မောင်ရစ် - ဂျန်ကင်းကို နှုတ်ဆက်ခြင်း (၁)

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၀(၁)
စက်တင်ဘာ ၂၇၊ ၂၀၂၀ မှာ ကျနော့်တို့မိသားစုဝင် တဦးဖြစ်တဲ့ ၁၄ နှစ်သား ကြောင်ကြီး ဂျန်ကင်း ကွယ်လွန်ပါတယ်။ ကျနော်တို့နဲ့အတူ ၁၂ နှစ်ကျော် အတူတူ နေထိုင်ခဲ့သူဆိုတော့ ကျနော်တို့မိသားစု ကျန်ရစ်သူ ၃ ယောက်စလုံး ဝမ်းနည်းငိုကြွေးကြရပါတယ်။ ဂျန်ကင်းက သာမန်လူတွေလိုမှ မဟုတ်တာကိုး။ သူက တသက်လုံး အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဝင်တွေကို အဖော်ပြုပြီး နေတဲ့ ကြောင်ဖြစ်နေလို့ပါပဲ။ ကျနော့်သမီးရဲ့ အသက်ထက်ဝက်ကျော် အတူနေထိုင်ခဲ့တာဆိုတော့ သမီးအတွက်ဆို မောင်လေးတကောင်လိုပေါ့။ ကြောင်တွေက သေဆုံးခါနီးကျရင် သူတို့ထီးတည်း လူတွေနဲ့ဝေးရာမှာ သွားပြီး အသက်ကုန်ကြတယ်လို့ ပြောကြပါတယ်။ သို့သော် ဂျန်ကင်းကတော့ သူ့နောက်ဆုံးအချိ်န်တွေမှာ သူ့မိသားစုဝင်တွေအနားမှာ လဲလျောင်းပြီးသာ နေပါတယ်။ လူတွေက အနားက ထသွားရင်တော့ ငိုသံပါတဲ့ ကြောင်ငြီးသံကလေး ပေးတာမို့ ကျနော်တို့က သူ့ဘေးနားမှာ ဝိုင်းပြီး အဖော်ပြုနေကြရတော့တာပါပဲ။
ဒီစာကိုရေးတော့ ဂျန်ကင်းကြီး သေပြီဆိုတာနဲ့ စပြီး မရေးချင်ပါဘူး။ ဂျန်ကင်းဘ၀အစအကြောင်း စီကာပတ်ကုံး နိဒါန်းချီမလားလို့ စဉ်းစားပါသေးတယ်။ သူ့ နှစ်နှစ်သားလောက်မှာ ကြောင်ဂေဟာ (shelter) ကနေ သွားခေါ်ပြီး မွေးစားခဲ့ကြတာ။ သူက လူတွေနဲ့ ခုန်ပေါက်ကစားတယ်၊ အိပ်ရင် လူတွေနဲ့အတူ ကုတင်မှာ လာအိပ်တယ်။ လူတွေကို အမြဲ အစာမပြတ်ကျွေးခိုင်းတတ်တယ်။ လူတွေကို အရိပ်ကြည့်နေတတ်တယ်။ လူတွေ အပြင်က ပြန်လာရင် လာကြိုတယ်။ မျှော်နေတတ်တယ်။ အဲသည်အကြောင်းတွေ စရေးချင်တာ။ အခြားကြောင်တွေလို တညောင်ညောင်နဲ့ စကားပြောတတ်သူ မဟုတ်ဘူး။ လူတွေမျက်နှာကို ကြည့်နေတတ်ပြီး အစာစားမယ်ဆိုရင် လျာသပ်ပြတတ်ပြီး သူချစ်ကြောင်းပြတဲ့အနေနဲ့ လူတွေကို မျက်စိလေး ၂လုံးကို မှိတ်ပြတတ်တယ်။ လူတွေပေါ်မှာ ထိုင်မနေတတ်၊ လူတွေ၏ အချီအပိုးကို မကြိုက်၊ သူဖာသာ လူတွေအနားမှာ ထိုင်နေ ဝပ်နေတာမျိူးက သူ့စတိုင်ပေါ့။
