Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၂)




ကိုးကန့် ခေါင်းဆောင်ဖုန်ကြားရှင်

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၂)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဒီဇင်ဘာ ၇၊ ၂၀၁၉

အပိုင်း (၁၀) - အိမ်ကြက်ချင်း အိုးမည်းသုတ်၊ အကြိမ်ကြိမ်အခါခါ ခွပ်ကြတဲ့ 'နဝမတန်ပြန် တော်လှန်ရေး' နယ်မြေ

၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ကိုးကန့်မဟာမိတ်တပ်အချင်းချင်း ပထမဆုံး အကြိမ် ''အိမ်ကြက်ချင်း ခွပ်'' ကြတယ်။ လှုံ့ဆော်စိုင်းပြင်းသူကတော့ ထိုတုန်း အခါက လက်ထောက်ဦးစီးချုပ် ရန်းမောက်လျံအပြင် အခြားညီအစ်ကိုတွေ ဖြစ်ကြတယ်။ တိုက်ရိုက်ဆပ်စပ်တဲ့အကြောင်းရင်းကတော့ ''အာဏာလုပွဲ'' ပါပဲ။

မုန်းဂိုးကို စိုးမိုးအုပ်ချုပ်ရေးဟာ အရမ်းကာရောကို ကြီးမားလှတဲ့ ညှို့အားဆွဲဆောင်မှုကြီးပါပဲ။ အဲဒီနေရာ ဘယ်သူကပဲ အာဏာချုပ်ကိုင်မှု ရှိ နေပါစေ။ အဓိက သဘောသကန်ကတော့ ဘိန်းပင်ကို စိုက်ပျိုးနိုင်ခွင့်ရှိရေး၊ ဘိန်းကို ပြုပြင်မွမ်းမံခွင့် ရရေးနှင့် ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်ခွင့် ရှိပြီး ဓနငွေကြေး အရင်းအမြစ် ဒီရေစီးဝင်သလို တလိမ့်လိမ့်၊ တအိမ့်အိမ့် ရှိရေးဆိုတာပါပဲ။

ကိုးကန့်ဒေသမှာ သမိုင်းကြောင်းတစ်လျှောက်လုံး အချင်းချင်းအတွင်း ပဋိပက္ခတွေ အဖန်တလဲလဲ ဖြစ်ကြပြီး၊ အိမ်ကြက်ချင်း မပြတ်တမ်း ခွပ်ကြတာ ကြောင့် စစ်ပွဲတွေ အဆက်မပြတ် တိုက်ခိုက်ကြရင်းကနေ တိုက်ပွဲဒဿန အပြည့်အဝ ပေါ်ထွန်းလာလေတယ်။ ဒါကြောင့်လည်း လူတကာက အကြိမ် ကြိမ် အဖန်ဖန် ဆန့်ကျင်တိုက်ခိုက်ကြတဲ့ နယ်မြေရယ်လို့ သမုတ်ကြလေတယ်။

၁၁-၃-၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီကနေ နှုတ်ထွတ်တဲ့ ကြေညာ ချက် ထုတ်ပြန်ပြီးတဲ့နောက် ကိုးကန့်မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်လိုက် ကြတယ်။ ၄င်းနောက် ဆယ်နှစ်ကျော်ကျော် ကာလအတွင်းမှာ အာဏာလုပွဲ တွေ တသီတတန်းကြီး ပေါ်ပေါက်လာပါတယ်။ ဒီအာဏာလုပွဲတွေထဲက အထူးသဖြင့် ၁၉၉၂ ခုနှစ်က ရန်းမောက်လျှံနှင့် ၁၉၉၅ ခုနှစ်၊ ၂၀ဝ၀ ခုနှစ်က လီနီမဲန် အစရှိသူတွေ လှုံ့ဆော်ပေါ်ပေါက်တဲ့ အချင်းချင်းဆော်ကြ၊ နှက်ကြမှု တွေ စံတင်လောက်တဲ့ အကွဲအပြဲ တိုက်ပွဲတွေ ဖြစ်ပါတယ်။

ရန်းမောက်လျှံတို့ ညီနောင်လေးဖော်ဟာ နှစ်ဆယ်ရာစု ၆၀ ခုနှစ် တွေတုန်းက တရုတ်ပြည်မကြီးကနေ မြန်မာနိုင်ငံဆီကို ထွက်လာကြတဲ့ တရုတ် ပညာတတ်လူငယ်တွေ ဖြစ်တယ်။ သူတို့အထဲက ရန်းမောက်လျှံနဲ့ ရန်းမောက် အန်းတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီထဲကို ဝင်ရောက်ကြပါတယ်။ ညီအစ်ကို နှစ်ယောက်သား မြန်မာပြည် အရှေ့မြောက်ပိုင်း စစ်နယ်မြေမှာ တာဝန်ထမ်း ဆောင်ကြပါတယ်။ ရန်းမောက်လျှံဟာ တစ်လျှောက်လုံး ရာထူးတက်လိုက် ရွှေပြောင်းလိုက်နဲ့ပါ။ ရာထူးက ကိုးကန့်ခရိုင် လက်ထောက်ခရိုင်မှူး အဆင့် အထိ တက်သွားပါတယ်။ ညီဖြစ်တဲ့ ရန်းမောက်အန်းကတော့ ထိုတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်မြေပြင် အတွင်းရေးဌာနရဲ့ ဌာနမှူး ဖြစ်သွားပါတယ်။ ကျန်ညီနှစ်ယောက်ဖြစ်တဲ့ ရန်းမောက်ရှူး၊ ရန်းမောက်စဲန့် တို့ကတော့ တစ်လျှောက်လုံး ကုန်သည်စီးပွားကိုသာ လုပ်ကိုင်ကြပါတယ်။ သူတို့အထဲက စတုတ္ထမြောက် ရန်းမောက်စဲန့်က မူးယစ်ဆေးဝါးတွေကို မှောင် ခိုသယ်ယူပို့ဆောင်မှုကို အကြိမ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နယ်မြေထဲ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးတွေကို အကြိမ်ပေါင်းများစွာ သယ်ယူပို့ဆောင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မျာ တရုတ်ပြည်နယ်ခြားစောင့်ရဲ့တပ်ဖွဲ့က ယူနန်ပြည်နယ်၊ လိန်ချွမ်မှာ လူရော ပစ္စည်းနဲ့ပါ ဖမ်းဆီးလိုက်တယ်။ ရန်းမောက်လျှံ၊ ရန်းမောက်အန်းတို့နှစ်ယောက် ၁၁-၃-၁၉၈၉ နေ့က ဖုန်ကျားရှင် ဦးဆောင်တဲ့ မုန်းရူးတပ်တွင်း ပုန်ကန်မှုအရေးတော်ပုံကြီး ပြီးဆုံးပြီးနောက်ပိုင်း ဒုဦးစီးချုပ်နှင့် နိုင်ငံရေးဝန်ကြီးဌာန ဌာနမှူးရာထူးကို အသီးသီးတက်သွားပါ တယ်။

ဖုန်ကျားရှင်ရဲ့ ကိုးကန့်မဟာမိတ်တပ်ကို ဖွဲ့စည်းတည်ဆောက်ထားတာ မှာ ထိပ်ပိုင်း (ခေါင်းဆောင်ပိုင်း) နေရာအားလုံးနီးပါးက ကိုးကန့်တိုင်းရင်းသားများ သာ ဖြစ်တယ်။ နယ်မြေစွဲ၊ ဒေသစွဲ၊ အရောင်အသွေး ပြင်းထန်လွန်းတဲ့ အသွင် သဏ္ဍာန်ပါပဲ။ ထိုတုန်းက ဖုန်ကျားရှင်က သေနာပတိချုပ်၊ ဦးစီးချုပ်က ဝေ့ ချောင်းရင်၊ ဒုဦးစီးချုပ်က လီကျုံးရှန် (မူလက ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့ မြောက်ပိုင်းစစ်ဒေသ နိုင်ငံရေးဝန်ကြီးဌာန ဒုတာဝန်ခံညွှန်ကြားရေးမှူး)၊ ဖုန် ကျားဖု၊ ရန်ကျုံးဝေ့ (မူလက မြောက်ပိုင်းစစ်ဒေသ တပ်မဟာမှူး) ရန်းမောက်လျှံ။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးက ဝူကျားယို၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ကျန်တက်ဝံ (မူလက မြောက်ပိုင်း စစ်ဒေသ တပ်ရင်းမှူး)၊ ဒုဝန်ဘကီးက ဖုန် တစွန့် (ဖုန်ကျားရှင်ရဲ့ သားကြီး) အစရှိသူတွေဖြစ်ကြတယ်။ ဒီကိုးကန့်စစ်ဒေသ ခံလူတွေကို ခေါင်းဆောင် ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဖုန်ကျားရှင်ရဲ့ ကိုးကန့်မဟာမိတ်တပ်ဖွဲ့နှင့် ဝမဟာမိတ်တပ်ဖွဲ့တို့ကို နှိုင်းယှဉ်ကြည့်ရင် တမျိုးတဖုံစီ ပုံသဏ္ဍာန်တူမနေတာကို တွေ့မြင်ရပါတယ်။ ထိုတုန်းက ဖုန်ကျားရှင်ရဲ့ ကိုးကန့်မဟာမိတ်တပ်ရဲ့ လက်အောက်ခံ ဖွဲ့စည်းမှုက ဒီဝီဇံတပ်မအမှတ် ၈၉၃ တပ်မတစ်ခုတည်းသာ ဖွဲ့စည်းထားတာဖြစ်တယ်။ လီဒိုမဲန်၊ ဝေ့ချောင်းရင်တို့ ရှေ့နောက်အလှည့်ကျ အဲဒီတပ်မမှူးအဖြစ် တာဝန်ယူ ထမ်းဆောင်ကြတယ်။ သူတို့ရဲ့ မဟာမိတ်တပ်ဖွဲ့စည်းမှုဟာ အတော်လေး လျော့ရဲလျတယ်။ ဝပြည်နယ်ညွန့်ပေါင်း ပါတီဖွဲ့စည်းပုံမျိုးနဲ့ မတူပြန်ပါ။ နိုင်ငံ ရေးပါတီက အစိုးရအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့ကို ချုပ်ကိုင်ထားခြင်းမျိုးမဟုတ်တဲ့ အတွက် နောက်ပိုင်းကာလတွေမှာ အချင်းများ အငြင်းပွားမှုတွေ အဆက်မပြတ် ပေါ်ပေါက်လာဖို့ မြှုပ်နှံထားတဲ့ အန္တရာယ်မြေမြှုပ်ဗုံးတွေ ဖြစ်နေပါတယ်။

၁၉၉၂ ခုနှစ် နိုဝင်ဘာလ၊ ကိုးကန့်မဟာမိတ်တပ်မှာ ပထမဆုံးအကြိမ် အတွင်းပဋိပက္ခ အာဏာလုပွဲကြီး အပြင်းအထန်ဖြစ်ပေါ်လာပါတယ်။ အရေး တော်ပုံ ပေါ်ပေါက်လာအောင် လှုံ့ဆော်စိုင်းပြင်းသူကတော့ အဲဒီတုန်းက ဒုဦးစီးချုပ်တာဝန်ကို ထမ်းဆောင်တဲ့ ရန်းမောက်လျှံနဲ့ သူ့ရဲ့ညီ အစ်ကိုရင်းချာ တွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အာဏာလုကြတာပါပဲ။

တစ်နေ့တခြား ကြီးမားလာတဲ့ ကုလားထိုင်မှာ ထိုင်နေကြတဲ့ ရန်းညီ ရင်း နောင်ဖွားတို့ဟာ အထူးဒေသအစိုးရ ဥက္ကဋ္ဌရာထူးနဲ့ မဟာမိတ် တပ်ဦးစီး ချုပ်ရာထူးကို ဆုပ်ယူထားတဲ့ ဖုန်ကျားရှင်ကို စတင်စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ ဒါ့အပြင် ဖုန်ကျားရှင် ရှေ့ဆက်လျှောက်လှမ်းမယ့် ခရီးလမ်းကို ရန်းညီနောင်တို့ လုံးဝကို မလိုလားတဲ့ လမ်းဖြစ်နေပြန်ပါသေးတယ်။

အဲဒီလမ်းကတော့ ဖုန်ကျားရှင်ဟာ လာလတ္တံ့အချိန်ကာလကို မြင့်မြင့် မားမားရှည်ရှည်လျားလျား လှမ်းမြင်ထားပါတယ်။ ကိုးကန့်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ ဝင်ဆန့်လိုတယ်ဆိုရင် မူးယစ်ဆေးဝါး အဝန်းအဝိုင်းနဲ့ ကင်း ကင်းရှင်းရင်း ရှိနေရပါမယ်။ ကိုးကန့်နယ်မြေဒေသမှာ တဖြည်းဖြည်းနဲ့ မူးယစ် ဆေးဝါး ပိတ်ပင်ဟန့်တားမှုကို ဖုန်ကျားရှင်လုပ်လိုတဲ့ ဆန္ဒရှိနေပါတယ်။ အခြားစီးပွားရေးလုပ်ငန်းက မူးယစ်ဆေးဝါး စီးပွားရေးလုပ်ငန်းကို ဝင်ရောက် အစားထိုးတဲ့ ပုံစံကို ဖုန်ကျားရှင် အကောင်အထည် ဖော်လိုပါတယ်။ သူ့ရဲ့ လိုအင်ဆန္ဒနှင့် မူးယစ်ဆေဝါး ရောင်းဝယ်ဖောက်ကားမှုကနေ တအားချမ်းသာ ြွကယ်ဝလာတဲ့ ရန်းညီအစ်ကိုတို့နဲ့ ထိပ်တိုက်တိုးကြပါလေရော။ နောက်ဆုံးတော့ နှစ်ဖက်အင်အားဟာ လက်နက်နဲ့ တိုက်ခိုက်ဖြေရှင်းရတဲ့ အဆင့်ကို ရောက်သွား ပါလေရော။

ဖုန်း၊ ရန်း ကိုးကန့်သားအချင်းချင်း ဗိုလ်လုပွဲ စတင်တိုက်ခိုက်ကြပါ ပြီ။ စစချင်းမကြာခင်မှာပဲ တပ်မမှူးကြီး ဝေ့ချောင်းရင်က ရန်းညီနောင်ဘက် ပါဝင်လိုက်တယ်။ နှစ်ဖက်တပ်ချင်း အကြိတ်အနယ် တိုက်ပွဲပေါင်း ဆယ်ကြိမ် မကပါ။ ဒါပေမဲ့ ဘယ်သူကမှ တစ်ဖက်ဖက်ကိုအပြတ်အသတ်အနိုင်မတိုက် နိုင်ပါ။ ဒီနာက်ပိုင်းမှာ ရန်းညီနောင်ဘက် ဝင်တိုက်ပေးတဲ့ တပ်မမှူးကြီး ဝေ့ ချောင်းရင်က ဘယ်ဘက်နဲ့မှ မပူးပေါင်းဘဲ ကြားနေလိုက်တယ်။ ဒါ့အပြင် ကြေညာချက်ကိုပါ ထုတ်ပြန်လိုက်တယ်။ သဘောကတော့ နှစ်ဖက်တိုက်ခိုက်မှု ရပ်စဲကြပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုပါတယ်။

အချင်းချင်းခွပ်ကြတဲ့ ဗိုလ်လုပွဲ ရှည်ကြာလာပါပြီ။ ဘယ်ဘက်ကမှ အနိုင်မပိုင်းနိုင်လေတော့ ပြည်သူ့နှလုံးသားကို မသိမ်းသွင်းနိုင်တဲ့ ရန်းညီနောင် တို့အတွက် အခြေအနေ ဆိုးရွားသထက် ဆိုးရွားလာစေပါတယ်။ ဒီတော့လည်း ရန်းညီနောင်တို့ ကိုယ်တိုင်ကိုယ်ကျပဲ တောင်ဘက်ပိုင်းက ဝအဖွဲ့အစည်းဘက်ဆီ သွားရောက်စကားဆိုလေတယ်။ အင်အားတောင့်တင်းတဲ့ ဝပြည်ထောင်စု မဟာမိတ်တပ်က သူတို့ကို စစ်ကူပေးပြီး ဝင်တိုက်ဖို့ကို အကူအညီတောင်းခံ လေတယ်။

ဝအဖွဲ့အစည်းဟာ ထိုစဉ်တုန်းက ထိုင်းမြန်မာနယ်စပ်က ခွန်ဆာအုပ်စု နဲ့ အကြိတ်အနယ် တိုက်ခိုက်ကြတဲ့ အခါသမယဖြစ်နေပါတယ်။ တခြာသူအရေး ထက် ကိုယ့်အရေးက ရေးကြီးခွင်ကျယ် ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်နေပါတယ်။ ဒါပေမဲ့ ကိုးကန့်ဆိုတာက ခွန်ဆာစိုးမိုးတဲ့ လွိုင်မော်တောင်တန်း တိုင်းရင်းသားတို့ နဲ့ အစဉ်အဆက် ကူးလူးဆက်ဆံရတာ ဖြစ်တယ်။ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း အလွှာ၊ အထူးသဖြင့် ဖုန်ကျားရှင်တို့ ခွန်ဆာတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ကလည်း ဆက်စပ်မှုက ရှိနေပြန်ပါသေးတယ်။ နိုင်ငံရေး၊ စစ်ရေးနဲ့ ရေရှည် အကျိုးစီးပွားကို ထောက်ရှုပြီး ဝအဖွဲ့အစည်းကြီးဟာ ရန်းညီနောင်တို့ကို အကူ အညီပေးပြီး၊ ဖုန်အင်အားစုကို ဖြိုခွင်းဖို့ကို ဆုံးဖြတ်လိုက်ကြတယ်။ ဒါမှသာ နောက်တန်းကို တည်ငြိမ်စေပြီး အင်အားတောင့်တင်းတဲ့ ခွန်ဆာအုပ်စု မဟာ မိတ်ပြုမူကို ဝါးအစည်းပြေသလို ဖြိုခွင်းနိုင်မှာဖြစ်တယ်။ ရန်းညီနောင်ဘက်က ကူတိုက်ဖို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဝအဖွဲ့အစည်းကြီးဟာ တပ်သားအင်အား ၁၅၀ဝ ခန့်ကို စေလွှတ်လိုက်ပါတယ်။ စစ်လမ်းကြောင်းဖွင့်ပြီး ကိုးကန့်နယ်မြေ ထဲ ချဉ်းနင်းဝင်ရောက်လိုက်ပါတယ်။ ၁၉၉၃ ခုနှစ်၊ မေလ။ ဖုန်ကျားရှင် အုပ်စု ဟာ ရုတ်တရက် အင်အားတောင့်တင်းလာတဲ့ စစ်အင်အားကြီးကို ရင်ဆိုင်တိုက် ခိုက်ကြရလေတယ်။ အင်အားချင်း တအားကွာခြားလွန်းတဲ့အတွက် ဖုန်ကျားရှင် တို့ အရေးနိမ့်ပြီး ကိုးကန့်နယ်မြေကနေ ဆုတ်ခွာလိုက်ကြရတယ်။

အောင်ပွဲခံသွားတဲ့ ရန်းမောက်လျှံက ကိုးကန့်အုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်လိုက်တယ်။ ရန်းမောက်လျှံဟာ တစ်ချိန်က ဖုန်ကျားရှင် ထမ်းဆောင်ခဲ့ တဲ့ ကိုးကန့်မဟာမိတ် စစ်သေနာပတိနေရာကို ဆက်ခံလိုက်တယ်။ သူ့ညီ ရန်းမောက်အန်းက (လက်ထောက်) သေနာပတိကို ယူလိုက်တယ်။ သေနာပတိ ရန်းမောက်လျှံဟာ အုပ်ချုပ်ရေး အာဏာယူပြီး သူ စီမံအုပ်ချုပ်တဲ့ကာလက ယခင်ကထက်ပိုပြီး ထူးထူးခြားခြားတိုးပြီး ထုတ်လုပ်လာပါတယ်။ အဲဒီအထဲက အဓိကအရေးပါဆုံး ထွက်ပေါက်နဲ့ လမ်းကြောင်းကတော့ တရုတ်ပြည်နယ်မြေ အတွငး်ကနေ အလုံးအရင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ အကြီးအကျယ် အလုပ်ဖြစ်နေပါတယ်။ ကိုးကန့်ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ် ငန်းဟာ ထိုစဉ်အချိန်အခါက တရုတ်ပြည်နဲ့ ယူနန်ပြည်နယ်မှာ အင်မတန် ကြီးမားဆိုးရွားလွန်းတဲ့ ဘေးဒုက္ခအန္တရာယ်ဆိုးကြီးဖြစ်နေပါတယ်။

၂၆-၇-၁၉၉၅ ကိုးကန့်မဟာမိတ်တပ်ဖွဲ့တွင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ အချင်းချင်းအာဏာလုတဲ့ အိမ်ကြက်ချင်းခွပ်တဲ့ အရေးတော်ပုံကြီး နောက်ထပ် တစ်ကြိမ် ပေါ်ပေါက်လာပြန်တယ်။ ဒါ့အပြင် ဒီတစ်ကြိမ် အကွဲအပြဲ တိုက်ခိုက် မှုကြီးက ရန်းညီနောင် မိသားစုတို့ ကိုးကန့်အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အာဏာကို အပြီးသတ်နိဂုံးချုပ်လိုက်တဲ့ အရေးတော်ပုံတိုက်ပွဲ ဖြစ်သွားပါတယ်။ ထိုတုန်းက ရန်းမောက်အန်းက မုန်းဂိုးမှာ ဦးစီးဦးဆောင်ပြီး မူးယစ်ဆေးဝါးတားမြစ်ချုပ် ကိုင်ရေးနှင့် တပ်ဖွဲ့ဝင်ရာထူးအပြောင်းအရွှေ့ ခန့်အပ်မှုဆိုင်ရာ အစည်းအဝေးကို ခေါ်ယူကျင်းပပါတယ်။ အစည်းအဝေးမှာ ရန်းမောက်အန်းနှင့် ဒုတိယသေနာ ပတိချုပ် လီတက်ဟွာတို့က မူးယစ်ဆေးဝါး ကိုင်တွယ်လုပ်ဆောင်နေကြတဲ့ အုပ်စုကို အပြစ်တင်ထောက်ပြတဲ့ တရုတ်ပြည်ကို အပြင်းအထန် ဝေဖန်ရှုံ့ချမှု အစရှိတဲ့ ပြဿနာပေါ်ပေါက်ပြီး အငြင်းပွားကြပါတယ်။ ပဋိပက္ခ ကြီးသထက် ကြီးလာပါတယ်။ အစည်းအဝေး ပြီးစီးသွားတဲ့နောက်ပိုင်း လီတက်ဟွာအစရှိတဲ့ ခေါင်းဆောင် သုံးဦးက တပ်ဖွဲ့အပြောင်းအရွှေ့ကို အသုံးချပြီး အရေးတော်ပုံ ဖန်တီးလိုက်ပါတယ်။

သြဂုတ်လ ၁ ရက်။ တပ်မဟာမှူးချုပ် လီနိမဲန်က သူယုံကြည် အား အကိုးကရဆုံးဖြစ်တဲ့ တပ်ရင်းသုံးရင်းက တပ်ဗိုလ်တပ်သား အလုံးအရင်းကို အသုံးပြုပြီး မုန်းဂိုးမှာ အခြေစိုက်တဲ့ မဟာမိတ်တပ်ဖွဲ့ ဦးစီးချုပ် ဝေ့ချောင်းရင် အမှတ် ၁၂၈ တပ်မချုပ် ရန်းခေါ့ရွှမ်း၊ ဝေ့စန်း၊ မုန်းဂိုး ခရိုင်ဝန် လီချောင်ဟွာ အစရှိတဲ့ လူတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ တပ်မ ရဲတပ်ရင်း တပ်ဖွဲ့အားလုံးရဲ့ လက်နက်တွေကို ဖြုတ်ပစ်လိုက်တယ်။ မုံဇလပ်က တပ်ရင်း နှစ်ရင်းအင်အားနဲ့ တပ်အပြောင်းအရွှေ့ နေရာချထားရေး၊ လက်ဖတင် နင်ဂျင်နရယ် ရန်မောက်အန်းရဲ့ စတုတ္ထမြောက်သား ရန်ခေါရွှင်း အုပ်ချုပ်တဲ့ လက်ရုံးတပ်ရင်း (သုံး) ကိုပါ လက်နက်ဖြုတ်သိမ်းလိုက်တယ်။ လှုပ်ရှားမှုအချိန် ဟာ အစမှ အဆုံးအထိ (လေး) နာရီနှင့် ပြီးစီးအဆုံးသတ်သွားပါတယ်။ သေနတ်တစ်ချက်တောင် မပစ်ဖောက်လိုက်ရဘဲ တပ်တွင်းအာဏာသိမ်းမှုကြီး ပြီးစီးသွားတယ်။ လီနီမဲန် အင်အားစုက မုန်းဂိုးလုံခြုံရေးတပ်စစ်ရေး၊ နိုင်ငံရေး ကော်မတီဆိုင်းဘုတ်ကို မြှောက်တင်လိုက်တယ်။ တစ်ပြိုင်တည်းမှာပဲ ''တပ်သား များ၊ သွေးချင်းသားရင်း ညီနောင်များသို့ ကြေညာစာတမ်း'' ''ငြိမ်းချမ်းရေး ကြေညာစာတမ်း - အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ် လမ်းညွှန် စာတမ်း '' ''နို့တစ်စ ထုတ်ပြန်ကြေညာချက်'' စွဲချက်တင် ရှုံချတဲ့ ကြေညာစာ တမ်းသုံးခုကို ထုတ်ပြန်လိုက်တယ်။ ရန်းညီနောင်တို့ရဲ့ သမိုင်းတစ်လျှောက် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစုံလင်လင် အများသိအောင် ထုတ်ပြန်လိုက်တယ်။

လီနီမဲန်အစရှိတဲ့ သူတွေရဲ့ တပ်တွင်းအာဏာသိမ်းမှုကြီး ထမြောက် အောင်မြင်သွားပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်တစ်ခုလုံးမှာ ဦးဆောင်မှု အရည် အသွေးချို့တဲ့တဲ့အတွက်ကြောင့် လာလတ္တံ့အနာဂတ်ရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုကို ပိုင်းဖြတ်မှုမှာ ချို့ယွင်းအားနည်းမှုတွေ ရှိနေပါတယ်။ သူတို့ ထင်မှတ်ထားတာက ရန်းညီနောင်အင်အားစုက မုန်းဂိုးကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်စွမ်းမရှိချေလို့ ထင်မှတ်မှားကြပါတယ်။

