် မှုတည်ခဲ့ပါသည်။ သို့သော် ရစ်ချပ်နစ်ဆင်က ရွှေကို (Standand) အဖြစ်ထားခြင်းကို ၁၉၇၁ ခုနှစ်က ရုတ်သိမ်းခဲ့ပါ သည်။ အစိုးရ များတွင် ငွေစက္ကူရိုက်ထုတ်ခြင်းကိုအကန့်အသတ်မရှိဘဲ လုပ်နိုင်ကြပါသည်။ သို့တိုင်အောင် အမေရိကန် ပြည်မှ ထိပ်တန်းနိုင်ငံရေးသမားများသည် နှစ်ပေါင်း ၅၀ ကြာလာသည့်ကာလသို့တိုင် မာဂရက် သက်ချာ ပြောသကဲ့သို့ ပြည်သူပြည်သားအခွန်ပေးသူများသည် အစိုးရ၏ငွေရင်းထုတ်ပေးသူများကဲ့သို့ ပြောဆို နေကြတုန်းပင်ရှိ ပါသေး သည်။

၁၉၉၈ ခုနှစ်တွင် မော်စလာ (Warren Mosler) ရေးသော (Soft Currency Economics) စာအုပ်တစ်အုပ်ထွက်လာခဲ့ဖူးသည်။ သူသည် ဝေါစထရိမှရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ပြီး သူက တိုင်းပြည်၏အကြွေးနှင့်အခွန် အကောက်နှင့်ပတ်သက်လျင် အကုန်လုံး အမှားတွေချည်း ပြောကြကြောင်း။ မော့စလာက ဆက်လက်ပြောကြားရာတွင် အစိုးရကကောက်ခံရရှိသောငွေများမှာ ကျွန်ုပ်တို့အသုံးပြုနေသော ငွေများမဟုတ်ကြကြောင်း ဖြစ်ပါသည်။

အကယ်၍ အမေရိကန်ဒေါ်လာများသည် အမေရိကန်အစိုးရက ရိုက်ထုတ်ထားသည် ဖြစ်သောကြောင့် “ထိုငွေများကို ကျွန်တော်တို့ထံမှ အလိုရှိသည်” ဟုတွေးဆခြင်းမှာ မသင့်လျော်သောတွေးဆခြင်းပင်ဖြစ်သည်။ ဥပမာ ကျွန်တော်တို့ အိမ်တစ်ဆောင်တွင် စဉ်းစားကြည့်ပါ။ ထိုအိမ်တွင် အိမ်ထောင်ဦးစီးနှင့် သားနှစ်ယောက်ရှိ ကြမည်။ အိမ်ထောင်ဦးစီးက မြက်ခင်းကို အချိန်မှန်မှန် ဖြတ်စေချင်သည်။ အိပ်ရာကိုသိမ်းပြီး မော်တော် ကားကို သန့်ရှင်းအောင်ထားစေချင်သည်။ သူသည်” ကူပွန်” များ ပြုလုပ်ပြီး သူတို့အလုပ်၏မှတ်တမ်းအဖြစ် ကူပွန်များကို ထုတ်ပေးမည်။ ကလေးတွေက ကူပွန်တွေကို မလိုချင်၊ ကူပွန်တွင် ဘာမှတန်ဆိုးမရှိ။ ဤတွင်သူက ကူပွန်များကို သူတို့လုပ်ကိုင်သောအလုပ်အကိုင်နှင့် အချိုးချ၍ ပေးသည်။ ဘယ်သူက ကူပွန်ဘယ် လောက်ရသလဲ၊ ဥပမာကူပွန် ၃၀ ရလျင်ရုပ်ရှင်ကြည့်နိုင်သည်။ TV ကြည့်နိုင်မည်။ ဈေးဝယ်ရန် မောလ်သို့သွားနိုင်မည်ဟုပြင်ဆင် လိုက်သည်။

အိမ်ထောင်ဦးစီးက ကူပွန်များအပေါ် ပြည်သူများကပေးရသော အခွန်သဖွယ် လုပ်ကိုင်ခြင်းသာ ဖြစ်ပါသည်။ အိမ်ထောင်ဦးစီးက သူထုတ်လုပ်သော ကူပွန်များအတွက် မိမိဖါသာ တာဝန်ယူ၍ ဖြေရှင်းပါသည်။ မကြာပါ သား များသည် မြက်ခင်းကိုဖြတ်သူကဖြတ်၍ ကားကိုရေဆေးသူက ဆေးပါတော့သည်။

ဤသို့ပြုလုပ်ခြင်းမှာတိုင်းပြည်တပြည်၏ ပိုက်ဆံ ငွေကြေးစနစ် အလုပ်လုပ်ပုံပင်ဖြစ်ပါသည်။ သင်အိမ်ထဲ တွင်ရှိသော ငွေစက္ကူများမှာ အစိုးရကထုတ်ပေးသောစာရွက်များသာ ဖြစ်ပါသည်။ နိုင်ငံတော်က အခွန် ဥပဒေနှင့် ထိုငွေများကို လိုချင်သူတို့ဖြစ်ပေါ်အောင်ဖန်တီးပြီး ထိုငွေများမှာ အသုံးကျလာအောင် ဖန်တီးထားခြင်းဖြစ် ပါသည်။

ထိုသည်တို့မှာ ဗြိတိသျှအင်ပါယာကြီးကို အုပ်ချုပ်သွားပုံပင်ဖြစ်ပါသည်။ နိုင်ငံကို တိုက်ခိုက်ပြီးနောက် သူ တို့ငွေကြေးကို သုံးမရအောင်လုပ်ပြီး သူတို့၏ ကိုလိုနီနယ်များတွင် ဗြိတိသျှပေါင်ကို တရားဝင်အောင်လုပ်ပေးရ ပါသည်။ ထို့နောက် ထိုကိုလိုနီ၏ စီးပွားရေးတခုလုံး ဗြိတိသျှတို့၏ ငွေကြေးကို ဝိုင်းဝန်းသုံးစွဲလာခဲ့ကြခြင်းဖြစ်ပါ သည်။ ဗြိတိသျှငွေကြေး အတိုးနှုန်းနှင့် ပါဝါတို့မှာ အကြောင်းပြချက်ပေါင်းများစွာဖြင့် တည်ရှိနေကြခြင်းဖြစ်ပါ သည်။ သို့သော် သူတို့သည် ကိုလိုနီနယ်တခုလုံး အသုံးမကျသည့်စက္ကူများမဟုတ်ကြပါ။

သက္ကရာဇ် ၂၀၂၀ တွင် ကွန်ဂရက်က အမ်အမ်တီ၏အလုပ်လုပ်ပုံကို ရှင်းပြခဲ့ပါသည်။ မကြာသေးမီက ယခင်တိုင်းပြည်တွင်မရှိခဲ့သော ထရီလီယံချီသည့်ငွေများကို ဖန်တီးခဲ့ပါသည်။ အခွန်ကိုလည်း တိုးမကောက် ခဲ့ပါ။ တရုတ်ပြည်က ချေးငွေရယူခဲ့ခြင်းလည်းမရှိပါ။ မိမိ၏ ယိုယွင်းနေသော စီးပွားရေးအခြေအနေ များကို မိမိ ငွေနှင့် ပံ့ပိုးခဲ့ခြင်းသာဖြစ်ပါသည်။ ဥပဒေပြုသူများက ငွေကိုသုံးစွဲရန် ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ သူတို့က တိုင်းပြည်၏ ဖက်ဒရယ်ရီဆာ့ဖ်နှင့် ဗဟိုဘဏ်တို့မှငွေများကို ထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။ ဤသည်မှာ အစိုးရ၏သုံးငွေများကို ထုတ်ဖေါ်ပုံဖြစ်ပါသည်။

အမ်အမ်တီ၏အလုပ်လုပ်ပုံမှာ ပါတီတခု တိုင်းပြည်တခု၏ စိတ်ကူးစိတ်သန်းများနှင့်လည်း မဆိုင်။ စီး ပွားရေးအရဖြစ်နိုင်သော အလုပ်တခုကို လုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ နှစ်တစ်နှစ်အတွက် ခွင့်ပြု နိုင်သည့် ဘတ်ဂျက်ထက် ကျော်လွန်သွားခြင်းကို စိတ်ပူပန်ရန်မလိုဘဲ ငွေကြေးစနစ်ကသုံးနိုင်သော အကန့်အသတ် များကိုသာ သတိထားရန်လိုပါသည်။

အချိန်တိုင်းလိုလို စီးပွားရေးတခုသည် အကန့်အသတ်တခုကိုကြုံရမြဲပင်ဖြစ်ပါသည်။ မိမိတကယ် ထုတ် လုပ်နိုင်သော ထုတ်ကုန်ပစ္စည်း၊ သုံးနေသော စက်မှုလက်မှုလုပ်ငန်းများ၏ပမာဏ၊ မိမိတွင်ရှိသည့် ငွေအရေ အတွက်၊ လုပ်သားများ၏စွမ်းရည်၊ စက်ရုံအလုပ်ရုံများ၏ အရည်အသွေးတို့အပေါ်တွင်မူတည်၍ ကန့်သတ်ချက် များဖြစ်ပေါ်လာကြပါသည်။ အစိုးရတခုက မိမိစီးပွားရေးအခြေအနေသည် ကောင်းမွန် ချောမွေ့စွာဖြစ်နေချိန်တွင် ငွေကိုပို၍ သုံးစွဲပါက ငွေကြေးဖေါင်းပွမှုသည် နောက်က လိုက်လာပါလိမ့်မည်။ ထို့ကြောင့် အကန့်အသတ် တော့ရှိရပါမည်။ ထိုအကန့်အသတ်မှာ အစိုးရများ၏ငွေသုံးစွဲနိုင်မူပေါ်တွင် မူတည်မနေပါ။ အမ်အမ်တီ၏ အလို အရ မိမိကိုယ်တိုင်ဖန်တီးသော အချက်များမှာသာ ကြည့်ရပါမည်။

(၃)

အရေးကြီးသည်မှာ ခေတ်သစ်၏ အမ်အမ်တီကိုနားလည်ရန်ဖြစ်ပါသည်။ သီအိုရီများက အရေးကြီးလာ ပါသည်။ ၄င်းက ပေါ်လစီချမှတ်သူတို့အကြပ်အတည်းတွေ့ချိန်တွင်ရဲဝံ့စွာ ဆုံးဖြတ်ချက်များကို ချစေနိုင်သလို အကြပ်အတည်းမရှိသောအချိန်များတွင် ပိုမို၍ရင်းနှီးမြှုပ်နှံနိုင်ကြပါသည်။ အမေရိကန်တို့တွင် လိုနေသည်မှာ မဲရဖို့နှင့် နိုင်ငံရေးအယူအဆ ရှိဖို့သာ ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Learn to Love trillion- Dollar deficits, By Stephanie Kelton New York Times 13 June 2020