Breaking News

ကိုသန်းလွင် - ကလေးများ၊ ငယ်ရွယ်သူများနှင့် ကိုဗစ်ရောဂါ



ကိုသန်းလွင် - ကလေးများ၊ ငယ်ရွယ်သူများနှင့် ကိုဗစ်ရောဂါ

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၀

(၁)
Severe Acute Respiratory Syndrome ခေါ် ကိုရိုနာဗိုင်းရပ် (SAR-Cov-2) ရောဂါဖြစ်ပွားမှု သည်ကမ္ဘာလုံးဆိုင် ရာကလေးများ နှင့်အသက်ငယ်ရွယ်သူများ၏ ကျန်းမာရေးအပေါ်အာရုံစိုက်စေခဲ့ပါသည်။ ယေဘူယျအားဖြင့်ပြောရလျင်အခြားအသက်ကြီးသူများနှင့် နှိုင်းယှဉ်ပါက ကလေးများနှင့်ငယ်ရွယ်သူများကို ရောဂါက မထိခိုက်စေနိုင်ပါ။ တစ်ကမ္ဘာလုံးနီးနီး ကျောင်းများပိတ်ထားသောကြောင့် ကလေးများ၏ရောဂါပြန့်ပွားရေး တွင် ပါဝင်မှုကို မသိသာစေနိင်တော့ပါ။ သို့သော် ကလေးများ၏ ယခင်ကဖြစ်ပွားခဲ့သော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါပြန့်ပွားသူများတွင် အဓိက ပါဝင်ပါတ်သက်လိမ့်မည်ဟု ထင်စရာရှိပါသည်။ သို့သော် တဖြည်းဖြည်း စမ်းသပ်မှု များမှအဖြေများကိုကြည့်ရသည် မှာ ဤသို့ မဟုတ်တန်ရာပါ။

ကလေးများ၏အနည်းစုသာ ဤရောဂါ၏လွှမ်းမိုးမှုကို ခံရသောကြောင့် ရေရှည်တွင် မည်သို့ရှိမည်ဆိုသည် ကိုမပြောနိုင်ပါ။ သို့တစေ ကလေးငယ်များနှင့် အသက်ငယ်ရွယ်သူများကို လော့ဒေါင်း လုပ်ခြင်းက များစွာထိခိုက် စေခဲ့သောကြောင့် ကလေးများ၏ကျန်းမာရေး ရပိုင်ခွင့်၊ လူမှုရေးစောင့်ရှောက်ခွင့်၊ စိတ်ဓာတ်ဆိုင်ရာထိခိုက်မှုကို ကာကွယ်ခြင်း စသည်တို့ကို ရောဂါဖြစ်ပွားနေစဉ်ပင် ရရှိနိုင်ရန် ဂရုပြုကြရပါသည်။

(၂)
Contact Tracing လုပ်ငန်းကြောင့်သိလာရသည်မှာ ကလေးများသည်အရေးကြီးသော ရောဂါကူးစက်ခြင်း မခံရပါဟု အဖြေထွက်လာပါသည်။ တရုတ်ပြည်မှကလေး ၂၁၄၃ ဦးတွင် ၁၁၂ ဦး (၅.၆%) သာ ရောဂါရှိကြောင်း တွေ့ရှိကြရပါသည်။ ထိုအထဲမှ ၁၃ ဦးသာ အခြေအနေဆိုးဝါးသည်ကို တွေ့ကြရပါသည်။ ထိုရောဂါကြောင့်သေဆုံး ရသူ ကလေးဦးရေမှာ မေလအထိ တရုတ်ပြည်တွင် ၂ ယောက်နှင့် အီတလီနိုင်ငံတွင် တစ်ယောက်သာရှိကြောင်း တွေ ့ရှိရပါသည်။ ကလေးများသေဆုံးကြောင်းအခြားနိုင်ငံမှ ရီပို့များတွင် မတွေ့ရပါ။

အသက်ကြီးသူများ၏ သေဆုံးနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၄% ရှိသည်။ ဤသို့ တစ်ကမ္ဘာလုံးစာရင်းများက နည်းသည်ဟုဆိုရသော်လည်း ကာကွယ်မှုတွင်တော့ ကလေးများအတွက် ဆို၍ပေါ့မနေသင့်ပေ။

ကလေးများကို ချည်းသက်သက် စူးစမ်းလေ့လာမှုတော့မရှိသေးပါ။ သို့ပါသော်လည်း မည်သည့် ပထဝီ အနေအထားအမျိုးမျိုးပင်ဖြစ်စေ ကလေးတစ်ဝက်ခန့်မှာ ရောဂါကိုတုန့်ပြန်နိုင်သည့် Antibody ရှိနေကြပြီးရောဂါ အခြေ အနေပြသမှုများကြောင့် ဆေးရုံတက်ရသည့်ဦးရေမှာ နည်းပါးပြီး လူဦးရေနှင့်အချိုးချပါက ၁% ထက်ပင် နည်းပါ သေးသည်။ လူကြီးများတွင် ဤရာခိုင်နှုန်းမှာ ၂၇ ခန့်ရှိသည်။

ကလေးများတွင် အဘယ့်ကြောင့်ရောဂါအဖြစ်နည်းသည်ကို သေချာစွာမသိရသေးပါ။ ကလေးများတွင် ရောဂါကိုကာကွယ်နိုင်သော အန်တီဘော်ဒီ များအားသန်နေခြင်းလည်းဖြစ်နိုင်ပါသည်။ Angiotensin, ACE2 ခေါ် အင်ဇိုင်းတစ်မျိုးသည် ကလေးများတွင်နည်း၍ အသက်ကြီးလာသည်နှင့်အမျှ များလာတတ်ပါသည်။ ၄င်းနှင့် ဆက်စပ်မှုရှိမရှိကို သုတေသနပြု ရှာဖွေလျှက်ရှိကြပါသည်။ သို့သော်(Nasal Swab) ခေါ် နှားခေါင်းရည်များမှာ ရောဂါပိုး သည်အသက်အရွယ် မရွေး ရှိနေသောကြောင့် ရောဂါပိုးရှိသော်လည်း ခုခံအားကြောင့် ထိခိုက်မှု မတူဘူး ဟုသာ ယူဆရပါသည်။

ကလေးများ၏ကိုယ်ခံအားရှိမှုကို ပထမဆုံးရောဂါဖြစ်ပွားစက အနည်းဆုံးကလေးနှင့် လူငယ် တစ်ထောင်ခန့် ကို နိုင်ငံအမျိုးမျိုးတွင်ကို စမ်းသပ်ခဲ့ကြပါသည်။ ဤရောဂါနှင့်အတူ (Kawasaki)ခေါ် ရောဂါမှာ အမြဲတန်းနှာရည် ရွဲစို၍ ဖျားနာတတ်သော ရောဂါမျိုးသည် ဆက်တိုက် ဖြစ်ပေါ်တတ်ပါသည်။ ၄င်းသည်တစ်ယောက်မှ တစ်ယောက် သို့ မကူးနိုင်ပါ။ ထိုရောဂါကိုလည်း ကလေးများတွင် ခုခံအားရှိသော Immune System တခုပေါ်ပေါက်နေကြောင်း တွေ့ရှိရပါသည်။ ရောဂါဖြစ်သော ကလေးများတွင် ၄ ပါတ်မှ ၆ ပါတ်အကြာ နှာခေါင်းတွင်ပိုး တွေ့ရသော်လည်း လူတွင်ရောဂါဖြစ်ပေါ်ကြောင်း မသိရပါ။ တစ်နည်းဆိုလျင် အင်တီဘော်ဒီများကြောင့် ရောဂါ ကိုခံနိုင်ရည်ရှိ ကြောင်း ပြသခြင်း ဖြစ်ပါသည်။

အမေရိကန် ရောဂါပြန့်ပွားမှု တိုက်ဖျက်ရေး (စီဒီစီ) ၏ ထုတ်ပြန်ချက်အရ လူသေခြင်းမှာ နည်းပါးပါသည်။ ယခုနှစ် မတ်လမှဇူလိုင်လ အတွင်း အမေရိကားတွင် လူနာ ၅၇၀ တွင် ၁၀ ယောက် သေဆုံးခဲ့ပါသည်။ အင်္ဂလန် နိုင်ငံတွင် အသေအပျောက် မရှိပါ။ သို့သော် ၄င်းတို့၏ နောက်ပိုင်းအခြေအနေများမှာ ဘာဖြစ်မည်ကို ခန့်မှန်း ရန်ခက်ခဲပါသည်။ ဤရောဂါဖြစ် ရသည့် ကလေးများနှင့်ငယ်ရွယ်သူများကို အချိန်မှန်မှန်ဆေးစစ်ဆေးနေရန်လို အပ်ပါသည်။

ကလေးများသည် ရောဂါပြန့်ပွားမှုကို ဘယ်လို အထောက်အကူပြုပါသနည်း။ ဤရောဂါဖြစ်ပွားသော ကလေး များ၏ နှာခေါင်း၊ နှာရည် (Nasal Astirate) တွင်ရှိသော ဗိုင်းရပ်အရေအတွက်သည် လူကြီးများနည်းတူဖြစ်စေ၊ လူကြီး များထက်များ၍ဖြစ်စေ ရှိနေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ရောဂါပြန့်ပွားရာ ကလေးများ၏ အခန်း ကဏ္ဍမှာ လျော့၍တွက်နေကြသလားဟု ထင်စရာဖြစ်လာပါသည်။ ၄င်းတို့၏ ရောဂါပြန့်ပွားသည့် ပထမအပါတ် အတွင်း ဗိုင်းရပ်များ၏အရေအတွက်သည် လူကြီးတစ်ယောက်ရောဂါဖြစ်၍ ၇ ရက်အကြာတွင်ရှိသောဗိုင်းရပ်အ ရေအတွက်ထက် နည်းနေကြောင်းတွေ့ရှိရပါသည်။ သို့သော်လည်း ဤလေ့လာချက်မှာ ရောဂါဖြစ်ပွားသည့် က လေးများအရေအတွက် မများလုသောကြောင့် သေချာပေါက်မပြောနိုင်ဘဲ ဖြစ်နေပါသည်။

ကျွန်တော်တို့အတွက် ဂရုပြုရမည်မှာ ထိုကဲ့သို့သောရောဂါဖြစ်နေသော ကလေးမှ ဗိုင်းရပ်သည် အိမ်များ၊ ကျောင်းများတွင် ပြန့်ပွားနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် မူလတန်းကလေး (၅နှစ်မှ ၁၁နှစ်) နှင့် အလယ်တန်း ကျောင်းသားများ (၁၁ နှစ်မှ ၁၈နှစ်အထိ) တို့၏ ရောဂါပြန့်ပွားအောင်လုပ်ခြင်းမှာ ကျောင်းများကို ပိတ်ထားမှု ကြောင့်နှင့် အခြားလုပ်ဆောင်ချက်များ ကြောင့်ဖြစ်စေ အကျိုးသက်ရောက်မှုကိုမသိနိုင်ဘဲရှိနေပါသည်။

မည်သို့ဆိုစေ၊ သိပြီးဖြစ်သောရောဂါဖြစ်ပွားနေရာများ၌ မူလတန်းနှင့် အလယ်တန်းကျောင်း၊ ကျောင်းပိတ် ခြင်းကြောင့် ရောဂါပြန့်ပွားမှုမှာ သက်သာမှုရှိကြောင်းတွေ့ရှိရပါသည်။ ၂၀၂၀ ဇွန်လတွင် ကျောင်းများကိုပြန်ဖွင့် သောအခါ အင်္ဂလန် နိုင်ငံတွင်ကျောင်းသားဦးရေ ၂၃,၃၅၈ ယောက်တွင် တစ်ယောက်သာ နှာခေါင်း Swab တွင် ရောဂါကူးခံရကြောင်းသိရသည်။ ဤသည်မှာ ကျောင်းသားဦးရေ တစ်သိန်းတွင် ၃.၉ နှုန်းသာရှိသည်။ အခြား တဖက်မှ ကြည့်လျင်လည်း အိမ်များတွင်ရောဂါဖြစ်ပွားသည့်မှုတွင် ကလေးများတွင် ဦးရေအနည်းအကျဉ်းမျှသာ တာဝန်ရှိကြောင်းတွေ့ရှိရပါသည်။

မကြာမီက ကောက်ယူခဲ့သော စာရင်းအရ မေလနှင့်ဇွန်လတွင် ကျောင်းများပြန်ဖွင့်ခြင်းကြောင့် ဥရောပ နိုင်ငံ အများအပြားတွင်ရောဂါပြန့်ပွားမှုနှုန်းမှာ သိသိသာသာပြောင်းလဲမှု မရှိကြောင်းတွေ့ရှိရပါသည်။ နိုင်ငံအများ အပြားတွင် ဤကာလ၌ ရောဂါပြန့်ပွားနှုန်းမှာ ကျဆင်းလျက်ရှိသည်ကိုတွေ့ရပါသည်။

သို့သော် အစ္စရေးနိုင်ငံတွင် မေလကအလယ်တန်းကျောင်းတစ်ကျောင်းမှာ လော့ဒေါင်းအပြီး ပြန်အဖွင့် တွင် ကျောင်းသား၂ ဦးတွင် ရောဂါဖြစ်နေကြောင်းတွေ့ရှိရ၍ ပြန်လည်ပိတ်ခဲ့ရပါသည်။ ထိုကျောင်းမှာ ရောဂါရှိ မရှိ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် ကျောင်းသား ၁၅၃ (၁၃.၂%) နှင့် ဝန်ထမ်း ၂၅ ယောက် (၁၆.၆%) တို့တွင် စမ်းသပ်ရနိုင်လောက်အောင် ပိုးများတွေ့ရှိရပါသည်။ Contact Tracing အရ ဆက်လက်စမ်းသပ်ရာတွင် လူ ၈၇ ဦးမျှ ရောဂါပိုးရှိကြောင်း ထပ်မံတွေ့ရှိရပါသည်။ ဤသည်မှာ ကျောင်းများတွင် ဖြစ်လေ့ရှိသောပြန့်ပွားမှုမျိုးဖြစ်ပြီး နေပူသောကြောင့် ကျောင်းများတွင် လေအေးပေးစက်ကိုဖွင့်၍ အသုံးပြုရာမှ ရောဂါကူးစက်ကြောင်းတွေ့ရှိ ရပါ သည်။ ဤကျောင်းတွင် ဖေ့မတ် (Face mask) ကိုသုံးစွဲရမည်ဟုတင်းတင်းကြပ်ကြပ်အမိန့်မထုတ်ခဲ့ပါ။ အတန်း တစ်တန်းလျှင် ၃၅ မှ ၃၈ ယောက်အထိရှိပြီးကျောင်းသားတဦးနှင့်တဦးအကွာအဝေးမှာ ၁.၁ မီတာမှ ၁.၃ မီတာ ဖြစ်ပါသည်။

(၃)
အခြားသတိပြုရမည့်အချက်မှာ ကလေးများ၏အိမ်တွင်းတွင်ဖြစ်လေ့ရှိသော (Accidents) များဖြစ်သည်။ အီတလီတွင် Home injuries များမှာလော့ဒေါင်းကာလတွင် သိသိသာသာကြီးတိုးမြင့်လာပါသည်။ တခါတရံမှာ ကိုဗစ်ရောဂါဖြစ်သည်ထက်ပင် ဆိုးရွားသောအတွေ့အကြုံများကိုတွေ့ရပါသည်။ အင်္ဂလန်နိုင်ငံတွင်မူ အိမ်တွင်းထိ ခိုက်မှုကြောင့် အသေအပျောက်ရှိခဲ့ပါသည်။ နိုင်ငံအများအပြားတွင် ငယ်ရွယ်သူများ စိတ်ပိုင်းဆိုင်ရာ အနှောက် အယှက်များဖြစ်ကြရပါသည်။ အင်္ဂလန်နိုင်ငံတွင် လော့ဒေါင်းလုပ်ထားစဉ်ကာလက အသက် ၁၈ နှစ်အောက် ကလေးများတွင် မိမိဖါသာ သတ်သေနှုန်းတိုးမြင့်လာသည်ဟု ဆိုပါသည်။

ရောဂါပြန့်ပွားမှုတွင် ကလေးများ၏ ပါဝင်မှုမှာ မကွဲပြားသေးပါ။ ရောဂါပြန့်ပွားမှု ကာကွယ်ရေး လုပ်ငန်း များကိုသာ ပြဌာန်းနိုင်လျင် ကလေးများ၏အကျိုးသက်ရောက်မှုမှာ အလွန်နည်းပါးပါသည်။

ကိုသန်းလွင်
Ref: Covid 19 in Children and Young People. Matthew Snape Science, October 16 2020