Breaking News

မိုးဖွဲ့တိမ် - ငါသေသွားတဲ့အခါ ငါ့ကို စားပါ- Trans:Hlaing Htek "Eat me when you die."

kt#

ငါသေသွားတဲ့အခါ ငါ့ကို စားပါ
မိုးဖွဲ့တိမ်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၁


ငါသေသွားလို့ကတော့ ဘာမှလုပ်မနေနဲ့ 
စိတ္တဇသူသတ်ကားတွေထဲကလို တုံးတစ်ပြီးတော့သာ 
လတ်လတ်ဆတ်ဆတ် ချက်စားလိုက်ကြပေရော။
ဘယ်သုဿန်ကိုမှ သွားပြီး သင်္ဂြိုဟ်ဖို့ တန်းစီမနေနဲ့။
ငါ့အသွေးအသားတွေနဲ့သာ အာဟာရဖြစ်အောင် နေရစ်ခဲ့ကြပေရော။
လူစင်စစ်ကနေ ဘီလူးဖြစ်ချင် ဖြစ်ပေ့စေ
စားသာစား
ငါ့အသားတစ်တုံးကြောင့် မင်းအသက်တစ်ရက် ရှင်ကျန်ခဲ့တယ်ဆိုရင် 
ငါဝမ်းသာတယ်။

မပုပ်မသိုးအောင်
ငါ့တစ်ကိုယ်လုံးကို တုံးတစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထား
ငါ့လက်ချောင်းတွေကို မင်းစားတဲ့အခါတိုင်း သတိရပေးပါ
ဒီလက်ချောင်းတွေဟာ ကဗျာရေးခဲ့တဲ့လက်ချောင်းတွေ
ငါ့နှလုံးသားကို မင်းစားတဲ့အခါတိုင်း သတိရပေးပါ
ဒီနှလုံးသားဟာ ရိုးသားစွာလှုပ်ခုန်ခဲ့ပြီး 
အမှန်တရားအတွက် ရှင်သန်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ
ဒီအကြောင်းတွေပဲ အာရုံပြုပြီး စားပေးပါ
ငါ့မေတ္တာဓါတ်ကြောင့် မင်းဟာ ကျန်းမာဝဖြိုးလာမယ်
တစ်ရက်ပြီးတစ်ရက် မင်းအသက်ကလေး ပိုရှည်လာမယ်
မင်းပတ်ဝန်းကျင်က အဓမ္မအဆိပ်အတောက်တွေကို 
ဓမ္မဆိုတဲ့ လက်နက်နဲ့ တိုက်ထုတ်ပါ
ဒါဆို ငါကျေနပ်ပြီ
သေရကျိုးလည်း နပ်ပါပြီ။

ငါသေသွားတဲ့အခါ
ငါ့ကို စားဖြစ်အောင်သာ စားပါ။

မိုးဖွဲ့တိမ်
-

"Eat me when you die."

If I die, do nothing
Just like in thriller movies 
cut,chop and eat my body freshly.
Don't  go to any cemetery and wait in line for burial.
They were left to nourish my flesh and blood.
Let one be
from a real person to a giant
Do eat well
If only you could live one more day because of a piece of my flesh
I'm glad
Lest  it could  rot
 my whole body into pieces
and you put it in the fridge
Remember my fingers every time you eat
These fingers are the fingers that write poetry
Remember me every time you eat my heart
This heart was beating honestly
It lived for the truth
Concentrate  on these and eat
You will grow healthy
due to my love
You will live longer day by day
Fight toxins around you
with the weapon of Dhamma
Then I'm satisfied
Death is worth it.
When I die
Do try to eat me.
-
Moe Phwal Tain
Moe ma kha(18.7.21

Trans:Hlaing Htek
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar