Breaking News

နေသွင်ညိဏ်း - နိုင်ငံရေးသီလ

နိုင်ငံရေးသီလ
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၁

 “ဒေါ်စုနောက်ကလိုက်တယ်ဆိုတာက ကျနော်တို့ဖောင်စီးလိုက်နေတာမဟုတ်ဘူး၊ အသာလေးရေစုန်မျောလိုက်တာမဟုတ်ဘူး။ ကျနော်တို့မှာ မျက်ရည်တွေ နှလုံးကြေကွဲမှုတွေမြောက်မြားစွာနဲ့ကို ဒေါ်စုနောက်ကနေ လိုက်နေရတာ၊ ကျနော်တို့မှာလည်း အခက်အခဲရှိတယ်။”လို့ ဟံသာဝတီ ဦးဝင်းတင်က  ၂၀၁၁ ခုနှစ်က ကျနော့်ကို ပြောခဲ့ပါတယ်။
ကိုလိုနီခေတ်မှာ နယ်ချဲ့အစိုးရက ထိတ်လန့် ကြောက်ရွံ့ခဲ့ရတဲ့ သခင်ကိုယ်တော်မှိုင်းအကြောင်းကို “နယ်ချဲ့ ရန်သူနံပါတ်တစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟံသာဝတီ ဦးဝင်းတင်က ဆောင်းပါးရေးခဲ့ဖူးပါတယ်။ တကယ်တော့ ဦးဝင်းတင်ကိုယ်တိုင်ကလည်း “စစ်အာဏာရှင်တွေရဲ့ ရန်သူနံပါတ်တစ်” လို့ ပြောနိုင်တဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။

ကိုလိုနီ လက်အောက်က ရုန်းထွက်ခဲ့ရပြီး လွတ်လပ်ခါစ နိုင်ငံတွေက တိုးတက်တဲ့ အမြင်ရှိသူတွေလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာ သူ့ခေတ်နဲ့သူ ဆိုရှယ်လစ်ဝါဒီ တယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ပါးနပ်တဲ့ အာဏာရှင် ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အတွက် ဦးဝင်းတင်ရဲ့ ကလောင်ကို အသုံးချဖို့ ကြံစည်းခဲ့ပါတယ်။ လူပုဂ္ဂိုလ်ချင်းလည်း အတော်ရင်းနှီးခဲ့တယ်။ 

ဒါပေမ့ယ် မြန်မာပြည်မှာ နိုင်ငံရေးသီလအမြဲမြံဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ရမယ့် ဦးဝင်းတင်ဟာ အဲဒီအချိန်ကတည်းက လူနဲ့မူကို စည်းခြားခဲ့ပါတယ်။ အမှန်တရားတရားမျှတမှုနဲ့ ပြည်သူ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ သတင်းစာ သမားစစ်စစ် ဦးဝင်းတင်ကို ဦးနေဝင်းဟာ ဖြားယောင်းသွေးဆောင်လို့ မရပါဘူး။

ဦးဝင်းတင်ရဲ့ ညီအကိုရဲဘော်ကြီးဖြစ်တဲ့ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထု (ဦး) စိန်ဝင်း စကားနဲ့ ပြောရရင် ဦးဝင်းတင်ရဲ့ ကလောင်ဟာ ပြည့်ရန်ဆွယ် ပြည့်ရန်ငြှောင့်များရဲ့ အန္တရာယ်ကနေ ပြည်သူအများကို ကာကွယ်စောင့်မှုပြုတဲ့ “ ယိမ်းနွဲ့ပါး ကလောင်” ဖြစ်နေလို့ နောက်ဆုံးမှာ ဦးဝင်းတင် အယ်ဒီတာချုပ်အဖြစ် ဦးဆောင်တဲ့ မန္တလေးက ဟံသာဝတီသတင်းစာတိုက်လည်း အပိတ်ခံလိုက်ရတယ်။ ဒါပေမယ့် ဟံသာဝတီ ဦးဝင်းတင်ဆိုတဲ့အမည်ဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ အထင်ကရ တွင်ကျန်ရစ်ပါတယ်။

သူ့ကိုယ်သူ အရေးတော်ပုံတပ်သားအဖြစ်ခံယူထားတဲ့ ဦးဝင်းတင်ဟာ ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါ စာနယ်ဇင်းသမားတွေကို ဦးဆောင်ခဲ့တယ်။ အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖွဲ့စည်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးတွဲထူထောင်သူ တယောက်ဖြစ်ခဲ့တယ်။ NLD ခေါင်းဆောင်တွေထဲမှာ အစောဆုံး အဖမ်းခံရသူဟာ ဦးဝင်းတင်ဖြစ်ပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ နီးပါးနေခဲ့ရလို့ NLD ခေါင်းဆောင်တွေထဲက တခြား လုပ်ဖော်ကိုင်ဖက်တွေထက်ကျော်လွန်ပြီး မြန်မာပြည်မှာ ထောင်သက်အရှည်ဆုံး နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ ထောင်တွင်းမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ အတွေ့အကြုံတွေဟာလည်း တခြားလူတွေထက် အပုံကြီး ဆိုးရွားခဲ့ပါတယ်။
ဒါကြောင့် ဟံသာဝတီ ဦးဝင်းတင်ဟာ စစ်အာဏာရှင်တွေရဲ့ ရန်သူ နံပါတ်တစ် ဖြစ်ပါတယ်။ ထောင်တွင်း ညှဉ်းပမ်းနှိပ်စက်ခံရမှုတွေကို ပြောဆိုဖို့ ဝန်လေးတဲ့ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဖတ်ကြည့်ရင်တောင် သူကြုံခဲ့ရတဲ့ ငရဲခန်းတွေက တော်ရုံလူဆိုရင် ဒူးထောက်သွားနိုင်တဲ့ လူမဆန်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဝင်းတင်က ဦးမညွတ်ခဲ့ပါဘူး။ ဒီနေရာမှာ လိုအပ်တယ်လို့ ထင်လို့ စာအုပ် အမှာစာထဲက စာတချို့ကို ဖော်ပြပါစေ။

“ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်၊ ထောက်လှမ်းရေး စစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့ မြုံခဲ့ရတယ်။ အဲဒီလို နေခဲ့ရတာ ရှစ်နှစ်တိတိကြာတယ်၊ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ်ရောဂါ စွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံးခွဲစိတ်ကုသခွင့် မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံးခွဲစိတ်တော့ နောက်ကျလွန်းနေပြီ၊ အူတွေ ပူးကက်ကျပ်ညပ်ဖြစ်နေပြီ၊ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ၊ ခွဲစိတ်ဒဏ်ကြောင့် ပေါင်းတစ်ဖက် နာကျင်ကိုက်ခဲ အမြဲ ဖြစ်နေရပြီ၊ မွေးရာပါ ပစ္စည်းတခု ဆုံးပါးခဲ့ရပြီ၊ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသလမှု မပေးခဲ့လို့ အခုဒီရောဂါက သေရွာပို့တဲ့အဆင့် ရောက်နေရပြီ၊ နှစ်နှစ် ဆယ်ပြည့်လု နီးပါး လုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်”

တနည်းအားဖြင့်ပြောမယ်ဆိုရင် ဦးဝင်းတင်ကို ထောင်ထဲမှာ နှစ်နှစ်ဆယ်လောက် စိတ်တိုင်းကျ ညှဉ်းပမ်းနှိပ်စက်ပြီး သေလောက်ပြီဆိုပြီးတော့ လွှတ် လိုက်တာပါပဲ။ စစ်အာဏာရှင်တွေက ဦးဝင်းတင်ကို ဘာကြောင့် ရန်သူနံပါတ်တစ်လို့ သဘောထားသလဲ။ ဦးဝင်းတင်ဟာ စစ်အာဏာတွေရဲ့ အကျင့် ဆိုးအကြံဆိုးတွေကို အူမချေးခါးသိတယ်။ သူသိသလိုပဲ တခြားလူတွေကိုလည်း သတင်းစာပညာနဲ့ ပြောပြနိုင်တယ်။ ရှင်းရှင်းဘွင်းဘွင်း လူတိုင်း နား လည်အောင် ပြောပြတတ်တယ်။ ဦးဝင်းတင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ချော့လို့မပျော့ဘူး။ ခြောက်လို့လည်း မဖြုံခဲ့ဘူး။ ထောင်တွင်းက အခက်ခဲဆုံးအချိန်တွေမှာ “ကျားရဲ”လို ကဗျာမျိုးကိုရေးသားခဲ့တဲ့ တော်လှန်ရေးမာန်မျိုး ရှိသူဖြစ်ပါတယ်။
“မြန်မာ နွေဦး” လို့ ဝိုင်းပြီး သြဘာပေးတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ်ပြီး ယုံကြည်ထိုက်သူပါလို့ ထောက်ခံ ပြောဆိုတဲ့ အချိန်မှာတောင် ဦးဝင်းတင်က စစ်အာဏာရှင်စနစ်ကို အများကြီး သတိထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလလောက် ဦးဝင်းတင်က “သူ (ဒေါ်အောင်ဆန်းစုကြည်) ကသာ ပြောနေတာပဲ။ ဟိုကလည်း ရှင်းရှင်းပြောရရင် လိမ်နေတယ်လို့ မပြောသာရုံပဲ ဖြစ်မယ်” လို့ ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ 

ဦးဝင်းတင်ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲလွဲခဲ့တာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ မြန်မာပြည် နိုင်ငံရေးမှာ ညီအစ်ကိုချင်း မသိတသိအချိန်လို့ ပြောရမယ့် ၂၀၁၁ လောက်က ဦးဝင်းတင်နဲ့ အင်တာဗျူးခဲ့တာတွေ၊ စကားစမြည် ပြောဆိုခဲ့တာတွေကို ပြန်နားထောင်ကြည့်တဲ့အခါ တနေရာမှာ ဦးဝင်းတင်က “ဒေါ်စုက ပြောတာက ကျမ အမိုက်ခံ လုပ်ရမှာပဲ။ အကယ်၍ ကျမ ရှုံးနိမ့်သွားရင် ကျမ အလိမ်ခံရတယ်၊ ကျမကို အသုံးချတယ်ဆိုတာမျိုးဖြစ်လာရင် ကျမကို လူထုက ဝိုင်းပြီးတော့ ဆဲမှာပဲ။ အဲဒီအခါ ကျရင် ကျမ ခံပါ့မယ်။ ဒီအချိန်မှာတော့ ကျမကတော့ လုပ်စရာရှိတာ လုပ်မယ်။ နိုင်ငံရေး ပါရမီ ဖြည့်သလို၊ တိုင် းပြည်ရဲ့ မျက်နှာတခုတည်းကို ကြည့်ပြီးတော့ တိုင်းပြည် သိပ်နစ်နာသွားမှာကို စိုးတဲ့အတွက် ကျမ ဝင်ရပ်တာပဲ ဆိုတဲ့ သဘောထားမျိုး ရှိတယ်ဗျ” လို့ ပြောထားပါတယ်။
ဒါပေမယ့် ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအပေါ် လေးလေးနက်နက် ယုံကြည်သလို၊ မဟာဗျူဟာ အရလည်း ဒေါ်စုရဲ့ ခေါင်းဆောင်မှု၊ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့သာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ပြီး အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အယူအဆကို သေတဲ့အထိ ကိုင်စွဲသွားခဲ့ပါတယ်နိုင်ငံရေးသီလ
 “ဒေါ်စု နောက်က လိုက်တယ်ဆိုတာက ကျနော်တို့ဖောင်စီး လိုက်နေတာမဟုတ်ဘူး၊ အသာလေး ရေစုန်မျောလိုက်တာမဟုတ်ဘူး။ ကျနော်တို့မှာ မျက်ရည်တွေ နှလုံးကြေကွဲမှုတွေ မြောက်မြားစွာနဲ့ကို ဒေါ်စုနောက်ကနေလိုက်နေရတာ၊ ကျနော်တို့မှာလည်း အခက်အခဲရှိတယ်။”လို့ ဟံသာဝတီ ဦးဝင်းတင်က  ၂၀၁၁ ခုနှစ်က ကျနော့်ကို ပြောခဲ့ပါတယ်။

ကိုလိုနီခေတ်မှာ နယ်ချဲ့အစိုးရက ထိတ်လန့် ကြောက်ရွံ့ခဲ့ရတဲ့ သခင်ကိုယ်တော်မှိုင်းအကြောင်းကို “နယ်ချဲ့ ရန်သူနံပါတ်တစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟံသာဝတီ ဦးဝင်းတင်က ဆောင်းပါးရေးခဲ့ဖူးပါတယ်။ တကယ်တော့ ဦးဝင်းတင်ကိုယ်တိုင်ကလည်း “စစ်အာဏာရှင်တွေရဲ့ ရန်သူနံပါတ်တစ်” လို့ ပြောနိုင်တဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။
ကိုလိုနီ လက်အောက်က ရုန်းထွက်ခဲ့ရပြီး လွတ်လပ်ခါစ နိုင်ငံတွေက တိုးတက်တဲ့ အမြင်ရှိသူတွေလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာ သူ့ခေတ်နဲ့သူ ဆိုရှယ်လစ်ဝါဒီ တယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ပါးနပ်တဲ့ အာဏာရှင် ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အတွက် ဦးဝင်းတင်ရဲ့ ကလောင်ကို အသုံးချဖို့ ကြံစည်းခဲ့ပါတယ်။ လူပုဂ္ဂိုလ်ချင်းလည်း အတော်ရင်းနှီးခဲ့တယ်။ 
ဒါပေမ့ယ် မြန်မာပြည်မှာ နိုင်ငံရေးသီလ အမြဲမြံဆုံးပုဂ္ဂိုလ် အဖြစ် မှတ်တမ်းတင်ရမယ့် ဦးဝင်းတင်ဟာ အဲဒီအချိန်ကတည်းက လူနဲ့ မူကို စည်းခြားခဲ့ပါတယ်။ အမှန်တရား တရားမျှတမှုနဲ့ ပြည်သူ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ သတင်းစာ သမားစစ်စစ် ဦးဝင်းတင်ကို ဦးနေဝင်းဟာ ဖြားယောင်းသွေးဆောင်လို့ မရပါဘူး။

ဦးဝင်းတင်ရဲ့ ညီအကိုရဲဘော်ကြီးဖြစ်တဲ့ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထု (ဦး) စိန်ဝင်း စကားနဲ့ ပြောရရင် ဦးဝင်းတင်ရဲ့ ကလောင်ဟာ ပြည့်ရန်ဆွယ် ပြည့်ရန်ငြှောင့်များရဲ့ အန္တရာယ်ကနေ ပြည်သူအများကို ကာကွယ်စောင့်မှုပြုတဲ့ “ ယိမ်းနွဲ့ပါး ကလောင်” ဖြစ်နေလို့ နောက်ဆုံးမှာ ဦးဝင်းတင် အယ်ဒီတာချုပ်အဖြစ် ဦးဆောင်တဲ့ မန္တလေးက ဟံသာဝတီ သတင်းစာတိုက်လည်း အပိတ်ခံ လိုက်ရတယ်။ ဒါပေမယ့် ဟံသာဝတီ ဦးဝင်းတင်ဆိုတဲ့ အမည်ဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ အထင်ကရ တွင်ကျန်ရစ်ပါတယ်။

သူ့ကိုယ်သူ အရေးတော်ပုံ တပ်သားအဖြစ် ခံယူထားတဲ့ ဦးဝင်းတင်ဟာ ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါ စာနယ်ဇင်းသမားတွေကို ဦးဆောင်ခဲ့တယ်။ အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖွဲ့စည်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးတွဲထူထောင်သူ တယောက်ဖြစ်ခဲ့တယ်။ NLD ခေါင်းဆောင်တွေထဲမှာ အစောဆုံး အဖမ်းခံရသူဟာ ဦးဝင်းတင်ဖြစ်ပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ နီးပါးနေခဲ့ရလို့ NLD ခေါင်းဆောင်တွေထဲက တခြား လုပ်ဖော်ကိုင်ဖက်တွေထက်ကျော်လွန်ပြီး မြန်မာပြည်မှာ ထောင်သက်အရှည်ဆုံး နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ ထောင်တွင်းမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ အတွေ့အကြုံတွေဟာလည်း တခြားလူတွေထက် အပုံကြီး ဆိုးရွားခဲ့ပါတယ်။
ဒါကြောင့် ဟံသာဝတီ ဦးဝင်းတင်ဟာ စစ်အာဏာရှင်တွေရဲ့ ရန်သူ နံပါတ်တစ် ဖြစ်ပါတယ်။ ထောင်တွင်း ညှဉ်းပမ်းနှိပ်စက်ခံရမှုတွေကို ပြောဆိုဖို့ ဝန်လေးတဲ့ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဖတ်ကြည့်ရင်တောင် သူကြုံခဲ့ရတဲ့ ငရဲခန်းတွေက တော်ရုံလူဆိုရင် ဒူးထောက်သွားနိုင်တဲ့ လူမဆန်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဝင်းတင်က ဦးမညွတ်ခဲ့ပါဘူး။ ဒီနေရာမှာ လိုအပ်တယ်လို့ ထင်လို့ စာအုပ် အမှာစာထဲက စာတချို့ကို ဖော်ပြပါစေ။

“ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်၊ ထောက်လှမ်းရေး စစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့ မြုံခဲ့ရတယ်။ အဲဒီလို နေခဲ့ရတာ ရှစ်နှစ်တိတိကြာတယ်၊ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ်ရောဂါ စွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံးခွဲစိတ်ကုသခွင့် မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံးခွဲစိတ်တော့ နောက်ကျလွန်းနေပြီ၊ အူတွေ ပူးကက်ကျပ်ညပ်ဖြစ်နေပြီ၊ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ၊ ခွဲစိတ်ဒဏ်ကြောင့် ပေါင်းတစ်ဖက် နာကျင်ကိုက်ခဲ အမြဲ ဖြစ်နေရပြီ၊ မွေးရာပါ ပစ္စည်းတခု ဆုံးပါးခဲ့ရပြီ၊ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသလမှု မပေးခဲ့လို့ အခုဒီရောဂါက သေရွာပို့တဲ့အဆင့် ရောက်နေရပြီ၊ နှစ်နှစ် ဆယ်ပြည့်လု နီးပါး လုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်”

တနည်းအားဖြင့် ပြောမယ်ဆိုရင် ဦးဝင်းတင်ကို ထောင်ထဲမှာ နှစ်နှစ်ဆယ်လောက် စိတ်တိုင်းကျ ညှဉ်းပမ်း နှိပ်စက်ပြီး သေလောက်ပြီ ဆိုပြီးတော့ လွှတ်လိုက်တာပါပဲ။ စစ်အာဏာရှင်တွေက ဦးဝင်းတင်ကို ဘာကြောင့် ရန်သူ နံပါတ်တစ်လို့ သဘောထားသလဲ။ ဦးဝင်းတင်ဟာ စစ်အာဏာတွေရဲ့ အကျင့်ဆိုး အကြံဆိုးတွေကို အူမချေးခါးသိတယ်။ သူသိသလိုပဲ တခြား လူတွေကိုလည်း သတင်းစာပညာနဲ့ ပြောပြနိုင်တယ်။ ရှင်းရှင်းဘွင်းဘွင်း လူတိုင်း နားလည်အောင် ပြောပြတတ်တယ်။ ဦးဝင်းတင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ချော့လို့ မပျော့ဘူး။ ခြောက်လို့လည်း မဖြုံခဲ့ဘူး။ ထောင်တွင်းက အခက်ခဲဆုံး အချိန်တွေမှာ “ကျားရဲ”လို ကဗျာမျိုးကို ရေးသားခဲ့တဲ့ တော်လှန်ရေးမာန်မျိုး ရှိသူဖြစ်ပါတယ်။

“မြန်မာ နွေဦး” လို့ ဝိုင်းပြီး သြဘာပေးတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ်ပြီး ယုံကြည်ထိုက်သူပါလို့ ထောက်ခံ ပြောဆိုတဲ့ အချိန်မှာတောင် ဦးဝင်းတင်က စစ်အာဏာရှင်စနစ်ကို အများကြီး သတိထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလလောက် ဦးဝင်းတင်က “သူ (ဒေါ်အောင်ဆန်းစုကြည်) ကသာ ပြောနေတာပဲ။ ဟိုကလည်း ရှင်းရှင်းပြောရရင် လိမ်နေတယ်လို့ မပြောသာရုံပဲ ဖြစ်မယ်” လို့ ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ 

ဦးဝင်းတင်ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲလွဲခဲ့တာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ မြန်မာပြည် နိုင်ငံရေးမှာ ညီအစ်ကိုချင်း မသိတသိအချိန်လို့ ပြောရမယ့် ၂၀၁၁ လောက်က ဦးဝင်းတင်နဲ့ အင်တာဗျူးခဲ့တာတွေ၊ စကားစမြည် ပြောဆိုခဲ့တာတွေကို ပြန်နားထောင်ကြည့်တဲ့အခါ တနေရာမှာ ဦးဝင်းတင်က “ဒေါ်စုက ပြောတာက ကျမ အမိုက်ခံ လုပ်ရမှာပဲ။ အကယ်၍ ကျမ ရှုံးနိမ့်သွားရင် ကျမ အလိမ်ခံရတယ်၊ ကျမကို အသုံးချတယ်ဆိုတာမျိုးဖြစ်လာရင် ကျမကို လူထုက ဝိုင်းပြီးတော့ ဆဲမှာပဲ။ အဲဒီအခါ ကျရင် ကျမ ခံပါ့မယ်။ ဒီအချိန်မှာတော့ ကျမကတော့ လုပ်စရာရှိတာ လုပ်မယ်။ နိုင်ငံရေး ပါရမီ ဖြည့်သလို၊ တိုင်းပြည်ရဲ့ မျက်နှာတခုတည်းကို ကြည့်ပြီးတော့ တိုင်းပြည် သိပ်နစ်နာသွားမှာကို စိုးတဲ့အတွက် ကျမ ဝင်ရပ်တာပဲ ဆိုတဲ့ သဘောထားမျိုး ရှိတယ်ဗျ” လို့ ပြောထားပါတယ်။

ဒါပေမယ့် ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအပေါ် လေးလေးနက်နက် ယုံကြည်သလို၊ မဟာဗျူဟာ အရလည်း ဒေါ်စုရဲ့ ခေါင်းဆောင်မှု၊ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့သာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ပြီး အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အယူအဆကို သေတဲ့အထိ ကိုင်စွဲသွားခဲ့ပါတယ်။ တခြားလူတွေကိုလည်း ဒီအတိုင်း ရပ်တည်ဖို့ တဖွဖွ မှာကြားခဲ့ပါတယ်။
“ကျနော်က ဒေါ်စုကို ထောက်ခံမှာပဲ။ ဒေါ်စုနဲ့ပဲ ကျနော်တို့ ရပ်တည်မှာပဲ။ သို့သော် အားလုံးကိုတော့ ကျနော်တို့ အမြင်ကတော့ နည်းနည်းတော့ တူချင်မှ တူမယ်။ ဒေါ်စု ပြောတဲ့အတိုင်း အကုန်လုံးကို ကျနော် မျက်စိမှိတ်ပြီးတော့ မလုပ်ဘူး။ နားထောင်မယ်၊ နားစွင့်မယ်။ မျက်စိဖွင့်ကြည့်မယ်။ ဒါပေမယ့် ဒေါ်စုနဲ့ အတူ ရပ်မှာပဲ။ ဒီစစ်အစိုးရ ပြောင်းလဲသွားတဲ့ဟာမျိုး မဖြစ်မချင်းကတော့ ဒေါ်စုနဲ့ အတူ ကျနော်တို့ ရပ်ဖို့ပဲ ရှိတယ်” လို့ ပြောခဲ့တယ်။
မြန်မာပြည်မှာ တော်လှန်ရေးကာလ မလွန်မြောက်သေးဘူးလို့ ဦးဝင်းတင်က ယုံကြည်ခဲ့တယ်။ ဒီမိုကရေစီကို ထူထောင်ဖို့ ကြိုးစားကြတဲ့ အခါမှာ အာဏာရှင် ဆန့်ကျင်ရေးတွေက ရှိနေရမယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ကိစ္စတွေကို လုပ်ရင်းလုပ်ရင်းနဲ့ အာဏာရှင်စနစ်ဟာ တဖြည်းဖြည်းနဲ့ ကျဆုံးသွားမယ်။ အင်အားပျော့သွားမယ်။ ဆုတ်ခွာသွားမယ်ဆိုရင် ဒီမိုကရေစီ အင်အားတွေ တိုးလာမယ်လို့ ဦးဝင်းတင်က ယူဆပါတယ်။ ဦးဝင်းတင်ရဲ့ အယူအဆဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲသွားတဲ့ နိုင်ငံတွေ အကြောင်းကို လေ့လာခဲ့ကြတဲ့ ပညာရှင်တွေရဲ့ အမြင်နဲ့ ထပ်တူကျပါတယ်။
ဒါပေမယ့် ဦးဝင်းတင်က သူ့ကိုယ်သူ နိုင်ငံရေးသမားတယောက်လို့ ဘယ်တုန်းကမှ မခံယူခဲ့ပါဘူး။ သတင်းစာ ဆရာတယောက်၊ အရေးတော်ပုံ တပ်သားတယောက်အနေနဲ့ပဲ ကျိုးနွံနှိမ့်ချစွာ နေထိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် အများယောင်လို့ လိုက်ယောင်တဲ့ လူစားမျိုးမဟုတ်ဘဲ၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပတ်သက်လို့ တယောက်တည်းကျန်လည်း ရပ်ခံတဲ့ လူစား၊ တကောင်တည်း ဆိုရင်လည်း ခြသေ့င်္လို ရဲရင့်တဲ့လူစားမျိုး ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် မတ်လမှာ ရန်ကုန်မြို့ ကျောက်ကုန်းက တပါးစံကျောင်းလို စာအုပ်တွေက လွဲလို့ ဘာအဆောင် အယောင်မှ မရှိတဲ့ ရိုးရိုးကုတ်ကုတ် အခန်းလေးဆီကို ကျနော် ရောက်သွားတဲ့နေ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒတ်စမွတ်တူးတူးလည်း ဦးဝင်းတင်ကို လာနှုတ်ဆက်တဲ့ နေ့ဖြစ်နေပါတယ်။ ဘုန်းတော်ကြီးတူးတူးက ဦးဝင်းတင်ရဲ့ သတ္တိရှိမှု နိုင်ငံရေး ကျင့်ဝတ်မြဲမြံမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို တောင်အာဖရိအထိ သိရှိခဲ့တဲ့ အကြောင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှု စနစ်ကို နယ်ဆင်မန်ဒဲလားနဲ့ အတူ လက်တွဲ တွန်းလှန်ခဲ့တဲ့ ဘုန်းတော်ကြီး ပြောတဲ့ ဂုဏ်ပုဒ်တွေ အားလုံး ဦးဝင်းတင်မှာ ရှိပါတယ်။ ဦးဝင်းတင်ဟာ ကျင့်ဝတ်ကို အလေး ထားတဲ့ နိုင်ငံရေးသမားဆိုတာ မှန်ပါတယ်၊ ဒီလိုပဲ အခြေအနေကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်နိုင်သူ တယောက်ဆိုတာလည်း သူကွယ်လွန်ပြီး လက်တွေ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။
(21 April 2015)။ တခြားလူတွေကိုလည်း ဒီအတိုင်းရပ်တည်ဖို့ တဖွဖွ မှာကြားခဲ့ပါတယ်။

(21 April 2015)
စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှာ ယူပါသည်။