ရွေးကောက်ပွဲအတွက် လူစာရင်းကောက်သူတွေ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၄ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၃
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၃
ရွေးကောက်ပွဲအတွက် လူစာရင်းကောက်သူတွေ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း
ယနေ့သတင်းတွေထဲမှာတော့ မွန်ပြည်နယ် ကျိုက်ထိုနဲ့ သထုံမြို့နယ်ထဲက နေရာ ၂ နေရာမှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မြေပြင်လူစာရင်းကောက်ယူသူတွေကို PDF အဖွဲ့တွေက တိုက်ခိုက်ရာမှာ စုစုပေါင်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်ကျေးရွာ နဲ့ သထုံမြို့နယ် တောင်စွန်းကျေးရွာတို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲက အသတ်ခံရသူ ၂ ဦးက ဆယ်အိမ်မှူး ၂ ဦးဖြစ်ပြီး သထုံမြို့နယ်ထဲက တောင်စွန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ သေဆုံးသွားသူ ၂ ဦးက အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးမှူးရုံးက စာရေးမ တို့ဖြစ်တယ်လို့ သတင်းထဲ ဖေါ်ြပထားတာတွေ့ရပါတယ်။
စစ်ကောင်စီက မဲစာရင်းကိစ္စကို ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြတဲ့ ကိစ္စရပ်အနေနဲ့ ပြောဆိုခဲ့တာကြောင့် အခု ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတာကို အချက်အလက် အမှန်နဲ့ နီးစပ်ဆုံးဖြစ်အောင် လုပ်ပြနေတဲ့ သဘောလို့ ယူဆစရာရှိပြီး မြန်မာနိုင်ငံလို အုပ်ချုပ်မှု စနစ်က အားနည်းချက်များစွာရှိနေတဲ့ နိုင်ငံ၊ ဒစ်ဂျစ်တယ် စနစ်၊ ကွန်ပျူတာစနစ်ထဲ စနစ်တကျ မထည့်သွင်းနိုင်သေးသလို နိုင်ငံထဲရှိ လူထုအနေနဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့ လူဦးရေဆိုင်ရာ မှတ်ပုံတင်အထောက်အထားဆိုင်ရာတွေ မွေးဖွား၊ သေဆုံး၊ ပြည်ပမှာ အလုပ်လုပ်ကိုင် နေထိုင်သူတွေကို မှတ်တမ်းတင် စီမံခန့်ခွဲနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာ မှန်ကန်တဲ့ မဲပေးနိုင်သူစာရင်း၊ ရွေးကောက်ပွဲ ကျင်းပရာမှာ တကြိမ်မက မဲပေးခြင်းရှိမရှိ ကွန်ပျူတာနဲ့ စစ်ဆေးနိုင်ခြင်း ရှိဖို့အနေအထားမျိုးဖြစ်ဖို့ အဝေးကြီး လိုသေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အခုလို မြေပြင် မဲစာရင်းကောက်ယူခြင်းဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကြောင်းကို ပံ့ပိုးဖို့ လုပ်ဆောင်ပြခြင်းတခုသာ ဖြစ်တယ်လို့ ကောက်ချက်ချရလိမ့်မှာဖြစ်ပါတယ်။
ဒီရှုထောင့် အပြင်စစ်ကောင်စီအနေနဲ့ အခုလို မဲပေးနိုင်သူစာရင်းနဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူဖို့ လူအင်အား လုံခြုံရေးတပ်ဖွဲ့ အင်အားသုံးလုပ်ဆောင်ခြင်းဟာ တဖက်မှာလည်း ၄င်းရဲ့ အုပ်ချုပ်ရေး အာဏာသက်ရောက်မှု၊ ၄င်းရဲ့ အုပ်ချုပ်ရေးယန္တရားက ဘယ်လောက်ထိ လုပ်ဆောင်နိုင်တယ်ဆိုတာကို စမ်းသပ်မှု တခုဖြစ်နိုင်ပါတယ်။ မဲစာရင်းကိစ္စကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ လူထုရဲ့ သဘောထား ဆန္ဒအမှန်မဟုတ်ဘူးလို့ ဆိုကောင်းဆိုပေမယ့် အမှန်တကယ်တော့ ၂၀၂၀ ရလဒ်အစစ်အမှန်က ဘာလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်တွေ သိရှိပြီးဖြစ်ပါတယ်။ အခုမဲစာရင်းကို နိုင်ငံရေး အကြောင်းပြဖို့ နဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို နိုင်ငံရေးအရ စိမ်ခေါ် မှုတရပ်အဖြစ် လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ ဒီဖြစ်စဥ်ထဲ ပါဝင်လုပ်ဆောင်နေရသူတွေက အောက်ဆုံးအဆင့်က အုပ်ချုပ်ရေး ဝန်ထမ်း၊ လုပ်အားပေး၊ ပညာရေးနယ်ပယ်က ဆရာဆရာမ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီလို အဖွဲ့အစည်းတွေနဲ့ ပရဟိတ အဖွဲ့အစည်းအချို့က သူတွေပါဝင်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း PDF တွေအနေနဲ့ မဲစာရင်းပြုစုတဲ့ လုပ်ငန်းစဥ်မှာ ပါဝင်နေသူ ဘယ်သူ့မဆို ပစ်မှတ်အဖြစ်ထားပြီး လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ လုပ်ဆောင်မှုတွေက လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်ဆိုတဲ့ သဘောမျိုးသက်ရောက်နိုင်တဲ့ အချက်ကို သတိပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
NUG အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာ ၊ တားဆီးဖို့ ကြိုးစားမယ့် မူဝါဒ ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဖြစ်စဥ်ထဲပါဝင်မယ့်သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စရပ်မျိုးအတွက် တိကျတဲ့ သဘောထား ညွှန်ကြားချက်ချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ခဲ့ရင် တရွာတပုဒ်ဆန်း လုပ်ကြံသတ်ဖြတ်မှုတွေ ပိုမိုများပြားလာနိုင်ပြီး ဒလန်ရှင်းလင်းရေး လုပ်ကြံသတ်ဖြတ်မှုတွေကနေ မဲစာရင်းကောက်ယူမှုလုပ်ငန်းစဥ်ထဲ ပါဝင်တဲ့ အရပ်သားတွေ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဥ်တခု ပေါ်ထွက်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက ၁ ဒါဇင်ကျော်ခန့်သော မြို့နယ်တွေက ကျေးရွာတွေ အနေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း တပြိုင်ထဲ သို့မဟုတ် တလှည့်စီ ထွက်ပြေးတိမ်းရှောင်ကြရသလို နေအိမ်တွေလည်း မီးလောင်ပျက်စီး ရိက္ခာတွေ ဆုံးရှုံး မိသားစုဝင်တွေ အသက်ဆုံးရှုံးနေခဲ့ကြရတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်ကြီးဟာ အခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ရပ်တန့်ဖို့ မစွမ်းသာသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar