ဇင်လင်း - ယာယီ စစ်ပွဲများရပ်စဲရေး မှ ထာဝရ ငြိမ်းချမ်းရေးဆီသို့

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၀
မျက်မှောက် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေအပေါ် ပြည်သူလူထုက စိတ်ဝင်စားစွာ စောင့်ကြည့််နေကြ သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)သည် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် နေရစဉ်ကာလ၌ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပြည်သူတို့၏ မဲဆန္ဒ အများစုကို ပြတ်ပြတ်သားသား လက်ခံ ရရှိခဲ့သည်။ မဲဆန္ဒပေးခွင့်ရှိသူ ၃၈ သန်းကျော်အနက်မှ ရ၁ ရာခိုင်နှုန်းကျော်လာရောက် မဲပေးခဲ့ကြသည်မှာ သမိုင်းတွင် စံချိန်တင်သည့် ဖြစ်ရပ်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စုလွှတ်တော် နေရာအားလုံး၏ ရလဒ်ကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် အတည်ပြုကြေညာခဲ့ရာ NLD ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။ ဤသို့ NLD ပါတီကို ပြည်သူတို့က တစ်ခဲနက် မဲပေးခဲ့ခြင်းသည် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကဲခပ်များက သုံးသပ်ကြသည်။
NLD ပါတီ၏ အနိုင်ရလဒ် ပြတ်သားမှု ရှိခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်း နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် အများစု၏ တူညီသည့် ကောက်ချက်မှာ ရွေးကောက်ပွဲ နီးလာချိန်တွင် အတိုက်အခံပါတီ သုံးဆယ်ကျော်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် တွေ့ဆုံခဲ့မှုကြောင့်ဟု သုံးသပ်ကြသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်၏ မှတ်ချက်စကားရပ်အချို့အပေါ်တွင် ပြည်သူ လူထုက စိုးရိမ်မှုဖြစ်ခဲ့၍ဟုလည်း ဆိုကြသည်။ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သည့် မှတ်ချက်စကားအချို့သည် သမိုင်းအခြေအနေနှင့် ဆီလျော်မှုမရှိသောကြောင့် မူလက မဲရုံသွားရန် စိတ်ဝင်စားမှု မရှိသူများ သည်ပင် ဆန္ဒမဲပေးမှ ဖြစ်မည်ဟု စိတ်ပြောင်းစေခဲ့သည်ဟု ဆိုကြသည်။ ထို့ပြင် NLD ပါတီ၏ “အောင်လံ ခိုင်ဖို့ မဲပေးစို့” ဆိုသော ဆောင်ပုဒ်အရလည်း ဒီမိုကရေစီ အုတ်မြစ် အခြေမခိုင်သေး ကြောင်း လူထုကို အချိန်ကိုက် နှိုးဆော်နိုင်ခဲ့သဖြင့် လူထုအား မဲပေးရန် တာဝန်ရှိမှုကို တပ်လှန့်လိုက်သကဲ့သို့ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က ၃၉၆ နေရာဖြင့် မှန်းချက်ကို ကျော်လွန်၍ ပြတ်သားစွာ အနိုင်ရရှိခဲ့သည်။
ထိုသို့ရွေးကောက်ပွဲရလဒ် ရှင်းလင်ပြတ်သားမှုကြောင့် NLD ပါတီ၏ အောင်မြင်မှုရလဒ်ကို ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ အထူးသဖြင့် ၀အဖွဲ့(UWSA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြိုဆိုဂုဏ်ပြုခဲ့သည်မှာ ထူးခြားမှုဖြစ်သည်။
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့၏ စစ်ရေးထိပ်တိုက်တွေ့မှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၁၀ ခုတွင် စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိနေသည်ဟု စစ်ဘေး ဒုက္ခသည်များ အရေး အကူအညီပေးနေသည့် REC အဖွဲ့က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်း ဇယားများအရ ၂၀၂၀ စက်တင်ဘာ ၁၁ ရက်နေ့အထိ စစ်ရှောင်စခန်းများ၏ အတွင်းနှင့် စခန်းပြင်ပတို့တွင် ခိုလှုံနေသည့် စစ်ဘေးဒုက္ခ သည် ဦးရေသည် ရ၆,၀၀၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲများ ရပ်တန့်၍ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပေးရန် ရက္ခိုင့်တပ်တော်(AA) က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ တပ်မတော်ကလည်း ကြိုဆိုကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က အပြန်အလှန် ထုတ်ပြန် ကြေညာခဲ့ကြသည်။ ထို့နောက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ ဒေသတည်ငြိမ် အေးချမ်းနေခဲ့သည်ကို ကြားသိရသည်။ ထိုသို့ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများရပ်နေခဲ့ခြင်း ကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်သောင်းဝန်းကျင် နေရပ်ပြန်သွားကြသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က RFA သတင်းသို့ ပြောကြားကြောင်း သိရသည်။
သို့ဖြစ်၍ ရွေးကောက်ပွဲ အဖြေရလဒ် ပြတ်ပြတ်သာသားထွက်ပေါ်လာခြင်း၏ အကျိုးကို စစ်ဘေးရှောင်ပြည်သူများ စတင် ခံစားရသည်ဟု ဆိုနိုင်သည်။ နေရပ်ပြန်သူအားလုံးနီးပါးသည် အပြီးပြန်သော သဘောမျိုးတော့ မဟုတ်သေးဟု ဆိုသည်။ တိုက်ပွဲ ရပ်ဆိုင်းထားချိန် သည် လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းကာလဖြစ်သောကြောင့် ယာယီ ပြန်ကြသည့် သဘော ဖြစ်သည်ဟု REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက သုံးသပ်ပြောကြားသည်။ လက်တလော ငြိမ်းချမ်းရေးအာမခံချက် မရှိသေးသောကြောင့် အပြီးပြန်နိုင်မည့်အခြေအနေဟု သေသေချာချာ မပြောနိုင်သေးဟု ဆိုသည်။
တိုက်ပွဲရပ်ထားသော်လည်း နှစ်ဖက်တပ်များ အင်အားဖြည့်တင်းနေသည်ကို မြင်တွေ့နေရပြီး၊ သဘောတူညီမှု တစ်စုံ တစ်ရာ မရရှိသေးသဖြင့် လက်တလောအပစ်ရပ်ထားသော်လည်း တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု ဦးဇော်ဇော်ထွန်း က ဆိုသည်။ နေရပ်ပြန်သူများအနေဖြင့်လည်း လယ်ယာလုပ်ငန်းခွင်များတွင် မြေမြှုပ်မိုင်းအန္တရာယ်ရှိနေ၍ အန္တရာယ်များ ကြောင်း သိရသည်။ တိုက်ပွဲဖြစ်မှု အများဆုံးနေရာများ၊ သွားလာရေးအဆင်မပြေသည့် နေရာများနှင့် တပ်မတော်၏ တပ််စခန်းများ ချထားသည့် နေရာများမှ စစ်ရှောင်ပြည်သူများအဖို့ နေရပ်ပြန်ရေး အဆင်မပြေသဖြင့် မပြန်နိုင််ကြဟု ဆို သည်။ ပြီးခဲ့သည့့် ရက်ပိုင်းက စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်အစိုးရက စာရင်းကောက်ယူခဲ့ရာ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခုတွင် စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး(၉၈၄၆၇ ဦး) ရှိသည်ဟု သိရသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)အဖွဲ့တို့မှ နှစ်ဖက်ထိပ်ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၅ ရက်နေ့က မိနစ်သုံးဆယ်ကြာ အွန်လိုင်း၌ ဆွေးနွေးခဲ့ကြသည်ဟု AA အဖွဲ့က ဒီဇင်ဘာ ၂ ရက် ညနေတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ၂ နှစ်နီးပါး အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့၏ နှစ်ဖက်ကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့၌ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း RFA သတင်းအရ သိရသည်။ ဆွေးနွေးပွဲနှင့် ပတ်သက်၍ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA သို့ အတည်ပြုပြော ကြားခဲ့သည်။
“မနေ့က ပန်ဆန်းမှာ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကိုယ်စားလှယ်အဖွဲ့တွေ တစ်နာရီ နီးပါးကြာ ဆွေးနွေးခဲ့တယ်။ အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စကို သေချာအောင် လုပ်ဆောင်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်။ နောက်ထပ်ဆွေးနွေးပွဲတွေလဲ မကြာခင်မှာ ဆက်ပြီးဆောင်ရွက်သွားနိုင်ခြေရှိတယ်” ဟု ခိုင်သုခ က ဆိုသည်။
ဤအတောအတွင်း ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ တိုးတက်ဖြစ်ထွန်းမှုရှိစေရန် မြောက်ပိုင်း လက် နက်ကိုင်လေးဖွဲ့နှင့် အတူတကွဆွေးနွေးမည်ဆိုသည့် မူဝါဒကို ဖြေလျှော့မည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဆိုသည်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုစတင်မည်ဆိုလျှင်လည်း စတင်လုပ်ဆောင်နိုင်သည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြောင်း 7Day News က ဖေါ်ပြသည်။
ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)တို့ ၄ ဖွဲ့ပေါင်း၍ အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ယခင်က တစ်ဖွဲ့ချင်းစီမဆွေးနွေးဘဲ အတူတကွ ပူးပေါင်း ဆွေးနွေးမည်ဟု လက်နက်ကိုင် ၄ ဖွဲ့ က ဆုံး ဖြတ်ထားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အလုပ်ဖြစ်စေရန်အတွက် လက်နက်ကိုင်လေးဖွဲ့ အတူတကွ ဆွေးနွေးမည်ဆိုသည့် မူဝါဒကို ဖြေလျှော့၍ တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှု လုပ်ဆောင်နိုင်ကြောင်း တအာင်းလက်နက် ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။ ယင်းလေးဖွဲ့အနက် ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)တို့ ၃ ဖွဲ့သည် စစ်ရေး နိုင်ငံရေးမဟာမိတ်များဖြစ်သည်ဟု ကြေညာထားသည်။
နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် TNLA၊ MNDAA၊ AA သုံးဖွဲ့၏ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် စစ်ဦးစီးချုပ် များ၏ အစည်းအဝေးတွင် တပ်မတော်ဘက်က AA နှင့် တွေ့ဆုံရန် ကမ်းလှမ်းသည့် ကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ ထို့အပြင် ကိုးကန့်အဖွဲ့သို့ တပ်မတော်က တွေ့ဆုံရန် ကမ်းလှမ်းမှုလည်း ရှိကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော် (TNLA) က ပြောသည်။ လက်တွေ့ မြေပြင်စစ်ရေးအခြေအနေများအရ တစ်နေရာနှင့် တစ်နေရာ ပထဝီအနေအထားမတူ၍ လေးဖွဲ့အတူတွေ့ဆုံ ရန် မလွယ်ကူဟု ဆိုသည်။ လေးဖွဲ့အကြား သဘောတူ ချမှတ်ထားသည့် မူဝါဒ သဘောထားအတိုင်း တစ်ဖွဲ့ ချင်းစီက ဆွေးနွေးမည်ဆိုလျှင် အဆင်ပြေကြောင်း မဟာမိတ်များအကြား သဘောထား ချမှတ်ထားသည်ဟု ဆိုသည်။ ယခင်က ဆွေးနွေးခွင့်မရခဲ့သော အဖွဲ့များနှင့် တပ်မတော်အကြား တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် အပြုသဘောဆောင်သည်ဟု လည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။
COVID-19 ကူးစက် ရောဂါကြောင့် တစ်နိုင်ငံလုံး လူမှု အထွေထွေအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် တင်းမာနေသော လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင် ရာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အမြန်ဆုံးတွေ့ဆုံညိနှိုင်းကြရန် အလေးအနက်ပန်ကြားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) က ဒီဇင်ဘာ ၁၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ABSDF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် (၁၀) ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်ပြီး NCA စာချုပ်အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မကြာသေးမီက တပ်မတော်နှင့် AA အကြား စစ်ပွဲယာယီ ရပ်စဲထားရာမှ ငြိမ်းချမ်းရေးဆီ ဦးတည်သည့်ပုံစံဖြစ်ရေး ကြိုးပမ်း သွားမည်ဟု အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပရာ အစည်းအဝေးအပြီးတွင် ဒေါက်တာမျိုးညွန့်က တပ်မတော်နှင့် AA အကြား စစ်ပွဲရပ်စဲမှု၊ AA က ရခိုင်မြောက်ပိုင်း၌ ရွေးကောက်ပွဲ အမြန်ကျင်းပလို ကြောင်း တောင်းဆိုချက် နှင့် AA က ဖမ်းထားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး မလွတ်မြောက်သေး သည့် အခြေအနေများအပေါ် ပါတီ၏သဘောထားအမြင်များကို ပြောကြားခဲ့ကြောင်း 7Day News သတင်း၌ ဖေါ်ပြသည်။
“စစ်တိုက်တာထက်စာရင် တိုက်ပွဲရပ်နေတာ အင်မတန်မှ ကောင်းတဲ့အလားအလာပါ။ သို့ သော် မြန်မာပြည်ရဲ့ ထုံးစံအရ စစ်ပွဲရပ်စဲခြင်းက ယာယီပဲဖြစ်လေ့ရှိတယ်။ ဘာဖြစ်လို့လဲဆို တော့ အခြေခံဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်လို့ပဲ။ အဲဒီတော့ စစ်ရပ်စဲရေးဟာ ထာဝရငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပုံစံမျိုးဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားပါမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရွေးကောက်ပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရေးကို NLD အနေဖြင့် လိုလားကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးခြင်းကို သုံးသပ်ကြည့်လျှင် အတိတ်သမိုင်းတစ်လျှောက်တွင် အချင်း ချင်း အကြားရှိ မကြေနပ်မှု၊ မယုံကြည်မှုများကို မာနနှင့် အာဃာတ မဖက်ဘဲ ဆွေးနွေးညှိနှိုင်းမှု မလုပ်ခဲ့ကြ၍ ဖြစ်သည်။ လက်ရှိ စစ်ပွဲများ ရပ်စဲနိုင်ရေးအတွက် အရေးအကြီးဆုံးမှာ ပြည်သူလူထုအများစုကြီး၏ ထောက်ခံမှု ရရှိထားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစိုးရသစ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊၏ တပ်မတော်တို့အကြား အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အထူးကောင်းမွန်ဖို့လိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဆွေးနွေးမီ အစိုးရနှင့် တပ်မတော်တို့အကြား အခြေခံမူတစ်ရပ် သဘောတူချမှတ်ထားဖို့လိုသည်။ ၂၀၂၁ ခုနှစ်တွင် ဆက်လက် ကျင်းပမည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် အစိုးရနှင့် တပ်မတော် အပြန်အလှန် ယုံကြည်မှု ရှိရေးသည် ပဓါနကျသော ကိစ္စဖြစ်သည်။ အဓိက မဏ္ဍိုင်ကြီး နှစ်ခုအကြား သဟဇာတမဖြစ်သေး သမျှ အခြားငြိမ်းချမ်းရေးမဏ္ဍိုင်အဖွဲ့များနှင့် သဘောတူညီမှုရရှိရေးကိစ္စမှာ လွယ်မယောင်နှင့် ခက်နေနိုင်သေးသည်။ ထို့ကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးကို အလေးထား၍ တပ်မတော်အနေဖြင့် အစိုးရနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသင့်သည်ဟု ယေဘုယျသုံးသပ်မိပါသည်။။။
ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၈၊ ၁၇ - ၁၂ -၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။