သားကြီးမောင်ဇေယျ - မြစ်ဧရာအရေး ကြောက်ကြောက်နဲ့ တွေး
ကာတွန်းစောငို၏ ၂၀၁၂ တုန်းက ကာတွန်း |
သားကြီးမောင်ဇေယျ - မြစ်ဧရာအရေး ကြောက်ကြောက်နဲ့ တွေး
(မိုးမခ) မေ ၂၊ ၂၀၁၉
ဒီဗီဘီဝက်ဆိုက်ကနေ ကူးယူဖော်ပြပါတယ်
ဧပြီရဲ့ ပူပြင်းတဲ့ အပူရှိန်အောက်က ပြန်လာတဲ့ သတင်းထောက်တချို့ ငြင်းခုန်နေသံ ကြားရပါတယ်။ အကြောင်းကတော့ ဧရာဝတီအရေးပါပဲ။
တယောက်က ခိုးတဲ့လူတွေက ခိုးသွားကြပြီ၊ အခု သူတို့တသက် စားမကုန်အောင် ချမ်းသာနေကြတယ်။ သူတို့ခိုးသွားတဲ့ ငါတို့ဧရာဝတီကို ငါတို့ချွေးနှဲစာနဲ့ ပြန်ရွေးရမယ်ဆိုတော့ ငါတို့ကိုယ်တိုင် သူခိုးအားပေးတွေ ဖြစ်သွားမှာပေါ့။ သူတို့ကို ခိုးမှုနဲ့ အရင်အရေးယူ၊ ခိုးရာပါ စည်းစိမ်တွေကို ပြန်သိမ်းပြီး သူတို့ကို ပြန်လျော်ခိုင်းသင့်တယ်လို့ ဆိုပါတယ်။
တယောက်က ငါတို့က ပြန်ရွေးမယ်ဆိုရင် သူတို့က လက်ခံမှာလား။ စာချုပ်ထဲမှာ ဘာတွေပါလဲ။ ငါတို့မသိရဘဲ ပြန်ရွေးဖို့ ပြောမနေနဲ့တဲ့။
နောက်တယောက်က အရင်အစိုးရက လုပ်ချင်သလို လုပ်ခဲ့တာကို ငါတို့အပေါ် အပြစ်ပုံချတာပဲ၊ လက်မခံသင့်ဘူး ဆန့်ကျင်သင့်တယ်တဲ့။
စတဲ့ မကျေနပ်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။
သူတို့မှာ စိုးရိမ်စိတ်တွေနဲ့အတူ မခံချင်စိတ်နဲ့ ဒေါသစိတ်တွေပါ လွှမ်းမိုးနေတာ သိသာပါတယ်။
သူတို့ ဘာကိုစိုးရိမ်နေကြတာလဲ။
ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြတာပါ။
ဧရာဝတီမြစ်ကြီး ဘာကြောင့် ဘယ်လို ပျောက်ကွယ်သွားမှာလဲ။
ဧရာဝတီမြစ်ပေါ်မှာ ဧရာမဆည်ကြီး ဆောက်လိုက်ရင် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားမယ်ဆိုတာ သိနေလို့ပါ။ နောက်ဆက်တွဲ တနိုင်ငံလုံး သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်။ သဘာဝဘေးတွေ ရင်ဆိုင်ရမယ်။ နောက်ဆုံး တနိုင်ငံလုံး ပျက်စီးသွားမယ်။
ဒီလိုဆို ဘာကြောင့် ဧရာဝတီမြစ်ပေါ်မှာ ဆည်ကြီး ဆောက်ရတာလဲ။ ရေအားလျှပ်စစ်ထုတ်ပြီး တရုတ်နိုင်ငံကို ရောင်းဖို့ပါ။
လျှပ်စစ်ဓာတ်အား ရောင်းရငွေနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်လို့မရဘူးလား၊
မြန်မာနိုင်ငံက ၅ ရာခိုင်နှုန်းပဲ ရမှာပါ။ နိုင်ငံထူထောင်ရေးအတွက် ဘာမှလုပ်မရပါဘူး။
ဒါဆို ဒီလောက် အကျိုးအမြတ်နည်းနည်းနဲ့ ဘာကြောင့် ရောင်းရတာလဲ။
ဟုတ်ကဲ့ မေးသင့်တဲ့မေးခွန်းပါပဲ။
ဘယ်သူတွေ များများအကျိုးရှိမှာလဲ။
ဟုတ်ကဲ့ အလွန်ကောင်းတဲ့ မေးခွန်းပါ။
ပွင့်လင်းမြင်သာမှုရှိသလား။
လူထုကို အသိပေးတာ၊ ချပြတာ ခုထက်ထိ မရှိသေးပါဘူး။
အဲဒီလို မေးခွန်းတွေ အဖြေတွေနဲ့ အတွေးတွေ ဆက်တိုက်ပေါ်လာတော့ ပြည်သူတွေ စိုးရိမ်စိတ်ပေါ်လာတာပေါ့။
အဲဒီကတဆင့် ဒေါသတွေ မခံချင်စိတ်တွေ ဖြစ်လာပါရော။
ဘယ်သူတွေခိုးတာလဲ။ သူခိုးတွေကို ဘာကြောင့် အရေးမယူတာလဲတဲ့။
၆၆(ဃ)၊ ၅၀၅(ခ)၊ စတဲ့ပုဒ်မတွေကလည်း ခုတလော အသံတွေ ဟိန်းနေတော့ ဘယ်သူတွေခိုးတယ်ဆိုတာ ဘယ်ပြောရဲပါ့မလဲ။ ကိုယ့်ကို အရေးမယူအောင် မနည်းသတိထားနေရတာမို့ သူတို့ကို အရေးယူဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။
ဒီလို တယောက်ကိုတယောက် အပြစ်ဖို့နေရုံနဲ့ ဧရာဝတီကို ငါတို့ပြန်ရမှာလား။
မရဘူးဆိုရင် အခြားလမ်းကြောင်းကနေ ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ ရလဒ်ကောင်းရဖို့ပေါ့။
အဲဒီလမ်းကြောင်းက ဧရာဝတီကို လျော်ကြေးပေး ရွေးတဲ့နည်းပါ။
ဘယ်သူက ရွေးပေးမှာလဲ။
ပြည်သူကပဲ ရွေးပေးမယ်။ ပြည်သူကို ပြည်သူကပဲ ကယ်တင်ရမယ်။ (ဘယ်သူမှ လာမကယ်ဘူးဆိုတာ သိလို့ ကိုယ်ဘာသာကိုယ် အားပေးတယ်လို့ ယူဆရင်လည်း ရပါတယ်ဗျာ)
ရွေးဖို့ငွေကရော ဘယ်ကရမလဲ။
ပြည်သူတွေ တယောက်တဒေါ်လာ စုလှူမှာပေါ့။ (ပြည်သူတိုင်း ဧရာဝတီအလှူရှင်၊ အလှူ့အစ်မကြီးပေါ့)
ဒီလိုဆို ဘာဖြစ်လာမလဲ။
ပြည်သူအတော်များများ ထည့်ဝင်နိုင်တဲ့ ငွေပမာဏဖြစ်တယ်။ အဲဒါကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေ တနိုင်တပိုင် ပါဝင်နိုင်မယ်။
ရလာတဲ့ ငွေပမာဏဟာ ပြည်သူတွေရဲ့ စုစည်းမှုကို ပြလိုက်တာပဲ။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ဆိုးမွေ ကောင်းမွေကို ပြည်သူတွေ တာဝန်ခံနိုင်တယ်ဆိုတာ ပြောလိုက်တာပဲ။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်မှာ မြန်မာပြည်သူတွေရဲ့ သည်းခံနိုင်မှု၊ တာဝန်သိမှု၊ အမြော်အမြင် ရှိမှုတွေကို ဒီလုပ်ရပ်နဲ့ သက်သေထူနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။
တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးလည်း မပျက်၊ ရှေ့ဆက်ရမယ့် ခရီးမှာလည်း ယုံယုံကြည်ကြည် ရွှေလက်တွဲလို့ပေါ့။
နေပူ လေပူမှာ စိတ်ကူးတွေ ဟိုရောက်ဒီရောက် တယောက်တည်း အတွေးနယ်ချဲ့လို့။ ကေျနာ် တဒေါ်လာထည့်မယ်။ ဆုံးဖြတ်လိုက်ပြီ။ သူငယ်ချင်းတယောက်ဆီ ဖုန်းဆက်။ ကိုယ့်ဆုံးဖြတ်ချက်ကို ပြောပြ။ သူကလည်း အားရဝမ်းသာ လက်ခံ။
နောက်ထပ် အားရဝမ်းသာ အကြံတခု ထပ်ပေးသေးတယ်။ သူခိုးတွေ ပြန်မလာရေး ဧရာဝတီကို ကယ်တင်ပေးလို့ ကြွေးကြော်လိုက်ရင် ဧရာဝတီပြန်ရွေးဖို့ငွေထက် အများကြီး ပိုရနိုင်မယ်တဲ့ဗျာ။
သူ့အကြံက ကျနော့်စိတ်ကူးနဲ့ ဘာမှ မဆိုင်ဘူးနော်။
မီဒီယာလွတ်လပ်ခွင့် ကျဆင်းနေလို့ ကြောက်နေပါတယ်ဆိုမှ သူက တမျိုး။
သားကြီးမောင်ဇေယျ