ကိုသန်းလွင် - ဒါဗို့မြို့မှ စီးပွားရေးဆွေးနွေးပွဲ
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၂
(၁)
ဒါဗို့စ် (Davos) မြို့ခေါ်စကီစီးရာမြို့ ကလေးသည် ဆွစ်ဇာလန်နိုင်ငံ အဲပ် (Alp) တောင်တန်းပေါ်မှာရှိပြီး အလွန်စိတ်ချရသော အကာအကွယ်ကောင်းမွန်သည့်မြို့ကလေးအဖြစ်ကျော်ကြားပါသည်။ (World Economic Forum) အစည်းအဝေးကို လက်နက်ကိုင်ထားကြသည့် အစောင့်များက ဟိုတယ်အမိုးပေါ်တွင်လည်းကောင်း၊ လမ်းမလမ်းဆုံးတလျှောက်တွင် လည်းကောင်း စောင့်ရှောက်နေကြပြီး၊ နိုင်ငံခေါင်းဆောင်များနှင့် ကုမ္ပဏီများ ကို ဦးဆောင်သူ များက ဆွေးနွေးပွဲကျင်းပနေကြပါသည်။ ၅၂ ကြိမ်မြောက်တွေ့ဆုံပွဲမှာ မေလ၂၃ ရက်မှ ၂၆ ရက်အထိကြာခဲ့ပါသည်။
သို့သော် ယနေ့တွင် ဒါဗို့စ် အစည်းအဝေးက ကိုယ်စားပြုသည့်အရာအားလုံးမှာ အခြိမ်းအခြောက်ခံနေရပါသည်။ ဂလိုဗယ်လိုက်ဇေးရှင်း၊ လစ်ဘရယ်ဝါဒ၊ လွတ်လပ်သော ချေးကွက်စီးပွားရေးစနစ်၊ အားလုံးကို ကိုယ် စားပြုသည့် ဒီမိုကရေစီ အစရှိသည်တို့ ဖြစ်ကြပါသည်။
(၂)
ဖိုရမ်ကို အမြတ်အတွက် အလုပ်လုပ်နေကြခြင်းမဟုတ်သော ကုမ္ပဏီတစ်ခု ကဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တော်၌ ဂျာမန်အင်ဂျင်နီယာနှင့်စီးပွားရေးပညာရှင် ရှဝပ် (Klaus Schwab) က ၁၉၇၁ ခုနှစ်မှာတည်ထောင်ခဲ့ ခြင်းဖြစ်ပါသည်။ ၎င်းဖိုရမ်က တခုနှင့်တခုဆက်သွယ်မိနေသောကမ္ဘာကြီးကို တစ်ခမ်းတနားချီးကျူးခဲ့ပြီး၎င်းတွင် ပစ္စည်းများလွတ်လပ်စွာ သွားလာနိုင်ရေး၊ ဆားဗစ်၊ လူနှင့် လူတို့၏ငြိမ်းချမ်းရေးတို့ကို အဓိကအောင်မြင်မှုများ အဖြစ်ဖော်ညွှန်းပါသည်။ ဤသည်တို့မှာ အေးချမ်း ငြိမ်သက်သော ကမ္ဘာကြီးကို စိတ်ကူးယဉ် လောကသဖွယ် တည်ဆောက်ကြရန် ဖြစ်ပါသည်။ ၎င်းသည် တကမ္ဘာလုံး၏ မြို့တော်ကြီးများမှ အစုံအစေ့ပါဝင်နိုင်ရေးကို ဦးစား ပေး တည်ဆောက်နေပါသည်။ အဖွဲ့ကြီးတွင် ဒေါ်လာ ၅ ဘီလီယံ မျှ လည်ပါတ်ငွေ ရှိပါသည်။
သို့သော် လွန်ခဲ့သော ၂ နှစ်ကာလက တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များက တစ်ကမ္ဘာလုံးအမြင်ကို ပြောင်းလဲစေခဲ့ပါသည်။ ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုက နိုင်ငံတိုင်းကို မိမိတို့ဘာသာရပ်တည်နိုင်ရေး နှင့် မိမိနိုင်ငံ အကျိုးကိုသာကာကွယ်ရေး ကို ဦးစားပေးစေခဲ့ပါသည်။ မည်ကဲ့သို့စိတ်ချရသည်ဆိုစေ ဆပ်ပလိုင်း ချိန်းမှ ရနေ သောပစ္စည်းများ ပြတ်တောက်သွားမည်လားဟု စိုးရိမ်မှုများပေါ်ပေါက်ခဲ့ရပြီး တရုတ်ပြည်ကို အခြားနိုင်ငံများ နှင့် မဆက်သွယ်ဘဲ တသီးတခြား ဖြစ်စေခဲ့ပါသည်။
ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်သည်လည်း ဥရောပ မြေပြင်တွင် စစ်ဆိုသော အရာကို သယ် ဆောင်လာခဲ့ပြီးတစ်ကမ္ဘာလုံးပြန့်နှံ့သွားမည့်အရေးကိုစိုးရိမ်ခဲ့ကြပါသည်။ အမေရိကန်ပြည်၌မူ ဤကဲ့သို့ ပင်ဒဲမစ် နှင့် စစ်ဖြစ်သည့် ကာလမရောက်မီကပင်လျှင် နိုင်ငံတွင်း အတွင်းပိုင်း၌ စိတ်ဝမ်းကွဲမှုများပေါ်ပေါက်ခဲ့ရပါသည်။
ယခု မစ္စတာရှဝပ်သည် ပင်ဒဲမစ်ဖြစ်ပြီး ပမထဦးဆုံးအစည်းအဝေးကိုဖွင့်လှစ်ရန် ပြင်ဆင်ချိန်သို့ ရောက် လာသောအခါသူတွေ့ရသော ကမ္ဘာကြီးမှာသူနှစ် ၅၀ လုံးလုံး ရင်းနှီးခဲ့သောကမ္ဘာကြီးမဟုတ်တော့ဘဲပြောင်းလဲမှု များစွာဖြစ်နေသော နေရာအဖြစ် တွေ့ရှိလိုက်ရပါသည်။ မစ္စတာရှဝပ် ကိုယ်တိုင်က ကမ္ဘာကြီးကို အနောက်နိုင်ငံ များကဦးဆောင်ပြီးသူဦးဆောင်ရာနောက်ကိုလိုက်နေကြရ သည်ဟုမယုံကြည် တော့ပါ။
နိုင်ငံခေါင်းဆောင်ကြီးများသည် သူတို့ သွားလာရန် အစီအစဉ်များကို အသေးစိတ်ရေးဆွဲကြပါသည်။ ကော်ပိုရေးရှင်းများမှ အုပ်ချုပ်သူ စီအီးအို များကလည်း အစည်းအဝေးကျင်းပရာနေရာဝယ်ဆိုင်ခန်းများ ဖွင့်လှစ် ကြပါသည်။ မစ္စတာရှဝပ်ကိုယ်တိုင်ကသူမျှော်မှန်းခဲ့သော ကမ္ဘာကြီး၏အစီအစဉ်တကျ အလုပ်လုပ်နေပုံ (Global world order) သည်ယခုအခါ စိတ်ကူးယဉ်အိပ်မက် သဖွယ်ပျောက်ပျက်သွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။
ကျွန်တော်တို့သည် ယခုအခါ ကမ္ဘာအသစ်တွင် နေထိုင်နေကြရပါသည်။ သက္ကရာဇ် ၂၀၂၀ မှာဆုံခဲ့ရစဉ် ကကမ္ဘာကြီး ပြောင်းလဲနေမလားဟုစိုးရိမ်မိခဲ့ကြပါသည်။ ထို့နောက် အရေးကြီးသောကမ္ဘာကိုပြောင်းလဲစေသော အဖြစ်အပျက်ကြီး ၂ ခု ကြောင့် ထိုအပြောင်းအလဲမှာ ထင်ထားသည်ထက်ပို၍ ထင်ရှားခဲ့ပါသည်။
ကမ္ဘာကြီးက ပြောင်းလဲခဲ့သော်လည်း ဒါဗို့စ်မှာ မပြောင်းလဲပါ။ ဤနှစ်စဉ်ကျင်းပနေသည့် တွေ့ဆုံပွဲမှာ နိုင်ငံရေးသမားပေါင်း ထောင်ချီ၍ တက်ရောက်ခဲ့ကြပါသည်။ ကုမ္ပဏီ ပေါင်း သုံးထောင်ကျော်က စိတ်ဝင်စား ကြောင်း (Sponsor) ပေးကြပါသည်။ ကိုယ်စားလှယ်တစ်ဦးအတွင် တက်ရောက်ခ ယူရိုငွေ ၂၈,၀၀၀ ပေးရပါ သည်။ တစ်ကမ္ဘာလုံး လှည့်လည်သွားနေကြသော အစိုးရဝန်ထမ်းများ အုပ်ချုပ်သူများ ကုမ္ပဏီများမှ အုပ်ချုပ်သူ များ ရောက်လာကြပါသည်။ သူတို့သည် စီးပွားရေး၊ စစ်ရေးနှင့် ကိုဗစ်နှင့်ပါတ်သက်၍လည်းကောင်း ရာသီဥတု နှင့် ပါတ်သတ်၍ အန္တရာယ်ကိုရှောင်ရှားရန်နည်းလမ်းများ ဆိုက်ဗာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ရန်နည်း များကို လည်းကောင်း ဆွေးနွေးကြပါလိမ့်မည်။ ဆွေးနွေးပွဲ ဆက်ရှင် (Session) ၅၀၀ ကျော်ပါဝင်ပါသည်။
ယူကရိန်းသမ္မတ ဇယ်လင်းစကီးကလည်း ကိုယ်တိုင်မတက်ရောက်နိုင်သော်လည်း ဗီဒီယိုလင့်မှတဆင့် တခြားနိုင်ငံခေါင်းဆောင်များကို စကားပြောခဲ့ပါသည်။
ဆွေးနွေးပွဲကျင်းပရက်အတွင်းတွင် အပူချိန်မှာ ဇန်နဝါရီလလောက် သုည အောက်မရောက် တော့ပါ။ သို့ပါသော်လည်း ဇွန်လနှင့် နီးပြီဖြစ်၍ မိုးရွာမည့် အန္တရာယ်ရှိပါသည်။
ဒါဗ့ိုစ် ၏ကမ္ဘာအမြင်ကို ရုရှားကကျူးကျော်စစ်ပွဲလောက်ပြောင်းလဲစေသော အရာမရှိတော့ပါ။ မော်စကို အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများကို စစ်ရေးနှင့်ပါတ်သက်၍ ရန်သူသဖွယ်ဆက်ဆံခဲ့သော်ငြား လည်း စီးပွားရေးစနစ်အရဆက်ဆံရေးမှာ နက်ရှိုင်းပါသည်။ ရာပေါင်းများစွာသော ကုမ္ပဏီကြီးများ ရုရှားတွင် ရှိသကဲ့သို့ ဥရောပတိုက်အနေဖြင့်လည်း ရုရှားကထွက်သော ရေနံဆီကို မလွဲမသွေဝယ်ယူနေရပါသည်။
ဗလာဒီမီယာ ပူတင်က လွဲမှားသော အချက်အလက်များကို အခြေခံ၍ ယူကရိန်းကို ကျူးကျော်တိုက် ခိုက်ခဲ့သလို အမေရိကန်နှင့်ဥရောပခေါင်းဆောင်များမှာလည်း ပူတင်အပေါ်မျှော်လင့်ထားသည့်အတိုင်းဆုံးဖြတ် ခဲ့ကြပါသည်။ မစ္စတာရှဝပ် သည် ၂၀၁၉ ခုနှစ် အကုန်လောက်က ပူတင်နှင့် တွေ့ခဲ့ပါသေးသည်။ ထိုစဉ်ကလည်း ဒါဗို့စ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် အနောက်နိုင်ငံများနှင့်ပိုမိုရင်းနှီးဆက်ဆံရန် ပူတင်ကိုဖိတ်ခေါ်ခဲ့သောလည်း ပူတင်က ငြင်းပယ်ခဲ့ပါသည်။ ယခု ဂလိုဗယ်လိုက်ဇေးရှင်းနှင့်အတူ သူလွတ်လပ်သောစီးပွားရေး ကိုအခြေခံ၍ ကမ္ဘာကြီးကို စည်းလုံးစေလိုသူသည် သူ့အကြံအစည်ကို ခေတ္တမျှဖြစ်စေ လက်လျှော့လိုက်ရပါတော့သည်။
စီးပွားရေး ဖိုရမ် ၏ ရည်ရွယ်ချက်တခုမှာ စီးပွားရေး၏ အသီးအပွင့်များကို မျှဝေသုံးစွဲပြီး ကမ္ဘာကြီးကို တစုတပေါင်းတည်းဖြစ်ရန်ရည်ရွယ်ရင်းဖြစ်ခဲ့ပါသည်။ ယခုတော့ ထိုအရာသည် ပို၍ချဲလင့်ဖြစ်ပြီး လုပ်ရကိုင်ရ ခက်ခဲကုန်ပါသည်။ ထို့ပြင် ယူကရိန်း စစ်ပွဲကို ရှုံ့ချရန် တရုတ်ပြည် အိန္ဒိယနှင့် ဘရာဇီးတို့က ငြင်းဆန်နေခြင်း ကလည်း ကမ္ဘာကြီးသည် ညီညွှတ်မှု ကင်းမဲ့နေခြင်းကို ပြသပါသည်။ ထိုနိုင်ငံများကရုရှားကိုရှုံ့ချရန် ခက်ခဲကြ ခြင်းမှာ သူတို့နိုင်ငံ၏ နိုင်ငံရေးစနစ် နှင့် စီးပွားရေးစနစ်တို့အပြင် နိုင်ငံအနေဖြင့် ချမ်းသာကြွယ်ဝမှုတို့ကြောင့် ဖြစ် ပါသည်။
စီးပွားရေးဖိုရမ်သည် ယခင်ကကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့သည်များလည်း ရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်က ဂရိ နှင့် တူရကီ နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ်ကို ဒါဗ့ိုစ် ကြေညာစတမ်း “Davo declaration” ကို ကြေညာပြီးသည့်နောက် နှစ်နိုင်ငံ၏ရေရှည် ပဋိပက္ခကြီးကို ပြီးငြိမ်းစေခဲ့ပါသည်။
ယခုနှစ်တွင်မှု ရုရှားနှင့် ယူကရိန်းတို့ တွေ့ဆုံပွဲကို မကျင်းပနိုင်ခဲ့ပါ။ အကယ်စင်စစ် မည်သည့်ရုရှားနိုင်ငံ သားမှ မတက်ရောက်နိုင်ခဲ့ပါ။ ယခင်က ရုရှားချမ်းခသာသူများ (Oligarch) များက ပါတီပွဲအကြီးအကျယ်ကျင်းပ ၍ ဒါဗို့စ် ဆွေးနွေးပွဲကို ဝန်းရံခဲ့ကြပါသည်။ သို့သော်ယခုနှစ်တွင် ရုရှားလူမျိုး တစ်ဦးတစ်ယောက်ကိုမှ မဖိတ်ခဲ့ပါ။ ဤကဲ့သို့ မဖိတ်ကြားခြင်းအတွက် “အရာရာတိုင်းကို ကြားစေရမည်” ဟူသောဖိုရမ်၏ ဆောင်ပုဒ်မှာမအောင်မြင် ခဲ့ပါ။ သို့သော် ဖိုရမ်မှာဆက်ဆံရေးတည်ဆောက်ခြင်းကို အလေးအနက်ခံယူပြီး အနာဂါတ်တချိန်ချိန်တွငထိုကဲ့ သို့ဆောင်ရွက်ရန် အသင့်ရှိသည်ဟု မစ္စတာ ရှဝပ်က ဆိုပါသည်။
ဇမ်ဘီယာနိုင်ငံသား စီးပွားရေးပညာရှင် မိုရို (Dambisa Moyo) က နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံထဲကို သွားပြီး ဖျက်ဆီးမှုတွေလုပ်တယ်ဆိုတာ မကောင်းပါဘူး။ “ဒါပေမယ့် တချိန်မှာ ဒါတွေကို ပြန်ကြည့်ပြီး ကမ္ဘာကြီး စည်းလုံးလာမှုအတွက် ကက်တလစ် တစ်ခုဖြစ်စေချင်ပါတယ်”ဟုပြောသည်။
(၃)
ရုရှားစစ်ပွဲကကမ္ဘာ့အမြင်တွင်အကန့်အသတ်များ ရှိကြောင်းပြောကြားခဲ့သော်လည်းကျွန်တော်တို့ အနေ ဖြင့်တခုနှင့်တခုဆက်စပ်နေသောကမ္ဘာကြီးတွင်အယုံအကြည်ရှိရမည်သာဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာအဖြေ ရှာနိုင်ရေးမှာလမ်းမမြင်တော့ပြီ။ ရုရှားသည် အနောက်ကမ္ဘာနှင့်ဝေးသွားပြီး တရုတ်ပြည်ကလည်း သီးခြားဖြစ်နေ သည်။ ထိုအချိန်တွင် ဒါဗို့စ်၏ တကမ္ဘာလုံးမှ အသံများကို ကြားနိုင်ရေးမှာ ပို၍ ခက်ခဲသွားပေပြီ။ ဤသည်တို့မှာ ကျွန်တော်တို့လိုအပ်ချက်များ မဟုတ်ပေ။
ကိုသန်းလွင်
Ref: This Year at Davos: A referendum on Davos itself by David Gulles NY Times May 21, 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar