Breaking News

၂၀၂၀ မြန်မာနိုင်ငံအနာဂတ်နဲ့ မောင်မိုးသူ



၂၀၂၀ မြန်မာနိုင်ငံအနာဂတ်နဲ့ မောင်မိုးသူ

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၉

၂၀၁၅ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အသံနဲ့ အနိုင်ရလာတဲ့ NLDအစိုးရဟာ တကယ်ပဲပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့ရဲ့လား ဒါမှမဟုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရလေသလားဆို တာကို ၃နှစ်သက်တမ်းပြည့် ဝန်ကြီးဌာနများရဲ့အစီရင်ခံစာမှာဖတ်ရှုရပါတယ်၊ အစီရင်ခံစာမှာ ပါရှိသည့်အတိုင်း ဝန်ကြီးဌာနအသီးသီးဟာ မိမိတို့ဝန်ကြီးဌာနများအလိုက် လုပ်ဆောင်နိင်သမျှ ကိုတွေ့မြင်ရပါတယ်၊ အဲဒီလိုလုပ်ဆောင်ရာမှာ ပြည်ပနိင်ငံရဲ့အကူအညီများလည်းပါဝင်လာတာ ကိုတွေ့မြင်ရပါတယ်၊ တကယ့်အဖြေကမူ လုပ်နိုင်သလောက် လုပ်ခဲ့ကြတာကိုတွေ့မြင်ရပြီး အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတဲ့အဖြစ်တွေကိုတွေ့မြင်ရပါတယ်။

 NLD အစိုးရသစ်ဟာ ပြည်ထဲရေးကို အစိုးရ၏လက်အောက်တွင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ကိုတွေ့မြင်ရပါတယ်၊ ဆုံးဖြတ်ချက်အရ ယခင်က စီမံအုပ်ချုပ်သည်များကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ထွေအုပ်များကို ပြောင်းလဲမှုများပြုလုပ်နေကြရာ တွင် ထင်သလောက်မလွယ်ကူပဲ ရှိနေသည်ကိုတွေ့မြင်ရပါတယ်၊ 

NLDအစိုးရသစ်ရဲ့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မတီ ဖွဲ့စည်းပြီး တိုင်ကြားစာများလက်ခံကာ အရေးယူမှုများပြုလုပ်ခဲ့သည်ကို တွေ့မြင်ရပါတယ်၊ ထင်ရှားသောလုပ်ရပ်နှစ်ခုမှာ FDAမှညွှန်ကြားရေးမှူးချုပ်ကို အဂတိလုက်စားမှုနှင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ကုမဏီတို့အား အဂတိလိုက်စားမှုဖြင့်တရားစွဲဆိုခဲ့ခြင်းပင်ဖြစ်ပါတယ်၊ ၄င်းအမှုနှစ်ခုမှာ တရားရုံးတွင် ရင်ဆိုင်နေကြရပြီး သူတို့အား ဖမ်းဆီးအရေးယူမှုများပြုလုပ်ထားသည်ကိုတွေ့မြင်ရပါတယ်၊ အဂတိ လိုက်စားမှုကော်မတီ သို့ တိုင်ကြားသည့်စာများတွင် ရန်ကုန်တိုင်းသည် အများဆုံးဖြစ်ပြီး ကျန်တိုင်း နှင့်ပြည်နယ်များတွင် လည်း တိုင်ကြားမှုများရှိခဲ့ပါတယ်၊ ကော်မတီက ၄င်းတိုင်ကြားစာများကိုစိစစ်ပြီး တိကျမှန်ကန်သော တိုင်ကြားမှုများကို အရေးယူမှုများပြုလုပ်နေပြီး ကျန်တိုင်ကြားမှုများကို စိစစ်လျက် ရှိကြောင်းကြား သိရပါတယ်၊ ဤကဲ့သို့ ဆောင်ရွက်နေသည်မှာ ၃နှစ်တာကာလ တိုင်ခဲ့သည်ဖြစ်၍ နောက်ထပ်တစ်နှစ်တာကာလသာ ကျန်ရှိနေသေးသည်ကိုတွေ့မြင်နေရပါတယ်၊ 

ဤကဲ့သို့လုပ်ဆောင် နေရာနှင့်ပတ်သက် ပြီး အားမလိုအားမရဖြစ်နေကြသော ဦးခွန်ထွန်းဦးနှင့် ပါတီဝင်ဟောင်းတချို့ တို့စုပေါင်းပြီး ပါတီ တစ်ရပ်ထူထောင်ဖို့ကြိုးစားလာကြသည်ကိုတွေ့မြင်နေရပါတယ်၊ ထိုနည်းတူ ဦးရွှေမန်းကလည်း ပါတီတစ်ခုတည်ထောင်ရန်ရွေးကောက်ပွဲကော်မရှင်သို့တင်ပြထားသည်ကို တွေ့မြင်နေရပါတယ်၊ တချိန်ထဲတွင် ဦးကိုကိုကြီးနှင့်အဖွဲ့တို့သည်လည်း ပါတီတစ်ရပ်ထူထောင်ပြီး ၂၀၂၀ရွေးကောက်ပွဲအ တွက် ပြင်ဆင်နေကြသည်ကိုတွေ့မြင်နေရပါတယ်၊ 

ရွေးကောက်ပွဲမဲပေးဆန္ဒ ပေးသူများနှင့်ပတ်သက်၍ လက်တလော ပူပူနွေးနွေးဖြစ်ပေါ်ခဲ့သည့်မှာ စည်ပင်ရွေးကောက်ပွဲပင်ဖြစ် ပါတယ်၊ စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးသူများဟာ ၁၀ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းသာရှိသည်အထိ နည်းပါးခဲ့သည်ကိုထောက်ရှုခြင်းအားဖြင့် မဲဆန္ဒရှင်ပြည်သူလူထုများသည် မဲဆန္ဒပေးရန်ပိုပင် ဝန်လေးနေကြလေရော့လား စဉ်းစားစရာဖြစ်လာပါတယ်။ မည်သို့ပင်ဖြစ်စေ ၂၀၂၀ရွေးကောက်ပွဲကို ရင်ဆိုင်ကြရမည့်တာဝန်မှာ အားလုံးသောနိုင်ငံရေးပါတီများဖြစ်ပါတယ်၊

ဤကဲ့သို့ ၂၀၂၀ရွေးကောက်ပွဲအတွက် ဆိုင်းပြင်နေကြချိန်တွင် အကြီးအမားဆုံးစိန်ခေါ်မှုများ မှာ ရခိုင်ဒေသနှင့် မြောက်ပိုင်းဒေသတို့ပင်ဖြစ်ပါတယ်၊ ရခိုင်ဒေသတွင် နောက်ဆုံးကြားသိရသည့်သ တင်းများအရ ရခိုင်မြောက်ပိုင်းတွင် မြို့နယ်ငါးခုကို ပုဒ်မ၁၄၄ထုတ်ပြီး ညမထွက်ရအမိန့်များထုတ် ပြန်ခဲ့ပါတယ်၊ ထိုသို့ထုတ်ပြန်ရာတွင် စားဝတ်နေရေးအတွက် ညမထွက်ရအမိန့်သည် မထိခိုက်နိုင် သော်လည်း ကျန်းမာရေးနှင့်အရေးပေါ်ကိစ္စတွင်မူ ညှိနှိုင်းလုပ်ဆောင်ပေးမှုများလုပ်ပေးဖို့ရှိနေသည် ကိုတွေ့မြင်ကြရပါတယ်၊ ရခိုင်ဒေသတွင်း တပ်မတော်နှင့် AA အဖွဲ့တို့ တစ်ရာနီးပါးဖြစ်ပွားခဲ့ရာ စစ် ရှောင်ဒုက္ခသည်များ ၂၀ဝ၀ဝနီးပါးရှိလာကြောင်း သတင်းများအရကြားသိနေရပါတယ်၊

ထို့အပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိ်ုင်ငံကြား ဖွဲ့စည်းထားသည့် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို နှစ်နိ်ုင်ငံကြား တစ်လှည့်စီ အိမ်ရှင်အဖြစ် လက် ခံကျင်းပရန် သဘောတူညီထားခြင်းဖြစ်ပြီး တတိယအကြိမ်မြောက်အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဒါကာမြို့တွင် ၂၀၁၈ ခုနှစ်အောက်တိုဘာ ၃၀ရက်က ကျင်းပခဲ့ပြီး ဖြစ်သည့်အတွက် စတုတ္ထအ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးတွင် နေရပ်စွန့်ခွာသူ ၈၀၃၂ဦးစာရင်းကို ဘင်္ဂလား ဒေ့ရှ်ကပေးပို့ခဲ့ပြီး ယင်းစာရင်းကို မြန်မာနိုင်ငံတွင် နေထိုင်မှု မှန်ကန်ကြောင်း မြန်မာအစိုးရက စစ်ဆေး ခဲ့ရာ ၅၀ဝ၀ကျော်ရှိကြောင်း၊ ထို ၅၀ဝ၀ကျော်ထဲမှ ၂၂၆၁ ဦးကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံ ရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာသူမရှိ၍ ပြန်လည်လက်ခံရေးအစီအစဉ်ပျက်ပြယ်ခဲ့ သည်။ “အခု စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပရင်လည်း ဒီကိစ္စပဲပေါ့၊ ၂၂၆၁ ဦးအတိုင်းပဲ ပို့ဖို့အစီ အစဉ်ရှိလား၊ ဒါမှမဟုတ် ဘယ်လိုပို့မလဲ၊ အသေးစိတ်မြေပြင် မှာကျတော့ နှစ်ဖက်သဘောတူညီချက် အရဆိုရင် တစ်ရက်ကို လူ ၃၀ဝ ပြန်ခေါ်မယ်လို့ ပြောထား တယ်၊ အဲဒီတော့ ဘယ်လိုပြန်လွှတ်မလဲ၊ ဘယ်စခန်းကနေ ပြန်လွှတ်မလဲ၊ ဒါတွေက အသေးစိတ်ဆွေး နွေးရမှာပေါ့” ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။ထို့ကြောင့်ယခုစတုတ္ထအကြိမ် အစည်းအဝေးတွင် ပြန်လည်လက်ခံရေး အစီအစဉ်ပျက် ပြယ်ခဲ့သည့် ၂၂၆၁ဦးကိစ္စကိုပြန်လည်ဆွေး နွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိိုးဟန်က ဖေဖော်ဝါရီ ၂၂ရက်တွင် ပြောကြားထားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ AAနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ရှောင်ဒုက္ခသည်များ ၂၀ဝ၀ဝ နီးပါးအထိရှိလာကြသည်ကိုတွေ့မြင်ရသည်၊ ၄င်းစစ်ရှောင်ဒုက္ခသည များ၏ စားဝတ်နေရေးများကိုဖြေရှင်းနေကြရသည့်အခက်အခဲများစွာလည်းရှိနေကြပါတယ်၊ မကြာမီ အချိန်အတွင်းမုတ်သုန်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် မိုးကျလျှင် နေရာထိုင်ခင်းကိစ္စကလည်း ပေါ်ပေါက်လာဦးမည်ဖြစ်ပါတယ်၊ ဤစစ်ရှောင်ဒုက္ခသည်များအရေးကဲ့သို့ပင် ပြီးခဲ့သောနှစ်များက ARSA အကြမ်းဖက်အဖွဲ့ကို နယ်မြေရှင်းလင်းရေးတိုက်ပွဲများပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိ်ုင်ငံသို့ ဘင်္ဂါ လီ ၇သိန်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အဖြစ်နှင့်ကြုံတွေ့ခဲရပြီး ၄င်းဘင်္ဂါလီဒုက္ခသည်များ အရေးအခင်းကို ကုလသမအမည်ဖြင့် ဖြေရှင်းဖို့ကြိုးစားနေကြသည်ကိုလည်းတွေ့မြင်နေကြပါတယ်၊ ထို့အတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိင်ငံတို့ MOU ပူးတွဲလက်မှတ်ရေးထိုးထားပြီး ပြန်လည် ပို့ဆောင်ရေးနှင့် ပြန်လည်လက်ခံရေးကိစ္စများကို စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြန်လည်လက်ခံ ရေးအစီအစဉ်ပျက်ခဲ့သည့် ၂၂၆၁ဦးကိစ္စကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ဧပြီ ၂၇ရက်တွင် နေပြည်တော်( ) ကျင်းပလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မြန်မာနိ်ုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား အသိပေး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ကိုကြားသိရပါသည်။

ရခိုင်အရေးတွင် AAနှင့်တပ်မတော်တိုက်ပွဲများ စစ်ရှောင်ဒုက္ခသည်များ တို့အပြင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသောဘင်္ဂ ါလီဒုက္ခသည်များအရေးတွင်လည်း နှစ်ဖက်အစိုးရတို့ MOU လက် မှတ်ရေးထိုးကာ ညှိနှိုင်းနေကြရသည်ကိုတွေ့မြင်နေရပါတယ်၊

ယခုအခါ ၂၀၁၉ရှိပြီဖြစ်သည့်အတွက် ၂၀၂၀ မြန်မာပြည်အနာဂတ်အတွက် ရေးကောက်ပွဲများ နိုင်ငံရေးပါတီများ ပြင်ဆင်နေကြသည့်နည်းတူ အစိုးရအတွက်မူ ရခိုင်ပြဿနာကဲ့သို့သော စိန်ခေါ်မှု များစွာကိုရင်ဆိုင်ဖြေရှင်းနေရပြီဖြစ်ပါကြောင်း။