မောင်စွမ်းရည် - ခေတ်သစ်မြန်မာစာပေသမိုင်း ဘယ်သူတွေ ဆက်ပြီးပြုစုကြမလဲ

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၀မြန်မာစာပေသမိုင်းကျမ်းကို ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ၊ ပါဠိစာပေပါမောက္ခ၊ အရှေ့တိုင်းဌာန ပါမောက္ခ စသဖြင့် မြန်မာ့တက္ကသိုလ်သမိုင်းတလျှောက် တက္ကသိုလ်ကို အုပ်ချုပ်ရင်း စာပေပညာများ သင်ကြားပို့ချပေးခဲ့သူ ဆရာကြီးဦးဖေမောင်တင်က ၁၉၃၈ ခုနှစ်မှာ ပြုစုထုတ်ဝေခဲ့ပါတယ်။
စတင်ထုတ်ဝေချိန်ကစပြီး ယနေ့ခေတ်အထိ အကြိမ်ပေါင်း တစ်ဒါဇင်မျှ ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာပေကျမ်းစာအုပ်ကြီးလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း တစ်ရာနီးပါး ကာလတာအတွင်း ဒီလို စာပေသမိုင်းကျမ်းစာအုပ် နောက်ထပ် မပေါ်ထွက်ဖူးသေးပါ။ ချဲ့ထွင်ပြင်ဆင်ခြင်းလည်း မရှိသေးပါ။ ဆက်လက်ပြီး ‘ခေတ်သစ်မြန်မာစာပေသမိုင်းကျမ်း’ ဆိုတာမျိုးလည်း မပေါ်ထွက်လာသေးပါ။
မြန်မာ့နိုင်ငံရေးသမိုင်းကို ‘ပု-ပင်း-အင်း-တောင်-ညောင်-ကုန်းဘောင်’ ဆိုတဲ့ အစီအစဉ်အတိုင်း ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ခုနစ်ခေတ် ပိုင်းခြားလေ့လာရာမှာ မင်းဆက်ရာဇဝင် ခေတ်များကို အခြေပြုကာ ခေတ်တွေ ပိုင်းခြား လေ့လာခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဦးဖေမောင်တင်က မြန်မာစာပေ သမိုင်းကို ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ‘ဤစာအုပ်သည် မြန်မာစာပေ ရာဇဝင်ချုပ်ကလေးပင် ဖြစ်၏’ လို့ ဆရာကြီးကိုယ်တိုင် ညွှန်းဆိုခဲ့ပါတယ်။
ကုန်းဘောင်ခေတ်ကို နောက်ဆုံးထားပြီး ရေးသားခဲ့ပေမဲ့ ကုန်းဘောင်ခေတ်ရဲ့ အဆက် စာပေပညာရှင်ကြီး များ ဖြစ်ကြတဲ့ မန်လည်ဆရာတော်ကြီးနဲ့ လယ်တီဆရာတော်ကြီးတို့ကိုပါ ထည့်သွင်းပြီး ဒုတိယကုန်းဘောင်ခေတ်လို့ ပိုင်းခြားဖော်ပြ ပြုစုခဲ့ပါတယ်။ ဆရာကြီးရဲ့ မြန်မာစာပေသမိုင်းကျမ်း နိဒါန်းစာရဲ့ နောက်ဆုံးစာပိုဒ်မှာတော့ အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
“ယခု ပစ္စုပ္ပန်ခေတ် စာဆိုတို့နှင့် ထိုပုဂ္ဂိုလ်တို့၏ ကျမ်းများကို ကိုးကားကာ ဤစာအုပ်တွင် ဖော်ပြရန် အချိန်မကျသေးဟူ၍ ထင်မြင်မိပါ၏။ အကြောင်းကိုဆိုသော် ပစ္စုပ္ပန်ခေတ်ကား မြန်မာစာပေတွင် ခေတ်သစ် ထူထောင်ခါစ ရှိသေး၏။ ထို့ပြင်လည်း ပစ္စုပ္ပန်ခေတ်သည် မြန်မာစာပေနှင့် အင်္ဂလိပ်စာပေ ယှဉ်တွဲ၍လာသောခေတ် ဖြစ်သောကြောင့် ထိုခေတ်တွင် ဆန်းသစ်သော အာဘော်၊ စိတ်ကူးဉာဏ်၊ ကိုယ်တွေ့ အဖြစ်အပျက်များနှင့်သာ ပြည့်နှက်နေမည် ဖြစ်၍ ထိုပစ္စုပ္ပန်ခေတ် စာပေအကြောင်းကို ရေးသားရန် အချိန်မကျသေးဟု ထင်မြင်မိသည့်အတွက် ချန်လှပ်ထားခဲ့ရပေ၏” လို့ ဖော်ပြ ရေးသားထားပါတယ်။
ဆရာကြီးဦးဖေမောင်တင်ရဲ့ ‘မြန်မာစာပေသမိုင်း’ နောက်မှာ ဘာစာပေသမိုင်းမှ မပေါ်ထွက်ဖူးသေးပါ။ ခေတ်သစ် မြန်မာစာပေ သမိုင်းရယ်လို့လည်း မပေါ်ထွက်လာသေးပါ။ ဆရာကြီးက ကုန်းဘောင်ခေတ် ဒုတိယပိုင်းမှာ မန်လည်ဆရာတော်ကြီးနဲ့ လယ်တီဆရာတော်ကြီးတို့ရဲ့ စာပေကဏ္ဍကို ဖော်ပြ အဆုံးသတ်လိုက်ပါတယ်။
မန်လည်ဆရာတော်ကြီးက ‘မဃဒေသလင်္ကာသစ်’ ကျမ်းကြီးကို ပြုစုခဲ့ပြီး လယ်တီဆရာတော်ကြီးကတော့ ‘ဗုဒ္ဓကျမ်းစာဋီကာ’ ဒီပနီကျမ်းများကို ပြုစုခဲ့ပါတယ်။ ဆရာတော်ကြီးများရဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရေး ခေတ်ရော၊ စာပေခေတ်ပါ ပြောင်းလဲသွားခဲ့ပြီး ဗြိတိသျှ လက်အောက်၊ ကိုလိုနီခေတ်ကို ရောက်ရှိသွားခဲ့ပြီး အနောက်နိုင်ငံ စာပေယဉ်ကျေးမှုများနဲ့ အထိအတွေ့ အဆက်အဆံ များလာခဲ့ပါတယ်။ ပညာရေးမှာလည်း ဘုန်းကြီးကျောင်း ပညာရေး မဟုတ်တော့ဘဲ ‘လူကျောင်း’ ခေါ်တဲ့ လောကဓာတ်ပညာသင်ကျောင်းများ ဖွင့်လှစ်ပေါ်ထွန်းလာခဲ့ပါတယ်။ သည်ကဲ့သို့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အခြေခံ အကြောင်းအချက်တွေကို မူတည်ပြီး မြန်မာလူမျိုးတို့ရဲ့ အတွေးအခေါ်နဲ့ စာပေအရေးအသားတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။
ကိုလိုနီခေတ်ဦးမှာ အထူးခြားဆုံး စာရေးဆရာကြီးကတော့ အမျိုးသားစာဆိုကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းက ‘ရွှေတောင်ဆရာလွန်း’ အမည်နဲ့ ရုပ်သေးသဘင် စင်တင်ပြဇာတ်စာအုပ်ကလေးများကို အများအပြား ရေးသားရင်း ဇာတ်သဘင်သုံး လေးချိုးကြီးများကို ပြဇာတ်တွေမှာ ကြားညှပ်ရေးသားလာခဲ့ပါတယ်။ မော်လမြိုင်မှာ ကိုလိုနီခေတ်ဦး သတင်းစာ အယ်ဒီတာအဖြစ်နဲ့ မျက်မှောက်ခေတ် သတင်းတွေကိုလည်း ‘ခေတ်သစ်သတင်းစာ အရေးအသားနဲ့ ရေးသားပေးခဲ့ရသူလည်း ဖြစ်ပါတယ်။ ဆရာကြီးရဲ့ လေးချိုးကြီးများနဲ့ နိုင်ငံရေးဋီကာကျမ်းများ ဖြစ်ကြတဲ့ ‘ဗိုလ်ဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာ’ စတဲ့ ကျမ်းများ ဆက်တိုက် ရေးသားပြုစုခဲ့ပါတယ်။ ဋီကာများမှာ လေးချိုးကြီးများ ကြားညှပ်ရေးရာက လေးချိုးကြီးခေတ်တခေတ် ရေးဟန် ပုံသဏ္ဌာန်က ရှေးရိုးရာစာပေပုံသဏ္ဌာန် ဖြစ်ပါတယ်။
ဆရာကြီးမှိုင်းရဲ့ နိုင်ငံရေးဩဇာ၊ စာပေဩဇာအောက်မှာ ခေတ်စမ်းစာပေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ခေတ်စမ်းစာရေးဆရာများဟာ တက္ကသိုလ်မှာ ခေတ်သစ်မြန်မာစာပေကို လေ့လာသင်ယူကြရတဲ့အပြင် အချို့က ဘိလပ်ပြန် ပညာရှင်တွေဖြစ်လို့ ကမ္ဘာ့စာပေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေတ်သစ်အနောက်တိုင်းစာပေနဲ့ ကျွမ်းဝင်ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် စာပေလောကကို ထူထောင်ကြရာမှာ ဆရာကြီးဦးဖေမောင်တင်က သူ့ရဲ့တပည့်တွေကို အားထား ပြုစုပျိုးထောင်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ခေတမ်စမ်းတပည့်တွေထဲမှာ မြန်မာစာပေပညာရှင်ပိုင်းနဲ့ ခေတ်သစ်စာပေပညာရှင်ပိုင်းရယ်လို့ နှစ်ပိုင်း နှစ်အုပ်စု ပါဝင်ခဲ့ပါတယ်။
မြန်မာစာပေပညာရှင်ပိုင်းက ပညာရှင်ရေးလောကထဲကို ဝင်ရောက်ကြပြီး တက္ကသိုလ် ကောလိပ်များမှာ မြန်မာစာပါမောက္ခကြီးတွေ ဖြစ်လာကြပါတယ်။ ဦးဧမောင်(မောင်သန့်စင်)က ရန်ကုန်တက္ကသိုလ်မှာ၊ ဦးချမ်းမြ(မြကေတု)က မန္တလေးတက္ကသိုလ်မှာ။ ဦးတိုးအောင်(ကုသ)က မော်လမြိုင်တက္ကသိုလ်မှာ အသီးသီး တာဝန်ယူသွားကြပြီး သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် တို့က ခေတ်စမ်းစကားပြေသစ်နဲ့ ကဗျာသစ်တွေကို ဦးဆောင် ရေးသားလာခဲ့ကြပါတယ်။
ဒါကြောင့် ကိုလိုနီခေတ်မှာ ခေတ်ဦးပိုင်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးဋီကာများနဲ့ လေးချိုးကြီးများခေတ်၊ ပြီးတော့ တဆက်တည်း ဆရာကြီးရဲ့ လေးချိုးကြီးများ အရိပ်ကိုခိုရင်း တက္ကသိုလ်ပညာရေးသစ်နဲ့ နိုင်ငံခြားစာပေကို လေ့လာခံယူလာသူ ခေတ်စမ်းစာများရဲ့ ခေတ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီခေတ်ကစပြီး ခေတ်သစ်မြန်မာစာ စာပေသမိုင်းကို ဆက်လက်ပြုစုကြရမှာ ဖြစ်ပါတယ်။
ခေတ်သစ်မြန်မာစာပေသမိုင်းကို ပြုစုရာမှာ အရင်ခေတ်ကလို သိပ်ပြီး ရှာဖွေစရာ မလိုလောက်အောင် ခေတ်သစ်စာပေသမိုင်းကြောင်းကို စေ့ငုထားကြတဲ့ စာတမ်းတွေ ရှိနေကြပါပြီ။ စာပေဗိမာန် စာတမ်းများ အပြင် တက္ကသိုလ် မြန်မာစာဌာနများ၊ မဟာဝိဇ္ဇာကျမ်းနဲ့ ပါရဂူကျမ်းဘွဲ့ယူကျမ်းများလည်း ရှိနေကြပြီဖြစ်လို့ သိပ်ပြီး အခက်အခဲရှိနိုင်ဖွယ် မမြင်ပါ။
ကဲ… ခေတ်သစ်မြန်မာစာပေသမိုင်းကို ဘယ်သူ(တွေ) ပြုစုကြမလဲ။ ခေတ်ကြီးက စာပေသမိုင်း ပညာရှင်တွေကို တောင်းဆိုနေပါပြီ။
မောင်စွမ်းရည်
၂၁ နိုဝင်ဘာ ၂၀၂၀
နယူးယောက်