Breaking News

ဟိန်းထက်ဇော် - ၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (အပိုင်း ၂)

၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (အပိုင်း ၂)
ဟိန်းထက်ဇော်
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၃

ဂျူလိုင် ၇ ရက်နေ့ သေသူစာရင်း

      ဒီနေရာမှာ သေသူစာရင်းနဲ့ပတ်သက်လို့ပြောစရာရှိလာပါတယ်။ သေဆုံးသူစာရင်းကိုကြည့်ရင် ကျောင်း သားအုပ်စုထဲပစ်ခတ်ခြင်း ဟုတ်မဟုတ် တွက်ကြည့်လို့ရတယ်။ တကယ်သာ တဦးချင်းပစ်မှတ်ပေးပြီး ပစ်တာဆိုရင် အစုလိုက်အပြုံလိုရေးဆရာစောဦး ဦးဆောင်ပြီး သတင်းစာရှင်းပွဲတရပ်ကျင်းပခဲ့ပါတယ်။ က်သေစရာအကြောင်းမရှိ။ ဦးစွာပထမသေလူစာရင်းကို ဗိုလ်အောင်ကြီးစာအရသိရတာက ၁၃-၁၄ ယောက်လို့ဆိုခဲ့တယ်။ ဂျူလိုင် ၁၁ ရက်နေ့မှာ သတင်းစာဆရာဟောင်းလည်းဖြစ်၊ တော်လှန်ရေးကောင်စီရဲ့ ပေါ်လစီညွှန်ကြားရေးဝန်လည်းဖြစ်တဲ့ စာရေးဆရာစောဦး ဦးဆောင်ပြီး သတင်းစာရှင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ 

     အဲ့ဒီသတင်းစာရှင်းပွဲမှာ ရန်ကုန်ဆေးရုံအုပ်ကြီး ဦးအောင်သိန်းက “ရန်ကုန်ဆေးရုံသို့ရောက်ရှိလာသော လူ နာ ပေါင်း ၄၂ ဦးရှိပါသည်။ ဆေးရုံသို့ရောက်ရှိလာသောလူနာ ၄၂ ဦးအနက် သေသူ ၁၆ ဦးပါဝင်သည်” လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးမှူးဦးစံထွန်းကတော့ “အခုချိန်ထိ ခွင့်ယူသူစာရင်း၊ ပြန်သွားခွင့်ပြုသူစာရင်းတွင်မပါပဲ စာရင်းပျောက်နေသည့် ကျောင်းသားအရေအတွက်မှာ ၄၀ ရှိပါသည်” လို့ ရှင်းပြပါတယ်။
     ဒါတွေက အာဏာရှင်အလိုကျ သတင်းစာရှင်းပွဲလုပ်ပေးကြရဟန်ပါပဲ။ သူတို့ရှင်းပြတာတွေကိုပြန်သုံးသပ်ကြည့်ရင် ဆေးရုံအုပ်ကြီးဦးအောင်သိန်းစကားအရ ‘ ရန်ကုန်ဆေးရုံကိုရောက်လာသူ ၄၂ ယောက် ” အချို့အဆို အရ ဆေးရုံကြီးရောက်တာ (၈၆) ယောက်လို့ ဆိုတယ်။ မင်္ဂလာဒုံစစ်ဆေးရုံကို ၆၈ ယောက်ရောက်တယ်လို့ သူနာဆရာမအချို့ပြောစကားလည်းရှိပါတယ်။ 

     ဆေးရုံအုပ်ကြီး ဦးအောင်သိန်းရဲ့ရှင်းပြချက်ဟာ စစ်ဆေးရုံရောက်ရှိသူနဲ့ထောက်ကြံ့ရာဘာတွေထဲမှာ မြှုပ်နှံလိုက်သူစာရင်းမပါတဲ့သဘောလို့ယူဆနိုင်ပါတယ်။ အဲ့ဒီ ၄၂ ယောက်ထဲမှာ သေဆုံးသူ(၁၆) ယောက်လို့စာရင်း ပြပါတယ်။ ဒီနေရာမှာ ၁၉၆၂ ခုနှစ် ဂျူလိုင်၇ရက်နေ့ကာလတွေမှာ မန္တလေးဆောင် အဆောင်မှူးလုပ်ခဲ့တဲ့ ဒဿနိကဗေဒပါက္ခေလည်း ဖြစ်၊ မဆလခေတ် ပညာရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်းရဲ့ ပြော စကားကို ထိုစဉ်က မန္တလေးဆောင် သဟာယစာဖတ်အသင်းဥက္ကဋ္ဌဦးလှရွှေရဲ့ ပြန်လည်ပြောပြတာ ကိုအောင်စောဦးက အခုလိုမှတ်တမ်းတင်ခဲ့တယ်။

     “ဇူလိုင် ၇ ရက်၊ တစ်နှစ်မြောက် အခမ်းအနားပြီးသွားပြီးတဲ့နောက် နောင် ပညာရေးဝန်ကြီးဖြစ်လာမယ့် ဒေါက်တာခင်မောင်ဝင်းက တွေ့ချင်တယ်ဆိုလို့ နောက်ဆုံးမန္တလေးဆောင် သဟာယနဲ့စာဖတ်အသင်း ဥက္ကဋ္ဌဦးလှရွှေနဲ့ အတွင်းရေးမှူးကိုချစ်စိန်တို့ ပညာရေးတက္ကသိုလ်ဝင်းအတွင်းက သူ့အိမ်မှာသွားတွေ့ခဲ့ကြတယ်။ ဒေါက်တာခင်မောင်ဝင်းက ‘မန္တလေးဆောင် တဆောင်တည်းကတင် ကျောင်းသား(၁၆) ယောက်သေဆုံးခဲ့တယ်။ နောင်တချိန် လိုအပ်လို့သက်သေခံရမယ်ဆိုရင် သူကိုယ်တိုင်သက်သေခံပေးမယ်” လို့ ပြောကြောင်း မှတ်တမ်းပြုခဲ့ပါတယ်။
     ဒီအကြောင်းကိုတော့ ဦးလှရွှေနဲ့ဆုံတိုင်း ကျနော်ကိုလည်းပြောခဲ့ဖူးပါတယ်။ နှုတ်တရာစာတလုံးမို့ ကိုအောင်စောဦးရဲ့ "ဥဒါန်းမကြေ" မှာ ဖေါ်ပြချက်ကိုပဲ ကိုးကားလိုက်တာပါ။ ကျနော်တင်မက ၁၉၈၉ နောက်ပိုင်း မန္တလေးထောင်မှာ ဦးလှရွှေနဲ့အတူနေခဲ့ဖူးကြသူတိုင်းသိနေတဲ့စကားရပ်ပါပဲ။ သူတို့ကိုလည်း သက်သေထားလို့ရတယ်။

    အရေးတော်ပုံဖြစ်စဉ်အနီးတဝိုက်မှာရှိကြတဲ့ အရပ်သားတွေ၊ သုံးဘီးအငှားယာဉ်မောင်းတွေရဲ့မြင်တွေ့ရတဲ့အခြေနေတွေကိုပြောရာမှာ “သေနတ်တွေနဲ့ပစ်တုန်း ငါကကမာရွတ်အဝိုင်းမှာကွ။ ငါရဲ့ကားကိုတနေရာမှာရပ်ပြီး စာတိုက်နဲ့ကမာရွတ်အဝိုင်းကြားမှာ ငါသွားကြည့်တာ။ မပစ်ခင်ကတဲကပဲ။ စပစ်တော့ အဓိပတိလမ်းမှာကျောင်းသားတွေပြေးကြလွှားကြနဲ့သေကြတာတွေ အတုန်းအရုန်းပဲ။ စစ်ကားတွေနဲ့လူနာတွေရော၊ သေတဲ့လူတွေရော မင်္ဂလာဒုံဘက်ကိုမောင်းသွားကြတာ မနည်းဘူးပဲကွာ။ ငါ့အထင်တော့ မရှိဘူးဆိုရင် သေတဲ့လူဟာ ၈၀ နဲ့ ၁၀၀  လောက်ရှိမယ်ထင်တယ် ”။ မျက်မြင်ကားဆရာရဲ့ ပြောစကားကို ကိုတင်မောင်ဝင်းက မှတ်တမ်းပြုထားတာပါ။

ကားဆရာနဲ့သာမန်အရပ်သားတွေရဲ့ထင်မြင်ချက်နဲ့ခန့်မှန်းချက်ဟာ ပိုချင်လည်းပိုနေမှာပါ။ သတင်းစာတိုက်တွေဘက်က ရတဲ့သတင်းတွေကြည့်တော့လည်း သတင်းစာတိုက်တခုနဲ့တခု မတူကြဘူး။ အချို့တိုက်တွေက ဒဏ်ရာရသူ ၇၀ နဲ့သေသူ ၄၇ ယောက်လို့ဆိုပြီး အချို့ကတော့ ဒဏ်ရာရသူ ၆၅ ယောက်နဲ့ သေဆုံးသူ ၅၄ ယောက်လို့ ဆိုကြပါတယ်။ ကြေးမုံသတင်းထောက် ကိုခင်ကြိုင်(အာဇာနည်ကုန်းဗုံပေါက်ရာမှာ ကွယ်လွန်သွားသူ သတင်းထောက်) ကတော့ သေဆုံးသူဟာ အနည်းဆုံး ၇၀ ဝန်း ကျင်ရှိမယ်လို့ သူမသေမီ မြေနီကုန်းစာအုပ်တန်းမှာဆုံစဉ်က ပြောခဲ့ဖူးပါတယ်။ NLD ရဲ့ နာယကလည်းဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်းဦးတင်ဦးကတော့ မဇ္ဈိမသတင်းဌာနနဲ့အင်တာဗျူးတခုမှာ “ မမှန်ကန်တဲ့အကြောင်းတွေကြေညာချက်ထုတ်တာတော့ရှိတယ်။ သေဆုံးသူကျောင်းသာတွေ ဘယ်နှယောက်လဲ သေချာမသိဘူး။ ကျနော် ရန်ကုန်မှာရှိနေတယ်။ အမြားအပြားသေတာပဲ” လို့ ပြောတယ်။

     " မိုးကြိုးသတင်းစာ ” တိုက်မှာတော့ “ အခုထိ ဒို့ရတဲ့သတင်းကတော့ ဒဏ်ရာရသူ ၆၀ ကျော်၊ သေသူ ၄၁ ယောက်လို့သိရတယ်။ သတင်းစာတိုက်တွေကို ဖုန်းဆက်ကြည့်တော့ တတိုက်နဲ့တတိုက် မတူကြပေမယ့်သူတို့ရတဲ့သတင်းလည်း ဒို့ရတဲ့ဦးရေ(Figure)လောက်ပဲရှိကြတယ်” လို့ ထိုစဉ်က မိုးကြိုးသတင်းစာအယ်ဒီတာ ကိုခင်မောင်လေး (ဖိုးသောကြာ)ရဲ့ပြောစကားကို ကိုတင်မောင်ဝင်းက သူ့ရဲ့ “နိုင်ငံရေးသမားနဲ့နိုင်ငံရေး” ဆိုတဲ့စာအုပ်မှာ အဲ့လိုရေးသားခဲ့ပါတယ်။
     အဲ့ဒီအချိန်က ထုတ်ဝေကြတဲ့သတင်းစာအသီးသီးက သေဆုံးကျောင်း သားစာရင်ဖေါ်ပြကြရာမှာ တူနေကြတာ ဘာကြောင့်လဲဆိုတာကိုတော့ ကိုတင်မောင်ဝင်းရေးထားကိုပဲ ထုတ်ပြချင်တယ်။ သူတို့ စကားထိုင်ပြောနေချိန်ဖုန်းမြည်လာပြီး အယ်ဒီတာချုပ်ရှိရင် စကားပြောချင်တယ်’ ဆိုလို့ ကိုခင်မောင်လေးက တယ်လီဖုန်းနားထောင်လိုက်တယ်။ ပြီးတာနဲ့ ဖုန်းကိုချထားရင်း ကိုခင်မောင်လေးက ...

“ငါ့လခွေးထဲမှပဲ။ ဒို့ရတဲ့သတင်း တခုမှထည့်လို့မရတော့သူး။ အခုဖုန်းဆက်တာ ပြန်ကြားရေးဌာနက ဂျာနယ်ကျေ ာ်ဦးစောဦးပဲ။ သူတို့အစိုးရအနေနဲ့အတိအကျစာရင်းကို ထုတ်ပြန်ပါ့မယ်တဲ့။ တယောက်တမျိုးဆီရှောက်ရေးနေရင် ပြည်သူတွေထင်ယောင်ထင်မှားဖြစ်မှာမို့၊ မထည့်ပါနဲ့လို့ တရားဝင်တားမြစ်တယ်။ များ မကြာမီ အထူးစာပို့သမားနဲ့သတင်းစာတိုက်တွေကိုပို့ပေးမယ်လို့ပြောတယ်။” လို့ ကိုခင်မောင်လေးပြောစကားကို ပြန်ရေးပြထားတာ။
     ည ၈ နာရီလောက်စာပို့သမားလာပို့တဲ့စာရင်းက“အစိုးရက တရားဝင်ထုတ်ပြန်သည့် တရားဝင်စာရင်းမှာ (၁၇) ဦးသာဖြစ်တော့သည်” လို့ဆိုပါတယ်။ အဲ့ဒီအချိန်ကတည်းက ဗမာပြည်မှာ သတင်းစာလွတ်လပ်ခွင့်ဆုံး ရှုံးခဲ့တာ။ အဲ့ဒီထုတ်ပြန်ချက်ကို သတင်းစာအားလုံးက မကျေနပ်ကြဘူး။ ဒီမှာပိုပြည့်စုံသွားအောင် ထောက်ကြံ့ရာဘာတော ထဲမှာ မြှုပ်နှံခြင်းခံရသူတွေအကြောင်းကို အနည်းငယ်ပြောချင်တယ်။
      စစ်တပ်ရဲ့ ၁၁ ရက်နေ့သတင်းစာရှင်းပွဲမှာ ပျောက်ဆုံးကျောင်းသား ၄၀ ကျော်ရှိတယ်လို့ပြောခဲ့တာ ရှိပါတယ်။ အဲ့ဒီ ၄၀ ကျော်ဘယ်ရောက်သွားသလဲ။ ဒါနဲ့ပတ်သက်မယ်ထင်တဲ့မှတ်တမ်းတခုကို မထင်မှတ်ဘဲ ဖတ်လိုက်ရတယ်။ မှတ်တမ်းရေးတာက ဇာနည်မောင်ပါ။ အဲ့ဒီမှတ်တမ်းကို ထောက်ကြံ့ ရာဘာတောထဲ အလောင်းဖျောက်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီးတယောက်ရဲ့ပြောပြချက်ကို ပြန်လည်မှတ်တမ်းတင်ပေးထားတာပါ။ အဲ့ဒီမှတ်တမ်းထဲက အချို့ကို ပြန်လည်ဖေါ်လိုက်ပါတယ်။ 
