Breaking News

မန်းဖိုးအေး(ဝါးခယ်မ) (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁)




မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) ဇွန် ၂၂၊ ၂၀၁၉

မိုးမခမိတ်ဆက် - အဆိုပါစာအုပ်ကို မြန်မာပြည်၊ ရန်ကုန်မြို့မှာ မန်းဖိုးအေးက တရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခု အွန်လိုင်းမှာ ကောင်းနိုးရာရာ ဖတ်စရာအဖြစ် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ ယခင်က အခန်းဆက်အဖြစ် ဖော်ပြရန် စီစဉ်ခဲ့တဲ့ 'ရွှေတြိဂံ - မူးယစ်၀င်္ကဘာ' စာအုပ်ကတော့ စာအုပ်အဖြစ် ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေတော့မှာမို့ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ဝေသူစကားချီး



ဤစာအုပ်ဖြစ်မြောက်ရေးအတွက် စာရေးဆရာ၊ သတင်းစာဆရာ ကျောက်စွတ်လုံ၊ ကဲ့စုရာတို့အနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်ကို ပဓာနမထား ဘဲ ရွှေတြိဂံဆီ သက်စွန့်ဆံဖျား ထိုးဖောက်ဝင်ရောက်သွားပြီး သတင်းအချက် အလက်ကို စုဆောင်းရယူပါတယ်။ ရေးသားပြုစုမယ့် စွန့်စားရေးခရီး မတိုင်ခင် ကတည်းက လေ့လာထားနှင့်ကြပြီးဖြစ်သည်။

(၁) လီကျဲန့်ချူး၊ ဝမ်ဟောက် ပူးတွဲရေးသားတဲ့ ''ရွှေတြိဂံကို စူးစမ်း ရှာဖွေခြင်း ပထမဆုံးအကြိမ် ဖော်ထုတ်သည့် အစီရင်ခံချက်''

(၂) လီပိယွီရေး ''အသက်အန္တရာယ်ကို မမှုတဲ့ မိုက်ရူးရဲ့အဖွဲ့အစည်း -ဗမာပြည် ကွန်မြူနစ်ပါတီ ပြောက်ကျားတပ် ဖြတ်သန်းခဲ့သည့် ဆယ်နှစ်တာ သမိုင်းမှတ်တမ်း''

(၃) မာဒင်ရေး ''ဘိန်းသမိုင်းကြောင်း''

(၄) စခွန်တယိမ်းရေး ''ရွှေတြိဂံက ဗမပြည်ကွန်မြူနစ်ပါတီ ခေတ် ကာလ''

(၅) ထိန်ကျားလိန်ရေး ''ကယောက်ကယက် ကမ္ဘာ့မူးယစ်ဆေးဝါး''

အစရှိတဲ့ ဒီအညွှန်းစာအုပ်တွေဟာ ရွှေတြိဂံနယ်မြေဒေသ မူးယစ်ဆေး ဝါးနဲ့ ထိုဒေသရှိ လူ့ဘောင်လောက အကြောင်းတွေကိုပါ နှိုက်နှိုက်ချွတ်ချွတ် အထူး ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

ကျောက်စွတ်လုံ၊ ကဲ့ရာစုတို့က သူတို့ရဲ့ လုပ်ငန်းခွင့် ကျွမ်းကျင်မှုရယ်၊ တစ်လောကလုံးက သို့လော သို့လောနဲ့ ထင်ကြေးပေး၊ ပြောကြ ဆိုကြတာတွေကို ဆုပ်ကိုင်ပြီး ခရီးနှင်ကြပါတယ်။

လူ့ဘောင်လောကအပေါ် တာဝန်သိမှု လူသားမျိုးနွယ်စုကို စာနာတဲ့ စိတ်နဲ့ အသိရခက်၊ လျှို့ဝှက်နက်ရှိုင်းလွန်းတဲ့ မူးယစ်ဆေးဝါးကို ကျောက်စွတ်လုံ နဲ့ ကဲ့ရာစုတို့ နှစ်ဦးသား ရှေ့ကို ခြေတစ်လှမ်းတိုး ဖော်ထုတ်ဖို့ ရွှေတြိဂံဆီ ခရီးနှင်ကြလေတယ်။ ဒီနယ်မြေဖြတ်ကျော် သတင်းထောက်လှမ်း အချက်အလက် စုဆောင်းမှုကို တရုတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်တွင်း ပြည်ပက မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အဖွဲ့အစည်းတို့ကပါ တတပ်တအား ထောက်ခံ အားပေးကြပါတယ်။

မူးယစ်ဆေးဝါးဆိုတာ ကမ္ဘာ့အဆိပ်အတောက်ပြင်းလွန်းလှတဲ့ မြင်း ဘုနာ(ဝါ) အဖုအကြိတ်နာ၊ ကမ္ဘာ့လူသားအားလုံးတို့ရဲ့ ရန်သူတော်ကြီး ဖြစ်ပါ တယ်ရယ်လို့ ဝန်ခံသင့်ပါပြီ။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ အထွေ ထွေ အကြပ်အတည်း ပြဿနာအမြောက်အမြားက ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့ လွှမ်းမိုးနေတဲ့ မူးယစ်ဆေးဝါးရဲ့ ဘေးဒုက္ခပေးမှု၊ ဒီနှစ်ရပ်ကို နှိုင်းယှဉ်လျှင် ဒီနှစ်ရပ်လုံးဟာ ပိန်မသာ လိန်မသာ ဘေးဒုက္ခအန္တရာယ်ဆိုးကြီးတွေ ပေးနေကြ ပါတယ်။ နှစ်ရပ်စလုံးကို သုတ်သင်ရှင်းလင်းပစ်ရပါမယ်။ လက်တွေ့ကျကျ ထိထိရောက်ရောက် သုတ်သင်ရှင်းလင်းမှု မပြုကြဘဲ ဟိုအကြောင်းပြ၊ ဒီ အကြောင်းပြနေကြပြီး မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံမှု၊ သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားမှု၊ ဝယ်ယူသုံးစွဲမှု အရုပ်ဆိုး အကျည်း တန်ချက်တွေကို ဖုံးကွယ်ထားတာတို့ ဒါမှမဟုတ် ဆင်ခြေဆင်လက်ပေး ထုတ် ပြန် ငြင်းချက်ထုတ်၊ ထုချေမှုတို့ကို ဘယ်သူကမှ လုပ်မနေသင့်တော့ပါ။ သတင်းရယူ ထောက်လှမ်းပြီး ကမ္ဘာသူ၊ ကမ္ဘာသားတွေ သိရှိရလေအောင် ပြန်လည်ဖောက်သည်ချရမှာ ဖြစ်ပါတယ်။ ရွှေတြိဂံက ပြဿနာဖြစ်ရပ်တွေ ကာလရှည်ကြာခဲ့ပါပြီ။ ဒီအရေးကိစ္စကြီး ကင်းရှင်းပပျောက်သွားအောင် ထိုဒေသမှ နေထိုင်ကြသူတွေချည်းနဲ့ပဲ ဖြေရှင်းသွားလို့ မရနိုင်ပါ။ ပြင်ပ အသိုင်းအဝိုင်းတို့ကပါ တတပ်တအား ထောက်ခံအားပေးကြမှသာ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးထုတ်လုပ်ရေး ကမ္ဘာ့မြင်းဘုနာကြီး လုံးဝအမြစ်ပြတ် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းဖော်ပြထားတဲ့ အခြေခံအကြောင်းရင်း အကြောင်း ခံတွေကြောင့် ကျွန်တော်တို့ ထုတ်ဝေရေးအပိုင်းကနေ ယခု ဒီစာမူတွေကို စာအုပ်အဖြစ် ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်ရေးလုပ်ငန်းကို ကျွန်တော်တို့ စွမ်းအားရှိသရွေ့ ခွန်အား စိုက်ထုတ်ရခြင်း ဖြစ်ပေတယ်။

ကျောက်စွတ်လုံ၊ ကဲ့ရာစုတို့နှစ်ဦးက တဖတ်သတ် သတင်းရယူ ထောက်လှမ်းမှုပြုကြရာမှာ အမျိုးမျိုး အဖုံဖုံသော ဘေးအန္တရာယ်တွေ၊ နှောင့် ယှက်ဟန့်တားချက်တွေ၊ ချုပ်ချယ်ကန့်သတ်ချက်တွေကလည်း ရှိနေတာကြောင့် သူတို့ ရေးသားတဲ့ အကြောင်းအရာအချက်အလက်တွေရဲ့ ဖြစ်နိုင်ချေနဲ့ သမိုင်း ကြောင်းတွေ၊ လက်တွေ့ဖြစ်ရပ်တွေမှာ ကိုက်ညီမှုမရှိတာမျိုးရှိနေရင်ဖြင့် သက် ဆိုင်ရာ ဖက်ကရယ်၊ စာဖတ်ပရိသတ်တို့ကပါ အပြစ်မမြင် ခွင့်လွှတ်စေချင်ပါ တယ်။ ပေါ်ပီပန်း (ဘိန်းပန်း) ဟာ ထပ်ဆင့်ထပ်ကာ ဘယ်လောက်ပဲ စွဲမက်စရာကောင်းလောက်အောင် လှပါနေပါစေ၊ တကယ်တော့ ၄င်းပန်းဟာ မူးယစ်စေတဲ့ အဆိပ်အတောက်ပါပဲ။ စက်ဆုပ် ရွံရှာဖွယ်ဖြစ်တဲ့ ဘိန်းကို စာလုံးလေးတွေနဲ့ စီကုံးရေးသားဖော်ထုတ်တာမှာ သတိလစ်ဟင်းချွတ်ယွင်းမှု တွေ ရှိကောင်းရှိနေပါလိမ့်မယ်။ တိမ်းချော်မှုတွေ ဘယ်လိုပင် ရှိနေပါစေ၊ စီကုံးထားတဲ့ စာလုံးလေးတွေဟာ ဘာနဲ့ အလားသဏ္ဍာန်တူပါသလဲဆိုရင် အရည်အသွေး ရွှန်းလဲ့ကောင်းမွန်လှတဲ့ ပတ္တမြားပေါ်က အနာအဆာဟာ ပတ္တမြားရဲ့ အရောင်အလျှံကို ဘယ်လိုမှ ဖျောက်ဖျက်ကွယ်ဝှက်ထားလို့ မရနိုင် ပါဘူး။ မူးယစ်ဆေးဝါး ပပျောက်လိုသူတိုင်းက အစွမ်းကုန် အားပေးအားမြှောက် ပြုသင့်နေပါပြီ။

စီးပွားရေးနေ့စဉ်သတင်းစာတိုက်

ပုံနှိပ်ထုတ်ဝေရေးဌာန

ကျောက်စွတ်လုံ



စာရေးဆရာ၊ သတင်းထောက် ကျောက်စွတ်လုံ တရုတ်ပြည် ယူနန်နယ် ချန်ဆားမြို့နယ်သားဖြစ်တယ်။ ၁၉၆၇ ခုနှစ်မှာ မွေးဖွားပါသည်။ ၁၉၉၃ ခုနှစ် တရုတ်ပြည်တောင်ပိုင်းဒေသကို ရောက်လာပါတယ်။ ယန်းချဲန်မြို့''မျက်မှောက် ခေတ်ပြည်သူ'' သတင်းစာတိုက် သတင်းထောက်။ ၁၉၉၅ ခုနှစ် ''ဟောင်ကောင် မကာအို သတင်းထောက်'' ''ဟောင်ကောင် - မကာအို အပတ်စဉ်ဂျာနယ်'' သတင်းထောက်။ ၁၉၉၆ ခုနှစ် - ၁၉၉၈ ခုနှစ်မှာ ''တောင်ပိုင်းသီတင်းပတ် ဂျာနယ်'' သတင်းဌာန ပင်တိုင် သတင်းထောက်။ ၁၉၉၈ ခုနှစ်ပိုင်းမှာ ''ယန်းချဲန် မြို့ ညနေသတင်းစာတိုက်''အရေးပေါ် သတင်းဌာနသတင်းထောက်အဖြစ် ထမ်းဆောင်ခဲ့တယ်။

နှစ်ပေါင်းများစွာကတည်းက လူအများအပြား အထူးအာရုံစိုက်ကြ ပြီး ထင်ကြေးတွေ အမျိုးမျိုး ပေးနေကြတဲ့ ယန်စီမြစ် သုံးခွဲဆုံ မြစ်ကျဉ်း ပေါင်း စပ်မှုအကြောင်းနဲ့ စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေကို ဆရာကျောက် စွယ်လုံ သတင်းရယူ အစီရင်ခံနိုင်ခဲ့တယ်။ သူ့ရဲ့ သတင်းအစီရင်ခံချက်ကြောင့် ပြည်သူပြည်သား အများအပြားက သုံးခွမြစ်ကျဉ်းလုပ်ငန်းစဉ်တွေထဲက တချို့ အရေးပါတဲ့ ပြဿနာရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ပါဝင်စား သတိထား လာကြပါတယ်။

ကွမ်စီးပြည်နယ်၊ နန်းတန်းသတ္တုတွင်း ရုတ်တရက် ပေါ်ပေါက်တဲ့ ဘေးဒုက္ခဖြစ်ရပ်တွေကို ရှေးဦးဆုံး ဖော်ထုတ်တဲ့ သတင်းထောက်တွေထဲမှာ ဆရာကျောက်စွယ်လုံ တစ်ယောက်လည်း အပါအဝင်ပါ။

အချိန်တိုတိုလေးအတွင်းမှာ အုံးအုံးြွကပြွ်ကပ်ဖြစ်ခဲ့တဲ့ မြေပြင်ပေါ် ထိုးကျပျက်စီးသွားတဲ့ ထိုဖုန်းလေကြောင်းလိုင်း တရုတ်လေကြောင်းကုမ္ပဏီ ဃ ၅၃ လေယာဉ် တောနင်းရှာဖွေရေး လှုပ်ရှားမှုကြီးထဲမှာ သတင်းထောက် ကျောက်စွတ်လုံ ပါဝင်ခဲ့ပါတယ်။ ဒီတုန်းက သူတို့အဖွဲ့ဟာ လူသူမရောက်တဲ့ အင်မတန် နက်ရှိုင်းတဲ့ တရုတ်မြန်မာနယ်စပ် တောင်တန်း ကမ္ဘာဦး တောနက် ရိုင်းကြီးထဲ စွန့်စွန့်စားစား တောနင်း ဝင်ရောက်ကြပြီး မျက်မြင်သတင်း အချက် အလက်တွေကို သွက်လက်မြန်ဆန်စွာနဲ့ လှမ်းပို့နိုင်ခဲ့ပါတယ်။

''ဟူနန်ပြည်နယ် ကျားဟိုငွေအလွဲသုံးစားမှုကြီးကို ဖွင့်ချခြင်း'' ''ဟို နန်ပြည်နယ် စန်းလို့ဒေသ ဗှှီု ဖြစ်ပေါ်မှုကြီး'' အစရှိတဲ့ သတင်းအစီရင်ခံ ချက်ကြောင့် တစ်နိုင်ငံလုံးကို ဟိုလေးတကျော် အုံးအုံး ြွကပြွ်ကပ် ဖြစ်သွားခဲ့ဖူး ပါတယ်။ ကနေ့အထိ ဆရာကျောက်စွတ်လုံ ထုတ်ပြန်ခဲ့တဲ့ သတင်းရေးသားချက် က စာလုံးရေ သန်းနှစ်ရာ ကျော်သွားပါပြီ။

စာရေးဆရာ၊ သတင်းဆရာ ကျောက်စွတ်လုံ ရေးသားပြုစုတဲ့ ကျမ်း များကတော့ ''ကွမ်တုံသို့ သွားရောက် သယ်မွေးဝမ်းကျောင်းခြင်း''၊ ''ကျိနန် တက္ကသိုလ် ပုံနှိပ်ထုတ်ဝေရေးတိုက်အကြောင်း''၊ ''လူသူမနီးတဲ့ နုကျန်းမြစ်ဝှမ်း တစ်လျှောက် စူးစမ်းလေ့လာရေး ခရီးကြမ်း''၊ ''ယန်းချဲန်ညနေ သတင်းစာတိုက် အကြောင်း''၊ ''ချုံနွယ်ပိတ်ပေါင်း ထူထပ်လွန်းတဲ့ နယ်နိမိတ်''၊ ''ဟူနန် စာပေ အနုပညာ ပုံနှိပ်ထုတ်ဝေရေးတိုက်''။
ကဲ့စုရာ



၁၉၅၃ ခုနှစ်က ယူနန်မှာ ကဲ့စုရာကို စစ်သားမိသားစုက မွေးဖွားပါ တယ်။ ကျောင်းပြီးတော့ စစ်မှုထမ်းခဲ့ပါတယ်။ စစ်တပ်က ထွက်ပြီး အလုပ်သမား ဝင်လုပ်ခဲ့ပါသေးတယ်။

၁၉၈၃ ခုနှစ်မှာ ယူနန်ဆရာအဖြစ် တက္ကသိုလ်သမိုင်းအထူးပြု ဘာ သာရပ်နဲ့ ဘွဲ့ရခဲ့တယ်။ သူ ကုန်သည်လောကထဲလည်း ရောက်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကာလက ယူနန်မြန်မာ သမိုင်းကြောင်းရေးရာတွေမှာ အထူး ကျွမ်းကျင် နှံစပ်ပါတယ်။ ယူနန်သမိုင်းရေးရာ၊ စာပေအနုပညာရေးရာ၊ နယ်မြေ ဒေခံ စာရေးဆရာလုပ်ငန်းတာဝန်များနှင့် အထူးကော်လံစားဆောင်းပါးများ ရေးသားတဲ့ သတင်းစာဆရာလည်း ဖြစ်တယ်။

၁၉၉၇ ခုနှစ်၊ ပထမဦးဆုံးအကြိမ်၊ နုကျန်းမြစ် (မြန်မာနိုင်ငံ သံလွင့်မြစ်)ဖျဲန်မာနယ်မြေဒေသမှာ ထိုဖုန်းလေကြောင်းလိုင်း တရုတ်လေကြောင်း ဃ ၅၃ မြေပြင်ပေါ်ထိုးကျ ပျက်စီးမှု ကို တောနက်ကြီးထဲ ဝင်ရောက်သတင်းယူခဲ့ပါတယ်။

၂၀ဝ၁ ခုနှစ်က ကမ္ဘာကျော် စတီးဝပ်လမ်းမကြီး ''ကွေ့ ၂၄'' က တရုတ်ပြည် နယ်မြေထဲမှာ ရှိကြောင်းကို အသိအမှတ်ပြု ထုတ်ဖော်ရေးသားလိုက် တယ်။

၂၀ဝ၂ ခုနှစ် အောက်တိုဘာလ ယူနန်ထိုဖုန်းပြခန်းအဖွဲ့နှင့် လိုက်ပါ ပြီး အမေရိကန်ပြည်ပခရီးကို သွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ် ''နန်းဖုန်းအပတ်စဉ်ဂျာနယ'' မှာ နှစ်ကာလပေါင်း ထောင်ချီပြီး ရှိခဲ့တဲ့ ဆားမြို့နယ်လေး ဟေးကျင်ဆိုတဲ့ ဆောင်းပါးကို ရေးသားပါ တယ်။ ဒီဆောင်းပါးထဲမှာ ဒုတိယကမ္ဘာစစ်ပွဲကြီးနှင့် စပ်လျဉ်းတဲ့ သမိုင်းရေးရာ၊ စာပေအနုပညာရေးရာ အထူးဆောင်းပါးများကို ရေးသားခဲ့ပါတယ်။ တရုတ်ပြည် မကြီးနဲ့ ထိုင်ဝမ်ကလာပြီး တချို့ဆောင်းပါးတွေကို အမေရိကန်နိုင်ငံနှင့် ဂျပန် နိုင်ငံမှာ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

ကဲ့ရာစုဟာ ယူနန်ပြည်နယ် ဒေသသားဖြစ်တဲ့အလျောက် ရွှေတြိဂံ ဘိန်းအကြောင်းက သူ့ရဲ့ အဓိကကျတဲ့ သုတေသနဖြစ်ရတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။


မာတိကာ

၁။ ရွှေတြိဂံရဲ့ အကြီးမားဆုံးသော ကိန်းအပြောင်းအလဲ

၂။ မည်သူမည်ဝါကများ ပေါ်ပီ (ဏသစစပ) မျိုးစေ့တွေ ရွှေတြိဂံမှာ ကြဲရသလဲ

၃။ ထမြောက်အောင်မြင်မှုသရဖူပိုင်ဆိုင်ကြတဲ့ ရွှေတြိဂံက ကူမင်တန် အြွကင်းအကျန် ဘိန်းရာဇာများ

၄။ ဘိန်းဗိုလ်ချုပ် ဟီးရိုးအင်းရာဇာ

၅။ မျှော်ရည်မှန်းချက် ပျက်ယွင်းပြိုကွဲခြင်း

၆။ မူးယစ်ကို ဖြတ်သန်းကျော်ဖြတ်ခြင်းနှင့် အစည်းပြေ ပြိုကွဲမှု၊ ဗမာပြည် ကွန်မြူနစ်ပါတီပြိုကွဲမှု ဒီလှိုင်းလှိမ့်ဝင်လုကာလ

၇။ ကမ္ဘာ့အကြီးမားဆုံး ဘိန်းဘုရင့်နယ်မြေအတွင်းသို့ ချဉ်းနင်းဝင် ရောက်ခြင်း

၈။ ပေါ်ပီပင် (ဘိန်းပင်) တိုးချဲ့စိုက်ပျိုးရခြင်းအကြောင်း ဝတို့ရဲ့ စကား

၉။ ရေမှာ ပေါလောစီးမျောနေတဲ့ လူမျိုးစု

၁၀။ အိမ်ကြက်ချင်း အိုးမဲသုတ် ''အကြိမ်ကြိမ်၊ အဖန်ဖန်ခွပ်ကြတဲ့ နယ်မြေ''

၁၁။ သတင်းထောက်တွေ ရှုမြင်သုံးသပ်ကြတဲ့ မျက်မှောက်ကိုးကန့်

၁၂။ မဟာမိတ်တပ် ဒုတိယစစ်ဦးစီးချုပ် ဝေချောင်းရင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမှတ်တမ်း

၁၃။ ပေါ်ပီ  ထွက်ရှိတဲ့ ဘိန်းတောင်သူတို့ရဲ့ မူလရှိရင်းစွဲဘဝကို လေ့လာခြင်း

၁၄။ ရွှေတြိဂံမူးယစ်ဆေးဝါးရင်းမြစ်က တရုတ်ပြည်ကြီးကို ဘေးဒုက္ခ ဆိုးကြီးတွေ ကျရောက်စေပြိး ဆူပူလှုပ်ရှားမှုတွေ ဖြစ်ပေါ်စေတယ်

၁၅။ တရုတ်ပြည်မကြီးဆီက မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမှု ဝရမ်း ထုတ်ပြန်မှာရယ်၊ အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းဆက်သွယ်မှု လမ်းကြောင်းပေါ် ထွက်လာမှာကို အကြောက်ကြီး ကြောက်နေကြ တယ်။

၁၆။ မူးယစ်ဆေးဝါးတိုက်ဖျက်မှုမှာ လက်ဦးမှုမဲ့ အခံဘက်မှ လက်ဦးမှုရ မူးယစ်ဆေးဝါး ပိတ်ပင်ဟန့်တားတိုက်ဖျက်ရေး ခြေလှမ်းသစ်သို့ ချဉ်းနင်းလေပြီ။

၁၇။ နောက်ဆက်တွဲ - ဘိန်းသမိုင်းမှတ်တမ်းမှတ်ရာကြီးများ

၁၈။ ကိုးကား စာအုပ်စာတမ်းများ

အပိုင်း (၁)
ရွှေတြိဂံရဲ့ အကြီးမားဆုံးသော ကိန်းဂဏန်းအပြောင်းအလဲ 

အမေရိကန်ပြည်က ဂြိုဟ်တုအာရုံခံနည်းပညာကို သုံးပြီး ထပ်တဖန် ကွန်ပျူတာနည်းပညာနဲ့ပါ ကိုင်တွယ်ဆောင်ရွက်လာတဲ့အခါ မြန်မာပြည်မြောက် ပိုင်း ရွှေတြိဂံနယ်မြေဒေသမှာ ဝအဖွဲ့အစည်းဒေသက ပင်မ အဓိကထားပြီး ပေါ်ပီပင် (ဏသစစပ ဘိန်းပင်) စိုက်ပျိုးမှုမြေဧရိယာတိုးချဲ့မှုက မနှစ်ကထက် ကိန်းဂဏန်းအဆပေါင်း မြောက်မြားစွာ တိုးမြင့်လာတာကို တွေ့မြင်ကြရပါတယ်။

ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ရည် စူးပြီး လက်နက်တပ်ဆင်ကြတဲ့ အကြီးမားဆုံး လှုပ်ရှားဆောင်ရွက်ချက်တွေအထဲ မှာ အမေရိကန်ရဲ့ ဆောင်ရွက်ချက်က ဒီလိုရှိနေပါတယ်။ အမေရိကန်က ထိုင်းမြန်မာ နယ်စပ်မျဉ်းကြောင်းတစ်လျှောက်မှာ စစ်ရေးနဲ့ ကိုင်တွယ်ရာမှာ ဝညွန့်ပေါင်း မဟာမိတ် စစ်တပ်အဖွဲ့အစည်းကို စစ်ဆင်ရေးပုံစံမျိုးနဲ့ ပြုမူဆောင်ရွက်ပြီး လေပြင်ဝေဟင်ကနေ ထိုးနှက်တိုက်ခိုက်လို့ နေပါတယ်။

၂၀ဝ၂ ခုနှစ် နွေဦး၊ ရွှေတြိဂံသမိုင်းတစ်လျှောက်လုံး အကြီးမားဆုံးသော ကိန်းဂဏန်းပြောင်းလဲမှုကြီး
စတင်ပေါ်ထွန်းလာတော့မယ့် အာရုဏ်ဦး

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးဌာနကြီးက နှစ်ချုပ်အစီရင်ခံချက်ကို ထုတ်ပြန်လိုက်တယ်။ ''မြန်မာနိုင်ငံ ဟာ မျက်မှောက်အချိန်ကာလမှာ ဘိန်းထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်တယ်။ တစ်ကမ္ဘာလုံး ဘိန်းထွက်ရှိမှုရဲ့ ၅၀プ - ၆၀プကို မြန်မာနိုင်ငံက ထုတ်လုပ်နေပါ တယ်'' ယခင်အတိတ်က အချက်အလက်တွေက အထင်အရှား ဖော်ပြထားပါ တယ်။ ရွှေတြိဂံ ဘိန်းစိုက်ပျိုးမှုက မြန်မာနိုင်ငံက ၈၉ プ လောနိုင်ငံက ၈ プ၊ ထိုင်း နိုင်ငံက ၂ プ အသီးသီးရှိကြပါတယ်။ ရွှေတြိဂံရဲ့ မူးယစ်ဆေးဝါး ပိတ်ပင်ဟန့် တားတိုက်ဖျက်ရေးဆိုတဲ့ လုပ်ဆောင်ချက်က မြန်မာပြည်မြောက် ဘက်နှင့် နယ်မြေဒေသကို အဓိကထား ကိုင်တွယ်ဆောင်ရွက်ကြရမှာဖြစ်တယ်ဆိုပြီး ဆုံးဖြတ်ချက် ချထားပါတယ်။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးရဲ့ မျက်လုံးတွေက နွေဦးသစ်ကာလပိုင်းတွေမှာ မြန်မာပြည် မြောက်ဘက်နယ် မြေဒေသကို ဆုံချက် တစ်ခုအဖြစ် စောင့်ကြည့်နေကြပါပြီ။

၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀ဝ၂ ခုနှစ် နွေဦး၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကြားကာလအချိန်ပိုင်းဟာ ရွှေတြိဂံတောင်ကြောအနှံ့ ပေါ်ပီပန်း (ဘိန်းပန်း) တွေ ဝေဝေဆာဆာ ပွင့်လန်းကြတဲ့ အခါသမယ ဖြစ်နေပါတယ်။ ဝေသီခေါင်ဖျား မြင့်မြင့်မားမား ကောင်းကင်ဝေဟင်ဆီကနေ စောင့်ကြပ်တိုင်း ထွာတဲ့ ဂြိုဟ်တုဆီက အောက်မြေလွှာဘက်ဆီမှာ ဘယ်ဟာကဖြင့် သဘာဝ သစ်ပင်ပန်းမာလ်တွေ ဖြစ်တယ်၊ ဘယ်ဟာကဖြင့် လူတို့ရဲ့ လုံ့လအားနဲ့ ပြုစုပျိုး ထောင်ထားတဲ့ ပေါ်ပီ (ဘိန်းပင်) တွေ ဖြစ်ချေသလဲဆိုတာကို အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ ပေါ်ပီပင် စိုက်ပျိုးမှု မြေဧကအကျယ်အဝန်းကို စောင့်ကြပ် တိုင်းထွာခြင်းဆိုတာက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တိုက်ရိုက် ထောက်ပြချက် ထဲက ဆန်းစစ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဂြိုဟ်တုအာရုံခံနည်းပညာသုံးပြီး ကွန်ပျူ တာ နည်းပညာနဲ့ပါ ထပ်ဆင့်ဆောင်ရွက်တဲ့အခါ မြန်မာပြည်မြောက်ပိုင်း ရွှေ တြိဂံဒေသ ဝအဖွဲ့အစည်းနယ်မြေက ပေါ်ပီပင် (ဘိန်းပင်) အဓိက စိုက်ပျိုးတဲ့ မြေဧက မနှစ်ကထက် ကိန်းဂဏန်းအဆပေါင်းများစွာ တိုးလာတာကို တွေ့ရှိ ရပါတယ်။

ဒီတွေ့ရှိချက်ကြောင့် တမဟုတ်ချင်းမှာပဲ အနောက်နိုင်ငံတစ်ခွင်လုံး ရယ်၊ နိုင်ငံတကာ လူ့ဘောင်လောကကြီးကိုပါ ကိုင်လှုပ်လိုက်ပါတယ်။ ကမ္ဘာ့ တစ်ခွင်လုံး သောသောညံ ဂယက်ရိုက်ခတ်သွားပါတယ်။ မူးယစ်ဆေးဝါးဆိုတာက ရှေးဦးကတည်းက လူသားမျိုးဆက်တစ်ခုလုံးရဲ့ ဘုံရန်သူဖြစ်ခဲ့ပြီးဖြစ်တယ်။ နိုင်ငံတကာ လူ့ဘောင်တစ်ခုလုံး နှစ်ကာလပေါင်းများစွာ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးကြိုးပမ်းမှုရဲ့ ရလာဒ်အကျိုးပါပဲ။ ဒီတွေ့ရှိချက်က အြွကင်းအကျန် ကလေးတောင် ဘာတစ်ခုမှ မရှိတော့ဘဲ ဗလာနတ္တိအဖြစ် ခံလိုက်ရသယောင် ယောင် ဖြစ်သွားပါတယ်။

မတ်လ ၂၇ ရက်နေ့။ 
အတင်းအကြပ် ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအခြေစိုက် ၁၇ နိုင်ငံ သံအမတ်ကြီးများနဲ့ ရွှေတြိဂံဆေးဝါး ဟန့်တားတိုက်ဖျက်ရေး စူးစမ်း လေ့လာ ရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီမတိုင်ခင် ရက်သတ္တတစ်ပတ်လောက် က ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်ရေး စူးစမ်းလေ့လာရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီမတိုင်ခင် ရက်သတ္တတစ်ပတ်လောက်က ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်ရေးဌာနက နက်နက်ရှိုင်း ရှိုင်း စူးစမ်းလေ့လာ ဖို့ အလားတူ အဖွဲ့အစည်းမျိုးကို ဖွဲ့စည်းထားခဲ့ပြီဖြစ်ပါသည်။ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးရဲ့ စူးစမ်းလေ့လာမှုအရ တွေ့ရှိ ခဲ့ရတာကတော့ လွန်ခဲ့တဲ့နှစ် ဆောင်းရာသီနဲ့ ဒီနှစ် နွေဦးရာသီကာလတွေမှာ မြန်မာနိုင်ငံ မြောက်ဘက် နယ်မြေဒေသက မူးယစ်ဆေးဝါးအနေအထားဟာ တကယ့်ကိုပဲ အရမ်းကို ခက်ထန်ကြမ်းတမ်းနေတာကို တွေ့ခဲ့ကြရပါတယ်။

မတ်လဆန်း။ 
ထိုင်းနိုင်ငံက ထိုင်းနိုင်ငံသစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ပုဆာချူတိခု ရေးသားတဲ့ ဆောင်းပါးရဲ့ ထုတ်ဖော်ရေးသားချက်က အမေရိကန်ရဲ့ အသစ်လွင်ဆုံး သတင်းအချက်အလက်အဖြစ် ပျံ့နှံ့သွားပါတယ်။ ''ကမ္ဘာပေါ်က အင်အားအကြီးမားဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး လက်နက်ကိုင်တွေထဲက လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ကို ရည်စူးပြီး အမေရိကန် ပြည်ထောင်စုက ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမေရိကန်ရဲ့ ဆောင်ရွက် ပုံက ထိုင်း မြန်မာ နယ်ခြားမျဉ်းကြောင်းတစ်လျှောက် စစ်ရေးနဲ့ ဆောင်ရွက်မှုကို မဖယ်ရှားဘဲ ဝမဟာမိတ်ညွန့်ပေါင်းအဖွဲ့အစည်းကို စစ်ဆင်ရေး အသွင်သဏ္ဍာန်နဲ့ လေ ကြောင်းကနေ ထိုးနှက်မှာဖြစ်တယ်'' ဒီသတင်း တမဟုတ်ချင်းပဲ ရွှေတြိဂံနယ်မြေ ဒေသက များပြားလှတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ယောက်ယတ်ခတ်သွားပါတယ်။

မတ်လ ၁၈ ရက်။ 
ထိုင်းနိုင်ငံ ဘန်ကောက်က အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့ ''စာပို့သတင်း'' မှာ အများသိရှိအောင် ဗြောင်ကျကျ စီရင်ခံ ထုတ်လွှင့် လိုက်တဲ့ အမေရိကန်ပြည်ထောင်စု ပြည်ထဲရေးဌာန မူးယစ်ဆေးဝါးဆိုင်ရာ တာဝန်ခံနှင့် တရားဥပဒေရေးရာ နိုင်ငံခြားရေးရာ အထောက်အကူပြု ဝန်ကြီး နန်တက် - ပီသြရယ်၊ အကြမ်းဖက် အုပ်စု နှိမ်နင်းရေး အထူးသံတမန် စူဖရန် စီစူ - ထိုင်းကျဲ့တို့က အမေရိကန် ဆီးနိတ်ကြားနာမှု ညီလာခံမှာ ထုတ်ဖော် ပြောကြားပါတယ်။ သူရဲ့ ထုတ်ဖော်ချက်ထဲမှာ ဝမဟာမိတ် (ညွန့်ပေါင်း) တပ်ဖွဲ့ ကို ဟောသလို ပြစ်တင်စကား ပြောကြားပါတယ်။ ''တစ်ယောက်မကျန် အားလုံး က သိနှင့်ပြီးသားလည်း ဖြစ်တယ်။ ကမ္ဘာတခွင်လုံးက မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်ငန်းကြီးတို့နှင့် ပေါင်းကူးဆက်သွယ်နေသော အကြမ်းဖက် ဝါဒီအဖွဲ့အစည်း'' ဆိုပြီး စကားလုံးကြမ်းကြမ်းနဲ့ ဝအဖွဲ့အစည်းကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောသွားပါတယ်။ ဒါကို သတင်းတွေရဲ့ ဝေဖန်ချက်ကလည်း ''ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့ ရှေးဦးဆုံးအကြိမ် လက်နက်ကိုင် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့အဖွဲ့ကို အကြမ်းဖက်ဝ၊ ဒီအဖွဲ့အစည်းရယ်လို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်ခြင်း ဖြစ်တယ်''

၂-၆-၂၀ဝ၂ နေ့မှာ 
တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘိန်းရာဇာကြီး ၁၂ ဦးရဲ့ အမည်စာရင်းအသစ်ကို အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ဘိန်းရာဇာကြီး ၁၂ ဦးထဲက- မက္ကဆီကို ၆ ဦး၊ မြန်မာ ၁ ဦး (ခွန်ဆာ)၊ မြန်မာ နိုင်ငံသား တရုတ်နွယ်ဖွား ၁ ဦး (ဝေ့ရွှေကန်း)၊ အာဖရိကတိုက် နိုင်ဂျီးရီးယား ၂ ဦး၊ ကယ်ရီဘီယန်ပင်လယ် ဒေသ စိန့်ကျီးချူ-နီဝေးစ်လူမျိုး ၂ ဦး။ ဒီကမ္ဘာ့အဆင့်မြင့်ဆုံး ဘိန်းရာဇာကြီး ၁၂ ဦးထဲပါဝင်နေတဲ့ တရုတ်နွယ်ဖွား ဝေ့ရွှေကန်းရဲ့ ခွန်ဆာတို့ဟာ မြန်မာနိုင်ငံ စစ်အစိုရထံ ၁၉၉၆ ခုနှစ်က လက် နက်ချ အညံ့ခံလိုက်ကြပြီး ဖြစ်တယ်။

ဘန်ကောက် ''စာပို့သတင်းစာ'' က စောစောကတည်းက ဖော်ပြခဲ့ပြီး ဖြစ်တယ်။ ခွန်ဆာလက်နက်ကိုင်တပ်ဖွဲ့ ၁၉၉၆ ခုနှစ်က လက်နက်ချ အညံ့ခံသွား ပြီးတဲ့ နောက်ပိုင်းမှာ ဝေ့ရွှေကန်းက တစတစနဲ့ ခွန်ဆာရဲ့ နေရာကို ဝင်ယူလာပါ တယ်။ ရွှေတြိဂံမှာ အင်အားအကြီးဆုံး၊ အတောင့်တင်းဆုံး ဘိန်းရာဇာကြီး ဖြစ်လာပါတယ်။ ဝေ့ရွှေကန်းဟာ ၁၉၄၅ ခုနှစ်တုန်းက တရုတ်ပြည်၊ ယူနန်ပြည် မှာ မွေးဖွားပါတယ်။ ဒီနှစ် အပိုင်းအခြားကာလတွေမှာ ရွှေတြိဂံနယ်မြေဒေသ မြန်မာနိုင်ငံအပိုင်း နယ်စပ်တဝိုက်မှာ ကျင်လည်ကျက်စားနေပါတယ်။ သူ့ဖခင် က မူလက ကူမင်တန် စစ်ဗိုလ်တစ်ယောက်ဖြစ်တယ်။ သူ့ဖခင်လည်းပဲ တစ် လျှောက်လုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းနဲ့ ကြီးပွား ချမ်းသာလာတာ ဖြစ်တယ်။

၁၉၄၉ ခုနှစ် တရုတ်ပြည်မကြီး လွတ်မြောက်လုနီးတဲ့ အာရုဏ်ဦးပိုင်း မှာ ကူမင်တန် တရုတ်ဖြူစစ် ဗိုလ်ဝေ့ရွှေကန်းရဲ့ ဖခင်ဟာ မိသားစုအားလုံးကို ခေါ်ငင်ပြီး မြန်မာနိုင်ငံ ဝဒေသဆီ ထွက်ပြေးပုန်းရှောင်ပြီး အခြေချ နေထိုင်ကြပါ တယ်။ ထိုစဉ်တုန်းက အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေး ဃှုဗ ရဲ့ အားပေးကူညီမှုကို အပြည့်အဝရရှိတဲ့သူတွေပါ။ ဝေ့ရွှေကျန်းရဲ့ ဖခင်က ဘိန်းရောင်း ဘိန်းဝယ်လုပ်ငန်း လုပ်ကိုင်ပြီး ကူမင်တန် အြွကင်းအကျန်တပ်ဖွဲ့ အသက်ဆက် ရပ်တည်နိုင်ရေးကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘိန်းက ရရှိတဲ့ ငွေကြေးနဲ့ တပ်အင်အား၊ လက်နက်အင်အား၊ မြင်း၊ လားအင်အားတွေ တိုးချဲ့ လေတယ်။ ရည်ရွယ်ချက်က အင်အားတောင့်တင်းလာတဲ့ တစ်နေ့မှာ အလုံး အရင်းနဲ့ ပြည်မကြီးကို တန်ပြန်ထိုးစစ်ဆင်ရေးပါပဲ။ ဝေ့ရွှေကန်းနဲ့ အစ်ကို ဝေ့ရွှေလုံ၊ ညီ ဝေ့ရွှေစင်တို့ ဒီလိုနဲ့ပဲ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ ကြီးပြင်း လာကြ ရတယ်။ 

၂၀ ရာစုခေတ် ၉၀ နှစ် အစဦးပိုင်းတုန်းက ငယ်ရွယ်တဲ့ ဝေ့ညီနောင် သုံးဖော် တို့ ဝ+ ပြည်ထောင်စုတပ်ဖွဲ့ထဲ ဝင်လိုက်ကြတယ်။ ဝင်လိုက်တဲ့အတွက် အကျိုးဆက်က သူတို့အုပ်စုရဲ့အား တစထက်တစ ခိုင်မာတောင့်တင်းလာတယ်။ သူတို့ စိုးမိုးတဲ့ ကန့်သတ်မှုနယ်မြေကို အဆက်မပြတ် ချဲ့ထွင်လာတယ်။ တဖြည်းဖြည်းနဲ့ တည်ဆောက်လာလိုကတာမှာ ယှဉ်ပြိုင်ဖောက်ထွက်ပြီး အမှီ အခိုကင်းတဲ့ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ''ဘုရင့်တိုင်းနိုင်ငံကြီး''ကို ကိုယ်ပိုင်အဖြစ် လွတ်လွတ်လပ်လပ် ဖွဲ့စည်း တည်ထောင်လိုက်လေတယ်။ 

''ဟီးရိုးအင်းဘုရင်'' ခွန်ဆာနဲ့ ပခုံးချင်းယှဉ်နယ်မြေတွေလုကြ၊ မူးယစ်ဆေးဝါး လမ်းကြောင်းကြီးကို ဖွင့်ကြနဲ့ ထင်တိုင်းကျဲနေကြတယ်။ ဝေ့ညီနောင် သုံးဖော် တပ်ဖွဲ့ဟာ တခြားလက် နက်ကိုင် အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပေါင်းစည်းကြပြီး ပြိုင်ဘက်ခွန်ဆာကို ဝိုင်းတိုက်ကြတယ်။

၁၉၈၉ ခုနှစ်တုန်းက ဝအဖွဲ့အစည်းရဲ့ ကျောထောက်နောက်ခံ အကူ အညီ ရယူပြီး ခွန်ဆာကို ဝိုင်းထားကြပြီး အမြစ်ပြတ်သုတ်သင်တဲ့ တိုက်ပွဲမှာ စွမ်းစွမ်းတမံ တိုက်ခဲ့တဲ့ စွမ်းအားအကျိုးကြောင့် မြန်မာစစ်အစိုးရက ရှမ်းပြည် နယ် ပိုင်နက် နယ်မြေထဲက ဧရိယာ ၁၄၀ဝ၀ ကီလိုမီတာ အကျယ်အဝန်း နယ်မြေကို ဝကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေအဖြစ် ဆုလာဘ်အပ်နှင်း လိုက်ပါ တယ်။ ဒီလိုနဲ့ ဝေ့ရွှေကန်းလည်းပဲ ဝေးသီခေါင်ဖျား ချောင်ကျကျ တောင်ကြို တောင်ကြားမှာ မူးယစ်ဆေးဝါးကို စိတ်ကြိုက် ထုတ်လုပ်၊ စိတ်ကြိုက် ရောင်းဝယ် ဖောက်ကားလေတယ်။

ခွန်ဆာတပ်ဖွဲ့ ၁၉၉၆ ခုနှစ်မှာ မြန်မာစစ်အစိုးရဆီ လက်နက်ချ အလင်းဝင် ရောက်လာပြီးတဲ့နောက် ရွှေတြိဂံမှာ ဝေ့ရွှေကန်းတို့ မူးယစ်ဆေးဝါး အုပ်စုကြီးဟာ ဝလက်နက်ကိုင်တပ်ဖွဲ့ကြီးရဲ့ အမြင့်မားဆုံး ခေါင်းဆောင်ထဲက ခေါင်းဆောင်တစ်ယောက် ဖြစ်သွားပါတယ်။ ဝေ့ညီနောင်တို့ ဝတပ်ဖွဲ့ကြီးနဲ့ ညွန့်ပေါင်းဖွဲ့ပြီးတဲ့နောက် ဒီနယ်မြေ ဒီဒေသက ဝအဖွဲ့ တောင်ပိုင်းနယ်မြေဒေသ ဖြစ်သွားပါတယ်။ ဝညွန့်ပေါင်း တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသဆိုပြီး တည်ထောင် လိုက်တယ်။ ဝေ့ရွှေကန်းက ဝတောင်ပိုင်း စစ်ဒေသမှူးဖြစ်သွားပါတယ်။ ခုတ လောမှာတော့ ဝေ့ရွှေကန်းဟာ ဝညွန့်ပေါင်း တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သွား ပြီး၊ တပ်သားအင်အား ၂ သောင်းကျော်ရှိပြီး အထူးခေတ်မီ ဆန်းသစ်တဲ့ လက်နက်ကောင်းတွေ တပ်ဆင်ထားတဲ့ မူးယစ်ဆေးဝါး လက်နက်ကိုင် စစ်တပ် ကြီးကို ဦးစီးအုပ်ချုပ်နေပါတယ်။ ၄င်းနယ်မြေဒေသမှာ မူးယစ်ဆေးဝါး မွမ်းမံ ထုတ်လုပ်တဲ့ စက်ရုံတွေကို လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပါတယ်။ SW စာလုံးတပ်မထားတဲ့ ကားကြီး ကားငယ်တိုင်း စက်ရုံအနားကို နည်းနည်း လေးတောင် သိခွင့်မရပါ။ သံသယဖြစ်တဲ့ လူသူမှန်သမျှကို အစောင့်တို့က ဘာတစ်ခွန်းမှ မေးမြန်းနေမှာ မဟုတ်ဘဲ တွေ့တာနဲ့ ပစ်သတ်မှာပါပဲ။

ခုတလော ဝေ့ညီနောင်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ထပ်ဆင့်တိုးချဲ့ လိုက်ပြန်တယ်။ ခေတ်မီလက်နက်ကြီးတွေ ထပ်မံဝယ်တယ်။ မြန်မာ၊ ထိုင်း၊ လော နယ်ခြားမျဉ်းတစ်လျှောက်လုံးကို စိုးမိုးအုပ်ချုပ်ထားနိုင်တယ်။ သူ့လက် အောက်မှာ တပ်ရင်း ၆ ရင်းရှိတဲ့ တပ်အင်အားက ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်တဝိုက်က နယ်ခြားမျဉ်းတစ်ဝိုက်မှာ အခိုင်အမာ တပ်ချထားပါတယ်။ ဒါ့အပြင် မြန်မာ၊ ထိုင်းနယ်စပ်နဲ့ မဲခေါင်မြစ် ဝှမ်းလမ်းကြောင်းကိုပါ အသုံးချပြီး ထိုင်းနိုင်ငံက အရှေ့မြောက်ပိုင်း၊ အလယ် ပိုင်းနဲ့ တောင်ပိုင်းတွေ၊ ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ကမ်းခြေက ထိုင်း/ လောနယ်ခြားတကြောလုံးကို ရေခဲမူးယစ်ဆေးတွေကို လွတ်လွတ်ကျွတ် ကျွတ် ခိုးသွင်းကြပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ရေး အဖွဲ့ကြီး ရဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ စာရင်းဇယားအရ သိရတာကတော့ ဝေ့ရွှေကန်းတို့ လက်နက်ကိုင်တပ်ကြီးဟာ ရွှေတြိဂံနယ်မြေ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းရဲ့ အနည်းဆုံး ၇ ချိုးလောက်ကို စိုးမိုးထားနိုင်ပြီး ဖြစ်တယ်။ 

ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ပိုပြီး ပိုပြီး နည်းပညာတွေ ဆန်းသစ်နေပြီဖြစ် တယ်။ ရှေးရိုးအစဉ်အလာ မူးယစ်ဆေးဝါး ဘိန်းအပြင်၊ သူတို့တတွေဟာ ငွေ လုံး ငွေရင်း အလုံးအရင်း မြှုပ်နှံထားပြီး ဆန်းသစ်တဲ့ ပုံစံ၊ အပျော့စား ဆေးစွမ်း သတ္တိ မူးယစ်ဆေးဝါး ''ဝေ့ဝေါ် မေ့လျော့ဆေး'' (Ecstasy) မူးယစ်ဆေးဝါးကို တီထွင် ထုတ်လုပ်လိုက်တယ်။ ဘန်ကောက် ''စာပို့သတင်းစာ'' ရဲ့ သတင်းအစီ ရင်ခံစာချက်အရ သိရတာကတော့ ဝေ့ရွှေကန်း ရဲ့ ချင်းမိုင်မျာ အနီးကပ် ပေါင်းသင်းခဲ့တဲ့သူဆီက တဆင့်ကြားရတာကို ပြန်ပြီး ဖောက်သည်ချရရင် ခုတလော ထိုင်းအာဏာပိုင်တို့ ဖော်ထုတ်ဖမ်းဆီးမိတဲ့ ခေါင်းခါရမ်းမူးယစ်ဆေးလုံး အလုံး ပေါင်း (၁ သန်း ၆ သိန်း) ဒီအမှုအခင်းမှာ မိမိတို့နှင့် ဘာမှ မပတ်သက်တဲ့အကြောင်း၊ ဝေ့ရွှေကန်း အပြင်းအထန် ငြင်းဆို နေရပါတယ်။ ဒါတင်မကသေးဘဲ ခုတလော ထိုင်းနိုင်ငံက ဖမ်းဆီးရမိပြီး သိမ်းဆည်းလိုက်တဲ့ ငွေကြေးဓနဥစ္စာတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ကြသူတွေဟာ သူနဲ့ လုံးလုံးကို မပတ်သက် ကြောင်းရယ်၊ သူ့ရဲ့ လက်အောက်ခံ တွေလည်း မဟုတ်၊ သူပိုင်ပစ္စည်းနဲ့ ငွေကြေး တွေလည်း မဟုတ်တဲ့အကြောင်းကို ဘက်စုံခွန်အားစိုက်ထုတ်ပြီး အစွမ်းကုန် အလွန်ရုန်းနေရပါတယ်။

ထိုင်းနိုင်ငံ ကြည်းတပ်စစ်ထောက်လှမ်းရေး တာဝန်ခံအရာရှိ ဆုံဆက ပြောပါတယ်။ ''ဝေ့ရွှေကန်း အဲဟိုမှာ ဘာလဲဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်း လင်း သိထားပါတယ်။ ဒါပေမဲ့ တပ်စေလွှတ်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်ဖမ်းနိုင် မယ့် နည်းလမ်းရှိမနေလို့ပါ'' အမေရိကန်ပြည်ထောင်စု ပြည်ထဲရေးရာရုံးက အရာရှိအရာခံတွေကလည်း ပြောကြပါတယ်။ ဝညွန့်ပေါင်းတပ်ဖွဲ့ကြီးဟာ မျက်မှောက်ကာလမှာ အရှေ့တောင်အာရှကနေပြီး ကမ္ဘာအနှံ့ ဟီးရိုးအင်း မူးယစ်ဆေးဝါး ဖောက်ကားတဲ့ ပင်မ အဓိကကျတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ထပ်ဆင့်ညွှန်းဆို ထောက်ပြပြန်ပါသေးတယ်။ ဝေ့ရွှေကန်း ပါဝင်ပတ်သက်ပြီး မြန်မာနိုင်ငံ၊ မိုင်းယန်းက ဝနီလူမျိုးစုကို ဦးစီးဦး ဆောင်ပြီး မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တာတို့၊ ကမ္ဘာ့နေရာအနှံ့ ဟီးရိုးအင်း မှောင်ခိုရောက်ရှိသွားဖို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ကမ္ဘာတခွင်မှာ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ ဘိန်းဘုရင် ခွန်ဆာနဲ့ အဆင့်တူတဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ နှစ်သန်း ထုတ်ခံထုတ်ရတဲ့ ဝေ့ရွှေကန်းပါပဲ။

မြန်မာအစိုးရ ဗိုလ်ချုပ်ကြီးမောင်အေး ၂၃-၄-၂၀ဝ၂ နေ့မှာ ဘန် ကောက်ကို သုံးရက်အလည်အပတ်ခရီးနဲ့ ရောက်သွားပါတယ်။ သူဟာ ထိုင်းဝန် ကြီးချုပ် သက်ဆင်၊ ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးကိုပါ ပူးတွဲထမ်းဆောင် တဲ့ ကျောက်ဝါလိ အစရှိတဲ့ ထိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်း နိုင်ငံ စက်ဘက်ဆိုင်ရာနဲ့ မူးယစ်ဆေးဝါး ဖမ်းဝရမ်းထုတ်ပြန်ရေးဌာနတို့က ထိုင်းအစိုးရကို မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာကို ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ ဒုတိယအတွင်းရေးမှူး ဗိုလ်ချုပ်မောင်အေး၊ ထိုင်းနိုင်ငံ အလည်အပတ်ခရီး မလာရောက်ခင်မှာ မြန်မာအစိုးရက နာမည်ပုပ်သိုးကျော်ကြားတဲ့ ဘိန်းရာဇာကြီး နှစ်ဦးဖြစ်တဲ့ ဝေ့ရွှေကန်းနဲ့ စူလာချိုင်း (ပန်းလုံ ဝူထုန်းဖူးလို့လည်း နာမည်တွင် ပါတယ်။ အခု မိုင်းယန်းနဲပ ကီလိုမိတာ ၃၀ ကွာဝေးတဲ့ ပန်းဟုန်းမှာ ပုန်းခိုနေပါ တယ်) တို့ကို မြန်မာစစ်အစိုးရက ဖမ်းဆီးပေးစေလိုပါတယ်။ ဒါ့အပြင် တရား ရေးဌာနဆီပို့ပြီး တရားစီရင်စေမှာ ဖြစ်တယ်။ ထိုင်းနိုင်ငံအစိုးရနဲ့ ထိပ်ပိုင်းခေါင်း ဆောင်များက ဗိုလ်ချုပ်မောင်အေးနဲပ ဝေ့ရွှေကန်း၊ စူလာချိုင်းတို့နှစ်ဦးကို ဖမ်းဆီးကြမယ့်အရေးကို ဆွေးနွေးတိုင်ပင်ဖို့ကို ထိုင်းနိုင်ငံထုတ် ''စာပို့သတင်းစာ'' က မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။

စူလာချိုင်းကို ''ပန်းလုံ'' ဆိုတဲ့ နာမည်နဲ့ လူသိပိုများတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ စူလချိုင်းရဲ့ လက်အောက်ခံ ငယ်သားတွေ ဘန်ကောက်မြို့ရဲ့ အရှေ့ဘက်မှာ ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး မှောင်ခိုသမားတစ်ဦးကို အသေဖမ်းမိလိုက်တယ်။ စိတြွ်ကဆေး အလုံးရေ ၇ သိန်း ၅ သောင်းကိုပါ ဖမ်းမိလိုက်တယ်။ ထိုင်းနိုင်ငံ ဘက်က ဖော်ပြချက်ကတော့ စူလာချိုင်းဟာ အထူးလမ်းကြောင်းကနေ မြန်မာ နိုင်ငံထဲ ဝင်ရောက်ပုန်းခိုနေခြင်းဖြစ်တယ်။ ၄င်းပိုင်ဆိုင်တဲ့ ဓနငွေကြေးအများ အပြားကို ရှာဖွေသိမ်းဆည်းခံရခြင်း မရှိသေးပါ။ အကယ်၍ တစ်စုံတစ်ယောက်က စူလာချိုင်းရဲ့ ဓနငွေကြေးတွေကို ထိန်းသိမ်းပေးထားတယ်ဆိုရင် ဖမ်ဆီးထိန်း သိမ်းခံရမယ့်အပြင် တရားရုံတင် စွဲဆိုခြင်းကိုလည်း ခံရမှာဖြစ်တယ်။ ထိုင်း အစိုးရက ဝေ့ရွှေကန်း ထိုင်းနိုင်ငံအတွင်းမှာ ထားသိုထားတဲ့ ဓနငွေကြေးစာရင်း တွေကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်တယ်။

၂၀ဝ၂ ခုနှစ်မှာ မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာ အနေအထား မကောင်းလှတာကို အထင်အရှား သတိပြုမိတာကြောင့် မြန်မာနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး ဦးဝင်းအောင်က မတ်လ ၂၀ ရဂက်နေ့မှာ ''နိုင်ငံတော် အချုပ် အခြာအာဏာ ထိန်းသိမ်းကာကွယ်ရေးဒ'' ဆိုတဲ့ တင်းမာတဲ့ ဝေါဟာရ အသုံး အနှုန်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

မတ်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ စစ်အစိုးရ တတိယခေါင်းဆောင်နှင့် နအဖ အဖွဲ့အစည်း ပထမအတွင်းရေးမှူး နှင့် ဗဟိုစစ်ဘက်ဆိုင်ရာ သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ဗိုလ်ချုပ်ခင်ညွန့် မြန်မာပြည် မြောက်ပိုင်းက ကိုးကန့်။ ဝပြည်ထောင်စု၊ ကချင်၊ ရှမ်း အထူးဒေသလေးခု (နိုင်ငံတကာ ဒီလေးနေရာကို ဘိန်းပင်မထွက်ရှိရာ ဒေသလို့ သတ်မှတ်ထားပါ တယ်) ရောက်လာပြီး မူးယစ်ဆေးဝါး ပိတ်ပင်ဟန့်တား တိုက်ဖျက်ရေး ညီလာခံ ကြီးကို ကျင်းပပါတယ်။ ဒီညီလာခံမှာ ဗိုလ်ချုပ်ခင်ညွန့် ပြောခဲ့တာကတော့ ''အမေရိကန်နိုင်ငံ လူမှုရေးအသင်းအဖွဲ့တွေက မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ပျံ့နှံ့သောင်းကျန်းတဲ့ နိုင်ငံရယ်''လို့ အပြစ်ဖို့နေကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အတွက် အင်မတန် ဘေးအန္တရာယ်ကြီးလှပါတယ်။ တရုတ်မြန်မာ မဟာမိတ် အဖြစ် ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ အထူးဒေသ အသီးသီးဆီ ဝင်ရောက်ပြီး မူးယစ်ဆေးဝါး လုံးဝပပျောက်ရေးကို ရှာဖွေစစ်ဆေးနေပြီဖြစ်တယ်။ တိုင်းရင်း သားတို့ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကျွန်တော်တို့ မဖြစ်မနေ လုပ်ကြရမှာ ဖြစ်တယ်။ ဒါဟာ နောက်ဆုံးအကြိမ် အခွင့်အရေးပဲ ဖြစ်တယ်''

မြန်မာအရာရှိတစ်ဦးက ထုတ်ဖော်ပြောပြပြန်တယ်။ ''အမေရိကန် အမှူးပြုတဲ့ အနောက်တိုင်းနိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ အမှာစာ ပေးပို့ထားပါတယ်။ အမှာစာထဲမှာ ပြောထားတာက တကယ်လို့ မြန်မာအစိုးရက ရွှေတြိဂံရဲ့ မူးယစ်ဆေးဝါးပြဿနာ ကို အပြီးအပိုင် ထပ်ဆင့်ဖြေရှင်းမပြုလုပ်ဘူးဆိုရင် အနောက်နိုင်ငံများက ခက်ထန်ကြမ်းတမ်းတဲ့ ဆောင်ရွက်ချက်တွေနဲ့ လုပ်ဆောင်ကြရပါလိမ့်မယ်တဲ့။ မူးယစ်ဆေးဝါး ရင်းမြစ်နယ်မြေကို အပြီးပိုင် သုတ်သင်ရှင်းလင်းပစ်ရလိမ့်မယ်။ ဒါမှသာ လူသားမျိုးနွယ်ရဲ့ ဘုံရန်သူဟာ ၂၁ ရာစုခေတ်မှာ သေရာကနေ အသက်ပြန်ရှင်မလာနိုင်မှာ ဖြစ်ပါတယ်'' လို့ စကားလုံး ခပ်ကြမ်းကြမ်း သုံးနှုန်း ထားပါတယ်။ 

လားရှိှုုးညီလာခံမှာ မြန်မာအရာရှိတစ်ဦး အကြိမ်ကြိမ် ထပ်ဆင့် ထပ်ခါ သတိပေးတာကတော့ ''ကျွန်တော် လားရှိုးကို ခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရခြင်းက ပြဿနာတွေက အင်မတန်ဆိုးရွားနေပြီဆိုတာကို ဖော်ပြ နေတာပါပဲ။ အနောက်တိုင်းနိုင်ငံအချို့နဲ့ သတင်းမီဒီယာတွေက ကျွန်တော်တို့ရဲ့ တချို့တိုင်းရင်းသားနယ်မြေဒေသမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အတော့်ကို ဆိုးရွားနေပြီရယ်လို့ အတိအလင်း ဖော်ပြထားပြီး အပြစ်တင်ထားပါတယ်။ ဒါကြောင့် ခုတစ်ကြိမ် ညီလာခံရဲ့ ဗဟိုစင်တာ အချက်အခြာဟာ ရန်ကုန်မဟုတ် ဘဲ ရန်ကုန်ထက် ပိုပြီး အနှစ်သာရ အဓိပ္ပာယ် သက်ရောက်မှုရှိပြီး ရန်ကုန်ထက် အားသာပါတယ်ခင်ဗျာ''

ဟိုယခင်က အာဖဂန်ရဲ့ ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) ဘိန်းပင် စိုက်ပျိုးမှု ပြဿနာကို ဖြေရှင်းပြီးစီးသွားပြီးတဲ့နောက် အမေရိကန်နိုင်ငံ ဦး ဆောင်တဲ့ အနောက်တိုင်းနိုင်ငံများရဲက မျက်လုံးအကြည့်တွေက နွေဦးရာသီ သစ်မှာ ရွေ့လျားမှုတွေ ရှိလာပြီး ရွှေတြိဂံဘက်ဆီသို့ အကြည့်စူးစူးနဲ့ ပြောင်းရွှေ့ ကြည့်လာကြပါပြီ။ ၂၀ဝ၁ ခုနှစ် အမေရိကန်နိုင်ငံရဲ့  9/11 အရေးအခင်းကြီး ပေါ်ပေါက်လာပြီးတဲ့နောက် အမေရိကန်၊ ဗြိတိန်တို့ တပ်စေလွှတ်ပြီး အာဖဂန်ကို တိုက်ကြတယ်။ ဗြိတိန်နန်းရင်းဝန်ကြီး တိုနီဘလဲက ဗြိတိန်လွှတ်တော်နဲ့ ပြည် သူ ပြည်သားတွေကို သိမ်းသွင်းနားချနိုင်ခဲ့ပြီး အာဖဂန်ဆီ တပ်စေလွှတ်တိုက် ခိုင်းနိုင်ခဲ့တယ်။ တိုနီဘလဲ စည်းရုံးသိမး်သွင်းနိုင်ခဲ့တဲ့ အဓိကအကြောင်းပြချက်က ဘာလဲဆိုရင် ''လန်ဒန်မြို့ကြီးရဲ့ လမ်းမတွေပေါ်က မူးယစ်ဆေးဝါး ၉၀% ကအာဖဂန် ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) က စီးဝင်လာတာ ဖြစ်တယ်။

 ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) နောက်ကြောင်း

ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) က အာဖဂန်၊ ပါကစ္စတန်နဲ့ အီရန် သုံးနိုင်ငံနယ်စပ်တြိဂံဒေသပဲ ဖြစ်တယ်။ ယင်းနယ်မြေဒေသရဲ့ နယ်ခြားမျဉ်း အရှည်အလျားက ကီလိုမီတာ ၃ ထောင်ကျော်ကျော် ရှည်လျားပါတယ်။ မြေ နေရာ အသွင်ဟာ လဆန်းကွေးကွေးလေးအသွင်ရှိလို့ ကျင်းစင်းယွဲ့လို့ ခေါ်တွင် ပါတယ်။ (မှတ်ချက် - ကျင်းစင်းယွဲ့ဆိုတဲ့ တရုတ်အခေါ်အဝေါ်က ရွှေအဆင်း ဆန်းသစ်တဲ့ လစန္ဒာဖြစ်တယ်)

ကျင်းစင်းယွဲ့ ရွှေအဆင်းသစ်လွင်တဲ့ လဆန်းကွေးဒေသမှာ ဘိန်းရိုင်း (ဘိန်းစိမ်း) အမြောက်အမြား စိုက်ပျိုးထွက်ရှိပါတယ်။ ယင်းနယ်မြေဒေသထဲမှာ အီရန်ရဲ့ စိစတန်- ဘေလုချီစတန်ပြည်နယ်၊ ပါကစ္စတန်နိုင်ငံရဲ့ ဘေလုကျီပြည် နယ်၊ အာဖဂန်နိုင်ငံ အနောက်ဘက် နယ်စပ် ပြည်နယ်အသီးသီးနဲ့ ဆက်စပ်နေပါ တယ်။ ဒီနေရာမြေမှာ မှီတင်းနေထိုင်ကြသူတွေ နည်းပါးလှပါတယ်။ ခြောက်သွေ့ လွန်းတဲ့ ရာသီဥတုရယ်၊ လမ်းပန်းဆက်သွယ်မှု လုံးဝမကောင်းတာတို့ရယ်ကြောင့် ကမ္ဘာနဲ့ တစ်ဝက်ကျော်ကျော်လောက် အဆက်ပြတ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

သဘာဝဘေးဒုက္ခကပ်ဆိုးကြီးတွေ ကျရောက်မှုရယ်၊ နှစ်တွေအဆက် မပြတ် တိုက်နေခိုက်နေကြတဲ့ စစ်မီးတောက်ကြီးတွေ တဟုန်းဟုန်း လောင်ကျွမ်း မှုတွေကြောင့် ဒီကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) ဒေသဟာ၂၀ ရာစုခေတ် ၈၀ ခုနှစ်တွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုက အစားထိုး ဝင်ရောက်လာတဲ့အတွက် အတော်လေးကို ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ဒီဒေသရဲ့ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးမှု မြေဧရိယာ အကျယ်အဝန်းဟာ ဟက်တာ ၆ သောင်းရှိပါ တယ်။ ဒီဟက်တာ ၆ သောင်းထဲက အီရန် ပေါ်ပီစိုက်ပျိုးမှုက ဟက်တာ ၃ သောင်း၊ အာဖဂန်က ဟက်တာ ၂ သောင်း၊ ပါကစ္စတန်ရဲ့ ပေါ်ပီပင် စိုက်ပျိုး မှုက အနည်းဆုံးဖြစ်ပါတယ်။ ဟက်တာ ၅၀ဝ၀ ငါးထောင်ကျော်ကျော်လောက်သာ ရှိတယ်။ ၈၀ ခုနှစ် အလယ်ပိုင်းတွေမှာ ကျင်းစင်းယွဲ့ရဲ့ ဘိန်းစိမ်းထွက်ရှိနှုန်းက တန် ၈၀ဝ ဝန်းကျင်ရှိပါတယ်။ နောက်ပိုင်း နှစ်တွေမှာ ထွက်ရှိမှုနှုန်း မြင့်သထက် မြင့်ပြီး များများစားစား ထွက်ရှိလာပါတယ်။ ဘိန်းစိမ်းအထွက်နှုန်းမျဉ်းက မတ်မတ်ကြီးကို ထိုးတက်သွားပါတယ်။ ၁၉၈၇ ခုနှစ်မှာ တန်ချိန် ၁၃၆၀၊ ၁၉၈၈ ခုနှစ်ရောက်တော့ တန်ချိန် ၂၅၀ဝ ကျော် တက်သွားတယ်။ အာဖဂန်ရဲ့ ဘိန်းထွက်ရှိရာ ပင်မဒေသကြီးတစ်ခုဖြစ်နေပါတယ်။ နှစ်တွေဆက်တိုက် စစ် မက်တိုက်ခိုက်နေရတဲ့ အာဖဂန်ပြည်သူတွေဟာ လယ်ယာသီးနှံများကို အေး အေးချမ်းချမ်း စိုက်ပျိုးထုတ်လုပ်ရတယ်ရယ်လို့မရှိပါ။ စားသုံးသီးနှံပင်တွေကို ထွန်ယက်စိုက်ပျိုးရတာထက် မပင်မပန်း စိုက်ပျိုးရတဲ့ ပေါ်ပီပင် (ဘိန်းပင်) က ငွေအရ မြန်နေပါတယ်။ ဘိန်းတစ်ရာသီ စိုက်လိုက်တာနဲ့ တခြားလယ်ယာ သီးနှံစိုက်တာကို နှိုင်းယှဉ်လိုက်ရင် ဘိန်းရဲ့ ရငွေက တခြားသီးနှံထက် အဆ ပေါင်း ၂၀၊ ၃၀ ကွာခြားနေပါတယ်။ ၁၉၉၉ ခုနှစ် အာဖဂန်ရဲ့ ဘိန်းစိမ်းထွက်နှုန်း က တန်ချိန်ပေါင်း ၄၆၀ဝ အထိမြင့်တက်သွားတယ်။ တစ်ကမ္ဘာလုံး ဘိန်းစိမ်း အထွက်နှုန်းရဲ့ ၇၀% တောင် ရှိနေပါတယ်။

၈၀ ခုနှစ်မတိုင်ခင်က ဘိန်းစိမ်းပြုပြင်ထုတ်လုပ်မှု နည်းပညာ ခေတ် နောက်ကျနေပါသေးတယ်။ ဘိန်းစိမ်းထွက်ရှိမှုက အာဖဂန်ကျင်းစင်းယွဲ့ (ရွှေ လခြမ်းသစ်) ဒေသရဲ့ အများဆုံး မူးယစ်ဆေးထုတ်ကုန်သာ ရှိနေပါသေးတယ်။ ဒီနောက်ပိုင်းတွေမှာ အနောက်တိုင်း မူးယစ်ဆေးဝါး ဈေးကွက်က ဟီးရိုးအင်း ဘိန်းဖြူ လိုအပ်မှုနှုန်းထား တဟုန်ထိုးမြင့်မားတိုးတက်လာတဲ့အတွက် ဘိန်းစိုက် ပျိုးသူတို့နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူတို့ မျက်စိပွင့် နားပွင့်လာကြပါတယ်။ ဘိန်းစိမ်းကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကုန်ပစ္စည်းအစား ပမာဏ အင်မတန် ကျစ်လျစ်နည်းပါးသွားတဲ့ ဟီးရိုးအင်း မူးယစ်ဆေးဝါးကို အရောင်းအဝယ်ပြုရင် ပိုပြီး အကျိုးအမြတ်ရှိမှာကို တွေ့မြင်လိုက်ကြတယ်။ ဒါကြောင့်လည်း ပြောင် မြောက်တဲ့ ခေတ်မီနည်းပညာတွေနဲ့ မူလဘိန်းစိမ်းကို ပြုပြင်မွမ်းမံတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ဒီနယ်မြေမှာ တမဟုတ်ချင်းပဲ မိုးဦးကာလ မှိုပွင့်တွေ လှိုင်လှိုင် ပွင့်သလို အမြောက်အမြား ပေါ်ပေါက်လာပါတယ်။ အဲဒီအချိန်ကစပြီး နေရာ တစ်နေရာတည်းကပဲ စိုက်ပျိုးထုတ်လုပ် ဖြန့်ချိရောင်းချမှုတွေ လုပ်ကိုင်နိုင်ပြီ ဖြစ်တယ်။ ဒီတော့လည်း ထုထည်ပမာဏ များများစားစားကြီး သယ်ဆောင်ပြုရ လွယ်တဲ့ ကုန်ကျစရိတ်တွေ နည်းပါးသွားလေတယ်။ ကျင်းစင်းယွဲ့ (ရွှေလခြမ်း သစ်) က နိုင်ငံတကာ ဟီးရိုးအင်း ဈေးကွက်မျက်နှာစာထဲ နောက်ကျမှ ချဉ်း နင်းဝင်ရောက်လာတယ်ဆိုပေမယ့်လည်း သူ့ရဲ့ ထုတ်လုပ်မှုနှုန်းဟာ တုန်လှုပ် စရာ ကောင်းလွန်းလှပါတယ်။ သူ့ရဲ့ ဟီးရိုးအင်း ထုတ်လုပ်မှုက သန့်စင်မှု (၈၀%) အထက် မြင့်မြင့်မားမား ရှိနေတဲ့အတွက် အနောက်တိုင်းနိုင်ငံတွေရဲ့ မူးယစ်ဆေးဝါးဈေးကွက်မှာ အင်မတန် မျက်နှာပန်းလှနေပါတယ်။ ခုခေတ် နှစ်ကာလပိုင်းတွေမှာ ကျင်းစင်းယွဲ့မှာ မူးယစ်ဆေးဝါး ပြဿနာရပ်ကြီးဟာ တရုတ်ပြည်အနောက် မြောက်ပိုင်းနယ်မြေကို အကြီးအကျယ် ခြိမ်းခြောက်လို့ နေပါပြီ။

ခုတလော ရရှိတဲ့ သတင်းအချက်အလက်တွေမှာ အမေရိကန်နဲ့ ဗြိတိန်တို့က လက်ရှိအာမခံနယ်မြေအတွင်းက အမြောက်အမြား စိုက်ပျိုးထား တဲ့ ပေါ်ပီပင်တွေကို ဖျက်ဆီးဖြိုခွင်းတဲ့နည်းနဲ့ အပြတ်ရှင်းပစ်မယ်လို့ သတင်း ထွက်နေပါတယ်။ ထပ်ဆင့်ရရှိတဲ့ သတင်းအချက်အလက်အရ သက်ဆိုင်ရာ အဖွဲ့အစည်းတို့ကနေ အာဖဂန် ယာယီအစိုးရနဲ့ ဒီအရေးကိစ္စကို ဆွေးနွေးနေပြီ ရယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့က ဘိန်းစိုက်တောင်သူတို့ကို အခြားသီးနှံ အစားထိုးပြောင်းစိုက်ဖို့ကို ဖျောင်းဖျအားပေးကြပါလိမ့်မည်။ ဒီလိုအပေးအယူ လုပ်ပြီး တောင်သူလယ်သမားတို့ရဲ့ လိုအပ်တဲ့ စီးပွားရေးကို ဖြည့်ဆည်းပေးပါလိမ့် မည်။ တကယ်လို့များ ဒီတောင်သူတွေက နားမဝင်၊ မလိုက်နာဘဲ ပူးပေါင်းဆောင် ရွက်မှုမပြုရင် ''မီးလောင်ပြင် မူဝါဒ'' ကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးသွားမှာဖြစ်တယ်။ လေယာဉ်တွေနဲ့ ဆေးဝါးတွေ ဖျန်းချမယ်။ ဒါမှမဟုတ် ရင်လည်း လက်နက်ကိုင်တပ်ဖွဲ့ကို သုံးပြီး လယ်ထွန်စက်ကြီးတွေနဲ့ မြေလှန်ပစ် လိုက်မယ်။ ဘိန်းစိမ်း သိမ်းဆည်းတော့မယ့် ရာသီအခါသမယရောက်လုနီးနီးမှာ အာဖဂန်နယ်မြေအတွင်းက ပေါ်ပီပင်စိုက် လယ်ကွင်းတွေအားလုံးကို မြေလှန် ပစ်ပြီး ဥရောပတိုက်နဲ့ အမေရိကတိုက်ဆီ စီးဝင်နေတဲ့ ဟီးရိုးအင်းကို ကြိုတင် သုတ်သင် ရှင်းလင်းထားတဲ့ အလုပ်တွေကို မပျက်မကွက် အင်တိုက်အားတိုက် လုပ်ကြမှာဖြစ်ပါတယ်။

ကမ္ဘာ့အော့ကြောလန် အကြမ်းဖက်အုပ်စုခေါင်းဆောင် ဘင်လာဒင်နဲ့ အတူ နာမည်ဆိုးထွက်ခဲ့တဲ့ တာလီဘန်တွေ အာဏာရယူအုပ်ချုပ်စဉ်တုန်းက ''မူးယစ်ဆေးဝါး တိုက်ဖျက်မှုစွမ်းအားရှင်'' ရယ်လို့ သတင်းမွှေးပျံ့ခဲ့ဖူးပါတယ်။ တာလီဘန်တို့ အာဏာလည်းရရော လယ်ယာသီးနှံတွေ တိုးထုတ်ဖို့ကို ဘာ တစ်ခုမှ ဆောင်ရွက်မှုမရှိသေးတာကြောင့် တာလီဘန်တက်စမှာ ပေါ်ပီပင်ကို အာဖဂန်မှာ အကြီးအကျယ် စိုက်ကြပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းတိုင်းက မူးယစ်ဆေးဝါးထွက်ရှိမှုနှုန်းကို ထိန်းချုပ်ပေးဖို့ တာလီဘန်တို့ကို တောင်းဆိုလာ ကြပါတယ်။ တာလီဘန်တို့က အခွင့်ကောင်းတစ်ရပ်အနေနဲ့ နိုင်ငံတကာနဲ့ ဈေးခေါ်ဈေးဆစ်လေတယ်။ ကမ္ဘာ့ရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့် တာလီဘန်တို့ ဟာ ၂၀ဝ၀ ခုနှစ် ဇူလိုင်မှာ အမြင့်ဆုံး စိတ်ဓာတ်ရေးရာ ခေါင်းဆောင်အောက် မာက ပေါ်ပီပင် စိုက်ပျိုးမှုကို ရပ်ဆိုင်းလိုက်တဲ့ အမိန့်ကို တစ်ချက်လွှတ်အမိန့် အဖြစ် ချမှတ်လိုက်တယ်။ တာလီဘန်တို့ ချမှတ်တဲ့ တားမြစ်အမိန့်က အင်မတန် ပြင်းထန်လွန်းလှပါတယ်။ အမိန့်ဖောက်ဖျက်သူကို နည်းနည်းကလေးမှ ညှာမနေ ပါ။ ထိထိရောက်ရောက်ကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် ၂၀ဝ၁ ခုနှစ် တာ လီဘန်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဘိန်းအထွက်နှုန်းဟာ သက္ကရာဇ် ၂၀ဝ၀ ခုနှစ်က တန်ချိန် ၃၇၅၀ ထွက်ရာကနေ တဟုန်ထိုး တန်ချိန် ၇၄ တန် အထိ ဇောက်ထိုး ထိုးဆင်းသွားလေတယ်။ ဒီရလာဒ်အကျိုးကို ကမ္ဘာ့ကုလသမဂ္ဂ ကြီးရဲ့ အသိအမှတ်ပြု အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိသွားပါတယ်။ သတင်းအရ သိရှိရတာက အမေရိကန်ရဲ့ ဂြိုဟ်တုတိုင်းထွက်ချက်က ထိုနှစ်တုန်း က တာလီဘန်ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပေါ်ပီပင် စိုက်ပျိုးတဲ့ မြေဧရိ ယာအကျယ်အဝန်းဟာ သိသိသာသာကြီး ကျဆင်းသွားပါတယ်။ တကယ့်ကို မယုံနိုင်လောက်အောင် အံ့သြဘနန်း ဖြစ်သွားရပါသေးတယ်။ ဂြိဟ်တုကပေးပို့တဲ့ ဓာတ်ပုံတွေမှာ အထင်အရှားတွေ့နေရပါတယ်။ အာဖဂန်ရဲ့ ပေါ်ပီပင် စိုက်ပျိုး တဲ့ နယ်မြေဒေသဟာ ထိုစဉ်က တာလီဘန်ကို ဆန့်ကျင်ကန့်ကွက်တဲ့ နယ်မြေ ဒေသတွေမှာ အကြီးအကျယ် စိုက်ပျိုးထားတာကို ထင်ထင်ရှားရှား တွေ့မြင်နေ ရပါတယ်။ လူတွေက မလွှဲသာမရှောင်သာ ဝင်ဟန့်တားတိုက်ဖျက်မှု စွမ်းပကား ကား အံ့မခန်းနိုင်ပါတကား''

အမေရိကန်၊ ဗြိတိန်တို့ စစ်ရေးပူးပေါင်းတိုက်ခိုက်မှုကြောင့် တာလီ ဘန်တို့ အာဏာလက်လွှတ် ဆုံးရှုံးသွားရလေတယ်။ အာဖဂန်ရဲ့ ပြည်နယ်အများ အပြားက လက်နက်ကိုင် ဒေသခံစစ်ဘုရင်တွေရဲ့ လက်ထဲ ကျဆင်းသွားရပြန် တယ်။ တာလီဘန်တို့ လက်ထက်က ပြင်းပြင်းထန်ထန် ချမှတ်ထားတဲ့ ဘိန်းစိုက် ပျိုးမှု အမိန့်လည်းပဲ အလိုအလျောက် ရပ်ဆိုင်းသွားရလေတယ်။ ခုတလောရရှိ တဲ့ သတင်းအချက်အလက်တွေက အထင်အရှားဖော်ပြလို့နေပါတယ်။ အာဖဂန် ရဲ့ နေရာအတော်များများမှာ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးမှုတွေ အသစ်တဖန် ခေါင်းမော့လာပြန်တယ်။ နယ်မြေဒေသအချို့ရဲ့ လက်နက်အင်အားစုတွေက အပေါ်ယံကြောက ကြည့်လိုက်ရင်တော့ ခဇိုင်းဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကို ထောက်ခံသယောင်နဲ့ တကယ့် တကယ်မှာတော့ မိမိတို့ရဲ့ အင်အားကိုသာ အင်တိုက်အားတိုက် စုစည်းထားကြတာကိုပဲ လုပ်နေကြပါတယ်။ 

ဒါကြောင့်လည်း တာလီဘန်တွေ လက်ထက်က တအားဖိထားတဲ့ ဘိန်းထုတ်လုပ်တဲ့ ထိန်းချုပ် ထားမှုလုပ်ရပ်တွေဟာ တာလီဘန်တွေ ဆင်းသွားတဲ့နောက်ပိုင်း၊ ရောင်းဝယ် ဖောက်ကားမှု ဈေးကွက်ထဲ ပြန်လည် မင်းမူလာရပြန်လေတယ်။ ဝင်ငွေလမ်း ကြောင်း ချဲ့ထွင်ရေးအတွက် နေရာအတော်များများက လက်နက်ကိုင်အင်အား စုတွေက အပေါ်ယံကြောက ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်တားမြစ်တဲ့ လေသံတွေ ပေးပြီး၊ ဒေသခံတောင်သူလယ်သမားတွေကို မျက်စိတစ်ဖက်မှိတ်၊ တစ်ဖက်ဖွင့် ပေါ်လစီတွေ သုံးပြီး လိမ်နေကြပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ တော့ ဘိန်းစိုက်ပျိုးမှုက ငွေဝင်လမ်း မြန်ဆန်နေတယ်လေ။ ဒီတော့ ဘယ်နှယ့် လုပ်ပြီး တခြားသီးနှံစိုက်ပျိုးရမှာကို စိတ်ဝင်စားနေတော့မှာလဲ။ ၂၀ဝ၂ ခုနှစ် ဇန်နဝါရီလ ဘိန်စိုက်ပျိုးမှုကို ရပ်ဆိုင်းပစ်ဖို့ အာဖဂန်ယာယီအစိုးရက အမိန့် ထုတ်ပြန်လိုက်တယ်။ ဒီအမိန့်မထုတ်ခင်မှာပဲ တောင်သူလယ်သမားတွေက ဘိန်းပင်အများအပြားကို စိုက်ပျိုးပြီးစီးလို့ သွားနှင့်ကြပါပြီ။ ဒီလိုနဲ့ မတ်လလယ် ကို ရောက်လာပါတယ်။ အာဖဂန်တချို့နေရာက အရာရှိ၊ အရာခံတွေက သူ တို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားပါတယ်။ ဘာများလဲဆိုတော့ လယ် ထွန်စက်ကြီးတွေ သုံးပြီး အမိန့်မနာခံဘဲ စိုက်ပျိုးထားတဲ့ ဘိန်းပင်တွေကို မြေ လှန်ဖျက်ဆီးပစ်ကြမယ်ဆိုပြီး ခြိမ်းခြောက်ကြပါတယ်။ ဒါပေမဲ့ ကြိမ်းဝါးတဲ့အသံ တွေသာ ပွက်လောညံခဲ့တယ်။ လက်တွေ့ဆောင်ရွက်တယ်ဆိုတဲ့ သတင်းကို တော့ တစ်ချက်ကလေးမှ မကြားရပါ။ အာဖဂန်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုတာကတော့ အလှမ်းဝေးကွာနေပြီး တကယ့်ကို ကြီးလေးတဲ့ တာဝန်ကြီးတစ်ရပ် ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက အာဖဂန်ပြည်တွင်း ဟီးရိုးအင်း ဖြုန်းအား (၆၀%) ခန့်လောက်က အာဖဂန်ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) က ဝင်ရောက် လာတာဖြစ်တယ်။ အလားတူပဲ ဥရောပတိုက် မူးယစ်ဆေးဝါးဈေးကွက်ထဲဆီ ချဉ်းနင်းဝင်ရောက်လာတဲ့ ဟီးရိုးအင်း (၈၀%) လည်းပဲ အဲဒီ ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) ထုတ်လုပ်မှုနှုန်းထား အကြီးအကျယ် ကျဆင်းသွားပါတယ်။ ဒီအကျိုးရလာဒ်က သွယ်ဝိုက်ပြီးတော့ နိုင်ငံတကာက မူးယစ်ဆေးဝါး ဈေးနှုန်း တန်ဖိုးဟာ လပိုင်းအတွင်းမှာပဲ ပေါက်ကွဲမှုမျိုး တဟုန်ထိုး ထိုးတက်သွားပါတယ်။ ထုတ်လုပ်မှုနှုန်းထား၊ အာဖဂန်မှာ ကျဆင်းသွားတဲ့ ဟာကွက်ကို တဖြည်းဖြည်းနဲ့ မြန်မာ၊ လော၊ ထိုင်းတို့ရဲ့ ရွှေတြိဂံက အစားထိုးဝင်ရောက် ဖြည့်ဆည်းပေးလေတယ်။ ဒါဟာဖြင့် ရွှေတြိဂံနယ်မြေဒေသက ၂၀ဝ၂ ခုနှစ် နွေဦးကာလက အစပြုပြီး ဘိန်းစိုက်ပျိုးမှု တဟုန်ထိုး ထိုးတက်လာရခြင်းရဲ့ နောက်ခံအကြောင်းရင်းဖြစ်ပါ တယ်။

အဲသလိုမျိုး နိုင်ငံတကာ ဖြစ်စဉ်နောက်ခံ သမိုင်းကြောင်းကြီးကနေ မူးယစ်ဆေးဝါးထုတ်လုပ်မှု အကွက်အကွင်းအချိန် အပြောင်းကြီး ပေါ်ပေါက်လာ ရသလို၊ တစ်ချိန်တည်းမှာပဲ ဒီအချိန်ပြောင်းကြီးက ရွှေတြိဂံရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်ကိုလည်း နက်ရှိုင်းတဲ့ အကျိုးဆက်ကြီး ထင်ဟပ်လို့ ပေါ်လာပါတယ်။

ရွှေတြိဂံ ခေါင်းထောင်လာပြီ

၂၀ဝ၁ ခုနှစ် နွေဦးကာလပိုင်းက စတင်ပြီး ထိုင်းမြန်မာ နှစ်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်စိုးမိုးမှု ပြဿနာပေါ်ပေါက်ပြီး နယ်စပ်မှာ အချင်းပွားမှုတွေ ပေါ်ပေါက်လာပါတယ်။ တစ်နှစ်ကျော်ကာလတစ်လျှောက်လုံး ပစ်ခတ်တိုက်ခိုက် မှု အကြီးရော၊ အသေးအမွှားလေးတွေ အကြိမ်ပေါင်းများစွာ ဖြစ်သွားပါတယ်။ ထိုင်းမြန်မာနယ်စပ် ကူးသန်းမှု ပိတ်ပစ်လိုက်ပါတယ်။

၁၁-၂-၂၀ဝ၂ နေ့ နံနက်။ ထိုင်းနိုင်ငံမြောက်ဘက်၊ မြန်မာနိုင်ငံ နယ်စပ်က ယဲ့ဟွာယွမ်ခရိုင်ရုံးစိုက်တဲ့ ချင်းလိုင်မြို့၊ မယ်ဆိုင်ခရိုင်နှင့် မယ်ဆိုင် ခရိုင် ရုံးစိုက်တဲ့ ချင်းမိုင်မြို့ အဲဒီနေရာတွေမှာ ထိုင်းမြန်မာစစ်တပ်တွေ ပစ်ခတ် ကြပါတယ်။ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ မော်တာကျည်ထိမှန်ပြီး ထိုင်းနယ်စပ် နေ အနည်းဆုံး ထိုင်းပြည်သူတစ်ယောက် သေဆုံးပါတယ်။ ထိုင်းပြည်သူ ၁၂ ယောက်၊ ထိုင်းတပ်သား ၉ ယောက် ဒဏ်ရာရရှိသွားကြတယ်။ မြန်မာဘက်က အဆိုအရ မြန်မာ့စစ်တပ်နှင့် ပူးတွဲစစ်ဆင်တိုက်ခိုက်လာတဲ့ ဝတပ်သား အယောက် ၂၀ သေဆုံးတယ်ရယ်လို့ ထွက်ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)