မောင်ရစ် – အိုဘားမားအလွန် အိုဘားမားကို ပြန်ကြည့်ခြင်း

(အတွေးအမြင်မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၂၀ ထုတ်)(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၀
မြန်မာပြည်မှာကတော့ ဒေါ်စုအလွန်တို့ NLD အလွန်တို့ ဘာတို့ ခေတ်စားတယ် ပြောတယ်။ ကြိုပြီး စဉ်းစားကြတဲ့သဘောပေါ့။ လက်ရှိမှာတော့ အမေရိကမှာ အိုဘားမားအလွန်ကို သူတို့နိုင်ငံသားတွေ ခပ်စပ်စပ်ကြီးကို လက်တွေ့ ခံစားနေကြရပါပြီ။ အိုဘားမားအလွန် ဘာဖြစ်လဲ … ဒေါ်နယ်ထရန့် လက်ထဲ အကုန်ရောက်ကုန်တာပေါ့လို့ ရှင်းရှင်းကြီး ပြောလိုက်ရမှာပေါ့။
အိုဘားမားလည်း လွန်ရော ထရန့်လက်ထဲမှာ အကုန် ပြင်ပစ် ဖျက်ပစ်တော့တာပဲ။ တလောက ကျန်းမာရေးဥပဒေကို ကန့်သတ်တယ်။ တပြည်သားတွေ ပြောင်းရွှေ့နေထိုင်ခွင့်ကို တားဆီးပိတ်ပင်တယ်။ ပေးထားပြီးသား ရပိုင်ခွင့်တွေကို ရုတ်သိမ်းတယ်။ အခုတော့ အခွန်ပြုပြင်ရေးဆိုပြီး ဆင်းရဲသားနဲ့ လူလတ်တန်းစားကို အခွန်ဖိ၊ လူချမ်းသားတွေ အခွန်သက်သာဖို့ ဥပဒေကို တင်သွင်းနိုင်ဖို့ ကြိုးစားနေလေရဲ့။
အိုဘားမားလက်ထက်တုန်းက နိုင်ငံရေးသမားတွေက အရှက်၊ သိက္ခာ၊ ဂုဏ်၊ သမာဓိ ဘာညာတွေ ထိန်းတယ်။ ပြောဆို စွပ်စွဲခံရရင် အစိုးရ၊ လွှတ်တော်၊ လူထု၊ အစုအဖွဲ့၊ မီဒီယာတွေက ဝေဖန် ထောက်ပြ တာတွေ စိစစ် စုံစမ်း အရေးယူတာတွေ ဘာညာကို လက်ခံကြ၊ အရေးတယူလုပ်ကြတယ်။ ခုတော့ဖြင့် အိုဘားမားအလွန် ထရန့်လက်ထက်မှာ သမ္မတကစပြီး သူ့လူတွေ သူ့အဖွဲ့တွေက အရေးတောင် မစိုက်ကြတော့ဘူး ဆိုရမယ်။ တလောက လိင်ဖောက်ပြန်မှု ကျုးလွန်မှုတွေနဲ့ စွပ်စွဲခံရတာတွေ နိုင်ငံရေးသမားတွေအပေါ် ဖြစ်လာတော့ သူတို့က မျက်နှာပြောင်တိုက်ပြီး ရင်ဆိုင်ကြသဗျ။ ထရန့်ကြီးကလည်း သူကိုယ်တိုင် အဲသလို ခြေရာလက်ရာတွေ ရှိတဲ့ကြားက သမ္မတတက်ဖြစ်သူဆိုတော့ ရှေ့ကနေ စံပြ မားမားကြီးနဲ့ အေးဆေးပဲ ဆိုပြီး၊ အဲသည်လူတွေကလည်း သူတို့အဖေကြီးနောက် ခြေရာလိုက်နင်းကြတာပဲ။
အိုဘားမားတို့တုန်းကများ မွတ်ဆလင်လို့ အစွပ်စွဲခံရ၊ သည်တိုင်းပြည်သား မဟုတ်ဘူးလို့လည်း ပုတ်ခတ်ခံရ။ စာရိတ္တကို တိုက်လို့ မရ၊ ပညာဉာဏ် ဂုဏ်သိက္ခာကို တိုက်လို့မရတော့ သူ့ကို ဆိုရှယ်လစ်လို့ စွပ်စွဲ၊ အသားအရောင်ဘက်လိုက်သူလို့ နင်းခြေ၊ ဟစ်တလာနဲ့ နှိုင်း၊ စုံလို့ပါပဲ။ (နိုဘယ်ဆုတောင် ပြန်ရုတ်သိမ်းဖို့ ကင်ပိန်းကြသေးတယ်) တကယ်လို့များ ထရန့်လိုမျိုး အိုဘားမားက ဟုတ်နေလို့ကတော့ (ဝင်ငွေခွန် ရှောင်တာတို့၊ ကိုယ်ကျိုးရှာတာတို့၊ မိန်းမတွေအပေါ် ပြောင်ပျက် ပြောဆိုတာတို့၊ ပါးစပ်စည်းကမ်းမရှိ တွစ်တာကနေ ရမ်းကားတာတို့) အိုဘားမားလုပ်မိလို့ကတော့ သမ္မတ သက်တမ်း ၈ နှစ် တောင် ခံမယ်မထင်ဘူး။ ဝိုင်းတွယ်ကြလို့ – ခြာလပတ် ရမ်းသွားမယ် ထင်တယ်။ သို့သော် အခု အိုဘားမားအလွန် ထရန့်ခေတ်မှာတေ့ာ ဒါတွေက လူပြိန်းတွေ မဲဆန္ဒရှင်တွေ နိုင်ငံရေးသမားတွေက လက်သင့်ခံနေရတဲ့ new normal ပုံမှန်ဖြစ်တည်မှု အသစ် ဖြစ်နေပြီ ထင်ပါရဲ့။
တလောက အိုဘားမားအတွက် မိန့်ခွန်းပြင်ဆင်ပေးရတဲ့ လူငယ် အသက် ၂၀ ကျော် David Litt က Thanks Obama ဆိုပြီး သူကြုံခဲ့တဲ့ အိုဘားမားအကြောင်း စာအုပ် ထုတ်တယ်။ အိုဘားမားကင်ပိန်းမှာ အလုပ်လုပ်ခဲ့ရာကနေ အိုဘားမားသမ္မတဖြစ်သွားတော့ အဲသည်လူငယ်လေးက အိုဘားမားမိန့်ခွန်းတွေအတွက် ရေးချွတ် ပြင်ဆင်ရတဲ့ အနီးကပ်အလုပ်ကို ရရှိခဲ့ပါတယ်။ အဲသည်မှာ သူ့မြင်တွေ့ ကြားသိ လေ့လာခဲ့ရသမျှ သင်ကြားခဲ့ရသမျှအတွက် အိုဘားမားကို ကျေးဇူးတင်တယ်ဆိုပြီး စာအုပ်လေး ရေးတာပါ။
အိုဘားမားခေတ်တုန်းက အတိုက်အခိုက်တွေ ကြီးကြီးမားမား ရင်ဆိုင်ခဲ့စဉ်မှာ အိုဘားမားအရည်အချင်းက ဇွဲရှိတာ သည်းခံတာ စိတ်ရှည်တာတွေက အဓိကဖြစ်ပါတယ်တဲ့။ စတိုင်ရှိလို့ စတားဖြစ်တယ်ဆိုတဲ့ ပေါ်ပြူလာဖြစ်မှုတွေ မဟုတ်ပါဘူးတဲ့။ သူက အမေရိကန်နိုင်ငံရေးသက်တမ်းမှာ မဖြစ်နိုင်တော့ဘူးလို့ ထင်ထားရတဲ့ ကျန်းမာရေးပြုပြင်ဖို့၊ ကျားမ အသားအရောင် အစိုအခြောက် လူသားတိုင်း တန်းတူ ဆက်ဆံခံရဖို့၊ စစ်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ ဆိုတာကို အကောင်အထည်ဖော် ဖြစ်မြောက်အောင် စိတ်ရှည် သီးခံ ဇွဲခတ်ပြီး လုပ်ခဲ့ရတာကို သူအနီးကပ် မြင်ခဲ့ရပါတယ်တဲ့။
အိုဘားမားခေတ်မှာ ခေါင်းဆောင်ဆိုတာ သူများတွေထက် ခေါင်းတလုံးမြင့်ပြီး အဖြေကို ချက်ခြင်း ထုတ်ပေးလိုက်တာမျိုး ၊ ဘုရားသခင်လိုမျိုး တန်ခိုးတွေပြပြီး ပြုမူ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခက်အခဲတွေထဲ ကျဉ်းထဲကြပ်ထဲမှာ ဝုန်းဒိုင်းနဲ့ တုန့်ပြန်ပြီး အဖြေထုတ်ပြတာမျိုး မဟုတ်ခဲ့ပါဘူး တဲ့။ အိုဘားမားက အချိန်တိုတို အချိန်ရှည်ရှည် ရှိတဲ့အချိန်အတွင်းမှာ သူ့အဖွဲ့သားတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေး ဆန်းစစ် အဖြေရှာ၊ နည်းလမ်းရွေးစရာတွေ အမျိုးမျိုးကို ပြင်ဆင်၊ ရေတိုက ဘာ၊ ရေရှည်က ဘာဆိုတာတွေ ချပြီးမှ အလုပ်လုပ်တာကို တွေ့ရတာ ဖြစ်ပါတယ်တဲ့။
ဥပမာ – မုန်တိုင်းတွေကနေ ပြန်လည်ကယ်ဆယ်ရေးလုပ်တာ၊ ရေနံတွင်း ပေါက်ကွဲပျက်စီးတာ၊ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု၊ ဘင်လာဒင်ကို ရှင်းလင်းတာ၊ ဘတ်ဂျက်ပြသနာတွေ ဖြေရှင်းတာ စတဲ့ အရေးအခင်းတိုင်းမှာ ကလေးတွေလို ရုပ်ရှင်းမင်းသားတွေတွေလို စာရေးဆရာတွေလို စူပါဟီးရိုးတွေလို ဘုန်းကြီးတွေ စာရေးဆရာ မီဒီယာသမားတွေလိုမျိုးဇာတ်ကောင်နေရာကနေ သမ္မတက ပြသနာကို ဖြေရှင်းတာ အဖြေရှာတာ မဟုတ်ပဲ လူကြီးတဦးလို တာဝန်ရှိတဲ့ တာဝန်ခံရတဲ့ အရွယ်ရောက်တဲ့ လူကြီး (adult) လိုမျိုး (အကြီးအကဲတဦးလိုမျိုး) အိုဘားမားက ရင်ဆိုင်ခဲ့တယ်လို့ သူက သုံးသပ်ပါတယ်။ နှုတ်ခမ်းကြီးစူပြီး လက်ညိုး ငေါက်ငေါက်ထိုးပြီး သူများတွေက အပြစ်တင် ဆဲဆိုပြီး ပြသနာတွေကို ရင်ဆိုင်တတ်တဲ့ လက်ရှိသမ္မတကြီး ထရန့်နဲ့ ကွာကောင်း ကွာနိုင်တာပေါ့ ခင်ဗျာ။
ဒီလို လူကြီးတယောက်လို အိုဘားမားက သမ္မတအလုပ်ကို လုပ်ပြီး နေထိုင် ရင်ဆိုင်သွားတာကို စာရေးဆရာက တွေ့ကြုံရင်ဆိုင်ခဲ့ရတာနဲ့ သုံးသပ် ထင်မြင်မှုကို ပေးပါတယ်။ မှားမှာပဲ၊ အားနည်းချက်တွေ ရှိမှာပဲ၊ လိုအပ်တာတွေလည်း ပါမှာပဲ။ ဘယ်ဟာမှတော့ အိုဘားမားက တန်ခိုးရှင်လို စံပြတော့ မဟုတ်ခဲ့ဘူး။ သို့သော် ကိုယ့်ကိုယ်ကို တာဝန်ယူတာ တာဝန်ခံတာ၊ ခေါင်းခံတာ၊ လျပ်တပြက်တုန့်ပြန်တာထက် စဉ်းစားဆင်ခြင်ပြီးမှ တုန့်ပြန်တာ ဆုံးဖြတ်တာ၊ ဒါကို စွဲမြဲထားတာကို အိုဘားမားက ပြခဲ့တယ်လို့ သူက ပြောပါတယ်။
ကဲ … အိုဘားမားတော့ လွန်ခဲ့ပါပြီ။ ထရန့်လက်ထက်မှာ ဒါတွေ တခုမှ ပါမလာတော့ပါလားဆိုပြီး အဆိုးမြင်ပြီး မျိုးဆက်သစ်တွေ စိတ်ပျက် လက်ပျက် လက်မြှောက်အရှုံးပေးရတော့မလားလို့ မေးခွန်း ထုတ်စရာပါ။ အိုဘားမားက သူ့သမ္မတဘဝနဲ့ လက်တွေ့ ရှင်သန်နေထိုင်ပြီး သက်သေပြသွားတဲ့ သမိုင်းအမွေကို ပေးခဲ့တာဖြစ်ပါတယ်။ သူ့တာဝန်သူကျေခဲ့ပါတယ်။ ကျန်တဲ့ မျိုးဆက်တွေက ဒါကို နမူနာယူပြီး ကျင့်သုံးပြီး ဆက်သွားကြမှာလား၊ လက်ရှိ မျက်မှောက်က လူပြိန်းကြိုက် ထရန့်ရဲ့ ဇာတ်ကောင်လိုမျိုး ကိုယ့်ဘဝကို အတုယူပြီး ကပြချင်ကြသလားဆိုတာ ကိုယ့်ကိုယ်ကို မေးကြရုံသာ ရှိတာပါ။
စာရေးဆရာပြောတာကတော့ ထရန့်ဆိုတာ နိုင်ငံရေးအယူဝါဒ တခု မဟုတ်ပါဘူးတဲ့။ နေထိုင်မှုစတိုင်တခု သက်သက်မျှသာ ဖြစ်ပါတယ်တဲ့။ ကျနော်တို့က ကိုယ့်ကိုယ်ကို ပြဌာန်းတဲ့နေရာမှာ ပိုင်ဆိုင်မှုဆိုတာထက် တာဝန်ခံမှုနဲ့ ပြဌာန်းကြဖို့သာ ရှိပါတယ်။ မိမိသာယာ ကောင်းစား ကြီးပွားရေးဆိုတာထက် မိမိ၏စွမ်းဆောင်နိုင်မှုကိုသာ ရွေးချယ်ကြဖို့ ဖြစ်ပါတယ်။ လူအများ အချစ်ခံရတာနောက် လိုက်တာထက် မိမိကိုယ်ကိုယ်မိမိ လေးစားယုံကြည်မှုနဲ့ ပြဌာန်းကြဖို့ ဖြစ်ပါတယ်။ သည်နည်းနာနဲ့သာ မိမိရှေ့က မျိူးဆက်တွေ အမွေပေးခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာကို ဆက်လက် ကာကွယ်ထိန်းသိမ်းရမှာ ဖြစ်တဲ့အကြောင်း သူက နိဂုံးချုပ်ထားပါတယ် ခင်ဗျ။
အိုဘားမားအလွန်မှာ ဘာတွေ သင်ခန်းစာယူရမလဲဆိုတာ နည်းနည်းတော့ တွေးမိလောက်မယ် ထင်ပါရဲ့။ လက်ရှိမှာကတော့ ဒေါ်စုနဲ့ NLD အလွန် ကာလမရောက်သေးပါ။ လက်ရှိ ဒေါ်စုကာလမှာ ဒေါ်စုနဲ့ NLD တို့ နိုင်ငံရဲ့ အရေးအခင်း အကြပ်အတည်းမျိုးစုံ ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေရတယ်ဆိုတာကို အိုဘားမားအလွန်နဲ့ နှိုင်းယဉ်တွေးစရာတော့ ရမယ် ထင်ပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်မြောက်ပိုင်းအရေး၊ မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အရေး နဲ့ ပြည်သူတွေ သက်သာချောင်ချိရေးကို ဒေါ်စုနဲ့ NLD အစိုးရတို့ လွှတ်တော်တို့ ရင်ဆိုင်နေကြပုံကို ပြန်ကြည့်ပါ။ မြန်မာပြည်ကို ဒေါ်နယ်ထရန့်လက်ထဲ ထည့်ကြည့်လိုက်ရင် လက်တွေ့မှာ လူကြီးတဦးအနေနဲ့ (အကြီးအကဲတဦးနေရာက) ဖြေရှင်းနေပုံဆိုတာထက် နှုတ်ခမ်းကြီး စူပြီး လက်ညိုးတရမ်းရမ်း သူကလွဲလို့ လူတိုင်းကို အပြစ်တင်ပြီးတော့သာ တမဟုတ်ချင်း တန်ခိုးရှင်လိုလို ရုပ်ရှင်ဇာတ်ကောင်လိုလို ဖြေရှင်းပြလိုက်တာမျိုး မြင်ကြရလိမ့်မယ်လို့ သင်တို့က စိတ်ကူးများ ယဉ်နေကြလေရော့သလားဗျာ။