Breaking News

သိမ်းဆည်းခံမြေ ဖြေရှင်းရေး စိစစ်မှုအဆင့်များအကြောင်း ဦးဘမျိုးသိန်း ဖြေကြားချက်


သိမ်းဆည်းခံမြေ ဖြေရှင်းရေး စိစစ်မှုအဆင့်များအကြောင်း ဦးဘမျိုးသိန်း ဖြေကြားချက်

ဟန်သစ်နိုင်။ (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၉

ခေတ်အဆက်ဆက်တွင် လယ်ယာမြေနှင့်အခြားမြေများကို သက်ဆိုင်ရာမှ စီမံကိန်းအရဆိုပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့များတိုးချဲ့ရာတွင် တပ်မြေအဖြစ်သိမ်းဆည်းခြင်း၊ မြို့ပြများတိုးချဲ့တည်ဆောက်ရာနှင့် စက်မှုဇုန် များတည်ဆောက်ရေးအတွက်သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး မွေးမြူရေးစီမံကိန်းများဆောင်ရွက် ရန် ပုဂ္ဂလိက ကုမ္မဏီများသို့ မြေနေရာချပေးခြင်းတို့ကို ဆောင်ရွက်လေ့ရှိသည်။

နိုင်ငံတော်စီမံကိန်းဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်း များတိုး ချဲ့တည်ဆောက်ခြင်း၊ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းများလည်း တိုး၍ ဖြစ်ပေါ်လာနေသည်။

 မြေများသိမ်းဆည်းရာတွင် လိုအပ်သည်ထက်ပိုမိုသိမ်းဆည်းထားခြင်း၊ အတင်းအဓမ္မ မြေစွန့် လွှတ်ရန် လက်မှတ်ရေးထိုးစေခြင်း၊ အိမ်ရာများဖျက်သိမ်းခြင်းခံရသော်လည်း တစ်စုံတစ်ရာနစ်နာကြေး မရှိခြင်း၊ မူလမြေပိုင်ရှင်များနှင့် သဘောတူလက်ခံရယူမှု မရှိထားခဲ့ကြခြင်း စသည့်အရေးကိစ္စများကို လူထုက ပိုမို သိရှိလာကြသည်။

ယခုအခါတွင် လယ်မြေနှင့် အခြား မြေများ သိမ်းဆည်းခံခဲ့ရမှုများအတွက် ၁၉၈၈ခုနှစ်နောက်ပိုင်း သိမ်းဆည်းမြေများကို ပြန်လည်ဖြေရှင်း ပေးသွားမည်၊  မိမိပိုင်လယ်မြေများကို ပြန်လည်တင်ပြလျှောက်ထားကြပါဟု အစိုးရမှ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 

သို့သော်လည်း မူလမြေပိုင်ရှင်များက လျှောက်ထားကြသော်လည်း တိုင်းဒေသကြီးမှ အမှုတွဲပိတ်သိမ်းစာမျာ းထွက်ပေါ်လာခြင်း၊ ကြန့်ကြာမှုများရှိနေသည့်အကြောင်းများနှင့် မြေပိုင်ရှင်များမှ မည်သို့မည်ပုံဆက်လက် လုပ်ဆောင်ရမည်များကို မေးမြန်း စုံစမ်းမှုများ တိုး၍ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ - အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးဘမျိုးသိန်းက မိုးမခသို့ ဖြေကြားထားပါသည်။

မေး။ ။ သိမ်းဆည်းခံခဲ့ရတဲ့မြေတွေကို ပြန်လည်တင်ပြလျှောက်ထားတဲ့အပေါ် အမှုတွဲများပိတ်သိမ်းစာများ နဲ့ပတ်သက်ပြီး ဆရာအနေနဲ့ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အချို့အမှုတွဲတွေပိတ်သိမ်းတာတွေ ပိတ်သိမ်းတယ်ဆိုတဲ့ကိစ္စတွေကျတော့ ဥပဒေနဲ့အညီဆောင် ရွက်ပေးဖို့ လိုအပ်တာတွေရှိနိုင်တယ်၊ အမှုတွဲပိတ်သိမ်းဖို့ ယူဆတာတွေလဲရှိတယ်၊ ဒီအမှုတွဲတွေပိတ်သိမ်း တယ်ဆိုတဲ့ ကိစ္စမှာ အရေးကြီးတဲ့နောက်တစ်ချက်က ဘာရှိလဲဆိုတော့ မြေသိမ်းတဲ့အမှုတွဲတွေဆိုတဲ့ကိစ္စ ရပ်တွေဟာ သိမ်းဆည်းမြေတွေဖြစ်တယ်၊ သိမ်းဆည်းခံရတဲ့မြေဖြစ်တဲ့အတွက်ကြောင့် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကသာ လယ်ယာမြေကိစ္စဖြစ်တယ်၊ ဒါမျိုးကို တချို့အမှု တွဲတွေမှာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကနေ စစ်ဆေးရမယ့်အမှုတွဲဆိုပြီး သတ်မှတ်ပြီး ပိတ်သိမ်းတာရှိတယ်၊ ဒါမျိုးတွေ ကလဲရှိတတ်တယ်၊ အဲဒါလဲအရေးကြီးတယ်ပေါ့၊ အရေးကြီးတဲ့အချက်ထဲမှာ မြေပြန်စစ်မယ့် စစ်ဆေး ရမယ့် ကိစ္စဟာ သိမ်းဆည်းမြေနှင့်ပတ်သက်လို့ ပြန်စစ်ပေါ့ - ပြန်စစ်ဆေးရမယ်၊ လယ်ယာမြေခန့်ခွဲရေး အဖွဲ့နဲ့ပဲ စစ်ဆေးရမယ်ဆိုတဲ့အခါကျတော့ လယ်ယာမြေပိုင်ဆိုင်မှု လုပ်ပိုင်ခွင့်နဲပတ်သက်တဲ့ကိစ္စ အငြင်းပွားမှုတွေကို လယ်ယာမြေခန့်ခွဲရေးအဖွဲ့ကစစ်ဆေးရမယ်၊ သိမ်းဆည်းခံတဲ့ မြေတွေဆိုလို့ရှိရင် မြေသိမ်းဥပဒေနဲ့အညီ မြေသိမ်းမူဝါဒနဲ့အညီ ပြန်လည်စိစစ်ရမယ်၊ ဒါမျိုးတွေလှည့်ပြီး လုပ်တတ်တာတွေလဲရှိတယ်၊ အဲဒါတွေကြောင့် အမှုတွဲပိတ်သိမ်းတာတွေရှိတယ်၊

မေး။ ။ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ဘယ်ခုနှစ် လောက်မှာစဖွဲ့ပြီး အသိမ်းခံလယ်မြေများပြန်စစ်ဆေးရာတွင် လယ်မြေပြန်လည်စိစစ်ရေးအဖွဲ့တွေမှာ ဘယ်သူတွေပါဝင်ပြီး ဘယ်လို ညွှန်ကြားချက်မှုမျိုးတွေရှိထားပါသလဲဆရာ။


ဖြေ။ ။ မြေသိမ်းမှုတွေစစ်တဲ့အထဲမှာ တောင်သူလယ်သမားကိုယ်စားလှယ်ဆိုပြီးတော့ ထည့်ပေးထားတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၂ဦး(သို့မဟုတ်)၃ဦး ထည့်ပေးထားတယ်၊ စိစစ်ရးအဖွဲ့မှာထည့်ပေးထားတယ်၊ ပါကို ပါရတယ်၊ ပါရတဲ့ဆိုတဲ့အခါကျတော့ သူတို့ကိုယ်တိုင်သိဖို့လိုတာပေါ့၊ အဲဒါဘယ်တုန်းကမှ ပြန်ထည့်ပေးသလဲ ဆိုတော့ ဒီဘက် ၂၀၁၆ခုနှစ် မြေပြန်စစ် ဗဟိုကော်မတီ ပြန်ဖွဲ့ပြီးတဲ့နောက်မှာ တိုင်းအဆင့်မှာ ပထမဆုံးစဖွဲ့ တယ်၊ မြေပြန်စစ်ကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထည့်ပေးရမယ်ဆိုပြီးတော့ ၊ နောက်ကျတော့ တဖြည်းဖြည်းအမှုတွေက ကြန့်ကြာမှုတွေရှိလာတယ်ဆိုတဲ့ကိစ္စမှာ မှန်မှန်ကန်ကန်ပိုပြီးထိထိရောက်ရောက်ဖြစ် အောင်ဆိုပြီး ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ ခရိုင်မှာ၊ မြို့နယ်တွေမှာ၊ ကျေးရွာအုပ်စုတွေမှာ ကိုယ်စား လှယ်တွေပါဝင်ပါ၊ စိစစ်တဲ့အထဲမှာပါဝင်ရမယ်ဆိုပြီး သူတို့ကိုညွှန်ကြားချက်ပေးတယ်၊ သူတို့ကိုညွန်ကြားချက် ပေးတဲ့အခါကျမှ ကျွန်တော်တို့ကလဲ အဲဒီအဖွဲ့ထဲမှာ ပါဝင်ခွင့်ရှိလာတယ်၊ ပါဝင်ခွင့်ရှိလာတယ်ဆိုတော့ တချို့ကိုယ်စားလှယ်တွေနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့ဟာတွေရှိတယ်၊ မြေပြန်စစ်အဖွဲ့ ခုနပြောတဲ့အဖွဲ့နဲ့ ကိုယ်စားလှယ်နဲ့သဘောထားမတိုက်ဆိုင်မှုဆိုတာက ကိုယ်စားလှယ်က သဘောထားသီးခြားမှတ်ချက်ကိုရေး ပေးလို့ရတယ်၊ သီးခြားမှတ်ချက်ရေးပြီးတော့ အမှုတွဲကိုတင်ပေးရတယ်၊

မြေပြန်စစ်ဆေးတဲ့အခါမှာ ရပ်ကျေးအဆင့်ရှိမယ်၊ မြို့နယ်အဆင့်ရှိမယ်၊ ခရိုင်အဆင့်ရှိမယ်၊ အဆင့် ဆင့်ကတော့ တော်တော်လေးကို လုပ်ထားတာတွေ့ရတယ်၊ ဥပမာ- သက်ဆိုင်တဲ့ အုပ်ချုပ်ရေး မှူးပါရ မယ်၊ မြေစာရင်းမှာ အတွင်းရေးမှူးပါရမယ်၊ စိုက်ပျိုးရေးပါမယ်၊ သစ်တောပါမယ်၊ အချို့ဆိုစည်ပင်ပါမယ်၊ အချို့ ဆို အိုးအိမ်ပါမယ်၊ ဒီအဖွဲ့တွေကစိစစ်တာပေါ့၊ စိစစ်ပြီးတဲ့အခါကျတော့ ကိုယ်စားလှယ်တွေပါ များသောအားဖြင့် ပါတယ်ပေါ့၊ သက်ဆိုင်ရာမြို့နယ်က တိုင်းဒေသကြီးကိုယ်စားလှယ်ပါမယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါမယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါမယ်၊ ဒီကိုယ်စားလှယ်တွေထဲက အနည်းဆုံး နှစ်ယောက် (သို့မဟုတ်) သုံးယောက်ပါရမယ်၊ ကိုယ်စားလှယ်တွေပါဝင်မယ့် စိစစ်ချက်ဟာ အကောင်းဆုံးပဲဖြစ်တယ်၊ တစ် ချက်ပေါ့နော်၊ နောက်တစ်ချက်က ကျွန်တော်တို့ကြားတာတော့ ဘယ်လောက်ထိဖြစ်လဲဆိုရင် မြို့နယ်အဆင့် ကနေ ခရိုင်အဆင့်ကိုပို့တယ်၊ စိစစ်တွေ့ရှိချက်တွေပို့တယ်၊ အဲဒီမှာ မြို့နယ်အဆင့်မှာ သက်ဆိုင်တဲ့ ကိုုယ်စား လှယ်တွေ လက်မှတ်မပါဝင်ဘူး၊ သဘောထားမှတ်ချက်မပါဘူးဆိုရင် ခရိုင်ကနေပြီးတော့ မြို့နယ်ကိုပြန်ချ ပေးတယ်၊ ကိုယ်စားလှယ်တွေသဘောထားမှတ်ချက်ပါဖို့လိုတယ်၊ ခရိုင်ကိုရောက်သွားရင် ခရိုင်ကနေ တိုင်းအဆင့်ကိုတင်တဲ့အခါမှာလဲပဲ ခရိုင်မှာပါဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်ရဲ့ သဘောထားမှတ်ချက်နဲ့ သူ့ရဲ့လက်မှတ်ပါဖို့လိုတယ်၊ မပါဘူးဆိုရင် ပြန်ပြီးတော့ ချပေးတယ်၊ အဲဒါကြောင့် ဒီနေရာမှာ များသောအားဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားမှတ်ချက်တွေ သူတို့ရဲ့ ပါဝင်မှုဟာအရေးကြီးတယ်၊ ဒီဟာ တွေပါတယ်ဆိုလို့ရှိရင် တိုင်းကလက်ခံတယ်၊ သူတို့ မြေပြန်စစ်နဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအရ ဒီအတိုင်း သွားပါတယ်၊

မေး။ ။ တချို့ဆိုတကယ်လဲအသိမ်းခံခဲ့ရတဲ့မြေတွေရှိတယ် လျော်ကြေးမရခဲ့တာတွေလဲရှိခဲ့တယ်၊ အဲဒီအမှုတွဲတင်ပြ မှုတွေကို သက်ဆိုင်ရာက ဘယ်လိုကိုင် တွယ်ဖြေရှင်းပါသလဲ၊ ပိတ်သိမ်းစာတွေထွက် လာတဲ့အပေါ် ဆရာပြော ပြပေးပါအုံး၊ ပြီးတော့ အမှုတွဲပိတ်သိမ်း စာတွေအပြင် ကြန့်ကြာမှုတွေပါရှိနေပါတယ် ဘာကြောင့်လဲဆရာ။


ဖြေ။ ။ တခါတလေဖြစ်နေတာက အမှုတွဲပိတ်သိမ်းတာနဲ့အတူ ကြန့်ကြာမှုဆိုတာတစ်ခုပေါ်လာတယ်၊ ကြန့်ကြာမှုက ဘာပေါ်လာလဲဆိုတော့ ရပ်ကွက်အဆင့်ကနေ မြို့နယ်အဆင့်ကိုတင်ရပါတယ်၊ မြို့နယ် အဆင့်မှာပဲ ကြာနေ ပြီးတော့ ဟိုအထောက်အထားလိုတယ် ဒီအထောက်အထားလိုတယ်၊ သဘောထား မှတ်ချက်မပါဘူး၊ ၂လ ၃လလောက်ကြာမှတခါ ရပ်ကွက်ကို ပြန်ချပေးတယ်၊ ရပ်ကွက်ကသေချာစိစစ်ပြီးတော့ ၁လ ၂လကြာမှပြန် တင်ပေးတယ်၊ မြို့နယ်ကိုရောက်တယ်၊ တချို့လဲကြာတယ်၊ ခရိုင်ရောက်ပြီးတော့ သေချာစိစစ်မှုမရှိဘူးဆိုပြီး ကြာတော့မှ ဟိုဟာလိုသေးတယ် ဒီဟာလိုသေးတယ် မြို့နယ်ကို တခါပြန်ဆင်း၊ ခရိုင်ကနေ တိုင်းကိုတက်သွား ပြန်ရင်လဲ အထောက်အထားလိုတယ် ဒီလက်မှတ်လိုတယ်ပေါ့၊ ဒီဟာတွေက ကြန့်ကြာနေတာတွေရှိတယ်၊ အမှုတွဲပိတ်သိမ်းခံရတဲ့လူတွေ ပုံစံမျိုး ကြန့်ကြာတာပဲဖြစ်တယ်၊ ဒါမျိုးက လုံးဝမဖြစ်သင့်တဲ့ဟာမျိုးကိစ္စ၊ မှန်မှန် ကန်ကန်စလာကတည်းက ရပ်ကျေးအဆင့်မှာ မှန်မှန်ကန်ကန်ဆောင် ရွက်မယ်၊ ခေါ်ယူစစ်ဆေးမယ်၊ နှစ်ဖက် အပိုင်းမှာလဲ နှစ်ဖက်ဆိုတာ သိမ်းတဲ့ဌာနဖြစ်ချင်ဖြစ်မယ်၊ ကုမ္မဏီ ဖြစ်ချင်ဖြစ်မယ် သူတို့ကိုလဲစစ်ဆေးရမယ်၊ ဒီဘက်ကလဲ ကာယကံရှင်တွေကို ခေါ်ယူမေးမြန်းရမယ်၊ လိုအပ်တဲ့အထောက်အထားတွေ တောင်းလို့ရတာ ရှိမယ်၊ မြို့နယ်အဆင့်ကလဲ အဲ့ဒီလိုပဲ ရပ်ကျေးအဆင့်ကနေ စစ်ဆေးတဲ့အပေါ်မှာ သူတို့ဘာအထောက်အထား တွေလိုအပ်လဲ၊ တောင်းစရာဘာရှိလဲ၊ ဌာနဆိုင်ရာအချင်း ချင်း တောင်းလို့ရမယ့်အထောက်အထားတွေ တောင်း ပေးရမယ်၊ မြေကြီး မြေပုံမှန်ကန်မှု ရှိ၊ မရှိ ကျန်တဲ့အ ထောက်အထားပေါ့၊ သူတို့ရဲ့ပိုင်ဆိုင်တယ်ဆိုတဲ့ မြေစာ ရင်းမှာ စာရင်းဝင်မှု ရှိ၊ မရှိ၊ အိုးအိမ်မှာ စာရင်းဝင်မှု ရှိ၊မရှိ၊ ဒါမှမဟုတ် စည်ပင်မှာစာရင်းဝင်မှု ရှိ၊ မရှိ၊ ဒါတွေအကုန်လုံး မြို့နယ်အဆင့် ၊ ခရိုင်အဆင့် တောင်းပြီး တော့မှ အချက်အလက်စုံတဲ့ဟာတွေလုပ်ရတယ်၊ စုံပြီးတော့မှ ခရိုင်ကိုတင်ပေး၊ ခရိုင်ကလဲပဲ မြို့နယ်ရဲ့ စစ်ဆေးချက် ကိုကြည့် ပြီးတော့မှ ခရိုင်ကနေ မြို့နယ်တွေဆင်း တာတွေရှိတယ်၊ အချို့ကျတော့ ကွင်းအထိ ဒါရိုက်ဆင်းတာရှိတယ်၊ တချို့ကျတော့ မြို့နယ်ရုံးမှာပဲ သက်ဆိုင်တဲ့ ကာယကံရှင်တွေကို ခေါ်ယူတွေ့ဆုံ မေးမြန်းတာရှိတယ်၊ တိုင်း အဆင့်ထိ ရောက်သွားတာပေါ့၊ အဲဒီမှာတွေက အရေးကြီးတာက အထောက်အ ထားမပါလို့ဆို့တဲ့ အချက်မျိုး တွေတွေ့ရတယ်၊ အထောက်အထားပြည့်စုံမှုမရှိဘူး၊ မရှိတဲ့အတွက်ကြောင့် ပိတ်သိမ်းတယ်ဆိုတာတွေဖြစ် လာတယ်၊ နောက်တစ်ခုက ကြန့်ကြာတယ်ဆိုတဲ့ ကိစ္စက တောင်သူတွေအ တွက်ကို နစ်နာနေတယ်ပေါ့၊ မေးကတည်းက ပြည့်ပြည့်စုံစုံ မမေးဘူး၊ မေးမယ်ဆိုလို့ရှိရင် မေးမယ့်မေးခွန်းပုံစံ လေးတွေရှိတယ်၊ ဘယ်တုန်းကစိုက်ပျိုးလုပ်ကိုင်လဲ၊ ဘာတွေလုပ်လဲ၊ ဘယ်သူတွေကသိမ်းတာလဲ၊ ကြိုတင် အသိပေးခြင်းရှိသလား၊ ညှိနှိုင်းမှုရှိသလား၊ လျော်ကြေး၊ နစ်နာကြေးပေးတာရှိလား၊ ခေါ်ယူတွေ့ဆုံမှုရှိလား၊ မြေအစားထိုးပေးတာရှိလား၊ မြေနဲ့ပတ်သက်ပြီးဘာတွေများ ပြောစရာရှိလဲ စသည့်မေးခွန်းတွေ အများကြီးရှိပါ တယ်၊ မေးရမယ့် မေးခွန်းတွေ ရှိတယ်၊ ပြည့်ပြည့်စုံစုံမေးမှသာ မြေသိမ်းအမှုတွဲတစ်ခု တည်ဆောက်တဲ့ပုံစံ ပီပြင်မှာပါ၊ အချို့မြေသိမ်းခံခဲ့ရတဲ့ စစ်ဆေးခံခဲ့ရတဲ့သူတွေကို စစ်တဲ့သူတွေက မေးခွန်းပုံစံမပီပြင်တာတွေရှိ တယ်၊ သူတို့ကိုယ်တိုင်က စပြီး မပီပြင်ပဲနဲ့ တဆင့်ပြီးတဆင့် တက်သွားတယ်ဆိုရင် အပေါ်က ဒီလိုအမှုတွဲမျိုး ဆိုရင် ဒါပိတ်သိမ်းမှာဖြစ်တယ်၊ ပိတ်သိမ်းတယ်ဆိုရင် တောင်သူတွေအများကြီးနစ်နာတယ်၊ ပိုင်ဆိုင်ခွင့်ရှိတဲ့ သူတွေ အများကြီးနစ်နာတာပေါ့၊ အဲဒါမျိုး ကိုယ်ဆီမှာ သိရ ကြားရပီဆိုရင် တိုင်းအဆင့်ကိုသာ တိုက်ရိုက် ပြန်ပြီးတင်လိုပါတယ်၊ ဒါတော့ အကောင်းဆုံးနည်းလမ်းပေါ့၊

မေး။ ။ ဆရာတို့အနေနဲ့ အသိမ်းခံခဲ့ရတဲ့မြေပိုင်ရှင်တွေရဲ့ အမှုတွဲတွေ ပိတ်သိမ်းစာတွေထွက်ရှိလာတဲ့အပေါ် ဘယ်လိုမျိုးပြန်ပြီးဆောင်ရွက်ပေးဖို့ရှိပါသလဲ၊ သူတို့ကလဲ ဘယ်သူ့ကိုဘယ်လိုပြန်တင်ရမယ်ဆိုတာ အခက်အခဲတွေရှိနေကြတယ်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြန်ပြီးတင်ပြရမယ်ဆိုတာလေး ပြောပြပေးပါ။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နစ်နာတဲ့လူတွေပေါ့နော်၊ နစ်နာတဲ့လူတွေက တချို့ဆို မြို့နယ်တို့ ခရိုင်တို့ကို သူတို့အမှုတွဲတွေတင်ပြတယ်ပေါ့၊ ပိတ်သိမ်းတဲ့ကိစ္စ ပြန်လည်စိစစ်ပေးဖို့ တင်ပြတယ်၊ ဒါတွေရှိတယ်၊ တကယ့်တကယ်က တင်သင့်တာ တိုင်းအအဆင့် တိုင်းဒေသကြီးအဆင့် ပြည်နယ်ဒေသကြီးအဆင့်ပေါ့၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကို တိုက်ရိုက်စာတင်ပြီးတော့ နစ်နာတဲ့ အကြောင်းအရင်း ပိတ်သိမ်းမှုဟာ မြေပြင်အထောက်အထားအရရော၊ သက်သေအထောက်အထား အရရော တကယ်လဲလုပ်ကိုင်ခဲ့တယ်၊ သိမ်းဆည်းခံခဲ့တာ တကယ်ပဲဖြစ်တယ်၊ နစ်နာဆုံးရှုံးမှု တကယ်လဲရှိ တယ်၊ ဒီအမှုတွဲပိတ်သိမ်းတာ သူတို့အတွက်နစ်နာတယ်ဆိုတဲ့ အကြောင်းကို ပြန်ပြီးတော့တင်ပြပါ၊ ပြန်လည်စိ စစ်အရေးယူဆောင်ရွက်ပေးပါ၊ တိုင်းအဆင့်ကိုတိုက်ရိုက်တင်ပါ၊ နောက်တစ်ချက်ကတော့ တိုင်းလွှတ်တော်ပေါ့၊ ရန်ကုန်တိုင်းဆို ရန်ကုန်တိုင်း၊ လွှတ်တော်မှာရှိတဲ့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီရှိတယ်၊ အဲဒီကော်မတီကို တိုက်ရိုက်တင်လိုက်ရင် သူတို့အဖွဲ့ကလဲပဲ မြေပြန်စစ်အဖွဲ့ ထဲမှာ ပါတဲ့အတွက် သူတို့လဲဒီဟာကို အမှုတွဲရောက်လာလို့ရှိရင် ပြန်လည်စိစစ်ပေးလို့ရနိုင်မယ်ဆိုတာရှိတယ်၊ အမှုတွဲပိတ်သိမ်းတယ်ဆိုတဲ့ မြေပိုင်ရှင်တွေအတွက် ဆောင်ရွက်လမ်းညွှန်ပေးတဲ့နည်းလမ်းပေါ့၊ ကိုယ့်ဘက်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ ပြန်တင်ပြဖို့လိုတယ်၊ ပြန်တင်ပြတဲ့အခါကျတော့ဘယ် တုန်းကတော့စပြီး တိုင်ကြားခဲ့တယ်၊ ဥပမာ- ၂၀၁၆မှာတစ်ကြိမ်၊ ၂၀၁၇မှာတစ်ကြိမ်တိုင်ကြားခဲ့တယ်၊ တိုင်ကြား တော့ ဘယ်တော့လောက်ကြာမှ လာပြီးစစ်ဆေးတယ်၊ ဘယ်သူတွေ ဘယ်ဝါတွေလာစစ်ဆေးတယ်၊ နောက် ဆုံးမှာ ကျွန်တော်တို့ကို ဒီလို ပိတ်သိမ်းတယ်ဆိုတဲ့အခါမှာ ဥပဒေနဲ့ညီညွှတ်မှုရှိ၊ မရှိသေချာပြန်လည်စိစစ်ပြီး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပြီး တောင်သူများကိုကြည့်သင့်တယ်၊ ဆောင်ရွက်ပေးသင့်တယ်ဆိုပြီး ပြန်တင်ပါ၊ စစ်ဆေးတဲ့အခါမှာလဲပဲ ပြည့်ပြည့်စုံစုံစစ်ဆေးတာရှိတယ်၊ ပြည့်ပြည့်စုံစုံမစစ်ဆေးတာရှိတယ်၊ သေချာဖော်ပြပေါ့၊ ကိုယ့်ဘက်ကအထောက်အထားခိုင်ခိုင်မာမာဖော်ပြရဲ့သားနဲ့ ပိတ်သိ်မ်းတယ်ဆိုတဲ့ကိစ္စကို ပြန်လည်စိစစ်ပေးဖို့ လိုတယ်၊ လုပ်နည်းကိုင်နည်းအမှားတွေကြောင့်လဲဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ နစ်နာတဲ့ တောင်သူတွေ ပြန်ပြီးတော့ ပြောချင်တာကတော့ပြန်တင်ပေးဖို့ပဲလိုတော့တယ်၊ ပြန်တင်ပေးတဲ့အခါမှာလည်း မြို့နယ်အဆင့် ခရိုင်အဆင့်ကလဲ သူတို့ကျတော့ ပြန်ကိုင်မှာမဟုတ်တော့ဘူး၊ မတင်စေချင်တော့ဘူး မြို့နယ် တွေကိုမတင်စေချင်တော့ဘူး၊ တိုက်ရိုက်ပဲ တိုင်းကိုတင်စေချင်တယ်၊ တိုင်းမှာလဲပဲ ဒီဟာပတ်သက်ပြီးတော့ မကျေနပ်ချက်တွေပေါ့၊ အသိမ်းခံခဲ့ရတဲ့ တောင်သူတွေရှိနေတယ်၊ ပိတ်သိ်မ်းမှုနဲ့ပတ်သက်လို့ မကျေနပ်ချက် တွေရှိနေတယ်ဆိုတာပြန်ကြားတယ်၊ သူတို့ဆီကိုရောက်လာလို့ရှိရင်တော့ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ ထင်တယ်၊ ဖြစ်နိုင်ပါတယ်၊ ကျွန်တော်လဲပြန်ကြားတယ်ပေါ့၊ ဒီ တိုင်းကနေအမှုတွဲတွေပိတ်သိမ်းတယ် ဆိုတဲ့ကိစ္စရပ်ပေါ်မှာ မကျေနပ်ချက်တွေရှိနေတယ် ဒီလိုမကျေနပ်ချက်တွေတင်ပြတိုင်းကြားလာလို့ရှိရင် သူတို့ပြန်လည်ဖြေရှင်းပေမယ်လို့ ယုံတယ်ပေါ့၊ သူတို့လဲပဲပြန်လည်ဖြေရှင်းပေပါလိမ့်မယ်ပေါ့နော်။

မေး။ ။မြေသိမ်းခံခဲ့ရသူတွေ ပြန်လည်တင်ပြလျှောက်ထားတဲ့အခါမှာ မြေပိုင်ရှင်ဖြစ်ကြောင်း ဘယ်လိုသက်သေအ ထောက်အထားမျိုးတွေက အရေးကြီးပါသလဲဆရာ။
တိုင်လိုက်တဲ့စာထဲမှာ အရပ်လေးဘက်မှာရှိတဲ့ လယ်ကစဉ်းတင်၊ ကျွန်တော့်ရဲ့မြေရဲ့အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊မြောက်ဘက်မှာဘယ်သူတွေရှိပါတယ်၊ သူတို့ကိုယ်တိုင်ကလဲ သက်သေထွက် ပေးနိုင်တဲ့အပြင် ရပ်ရွာလူကြီးတွေ ရပ်မိရပ်ဖတွေ ဘယ်သူတွေရှိတယ်ပေါ့၊ စဉ်ဆက်နေထိုင်ခဲ့တဲ့ ဘယ်သူတွေ ရှိတယ်၊ နာမည်တွေပါဖော်ပြပေးလို့ရတယ်၊ သူတို့လဲခေါ်ယူမေးမြန်းနိုင်တယ်ပေါ့၊ ဒါကျတော့ပိုပြီးအထောက် အထားခိုင်လုံတာပေါ့၊ အဲဒါကိုုလဲ (၅၂)ချက်မူဝါဒထဲမှာထည့်ပေးထားတယ်၊ ဘာ့ကြောင့်လဲဆိုတော့ အခက်အ ခဲတွေရှိတတ်လို့ ၊ တချို့ကျတော့လဲ တိုင်တဲ့သူဘက်က မှန်မှန်ကန်ကန် တိုင်ဖို့လိုတယ်၊ အချက်အလက်ပိုင်း ဆိုင်ရာ ပြည့်ပြည့်စုံစုံတိုင်ရမယ်၊ အချက်အလက်အချို့ကို ကြွင်းကျန်ထားမယ်ဆိုလို့ရှိရင် မမှန်ကန်တဲ့အချက် အလက်ကိုမဖော်ပြဘူးဆိုရင် သွားပေါ်တာပဲ၊ ပေါ်တယ်ဆိုတာက သက်ဆိုင်တဲ့မြေစာရင်း၊ သက်ဆိုင်တဲ့ အိုးအိမ်ဦးစီးဌာန ကျန်တဲ့အုပ်ချုပ်ရေးမှူးတို့ သူတို့ဆီမှာ ၀ယ်စာရင်းတွေရှိတာများတယ်၊ လျော်ကြေးပေးတယ် ဆိုရင်လဲ လျော်ကြေးပေးတယ်၊ ဘယ်လောက်ပေးတယ်၊ မြေကွက်အစားထိုးပေးတယ်ဆိုလဲ မြေကွက်အစား ထိုးပေးတယ်၊ ဘယ်နေရာမှာအစားထိုးပေးတယ်ဆိုတာကအစ သူတို့ဆီမှာပေါ်တယ်၊ ကိုယ့်ဘက်က မရပါ ဘူးပြောလိုက်လို့ရှိရင် သွားပြီ စစ်တဲ့အခါမှာ၊ တကယ်လို့ပေးထားတယ်ဆိုရင် ပေါ်တာရှိတယ်၊ မှန်မှန်ကန် ကန်အချက်အလက်ပြည့်ပြည့်စုံစုံပါဖို့လိုတယ်၊ ခုန သက်သေအနေနဲ့ဆိုရင် လူသက်သေ၊ စာရွက်စာတမ်း သက်သေကတော့ မြေခွန်ပြေစာလိုအထောက်အထားမျိုးရှိတယ်ဆိုရင် မြေခွန်ပြေစာအထောက်အထား ပေါ့၊သီးနှံဘဏ်စာအုပ်ရှိတယ်၊ စိုက်ပျိုးရေးဘဏ်စာအုပ်ဆိုတာရှိတယ်၊ ငွေစုစာအုပ်ဆိုတာရှိတယ်၊ အဲဒီအ ထောက်အထားတွေပါပြလို့ရပါတယ်၊ အဲဒါဆိုရင် ပိုပြီးခိုင်ခိုင်မာမာပိုရှိတာပေါ့၊ သိမ်းဆည်းမြေတွေ ပြန်လည်ဆောင်ရွက်တဲ့ကိစ္စတွေ၊ သက်သေအထောက်အထားတွေနဲ့ပတ်သက် တာတွေ၊ စာရွက်တွေ၊ ဒီအမှုတွေနဲ့ပတ်သက်တာတော့ (၅၂)ချက်ကပြည့်ပြည့်စုံစုံဖော်ပြပေးထားတယ်၊ ဒီအချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် (၅၂)ချက်လုံးတူမှမဟုတ်ပါဘူး၊ သူ့အပိုင်းလိုက် အပိုင်းလိုက်နဲ့ ညီညွှတ်တယ် ဆိုလို့ရှိရင်တော့ ပြန်ပြီးတော့ပေးရမှာပေါ့နော်၊