Breaking News

ကိုသန်းလွင် - ရောဂါအများဖြစ်ပွားခြင်း


ကိုသန်းလွင် -  ရောဂါအများဖြစ်ပွားခြင်း

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀

(၁)

        ကမ္ဘာနှင့်အဝှမ်းများစွာသောလူများသည် နာတာရှည်ရောဂါ တခုထက်ပို၍ဖြစ်လာလေ့ရှိလာပါသည်။ ထို အချင်းအရာကို(Multi Morbidity)ဟုခေါ်ပါသည်။ ဥပမာအားဖြင့်ဥရောပတိုက်တွင်ရှိသော လူဦးရေ၏တစ်ဝက် ကျော်ကျော်သည်အသက် ၆၅နှစ်ထက်ကြီးကြပြီးသန်း ၅၀ကျော်ပါသည်။ ၄င်းတို့တွင် နာတာရှည်ရောဂါအနည်း ဆုံး ၂ မျိုးကို ခံစားနေရပါသည်။ အင်္ဂလန် ပြည်တွင်ရောဂါနှစ်မျိုးထက်ရှိသောသူသည် ၂၀၁၅ ခုနှစ်က ၅၄% ကျော်ရှိပြီး၊ ၂၀၃၅ တွင် ၆၈% ကျော်ရှိမည်ဟု ခန့်မှန်းပါသည်။ သိပ္ပံနှင့်ဆေးပညာမှာ ထိုပြောင်းလဲမှုကို တုန့်ပြန်  ရန်အတွက် နှေးကွေးနေပါသည်။

         ထိုသို့ဖြစ်ရသည်မှာအရေးမကြီးဘူးဟုထင်ရပြီး ဖြစ်ပွားမှုမှာလည်း နေရာတိုင်းမဟုတ်၊ နေရာအချို့၌သာ ဖြစ်သညိထင်ရသည်။ သို့သော် တကယ်တမ်းတွင် ရောဂါသည် စုပေါင်းဖြစ်တတ်သော သဘောရှိသောကြောင့် ဤအဖြစ်အပျက်များကို မြင်အောင်ကြည့်ရှု့ရပါမည်။ ရောဂါသည် (Cluster) လိုက် စုပေါင်းဖြစ်တတ်သော နေရာ များမှာ ထောင်ချီ၍ရှိနိုင်ပါသည်။ ဥပမာ ဆီးချိုရောဂါနှင့်အတူ အရေပြားတွင် ဖြစ်တတ်သော ရောဂါများ နှင့်အကြောနှင့်ဆိုင်သောရောဂါများ၊ နှလုံး၊ မျက်လုံးနှင့် ဦးနှောက်တွင် ဖြစ်ပွားသော ရောဂါများဖြစ်ပါသည်။ ယခုအချိန်တွင် ဖြစ်တတ်သောရောဂါများကို (Statistic) စာရင်းအင်းနှင့်ကြည့်နိုင်ခြင်း အက်လက်ထရောနစ် ရောဂါမှတ်တမ်းများမှကြည့်နိုင်ခြင်း၊ စက်များတွင် AI Artificial Intelligent တပ်ဆင်ထားနိုင်ခြင်းတို့ကြောင့် ရောဂါ အချင်းချင်း ဆက်သွယ်မှုကို ပိုမိုနားလည်လာကြပါသည်။

         ထိုရောဂါဖြစ်တတ်သော အစုများကို လေ့လာခြင်းဖြင့် (Random) မဟုတ်ဘဲ တစ်နေရာထဲတွင် အဖြစ် များနေသည်မှာ သိလာနိုင်ကြပါသည်။ ထိုမှတဆင့်ရောဂါဖြစ်ပွားရန် နည်းလမ်းများနှင့် ထိုရောဂါကိုကုစားရန် နည်းလမ်းတို့ကို ဖော်ထုတ်နိုင်ကြပါသည်။ အတူတကွဖြစ်ပွားနိုင်သောရောဂါများကို ရှာဖွေကြရန်မှာ သုတေ သနပြုလုပ်သူများကို အလုပ်ဖြစ်ပါသည်။

(၂)

       ရောဂါတခုထက်ပိုမိုဖြစ်ပွားခြင်းမှာ လူနေမှုစနစ်အမျိုးမျိုးတွင်ရှိ နိုင်ပါသည်။ ပိုက်ဆံချမ်းသာသော သူများ တွင်အသက်ရွယ်တူမိမိလောက်မချမ်းသာသောသူများထက်ရောဂါကင်းကြသည်။ ငွေကြေးချမ်းသာ သူများတွင်  ဆေးလိပ်သောက်သူများအတွက် အဆုတ်ကင်ဆာနှင့်နှလုံးသွေးလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ၊ ကူးစက် ခြင်း မရှိသောရောဂါများဖြစ်ပွားတတ်ပါသည်။

       ဝင်ငွေနည်းသောမိသားစုများတွင် အသက် ၅ နှစ်အောက်ကလေးငယ်များအတွက် အစာအာဟာရနှင့် သက်ဆိုင်ပြီးကူးစက်တတ်သောရောဂါများဖြစ်ပွားကြောင်းတွေ့ရသည်။ ဥပမာ တန်ဇေးနီးယား တွင်ငှက်ဖျား ရောဂါနှင့် အစာအာဟာရမလုံလောက်သောရောဂါနှင့် ထိခိုက်ရှနာမှု (Accident) များဖြစ်နိုင်ပါသည်။

       ဒေသအလိုက်လူတို့အနေအထိုင်နှင့်ပါတ်သတ်ပြီး ပြောင်းလဲမှုများရှိနိုင်သည်။ ပညာတတ် နည်းပါးသော အသိုင်းအဝိုင်း ဥပမာ တောင်အာဖရိကနိုင်ငံတွင်ဖြစ်တတ်သောရောဂါများမှာ သွေးထဲတွင် သွေးနီဥနည်းပါးခြင်း ရောဂါမှာ ကူးစက်နိုင်သော HIV ရောဂါများနှင့်အတူတွေ့ရပါသည်။ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသောအာရှနိုင်ငံ များတွင် ပုံစံ(၂) Type 2 ဆီးချိုရောဂါ၊ နှလုံးသွေးလမ်းကြောင်းနှင့် ပါတ်သက်သောရောဂါများနှင့် အဆုပ်ရောဂါ များ၊ အခြားဆင်းရဲခြင်းကြောင့်ဖြစ်လာသောရောဂါများဖြစ်ပွားနိုင်ပါသည်။

        စိတ်ရောဂါနှင့်အတူ ကိုယ်ခန္ဓာနှင့်ဆိုင်သောရောဂါများမှာယှဉ်တွဲ၍ ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာကြောင့်၊ စိတ်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါသည်။ စိတ်ရောဂါဖြစ်နေသူတစ်ယောက်တွင် ကိုယ်ခန္ဓာကိုထိခိုက်ပြီး အသက်တိုနိုင်သည်။ ကိုယ်ခန္ဓာတွင်ရောဂါဖြစ်နေပါကလည်း စိတ်ရောဂါအဖြစ်ပြောင်း လဲ (Depression) သွားနိုင်ပါသည်။ သွေးတွင် ပိတ်ဆို့မှုများရှိ၍ (Sickell-cell) ခေါ် မျိုးရိုးလိုက်သည့်ရောဂါမှာ အသက် ၂၀ အောက် အရွယ်ကလေးများတွင် ဖြစ်ပွားနိုင်သည်။ သွေးထဲတွင် အောက်စီဂျင် မလုံလောက်သဖြင့် ရောဂါကူးစက်ရန်လွယ်ကူပြီး (Stroke) ရနိုင်သည်။ ထိုရောဂါရှိသူများတွင် စိတ်ရောဂါပါဖြစ်သွားနိုင်သည်။

       ရောဂါဖြစ်ပွားခြင်းနှင့် ပါတ်သတ်၍အခြားအ ရေးကြီးသော အကြောင်းအရာတခုမှာအသက်အရွယ်ကြီးရင့် လာခြင်းဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်လာ သောအခါ ရောဂါတခုထက်ပိုမိုဖြစ်ပွားရန် အခွင့်အရေးမှာ ပို၍ များပြားသည်။ အသက် ၆၀ မပြည့်သေးသူများ အတွက် မိုဘစ်ဒီတီ (Morbidity) မှာ သိသိသာသာလျော့ နည်း သည်။ ဂျပန်၊ စင်္ကာပူကဲ့သို့သော နိုင်ငံများတွင်အသက်ရှည်စွာနေနိုင်ရေးမှာ အခွင့်အလမ်းများသလို ပို၍ဂရုစိုက် ရသည်။

       ဝင်ငွေများသောနိုင်ငံများတွင် ရောဂါမရှိဘူးဟုဆိုလျင်လည်း လုံးဝမရှိဘဲ ရှိပြီဆိုလျင်လည်း ၂ ခုထက်ပို၍ များတတ်ပါသည်။ ဝင်ငွေအလယ်အလတ်ရှိသည့်နိုင်ငံများ ဥပမာ တရုတ်ပြည်နှင့် တောင်အာဖရိကနိုင်ငံများ တွင် အသက်အရွယ်ကြီးရင့်သူများ၌ မိုဘစ်ဒီတီ ပိုများလာသည်ကိုတွေ့နိုင်ပါသည်။ ဆင်းရဲခြင်းဖက်လာသော အခါပို၍ရှုတ်ထွေးကုန်သည်။

      အများသောအားဖြင့် သုတေသနလုပ်ငန်းများမှာရောဂါတခုခုကိုလည်းကောင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း တခုကိုလည်းကောင်း မူတည်၍ ပြုလုပ်ကြပါသည်။ တကယ်လက်တွေ့တွင် နှလုံးရောဂါ၊ နို့ကင်ဆာရောဂါ စသည်ဖြင့် ခန္ဓာကိုယ်၏အဓိကအစိတ်အပိုင်းများကပါ ထိခိုက်ကြသောအခါ ဖြစ်ပေါ်လာသောအကျိုးသက် ရောက်မှုများမှာ ကုသရန်ခက်ခဲသွားသည်ကို တွေ့နိုင်ပါသည်။

       ဥပမာနှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ (Asthma) ရောဂါ ဖြစ်ပွားပါက ဆေးကုသခံရမည့်နေရာ ၃ ခုသို့သွား ရန်လိုအပ်ပြီး ထိုနေရာတခုစီမှ ဆရာဝန်များအနေဖြင့် မိမိဖာသာကုထုံးဖြင့် ကုသရမည်ဖြစ်ရာထိုရောဂါရှိသူများ အနေဖြင့်မဖြစ်နိုင်သော အခြေအနေကို ရင်ဆိုင်ဆုံးဖြတ်နေရသကဲ့သို့ဖြစ်ပါသည်။ ဆရာဝန် ၃ ဦးမှာ ကုသနည်း မတူညီသောကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်စကားပြောနေရန်အရေးကြီးသည်။

        ထို့ပြင် ထိုကဲ့သို့ရောဂါရှိနေသူတစ်ဦးကို ဆေးတမျိုးပေးလျင် ထိုဆေး၏အကျိုးသက်ရောက်မှုမှာ အခြား ရောဂါများကိုထိခိုက်စေနိုင်သည်။ ဆေးကြောင့်ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သည်။ ဤကိစ္စကို (Polypharmacy) ဟုခေါ်ပါသည်။ အတိုချုပ်ပြောရလျင် အခြေအနေအမျိုး မျိုးတို့ကိုဆေး တမျိုးနှင့်လည်းကုသ ရန်မဖြစ်နိုင်ပေ။

       ရောဂါအခြေခံနှင့်ဖြစ်ပွားမှုတို့ကို ရှာဖွေရန်မှာ (Epidemiologist) တို့တာဝန်ဖြစ်သည်။ ၁၈၀ဝ ခုနှစ်များဆီ က နိုက်တင်ဂေး ( Florence Nigtingale) နှင့် ဂျွန်စနိုး (John Snow) တို့သည် အိမ်သာမသန့်ရှင်း မစင်ကြယ်မှု နှင့် တိုက်ဖွိုက်ရောဂါ၊ ဝမ်းရောဂါနှင့် ဆေးရုံများတွင် ကူးစက်နိုင်ခြင်းများကို တွေ့ရှိရာမှ တစ်ကမ္ဘာလုံးအိမ်သာ သန့်ရှင်းရေးကိုဂရုစိုက်လာ ကြသည်။ မကြာသေးမီအချိန်ကဆေးလိပ်သောက်ခြင်းသည် အဆုပ်ကင်ဆာ၊ နှလုံး သွေးကြောပိတ်သောရောဂါနှင့် အသက်ရှုလမ်းကြောင်းပိတ်ဆို့ရောဂါများဆက်စပ်ပုံကိုတွေ့ရှိခဲ့ကြပါသည်။ ဤ သည်မှာဆေးလိပ်သောက်သောသူနှင့် ဆေးလိပ်မသောက်သောသူတို့ကိုခွဲခြားရာမှနားလည်လာခဲ့ကြပါသည်။

       လွန်ခဲ့သော ၅ နှစ်နှင့်မတူအောင်ရောဂါများကို အီလက်ထရောနစ်မှတ်တမ်းများ လူနာအချင်းချင်းတွေ့ ဆုံရာမှ ၄င်းရောဂါနှင့်ပါတ်ဝန်းကျင်ဆက်သွယ်မှုများကို ပိုမိုထုတ်ဖော်လာနိုင်ကြပါသည်။ ဖေ့စ်ဘွတ်ကဲ့သို့သော မီဒီယာများမှတစ်ဆင့် မိမိတို့ရောဂါအခြေအနေကို လူနာအချင်းချင်း၊ ဆရာဝန်နှင့် လူနာအကြား သတင်းများမျှ ဝေကြရာမှ ပိုမိုနားလည်လာကြပါသည်။

     ရောဂါတမျိုးမျိုးနှင့်ပါတ်သက်၍ အစပြုပုံ တဖြည်းဖြည်းအရှိန်ရလာပုံများကို သိလာရာမှ တစ်ဆင့် ရောဂါဖြစ် ပွားရပုံများကို ကျယ်ကျယ်ပြန့်ပြန့်နားလည်လာကြပါသည်။ ထိုသို့သော အချက်များမှာ ဆေးကုသသော၊ ဆရာ ဝန်များ အဖို့အလိုအပ်ဆုံးအချက်အလက်များဖြစ်ကြပါသည်။

(၃)

အသက်ကြီးလာလျင် ခံနိုင်ရေအားကျဆင်းပြီး ပြင်ပရောဂါများကိုဖိတ်ခေါ်သလိုဖြစ်တတ်ပါသည်။ အသက်ကြီးလာမှ ငယ်ငယ်ကလို မကာကွယ်နီုင်တော့ပါ။ ထို့ကြောင့် ငယ်စဉ်အခါကစ၍ဆေးလိပ်သောက်ခြင်း၊ အရက်သေ စာသောက်စားခြင်း၊ စသည့်ကျန်မာရေးနှင့် မညီညွတ်သော အပြုအမူများကို ရှောင်ရှားသင့်သည်။

ကိုသန်းလွင်

Ref: Map Clusters Of Disease to Tackle multimorbidity by Christopher Whitty, Nature 26 March 2020.