     ပြန်ပြောပြတဲ့တပ်ကြပ်ကြီးနာမည်က ‘မောင်သောင်း’ လို့ခေါ်ပါတယ်။ သူ့ကိုတပ်ထဲမှာတော့ “သွားခေါမောင် သောင်း” လို့ခေါ်ကြတယ်။ သူက မော်တော်ယာဉ်ဌာနက တပ်ကြပ်ကြီးပါ။ မှတ်တမ်းပြုရေးသားသူနဲ့ကိုသောင်းတို့ဟာ ကိုသောင်းတပ်ထဲရောက်ကတည်းက သိခဲ့ကြတယ်။ ကိုသောင်းက သူ့ဘကြီး ဖဆပလဝန်ကြီးဟောင်းဦး ကျော်မြင့်လေးရဲ့လုံခြုံ ရေးတာဝန်ထမ်းခဲ့ဖူးသူလည်း ဖြစ်တယ်။ ကိုသောင်းသားနဲ့မှတ်တမ်ရေးသူတို့ဟာ ငယ်စဉ် ကတည်းက အတူတူဆော့ကစားရင်း ခင်မင်ရင်းနှီးခဲ့သူတွေ။
     သူနဲ့ကိုသောင်းတို့ ၁၉၆၂ အရေးတော်ပုံကြီးပြီးကတည်းက မတွေ့ခဲ့ကြဘူး၊ ကွဲကွာသွားတာအတော်ကြာပြီ။ ၁၉၈၃ ရောက်မှ မထင်မှတ်ဘဲ ရန်ကုန်မြို့လယ်မှာ ပြန်ဆုံခဲ့ကြတာ။ အဲ့လိုဆုံချိန်က ကိုသောင်းတပ်ကထွက်တဲ့အကြောင်းရောက်သွားတော့မှ ကိုသောင်းက သူတပ်ကထွက်တဲ့အကြောင်းပြန်ပြောတာက ...
     “ဂျူလိုင် ၇ ရက်ညက ဦးလေးတို့စစ်ကားတွေ တက္ကသိုလ်ဝင်းထဲရောက်တော့ ပစ်တာတွေမရှိတော့ဘူး။ အမိန့်အတိုင်း လဲနေတဲ့ကျောင် းသားတွေနဲ့ရော၊ သေသူတွေပါအကုန်ကောက်တင်ရင်း မင်္ဂလာဒုံဘက်မောင်းသွားကြရတယ်။ မော်တော်ယာဉ်တပ်က ရဲဘော်အားလုံးက စစ်ဆေးရုံပို့တာလို့ပဲ ထင်ခဲ့ကြတယ်။ စစ်ဆေးရုံကြီးရှေ့က ဖြတ်မောင်းသွားပြီး ထောက်ကြံ့ရာဘာတောထဲရောက်သွားတယ်။ အဲ့ဒီတောထဲမှာ ကားပေါ်မှာ ပါလာကြသူတွေ မထနိုင်သူတွေရော သေနေသူတွေရော အားလုံးကိုဆွဲချပြီး အသင့်တူထားတဲ့တွင်းကြီးထဲ သွန်ချတယ်။ အချို့က မသေသေးလို့ ဆေးရုံပို့ပေးပါလို့ တစာစာအော်ပြီးအကူညီတောင်းတယ်။ ဦးလေးက မသေသေးတဲ့သူတွေကို ဆေးရုံပို့ဖို့ပြောတယ်။ ဦးလေးဘယ်လိုပြောပြောမရဘူးကွာ။ အဲ့ဒီဗိုလ်ကြီးက အသေဟောက်တာပဲ။ အဲ့ဒီနောက်တော့ ဦးလေးလည်း အလုပ်ကထွက်လိုက်တယ်” လို့ ဆိုတယ်။၁၉၈၃ အထိကတော့သွားခေါမောင်သောင်းခေါ် တပ်ကြပ်ကြီး မောင်သောင်းဟာ ရွှေညောင်ရှိ ‘ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစခန်း ’ ရဲ့အကြီးအကဲအဖြစ် နှုတ်ပိတ်ခံရာထူးတခုနဲ့ ဘဝအခြေကျနေဟန်ရှိပါတယ်။

ဒါတွေကိုချုပ်ကြည့်ရင် ဗိုလ်အောင်ကြီးက ၁၃/၁၄ ယောက်။ တရားဝင်ထုတ်ပြန်တာက ၁၇ ယောက်။

အဆောင် မှူးဒေါက်တာခင်မောင်ဝင်းသက်သေခံချက်မှာတော့ မန္တလေးဆောင်တခုတည်းကပင် ၁၆ ယောက်သေဆုံးခဲ့တယ်။ မျက်မြင်လူထုခန့်မှန်းချက်က ၈၀/၁၀၀ ကျော်။ သတင်းစာဆရာအများစုက ၆၀ ကျော်လိုခန်းမှန်းပါတယ်။ ကြားချခန့်မှန်းရရင် အနည်းဆုံးကျောင်းသား ၇၀ ကျော် အသတ်ခံရတယ်လို့ ကောက် ချက်ချချင်ပါတယ်။ ထောက်ကြံ့ရာဘာတောမှာ အလောင်းဖျောက်ခံခဲ့ရသူတွေနဲ့ပေါင်းလိုက်ရင် သေဆုံးသူရာကျော်ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။ အခုဖေါ်ပြခဲ့တာတွေဟာ ၁၉၆၂ ဂျူလိုင် ၇ ရက်နေ့မှာဖြစ်ပျက်ခဲ့တာတွေကို ဗိုလ်အောင်ကြီးရဲ့ရှင်းတမ်းအပေါ်အခြေခံပြီး လေ့လာသုံးသပ် ကြည့်ခြင်းဖြစ်ပါတယ်။

ဗိုလ်မှူးကြီးသန်းစိန်ကိစ္စ 

     ဂျူလိုင်၇ ရက်နေ့ ကျောင်းသားအစုလိုက်အပြုံလိုက် လူသတ်ပွဲနဲ့ သမဂ္ဂအဆောက်အုံကြီးဖြိုဖျက်ပြီးတဲ့နေ့ရဲ့ နောက်နေ့ဂျူလိုင် ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဗိုလ်မှူးကြီးသန်းစိန်နဲ့ပတ်သက်တဲ့ ဖြေရှင်းချက်တခု ပါလာခဲ့ပါတယ်။ သတင်းစာအတိုင်းဖေါ်ပြရရင် “စနေနေ့ကဖြစ်ပွားသော ရန်ကုန်တက္ကသိုလ် ကျောင်းသားအဓိကရုဏ်းဖြစ်ပွားစဉ်က ဗိုလ်မှူးကြီးသန်းစိန်က ကျောင်းသားတို့အား အသံချဲ့စက်ဖြင့် ဆူပူမှုရပ် ဆိုင်းရန်၊ မရပါက သေနတ်နှင့်ပစ်ရမည်ဟုပြောဆိုသောသတင်းမှာ မဟုတ်မမှန်ကြောင်း။ အခင်းဖြစ်ပွားရာဒေသသို့ စောစောပိုင်းက အခြေနေကြည့်ရှုရန် ရောက်ရှိလာသော်လည်း အခင်းဖြစ်ပွားချိန်တွင် ဗိုလ်မှူးကြီးသန်းစိန် ထိုဒေသ၌မရှိဟု သိရှိရ၏ ” လို့ ရေးသားခဲ့ပါတယ်။ ပစ်မိန့်ပေးသူမှာ သူမဟုတ်ကြောင်း ငြင်းပယ်လိုက်ဟန်ပါပဲ။

     ဒါပေမယ့် ဗိုလ်အောင်ကြီးရဲ့ ၁၉၈၈ ခုနှစ် မေလ ၉ ရက်နေ့မှာထုတ်ဝေခဲ့တဲ့ ရှင်းတမ်းမှာတော့ “ တကယ်ပစ်မိန့်ပေးတဲ့စာယူလာပြီး မရမ်းကုန်းကိုပေးလာသူဟာ ဗိုလ်သန်းစိန်ပါ။ သတင်းစာထဲမှာ နောက်နေ့အငြင်းခိုင်းတဲ့အကြောင်းကတော့ သူ့ကို ကလေးတွေရန်ရှာမှာစိုးလို့ပါ” လို့ ရေးထားပါတယ်။ ‘ ကလေးတွေရန်ရှာမှာစိုးလို့ပါ ’ ဆိုတဲ့ အကြောင်း ပြချက်က ယုတ္တိမရှိပေမယ့် ဂျူလိုင် ၇ ရက်နေ့မှာ ပစ်သတ်ခွင့်အမိန့်ကို ဗိုလ်စိန်လွင်ထံပေးဖတ်ပြီး အ ခြားစစ်ဗိုလ်တွေကိုပါပေးဖတ်စေခဲ့သူဟာ ဗိုလ်သန်းစိန်ဆိုတာသေချာနေပါတယ်။ 
ဒါပေမယ့် သတင်းစာမှာက ဇူလိုင် ၁၁ ရက်နေ့ကြမှပါရှိတာပါ။ သူ့စာမှာတော့ စနေနေ့လို့ရည်ညွှန်းထားတဲ့အတွက် ဂျူလိုင် ၇ ရက်နေ့ သမဂ္ဂရင် ပြင်ရှေ့က အစုလိုက်အပြုံလိုက်သတ်မှုကို ရည်ညွှန်းရှောင်လွဲထားတဲ့သဘောပါပဲ။ ဗိုလ်သန်းစိန်ကို အဲ့ဒီကာလမှာ အကာကွယ်ပေးခဲ့ပေမယ့် ဗိုလ်သန်းစိန်ကိုယ်တိုင်က ၁၉၇၇ ခုနှစ်မှာ မေမြို့ရှိ တပ်အသီးသီးနဲ့ မန္တလေးနန်တွင်းတိုင်းတပ်မှူးအသီးသီးကို ဂျူလိုင်လကျောင်းသားအရေးအခင်းနဲ့သမဂ္ဂဖြိုတာဟာ ဗိုလ်အောင်ကြီးရဲ့စီမံခန့်ခွဲမှု’ ဆိုပြီးရှင်းပြလိုက်တာကြောင့် ဗိုလ်အောင်ကြီးက ပုတ်သင်ဥတူး လိုက်တဲ့သဘောပါပဲ။ ဗိုလ်အောင်ကြီးရဲ့ ရှင်းလင်းချက်အရဆိုရင် ဗိုလ်သန်းစိန်ဟာလည်း ၇ ရက်နေ့ အစုအပြုံလိုက်ပစ်သတ်မှုမှာ တရားခံတဦး ဖြစ်လာခဲ့တာပါပဲ။

     ဗိုလ်နေဝင်း၊ ဗိုလ်သန်းစိန်နဲ့ ဗိုလ်အောင်ကြီးတို့ကြားက ဆက်နွယ်နေမှုဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဗိုလ်နေဝင်း အာဏာသိမ်းတော့မယ်လို့ကြိုတင်ကြံစည်ချိန်ကစပြီး ဗိုလ်အောင်ကြီးနဲ့ဗိုလ်နေဝင်းကြား ဆက်သွယ်ပေးရသူက ဗိုလ်သန်းစိန်ဖြစ်ကြောင်းကို ဖွင့်ဟခဲ့တာလည်းရှိပါတယ်။ ဗိုလ်အောင်ကြီးက..
     “တနေ့ ဗိုလ်နေဝင်းက အစည်းအဝေးတက်ဖို့ခေါ်လို့ ကိုယ်သွားတက်တယ်။ အဲ့ဒီမှာဗိုလ်ချုပ်က အာဏာ သိမ်း ဖို့အစီစဉ်ကိုထုတ်ဖေါ်ပြောပြပါတယ်။ အဲ့ဒီတကြိမ်တက်ပြီးနောက် အစည်အဝေးမတက်တော့ဘူး။ ဒီတော့ဗိုလ်မှူးကြီးသန်းစိန်ကို ဗိုလ်ချုပ်ကတာဝန်ပေးတယ်။ အဲ့ဒီအာဏာ သိမ်းအစီစဉ်တွေ ဘယ်အခြေနေရောက်နေပြီဆိုတာကို ဗိုလ်အောင်ကြီးဆီအမြဲသတင်းပို့ဖို့မှာထားတယ်။ မှာထားတဲ့အတိုင်းဗိုလ်သန်းစိန်လာလာပြီးပြောပါတယ်”။ ဒီအကြောင်းကိုတော့ ကိုတင်မောင်ဝင်းကို ဗိုလ်အောင်ကြီးကိုယ်တိုင် တိုက်ရိုက်ဖွင့်ပြောခဲ့တာ။ ဒီအချက်တွေအရ ဗိုလ်သန်းစိန်ဟာ အာဏာသိမ်း ရာမှာလည်းအတွင်းစည်းမှာရှိခဲ့သလိုဂျူလိုင်၇ ရက်နေ့အရေးတော်ပုံဖြိုခွဲနှိမ်နင်းဖျက် စီးရေးမှာလည်းအတွင်းစည်းက ပါဝင်နေတယ်လို့ယူဆကြရမှာဖြစ်တယ်။
     
သုံးသပ်စိတ်ဖြာကြည့်ရင် (၁) ဂျူလိုင် ၇ ရက်နေ့မဖြစ်မီကတည်းက အသံလွှင့်ရုံမှာ “စစ်ဆင်ရေးဌာနချုပ်” ဖွင့်ထားတာကိုကြည့်ခြင့်ဖြင့် တော်လှန်ရေးကောင်စီအဖွဲ့ဟာ ကျောင်းသားများကို ပစ်သတ်ဖို့ကြိုတင်ကြံရွယ် ချက်နဲ့ပစ်သတ်တာလို့ဆိုနိုင်ပါတယ်။ (၂) အရေးတော်ပုံ၊အဓိက ရုဏ်းတခုကိုနှိမ်နင်းဖြိုခွဲရာမှာ အရပ်ဘက်အုပ် ချုပ်ရေးကို စစ်ဘက်က အထောက်အကူပေးရာတွင် AID to civil power ကျင့်ထုံးကိုကျော်လွန်လုပ်ဆောင်ခဲ့တာ ကိုတွေ့ရတယ်။ ဒါဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ (၃) တော်လှန်ရေးကောင်စီက တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူစာရင်းထက် သေဆုံးသူဟာ ၆ ဆ ၇ ဆ လောက်ရှိတယ်လို့ဆိုပါတယ်။ ဒီတော့ ဂျူလိုင် ၇ ရက်နေ့ကျောင်း သားသတ်ပွဲဟာ အစုလိုက်အပြုံလိုက်သတ်မှု ရာဇဝတ်မှုလည်းမြောက်ပါတယ်။ 

ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့အရေးတော်ပုံနဲ့ပတ်သက်ပြီး ဗိုလ်အောင်ကြီးရှင်းတမ်းမှာ “ဤကိစ္စမှာ လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ၏လုံးဝတာဝန်ဖြစ်သည်ဟု ယူဆပါကြောင်း” လို့ဆိုပြီး ဗိုလ်နေဝင်းကို တရားခံအဖြစ် ဗိုလ်နေဝင်းပြောစကားကို ဖေါ်ထုတ်ပြီးမှ ပြန်လည်အကာကွယ်ပေးထားတာကိုတွေ့ရတယ်။ တကယ်တော့ ကျောင်းသားသတ်ချင်စိတ်နဲ့သွေးဆာနေတဲ့ ဗိုလ်နေဝင်းရဲ့လိုအင်ကို ဖြည့်ဆည်းပေးလိုက်ကြတဲ့သဘောပါ။
 “ စေခိုင်းသူက ဗိုလ်နေဝင်း၊ အမိန့်ပေးသူကဗိုလ်ကျော်စိုး၊ အမိန့်ကိုဦးထိပ်ရွက်ဆင်လာသူက ဗိုလ်သန်းစိန်၊ ပစ်ခတ်သတ်ဖြတ်သူက ဗိုလ်စိန်လွင်၊ ကြံဖေါ်ကြံဖက်ဤ ငါးဦးအနက်မှ ငမိုက်သားအောင်ကြီးလေ၊ နင်ချည်းပင်သေပေရော့ ” လုပ်တာကိုမခံနိုင်လို့ အခုလို ပုတ်သင်ဥများကို တူးဖေါ်ပြလိုက်သဘောပင် ဖြစ်ပါတယ်။ ဖေါ်ပြပါစစ်ဗိုလ်များဟာ ဂျူလိုင် ၇ ရက်နေ့ရဲ့အစုအပြုံလိုက်စစ်ရာဇဝတ်မှုကျူးလွန်သူတွေပဲဖြစ်တယ်လို့ ကောက်ချက် ချနိုင်ပါတယ်။ 

* နိဂုံးပိုင်း ဇူလိုင် ၇ ရက်နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်။
မိုးမခ
* ဓာတ်ပုံများ ဂူဂယ်မှ ကူးယူဖော်ပြထားပါသည်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar