ကယ်လီဖိုးနီးယားတောင်ပိုင်း အယ်လေခရိုင် တောမီးမုန်တိုင်း အမေရိကန်တွေ ဘယ်လိုရင်ဆိုင်ကြသလဲ
နိုင်ငံတကာသာဂိ (မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၅
လွန်ခဲ့တဲ့ အင်္ဂ်နေ့ကတည်းက လေပြင်းမုန်တိုငးများက တနာရီ မိုင် ၁၀၀ နှုန်းနဲ့ ကုန်းတွင်းပိုင်း ကန္တာရတွေကနေစတင် တိုက်ခတ်လာပြီး တောမီးတွေ ထလောင်တယ်။ မီးပွားကြီးတွေက လေနဲ့ ဦးတည်ရာမဲ့ အနှံ့ကို ပြန့်သွားတယ်။ နေအိမ်တွေပေါ်ကို မီးရော လေရော လောင်မြိုက် တိုက်ခိုက်သွားတယ်။ လူပေါင်း ၂ သိန်း နေအိမ်ကနေ တိမ်းရှောင်၊ အိမ်ပေါင်း ထောင်ချီ မီးသင့်၊ ဧက ၁သောင်းနဲ့အထက်၊ စတုရန်းမိုင် ၁၅၀၀ကို အခု ၇ ရကနီးပါးအတွင်း ဖျက်ဆီး သွားပါတယ်။ အခု လူ သေဆုံးမှု ၂၅ ဦးအထက် ဖြစ်လာပါပြီ။ ဘီလျံပေါင်း ၁၅၀ ဒေါ်လာ ဆုံးရှုံးနိုင်ပါတယ်။
အယ်အေတောမီးဟာ ခုထိ အဆုံးမသတ်သေးပါဘူး။ ဟောလီးဝုဒ်၊ ယူနီဗာဆယ်၊ UCLA နဲ့ အထင်ကရနေရာ အများအပြားကို ခြိမ်းခြောက်နေဆဲပါ။ ကယ်လီဖိုးနီးယားတဝှမ်းက မီးသတ်ကား၊ မီးသတ်သမား၊ လေယျာဉ်တွေ အပြင် အခြားပြည်နယ်တွေကော နိုင်ငံခြားက မီးသတ်တွေကပါ ဝိုင်းပြီး ကူညီငြိမ်းသတ်နေကြပါတယ်။ မီးသတ်အပါအဝင် ဝန်ထမ်းအင်အား ၇၅၀၀ ကျော်၊ မီးသတ်ယာဉ် ၁ထောင်ကျော် ပါတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

အယ်အေမီးသတ်ဌာနက အရာရှိတဦး ဖြေတာကတော့ - သဘာ၀မီးဘေးကို ရင်ဆိုင်ဖို့ မြို့ပြမီးသတ်စနစ်က ပြင်ဆင်ထားတာ မဟုတ်ပါဘူး တဲ့။ ပုံမှန် မြို့ ရွာများအတွင်း ကူးစက်မီးတွေကို နှီမ်နင်းဖို့သာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်တဲ့။ အခုလို သဘာ၀ တောမီးနဲ့ လေမုန်တိုင်းကို ငရဲမီးလို့ အမည်ပေးနိုင်ပါတယ် တဲ့။ အဲသည်အတွက် သူတို့အစွမ်းကုန် အသက်စွန့်ပြီး ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။ သူတို့ သဘာ၀ဘေးအန္တရာယ်ကို မနှိမ်နှင်းနိုင်လို့ တောင်းပန်ပါတယ်တဲ့။ သူတို့တွေမှာ အိမ်တလုံး မီးသတ်ကား ၃ စီးနှုန်း နဲ့ မီးသတ်ဖို့ စနစ်က သတ်မှတ်ထားပေမယ့် အခုတောမီးက အိမ် ထောင်ချီလောင်တာမို့ မီးသတ်ကား အစီး ၃ ထောင် ကနေ သောင်းချီ လိုပါသတဲ့။
အများထဲက အနည်းစုကတော့ ကြက်ချေးတွေ ပါပါလိမ့်မယ်။ မီးလောင်တာကို အမြတ်ထုတ်တာ၊ နိုင်ငံရေးကစားတာ၊ သွေးခွဲတာ၊ အပြစ်တင်တာတွေ၊ မိသားစုဝင်တွေ၏ နာရေးကို ရင်ဆိုင်နေရသလိုမျိုး မစဉ်းစားဘဲ ကိုယ်ချင်းမစာ ပြောချင်ရာ ပြော၊ လူတွေ ခံစားချက်တွေ ထိခိုက်နစ်နာအောင် ပြောတာမျိုးတွေလည်း ရှိကြပါတယ်။ သို့သော် အမေရိကန်က ဒုက္ခသည်တွေကတော့ သတ္တိရှိရှိ ခံနိုင်ရည် ရှိရှိ အကောင်းမြင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြပါတယ်။
သတင်းမြင်ကွင်းတွေထဲမှာ မီးလောင်ပြင်မှာ မိသားစုတွေ ငိုကြွေးကြတယ်။ အချင်းချင်း အားပေးကြတယ်။ ကိုယ့်နဲ့အတူ မပြေးနိင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ပြန်ရှာတွေ့လို့ ပျော်ရွှင်ကြတယ်။ မိဘတွေက သားသမီးတွေကို ဒါဘ၀ရဲ့ သင်ခန်းစာပဲ၊ တို့တွေ အတူဆက်သွားကြမယ်လို့ ပြောကြတယ်။ သက်ကြီးရွယ်အိုတွေကို ထမ်းပိုးပြီး ကယ်ဆယ်ကြတယ်။ သဘာ၀တောမီးရိုင်းကို မတားနိုင်ပေမယ့် မိမိတို့ လူသားမျိုးနွယ်စု၏ စိတ်ဓာတ်ခွန်အားနဲ့ လူသားဆန်မှုကိုလည်း ဘယ်အရာနဲ့ကမှ တားဆီးပစ်လို့ မရတာကို မြင်ကြရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar

မီးလောင်လို့ အိမ်ရာတွေ ဆုံးရှုံးကြရတဲ့သူတွေ အများစုဟာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ရင်ဆိုင်ကြရပေမယ့် သူတို့ အချင်းချင်း အားပေးကူညီကြပါတယ်။ အနည်းဆုံး ဘ၀ကို အစက ပြန်စကြဖို့ အတွက် အားတင်းကြပါတယ်။ အကောင်းမြင်မှုကို ဆုတ်ကိုင်ကြပါတယ်။ မိမိကိုယ်ကို အပြစ်တင်တာမျိုး သူများကို အပြစ်တင်တာမျိုးကို အလွန်အကျွံ မလုပ်ကြတာ တွေ့ရပါတယ်။ အားလုံး အတူတူ ရင်ဆိုင်ကြမယ် ဆိုတာမျိုးကို သဘောထားပါတယ်။
ဘေးပတ်ဝန်းကျင်က ပြည်သူတွေက ကိုယ်တတ်နိုင်တာနဲ့ ကူညီကြတာ၊ အစားအစာ၊ အဝတ်အစား၊ ငွေကြေး၊ အားပေးစကားတွေ ပေးပို့ကြပါတယ်။ အားလုံး အတူတူ ရင်ဆိုင်ကြမယ်ဆိုတာမျိုးကိုသာ သတင်းစကားပါးကြပါတယ်။

ကယ်လီဖိုးနီးယားက မီးဘေး၊ သဘာ၀ဘေးဒဏ် ခံစားနေကြပါ။ သဘာ၀ပတ်ဝန်းကျင် ပြောင်းလဲမှု သဘာ၀ရာသီဥတုပြောင်းလဲမှုကြောင့် မမျော်လင့်တဲ့ သဘာ၀ဘေးဒဏ်တွေ ပိုများလာပါတယ်။ သဘာ၀ဘေးဒဏ်ကနေ ပြန်လည် ကုစားတာ ပြန်လည် ထူထောင်တာ ပြန်လည် ရှင်သန်ကြတာကို အမေရိကန်တွေက မကြောက်ရွံ့ မစိုးရိမ်ကြဘူးလို့ အများစုက ခံယူထားတယ်လို့ ဆိုရပါမယ်။ ဖလော်ရီဒါနဲ့ အခြား မုန်တိုင်းသင့်ပြည်နယ်တွေကလည်း သည်လိုမျိုး ပြန်ထူထောင်ကြပါတယ်။ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက အကူအညီတွေ ထောက်ပံ့မှုတွေ ရရှိသလို ကိုယ့်အားကိုကိုးပြီးတော့လည်း စွမ်းဆောင်ကြရတာမျိုးလည်း ဖြစ်ပါတယ်။