Breaking News

အမေရိကားမှာ အိမ်ဝယ်ရင် အနှစ် ၃၀ အတိုးသေ ငွေချေးစနစ်နဲ့ ဝယ်နိုင်ရတဲ့အကြောင်းရင်း



အမေရိကားမှာ အိမ်ဝယ်ရင် အနှစ် ၃၀ အတိုးသေ ငွေချေးစနစ်နဲ့ ဝယ်နိုင်ရတဲ့အကြောင်းရင်း
နိုင်ငံတကာသာဂိ၊ (မိုးမခ) ဇွန် ၂၇၊ ၂၀၂၄
CNBC သတင်းဌာန၊ မေ ၇၊ ၂၀၂၄ ကိုးကား

အမေရိကန်အိမ်ဝယ်သူအများစုသည် အိမ်ဖိုးကို ပုံသေအတိုးနှုန်းနဲ့ အနှစ် ၃၀ နဲ့ ဆပ်မည့် ငွေချေးစနစ်နဲ့ အိမ်ဝယ်ခွင့် ရှိကြသည်။ 30 Years Mortgage with Fix Interest Rate လို့ ခေါ်ကြသည်။

"နှစ် ၃၀ ပုံသေအတိုးနှုန်းနဲ့ အိမ်ဝယ်ဖို့ ချေးငွေစနစ်သည် အမေရိကန်တည်ဆောက်မှုအတွက် ထူးခြားချက်တခု ဖြစ်သည်" ဟု Bankrate ၏ဘဏ္ဍာရေးဆိုင်ရာသုံးသပ်သူအကြီးအကဲ Greg McBride ကပြောကြားခဲ့သည်။

၎င်း၏အမည်အတိုင်း၊ နှစ် ၃၀ ပုံသေ အတိုးနှုန်းဖြင့် ကိုယ်ဝယ်မည့်အိမ်ကို ဘဏ်မှာ အပေါင်ထားပြီး ထိုငွေနဲ့ အိမ်ဝယ်ပြီးနောက် ချေးငွေကို အနှစ် ၃၀ သက်တမ်းအတွင်း အတိုးသေတခုဖြင့် ပြန်ဆပ်နိင်ကြသည်။

သင့်အိမ်ကို ပြန်မရောင်းမချင်း သို့မဟုတ် အိမ်မရောင်းသရွေ့ သင့်အိမ်ပေါင်နှံမှု၏ ကနဦး သင်ရရှိသည့်နှုန်းထားမှာ ပြောင်းလဲမည်မဟုတ်ကြောင်း LendingTree မှ အကြီးတန်းစီးပွားရေးပညာရှင် Jacob Channel က ပြောကြားခဲ့သည်။ "စျေးကွက်မှာ စျေးတွေ အတိုးတွေ ဘယ်လို ပြောင်းလဲနေပါစေ သင့်တွင် တခုတည်းသောနှုန်းထားသာ ရှိလိမ့်မည်" ဟု Channel မှပြောကြားခဲ့သည်။

Homebuyer.com မှခွဲခြမ်းစိတ်ဖြာထားသောအစိုးရအချက်အလက်များအရ 2022 ခုနှစ်တွင် အိမ်ဝယ်သူ 89% သည် နှစ် ၃၀ အပေါင်စနစ်နဲ့ အိမ်ဝယ်ရန် လျှောက်ထားခဲ့သည်။

နိုင်ငံ၏ ခွဲဖြာသော ငွေကြေးဈေးကွက်စနစ်များကြောင့် အမေရိကန်တွင် နှစ် ၃၀ ပုံသေနှုန်းဖြင့် အိမ်ဝယ်ရန် ငွေချေးရနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

"အမေရိကန် လူနေအိမ်အပေါင်ခံ (Mortgage) ဈေးကွက်တွင် ပုံသေအပေါင်ခံသည့်နှုန်းထားကို ကျွန်ုပ်တို့တွင် ကျင့်သုံးခြင်းမရှိပါက လက်ရှိအိမ်ပိုင်ရှင်များကြားတွင် ပို၍စိတ်ဖိစီးမှု မြင့်တက်လာသသည်ကို တွေ့ရလိမ့်မည်" ဟု McBride က ပြောကြားခဲ့သည်။