ထပ်ဆင့် မှားယွင်းမှုတစ်ရပ်က ဝအဖွဲ့အစည်းရဲ့ လက်နက်ကိုင် ထောက်ခံအားပေးမှု ကင်းမဲ့ရင် ဦးဆောင်မှုအနေအထားဟာ တစတစနဲ့ ဆုံး ရှုံး ပျောက်ကွယ်သွားမှာဖြစ်တယ်။ အနိုင်ရ လီနီမဲန်အုပ်စုဟာ မလွှဲမရှောင်သာဘဲ မုန်းဂိုးကနေ ဆုတ်ခွာလိုက်ကြတယ်။ လီဦးဆောင်ပြီး လက်အောက်ခံ လူသူ လက်နက်တပ်ဖွဲ့အင်အား အများစုဟာ လီနီမဲန်နောက်ကို လိုက်ပါကြပြီး ဝအဖွဲ့အစည်းထဲ ဝင်လိုက်ကြတယ်။ ဒီလိုနဲ့ နောက်နှစ်လတာ လွန်မြောက်ပြီး တဲ့နောက် သူတို့နဲ့ ကိုးကန့် ရန်းမိသားစု ညီနောင်တို့ အင်အားစုနှင့် တိုက်ပွဲ ပေါင်းဆယ်ပွဲမက အကြိတ်အနယ် တိုက်ခိုက်လာကြရတယ်။

ရန်းမိသားစုကို တွန်းလွန်ပုန်ကန်တဲ့ မူလက တပ်မဟာ ၈၉၃ (နောက် တော့ တပ်မဟာ ၁၂၈)၊ တပ်မဟာမှူး လီနီမဲန် (ဝတိုင်းရင်းသား စစ်စစ်)၊ မူလက မုန်းဂိုး ခရိုင်ဝန် မုန်ဇလပ် (တရုတ်ပြည် ယူနန်ပြည်နယ် လုံချွမ်းဟု ဆန့်ရှမ်းရွာသားအား ချန်းတိုင်းရင်းသား) ကိုးကန့်မဟာမိတ် တပ်ဖွဲ့ ဒုတိယ သေနာပတိချုပ် လီတက်ဟွာ (ဝတိုင်းရင်းသား) တို့ခေါင်းဆောင်တဲ့ တပ်အင်အား သုံးပြီး အထက်စီးရထားတဲ့ အနေအထားကနေ ဦးဆောင်မှုအနေအထား တစစ လက်လွှတ်ဆုံးရှုံးနေရပါတယ်။ နောက်ဆုံးမှာ နယ်မြေ ထိန်းချုပ်မှုကိုပါ လက်လွှတ်လိုက်ရပြီး ဝပြည်ထောင်စု အဖွဲ့အစည်းရဲ့ လက်အောက်ခံတပ်ဖွဲ့ အဆင့်ကို လျှောကျသွားရလေတယ်။

ရန်းညီနောင်အင်အားကလည်း မုန်းဂိုးအဓိကရမြို့ကို လက်လွှတ်လိုက် ရခြင်း ဟာ အင်အားထုထည်အကြီးအကျယ် ဆုံးရှုံးလိုက်ရပြီး ၁၂၈ တပ်မဟာ ချုပ် ရန်းခေါ့ရွှင်းလည်းပဲ အတင်းထိုးဖောက်တိုက်ခိုက်ရာကနေ ထိမှန်ကျဆုံးသွား လေတယ်။

ဒီတစ်ကြိမ် အချင်းချင်း စိတ်ဝမ်းကွဲတိုက်ကြရတဲ့ အကြောင်းကတော့ ခေါင်းဆောင်ကြီး ရန်းမောက်အန်းက ၁၉၉၃ ခုနှစ် ဇွန်လမှာ သားအငယ်ကောင် ရန်းခေါ့ရွှင်းကို တပ်ရင်းမှူးအဆင့်ကနေ ကျော်တက်ပြီး အဆင့်မြင့်မြင့် တရား လွန်ထိုးတင်လိုက်တာက ဇာတ်လမ်းစတာပါပဲ။ သားအရင်းကို အဆင့်လွန်ထိုး တင်ပြီး မူလက သစ္စာတော်ခံ (၁၂၈) တပ်မဟာမှူး လီတက်ဟွာကို ရာထူး ဖြုတ်လိုက်တယ်။ စစ်အာဏာ ရုတ်သိမ်းခံလိုက်ရတဲ့ လီတက်ဟွာ မကျေမနပ် ဖြစ်ပြီး ပုန်ကန်ဖို့ကို ကြံစည်လေတယ်။ တစ်ချိန်တည်းမှာပဲ တိုက်ရိုက်ဆက်စပ်နေ တဲ့ ပေါက်ကွဲမှု စနက်တံကို ထိပ်သီးရန်းမောက်လျှံက ဖန်တီးလိုက်ပြန်တယ်။ ၁၂၈ တပ်မဟာနဲ့ ၁၂၄ တပ်မဟာ နှစ်တပ်ကို ရာထူးနေရာ အပြောင်းအလဲကို ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်တယ်။ ရှေးယခင်ကတည်းက ကြိုတင်ပြင်ဆင်မှု ရှိထားတဲ့ လီနီမဲန်၊ လီတက်ဟွာ၊ မုန်ဇလပ်တို့ ပူးပေါင်းလိုက်ကြပြီး ဝတပ်သား တို့ရဲ့ ၁၂၈ တပ်မဟာအင်အားနဲ့ လွတ်လပ်ရေးအောင်လံတော်ကို အလွယ်တကူ လွှင့်ထူနိုင်လိုက်ပါတယ်။

ဒီတစ်ချီ တပ်တွင်းအာဏာသိမ်းပွဲမှာ လီနီမဲန်အစရှိတဲ့ သူတို့အင်အား ဟာ ဝတို့ရဲ့အင်အားကို ပုန်းလျှိုးကွယ်လျှိုး တိတ်တိတ်ကလေး ကြိတ်ပြီး၊ ရန်း ညီနောင်တို့ကို ပုန်ကန်တိုက်ခိုက်ကြတဲ့ လီနီမဲန် အစရှိတဲ့လူတို့ဟာ တစ်ချိန် က ရန်းအုပ်စုထဲက အကျိုးတူ ဆောင်ရွက်ခဲ့တဲ့ မှူးမတ်ကြီးတွေ ဖြစ်ခဲ့ကြပါ တယ်။ ရန်းတပ်ဖွဲ့အုပ်စု တပ်ဖွဲ့ကြီးထဲမျာ အရှိန်အဝါ အထင်ကရ ရရှိခဲ့ကြတဲ့ သူတွေပါပဲ။ နောက်ပြီး လီတက်ဟွာက ဝမဟာမိတ် ညွန့်ပေါင်းတပ် သေနာပတိ ချုပ် ပေါင့်ယိုရန်ရဲ့ သွေးဝေးဆွေမျိုးဖြစ်ကြပါတယ်။ ဝမဟာမိတ် ညွန့်ပေါင်းတပ် ဖွဲ့ရဲ့ တပ်ရင်းမှူး လုပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ရန်းနှင့် ဖုန်တို့ ပထမဆုံးအကြိမ် ဗိုလ်လုတဲ့ တိုက်ပွဲအနိုင်အရှုံးမပေါ်သေးဘဲ သရေကျစဉ်တုန်း က ရန်းက မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့ သေနာပတိ ပေါင့်ယိုရှန်၊ ဒုတိယ သေနာပတိချုပ် လီကျူလူတို့ထံ စစ်ကူတောင်းပါတယ်။ ပေါင့်၊ လီတို့ တပ်ကူ စေလွှတ်ပြီး ဖုန်ကျားရှင်ကို ဝိုင်းတိုက်ကြတယ်။ ဒီပွဲမှာ လီတက်ဟွာက အမိန့် အရ တပ်ရင်းသုံးရင်းကို လျှို့ဝှက်ဦးဆောင်ပြီး ရန်းညီနောင်တို့ကို ဝိုင်းတိုက်ကြ တယ်။ ဒါအပြင် ဒီတိုက်ပွဲမှာ စွမ်းစွမ်းတမံ အင်တိုက်အားတိုက် တိုက်ခိုက်ပေး တာကြောင့် နိဂုံးချုပ်လိုက်တော့ ဖုန်ကျားရှင်တို့ အရေးနိမ့်ပြီး မြောက်ဘက်ဆီကို ထွက်ပြေးရလေတယ်။

ရန်းညီနောင်အုပ်စုဟာ ဝအဖွဲ့အည်းဆီက စစ်အသုံးစရိတ် ငွေးကြေး ချေးငှားခဲ့ရပါတယ်။ ဒါ့အပြင် တပ်အင်အားထုတ်ပြီး လက်နက်ကိုင် အင်အား ကို ထပ်ဆင့်ဖြည့်ဆည်းရတာကြောင့် ရန်းညီနောင်အုပ်စုတို့ အုပ်ချုပ်ရေးကာလ တစ်လျှောက်လုံးလုံး၊ ဝအဖွဲ့အစည်းရဲ့ ြွေကးမြီတွေ အထပ်ထပ် တက်လာပါတယ်။ အချိန်တိုကာလအတွင်းမှာ ြွေကးမြီတွေကို ဘယ်လိုမှ ပြန်လည်ပေးဆပ်နိုင်စွမ်း မရှိတဲ့ အနေအထားကို ရင်ဆိုင်တိုးနေပါတယ်။ ရန်းမောက်လျှံ အုပ်ချုပ်မှုအောက် က ကိုးကန့်ဟာ ဝအဖွဲ့အစည်းရဲ့ အာဏာစက်အောက်ကို ကျရောက်နေသလို ဖြစ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးတဲ့နောက် ရန်းညီနောင်အုပ်စုက ဝအဖွဲ့အစည်းရဲ့ ဖိအားအောက်မှာ တပ်ဖွဲ့ကို အသစ်တဖန် ပြန်လည်ဖွဲ့စည်းရလေတယ်။ တပ် ဖွဲ့ကို ခေါင်းဆောင်လာတဲ့ ဝအဖွဲဲ့အစည်းက လီတက်ဟွာဟာ အစဉ်အလာကို ထိုးဖောက်ပြီး မြှောက်စားခံရလေတယ်။ ၄င်းက လီနီမဲန်ရဲ့ ၁၂၈ တပ်မရဲ့ တပ်မမှူးရာထူးကို အစားထိုး ခန့်အပ်ခံလိုက်ရတယ်။ ဒါပေမဲ့ လီနီမဲန်ဆိုတာက ဝခေါင်းဆောင် ပေါင့်ယိုရှန်နဲ့က သာမန်မဟုတ်တဲ့ တော်စပ်မှုတွေ ရှိနေပါတယ်။

ဒါက ၁၉၆၀ ခုနှစ် ခေတ်ကာလတွေမှာ လီဟာ ပေါင့်တာဝန်ယူတဲ့ တပ်ဖွဲ့ကြီးရဲ့ တိုင်းရင်းသားလွတ်မြောက်ရေးတပ်ဖွဲ့ကြီးထဲမှာ ဒုတပ်ဖွဲ့မှူးအဖြစ် ထမ်းရွက်ပါတယ်။ ၁၉၆၈ မှာ ပေါင့်ယိုရှန်နဲ့အတူ ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့ထဲကို ဝင်ရောက်တိုက်ကြတယ်။ လီနီမဲန်က ဗမာပြည် ကွန်မြူနစ်ပါတီ အမှတ် ၈၉၃ တပ်မမှာ အမှတ် ၂ တပ်မဟာရဲ့ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး၊ ဒုတပ်မမှူး၊ တပ်မဟာမှူး၊ ဒုတပ်မမှူး၊ တပ်မမှူး ရာထူးကို ရှေ့ဆင့်နောက်ဆင့် တာဝန်ယူထမ်းဆောင်ခဲ့တယ်။ အမှတ် ၈၉၃ တပ်မမှာ ပိုမိုကျနတဲ့ အခြေခံ အုတ်မြစ်ကို ချထားနိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လီနီမဲန်နဲ့ ဖုန်ကျားရှင်တို့ရဲ့ ပတ်သက်မှုက ပိုပြီး တရင်းတနှီး ရှိကြပါတယ်။ ၁၉၉၃ ခုနှစ် ရန်းအုပ်စုက ရှင်းလင်းမှုကြီး လုပ်ကြတော့ လီနီမဲန်နဲ့ မူလကတည်းက ဗမာပြည်ကွန်မြူနစ် ပါတီ ကွတ်ခိုင်ခရိုင်မှူးဖြစ်ပြီး ထိုတုန်းကျ မုန်းဂိုးခရိုင်မှူး မုန်ဇလပ်တို့ တစ်ချိန် တည်း တစ်ပြိုင်တည်း ရာထူး ဖယ်ရှားခံလိုက်ကြရတယ်။ နောက်ပိုင်းတော့ ''ထွက်ပေါက်လမ်းပေးခြင်း'' အမည်တွင်တဲ့ မူဝါဒကြောင့် လီနီမဲန်ကို လားရှိုး အခြေစိုက် ကိုးကန့်စီမံခန့်ခွဲရေးတာဝန်ခံအဖြစ် စေလွှတ်ခံရပါတယ်။ မုန်ဇလပ် ကို မြစ်ကြီးနားအခြေစိုက် ကိုးကန့်စီမံခန့်ခွဲရေးတာဝန်ခံအဖြစ် စေလွှတ်ပြီး သူတို့နှစ်ဦးကို တစ်ပြိုင်တည်း ချောင်ထိုးပစ်လိုက်တယ်။

ရန်းညီနောင်တို့ဟာ ဝအဖွဲ့အစည်းရဲ့ ချုပ်ကိုင်မှုကို ဘယ်လိုမှ မလို လားချေ။ ဒါ့အပြင် ဝအဖွဲ့အစည်းနဲ့ ပေါင့်ယိုရှန်အပေါ် မလိုမုန်းထားရှိနေပြီး၊ ၁၉၉၅ ခုနှစ်မှာ ကိုးကန့်ဘက်ကနေ စာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်စာတမ်းရဲ့ အကြမ်းဖျင်း အဓိပ္ပာယ်က ''ကိုးကန့်ဒေသမှာ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားကြသူတွေ (အဓိက တရုတ်ပြည်တွင်းဆီ မူး ယစ်ဆေးဝါးရောင်းဝယ်မှု) အားလုံးဟာ ဝအဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်'' ဒီထုတ်ပြန်တဲ့ သတင်းစာလွှာကို လီတက်ဟွာနဲ့ လီနီမဲန်တို့ကတဆင့် ဝအဖွဲ့ အစည်းကို လက်ဆင့်ကမ်းပေးပို့လိုက်ပါတယ်။ ဝအဖွဲ့အစည်းက အာဏာချုပ် ကိုင် လုပ်ဆောင်ကြတဲ့ ပေါင့်ယိုရှန်ညီနောင်တွေ ဒေါသူပုန်ထကြကုန်လေတယ်။

၁၉၉၅ ခုနှစ် ''၅-၈'' အရေး။ တရုတ်ပြည်က ဖမ်းဆီးမိပြီး ရန်းညီနောင် ထဲက စတုတ္ထမြောက် ညီငယ်ကို သေဒဏ်ချမှတ်စီရင်ပစ်လိုက်တယ်။ ဘိန်းရာဇာ ကြီး ရန်းမောက်စိန့်ဟာ ဝအဖွဲ့အစည်းရဲ့ ဖိအားကို မခံမရပ်နိုင်ဘဲ တစ်ချိန်လုံး ကလဲ့စားချေ တုန့်ပြန်မယ်ရယ်လို့ အော်ဟစ်ကြိမ်းမောင်းနေတဲ့ ရန်းညီနောင် တို့ဟာ ပေါ့ပေါ့တန်တန် မထြွကဝံ့ပေမယ့်လည်း ၄င်းမိသားစုတို့ မူးယစ်ဆေး ဝါးရောင်းဝယ် ဖောက်ကားတဲ့ အင်အားကလည်း လျော့ပါးမသွားချေ။ ကိုးကန့် တို့ တရုတ်ပြည်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ ဝအဖွဲ့အစည်း အပေါ် အင်မတန်ကြီးမားတဲ့ ဖိအားတွေ ပေးနေပါတယ်။ ဝအဖွဲ့အစည်း ထိပ်တန်းအရာကြီးတွေ အမြင်က ဒါဟာ ဝအဖွဲ့အစည်းရဲ့ စစ်ရေးမဟာဗျူဟာ အကျိုးဆက်ကို လက်တွေ့ကျကျ အကြီးအကျယ် ရိုက်ခတ်နေပြီးရယ်လို့ ထင် မြင်ယူဆလာကြပါတယ်။

ဒီတစ်ကြိမ် အတွင်းကြိတ် ပဋိပက္ခဖြေရှင်းမှုကြီးက လက်တွေ့ လုပ် ဆောင်မှုအပိုင်းမှာ ဝအဖွဲ့အစည်းကြီးက ရန်းအင်အားစုတို့ လုပ်ဆောင်မှုတွေကို သွေးတိုးစမ်းကြည့်တဲ့ ဖြေရှင်းမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက လက်နက်ကိုင်အဖွဲ့အစည်းအင်အားစုတို့အပေါ် သမိုင်းအစဉ်အဆက်က ပြုမူ ဆောင်ရွက်ခဲ့တဲ့ ''ယာလည်း ညက်စေ၊ ကြက်လည်း ပန်းစေ'' ဆိုတဲ့ သဘောထား အတိုင်း စည်းဝိုင်းရဲ့ အပြင်ဘက်မှာ လက်ပိုက်ကာ ထိုင်ပြီး၊ ''မိမိအင်အားကြီး ထွားအောင်လုပ်၊ တဘက်အင်အားတွေ ကွဲပြဲချိနဲ့သွားအောင် စောင့်ဆိုင်း'' ဆိုတာက မြန်မာအစိုးရတို့ရဲ့ နှစ်ကာလပေါင်းများစွာက အင်အားစုအသီးသီး တို့ကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းတဲ့ အခြေခံ ကျကျ နည်းဗျူဟာတစ်ရပ်ပဲ ဖြစ်တယ်။

ဒါပေမဲ့ သူတို့ထက်ပိုပြီး မလိုလားတာက တရုတ်မြန်မာ နယ်စပ်မှာ အထီးတည်းရှိနေတဲ့ ဝအဖွဲ့အစည်းကြီးရဲ့ အင်အားကြီးထွားလာမှာကို ပိုပြီးတော့ မလိုလားပါ။ ဒါကြောင့်လည်း စိတ်ထဲက တယ်ပြီး ဘဝင်မကျလှတဲ့ ရန်းညီနောင် တို့ရဲ့ အင်အားအနည်းဆုံးနဲ့ ြွကင်းကျန်တည်ရှိနေဖို့ကို လိုအပ်နေပါတယ်။ ဒါကြောင့်လည်းပဲ မြန်မာအစိုးရဟာ တိတ်တဆိတ်ငြိမ်သက်နေပြီး ရန်းအင်အား စု တပ်အင်အားနှင့် လက်နက်ကြီး ရွှေ့ပြောင်းမှုတွေကို မြန်မာ့တပ်နယ်မြေ ကာကွယ်ရေး ဒေသဖြတ်သန်းခွင့်ကို ခွင့်ပြုထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဝအဖွဲ့အစည်းကိုလည်း လက်ယပ်ခေါ် ကမ်းလှမ်းပြန်ပါသေးတယ်။ ဒါဟာ ရန်းအင်အားစုအတွင်း ပဋိပက္ခရေးရာဖြစ်တယ်။ ဘယ်အင်အားစုကမှ ဝင်မစွက် ဖက်နဲ့ရယ်လို့ သတိပေးထားပြန်ပါသေးတယ်။

ဝအဖွဲ့အစည်းက ဒီတစ်ကြိမ် အရေးတော်ပုံမှာ ကန့်လန့်ကာ နောက် ကွယ်ကနေ ပါဝင်လေတယ်။ ဒါ့အပြင် ကိုးကန့်ရန်းညီနောင်အုပ်စုရဲ့ နောက် ကွယ်ရာမှာ ပေါင့်ယိုရှန်တို့ ညီနောင်အုပ်စုက ကဲ့ရဲ့ပြစ်တင်ကြလေတယ်။

ပေါင်းနှင့် ရန်း၊ ဝနှင့် ကိုးကန့်တို့ရဲ့ ဆက်စပ်မှုတွေဟာ မသင့်မမြတ်တဲ့ စနက်တံမိုင်းကြိုးကို မြေမှာ မြှုပ်လျှိုလို့ထားကြလေပြီ။

၁၉၉၅ ခုနှစ် နိုဝင်ဘာလ။ ကိုးကန့်မှာ နောက်ထပ်တစ်ကြိမ် သွေးကွဲ ပုန်ကန်မှုကြီး ပေါ်ပေါက်လာပြန်တယ်။ ဝခေါင်းဆောင်ပိုင်းက ရန်းကို တိုက် ဖျက်၊ ဖုန်ကို ကူညိီဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ နောက်ဆုံးမှာ ကိုးကန့် ဘုရင် ဖုန်ကျားရှင် ဝံ့ဝြွံ့ကားြွကားနှင့် စင်ပေါ်ကို တဖန် တက်လာပြန်တယ်။

၁၁-၁၁-၁၉၉၅။ ၁၉၉၃ ခုနှစ် နှစ်ဦးပိုင်းမှာတုန်းက ရန်းအုပ်စုနဲ့ ဝ တို့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့တဲ့ ကိုးကန့်မဟာမိတ်တပ် သေနာပတိချုပ် ဖုန် ကျားရှင်ဟာ ကနေ့တော့ သူ့ရဲ့ သားမက်ဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ညွန့်ပေါင်းတပ်ဖွဲဲ့ သေနာပတိ လင်မိန်စိန့်တပ်ဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်။ လင် ဦးဆောင်တဲ့ တပ်အင်အား ၁၅၀ဝ ကျော်နဲ့ ကိုးကန့်ရန်းအုပ်စု ပိုင်းခြားအုပ်စိုး တဲ့ စီရင်စုနယ်မြေဆီ အတင်းဖိလာလေပြီ။

ဒီအချိန်မှာပဲ ရန်းမောက်လျှံက မုန်းဂိုးက ''သူပုန်'' အြွကင်းအကျန် မုန်ဇလပ်ပိုင်နယ်မြေက ယူနန်ပြည်နယ် ဝမ်တိန်းနယ်မြေအပြင်ဘက်က ချောင်း ထန်ဟိုဆိုတဲ့ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အသင်ပြင်ဆင်လိုက်ပါတယ်။ ဒါပေမဲ့ ထိုစဉ်မှာပဲ ရန်းအုပ်စု လက်အောက်ခံတပ်ရင်း တစ်ရင်းက ဝုန်းခနဲ ဒိုင်းခနဲ ပြောင်းလဲသွားပါတယ်။ ဒီတပ်ရင်းက မြန်မာအစိုးရတပ်ဆီ လက်နက်ချ အညံ့ခံသွားပါတယ်။ ရန်းအုပ်စုလည်း ကွန်းခိုစရာ လမ်းစပျောက်ပြီဖြစ်တာ ကြောင့် မြန်မာအစိုးရ လားရှိုးစစ်နယ်မြေ တာဝန်ခံနဲ့ ကွတ်ခိုင်မှာ တွေ့ဆုံ ဆွေးနွေးရလေတယ်။ ရန်းအုပ်စုက မြန်မာအစိုးရထံ အချက်သုံးချက် တောင်း ဆိုတင်ပြလိုက်တယ်။

(၁) မြန်မာစစ်တပ်နဲ့ ညွန့်ပေါင်းဖွဲ့စည်းပြီး ဖုန်ကျားရှင်ကို တိုက်မယ်။ နောင်အနာဂတ် ကိုးကန့်နယ်မြေကို ပူးပေါင်းအုပ်ချုပ်မယ်။

(၂) မြန်မာစစ်တပ်က ကိုးကန့်နယ်မြေကို ဝင်ရောက်သိမ်းပိုက်ပြီးတဲ့ နောက် ရန်းအုပ်စုတပ်ဖွဲ့ကို မြန်မာ့တပ်ဖွဲ့ထဲ သွတ်သွင်းလိုက်ပြီး ရဲတပ်ဖွဲ့ အသွင်သဏ္ဍာန် ရပ်တည်ခွင့်ပြုရပါမယ်။ မြန်မာအစိုးရ ကနေ အုပ်ချုပ်ရမှာ ဖြစ်တယ်။

(၃) မြန်မာအစိုးရက တခြားနေရာမှာ မြေကွက်တစ်ကွက် စီစဉ်ပေးရ မယ်။ ကိုးကန့်အမှုထမ်းတွေကို ပင်စင်ပေးပြီး ''အိုမင်းသူတွေကို အနားယူ အပန်းဖြေခွင့်'' ပေးရပါမယ်။ အဲဒီလူအိုရုံ အပန်းဖြေ စခန်းကို မြန်မာနိုင်ငံ အစိုးရလက်ထဲကနေ ကိုးကန့်လက်ထဲ လွှဲပြောင်းပေးရမှာဖြစ်တယ်။

မြန်မာအစိုးရက တတိယအချက်ကို လက်သင့်ခံလိုက်ပါတယ်။ ဒါ ဟာ ဖုန်ကျားရှင်ကို နောက်ထပ်တဖန် ကိုးကန့်မှာ စင်ပြိုင်တင်လိုက်ခြင်းပါပဲ။

၂၃ ရက်နေ့၊ မြန်မာနိုင်ငံ အစိုးရတပ်ဖွဲ့၊ အရှေ့မြောက်ပိုင်း စစ်နယ် မြေက ခြေမြန်တပ်ရင်း ၇ ရင်းက ကိုးကန့်ရန်းအုပ်စုစိုးမိုးတဲ့ နယ်မြေထဲ အတင်းထိုးဖောက် ဝင်လာပါတယ်။ ၂၆ ရက်နေ့မှာ မုန်းဂိုးကို သိမ်းလိုက်တယ်။ လင်မိန်စိန့်နှင့် ဖုန်ကျားရှင်တို့က ရှေ့တန်း စစ်မျက်နှာမှာ ဦးဆောင်ညွှန်ကြားနေ တဲ့ ဖုန်အုပ်စုက ၂၃ ရက်နေ့မှာ ကိုးကန့်ရဲ့ တခြားနေရာဖြစ်တဲ့ ချင်းရွှေဟော် ကို သိမ်းလိုက်တယ်။ ဒါ့အပြင် ကိုးကန့်နယ်မြေဒေသ ဝိုင်းထားမှုကို အကောင် အထည်ဖော်လိုက်ပါတယ်။

ကိုးကန့်နယ်မြေ အေးချမ်းလုံခြုံရေးကို ထိန်းသိမ်းထားနိုင်ရေး၊ ယင်း နယ်မြေ အေးချမ်းလုံခြုံရေးအာမခံချက်ကို အသစ်တဖန် ရေးဆွဲမှုစတဲ့ တောင်း ဆိုမှုတွေကို တင်ပြပါတယ်။ မြန်မာအစိုးရက ချက်ချင်းပဲ လက်သင့်ခံလိုက်တယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း စစ်ဒေသမှာ ခြေမြန် တပ်ရင်း ၆ ရင်း၊ အမြောက်တပ်ရင်း ၂ ရင်းကို သွားရောက်တိုက်ခိုက်ဖို့ ညွှန် ကြားလိုက်ပါတယ်။ တပ်ရင်း ၂ ရင်းက မုန်းဂိုးဒေသကို သိမ်းပိုက်လိုက်တယ်။ ဒါ့အပြင် သံလွင်မြစ်ကို ကျော်ဖြတ်ပြီး ကိုးကန့်လောက်ကိုင်ကိုပါ သိမ်းလိုက် ပြန်တယ်။ ထပ်မံပြီး ချင်းရွှေဟော် ကုန်းပြင်မြင့်ကိုပါ သိမ်းလိုက်ပါတယ်။

၂၀-၁၂-၁၉၉၅။ မြန်မာအစိုးရက ဖုန်ကျားရှင် မူလကိုးကန့်ဌာနေ အုပ်ချုပ်ရေးအဖွဲ့၊ သုံးဦးသုံးဖလှယ် ကိုယ်စားလှယ်အင်အားနဲ့ ကိုးကန့်ယာယီ အစိုးရဖွဲ့စည်းလိုက်တယ်။

၂၀ဝ၀ ခုနှစ်၊ စက်တင်ဘာ။ နှစ်စဉ် အဆက်မပြတ် စစ်မီးဟုန်းဟုန်း တောက်လောင်နေတဲ့ မုန်းဂိုးဒေသမှာ နောက်ထပ်တဖန် သေနတ်ပစ်ဖောက်သံ တေါ ဆူညံဝေလာပြန်တယ်။ မုန်းဂိုးကာကွယ်ရေးတပ် ဒုတိယ သေနာပတိချုပ် လီနီမဲန်က တပ်တွင်းအာဏာသိမ်းမှုကို ပြုလုပ်ပြန်တယ်။ သေနာပတိချုပ် မုန်ဇလပ်ကို ဖမ်းဆီးချုပ်နှောင်လိုက်တယ်။ အဲဒီအချိန်က စတင်ပြီး မုန်းဂိုးဒေသ ရဲ့ စစ်ဘက်ဆိုင်ရာ အာဏာကြီးတစ်ခုလုံးကို ထိန်းချုပ်ကိုင်တွယ်လိုက်လေတယ်။

မုန်းဂိုးဟာ မူလအစက ဗမာပြည်ကွန်မြူနစ်ပါတီ မြောက်ပိုင်း အခြေ စိုက်ဌာနဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကာလတုန်းက မုန်းဂိုးခရိုင်အဖြစ် တည်ထားခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ ကိုးကန့်အထူးဒေသရဲ့ တစိတ်တပိုင်း အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ကာလရှည်ကြာတဲ့ တစ်လျှောက်လုံး ၄င်းနယ်မြေ ဟာ ပေါ်ပီပင်စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။ မုန်းဂိုးအုပ်ချုပ်ရေးနဲ့ မြူဆွယ်ဖြားယောင်းမှု ညှို့ဓာတ်အားဟာ အင်မတန်မှ ကြီးမားပါတယ်။ ဘယ်သူဘယ်ဝါကပဲ အဲဒီနေရာမှာ အာဏာချုပ်ကိုင်ကြသူတိုင်း ယင်းဘိန်းပင်တို့ကို စိုက်ပျိုးပိုင်ခွင့်၊ ပြုပြင်မွမ်းမံခွင့်နှင့် ရောင်းဝယ်ဖောက်ကားမှု တွေနဲ့ ငွေကြေးဓနရင်းမြစ် တလိမ့်လိမ့် စီးဝင်လာခွင့်အာဏာကို ရယူလိုတဲ့ ရသကို ပိုင်ဆိုင်ကြသူတွေချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ အမြဲတမ်းပဲ လူသူအချို့က လုံလောက်တဲ့အင်အားကို စုစည်းပြီး နောက်ပိုင်း မုန်းဂိုးမှာ တပ်တွင်းပုန်ကန်အာဏာသိမ်းမှုတွေ အစဉ်အမြဲ ပေါ်ပေါ်လာရမှာမလွဲဧကန် လို ဖြစ်နေပါတယ်။ ဒါဟာဖြင့် နယ်မြေဒေသရဲ့ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ် အလာလို ဖြစ်နေသလောက်ပါပဲ။

မုန်ဇလပ်အာဏာရရှိစဉ်ကာလတုန်းက ဟုန်လောင်စွတ်လို့ အမည် တွင်တဲ့ ဒုတိယစစ်ဦးစီးကလည်း ဖယ်ရှားနှိပ်ကွပ်တာကို ခံခဲ့ရဖူးပါတယ်။ အဲဒီနေရာ ဒေသက လူတိုင်းက ဒီလူဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေ တအားကို ချမ်းသြွာကယ်ဝလာတဲ့အကြောင်း အားလုံးက သိရှိထားနှင့်ကြပြီး ဖြစ်တယ်။ လီနီမဲန် တပ်တွင်းအာဏာသိမ်းမှု စီမံကိန်းမတိုင်ခင်က လီရဲ့ လက် အောက်မှာ တပ်အင်အားမရှိပါ။ ဒီအကြောင်းအချက်နဲ့ လက်ပွန်းတတီးရှိတဲ့ ဟုန်လောင်စွတ်က ငွေကြေးထုတ်ပြီး ကြေးစားတပ်ငှားရမ်းပြီး တိုက်လေတယ်။ မြန်မာပြည်မြောက်ပိုင်းနှင့် ရွှေတြိဂံနယ်မြေက ယောကျာ်းသားတွေ စစ်မှုထမ်း တိုက်ပွဲဝင်ကြတာဟာ ရှည်ကြာတဲ့ သမိုင်းကြောငး် ရိုးရာဓလေ့ ထုံးတမ်းပါပဲ။ ဘိန်းရာဇာတွေ ငွေကြေးစိုက်ထုတ်ပြီး ကြေးစားတပ်ဖွဲ့အသုံးပြုတာက တွေ့နေ ကျ၊ မြင်နေကျ အကြောင်းကိစ္စပါပဲ။ ၂၀ဝ၂ ခုနှစ် မေလမတိုင်ခင်နှင့် အဲဒီ နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်း နယ်စပ်ကနေ ပြည်သူတွေထဲမှာ ဟောဒီလို မျိုး သတင်းစကားတစ်ရပ် ရေပန်းစား ပြောကြဆိုကြပါတယ်။

ဘယ်လို သတင်းစကားမျိုးလဲဆိုတော့ -

မုန်ဂိုးကိုသွား၊ တပ်ထဲဝင်၊ စစ်တိုက် တစ်နေ့ကို လုပ်ခ ရင်မင်ပိ ယွမ်ငွေ ၃၀ဝ-၅၀ဝ ရတယ်။ တချို့ကလည်း ရင်မင်ပိယွမ်ငွေ သုံးသောင်း တစ်လုံးတခဲတည်း ရတယ်လို့လည်း ပြောကြတယ်။ စစ်မှုထမ်းစမှာတော့ စရန် ငွေ ၁၅၀ဝ၀ ယွမ်ရတယ်။ တိုက်ပွဲပြီးဆုံးသွားတာနဲ့ ထပ်ပြီး ကျန်ငွေ ယွမ် ၁၅၀ဝ၀ ရပြန်ဦးမယ်။ တချို့ကလည်း တိုက်ပွဲတိုက်ပြီးမှ ငွေကြေးထပ်ဆင့် ပေးလိမ့်ဦးမယ်ရယ်လို့ ပြောကြပြန်တယ်။ ဒါ့အပြင် တချို့ကလည်း အခကြေး ငွေအစား မူးယစ်ဆေးဝါး အစားထိုးပေးလေမယ်လို့လည်း ပြောကြပြန်ပါတယ်။ (လက်တွေ့တကယ်ပေးတာက တစ်နေ့ကို စစ်မှုထမ်းခ တစ်ရာယွမ်ပါပဲ)။ ၂၀ဝ၀ ခုနှစ် စက်တင်ဘာလမှာ တပ်တွင်းအာဏာသိမ်းမှု အရေးတော်ပုံ ပေါ်ပေါက်လာတဲ့အခါမှာ ဟုန်လောင်စွတ်က ကြေးစားတပ်သား အင်အား တစ်ရာကျော်ကို ငွေပေးစုစည်းပြီးနှင့် ပြီးပါပြီ။ တပ်တွင်းအာဏာသိမ်းမှု အောင်မြင်ပြီးစအချိန်တုန်းကတောင် တပ်ထဲလည်း လာရောက်ကြတာ တဖွဲဖွဲ ပါပဲ။ အမြင့်မားဆုံး အရေအတွက်က အယောက်ပေါင်း ၇၀ဝ ကျော် လာပါ တယ်။

မုန်ဇလပ်ဟာ ခက်ထန်မောက်မာပြီး မာန်မာန ထောင်လွှား ထင်ရာ စိုင်းမှု အစဉ်အမြဲ ပြုမူကျင့်ကြံတာကြောင့် လူတွေရဲ့ ကြည်ဖြူမှုကို မရရှိချေ။ မုန်းဂိုတပ်တွင်းထဲက ဝတို့ ဟန်တရုတ်နမျိုးနွယ်စု စစ်သားတို့ဟာ ယင်းကိစ္စ အပေါ် မကျေမနပ်ဖြစ်လာကြတယ်။ ဒုတိယသေနာပတိ လီနီမဲန် အစရှိသူတွေ လျှို့ဝှက်ပြီး ကိုးကန့်မဟာမိတ်တပ်၊ ဝညွန့်ပေါင်းတပ်ဖွဲ့တို့နဲ့ တိုးတိုးတိတ်တိတ် ခိုးပြီး ဆက်သွယ်ကြပါတယ်။

၂၀ဝ၀ ခုနှစ်၊ စက်တင်ဘာလ။ လီနီမဲန်နဲ့ အားထားရတဲ့ လက်ထောက် ကျန်းစန်း၊ ဘဏ္ဍာငွေ ထိန်းသိမ်းရေးတာဝန်ယူသူရဲ့ အားပေးလှုံ့ဆော်ချက် ကြောင့် မုန်းဂိုးမြို့တွင်းကာကွယ်ရေးတပ်တွင်းက အခြေစိုက်တဲ့ ရဲတပ်ရင်းက လက်ထောက်ချပြီး အတွင်းဒလန်အဖြစ် ပါဝင်တော်လှန်ကြပါတယ်။ အခကြေး ငွေပေးပြီး ငှားရမ်းလာတဲ့ ရာပေါင်းအတော်များတဲ့ ကြေးစားတပ်သားတွေက ဆွဲဆောင်မှုကြီးတဲ့ ရောင်စုံစစ်ယူနီဖောင်း ဝတ်ဆင်ထားတာကို အမြဲလိုလို တွေ့မြင်ကြရပြီး၊ လက်မှာ မောင်းပြန်သေနတ် ဆွဲကိုင်ထားပြီး တိုက်ပွဲဝင်ကြ ပါတယ်။ ဒါ့အပြင် သေနာပတိ မုန်ဇလပ်ကို အလွယ်တကူနဲ့ပဲ ဖမ်းဆီးလိုက်ပါ တယ်။ မုန်းဂိုးမြို့ကို လီနီမဲန်အစရှိတဲ့ ရဲတပ်ရင်းနှင့် ကြေးစားတပ်သား ၁၀ဝ၀ ကျော်တို့က ချုပ်ကိုင်လိုက်ကြပါတယ်။

မုန်းဂိုးမြို့ကျသွားတဲ့ သတင်းကို မြို့ပြင်မှာရှိတဲ့ ကာကွယ်ရေး ပင်မ တပ်ကကြားလည်း ကြားလိုက်ရော အကြီးအကျယ် အထိတ်တလန့် ဖြစ်သွားပါ တယ်။ မုန်ဇလပ်အပေါ် သစ္စာရှိကြသူတွေက ချက်ချင်းပဲ တပ်အင်အား စုစည်းလိုက်ပြီး လီနီမဲန်အုပ်စုနဲ့ အပြင်းအထန်တိုက်ကြပြီး သူတို့ရဲ့ ခေါင်းဆောင် မုန်ဇလပ်ကို အတင်း လုယူသွားကြလိုပါတယ်။ ရက်အတန်ကြာ အကြိတ်အနယ် တိုက်ကြပြီး မုန်ဇလပ်ကို အမှန်တကယ်ပဲ ကယ်ထုတ်သွားနိုင်ပါတယ်။ မုန်ဇလပ် ကို စောင့်ကြပ်တဲ့ တပ်သားကို ပေးပြီး အစောင့်တပ်သားက တိတ်တိတ်ကလေး လွှတ်ပေးလိုက်တာကြောင့်လို့လည်း ပြောကြပြန်တယ်။

မုန်လလပ်ကို သူ့လက်အောက်ငယ်သားတွေ ကယ်သွားပြီးတဲ့နောက် နှစ်ဖက်တပ်ဟာ မုန်းဂိုးမြို့ပတ်လည် လေးဘက်လေးလံမှာ တောင်ပေါ်တွေထက် မှာ တရုတ်မြန်မာနယ်စပ်မြစ်ချောင်းတစ်လျှောက်မှာ ပြင်းထန်တဲ့ တိုက်ပွဲအတော် များများ ဖြစ်သွားပါတယ်။

၂၀ဝ၀ ခုနှစ်၊ နိုဝင်ဘာလ ရောက်လာပါတယ်။ မုန်ဂိုးမြို့ကို လီမီမဲန် က ထိန်းချုပ်ထားပါတယ်။ မုန်းဂိုးမှာ အခြေစိုက်နေထိုင်ကြသူတွေ ထိမှန်သေဆုံး တာတွေ၊ ဒဏ်ရာရသူတွေ အတော်များပါတယ်။ လူသူအများအပြားလည်းပဲ အိုမင်းမစွမ်းတဲ့ သူတွေ၊ ကလေးငယ်လေးတွေကို လက်ဆွဲထမ်းပိုး၊ မြစ်ချောင်း တွေကို ဖြတ်ကူးပြီး တရုတ်ပြည် မန်ဟိုင်းမြို့ဆီ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ စစ်ပြေးဒုက္ခသည်ပေါင်း ၃၀ဝ၀ ကျော်ပါတယ်။

လီ/မုန် နှစ်ဖက်တပ်အချင်းချင်း တိုက်ကြတာ ခြေကုန်လက်ပန်းကျ ကုန်ပါပြီ။ နှစ်ဖက်သေကြေဒဏ်ရာရ၊ နှစ်ဖက်နာကြတယ်။ တစ်လျှောက်လုံး တောင်ထိပ်မှာ အမြိန့်သား ထိုင်ပြီး ကျားနှစ်ကောင် တိုက်ကြ၊ ကိုက်ကြတာကို ဇိမ်ခံကြည့်နေတဲ့ မြန်မာအစိုးရစစ်တပ်က မုန်းဂိုးကို သိမ်းပိုက်ရမယ်။ အချိန်တန် ချေပြီလို့ သုံးသပ်မိကြတယ်။ ဒီလိုနဲ့ တောင်ပိုင်းဆီက အင်အားကို ရွေးထုတ် ရွှေ့ပြောင်းပြီး တပ်မ ၉၃ နှင့် ၁၉၇၀ ခုနှစ် ခေတ်ကာလအပိုင်းအခြားက အစပြုပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တပ်မ ၉၉ အင်အားစုတပ်ဖွဲ့တွေ မုန်းဂိုးဒေသကို ဝိုင်းရံလိုက်ကြတယ်။ ထောင် ပေါင်းများစွာ အင်အားသုံးထားတဲ့ အစိုးရတပ်ထိုးဖောက် သတ်ဖြတ်လာပါပြီ။ မုန်ဇလပ်ခမျာ ညည်းတွားတာကလွဲပြီး တုန့်ပြန်စွမ်းအား ကင်းမဲ့သွားပြီးဖြစ် တယ်။ ဒီတော့လည်း အစိုးရတပ်ဆီ အညံ့ခံလက်နက်ချရလေတယ်။ အစိုးရ တပ်က မုန်ဇလပ်နဲ့ သူ့ရဲ့ အားထားရတဲ့ လက်အောက်ခံငယ်သားတွေကို အကျယ်ချုပ် ချုပ်နှောင်ထားလိုက်ပါတယ်။ မုန်ဇလပ်ကာကွယ်ရေးတပ်ဖွဲ့ဟာ ချောင်ထိုးခံလိုက်ရပါတယ်။ အစိုးရတပ်ကလည်း လီနီမဲန်ကိုပါ သိမ်းသွင်းလိုက် တယ်။

မြန်မာအစိုးရ စစ်တပ်နှင့် အသေးအမွှား တိုက်ပွဲလေးတွေ အကြိမ် အနည်းငယ်လောက်သာဖြစ်ကြပြီးတဲ့နောက် လီနီမဲန်ဟာ အမြဲတမ်း ဖွဲ့စည်း တည်ဆောက်ထားတဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်လာရတာကို အတော်လေး အကြပ်အတည်း တွေ့နေရတယ်။ မြန်မာစစ်တပ်က သတင်းစကားတွေကို ဖြန့်လွှင့်လိုက်ပါတယ်။ မုန်ဇလပ်ကို အကျယ်ချုပ် ချုပ်နှောင်ထားလိုက်ပါပြီ။ မုန်းဂိုးဟာ ငြိမ်းချမ်းရေး လိုအပ်နေတယ်။ ဒီတော့ လီနီမဲန်တို့ဘက်က အစိုးရ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်တယ်ရယ်လို့ သတင်းဖြန့်လွှင့်လိုက်ပါတယ်။

လီနီမဲန်ဟာ နိုဝင်ဘာလ လကုန်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ကို သဘောတူလိုက်ပါတယ်။

၂၄-၁၁-၂၀ဝ၀ ခုနှစ်။ နေ့လည် ၁ နာရီခန့်လောက်မှာ ကြိုတင်သတ် မှတ်ထားတဲ့အတိုင်း လီနီမဲန်ဟာ တပ်အင်အားတစ်ရာကျော်ကို ဦးဆောင်ပြီး မုန်းဂိုးမြို့ရဲ့ ကီလိုမီတာ ၂၀ ဝေးကွာတဲ့ ဟေးမုံးလုံမြို့ကို ရောက်လို့လာပါတယ်။ အစိုးရတပ်က တပ်အင်အားအလုံးအရင်းနဲ့ စတင်ပြီး ထိုးစစ်ဆင်ပါလေရော။ အတွေ့အကြုံရှိတဲ့ မြန်မာအစိုးရတပ်က တရုတ်ပြည် မန်ဟိုင်းမြို့ရဲ့ နယ်ခြား မြစ်လမ်းကြောင်းကို လက်ဦးမှုယူ အရင်ပိတ်ဆို့လိုက်တယ်။ တပ်တွင်းအာဏာ သိမ်းပိုက်ခြင်းနဲ့ ပြောင်းလဲပစ်ချင်တဲ့တပ် တရုတ်ပြည်ဘက် ထွက်မပြေးနိုင်အောင် ပိတ်လိုက်ခြင်းဖြစ်တယ်။ ဒါ့အပြင် မုန်းဂိုးမြို့ကို ဝန်းရံထားတာကဟာ သံစည် ပိုင်းကြီးလိုပါပဲ။ ထိုစဉ်တုန်းက မုန်းဂိုးမြို့ရဲ့ တစ်ဖက် မျက်နှာချင်းဆိုင်ဘက်က တရုတ်နယ်စပ်မှာ နေထိုင်ကြတဲ့ တရုတ်ပြည်သူ အများအပြား မှန်ပြောင်းတွေ အသုံးပြုခြင်း ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တိုက်ပွဲကို တွေ့မြင်ကြတဲ့သူတွေက ပြောပါတယ်။

၂၀ဝ၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်း၊ မြန်မာတပ်ဟာ မုန်းဂိုးဒေသကို လုံးဝ သိမ်းပိုက်လိုက်တယ်။ မြန်မာတပ်တွေ ကြီးကျယ်ခမ်းနားတဲ့ မြို့ဝင်ပွဲ ကျင်းပလိုက်ပါတယ်။ မြန်မာနိုင်ငံအလံဟာ ပထမဦးဆုံးအကြိမ် မုန်းဂိုးမြို့ဦး မှာ တလူလူ လွှင့်ထူလိုက်လေတယ်။ မုန်းဂိုးဟာ နှစ်ပေါင်းခြောက်ဆယ် တစ် လျှောက်လုံး လွတ်လပ်ရေးဟာ မြန်မာအစိုးရအပ ဖြစ်တဲ့အသွင်သဏ္ဍာန်ဟာ နိတ္ထိတံ နိဂုံးချုပ်သွားရလေပြီ။ အစိုးရတပ်က မုန်ဇလပ်ကာကွယ်ရေးတပ်ရဲ့ လက်နက်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ၄င်းတပ်ဖွဲ့အင်အား အများအပြား ကို ဖျက်သိမ်းပစ်လိုက်ပါတယ်။ ဖျက်သိမ်းခံလိုက်ရတဲ့ သူတို့ကို နောက်ထပ် စစ်မှုထမ်းခွင့်ကို မပြုတော့ပါ။ မုန်းဂိုးမြေနေရာအနေအထားဟာ ဝေးသီခေါင် ဖျား ချောင်ကျလွန်းတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာ့တပ်ဟာ တဒင်္ဂကာလမှာ ထိန်းသိမ်းစောင့်ကြပ်နိုင်အား ကင်းမဲ့တဲ့အတွက် မုန်းဂိုးကာကွယ်ရေးတပ်က တပ်ရင်းမှူးတစ်ယောက်ကို မုန်းဂိုးနဲ့ ကီလိုမီတာ ၇၀ ကျော် အလှမ်းဝေးတဲ့ မုန်းပိုးမှာ ကာကွယ်ရေးတပ်ကို ထပ်မံဖွဲ့စည်းခွင့် ပြုလိုက်ပါတယ်။ ဒါပေမဲ့ မုန်းဂိုးမြို့ဟာ မြန်မာစစ်တပ်က ထိန်းသိမ်း စောင့်ကြပ်လိုက်ပါတယ်။

မုန်ဇလပ်နှင့် သူ့ရဲ့ အားထားရတဲ့ လက်ထောက်တွေ အားလုံးကို ရှမ်းပြည်နယ် ရုံးစိုက်မြို့တော် မန္တလေးမြို့ အနီးအနားမှာ ဖမ်းဆီးချုပ်နှောင် ထားလိုက်ပါတယ်။ တဆင့်စကားပြောကြားချက်အရ သူ့ကို ရာသက်ပန် အကျဉ်းချထားလိုက်ပါတယ်။ အဓိက စွဲချက်ကတော့ ''မူးယစ်ဆေးဝါး ထုတ် လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု'' ဆို တဲ့ ပြစ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ဒါ့အပြင် ''ပြစ်ဒဏ်လျှော့ချမှု အစဉ် ထာဝရမရှိ'' လို့ ချမှတ်လိုက်ပါတယ်။

အမှန်တကယ်တော့လည်း ယူနန်ပြည်နယ် တက်ဟုန်ကျိုး ပြည်သူ့လုံ ခြုံရေးဌာနက ဟိုးစောစောပိုင်း ၂၉-၁၀-၁၉၉၇ ကတည်းက ကြေညာချက်ထုတ်ပြန် ပြီးသားပါ။ ကြေညာချက်မှာ ပါဝင်တာက - အခု မြန်မာနိုင်ငံ မုန်းဂိုးကာကွယ်ရေး တပ်ဖွဲ့ဦးစီးချုပ် မုန်ဇလပ်ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးမှာ တရုတ် အစိုးရနှင့်် ရန်ဘက်သဘောဆောင်နေပါတယ်။ ယခုအချိန်ကစပြီး တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ယနေ့ ဤကြေညာချက် ထုတ်ပြန်လိုက်တဲ့ အချိန်ကအစပြုပြီး မုန်ဇလပ်ကို တရုတ်ပြည်နယ်နိမိတ်ထဲကို အဝင်မခံတော့ပါ။

တက်ဟုန်ကျိုးမူးယစ်ဆေဝါး တိုက်ဖျက်နှိမ်နင်းရေးကော်မတီက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မုန်းဂိုးကာကွယ်ရေးတပ်နှင့် ၄င်းတို့ရဲ့ အပေါင်းပါ တွေကို ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာလည်းပဲ အလားတူ ကြေညာချက် မျိုးကို ထုတ်ပြန်ပါတယ်။ အကြောင်းရင်းခံကတော့ ဒီအရေးတော်ပုံ မပေါ်ပေါက် ခင်မှာ မူးယစ်ထုံထိုင်း အပြည့်တင်ဆောင်လာတဲ့ ကားတစ်စီး ှုခန ရေခဲမူးယစ် ထုတ်လုပ်သည့်အဓိက (ကုန်ကြမ်း) အပြင်းမောင်းဝင်လာပြီး မန်ဟိုင်မြို့ရဲ့ တရုတ်နယ်ခြားစောင့်ဂိတ်ကို အတင်းထိုးဖောက်ပြီး မုန်းဂိုးထဲကို မောင်းဝင်သွား ပါတယ်။ ဒါကို တာဝန်ရှိတဲ့ မုန်ဇလပ်က တစ်လျှောက်လုံး ပူးပေါင်းဆောင်ရွက် ပြီး ဖမ်းဆီးတယ်ရယ်လို့ မရှိပါ။

မုန်းဂိုးတိုက်ပွဲအရေးတော်ပုံကြီး ပြီးဆုံးသွားပြီးတဲ့နောက်။ မြန်မာအစိုး ရဘက်က ထုတ်ပြန်တဲ့ သေကြေဒဏ်ရာရတဲ့ စာရင်းကတော့ အစိုးရတပ်သား သုံးယောက်သေ၊ ဒဏ်ရာအများအပြားရ။ ကာကွယ်ရေးတပ်သား ၁၉ ယောက် သေ၊ ဒဏ်ရာအများအပြားရ။ သူပုန်တပ် လီနီမဲန် (ရဲကာကွယ်ရေးတပ်နှင့် ကြေးစားအငှားတပ်သားများအပါအဝင်) သေ (၂၇၀-၃၀ဝ) ။ အများအပြား ဒဏ်ရာရ။ အရပ်သား ၈ ယောက်သေ၊ အများအပြား ဒဏ်ရာရ။

အတွင်းသိတို့ရဲ့ ထုတ်ဖော်ပြောကြားချက်အရ လီနီမဲန်တပ်ရဲ့ သေ စာရင်းမှာ အဓိကသေတာက ကြေးစားအငှားတပ်သားတွေဖြစ်တယ်။ အယောက် ၂၀ဝ ကျော်ပါလိမ့့်မယ်။ မွန်းဂိုးနေ အရပ်သူ အရပ်သားတို့ရဲ့ ပြောပြချက်အရ အစိုးရတပ် ပစ်သတ်လို့ သေတာ မနည်းမနောပါပဲ။ မြှုပ်နှံ သင်္ဂြိုဟ်ဖို့တောင် အချိန်မရလိုက်ပါတဲ့။ ဒါကြောင့်လည်း ငွေပေးပြီး မြှုပ်နှံခိုင်း ရတယ်။ ဒီစကားကို တရုတ်ပြည်ဘက်က မန်ဟိုင်မြို့သူမြို့သားတွေရဲ့ ပြော စကားနဲ့လာပြီး ဆက်စပ်လိုက်ရမယ်ဆိုရင်တော့ အလောင်းတွေ လာမြှုပ်ပေးကြ ရတာ နှစ်ရက်သုံးရက်နဲ့တောင် မပြီးစီးနိုင်ဘူးဗျ။ သေတဲ့အလောင်းတွေ မှန် သမျှကို ဟေးမုန့်လုံနှင့် ဟုန နှစ်နေရာမှာ ခွဲမြှုပ်ထားပါတယ်။ ဒီအထဲမှာ ဟေးမုန်လုံက ကျင်းတွေမှာ အများဆုံး မြှုပ်နှံပါတယ်။ တစ်ကျင်းထဲမှာ ၉၈ လောင်းတောင် ရှိပါတယ်။

မုန်းဂိုးမြို့ထဲက အိမ်တွေအများစုက တိုက်အိမ်တွေဖြစ်တယ်။ အတွင်း အလယ်မှာ အထူးအထောက်အကူပြုပစ္စည်းတွေ ကြားခံထားတဲ့ တကယ့်ခမ်းနား တဲ့ အဆောက်အဦတွေပါ။ အဲဒီနေရာက လူတွေရဲ့ အပြောက အဲဒီတိုက်အိမ် တွေက ဘိန်းရာဇာကြီးတွေရဲ့ ကိုယ်ပိုင်နေအိမ်တိုက်တာတွေပေါ့ဗျာ။ လူတွေ ပြောကြဆိုကြတာက မုန်းဂိုးက ဘိန်းရာဇာကြီးတွေရဲ့ ဓနငွေကြေး ပိုင်ဆိုင်မှု ကို ရင်ဆိုင်ပိယွမ်ငွေ ဘယ်ရွှေ ဘယ်မျှ ပိုင်ဆိုင်သလဲဆိုတဲ့ ကိန်းဂဏန်းနဲ့ စီနီယာ စီကြရပါတယ်။

မူလက ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ နံရံတွေပေါ်မှာရယ်၊ မုန်းဂိုး မြစ် ကမ်းနံဘေးက တည်းခိုခန်းတစ်ခုရဲ့ မှန်ချပ်တွေပေါ်မှာရယ်၊ ကျည်ဆံရာ အပေါက်တွေ အများအပြားကို အခုတိုင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ထင်ထင်ရှားရှား အတော်များများတွေ့ရတာဟာ ဝေဟင်ပစ်အမြောက်ကြီးတွေရဲ့ ကျည်ရာတွေ ဖြစ်နေပြန်ပါတယ်။ ဒါတွေဟာ တိုက်ပွဲအရှိန် ဘယ်လောက်ပြင်း ထန်သလဲဆိုတာကို အထင်အရှား ပြသနေတာပါပဲ။ မုန်းဂိုးမြစ် (တရုတ် မြန်မာနယ်ခြားမြစ်) မှာ နယ်ခြားကျောက်တိုင်မရှိတဲ့ အတော်များများနေရာတွေ မှာ မြန်မာအစိုးရရဲ့ အလံကို လွှင့်တင်ထားပါတယ်။ ဒါဟာမြန်မာအစိုးရက ဒီနေရာကို သိမ်းပိုက်လိုက်ခြင်းနှင့် စိုးမိုးထိန်းချုပ်လိုက်ပြီးဆိုတာကို သက်သေပြု လိုက်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ မွန်းဂိုးမြစ်ကမ်းနံဘေးမှာ အင်မတန် ထည်ဝါခန့်ညားလွန်းလှတဲ့ တိုက်တာကြီးတစ်လုံး ရှိခဲ့ပါတယ်။ လူတွေပြော စကားအရ သိရတာက လီပိုင်ကန်းဆိုတဲ့ ဘိန်းရာဇာကြီးရဲ့ အဆောက်အဦး ဖြစ်တယ်တဲ့။ ရည်ရွယ်ချက်က မူးယစ်ဆေးဝါး မွမ်းမံထုတ်လုပ်တဲ့ အလုပ်ရုံလည်း ဖြစ်၊ ဖြန့်ချိရောင်းဝယ်တဲ့ စခန်းလည်း ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ဒီတစ်ချီတိုက်ပွဲ မှာ တိုက်ကြီးတစ်ခုလုံး မြေမှာ ပြားပြားဝပ်ကျသွားတယ်။ ရုပ်ပျက် ဆင်းပျက် ြွကင်းကျန်တဲ့ နံရံတွေ၊ ဇကာပေါက်လိုဖြစ်နေတဲ့ ကျည်ရာတွေကို ကြည့်နေရင်း ကနေ ရင်တုန်စရာ ပန်းတုန်စရာများတောင် ဖြစ်လာပါတယ်။

များမြောင်များပြားလှတဲ့ လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစားပမ်းစား လုပ်ကိုင်နေပါတယ်ဆိုပေမယ့် မြန်မာအစိုးရဟာ မုန်းဂိုးကို သိမ်းပိုက်ပြီးတာနဲ့ လပိုင်းနောက်မှာ ၄င်းနေရာဒေသမှာ မှီတင်းနေထိုင်ကြတဲ့သူတွေ ပေါ်ပီပင် မစိုက်ပျိုးရေးဆိုတဲ့ လုပ်ငန်းကိုတော့ မြေလှန်ရှင်းမပစ်ပါ။ ၂၀ဝ၁ ခုနှစ် နွေဦး ရောက်လေတော့ တရုတ်ပြည် နယ်နိမိတ် မန်ဟိုင်းမြို့လေးကနေ ခပ်ဝေးဝေးကို လှမ်းမျှော်ကြည့်လိုက်တဲ့အခါမှာ မုန်းဂိုးရဲ့ တောင်တန်းမြေတွေမှာ ရွှန်းဆိုလှပတဲ့ ပေါ်ပီပန်းတွေ တောင်တခွင်မှာ လေယူရာ ယိမ်းထိုးနေကြတာကို မြင်ရ တွေ့ ရပါလိမ့်မယ်။ လအတန်ကြာမှာ တောင်ပေါ်ရွာက ပျိုပျိုအိုအို၊ မိန်းမယောကျာ်း ကလေးများပါမကျန် အားလုံး ပေါ်ပီစိုက်ခင်းထဲ ဆင်းသွားကြတယ်။ အထူးသတိ ထားပြီး ရင့်မှည့်နေတဲ့ ဘိန်းသီးက အဆီကို ဓားပြားလေးတွေနဲ့ ခြစ်နေကြပါ တယ်။ သူတို့အနေနဲ့ ပြောရရင် ဘိန်းဆိုတာက နှစ်တစ်နှစ်အချိန်ကာလရဲ့ သူတို့အတွက် လက်ငင်းငွေပေါ်သီးနှံပါပဲတဲ့။ ဘိန်းရှိလာပြီဆိုရင် ရွှေတွေ၊ ငွေတွေ၊ လက်ဝတ်တန်ဆာတွေ နောက်ပြီး စားနပ်ရိက္ခာတွေ၊ တိရစ္ဆာန်တွေ၊ ရေဒီယို၊ တီဗွီ ကက်ဆက်တွေ၊ နောက်ဆုံး သေနတ်လက်နက် ကျည်ဆန်ခဲယမ်း မီးကျောက်တွေ လိုချင်တာ အကုန်လဲယူနိုင်တယ်။ နောက်ပြီး တစ်နှစ်ပတ်လုံး ရောဂါဘယတွေကို ကုသနိုင်တဲ့ ''အကောင်းဆုံး နတ်ဆေးဝါး'' ကိုပါ ရနိုင်ပါ သေးတယ်တဲ့။

မုန်းဂိုးတိုက်ပွဲမှာ သေသွားတဲ့ ကြေးစားတပ်သားတွေ တစ်လျှောက်လုံး ဘယ်လိုငွေကြေးမျိုးမှ မရသေးပါတဲ့။ သူတို့ မိသားစုတွေက နစ်နာကြေးလေး တွေကို ရယူလိုကြပါတယ်။ သူတို့ဆီကို လာရောက် စုဆောင်းခေါ်ငင်သွားတဲ့ ဟုန်လောင်စွတ် အစရှိတဲ့ သူတွေကို မျှော်လင့်ချက်တွေထားပြီး ရှာပါတယ်။ အချိန်တွေသာ ကြာလာတယ်။ ဘယ်လိုမှ ရှာမတွေ့ဖြစ်နေတယ်။ သေသူတွေရဲ့ အရိုးတွေကိုတောင် ပြန်လည်ရှာဖွေပြီး ပြန်ယူဖို့တောင် ခက်ခဲနေပါတယ်။ သေဆုံးသူတွေရဲ့ အိမ်သူ သက်ထားမိသားစုများ တိုးတိုးတိတ်တိတ် ခိုးကြောင် ခိုးဝှက်နဲ့ မုန်းဂိုးကို သွားကြတယ်။ သေလွန်သွားတဲ့ သူတို့သားချင်းတွေရဲ့ အရိုးကို ပြန်ရလိုရငြားပေါ့။ နောက်ဆုံးတော့ မျှော်လင့်ချက်တွေ ပျောက်ဆုံး ပြီး ပြန်လာကြရတယ်။ မြန်မာစစ်တပ်က ဒီလူတွေ သူတို့ရဲ့ သားချင်း ကြေးစား တပ်သားရဲ့ အရိုးပြန်လိုချင်တဲ့ သတင်းကို ကြားသိပေမယ့်၊ ကောင်းမွန်တဲ့ သဘောထားမပြသဘဲ နေကြပါတယ်။

တပ်သားဆင့်ခေါ်စုဆောင်းခဲ့တဲ့ ကျန်းစန်းက သူ့မိတ်ဆွေတွေကို ပြောခဲ့ဖူးတယ်ဆိုတဲ့ ပြောစကားက ''နောက်ဆိုရင် ကြေးစာတပ်တွေ ထပ်ပြီး ငှားမနေတော့ဘူးဗျာ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တအားကို ချာတူး လန်နေတာဗျ။ နောက်ပြီး ကြောက်လည်း တအားကြောက်တတ်တဲ့ သူတွေပါပဲ။ တစ်ဖက်က သေနတ်ပစ်ဖောက်သံကြားလိုက်တာနဲ့ ခေါင်းလှည့်ပြေးရင်ပြေး၊ ဒါမှမဟုတ်ရင်လည်း မြေပြင်မှာ ပြားပြားကို ဝပ်နေတာပဲ။ တစ်ဖက်ရန်သူအနား ရောက်လာရင် သေနတ်တွေ မြှောက်၊ လက်တွေမြှောက် အညံ့ခံကြတာဗျို့''။ မုန်းဂိုးတိုက်ပွဲရဲ့ ကုန်ကျစရိတ်က များပြားလွန်းတယ်။ ဟိုတုန်းက ြ-၁၆ တစ်လက်က အမေရိကန်ဒေါ်လာ ၁၀ဝ နဲ့ဆို ရတယ်။ အခုအနည်းဆုံး ဒေါ်လာ ၃၀ဝ-၄၀ဝ မှ ဝယ်လို့ရနိုင်တယ်။ ကျည်ဆန်ကတော့ တစ်တောင့်ကို နှစ်ဒေါ်လာရှိတယ်ဗျ။

မုန်းဂိုးတိုက်ပွဲက ထိုစဉ်တုန်းက အင်မတန် ပြင်းထန်လွန်းလှပါတယ်။ ကိုးကန့်မဟာမိတ်တပ် စစ်ဦးစီးချုပ် ဝေ့ချောင်းရင် (ကနေ့ ဒု - တပ်မှူး၊ ကိုး ကန့် ကုန်သည်ကြီးများ ဖိတ်ခေါ်ကမ်းလှမ်းရေးဌာနမှူး၊ ပြည်သူ့လုံခြုံရေးမှူး) ရဲ့ အတွင်းရေးမှူး ဆုန့်နန်းက ပြောပါတယ်။ သေတဲ့သူတွေအထဲမှာ ကိုးကန့် မဟာမိတ် တပ်က ၇၀-၈၀ လောက်သေတယ်။ သွားသမျှလူတွေအားလုံး လူစွဲကွဲပြီး ပြန့်ကျဲသွားတယ်။ တပ်ပျက်လို့ ထွက်ပြေးကြတဲ့ တပ်သားတွေကို ရက်အတန်ကြာ မနည်းကို ပြန်စုရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဘက်နဲ့ ပြောဆိုပြီး တရုတ်နယ်နိမိတ်ကို ဖြတ်ပြီး ဆုတ်ခွာရတယ်။ မြန်မာနိုင်ငံမြောက် ပိုင်း ပြောက်ကျားစစ်ရဲ့ သာမန်အနေအထားရဲ့ ပမာဏအနေအထားအရ ပြောရရင် မုန်းဂိုးတိုက်ပွဲမှာ ပါဝင်ဆင်နွှဲကြတဲ့ လူဦးရေအရေအတွက်ပိုင်းရယ်၊ သေကြေဒဏ်ရာရတဲ့လူအရေအတွက်နှင့် တိုက်ပွဲအချိန်ကာလရယ်၊ ဒီအပိုင်း တွေက ပြောရရင် အရမ်းကို ပြင်းထန်လွန်းလှတဲ့ တိုက်ပွဲပါ။ ဒါလောက် အနေ အထားမှာ ဒါ့လောက်ပြင်းထန်လွန်းတဲ့ဟာတွေဟာ အမျိုးသားရေးလက်နက် ကိုင် တိုက်ပွဲတစ်ပွဲအနေနဲ့ ပြောရရင် အရမ်းကို ကြောက်ရွံ့စရာပါပဲဗျာ။

မြန်မပြည်မြောက်ပိုင်း ပန်ဆိုင်းနယ်စပ်မြို့လေးမှာ နေထိုင်တဲ့ ရှုန်မြဲန် ဟွာ ကြေကွဲဝမ်းနည်းလွန်းပြီး ပြောပြပါတယ်။ ဒါ့အပြင်လည်း သူ့ယောကျာ်း ဟာ တစ်နေ့ ရင်မင်ပိ ၁၀ဝ ယွမ်ကို မက်မောမိတာကို အကြီးအကျယ် နောင် တရသွားပါတယ်။ သူ့ယောကျာ်းဟာ လီနီမဲန်တပ်အတွက် စစ်ထွက်တိုက်တယ် လေ။ ၂၄-၁၁-၂၀ဝ၀ နေ့တုန်းက ဒါဟာ လီနီမဲန်တို့ အသတ်ခံရတဲ့နေ့ကပေါ့။ သူ့ယောကျာ်းလည်း အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်က အစပြုပြီး စီးပွား ရေး ရင်းမြစ်တွေ ငွေတွေ ပျောက်ကွယ်သွားရလေတယ်။ သူ့ရဲ့ခင်ပွန်းသည် အသတ်ခံရလိုက်ရတာကြောင့်လည်း ကျေးကောင်က သူ့အိမ်ရဲ့ လောင်းကစား ဝိုင်းလည်းပဲ အပိုင်စီးခံလိုက်ရပါတယ်။ သူ့ဖခင် ရှုန်ခိုင်ဆိုတာက ''ယဉ်ကျေးမှု တော်လှန်ရေးကြီး'' တုန်းက မြန်မာပြည်ဆီ ထွက်ပြေးလာပြီး ဗမာပြည်ကွန်မြူ နစ်ပါတီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထဲ ဝင်ပါလိုက်တယ်။ ဘဝတသက် လုံး တိုက်ပွဲတွေ အလီလီကြုံတွေ့ရပါတယ်။ သေနတ်ဒဏ်ရာတွေလည်း ရခဲ့ပါ တယ်။ အခက်အခဲကြီးတွေ၊ ဘေးကြပ်နံကြပ်ကြီးတွေ တွေ့ကြုံခဲ့ရပေမယ့် ကံ ဇာတာကြောင့် မသေမပျောက်သေး။ ခုတော့ ခင်ပွန်းသည် ယောကျာ်းက သေပြီး မိသားစု စားဝတ်နေရေးအတွက် တစ်ထောင့်တစွန်း ဘဝအေးချမ်းဖို့ အတွက် ငွေရှာရင်းက အသက်စွန့်သွားရလေပြီ။ ဒါနဲ့ ပေါက်တဲ့နဖူး မထူးတော့ ဘူးလေ၊ ကဲ မုဆိုးမလေး ရှုန်မြဲန်ဟွာ မထူးဇာတ်ကို အပိုင်ကြံလိုက်တယ်။ ဘိန်းရာဇာ ''မမလေး သုံး'' ကို ကူညီပြီး တရုတ်ပြည် ချုံချင့် (ချုံကင်း) မြို့ဆီကို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချပေးပါတယ်။ ဒါပေမဲ့ ခရီးပန်းတိုင် ချုံချင့် ဆီ မရောက်သေးဘဲ လမ်းခုလတ်က စွတ်ချွမ်းပြည်နယ် ယိပင်းမှာပဲ တရုတ်ရဲ ဘက်က ပစ္စည်းရော၊ လူပါ လက်ပူးလက်ကြပ်ဖမ်းဆီးလိုက်ပါတယ်။

ကိုးကန့်ရဲ့အနေအထားက ထိုစဉ်တုန်းက ကြည့်လိုက်ရင် အင်မတန့် ကို တုန်လှုပ်ချောက်ချားစရာပါပေ။ အထူးသဖြင့် ခေါင်းဆောင်ပိုင်း ဆုန့်နန်းက ပြောပါတယ်။ မျက်မှောက်ကာလမှာ ကိုးကန့်တပ်သားဦးရေက ၁၀ဝ၀ တောင် မကျော်ပါ။

ဆွေးနွေးမှုရက်ပိုင်း သိပ်မကြာလိုက်ရပါဘူး။ ကိုးကန့်နှင့် အစိုးရတပ်တို့ သဘောတူချက်တွေ ရသွားပါတယ်။ နှစ်ဖက်စလုံးက လီကျန်မိန်က သူ့ရဲ့ တသီးပုဂ္ဂလအကြံအစည်နဲ့ တပ်ကိုခေါင်းဆောင်ပြီး တပ်တွင်း ပုန်ကန်အာဏာ သိမ်းတာကို လုပ်တာဖြစ်တယ်။ ကိုးကန့်တို့၊ ဝညွန့်ပေါင်းတပ်တို့ အစရှိတဲ့ နယ်မြေအစိုးရနဲ့ ဘာတစ်ခုမှ မပတ်သက်ပါဘူးဆိုပြီး ဇာတ်သိမ်းလိုက်ကြတယ်။

ကိုးကန့်ဘက်က အရေးအခင်းပြီးနောက်ပိုင်းတွေမှာ မုန်းဂိုးမှာ ထပ်မံ ဖော်ဆောင်မယ့် စီမံကိန်းတစ်ခု လျှို့ဝှက်ပြီး ရေးဆွဲကြပြန်တယ်။ သတင်းက ပြန့်ထွက်သွားတယ်။ မကြာခင်မှာပဲ ကိုးကန့်ခေါင်းဆောင်ပိုင်းတွေက သူတို့ရဲ့ မိသားစုတွေ အကောင်းစား အိမ်ထောင်ပရိဘောဂတွေကို တရုတ်ပြည်နန်းဆန် ဆိပ်ကမ်းဆီကို ပို့ထားလိုက်ကြပါတယ်။ ဒီနောက်မှာ လောင်းကစားဒိုင်ကြီးတွေ၊ လောပန်ကြီးတွေလည်းပဲ သူတို့ရဲ့ ဓနဥစ္စာတွေကို စတင်ရွှေ့ပြောင်းကြလေတယ်။ ဒီလို လှုပ်လှုပ်ရွရွတွေကို ကြည့်ပြီး ကိုးကန့်သားတွေရယ်၊ တရုတ်ပြည်ဘက်ကနေ ဒီဘက်ဆီ ကူးလာပြီး အရောင်းအဝယ်လုပ်ကြတဲ့ ကုန်သည်ကလေးတွေ အထိတ်တလန့်တွေ ဖြစ်ကုန်ကြတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ထွက်ပြေး ကြမယ့် အရိပ်အယောင်တွေက အထင်အရှားပြသလာနေတယ်။ နေ့စဉ်နေ့တိုင်း ပဲ ကားတွေ၊ ကားတွေအပေါ်မှာ အကောင်းစား အိမ်ထောင်ပရိဘောဂပစ္စည်း တွေ တင်ဆောင်ပြီး၊ တရုတ်ပြည်ဘက်ဆီ မောင်းနေတာကို မမြင်ချင်ဆုံးအဆုံး တွေ့မြင်နေရပါတယ်။ နောက်ထပ် တွေ့မြင်ရတာက ခြေလျင်ကုန်းကြောင်းခရီး နဲ့ တရုတ်ပြည်ဘက်ဆီ အစုလိုက် အစုလိုက် ပြေးဝင်သွားကြတယ်။ လောက်ကိုင် က ကုန်စုံဆိုင်ကလေးတွေ ဖွင့်ထားကြတဲ့ ကုန်သည်လေးတွေ တရုတ်ပြည်ဘက် ဝင်ပြေးကြတာ လောက်ကိုင်မှာ ပြောင်တလင်းခါသွားတာပါပဲ။

လမ်းတွေပေါ်မှာ တံမြက်စည်းတွေ၊ ကြက်မွှေးတံတွေ လှည့်လည် ရောင်းချနေကြတဲ့ ဗမာလူမျိုး အထမ်းသည်တွေကို တွေ့မြင်လိုက်တိုင်း၊ လူ တွေ အထူးကို သတိမထားဘဲ မနေနိုင်ပါ။ တိုးတိုး တိုးတိုး ပြောနေကြတာက အဲဒီသူတွေဟာ မြန်မာအစိုးရစစ်တပ်က လျှို့ဝှက်ထောက်လှမ်းရေးတွေ ဖြစ်ပါ တယ်တဲ့။ ဘာကြောင့်ဆိုရင် သူတို့အားလုံးဟာ ကိုးကန့်သားတွေ မဟုတ်ကြဘူး လေ။ ထမ်းပိုးပြီး လှည့်လည်ရောင်းချတဲ့ တံမြက်စည်းတွေကို ဘယ်ကိုးကန့် သားမှ မဝယ်ကြပါဘူး။ ဒီတော့ ဒါလေးရောင်းချပြီး ဘဝ၀မ်းစာရေးရှာနေတဲ့ သူတွေမဟုတ်ဘူးဆိုတာက အထင်အရှားပါပဲ။ သူတို့ရဲ့ အနေအထားက လူ တကာ သိထားတဲ့ လျှို့ဝှက်လုပ်ငန်းတွေပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အဲ့သလို လူမျိုးတွေက ဟိုမှာ သုံးလေးယောက်၊ ဒီမှာ လေးငါးယောက်နဲ့ အစု အစုတွေက တရုတ်ပြည်ရဲ့ ပိုင်နက် နယ်နိမိတ် နန်းဆန်ဆိပ်ကမ်းအနီးအနား ဆီကို ကပ်ကပ်လာပြီး သူတို့ရဲ့ တံမြက်စည်းတွေ၊ ကြက်မွှေးတံတွေကို ''ရောင်း ချ'' နေပါသဗျာ။

ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တဲ့အခြေအနေကို ဒီလိုပဲ ကြည့်နေရပါ တယ်။ ကိုးကန့်အစိုးရဥက္ကဋ္ဌ ဖုန်ကျားရှင် မတတ်သာဘဲ ကိုးကန့်ရုပ်သံလွှင့် ဌာနကနေ ြွေကးကြော်လှုံ့ဆော်လိုက်ပါတယ်။ ''ကြားနေရတဲ့ ကောလဟလကို နားမယောင်ကြပါနဲ့ခင်ဗျာ။ ကိုယ့်အလုပ်ကိုယ် စိတ်အေးချမ်းသာစွာ လုပ်ကြ ကိုင်ကြပါ။ ဟိုဟိုသည်သည် ထွက်မပြေးကြပါနဲ့ခင်ဗျာ'' မြန်မာနိုင်ငံ စစ်အစိုးရ ရဲ့ ပြည်ထဲရေးဝန်ကြီးလည်းပဲ ရဟတ်ယာဉ်နဲ့ ကိုးကန့်နယ်မြေဆီ ရောက်ရှိလာ ပြီး ပြည်သူတွေကို နှစ်သိမ့်အားပေးပါတယ်။ ကိုးကန့်မှာ တပ်စွဲအခြေစိုက်ထား တဲ့ အစိုးရတပ်ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်ကြီး စိုးဝင်းကလည်း ကိုးကန့်ခေါင်း ဆောင်တွေရယ်၊ သတင်းမီဒီယာအဖွဲ့အစည်းတွေကို ကိုးကန့်ဦးစီးချုပ်တည်ရှိတဲ့ နေရာဆီကို အထူးဖိတ်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ကိုးကန့်သား တွေက အဖန်တလဲ ရှင်းလင်းပြောပြတာက - မုန်းဂိုးမှာ တစ်စုံတစ်ရာလူတစ်စု က မြန်မာအစိုးရကို ပုန်ကချင်ကြတယ်။ ဒါကြောင့် လက်နက်သုံးပြီး နှိမ်နင်းဖို့ လိုအပ်နေပါတယ်။ ဒါဟာ ကိုးကန့်သားတွေနဲ့ လုံးဝမသက်ဆိုင်ပါ။ ကိုးကန့် သားတွေ နဂိုပုံစံအတိုင်း နေထိုင်ကြမယ်ဆိုရင် ကိုးကန့်ရဲ့ အခြေအနေဟာ ပြန်လည်တည်ငြိမ်သွားပါလိမ့်မယ်''

ဒါပေမဲ့ ဦးစီးမှူး ဝေ့ချောင်းရင်က အရေးတော်ပုံ ပြီးသွားတဲ့နောက်မှာ ပြောပါတယ်။ ''ဒီလိုမျိုး တစ်ပွဲတစ်လမ်း ဆော်ကြ နှက်ကြ ရှုပ်ယှက်ခတ်ကုန် ကြတာပဲဗျာ။ တရုတ်ပြည်က ကုန်သည်တွေရော၊ တရုတ်ပြည်က ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေရော စီးမျောပျောက်ကွယ်သွားတာ မနည်းဘူးဗျ။ ကိုးကန့်ဟာ နောင်အတန်ကြာတော့မှ နလံထူးပြီး အရင်ရေချိန်ကို ပြန်ရောက်နိုင် မှာဖြစ်တယ်။ ကိုးကန့်က တိတ်တဆိတ် ကြံစည်လုပ်ဆောင်တဲ့ ဒီတစ်ချီစစ်ပွဲ ကို ကြည့်လိုက်မယ်ဆိုရင် လူသူရော၊ ဓနငွေကြေးရော နှစ်ရပ်စလုံး ဗလာချီတွေ ဖြစ်ကုန်ပြီဗျာ။ တကယ့်ကို အခြေခံကစ ဆုံးရှုံးမှုကြီးတွေပါပဲ။