လူတွေက ဘာလို့ အိမ်မွေးတိရစ္ဆာန်တွေ မွေးကြတာလဲ။ အဖော်ရအောင်လို့လား၊ အသုံးဝင်လို့လား။ ဂရုဏာတရားကို လေ့ကျင့်ချင်လို့လား။ လူတွေက ခွေးတွေကို အမဲလိုက်ဖို့ အိမ်စောင့်ဖို့ နွားကျွဲကြောင်းဖို့ မွေးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကြောင်တွေကတော့ သူတို့အရိပ်အာဝါသအတွက် ခိုလှုံနိုင်ဖို့ လူတွေကို မွေးစားခဲ့ကြတာလို့ ပြောကြတယ်။ သည်တော့ လူတွေက ခွေးတွေကို ရွေးချယ်ခဲ့ကြပြီး ကြောင်တွေက လူတွေကို ရွေးချယ်ခဲ့ကြတယ်လို့ ဆိုရမယ်ပေါ့။
သည်တော့ ဂျန်ကင်းက ကျနော်တို့ကို ရွေးချယ်ခဲ့တယ်လို့ ဆိုကြပါစို့။ ကျနော်တို့ကလည်း သူ့ကို မွေးစားဖို့ ရွေးချယ်ခဲ့ကြပါတယ်။ မွေးစားတယ်ဆိုတာ တလမ်းသွားမဟုတ်ဘူးဆိုတာကို ကျနော့်အိမ်သူ၊ သမီးတို့အမေက ကျနော်တို့ကို သင်ကြားပေးပါတယ်။ ကြင်နာရတယ်၊ နားလည်ပေးရတယ်၊ အစာရေစာ အရိပ်အာဝါသတင် မဟုတ်ဘူးလေ၊ မိသားစုဝင် လူသားချင်းစာနာမှုနဲ့ ဆက်ဆံရတာကိုး၊ အဲသည်လို ဆက်ဆံမှ သူကလည်း အပြန်အလှန် ဆက်ဆံရေးကို ထူထောင်နိုင်ပါတယ်။ သည်တော့ ကျနော်တို့ထမင်းစားရင် သူက လူတွေအစာကို မစားပေမယ့် ထမင်းစာပွဲပေါ်က လွတ်ကင်းရာတနေရာမှာ ထိုင်ဝပ်ပြီး ကျနော်တို့ကို အဖော်လုပ်ပေးတတ်ပါတယ်။ သူစားမယ်ဆိုရင်လည်း ကျနော်တို့က မပျက်မကွက် စောင့်ကြည့်နေပြီး ကျွေးရတယ်၊ ရေသောက်မယ်ဆိုရင် လက်ဆေးခုံက ရေဘုံဘိုင်ကို အစက်ချဖွင့်ပေးရတယ်။ ခိုးစားတာ လုစားတာ ရန်လုပ်တာတွေ ယောင်လို့တောင်မှ မလုပ်ပါဘူး။ အိမ်လာတဲ့ဧည့်သည်တွေကိုလည်း ရင်းနှီးစွာ ဆက်ဆံပါတယ်။ နှုတ်ဆက်ပါတယ်။ သည်တော့ ကျနော်တို့ သားချင်း မိတ်ဆွေတွေအားလုံးဟာ ဂျန်ကင်းရဲ့ မိတ်ဆွေ သားချင်းတွေ ဖြစ်ကုန်ကြတော့တာပေါ့။
ဂျန်ကင်းနေမကောင်း စဖြစ်တာက အချိန်သိပ်မကြာပါဘူး။ သူမဆုံးခင် ၁ပတ်အလိုမှာ အစာမစားတော့ပဲ အထိုင်အထ နှေးလာတာက စတာပါပဲ။ အသက်ရှုတာကလည်း မြန်လာတယ်၊ မောနေသလိုမျိုးပေါ့။ လူတွေနားမှာတော့ နေပါတယ်။ သူ့ဖာသာသူ ဝပ်နေ၊ လဲလျောင်းပြီးနေတာပေါ့။ သူနေမကောင်းဘူးလို့ မိတ်ဆွေတဦးရဲ့ သမီးလေးကို ပြောတော့ သူက အင်တာနက်ကနေ ရှာဖွေ သုတေသနတွေ လုပ်ပြီးတော့ ငိုပါတယ်။ ဂျန်ကင်းကြီး ဒီအသက်နဲ့ဆိုရင် လူအသက် ၇၀ကျော်ရှိနေပြီ၊ သေဖို့ များတယ်လို့ သူသိနေပြီးတော့ စိတ်မကောင်းဖြစ်ပြီး ငိုတာပါ။
မိုးချိုသင်း ကျော်ဝဏ္ဏတို့ သမီးဖြူ (သူက ကြောင်မလေး) အမြီးကျိူးသွားတော့ သူ့လူမိဘတွေက ကြောင်ဆေးရုံပို့ပြီး အသည်းအသန် ကုသပေးရတယ်။ လူတမျိုးလုံးတဆွေလုံး ပူပန်ကြရတယ်။ အခုတော့ ပြန်ကောင်းနေပါပြီ။ အမြီးကို ဖြတ်လိုက်ရတော့ ယုန်မလေးလို့ အမြီးလုံးလုံးလေးနဲ့ တမျိုးလှတယ် ဆိုကြပါစို့။ မထွေးတို့အိမ်က ကြောင်လေး ဖိုးချောကို ပေါင်မှာ အကွက်ကြီးပေါက်သွားတဲ့အခါ ကြောင်ဆေးရုံ အရေးပေါ်ပို့ပြီး ကုနေရတာ ခုထိအပတ်စဉ်အတိုင်းပါပဲ။ သည်လိုအတွေ့အကြုံတွေဟာ ကြောင်တွေအတွက်ကော မိသားစုတွေအတွက်ပါ ဘယ်လောက် ပင်ပန်းဆင်းရဲသလဲဆိုတာ ကိုယ်တိုင်ကြုံမှပဲ သိကြရတာဖြစ်ပါတယ်။
ကြောင်တွေ ခွေးတွေ မွေးကြတာဟာ ပျော်ရွှင်မှုအတွက် ဖြစ်တယ်လို့ ယေဘူယျဆိုရပါမယ်။ ဂရုဏာတရားလေး ထားပြီးတော့ စောင့်ရှောက်မှုပေးရတာ ပြီးတော့ ကြောင်တွေခွေးတွေက ပြန်ပေးတဲ့ ဂရုစိုက်မှု တုန့်ပြန်မှုဟာလည်း စိတ်ပျော်ရွှင်စရာပဲ မဟုတ်လား။ သို့သော် သည်လို သုခဝေဒနာဟာ ထာ၀ရမဟုတ်ပါဘူး။ အချိန်ရောက်လာတဲ့အခါ လူတွေလိုပဲ ကြောင်တွေလည်း အိုကြ၊ နာကြ၊ သေကြရတာကိုး။ အဲသည်မှာ ကျနော်တို့လည်း ဒုက္ခဝေဒနာ ကို ခံစားကြရပြန်ပါတယ်။
ကျနော့်အလုပ်က ဆရာတယောက်ကတော့ ကလေးတွေကို ကြောင်မွေးတဲ့ဆီမှာ သဘာ၀တရားအကြောင်းကိုပါ သင်ကြားပေးချင်လို့ ထင်ပါတယ်။ ကြောင်ဂေဟာကနေ ကိုယ်ဝန်လွယ်ထားရတဲ့ ကြောင်မကြီးတဦးကို ခေါ်ပြီး မွေးစားလိုက်ပါတယ်။ ဆရာရဲ့ကလေးတွေဟာ ကြောင်မကြီးကိုယ်ဝန်သယ်ဘ၀ကနေ မိခင်အဖြစ် ကြောင်လေးတွေ မွေးတဲ့အချိန်ကစပြီး ကြောင်တွေကို ချစ်ခင်ဖို့ စောင့်ရှောက်ဖို့ တာဝန်ယူဖို့ အစကနေ အဆုံးအထိ အတွေ့အကြုံတွေ ရသွားနိုင်တယ် ဆိုကြပါစို့။ သူတို့အနောက်တိုင်းသားအချို့ရဲ့ အိုင်ဒီယာကိုတော့ ကျနော်လည်း ဉာဏ်မမှီပါဘူး။ သို့သော် ကျနော်တို့ကလည်း အခြားတိုင်းပြည်က ပြောင်းလာကြသူတွေဆိုတော့ သူတို့လိုလည်း မျက်စိနားလည်း မကျယ်တော့ ကြောင်မွေးတယ်ဆိုတာ ကိုယ့်အရိပ်ထဲ ခေါ်ထားပြီးရင် ပြီးပြီ ဆိုတာမျိုးပဲ လုပ်တတ်တာကိုး။ သူတို့လို ဆေးရုံတို့ ဆရာဝန်တို့ ဆေးအာမခံတို့ အသင်းအဖွဲ့တို့တွေလည်း ဗဟုသုတမရှိတော့ ကျွေးမွေးမယ် ချစ်မယ် မျက်စိအောက်မှာပဲ ထားတတ်တာ များတယ်လေ။ ကြောင်သန်းတို့ ကြောင်အမွှေးတွေ အလုံးလိုက်ဖြစ်ပြီး ကြောင်ဗိုက်ထဲ ဝင်တာတို့ ပြုစုတာတွေဆိုတာ နောက်မှ ဟိုမေးဒီမေးနဲ့ လုပ်တတ်လာတာပါ။ ကြောင်တွေကို ပုံမှန် သွား သွားဖုံး စစ်ဆေးပြီး သွားတိုက်တာတောင် မလုပ်ဖြစ်ပါဘူး။ ဒါပေမယ့် ကျနော်တို့လည်း ပျော်ပါတယ်။ ဂျန်ကင်းလည်း ပျော်ပါတယ်။
သည်လိုနဲ့ ပျော်ပျော်ရွှင်ရွှင်နေလာကြတာ ကျနော်နဲ့ ဂျန်ကင်းတို့ ၁၂ နှစ်ကျော် ကြာခဲ့ပါတယ်။ ဘ၀မှာ ခရီးဖော်တွေဆိုတာ ခရီးလမ်းတူချိန်နဲ့ လမ်းခွဲချိန်ဆိုတာ ရှိတယ်မဟုတ်လား။ အို နာ သေ ဆိုတဲ့ အချိန်ကို ရောက်ရှိကြတယ်။ ရင်ဆိုင်ကြရတယ်။ အခုချိန်မှာ ဂျန်ကင်းအတွက်တော့ အိုချိန် နာချိန်ရောက်နေပြီပေါ့။ ဒါပေမယ့် ခက်တာက ကျနော်တို့က သူ့ကို ဘယ်လို ပြုစုကုသမှုတွေ လုပ်ကြမလဲ။ အထူးသဖြင့် ကိုဗစ်၁၉ ကပ်ဆိုက်နေတဲ့ ကာလကြီး။
ကိုဗစ်၁၉ ကပ်ကာလထဲမှာ ကျနော်တို့ ချန်ရစ်ခဲ့ရတဲ့ သူတွေ အများကြီးပဲ။ ကိုဗစ်ကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ နဂိုမူလကျန်းမာရေးကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ဆုံးပါးကွယ်လွန်ကြသူတွေဟာ ၂၀၂၀ မှာ ပိုပြီး များပြားနေသလားပဲ။ ကိုဗစ်ဖြစ်နေတော့ ဆေးရုံဆေးခန်းတွေ ဆရာဝန် သူနာပြုတွေကလည်း ယခင်ကလို တွေ့ဆုံဆက်ဆံကြရတာမျိုးထက် ဆိုရှယ်ဒစ္စတန့်ဇင်းနဲ့ စည်းကမ်းတွေအရ အနီးကပ်ခွင့်မရ၊ လူနာနဲ့ လူနာရှင်တွေလည်း အတူယှဉ်တွဲ ကူညီစောင့်ရှောက်ခွင့် မရကြပါဘူး။ ဆုံးပါးသွားခဲ့ရင်လည်း ထုံးတမ်းစဉ်လာများနဲ့ သင်းဂြိုဟ်ခွင့် မရကြဘူး။ သေကွဲကွဲလို့ ဝမ်းနည်းရတာအပြင် နွေးထွေးစွာနဲ့ နောက်ဆုံးနှုတ်ဆက်ခွင့်မရလိုက်တာဟာလည်း ထပ်ဆင့်ကြေကွဲစရာတွေပါပဲ။
တိရစ္ဆာန်ဆေးခန်း ဆေးရုံတွေမှာလည်း သည်လိုမျိုးပဲ။ ကိုယ့်ခွေးတွေ ကြောင်တွေကို သူနာပြုတွေ ဝန်ထမ်းတွေလက်ထဲကို ကားရပ်နားတဲ့ပလက်ဖောင်းမှာတင် လက်လွှဲပေးလိုက်ရပြီး အပြင်ကနေ ဖုန်းကတဆင့် ထိုင်ပြီး နားစွင့်ကြရတာ။ သည်လို ဆေးခန်းကို သွားပြဖို့ ဖုန်းဆက်ပြန်တော့လည်း ကိုဗစ်ကာလမှာ တိရစ္ဆာန်ဆေးရုံဆေးခန်းတွေဟာ လူနာ (ကြောင်နာ ခွေးနာ) များလွန်းလို့ ရက်ချိန်းချိတ်မယ်ဆိုရင်တောင် ၂ ပတ်လောက် ကြိုချိန်းကြရတာ။ အကောင်းဆုံးကတော့ တိရစ္ဆာန်ဆေးရုံတွေရဲ့ အရေးပေါ်ကို တန်းပို့ပြီး ကုသမှု ခံယူကြဖို့ပဲ ရှိတယ်တဲ့။ အရေးပေါ်ပို့ရင်လည်း ခုနင်ကလိုပဲ ပလက်ဖောင်းပေါ်ကနေ သူနာပြုလက်ထဲ လွှဲပေးပြီး အပြင်က ထိုင်စောင့်ရုံသာ ရှိပါတယ်။
ဒါမျိုး ကြားဖူးနား၀တွေ အတွေ့အကြုံတွေ မရှိကြတော့ ကျနော်တို့မှာ ဂျန်ကင်းကို ဘယ်လိုမျိုး ဆေးကုသမှု ခံယူခွင့်ရအောင် လုပ်ဖို့တောင် မတတ်နိုင် မလုပ်နိုင် ဖြစ်ကြရပါတယ်။ ဘယ်ကိုပဲ ဆက်ဆက် ဆောရီးချည်းပဲ။ စနေနေ့မှာ အစားမစားတော့တဲ့နောက် ဆန်းဒေးမှာ ဇွန်းကလေးနဲ့ တဇွန်းရရ နှစ်ဇွန်းရရ ကျွေးနေသေးတယ်။ မန်းဒေးမှာတော့ဖြင့် ကျနော်တို့က ဂျန်ကင်း၏ အတွင်းအခြေအနေကို သိရဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ချင်လှပါပြီ။ ဒီလိုနဲ့ အိမ်နားက အိန္ဒိယကုန်စုံဆိုင်အနားမှာ ဖွင့်ထားတဲ့ ကိုယ်ပိုင်ဆေးခန်းငယ်တခုကို ဆက်မိသွားတယ်။ ဆေးခန်းကြီးတွေလိုမဟုတ်ပဲ ပါချာပီခေါင်းပေါင်းနဲ့ ဆစ်ခ်လူမျိုး တိရစ္ဆာန်ကုဆရာဝန်အဖိုးကြီး တဦးတည်း ထိုင်တဲ့ ဆေးခန်းပေါ့။ သူကို ဖုန်းဆက်တော့ ‘ ဒါဆိုရင် အဆုတ်မှာ တခုခုဖြစ်နေပြီ၊ အခုလာပြလှည့်တဲ့၊” အောင်မယ်လေး … ကိန်းကြီးခန်းကြီးမဆန်တဲ့ တောဆေးခန်းလေးကို ပြေးရတော့တာပေါ့။
ဒေါက်တာဆင်း ဟာ အာရှသားဆရာဝန်များလို ဟန်ဆောင်မှုမရှိ တုတ်ထိုးအိုးပေါက် ပွင့်ပွင့်လင်းလင်းပြောပါတယ်။ စိတ်ရှည်လက်ရှည်လည်း ရှင်းပြပါတယ်။ အမေရိကားမှာ ကိုဗစ်မဖြစ်ခင်တောင် လူဆရာဝန်နဲ့ သွားပြရင် ဆရာဝန်က ကွန်ပြူတာစကရင်ကနေ မျက်စိမခွာ ကီးဘုတ်ပေါ်လက်က ကပ်နေပြီး မေးတခွန်း ဖြေတခွန်းနဲ့ ၁၅ မိနစ် အတွင်း ကုသမှုပေးတတ်ကြတာမို့ ဒီဒေါက်တာဆင်းက ဂျန်ကင်းကို အချိန်ပေး စစ်ဆေးတာကို ကျေးဇူးတင်လှပါတယ်။ ဓာတ်မှန်လည်း ရိုက်၊ သွေးတွေလည်း စစ်ဖို့ ဖောက်ထုတ်၊ နားကြပ်နဲ့ နားကပ်ထောင်။ ပြီးတာနဲ့ ဒေါက်တာဆင်း စကားက မိုးကြိုးများ ပစ်လိုက်သလိုပါပဲ။

(ဆက်ရေးပါမည်)