U.S. ရှိ အဆိုပါ အိမ်အပေါင်ထား ငွေချေး အိမ်ဝယ်ကြသည့် ပေါင်နှံမှုများကို ကျောထောက်နောက်ခံပြုထားသော ငွေချေးစာချုပ်များ ထုတ်လုပ်ပြီး ရောင်းဝယ်ကြသည့် စျေးကွက် ရှိသည့်အတွက် အဆိုပါဒုတိယစျေးကွက်သည် နှစ် 30 ပုံသေနှုန်းဖြင့် ပေါင်နှံမှုတည်ရှိမှုအကြွေးများအတွက် "အလုံးစုံသောအကြောင်းပြချက် သို့မဟုတ် “အာမခံချက်" ဖြစ်သည် ဟု McBride မှရှင်းပြသည်။

US တွင် ရှိသော (အိမ်ပေါင်နှံ ဝယ်ယူမှု)အားလုံး၏ ထက်ဝက်ခန့်သည် အာမခံထားသောငွေချေးစာချုပ် (Securities) အဖြစ် အသွင်ပြောင်းပြီး အတိုးပေးသည့်ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချခြင်းအဖြစ် စျေးကွက်တခု ဖြစ်နေပါသည်။

အိမ်အပေါင်ပေးထားသောအာမခံများ စာချုပ်များသည် ငွေကြေးအကျပ်အတည်းနှင့် စီးပွားပျက်ကပ်တွင် အကြီးအကျယ်ထိခိုက် ကျရှုံးခဲ့ကြသော်လည်း အန္တရာယ်ကိုရှောင်ရှားရန် ပြုပြင်သော စည်းမျဉ်းဥပဒေများ ပြုလုပ်လာခဲ့ကြသည်။ ဥပမာ၊ အိမ်ဝယ်ရန် ငွေချေးသူများသည် ချေးငွေလျောက်တင်ခြင်းလုပ်ငန်းစဉ်များကို ပိုမိုတိကျသော စိစစ်ရေးစံနှုန်းများအပြင် အိမ်အပေါင်တန်ဖိုးနဲ့ ပြန်ဆပ်မည့်သူ၏ ဝင်ငွေလစာကို အကဲဖြတ်ခြင်းတို့ကို သေချာစစ်ဆေးလာကြသည်။ ယခုအခါ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်က မရှိခဲ့သော အခြားသော အကာအကွယ် စည်းကမ်းနည်းလမ်းများလည်း ရှိသေးသည်။

အိမ်အပေါင်ခံထားသော တဆင့်ရောင်းအာမခံ စာချုပ်များသည် အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံရထားသောကြောင့် ရေရှည်လုံခြုံ စိတ်ချရသော ရင်းနှီးမြုပ်နှံမှုများဖြစ်ပြီး အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိပါသည်။ ၎င်းတို့သည် သတ်မှတ်ထားသော ငွေတိုးပေးချေမှုကိုလည်း အမြဲရရှိစေသည်ဟု အိမ်ခြံမြေပွဲစားဆိုက် Redfin မှ စီးပွားရေးပညာရှင် အကြီးအကဲ Daryl Fairweather က ပြောသည်။

နှစ် 30 ပုံသေအတိုးနှုန်းဖြင့် ပေါင်နှံမှု အခြေခံထားသည့် U.S. အိမ်ခြံမြေငွေချေးစာချုပ်သည် US Treasury Bond ကဲ့သို့ ရင်းနှီးမြုပ်နှံမှုကောင်းတစ်ခုနီးပါးဖြစ်သည်” ဟုသူမကဆိုသည်။

"အမေရိကန်ချေးငွေဈေးကွက်တွင် Fannie Mae နှင့် Freddie Mac" သည် U.S. တွင် အလွန်စိတ်ချရသော အိမ်အပေါင်ခံ အဖွဲ့အစည်းနှစ်ခု ဖြစ်သည်" ဟု Martínez García ကပြောကြားခဲ့သည်။ သူတို့ ၂ခုက ဘဏ်များ ထုတ်ချေးလိုက်သော အိမ်အပေါင်များကို သူတို့က တဆင့် လက်ပြောင်းယူလိုက်ခြင်း ဖြစ်သည်။ ပြီးမှ အတိုးနှုန်းများထပ်ဆင့်သတ်မှတ်ပြီး အပေါင်အာမခံငွေချေးစာချုပ်များ အသွင်ပြောင်းပြီး စျေးကွက်တွင် ပြန်ထုတ်ခြင်း ဖြစ်သည်။ အမေရိကန်၏ လွှတ်တော်က ဖွဲ့စည်းပေးသော အစိုးရအာမခံသည် အိမ်ပေါင်ခံသည့် အဖွဲ့ကြီး ၂ ခု ကြောင့် အမေရိကန်အိမ်ရောင်းဝယ် စျေးကွက်က ခိုင်မာ အားကောင်းနေခြင်း ဖြစ်သည်။

"အခြားနိုင်ငံအများစုမှာ၊ [ထိုအန္တရာယ်] ကို အစိုးရနဲ့ အစိုးရကျောထောက်အဖွဲ့အစည်းများက ဝင်ပြီး အာမခံခြင်း မရှိကြပေ။ နှစ် ၃၀ ကို အတိုးနှုန်းပုံသေတခုတည်းထားပြီး ငွေချေး၍ မည်သည့်နိုင်ငံတွင်မှ အိမ်မရောင်းချပေ။ အိမ်ဖိုးကို ငွေချေးသော်လည်း အတိုးနှုန်းမှာ စျေးကွက်အတိုင်း နှုန်းရှင်အဖြစ် အမြဲပြောင်းနေသည်။ အမေရိကန်မှာ နှစ် ၃၀ကို အတိုး ၂ ကျပ်နဲ့ ချေးချင်က ချေး နိုင်သော်လည်း အခြား နိိုင်ငံတွင် အမြဲပြောင်းနေသော အတိုးကို ပေးပြီး ချေးရမည် ဖြစ်သည်။

“ဒါက တခြားနိုင်ငံတော်တော်များများမှာ ပျောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ဥပမာအားဖြင့် ကနေဒါတွင်၊ အိမ်ပိုင်ရှင်များသည် 25 နှစ်အထိ အပေါင်ခံချေးငွေကို ရနိုင်သော်လည်း ၎င်းတို့သည် ငါးနှစ် တခါ အတိုးနှုန်းအမြဲပြောင်းနေကြောင်း Channel မှ ပြောကြားခဲ့သည်။ ယူကေတွင်၊ အိမ်ပိုင်ရှင်များသည် ပုံသေနှုန်းဖြင့် ပေါင်နှံခြင်းများကို ရနိုင်သော်လည်း ယင်းချေးငွေများသည် ငါးနှစ်အထိသာ ကြာမြင့်ပါသည်။ ပထမ ၅နှစ်တွင် ၂ ကျပ်တိုး ရနိုင်သော်လည်း နောင်တွင် ၅ ကျပ် ၁၀ကျပ်တိုးအထိ ပေးချင် ပေးရမည် ဖြစ်ရာ အိမ်ဝယ်သူများမှာ စိတ်ပူပန်နေကြစေသည်။

"နှစ်အနည်းငယ်ကြာတိုင်း၊ မင်းရဲ့အတိုးနှုန်းကို ပြောင်းလဲစေတဲ့ ဘဏ်နဲ့ ငွေကြေးစနစ် ဖြစ်နေတယ် " ဟု ချန်နယ်က ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်ပြည်တခုတည်းမှာ အိမ်ဝယ်သူများသည် အိမ်တန်ဖိုး၏ ၂၀% မှ ၃% အထိသာ လက်ငင်း ငွေချေပြီး ကျန်ငွေကို ဘဏ်မှာ အိမ်ပြန်ပေါင်ပြီး ချေးငွေအဖြစ် အနှစ် ၃၀ အတိုးနှုန်း ပုံသေတခုဖြင့် အိမ်ဝယ်နိင်သည့် အခွင့်ထူးကို ခံစားနေရခြင်း ဖြစ်သည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar