Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၇)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၇)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဇန်နဝါရီ ၁၁၊ ၂၀၂၀

အပိုင်း (၁၅)
တရုတ်ပြည်မကြီး ကနေ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ဝရမ်းထုတ်ပြန်မှာရယ်၊ အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းဆက်သွယ်မှု လမ်းကြောင်းပေါ်ထွက်လာမှာကို အကြောက်ကြီး ကြောက်ရွံ့နေကြပါတယ်

တရုတ်ပြည်ဘက်က နယ်မြေပြင်ပထွက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး ဖမ်းဝရမ်းထုတ်လိုက်တိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြုကြသူတိုင်း သေမတတ် ကြောက်ရွံ့ထိတ်လန့်မှုကြီးတွေ ဖြစ်သွားလေ့ ရှိကြ ပါတယ်။

''ထောင်နံရံကို ကျော်လွှားပြီး ထွက်ပြေးခဲ့တဲ့နေ့ကတည်းက အစပြုပြီး တစ်နေ့နေ့တော့ ဒီလိုနေ့မျိုး ရောက်လာမယ်မှန်း ကျွန်တော် သိနှင့်ပြီးသားပါ''

လျိုမိန်သေမှုသေခင်း ဖြစ်ရပ်အစစ်အမှန်က နှုတ်ပိတ်ခံလိုက်ရခြင်းပါ။ ဘာကြောင့်လဲဆိုရင် သူဟာ တရုတ်ပြည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ျွှညေအနိ ထုတ်ထားခံရတဲ့ ဘိန်းရာဇာကြီးဖြစ်နေလို့ပါပဲ။ တစ်နေ့နေ့ တစ်ချိန် ချိန်မှာ တရုတ်ပြည်ဆီ လွှဲအပ်ပေးလိုက်တာနဲ့ တစ်ပြိုင်တည်းမှာပဲ တခြား မြောက်မြားလှတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အသွင်မျိုးစုံတွေ၊ ပါဝင်ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘူးပေါ်သလို ပေါ်ကုန်ဖို့ သေချာ နေပါတယ်။ ဒါကြောင့် သူ့တစ်ယောက်တည်းကို နှုတ်ပိတ်လိုက်ကြတာပါပဲ။

ရွှေတြိဂံက မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားကြသူတွေရဲ့ မာန်စွယ် တငေါငေါပြသမှုတွေကို ထိုးနှက်တိုက်ခိုက်ဖို့အတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်ပြည်က တစ်လျှောက်လုံး တက်တကြွ်ကြွကနဲ့ သဘောတူ ခံယူချက်ကို တင်ပြပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇွန်လ။ တရုတ်မြန်မာနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့တို့ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ''မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုသဘောပေါက်နားလည်မှုမှတ်တမ်း'' ကို လက်မှတ်ရေးထိုးကြပါတယ်။ ၁၉၉၃ ခုနှစ်၊ တရုတ်၊ လော၊ ထိုင်း၊ မြန်မာ လေးနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှု ညီလာခံကို ကျင်းပပါတယ်။ အဲဒီညီလာခံကနေ ''ပီကင်းကြေငြာ ချက်'' ကို လက်မှတ်ရေးထိုးကြပါတယ်။ ဒါ့အပြင် အချိန်ကာလသတ်မှတ်ပြီး တရုတ်၊ လော၊ ထိုင်း မြန်မာလေးနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ညီလာခံ ကျင်းပကြမှာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်၊ တရုတ်အစိုးရက မြန်မာ၊ လောနိုင်ငံတို့နဲ့ တစ်နိုင်ငံပြီး တစ်နိုင်ငံ ရှေ့ ဆင့် နောက်ဆင့်ပဲ နယ်နိမိတ်မူးယစ်ဆေးဝါး ဖမ်းဝရမ်းထုတ်ကြပြီး ဥပဒေနည်း လမ်းအတိုင်း ဆက်သွယ်ရေးအရာရှိစနစ်ဖြင့် ပူးပေါင်းလိုက်ကြပါတယ်။ ၇-၃- ၂၀ဝ၂ ခုနှစ် သုံးရက်ကြာ တရုတ်၊ မြန်မာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်း ရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို ခွန်မင်းမှာ ကျင်းပသွားပါတယ်။ တရုတ်ပြည် ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ဌာနမှူး ရန်းဖုန့်ရွှေက ပြောပါတယ်။ ''ဒီတစ်ကြိမ် ဆွေးနွေးမှုက တရုတ်မြန်မာ မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု မျက်နှာစာက ပိုပြီး နက်ရှိုင်း စေပါတယ်''

''နိုင်ငံဖြတ်ကျော်တဲ့ ပြစ်မှုကို ရင်ဆိုင်ရေးမှာ နိုင်ငံကျော်ဖြတ်ပြီး ပူး ပေါင်းဆောင်ရွက်မှုက လိုအပ်ပါတယ်''။ ဒါဟာ နိုင်ငံတကာ နယ်နိမိတ်ချင်း နီးကပ်နေတဲ့ နိုင်ငံ့အစိုးရတို့ရဲ့ ဘုံဆောင်ပုဒ် ဖြစ်ပါတယ်။ နိုင်ငံတကာ မှုခင်းရဲ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ နည်းလမ်းဥပဒေသပဲ ဖြစ်ပါတယ်။ တရုတ်ပြည်ဘက်က နယ်မြေပြင်ပထွက်ပြီး မူးယစ်ဖမ်းဝရမ်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အကြိမ်တိုင်း ထိထိမိမိ ထိုးနှက်နိုင်တဲ့ လုပ်ဆောင် ချက်ကြီးတွေ ဖြစ်ပါတယ်။ ဥပမာ - သာဓကအနေနဲ့ ပြောရမယ်ဆိုရင် လော နိုင်ငံ၊ မုန်းစင့်ခရိုင်က ရွာထဲမှာ မော်ဖီးယားထုတ်လုပ်တဲ့ အသိုက်အမြုံတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ''သတင်း အချက်အလက် အကျိုးထူးခံစားပိုင် ခွင့်၊ ပူးပေါင်းအတူလုပ်ဆောင်ကြ'' ဆိုတဲ့ မူအချက်ကြီးအပေါ်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့က အလုံးအရင်းနှင့် မူးယစ်ဆေးဝါးပင်မစခန်းတွေကို ဖြိုခွင်းနိုင်ခဲ့တယ်။ ပြစ်မှုကျူးလွန်သူ ၁၂ ဦးကို လက်ရဖမ်းဆီးလိုက်ပါတယ်။ အဲသလိုပဲ အခြားလုပ် ဆောင်တစ်ရပ်က လောနိုင်ငံရဲတပ်ဖွဲ့က သူတို့ မျှားယူတွေ့ရှိထားတဲ့ ရာဇဝတ် သားက တရုတ်ပြည်နယ်နိမိတ်ထဲကို ရောက်ရှိနေတယ်။ တရုတ်ပြည်ရဲတပ်ဖွဲ့ ကလည်း တရုတ်ပြည်နယ်နိမိတ်ထဲကို လောရဲတပ်ဖွဲ့တွေ နယ်ဖြေဖြတ်ကျော် ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။ ၄ ရက်ခရီးဟာ ကျုံ့သွားပြီး ၁ ရက်တည်းနဲ့ ရာဇဝတ်သား ၇၂ ဦးကို သိမ်းကျုံးပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နှစ်ကာလအတော်များများမှာ ယူနန်ပြည်နယ်က ကမ္ဘာနှင့် အဝှမ်း ဖိန့်ဖိန့်တုန်လှုပ်လောက်အောင် ကျော်ကြားလှတဲ့ အထူးအရေးပါလှတဲ့ မူးယစ် ဆေးဝါးမှု အများအပြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဥပမာ -

၁၉၈၆ ၊ သြဂုတ်လ။ ထိုင်းနိုင်ငံသား တရုတ်အမျိုးသား ဝန်းယွမ်ဟို၊ ဟောင်ကောင်သား တိုက်ဝံရွှမ်တို့ရဲ့ အထူးကြီးကျယ်လှတဲ့ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချမှုကြီးကို ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်။ ၄င်းအမှုဟာ ၄ လ ကျော်ကျော် အချိန်ယူရပါတယ်။ ထိုင်း၊ မြန်မာ၊ ဟောင်ကောင်သား ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဟီးရိုးအင်း ၂၂"၇၆၈ ကီလိုဂရမ် ဖမ်းဆီးသိမ်းဆည်းလိုက် ပါတယ်။

၂၆-၆-၁၉၉၆။ ရွှေတြိဂံ ဆေးရည်ဘုရင်ရယ်လို့ နာမည်ကျော်ကြားတဲ့ လီစုစိန်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ သူဟာ ၁၉၉၁ နှစ်က အစပြုပြီး တရုတ်ပြည်ကနေ မူးယစ်ဆေးဝါးပြုပြင်ထုတ်လုပ်မယ့် ဓာတုဗေဒ ကုန်ကြမ်း ပစ္စည်း ၂၂"၆ တန်၊ အက်ဖီဒရာပင် (နစ့နိမေ) ၄၃ တန်ကို တရုတ်ပြည်ကနေ ဝယ်ယူရောင်းချပြီး သယ်ယူပို့ဆောင်နေသူ ဖြစ်ပါတယ်။

ကိုးကန့်က ရန်းညီနောင်လေးဖော်တို့ တန်ခိုးအာဏာ ကြီးထွားစဉ် ကာလတုန်းက ကိုးကန့်တကြောမှာ ထင်ရာစိုင်းရုံတင် မကသေးပါ။ တရုတ်ပြည် ဘက်ကိုလည်း မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူပို့ဆောင်တာကိုပါ လုပ်ဆောင် လာပါတယ်။ ၁၉၉၄ ခုနှစ်မှာ ရန်းညီနောင်လေးဖော်အထဲက စတုတ္ထမြောက် ဘိန်းရာဇာကြီး ရန်းမောင်စိန့်၊ တရုတ်ပြည် လိန်ချန်းနယ်မြေထဲ ပုန်းလျှိုးကွယ် လျှိုးဝင်ရောက်ပြီး မူးယစ်ဆေးဝါးရောင်းချနေတုန်း လက်ပူးလက်ကြပ်ဖမ်းဆီး လိုက်တယ်။ အဲဒီနှစ်မှာပဲ လိန်ချန်းဒေသ အလယ်တန်းအဆင့် ပြည်သူ့တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်။ ရန်းညီနောင်တွေက ငွေကြေး ဘယ်လောက်ပဲ ပေးရ ပေးရ သူတို့ရဲ့ ညီငယ် ရန်းမောက်စိန့်ရဲ့ အသက်ကို ပေးဝယ်မယ်ရယ်လို့ လေသံပေး ကြေငြာချက်တွေ ထုတ်လွှင့်ပါသေးတယ်။ တရုတ်ပြည်ဘက်က ဘာတစ်ခုမှ မတုန့်ပြန်ပါ။ ရန်းညီနောင်တွေ ဒေါသူပုန်ထပြီး သွေးြွေကးကို သွေးဖြင့် ဆပ်မယ်ဆိုပြီး အကြီးအကျယ် ခြိမ်းခြောက်လာပါတယ်။ ရန်းမောက်စိန့် ရဲ့ သားကလည်း မာန်စွေတငေါငေါနဲ့ အမြောက်မော်တာတစ်လက်ကို နယ်နိ မိတ်ချင်း ထိကပ်နေတဲ့ တရုတ်ပြည် နယ်နိမိတ်ထဲက နန်းစဉ်အကောက်အခွန် ဂိတ်စခန်းကို ထိုးချိန်ထားလိုက်တယ်။ သူ့ဖခင်ကို လွှတ်မပေးရင် ပစ်မယ်၊ ခတ်မယ်ဆိုပြီး ခြိမ်းခြောက်နေလေတယ်။ ၁၉၉၅ ခုနှစ်၊ လိန်ချန်းရဲတပ်ဖွဲ့က နောက်တစ်ခါ ထပ်မံပြီး ဒီထပ်ပိုပြီးကြီးတဲ့ ဘိန်းရာဇာကြီးကို ဖမ်းဆီးလိုက်ပြန် တယ်။ အဲဒီလူကတော့ ကိုးကန့်မဟာမိတ်တပ် ဒုသေနာပတိချုပ် လီကိုတိန် ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းကစပြီး ကိုးကန့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှု လုပ်ရပ်ကြီးတွေ အရင်ကလိုမျိုး ထင်တိုင်း မကြဲဝံ့တော့ပါ။

၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ၊ ကျဲန့်ခန်းခရိုင် ပြည်သူ့လုံခြုံရေးဌာန က ပြည်နယ်ဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းတို့နှင့် ပူးတွဲဖွဲ့စည်းပြီး ဆောင်ရွက်ကြပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငိံ ဘိန်းရာဇာကြီး စိန်းချုန်ရောင့်နှင့် ကွမ်ကျိုးဘိန်းရာဇာ လျံယုန်စီးတို့ကို တစ် ချက်တည်း သိမ်းကျုံးဖမ်းမိလိုက်ပါတယ်။ ဖမ်းမိလိုက်တဲ့ ဟီးရိုအင်းက ၇၈"၅ ကီလိုဂရမ်ရှိပါတယ်။

၂၀ဝ၁ ခုနှစ်၊ နိုဝင်ဘာလ ၆-၇ ရက်နေ့၊ မြန်မာနိုင်ငံ ကိုးကန့်အခြေ စိုက် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စိုးဝင်း၊ အမှတ် ၂၉ သတင်းထောက်လှမ်းရေး ဌာနမှူး ရဲအရာရှိ စိုးဝင်ဦးဆောင်တဲ့ အစိုးရစစ်တပ်သား ၈၀ ကျော်တို့ဟာ ကိုးကန့်လောက်ကိုင်မှာ မူးယစ်ဆေးဝါးနှင့် အလွယ်တကူ မူးယစ်ဆေးဝါး ပြုပြင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတို့ကို သုတ်သင်ရှင်းလင်းတဲ့ စစ်ဆင်ရေးကြီးကို ဆင်နွှဲလိုက်ပါတယ်။ လိန်ချန်းဒေသ ပြည်သူ့လုံခြုံရေးဌာနက ရဲအရာရှိ ၄ ဦးကို အကဲခတ်သူအဖြစ် စေလွှတ်ပါတယ်။ မူးယစ်ဆေးဝါး သုတ်သင်ရှင်းလင်း မှု စစ်ဆင်ရေးမှာလည်း ပါဝင်လှုပ်ရှားကြပါတယ်။ အဲဒီ ပူးတွဲစစ်ဆင်ရေးမှာ မူးယစ်ဆေးဝါးဖော်စပ်ထုတ်လုပ်တဲ့ စက်ရုံ ၃ ရုံနဲ့ ဟီးရိုးအင်းစက်ရုံ ၁ ရုံကို ရှာဖွေဖော်ထုတ်ဖျက်ဆီးလိုက်နိုင်တယ်။ အီသိုင်း (နအ့နမ) ၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (့ပိမသခူ့သမငခ ခေငိ) အစရှိတဲ့ မူးယစ်ဆေးဝါး အလွယ်ပြုလုပ်နိုင်တဲ့ ဓာတုဆေးပစ္စည်း ၅၃ တန်အပြင် မူးယစ်ဆေးပစ္စည်းထုတ်လုပ်မှု စက်ယန္တရား ပစ္စည်းအမြောက်အမြားကို ရှာဖွေတွေ့ရှိပါတယ်။ မူးယစ်ဆေး ထုတ်လုပ်ရောင်း ချသူတို့ရဲ့ တငေါငေါ စူထွက်နေတဲ့ မာန်စွယ်ကို တစ်ချက်တည်း ရိုက်ချိုးလိုက် ပါတယ်။

မြန်မာနိုင်ငံ မူဆယ်ကို ခြေကုပ်ယူထားတဲ့ ဘိန်းရာဇာကြီး စန့်ချောင် မေ (ကျား/ ယခု အသက် ၃၇ နှစ်။ မူလက ယူနန်ပြည်နယ် ထိန်ချုန်းခရိုင် ဝူဟော့ဟို ရွာသား။ နောက်ပိုင်းမှာ မြန်မာနိုင်ငံသား ခံယူလိုက်တယ်) ဟာ ကာလရှည်ကြာစွာ မူးယစ်ဆေးပြစ်မှုများကို လှုပ်ရှားဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါး အမြောက်အမြားကို တရုတ်နယ်နိမိတ်အထဲ ဝင်ရောက်ပြီး အကြိမ်ပေါင်းများစွာ ရောင်းချပါတယ်။ ၂၀-၄-၂၀ဝ၁ နေ့မှာ စန့်ချောင်မေနှင့် ဘိန်းရာဇာကြီး စန့်ချုန်းဟိုင် (ကျား / ၂၆ နှစ်၊ ယူနန်ထိန်ချုန်းခရိုင်သား) တို့နှစ်ယောက် ချိတ်ဆက်ပူးပေါင်းပြီး တရုတ်ပြည် နယ်နိမိတ်အတွင်းပိုင်းဆီကို ဟီးရိုးအင်း၁၃၂ ကီလိုဂရမ်ကို သယ်ဆောင် ရောင်းဝယ်ကြပါတယ်။ ဒါကို မီးရထားပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ရှာဖွေဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် ဘိန်း ရာဇာကြီး စန့်ချုန်ဟိုင်ရဲ့ အမှုတွဲ ၁၁ ယောက်ကိုပါ ဖမ်းဆီးလိုက်တယ်။ ဒီပြစ်မှုအပြင် ၁၉၉၉ ခုနှစ်၊ မေလပိုင်းက စန့်ချောင်မေ၊ စန့်ချုန်းဟိုင်အစရှိတဲ့ အဖွဲ့ဟာ ၂၆၄ ကီလိုဂရမ် ဟီးရိုးအင်းကို ကျွန်တော်တို့ နယ်နိမိတ်အတွင်းမှာ လာရောက်ရောင်းချပါတယ်။ ဒါကို ယူနန်ပြည်နယ် လိုဖိန်ခရိုင်ပြည်သူ့လုံခြုံရေး ဌာနက ရှာဖွေဖမ်းဆီးလိုက်တယ်။ မပြည့်စုံ၊ မလုံလောက်သေးတဲ့ စာရင်းဇယား အရ ၁၉၉၈ ခုနှစ်က အစပြုပြီး ၂၀ဝ၁ ခုနှစ်၊ ဧပြီလပိုင်းအထိ စန့်ချောင်မေ ရှေ့ဆင့်နောက်ဆင့် ကျွန်တော်တို့ရဲ့ နယ်နိမိတ်အတွင်း ဝင်ရောက်ပြီး မူးယစ် ဆေးဝါး သယ်ယူရောင်းချရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ဟီးရိုးအင်းကီလို ဂရမ် ၅၀ဝ ကျော်ကို သယ်ဆောင်ရောင်းချပါတယ်။ အဲဒီအထဲက ကီလိုဂရမ် ၄၀ဝ ကျော်ကို ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း လိုက်ပါတယ်။

၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ။ ယူနန်ပြည်နယ်၊ ချွိကျင်းမြို့၊ လိုဖိန် ခရိုင် ပြည်သူ့လုံခြုံရေးဌာနက လိဖိန်ခရိုင် ပြည်သူ့စုံစမ်းစစ်ဆေးရေးရဲ့ ခွင့်ပြု မိန့်ကို ယူပြီး စန့်ချောင်မေတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကြီးက ၂၈-၈-၂၀ဝ၁ ပီကင်းမှာ ကျင်းပတဲ့ တရုတ်၊ လော၊ မြန်မာ ထိုင်း လေးနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှုကြီးအဆင့် ညီလာခံကို တက်ရောက်ပါတယ်။ ဒီညီလာခံကြီးမှာ စန့်ချောင်မေတို့ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ဖမ်းဆီးမိန့်၊ ဖမ်းမိ မူးယစ်ဆေးပစ္စည်းနဲ့ တရားခံများကို တရားဝင် မြန်မာတို့ဘကို လွှဲအပ် လိုက်ပါတယ်။ အဲဒီကနေ ပူးပေါင်းရိုင်းပင်းကူညီဖို့ မြန်မာနိုင်ငံဘက်ကို တင်ပြ ပါတယ်။ အစွမ်းကုန် အမြန်ဆုံးဖမ်းဆီးပြီး တရားစွဲဆိုစေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဒီအရေးကိစ္စနဲ့ စပ်လျဉ်းပြီး မြင့်မြင့်မားမား အလေးထားပါ တယ်။ အဆင့်မြင့် စစ်ဘက် ရဲဘက်အရာကြီးတွေ ကိုယ်တိုင်စောင့်ကြပ်ကြည့်ရှု ပြီး စစ်ဆင်ရေး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှာ အလျင်အမြန် ဆောင်ရွက်နေကြပြီဖြစ်တယ်။ ၄-၉-၂၀ဝ၁ နေ့မှာ ဘိန်းရာဇာ ကြီး စန့်ချောင်မေကို အောငြ်မင်စွာနဲ့ လက်ရဖမ်းဆီးလိုက်ပါတယ်။ တစ်ပြိုင် တည်းမှာပဲ မြန်မာနိုင်ငံ နယ်နိမိတ်တွေမှာ မူးယစ်ဆေးသုတ်သင်ရှင်းလင်းရေး လှုပ်ရှားမှုကြီးကို ဖြန့်ကျက်ဆောင်ရွက်နေပြီဖြစ်တယ်။ ပြည်သူ့လုံခြုံရေးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံးတို့ရဲ့ ခွင့်ပြုချက်အရ ၊ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနက သက်ဆိုင်ရာ အဖွဲ့ဝင်တွေဟာ ၈-၉-၂၀ဝ၁ နေ့မှာ မြန်မာနိုင်ငံ မူဆယ်ကို ရောက်သွားပါတယ်။ ဓာတ်ခွဲစစ်ဆေးရာမှာ စစ်မှန်နေတာကြောင့် မြန်မာရဲတပ်ဖွဲ့က ဘိန်းရာဇာ စန့်ချောင်မေကို ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာရဲတပ်ဖွဲ့နှင့် တွေ့ဆုံမှု ပြုကြပါတယ်။ စန့်ချောင်မေဟာ တရားဝင် မြန်မာနိုင်ငံသားအဖြစ် ဝင်ရောက်သူ ဖြစ်တဲ့အတွက် တရုတ်မြန်မာနှစ်နိုင်ငံ တရားဥပဒေကျင့်ထုံးအရ၊ တရုတ်မြန်မာ နှစ်ဖက်ရဲတပ်ဖွဲ့လက်ထဲ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။ မြန်မာနိုင်ငံ တရားရုံး က မြန်မာနိုင်ငံရဲ့ တရားဥပဒေအတိုင်း စန့်ချောင်မေကို ပြင်းပြင်းထန်ထန် အရေးယူသွားပါလိမ့်မယ်။

၈-၁၁-၂၀ဝ၁။ ယူနန်ပြည်နယ် ချွိကျင်းမြို့ လိုဖိန်ခရိုင် ပြည်သူ့လုံခြုံ ရေးဌာနက သတင်းအရ ချန်တီရဲတပ်ဖွဲ့ဂိတ်က ကွမ်တုန်းဆီပို့မယ့် ပျဉ်းကတိုး သစ်လုံးတင်ဆောင်တဲ့ လော်လီကားကြီးနှစ်စီးကို ရပ်တန့်ခိုင်းပြီး ရှာဖွေစစ်ဆေး ပါတယ်။ အသေအချာရှာဖွေကြတဲ့အခါမှာ ပျဉ်းကတိုးသစ်လုံးကို အချင်းတစ်မီ တာရှိတဲ့ အူတိုင်ပေါက် ဖောက်ထွင်းထားပါတယ်။ အထဲမှာ ဟီးရိုးအင်း အတုံး ၆၅၁ တုံးကို တွေ့ရှိပါတယ်။ စုစုပေါင်း ၆၇၂"၉ ကီလိုဂရမ် အလေးချိန်ရှိတယ်။ ဒီအမှုက နိုင်ငံတဝှမ်း ဖမ်းမိရရှိတဲ့ ဟီးရိုးအင်းအလေးချိန် အများဆုံးဖြစ်တဲ့ နိုင်ငံကျော်ဖြတ်ပြီး မူးယစ်ဆေးသယ်ယူရောင်းချတဲ့ အမှုကြီးဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးဌာနရဲ့ ညွှန်ကြားချက်အောက်မှာ ယူနန်ပြည်နယ်က လုံခြုံရေး အဖွဲ့ဝင်တွေ ကွမ်တုံးဆီ စေလွှတ်လိုက်ပါတယ်။ ကွမ်တုံးပြည်နယ်၊ ပြည်သူ့ လုံခြုံရေးယန္တရားအဖွဲ့ကြီးရဲ့ ပူးပေါင်းပံ့ပိုးမှုကြောင့် ပြစ်မှုထဲမှာ ပါဝင်ပတ်သက်မှု သံသယရှိဖွယ် လူပေါင်း ၂၀ ကိုပါ ဖမ်းဆီးလိုက်ပါတယ်။ ဟောင်ကောင်ဒေါ်လာ နှစ်သန်းနီးပါး၊ ရင်မင်ပိ ၂"၆၅ သန်းကို သိမ်းဆည်းလိုက်တယ်။ ငွေမည်း ၁"၉၀ ယွမ်သန်းကိုလည်း ပြန်လည်လိုက်ယူနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးရောင်း ဝယ်တဲ့ အိမ်မြေ အဆောက်အဦ ဥစ္စာပစ္စည်းတွေကိုလည်း ရှာဖွေချိတ်ပိတ်လိုက် တယ်။

၂၀ဝ၂ ခုနှစ် နွေဦး။ ကွမ်တုံးက ကျွမ်းသစ်လုံးအခေါင်းပေါက်ထဲ သယ်ဝှက်လာတဲ့ မူးယစ်ဆေး ၃၀ဝ ကီလိုဂရမ်ကျော်ကို ဖမ်းဆီးလိုက်တယ်။ တရုတ်၊ မြန်မာ၊ ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်နယ်မြေဒေသမှာ ဧပြီလ ၅ ရက်နေ့ ပထမဆုံးအကြိမ် နယ်မြေဖြတ်ကျော်ဖြတ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းကနေ နယ်မြေကျော်ဖြတ်ပြီး မူးယစ်ဆေးဂိုဏ်းကြီးကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိလိုက် ခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အဓိကအရေးပါတဲ့ မူးယစ်ဆေးပြစ်မှုကျူး လွန်သူ ၄ ဦးကို ဝအဖွဲ့အစည်းက ပစ်သတ်အဆုံးစီရင်လိုက်ပါတယ်။ လူပေါင်း ၁၁ ယောက်ကို ဖမ်းဆီးလိုက်ပြီး တရုတ်ပြည်ရဲတပ်ဖွဲ့လက်ထဲ ပြောင်းလွှဲအပ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်တုန်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ သေဒဏ်ချမှတ် ခဲ့ရတဲ့ ရန်းချောင်မိန်ဟာ ထောင်ကျော်ထွက်ပြေးပြီး ရွှေတြိဂံမှာ ပုန်းခိုနေပါ တယ်။ ၄င်းရဲ့ ဇနီးနှင့် ''ရူပါရုံကျော့ကွင်းနှင့် အမိဖမ်းနည်း'' ဖြင့် မျှားထားပြီး ထိုနှစ်တုန်းက သူ မူးယစ်ဆေးရောင်းဝယ်မှုလုပ်ကြောင်းကို ဖော်ထုတ်တဲ့ ဖော်ကောင်ရဲ့ လမ်းကြောင်းအတိုင်း လိုက်လံစုံစမ်းထောက်လှမ်းပါတယ်။ ရန်းချောင်မိန်ဟာ လက်မှာ မရှင်းကာဘိုင်ကို ကိုင်၊ ကိုယ်မှာ လက်ပစ်ဗုံးတွေ ဝှက်လွယ်ထားပြီး ''ကလဲ့စားချေဖို့'' ပြည်တွင်းကို တိတ်တဆိတ် ပြန်ဝင်လာပါ တယ်။ တရုတ်မြန်မာ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးကြပါတယ်။ နောက်ဆုံး ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ နောက်ထပ်တစ်ကြိမ် ဖမ်းခံလိုက်ရပြီး တရားစွဲဆိုခံနေရပါတယ်။

ရန်းချောင်မိန်ဟာ ၁၉၆၂ ခုနှစ်မှာ ဖွားမြင်ပါတယ်။ ယူနန်ပြည်နယ် လိန်ချန်းဒေသ ယုန်တက်ခရိုင် ယုန်ခန်းမြို့ ယုန်ခန်းရွာသားဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ရန်းချောင်မိန်ဟာ နယ်နိမိတ်အပြင်ဘက်ဆီက ကိုးကန့်သားတစ်ယောက်ဖြစ်တဲ့ လောင်ကျွမ့်ခေါ်တဲ့ ဘိန်းရာဇာတစ်ယောက်ရဲ့ နည်းပေးလမ်းညွှန်အတိုင်း လိုက်ပြီး မြန်မာနိုင်ငံက ကုန်ပစ္စည်း (မူးယစ်ဆေး ပစ္စည်း) ကို ခွန်းမင်ဆီ ယူဆောင်သွားလေတယ်။ ရန်းချောင်မိန်ဟာ မိမိရဲ့ လယ်ယာလုပ်ငန်းခွင်သုံးကားနဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး၊ နယ်နိမိတ် အပြင်ဘက်က မြန်မာနိုင်ငံ လောက်ကိုင်ဆီ ကိုယ်တိုင် ကားမောင်းပြီး ထွက် သွားပါတယ်။ လောက်ကိုင်ကနေ အထုပ်ပေါင်း ၁၄ ထုပ်၊ အလေးချိန်ပေါင်း ၉၈၅၀ ကီလိုဂရမ်ရှိတဲ့ ဟီးရိုးအင်းတွေကို ကားရေတိုင်ကီထဲဝှက်ပြီး ၂၃ ရက် နေ့မှာ နယ်နိမိတ်ပြင်ပဘက်ကနေ ဂိတ်တွေကို ကျော်ဖြတ်ပြီး တရုတ်ပြည် နယ်နိမိတ်အတွင်းကို ပြန်ဝင်လာပါတယ်။ ၂၄ ရက်နေ့မှာ သူ ယုန်ခန်းမြို့ထဲ ဝင်တဲ့အခါမှာ ယုန်ခန်းခရိုင် ပြည်သူ့လုံခြုံရေးဌာန ပြည်သူ့ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်ပါတယ်။ ၅-၉-၁၉၉၅ နေ့မှာ လိန်ချန်းဒေသ အလယ်တန်းအဆင့် ပြည်သူ့တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

အစွယ်မကျိုးသေးတဲ့ ရန်းချောင်မိန်၊ ထောင်ဖောက်ပြေးဖို့ကို စီမံစိုင်း ပြင်းလေတယ်။ တစ်ခန်းထဲနေ ကြီးလေးတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အဖော်ကို စည်းရုံးလှုံ့ဆော်ထားနှင့်ပြီး ဖြစ်တယ်။ ဒါ့အပြင် ထောင်ဝင်စာ လာရောက်တွေ့ဆုံတဲ့ ဇနီးသည် အားကျဲန်ကို သံဖြတ်လွှ မရရအောင် သယ် ဆောင်လာခိုင်းတယ်။ သံဖြတ်လွှရပြီးတာနဲ့ သူတို့အကျဉ်းသားအခန်းဖော်တွေ လစ်တာနဲ့ တစ်ယောက်တစ်လှည့် သံတိုင်ကို ဖြတ်ကြလေတယ်။ ရက်ပိုင်းအတွင်း မှာပဲ နောက်ဘက် ပြတင်းသံတိုင် ပြတ်သွားပါတယ်။ ရန်းချောင်မိန်ရဲ့ အခန်း ဖော်အကျဉ်းသားလေးယောက် အောင်အောင်မြင်မြင်နဲ့ ထောင်ဖောက်ပြီး ထွက်ပြေးသွားကြပါတယ်။ တရုတ်ပြည် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နောက်ပိုင်းမှာ လိုက်လံစုံစမ်းချက်အရ ဒီရန်းချောင်မိန်အပါအဝင် ထောင်ဖောက် ထွက်ပြေးတဲ့ အကျဉ်းသားတွေဟာ နောက် ၁၂ ရက်လောက်မှာ တရုတ်ပြည် နယ်နိမိတ် အပြင်ဘက်ကို ရောက်ရှိသွားကြပါတယ်။ ဒီအထဲက နှစ်ယောက်ဆို ရင် ရန်းချောင်မိန်နှင့်အတူ ရွှေတြိဂံက ကိုးကန့်ဒေသမှာ လေလွင့်နေကြပါတယ်။

ရန်းချောင်မိန်ဟာ ကိုးကန့်လောက်ကိုင်မှာ အသက်အန္တရာယ်ကြားက သီသီလေး ထွက်ပြေးလွတ်မြောက်လာတဲ့ ဘိန်းရာဇာ ရန်းလောင်ကျွမ့်နဲ့ ပြန် ဆုံကြတယ်။ ရန်းလောင်ကျွမ့်က ရန်းချောင်မိန်တို့ သုံးယောက်ကို သူ့ရဲ့ ကိုး ကန့်တောင်တန်းဒေသက ပေါ်ပီပင်တွေကို စောင့်ကြပ်ကြည့်ရှုတဲ့အလုပ်ကို စီစဉ်ပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ရန်းလောင်ကျွမ့်ဟာ မူးယစ်ဆေးဝါး တွေ တရုတ်ပြည်နယ်နိမိတ်အတွင်းဆီ ရောင်းဝယ်ဖောက်ကားတဲ့ လက်ပါးစေ ကြီး ဖြစ်သွားချေပြီ။ သူ့ဆီ လာခိုအောင်းနေတဲ့ ရန်းချောင်မိန် သူ့လက်အောက် မှာ စိတ်ချလက်ချနဲ့ အသက်ပေးလုပ်သွားစေရေးအတွက် ရန်းလောင်ကျွမ့်က သူ့ခယ်မကို ရန်းချောင်မိန်နဲ့ ပေးစားလိုက်ပါတယ်။ ဒီလိုနဲ့ ရန်းချောင်မိန်ဟာ အသက်အန္တရာယ်ကိုမမှုဘဲ မိုက်ရူးရဲ တဇောက်ကန်း ဘိန်းရာဇာကြီး ဖြစ်သွား လေတယ်။

ရန်းချောင်မိန် ထောင်ဖောက်ပြီး ပြည်ပဘက်ဆီ ရောက်ရှိသွားပြီးတဲ့ နောက်၊ ယုန်တက်ခရိုင် ပြည်သူ့လုံခြုံရေးဌာန၊ လိန်ချုန်းဒေသ ပြည်သူ့လုံခြုံ ရေးဌာနတို့က ရန်းချောင်မိန်ကို ဝရမ်းပြေးစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ငယ်လေးတွေ စေလွှတ်ပြီး နယ်စပ်နယ်နိမိတ်တွေမှာ ထိန်းချုပ်မှု ဖြန့်ချထားတယ်လေ။ ဒါ့အပြင် မြန်မာနိုင်ငံ ကိုးကန့်ဘက်ဆီကိုပါ ပူးတွဲကူညီပေးဖို့ လှမ်းပြီး အကူအညီတောင်းခံထားပါ တယ်။ ဘာအကြောင်းပြချက်မှ မရပါ။

ရန်းချောင်မိန်က ပြည်တွင်းက ဇနီးသည် အာကျဲန်ဆီကို လူကြုံစကား ပါးလိုက်ပြီး ''နောက်ကွယ်က ဖော်ကောင်ဘယ်သူလဲ'' ဆိုတာ မေးမြန်းစုံစမ်း ခိုင်းလိုက်တယ်။ ရက်သိပ်မကြာပါဘူး။ အားကျဲန်း ကိုးကန့်ဆီ လိုက်လာပြီး တွေ့ဆုံကြတယ်။ ပြန်သွားပြီးတဲ့နောက် ''ရူပါရုံကျော့ကွင်း ဆင်ပြီး အမိဖမ်း နည်း'' နဲ့ စုံစမ်းလိုက်တော့ ဖော်ကောင်သတင်းပေးသမား ဖြစ်နိုင်ချေရှိတာက ယုန်ခန်းမြို့သစ် ဒဘုံအသင်းရဲ့ ကျွမ်းဒဆိုတာ သိလိုက်ရတယ်။ ၁၅-၁၀-၁၉၉၈ နေ့မှာ ရန်းချောင်မိန်ဟာ လောက်ကိုင်က အမာခံရောင်းရင်း လောင်ကို ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။ နှစ်ယောက်သား နယ်နိမိတ်ပြင်ပမှာ ဝယ်ယူ ထားတဲ့ ကာဘိုင်မရှင်းဂန်းရယ်၊ ''၅၄'' ပုံစံ ခြောက်လုံးပြူး သေနတ်နတစ်လက် စီရယ်၊ လက်ပစ်ဗုံးလေးလုံး ယူဆောင်ပြီး လက်စားချေဖို့ ရွာပြန်ကြလေတယ်။

၁၆-၁၀-၁၉၉၈ နေ့ ညနေ။ ရန်ချောင်မိန်တို့ နှစ်ယောက်သား ယုန် ခန်းမြို့ရဲ့ တောင်ပေါ်မှာ ပုန်းအောင်နေကြပါတယ်။ ၁၇-၁၀-၉၈ နံနက်စောစော ၃ နာရီ ရန်းချောင်မိန်တို့နှစ်ယောက် ကျွမ်းဒအိမ်ဆီကို ရောက်လာကြပြီး ဆဲ ဆို စိန်ခေါ်လေတယ်။ ကျွမ်းဒကလည်း ရှေ့ဘက်တံခါးကို ပိတ်ထားလိုက်ပြီး နောက်ဖေးပေါက်ကနေ တောင်ပေါ်ကို သုတ်ခြေတင် ပြေးလေတယ်။ ရန်းချောင် မိန် လက်ပစ်ဗုံးကို ကျွမ်းဒအိမ်ထဲ ပစ်သွင်းလိုက်တယ်။ အိမ်မကြီး ဗုံးမှန်ပြီး ပွင့်ထွက်သွားပါတယ်။ ရန်းချောင်မိန် အိမ်ထဲကို သေနတ်နဲ့ ဒလစပ်မွှေလိုက် ပြန်ပါသေးတယ်။ ဘိန်းရာဇာကြီးက အဲသလောက်ကို သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါလေရော။ ဒီပစ်ခတ်ဖောက်ခွဲမှုဟာ တရုတ်ပြည် ပြည်သူ့လုံခြုံ ရေးဌာန ဝန်ကြီးဆီကို ရောက်သွားပါတယ်။ ဝန်ကြီးက အထူးအမိန့်တစ်ရပ် ကို ချမှတ်လိုက်တယ်။ ''ယင်းအမှုကို အမြန်ဆုံး စစ်ဆေးဖြေရှင်းပါ''။ တရုတ်ပြည် ရဲတပ်ဖွဲ့က ရန်းချောင်မိန်အမှု အထူးအဖွဲ့ဝယ်တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။ နယ်ခြားဖြတ်ကျော်ပြီး ရန်းချောင်မိန်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်လိုက်ပါတယ်။ ဒါ့အပြင် ဘိန်းရာဇာတို့ရဲ့ အခြေခံလှုပ်ရှားမှုကိုပါ ပိုင်နိုင်အောင် လုပ်ထားကြ ရပါမယ်ဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လိုက်ပါတယ်။

၁၇-၁၀-၂၀ဝ၁ နေ့။ လိန်ချန်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တပ်ဖွဲ့ခွဲလေးဆီကို သတင်းရောက်လာပါတယ်။ ကိုးကန့်လောက်ကိုင်မှာ ရန်း ချောင်မိန်ကို ခြေရာခံမိတဲ့သတင်းဖြစ်နေပါတယ်။ ၂၀-၁၀-၂၀ဝ၁ နေ့လည်ပိုင်း တရုတ်ပြည်ရဲတပ်ဖွဲ့က ရန်းချောင်မိန်ရဲ့ တိကျမှန်ကန်တဲ့ လှုပ်ရှားမှုခြေလှမ်း တွေကို ကိုးကန့်အထူးဒေသခေါင်းဆောင်တွေကို ထုတ်ပြန်အသိပေးလိုက်ပါ တယ်။ ဖမ်းဆီးပေးဖို့ အကူအညီ တောင်းခံပါတယ်။

၂၁-၁၀-၂၀ဝ၁။ နံနက် ၂ နာရီ ၂၀ မိနစ်၊ ရန်းချောင်မိန်ကို ဖမ်းဆီး ဖို့ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဘက်က ကိုးကန့်ထောက်လှမ်း ဖမ်းဆီးရေး အဖွဲ့က ရုတ်တရက် ရန်းချောင်မိန်အိမ်ထဲ ထိုးဖောက်ဝင်လိုက်တယ်။ သေနတ် တစ်ချက်တောင် မဖောက်လိုက်ရဘဲ ရန်းချောင်မိန်ကို အရှင်ဖမ်းမိလိုက်ပါတယ်။ လက်ထိပ်ခတ်လိုက်စဉ်မှာ ရန်းချောင်မိန် ညည်းတွားပြီး ပြောလိုက်ပါတယ်။ ''ထောင်ဖောက်ထွက်ပြေးတဲ့ နေ့မှာပဲ တစ်နေ့နေ့မှာ ဒီလို အဖမ်းခံရမယ်ဆိုတာ တွက်ပြီးသားပါ''




လျိုမိန်အမှု။ အတွင်းရေးက သပွတ်အူလှိုက် ပွေလီရှုပ်ထွေးလွန်းတာ ကြောင့် ကိုးကန့်တို့ဘက်က အကောင်းအဆိုး ဘာတစ်ခုမှ ဖွင့်ဟမပြောဘဲ ရေငုံနှုတ်ပိတ်လို့သာနေပါတယ်။ ပြည်တွင်းမီဒီယာသမားပေးပို့တဲ့ အချက် အလက်တွေထဲမှာ အတော်များများက လက်တွေ့ဖြစ်ရပ်တွေနဲ့ ကွဲလွဲနေပြန်ပါ သေးတယ်။ စာရေးသူ ကိုးကန့်ရောက်ရှိပြီး သတင်းစုဆောင်းချိန်မှာတုန်းက အထူးပဲ သုတေသနပြု လေ့လာခဲ့ပါတယ်။

တရုတ်ပြည် ပြည်သူ့လုံခြုံရေးဌာနက ချုပ်ကိုင်ထားတဲ့ သက်သေခံ အချက်အလက်တွေမှာ အထင်အရှားဖော်ပြထားပါတယ်။ ၁၉၉၃ ခုနှစ်က အစပြုပြီး လျိုမိန်ဖွဲ့စည်းထားတဲ့ အစုအဖွဲ့က ဟီးရိုးအင်း ၅၁၀ ကီလိုဂရမ်ကို မြန်မာနိုင်ငံကနေပြီး ယူနန်၊ ဟူနန်၊ ကွမ်တုံး၊ စန်းတုန်း စတဲ့နေရာတွေဆီ ပို့ ဆောင်ရောင်းချပါတယ်။ သူ့ကို ထိုးနှက်တိုက်ခိုက်လာမှာကို ရှောင်လွှဲလိုတာ ကြောင့် လျိုမိန်ဟာ ကိုးကန့်ဒေသခံတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး သတင်းတွေကို စုဆောင်းပါတယ်။ အကြိမ်ကြိမ်ပဲ သူ့ရဲ့ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ကို ထုတ်ပြီး တရုတ်မြန်မာနှစ်နိုင်ငံ အစိုးရတို့က ကိုးကန့် ဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ဟန့်တား နှောင့်ယှက်ပါတယ်။ ဒါ့အပြင် ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ရမယ်။ တရုတ်ပြည်ဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အရာရှိတို့ရဲ့ အမည်စာရင်းကိုလည်းပဲ တေးမှတ်ဖွင့်ထားပါတယ်။ သူဟာ တရုတ်မြန်မာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး၊ နယ်စပ်အေးချမ်းတည်ငြိမ်ရေးနှင့် လူ့ လောက အေးချမ်းသာယာမှု အဆောက်အအုံကြီးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက် လို့နေပါတယ်။

ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံးက လျိုမိန်ကို လိုက်လံဖမ်းဆီးတယ်။ ဘိန်းရာဇာအမည်စာရင်းထဲ သွတ်သွင်းလိုက်တယ်။ ဒါ့အပြင် လိန်ချုန်းအစရှိတဲ့ နယ်မြေပြည်သူ့လုံခြုံရေးယန္တရားက အထူးမှုခင်းအဖွဲ့ ဖွဲ့စည်းလိုက်ပြီး ဖြန့်ကျက် ဆောင်ရွက်လေတယ်။ ၃-၁၁-၂၀ဝ၁။ လိန်ချန်းဒေသ ပြည်သူ့လုံခြုံရေးဌာနက သက်သေခံ အချက်အလက်တွေကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ပြီးတဲ့နောက် လျိုမိန် ကို ဖမ်းဆီးမိန့်တောင်းခံလိုက်တယ်။ ၁၁-၁၂-၂၀ဝ၁ စုံစမ်းစစ်ဆေးရေးဌာနက လျိုမိန်ကို ဖမ်းဆီးဖို့ တောင်းခံခွင့်ပြုလိုက်တယ်။ ဒါ့အပြင် ၁၉-၁၂-၂၀ဝ၁ နေ့မှာ လိန်ချန်းဒေသ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးအမိန့်ကို စာနဲ့ ထုတ်ပြန် လိုက်တယ်။

တရုတ်ပြည် ရဲတပ်ဖွဲ့က ကိုးကန့်ဒေသ အစိုးရကို အရင်ဆုံး အသိပေး အကြောင်းကြားလိုက်ပါတယ်။ ၅ ရက်သာ လွန်မြောက်သွားပါတယ်။ တစ်ဖက် စီက ဘာတုန့်ပြန်ချက်မှ မကြားရပါ။ ၂၇-၁၂-၂၀ဝ၁ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံဘက်ဆီ အမှာစာ တရားဝင် ပေးပို့လိုက်ပါတယ်။ အမှာစာထဲမှာ ဘိန်းရာဇာကြီး လျိုမိန်ကို အမြန်ဆုံး ဖမ်းဆီးပေးပြီး လွှဲပြောင်းပေးဖို့ တောင်း ဆိုထားပါတယ်။

၁၁-၁-၂၀ဝ၂ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး တင်လှိုင် ကိုယ်တိုင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်နယ်အထူးဒေသ (၁) မှာ အခြေစိုက်ထား ကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က တရုတ်ပြည်ဘက်ကို အကူအညီပေးပြီး လျိုမိန် ကို ဖမ်းဆီးဖို့ တောင်းဆိုလိုက်ပါတယ်။ ကိုးကန့်ဘက်က ဒီမှုခင်းကို တာဝန်ယူတဲ့ မြန်မာနိုင်ငံ စစ်ဘက်သတင်းဌာန ရဲတပ်ဖွဲ့ အရာရှိ ဗိုလ်မှူးကြီး စိုးဝက ပြန် လည်တုန့်ပြန်ပြောကြားပါတယ်။ ''တိုတောင်းတဲ့ အချိန်ကာလလေးမှာ လျိုမိန်ရဲ့ စိတ်အာရုံတွေဟာ ကယောင်ကတမ်းတွေ ဖြစ်နေတာ။ စိတ်နေစိတ်ထားမူမမှန် တာ၊ သွားရောက်ဖမ်းဆီးစဉ်မှာ ခုခံမှန်း အရှင်လက်ရဖမ်းဆီးရမိဖို့ အင်မတန် ခက်ခဲလှတာကို သတိပြုမိပါတယ်'' လို့ စကားပြန်ပါတယ်။

တရုတ်ပြည် ရဲတပ်ဖွဲ့နဲ့ မြန်မာစစ်ဘက်ဆိုင်ရာ သတင်းဌာန ရဲအရာရှိ ဗိုလ်မှူးကြီးစိုးဝတို့ရဲ့ တင်ပြချက်က ''အရှင်ဖမ်းရမယ်၊ တရုတ်ပြည်ဘက် လွှဲ ပြောင်းပြီး တရားရုံးတင် စစ်ဆေးရမယ်'' ကိုးကန့်ဘက်က ထပ်တစ်ကြိမ် ပြန် စာမှာ ဖော်ပြထားတာက ''အရှင်ဖမ်းမိဖို့ကို တာဝန်မယူပါ''။ မြန်မာအစိုးရရဲ့ စစ်တပ်ထုတ်သုံးပြီး ဖမ်းဆီးဖို့ကို တောင်းဆိုထားပါတယ်။ ကိုးကန့်ဘက်က အဆိုက ''လျိုမိန်ဟာ အတွင်းရော အပြင်ပိုင်းတွေမှာပါ'' ြွေကးပတ်လည်ဝိုင်း နေပါတယ်''။ တစ်ချိန်ချိန်မှာ အသေပစ်သတ်လိုက်ရင် ြွေကးပြဿနာတွေကို ဘယ်လိုဆောင်ရွက်မှာလဲ။ '' တရုတ်ဘက်က ဒီကိစ္စကို ဖြေရှင်းချက်ပေးဖို့ တာဝန်ယူပါတယ်''ဆိုတဲ့ ပြန်ကြားချက်ကိုလည်းရရော၊ ၁၄-၁-၂၀ဝ၂ နေ့မှာ ကိုးကန့်အထူးဒေသ အစိုးရဥက္ကဋ္ဌ ဖုန်ကျားရှင်က လက်မှတ်ရေးထိုးပြီး ဖမ်းဆီး မိန့်ကို ထုတ်လိုက်ပါတယ်။

၂၈-၁-၂၀ဝ၂ ညနေ ၅း၂၀ နာရီအချိန်။ လျိုမိန်က ကိုတုန်းကျုန်း မူလတန်းကျောင်း ဒါရိုက်တာအစည်းအဝေးမှာ တက်ရောက်လာပါတယ်။ ၄င်းကျောင်းရဲ့ ဒါရိုက်တာတွေအားလုံးလောက်က ကိုးကန့်အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်ကြီးတွေကို အခြေခံထားပြီး ဖွဲ့စည်းထားတာဖြစ်မယ်။ လျိုမိန်နဲ့ ကိုးကန့် အာဏာပိုင်ပိုင်းက ပုဂ္ဂိုလ်ကြီးတွေက အမြဲတမ်း တစ်စုတစည်းထဲ ရှိကြပါတယ်။ ကျောင်းအမှုဆောင် ဒါရိုက်တာအစည်းအဝေးပြီးစီးတာနဲ့ လျိုမိန်ဟာ စလွန်း ကားငယ်လေးကို မောင်းပြီး ကျောင်းတံခါးမဆီ ရောက်လာပါတယ်။ ကိုးကန့် ဘက်က ဖမ်းဆီးရေးတပ်ဖွဲ့က ရှေ့တိုးထွက်လာပြီး တားပါတယ်။ လျိုမိန်အထင် က ခါတိုင်းတွေလို ရှာဖွေစစ်ဆေးတယ်လို့ ထင်လိုက်တယ်။ နောက်အခြေအနေ က မဟန်မှန်းလည်း သိရော ကိုယ်မှာ အမြဲဆောင်ထားတဲ့ ခြောက်လုံးပြူး ထုတ်ပြီး အရင်လက်ဦးပြီး သုံးချက် ပစ်ထည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်ကောက်ကို တစ်ဖက်က ပစ်လိုက်တဲ့ ထိမှန်သွားပြီး ပွဲပြီးချင်း သေသွား တယ်။ မြန်မာအစိုးရ စစ်ဘက်၊ ရဲတပ်ဖွဲ့ဘက်က လျိုမိန်ရဲ့ နေအိမ်ကို ရှာဖွေ ပါတယ်။ အမြောက်တစ်လက်၊ စက်သေနတ် ၃ လက်၊ ရိုင်ဖယ်သေနတ်န ၆ လက်၊ ခြောက်လုံးပြူး ၇ လက်ကို တွေ့ရှိပါတယ်။ ဒါဟာဖြင့် ၂၀ဝ၁ ကအစ ပြုပြီး တရုတ်မြန်မာပူးပေါင်းပြီး ဘိန်းရာဇာကြီးတွေဖြစ်တဲ့ ထန်ရှောင်လင်း၊ စန့်ချောင်မေတို့ရဲ့အမှုကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးပြီးတဲ့ နောက်။ နှစ်နိုင်ငံ အစိုးရတို့က ထပ်ဆင့်တိုးချဲ့ပြီး ပူးပေါင်းဆာင်ရွက်မှုရဲ့ လက်တွေ့ရလာဒ်ကြီးပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်စွာ ဖမ်းဆီးလိုက်ခြင်းက သရော်လှောင်ပြောင်တဲ့ အနှစ်သာရတွေ ပါနေသယောင်ပါပဲ။ အကြောင်းရင်း ကတော့ ၂၀ဝ၀ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက ကိုးကန့်မှာ ယွမ်ပေါင်း ၃၈ သန်း အကုန်အကျခံပြီး ၄င်းမြို့ရဲ့ အရှေ့ဖွံ့ဖြိုးရေးဒေသမှာ အင်မတန် လှပခံ့ညားတဲ့ ကိုးကန့်မူယစ်ဆေးဝါးတိုက်ဖျက်ကာကွယ်ရေး အထိမ်းအမှတ်ပြတိုက်ကြီးကို ဆောက်လုပ်ကြပါတယ်။ ပြတိုက်ကြီးထဲမှာ ရွှေတြိဂံ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးနဲ့ သက်ဆိုင်တဲ့ သမိုင်းရေးရာပန်းချီကားချပ် ဓာတ်ပုံတွေ၊ အချက် အလက်တွေ အများအပြားကို စီပြုပြီး ပြသမှာဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ မြန်မာအစိုးရအပြင် ကမ္ဘာတဝှမ်းလုံးက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အပေါ် သဘောထား ပြတ်သားမှုရှိကြောင်းကို ရည်ညွှန်းပြသထားရေး ဖြစ်ပါ တယ်။ ပြတိုက်ကြီးကို ဖွင့်လှစ်တဲ့ပွဲမှာ မြန်မာနိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီဝင် ပထမ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်အစရှိတဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေ တက်ရောက်ဆင်နွှဲကြပါတယ်။ ဘိန်းရာဇာကြီး လျိုမိန်က ဒီပြတိုက်ကြီး တည်ဆောက်ရေးလုပ်ငန်း အထမြောက်အောင်မြင်ရေး အတွက် ယွမ်ငွေ သန်း ၂၀ ထည့်ဝင်ပါတယ်။ ဒါဟာ အဆောက်အဦးကြီးရဲ့ ကုန်ကျစရိတ်အားလုံးရဲ့ ၆၀ プ မှာ ရှိနေပါတယ်။ ဘိန်းရာဇာကြီးရဲ့ စေတနာ ဗလပွနဲ့ ရက်ရက်ရောရော ငွေကြေးပေးအပ်လှူဒါန်းလိုက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အထိမ်းအမှတ်ပြတိုက်ကြီးကား ပြီးစီးသွားလေပြီတကား။ ထိုတိုက်ဖျက် နှိမ်နင်းရေး အထိမ်းအမှတ်ပြတိုက်အတွက် အားပေးအားမြှောက် လှူဒါန်းရင်းက မူးယစ်ဆေးဝါးအကြီးအကျယ် ဖြန့်ဖြူးရောင်းချငွေတွေကို သဲ့ ယူပြနေတဲ့ လုပ်ရပ်နှစ်ခုက ဖီလာဆန့်ကျင်မှုကြီးဖြစ်နေပါတယ်။ အတော်လေး လည်း ထူးဆန်းအံ့သြစရာဖြစ်နေပါတယ်။ ဘယ်လိုမျိုးကို နားလည်မှုပေးရမှာလဲ။ ဒါ့အပြင် လျိုမိန်မသေခင်က သူဟာ အဲဒီအထိမ်းအမှတ်ပြတိုက်ရှေ့မှာပဲ အမှတ်တရဓာတ်ပုံကို ရိုက်ထားခဲ့ပါသေးတယ်။ (ဤစာအုပ်ရှေ့ဘက် ဓာတ်ပုံ ကဏ္ဍမှာ တွေ့ရှိနိုင်ပါတယ်။)

လျိုမိန် နဂိုမူလက တရုတ်ပြည်ကပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် လောက်က ကိုးကန့်ရောက်လာတာပါ။ လိုရှုကျွိဆိုတဲ့ မြန်မာမနဲ့ လက်ထပ်ပါ တယ်။ လိုရှုကျွိရဲ့ ဒုတိယအိမ်ထောင်ဆက်ဖြစ်တယ်။ သူတို့နှစ်ယောက် လက် ဆက်ပေါင်းသင်းကြပြီးတဲ့နောက် လျိုမိန်မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်း ရဲ့ ရင်းနှီးငွေပြဿနာက ပြေလည်သွားပါတော့တယ်။ လိုရှုကျွိကိုယ်၌ကလည်း နဂိုကတည်းက ဒီလုပ်ငန်းကိုပဲ လုပ်နေတာပါ။ တစ်ချိန်က အတော်ကြီးကြီးကျယ် ကျယ် လုပ်ခဲ့ပါတယ်။ လျိုမိန်ဘိန်းလောကထဲ ခြေချပြီးတဲ့နောက် ဇနီးမောင်နှံ နှစ်ယောက်က ကိုယ့်စီးပွားနဲ့ ကိုယ်သီးခြားစီ စခန်းသွားကြပါတယ်။ ငွေကြေး ကဏ္ဍ၊ လုပ်ငန်းကဏ္ဍ ပြတ်ပြတ်သားသား ခွဲခြားထားကြပါတယ်။ နောက်ပိုင်း တွေမှာ လျိုမိန်ရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုက ဇနီးသည်ရဲ့ စံချိန်နားကို ချဉ်းကပ်လာပါတယ်။ နောက်ပိုင်းတွေ ကျော်တောင်ကျော်လွန်သွားပါတယ်။ ကြားသိရတဲ့အချက်ကတော့ နောက်ပိုင်း သူတို့ တသီးတခြားစီ နေထိုင်ကြပါသတဲ့။ ဒါကလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ အပေါင်းအသင်းဖွဲ့မှု၊ ပူးပေါင်း ဆောင်ရွက်ကြတဲ့ လူတွေရဲ့ အရေးအရာနဲ့ သက်ဆိုင်လိမ့်မယ်လို့ ထင်ရတာပါပဲ။ လျိုမိန်သေပြီးတဲ့နောက် သူ့ဇနီးသည်က သူ့မှာ ဘာမှ မဖြစ်သလိုပါပဲ။ ကိုးကန့် မှာပဲ နေမြဲတိုင်း နေနေပါတယ်။

ကိုးကန့်က အတွင်းသိတဲ့ လူတွေဆီက ထွက်လာတဲ့ စကားအရ လျိုမိန်သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရငး်က နှုတ်ပိတ်ခံရခြင်းပါတဲ့။ ဘာ ကြောင့်ဆိုရင် သူဟာ တရုတ်ပြည် ပြည်သူ့လုံခြုံရေးဝန်ကြီးရဲ့ နာမည် စာရင်း တေးမှတ်ခံထားရတဲ့ ဘိန်းရာဇာကြီးဆိုတာကြောင့် ဖြစ်ပါတယ်။ သူဟာ တစ် နေ့နေ့ တစ်ချိန်ချိန်မှာ တရုတ်လက်ထဲဆီကို အပ်နှံရမှာဖြစ်တယ်။ တရုတ် လက်ထဲရောက်သွားရင် မူးယစ်ဆေးဝါးနဲ့ မကင်းမရှင်းကြတဲ့ လူပုဂ္ဂိုလ်တွေ တသီတတန်းကြီး ဘူးပေါ်သလို ပေါ်လာကြတော့မယ်။ ဒါကြောင့် ''သူ့ တစ်ယောက်တည်း သေသွားတာ ကိစ္စအားလုံး ပြီးပြတ်သွားတာပါပဲ''တဲ့။

ဒီမှုခင်းကို ကြီးကြပ်ဆောင်ရွက်တဲ့ မြန်မာနိုင်ငံ ရဲအရာရှိ ဗိုလ်မှူးကြီး စိုးဝက ၉-၃-၂၀ဝ၂ နေ့က ဖိတ်ခေါ်ကမ်းလှမ်းချက်အရ ယူနန်ပြည်နယ် ခွန်မင်းဟိုတယ်မှာ သတင်းဌာနတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာပါတယ်။ ၄င်းက ထိန်ချန်ထားမှုရှိတဲ့ လျိုမိန်အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။

လျိုမိန်ရဲ့ သေမှုသေခင်းက ရွှေတြိဂံက ကြီးကြီးကျယ်ကျယ် မူးယစ်ဆေး ဝါး ရောင်းဝယ်ကြသူတွေကို အကြီးအကျယ် ကိုင်လှုပ်လိုက်ပါတယ်။ လျိုမိန်ရဲ့ ဂိုဏ်းအုပ်စုတွေကလည်းပဲ တစ်ချက်တည်းနဲ့ ဝါးအစည်းပြေသလိုမျိုး တကွဲ တပြားဆီ ဖြစ်သွားကြပါတယ်။ ဂိုဏ်းသားတွေ အများအပြားဟာ ရှေ့ဆင့်နောက် ဆင့်ပဲ ဥပဒေရဲ့ ပိုက်ကွန်ထဲဆီကို ရောက်ရှိသွားကြပါတယ်။ ကျွန်တော်တို့ နိုင်ငံ (တရုတ်ပြည်) နှင့် အနီးကပ်ဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုမှာ အင်အားအတောင့်တင်းဆုံး ဂိုဏ်းကြီး တစ်ဂိုဏ်းကား ဖယ်ရှားခံလိုက်ရ ချေပြီ။ ကိုးကန့်ဒေသက အခြားအစိတ်အပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်ကြ သူတွေ၊ ဘိန်းကုန်သည်တွေလည်းပဲ တောင်ပြေးမြောက်ပြေးနဲ့ ပြန့်ကျဲကုန်ကြလေ ပြီ။ တချို့များ ပိုင်ဆိုင်မှုဓနငွေကြေးတွေကို ရွှေ့ပြောင်းသွားကြပါတယ်။ တချို့ ကတော့ ပြင်ပဆီ ထွက်ပြေးပြီး တိမ်းရှောင်ခိုအောင်းနေကြပါတယ်။ ရွှေတြိဂံက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြတဲ့ အင်အားတွေကို ထိုးနှက် တိုက် ခိုက်တာမှာ ကြီးကျယ်လေးနက်တဲ့ အကျိုးဆက်ကြီးက နက်နက်ရှိုင်းရှိုင်း ပေါ် ထွက်လာချေပြီတည်း။




နောက်တစ်ဦးကတော့ နိုင်ငံကျော်ဖြတ်ပြီး လိုက်လံဖမ်းဆီးကာ တရုတ်ပြည်ဆီ ပြန်လည်ခေါ်ဆောင်ပြီး စစ်ဆေးခံရသူကတော့ ထန်ရှောင်လင်း (၁၉၆၂ နှစ် ဖွားမြင်) ဖြစ်တယ်။ တရုတ်ပြည်၊ စွတ်ချွမ်းပြည်နယ် လော့ကျူ ခရိုင်သားဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်တယ်။ သူနဲ့ လျိုမိန် တူတဲ့အချက်တွေက မနည်းပါ။ ဥပမာ ထောက်ပြရရင် နှစ်ယောက်စလုံး တရုတ်ပြည်က ရောက်လာ ကြတာ ဆယ်နှစ်အတိုင်းအတာကျော်တာနဲ့ တကယ့်ဘိန်းရာဇာကြီးတွေဖြစ် သွားကြပါတယ်။ နှစ်ဦးစလုံးက မြန်မာနိုင်ငံဘက်ဆီ ခိုးကူးလာပြီး မြန်မာအမျိုး သမီးနဲ့ လက်ထပ်ကြတာချင်းလည်း တူကြပါတယ်။ ၁၉၉၅ ခုနှစ်က အစပြုပြီး ထန်ရှောင်လင်းဟာ မြန်မာနိုင်ငံ မူဆယ်၊ မိုးကုတ် အစရှိတဲ့ ဒေသတွေမှာ နယ်နိမိတ်အတွင်း ပြင်ပ မူးယစ်ဆေးဝါးရောင်းဝယ်ကြသူတွေကို လှည့်လည် စုစည်းလိုက်တယ်။ ခေတ်မီတဲ့ လမ်းပန်းဆက်သွယ်ရေး၊ စာပို့စနစ်၊ ငွေကြေး အချက်အလက်တွေကို အသုံးချပြီး တရုတ်ပြည်ထဲကို မူးယစ်ဆေးခိုးသွင်းတဲ့ လုပ်ငန်းကြီးကို အုန်းအုန်းဒိုင်းဒိုင်း ကျူးလွန်ဆောင်ရွက်ပါတယ်။

ထန်ရှောင်လင်းလိုလူမျိုးတို့ရဲ့ အပင်ပန်း အဆင်းရဲခံ ကြိုးပမ်းဆောင် ရွက်မှုတွေကြောင့် အချိန်တိုတောင်းတဲ့ ကာလအပိုင်းအခြားမှာ တရုတ်မြန်မာ နိုင်ငံကို ထင်ရာစိုင်းကျော်လွှားဖြတ်သန်းပြီး သိမ်းဆည်း သယ်ယူပို့ဆောင်၊ ရောင်းချလိုက်ပြီး ငွေဖြြုူဖစ်အောင် ဆေးကြောလိုက်ကာ နဂါးအကောင်ရဲ့ လုပ်ငန်းအသွင်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ပေါ်ပေါက်လာလေတယ်။ ၄င်းဂိုဏ်းအုပ်စုကြီးရဲ့ အင်အားကလည်း အလွန်တရာမှာ ကြီးမားတောင့်တင်း လှပါတယ်။ ထန်ရှောင်လင်းဟာ မြန်မာပြည် မြောက်ပိုင်းဒေသမှာ အကြီးမား ဆုံး ဘိန်းရာဇာကြီးတွေအထဲက တစ်ဦးတစ်ယောက်ဖြစ်သွားလေတယ်။ ၂၀ဝ၀ ခုနှစ် အစပြုပြီး ယူနန်ပြည်နယ် တက်ဟုန်၊ ပေါင်စန်း အစရှိတဲ့ ပြည်သူ့လုံခြုံ ရေးယန္တရားအဖွဲ့အစည်းတွေက ဆက်တိုက်ပဲ နယ်နိမိတ်ဖြတ်ကျော်ပြီး မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ရာဇဝတ်မှု ၁၄ ခုကို ဖမ်းဆီးဖော်ထုတ်ခဲ့ ပါတယ်။ ဟီးရိုးအင်း ၃ တန်ကျော်၊ ရာဇဝတ်သားရယ်လို့ သံသယရှိသူ ၃၉ ဦးကို ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် မူးယစ်ဆေးတင်ဆောင်တဲ့ ကား ၂၈ စီး အပြင် ဆက်သွယ်ရေးကိရိယာ ပစ္စည်းများနှင့် ငွေမည်းတွေရယ်၊ ပစ္စည်းတွေ ရယ်ပါ သိမ်းဆည်းလိုက်တယ်။ နောက်ဆုံး စစ်ဆေးတွေ့ရှိချက်အရ ဒီလှုပ်ရှား ဆောင်ရွက်မှု အားလုံးဟာ ထန်ရှောင်လင်း မူးယစ်ဆေးဝါးဂိုဏ်းကြီးရဲ့ လက် ချက်တွေရယ်လို့ အထင်အရှား သိရှိရပါတယ်။

ထန်ရှောင်လင်းဂိုဏ်းရဲ့ လက်ရဲဇက်ရဲနိုင်လှတဲ့ လှုပ်ရှားမှုတွေကို ရည်မှန်းပြီး တရုတ်ပြည် ရဲတပ်ဖွဲ့က ဒုက္ခဆင်းရဲခံပြီး စေ့စေ့စပ်စပ် သေသေသပ် သပ်ဖြင့် စုံစမ်းထောက်လှမ်းမှုကို လုပ်ကိုင်ကြပါတယ်။ ပြစ်မှုကျူးလွန်တဲ့ သက် သေခံအထောက်အထားတွေ အများအပြား ရယူလိုက်ပါတယ်။ ၂၀ဝ၁ ခုနှစ်က အစပြုပြီး ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးယန္တရားက ထပ်ဆင့် ရှေ့ခြေတစ် လှမ်းတိုးလိုက်ပြီး ထန်ရှောင်လင်းတို့ရဲ့ အဓိက လှုပ်ရှားမှု အနေအထားကို အမိအရ ဆုပ်ကိုင်ထားလိုက်နိုင်ပါတယ်။ ဒါ့အပြင် ၄င်းတို့ရဲ့ ခြေလှမ်းတွေကို လည်း အချိန်သတ်မှတ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ သတင်းပေးပို့ပါတယ်။ ၂၀-၄-၂၀ဝ၁ နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဘိန်းရာဇာကြီး ထန်ရှောင်လင်း ကို မူဆယ်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးပြီးတဲ့နောက် သုံးရက်မြောက်နေ့ မှာ တရုတ်ရဲတပ်ဖွဲ့လက်ထဲ ပေးအပ်လိုက်ပါတယ်။

အဲဒီနောက် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ယန္တရားအဖွဲ့ကြီးက ချုံကင်း (ချုံချင်)၊ ခွန်မင်း၊ တိချင့်၊ ပေါင်စန်း၊ တက်ဟုန် အစရှိတဲ့ နေရာတွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်းနဲ့ ထန်ရှောင်လင်းတို့ တရုတ်ပြည်နယ်နိမိတ် အတွင်းက မူးယစ်ဆေးဝါး ဂိုဏ်းဝင် ၁၈ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ထန်ရှောင်လင်း မူးယစ်ဆေးဝါးဂိုဏ်းတွေ တရုတ်နယ်နိမိတ်ထဲက မူးယစ်ဆေးဝါး ဖြန့်ချိမှု ဆက်သွယ်ရေးစခန်း ၆ ခုနှင့် ပို့ဆောင်ရေး စာပေးစာယူဆက်သွယ်ရေး ကိရိယာပစ္စည်းတွေ အများအပြားကိုပါ သိမ်းဆည်းလိုက်ပါတယ်။ ထန်ရှောင် လင်းအစရှိတဲ့ ရာဇဝတ်သားတွေက မကွယ်မထောက်ဘဲ အားလုံး ဖြောင့်ချက် ပေးကြပါတယ်။

''တရုတ်ပြည် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရး စက္ကူဖြူ စာတမ်း'' အရ ၂၀ဝ၀ ခုနှစ် တစ်နှစ်လုံးလုံး တရုတ်ပြည် နယ်နိမိတ်အတွင်းမှာ ဟီးရိုး အင်း စုစုပေါင်း ၆"၃ တန်ကို ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ဘက်က ထွက်ချက်အရ ၂၀ဝ၀ ခုနှစ်ကအစပြုပြီး ရဲတပ်ဖွဲ့က ထန် ရှောင်လင်း မူးယစ်ဆေးဝါးဂိုဏ်းဆီက ဟီးရိုးအင်း ၃ တန်ကျော်ကို ဖမ်းဆီးလိုက် ပါတယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံး ဒုရုံးအုပ်လည်းဖြစ်၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနမှူး စွန်းတဟုန်ပြောတာက ''ဒါဟာ ယူနန်ပြည်နယ်က နိုင်ငံတော်ကို တည်ဆောက်လာရာက အစပြုပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ နယ်နိမိတ်အတွင်းဆီ မူးယစ်ဆေးဝါးအမြောက်အမြား တင်သွင်းတဲ့ ဘိန်းရာဇာ ကြီးကို ဖမ်းမိတာဖြစ်ပါတယ်''

ထန်ရှောင်လင်းနှင့် သူ့ဂိုဏ်းသားတွေ ရှေ့ဆင့်နောက်ဆင့် သိမ်းကျုံး ဖမ်ဆီးခံရပါတယ်။ တရုတ်မြန်မာ နှစ်နိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်း ရေး ဥပဒေသတ်မှတ်ချက်အတိုင်း လိုက်နာပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုး မြှင့်လိုက်တဲ့ အလွန်ကြီးမားတဲ့ တိုက်ပွဲဆုလာဘ်ပဲ ဖြစ်ပါတယ်။ သူတို့တတွေ တရားဥပဒေ ကွန်ယက်ထဲ သိမ်းကျုံးဖမ်းမီသွားပြီးတဲ့နောက် နယ်နိမိတ်ပြင်ပက နယ်နိမိတ်အတွင်းဘက်ဆီ မူးယစ်ဆေးဝါး တင်သွင်းမှုကြီး အထင်အရှား လျော့ပါးသွားပါတယ်။

၂၃-၄-၂၀ဝ၁ ညနေပိုင်း။ ခေါင်းစွပ် စွပ်ထားတဲ့ ထန်ရှောင်လင်းကို မြန်မာဘက်က မူဆယ်မြို့ဆီ ဖမ်းဆီးခေါ်ဆောင်လာပြီး နယ်စပ်မြို့ ရွှေလီဘက် ကို ကူးသန်းပြီး လွှဲအပ်စဉ်က မြန်မာဘက် ရဲတပ်ဖွဲ့က ခေါင်းစွပ်ကို ချွတ်ပြီး ထန်ရှောင်လင်း ဟုတ်၊ မဟုတ် စစ်ဆေးတိုက်ကြည့်ပါတယ်။ ကျန်ခန္ဓာကိုယ် အမှတ်အသားတွေကိုပါ စစ်ဆေးတိုက်ကြည့်ပါတယ်။ ဒီအစီအစဉ်က ၁၀ စက္ကန့်တောင်မကြာပါ။ ချက်ချင်း ပြန်စွပ်လိုက်ပါတယ်။ တဖန် တရုတ်ပြည်ထဲက တပ်ဖွဲ့ကို ဦးဆောင်တဲ့ စွန်းတဟုန်က နောက်ထပ်တစ်ကြိမ် တိုက်ကြည့်လို့ ထန်ရှောင်လင်းလို့ အသိအမှတ်ပြုပြီးတာနဲ့ တပ်ဖွဲ့နှစ်ဖွဲ့လိုက်ပါလာတဲ့ တရုတ် ပြည်ရဲတပ်ဖွဲ့ကားက တစ်ချိန်တည်းမှာပဲ နှစ်နေရာက လေယာဉ်ကွင်းတွေဆီကို မောင်းနှင်သွားပါတယ်။ တက်ဟုန်မြို့ ပြည်သူ့လုံခြုံရေးဌာနမှူး ရန်းရီက ထန် ရှောင်လင်းကို ထိန်းချုပ်ခေါ်ငင်သွားပါတယ်။ တက်ကြိုးကနေ ခွန်မင်းဆီ ပျံ သန်းတဲ့ လေယာဉ်ထွက်ခွာသွားပြီးတဲ့နောက်မှာ ပြုံးပြီးတော့ မတ်တပ်ထရပ် လိုက်တယ်။ နှုတ်ကနေ ပြောလိုက်တယ်။ ''ကဲ အားလုံး ပြီးဆုံးသွားပါပြီ။ အားလုံးပြန်နိုင်ကြပါပြီ''။ ဖမ်းချုပ်ခေါ်ဆောင်လာတာမှာ ပါဝင်ကြတဲ့ ရဲတပ်ဖွဲ့ တွေ သဘောမပေါက်နိုင်ဘဲ သူတို့ရဲ့ ဌာနမှူးကို ကြည့်ပြီးရင်း ကြည့်နေကြပါ တယ်။ နောက်ထပ်မံပြီး တကယ့် အစစ်အမှန် ထင်ရှောင်လင်းကို လုံံလုံခြုံခြုံ ဖြင့် ထိန်းချုပ်ပြီး အခြားလေယာဉ်ကွင်းဆီကို ခေါ်ဆောင်သွားကြချေလေပြီ။

ထန်ရှောင်လင်း ဖမ်းဆီးမခံရခင်မှာ မြန်မာနိုင်ငံဘက်က တစ်စုံတစ် ယောက်က သူ့ကို ကြိုတင်သတင်းပို့ထားပြီးဖြစ်တယ်။ ထန်ရှောင်လင်းက မယုံလိုက်ပါ။ တကယ်လည်း ဖမ်းခံပြီးတဲ့နောက် သူ့ကို တရုတ်ပြည်လက်ထဲ လွှဲပြောင်းပေးအပ်မယ်ဆိုတာကိုလည်း သူ မယုံကြည်ပါ။ ထန်ရှောင်လင်းနဲ့ စီးပွားရေးပူးတဲ့လုပ်တဲ့ ''မိတ်ဆွေ'' တွေနှင့် သူ့ရဲ့ ငယ်သားတွေကို သူ့ကို အတင်းဝင်လုပြီး ကယ်တင်ဖို့။ ဒါမဟုတ်လည်း ကိစ္စတုံးနှုတ်ပိတ်ဖို့ကို ကြီးပမ်းကြ ပါသေးတယ်။ ဥပမာ - ''သက်ဆိုင်ရာအရာရှိကို ငွေပေးပြီး သိမ်းသွင်းလိုက်၊ အကောင်းဆုံးနည်းလမ်းက ထန်ရှောင်လင်းအတုကို လွှဲပြောင်းပေးအပ်လိုက်'' နောက်တစ်နည်းက ''လေယာဉ်အပိုင်စီးခြင်း ဒါမှမဟုတ် အကောင်းဆုံးအခွင့် အခါက တရုတ်မြန်မာလွှဲပြောင်းပေးအပ်ချိန်မှာ အတင်းဝင်လုယူ'' နောက်ထပ် တစ်ခုကတော့ ''ဖောက်ခွဲရေး၊ ဖမ်းဆီးခေါ်ဆောင်သွားတဲ့လမ်းမှာ ထန်ရှောင် လင်းရော တရုတ်ပြည်ရဲတပ်ဖွဲ့ပါ အားလုံးသေအောင် ဖောက်ခွဲရှင်းပစ်ရမယ်''

ထန်ရှောင်လင်းရဲ့ အမှု မီးခြွိုကယ်လျှောက်သလို လူအတော်များများ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကိုင်လှုပ်နေပါတယ်။ ဘယ်လိုမျိုး လက်ချက် မျိုးနဲ့ပဲ လုပ်ရ လုပ်ရ ထမြောက်အောင်မြင်သာဆိုရင် ကျန်များပြားလှတဲ့ ဘိန်း ရာဇာတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဘေးအန္တရာယ်ကင်းရှင်းပြီး ဘဝ အာမခံချက်တွေ ရှိနေမှာဖြစ်တယ်။ ဒါကြောင့်လည်းပဲ ထန်ရှောင်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားမယ့်ကားအပေါ်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထား ပြီး ကျည်ကာအင်္ကျီပါ ဝတ်ဆင်ထားတဲ့ အထူးလက်ရွေးစင်တပ်သား ၆ ယောက် လိုက်ပါစောင့်ကြပ်ကြပါတယ်။ ထန်ရှောင်လင်း တစ်စုံတစ်ရာ ဖြစ်သွားမှာ (အတင်းဝင်ရောက်လုယူခြင်း၊ ဒါမှမဟုတ် နှုတ်ပိတ်သတ်ပစ်လိုက်ခြင်း) ကို စိုးရိမ်ကြပါတယ်။ ထန်ရှောင်လင်းကိုပါ ကျည်ကာအင်္ကျီ ဝတ်ဆင်ပေးထားပါ တယ်။ ဇဝေဇဝါဖြစ်သွားအောင် တပ်အင်အားကို လမ်းကြောင်း နှစ်ကြောင်း ခွဲလိုက်ပါတယ်။ ဒါကြောင့် ထန်ရှောင်လင်းဟာ လျိုမင်လို အခြေဆိုးမျိုးကို ကျရောက်သွားခြင်းမရှိတာ ဖြစ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့ အသက်ရှင်သန် ရေးက တရုတ်ပြည် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ရှေ့ခရီးအတွက် ထပ်ဆင့်ပြီး များပြားလှတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား၊ ထုတ်လုပ် သယ်ယူကြတဲ့ ဂိုဏ်းတွေကို ပိုက်ကွန်ထဲ တပြုံကြီး ဖမ်းမိရလေတယ်။

ခုတလော အနီးကပ် နှစ်အပိုင်းအခြားတွေမှာ နိုင်ငံအသီးသီးက မူးယစ်ဆေး မသမာမှုလုပ်ကြသူတွေ ပူးပေါင်းလက်တွဲကြပြီး မူးယစ်ဆေးဝါး မသမာမှုများကို အကြိမ်ကြိမ် အထပ်ထပ် ဆက်ကာ ဆက်ကာ လုပ်ကြပါတယ်။ ဒါဟာ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေရဲ့ တိုးပွားများပြားစေပါတယ်။ ဒီအနေ အထားက နိုင်ငံတကာ တရားလမ်းမှန်ကို လိုလားကြတဲ့ အင်အားစုတွေ တစ်စုတစ်စည်းထဲ ဆုပ်ကိုင်ထားကြပြီး အားကောင်းလှတဲ့ လက်သီးတစ်လုံး ဖြစ်လာစေဖို့ကို တောင်းဆိုနေကြပါပြီ။ ဒီလက်သီးလုံးနဲ့ မူးယစ်ဆေး ဒုစရိုက် သမားတွေကို အားကုန် ထိုးနှက်ပေးကြရပါမယ်။

၂၅-၃-၂၀ဝ၅ ညဉ့်။ အနောက်တောင်နယ်စွန်ဖျားရှိ စူးမောင် လေယာဉ်ကွင်း။ ခွန်မင်းကနေ စူးမောင်ခရီးစဉ် ပျံသန်းတဲ့ လေယာဉ်ကွင်းဆီ ဆင်းရုံကလေးပဲ ရှိပါသေးတယ်။ ဂိတ်ပေါက်က လူ့ရေစီးကြောင်းထဲမှာက သုံးယောက်သောသူကို ရဲတပ်ဖွဲ့က သတိထားမိပါတယ်။ လေယာဉ်ပေါ်က ဆင်းလိုက်တယ်ဆိုကတည်းက ဒီလူသုံးယောက်ရဲ့ အမူအယာတွေဟာ ကျီးကန်း တောင်မောက် ဂဏာမငြိမ်တာက အထူးကို ထင်ရှားနေတယ်။ သုံးယောက်ထဲက တစ်ယောက်ဆိုရင် သူ့လက်ကိုင်ဖုန်း ဖွင့်ဖွင့်ပြီး တဆက်တည်း ဆက်နေတယ်။ ကိစ္စတွေ ဒါလောက်အရေးတကြီးဖြစ်နေတဲ့ အတိုင်းပါပဲ။ နောက်တစ်နေ့ အစောကြီးမှာပဲ မြန်မာဂဏန်းနံပါတ်ပြားတပ်ထားတဲ့ ဂျစ်ကားတစ်စီး နိုင်ငံ နယ်နိမိတ်ဖြတ်ကျော်ပြီး တရုတ်ပြည်ဘက် မောင်းဝင်လာပါတယ်။ မနေ့က လေယာဉ်ပေါ်က ဆင်းလာကြတဲ့လူတွေကို တင်ဆောင်သွားကြတယ်။ အဲဒီ ဂျစ်ကားဟာ စူးမောင်ကနေပြီး တရုတ်ပြည် နယ်နိမိတ်က မုန်းလျိုင်၊ ထိုင်းအမျိုး သား၊ လားဟူအမျိုးသား၊ ဝအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် မုန်းအားဂိတ်ဝ ဘက်ဆီကို မောင်းနှင်သွားပါတယ်။ ဒါပေမဲ့ ပုံမှန်ကျင့်ထုံးအတိုင်း နယ်နိမိတ် ဖြတ်သန်းမှုကို မပြုလုပ်ကြဘဲ ဝင်ရောက်သွားကြပါတယ်။ တအောင့်အကြာမှာ ယာဉ်မောင်းက လူမပါဘဲ ဝပြည်နယ်ဘက်ဆီကို မောင်းနှင်သွားပါတယ်။ ကားပေါ်က ဆင်းလာကြသူတွေက နန်းခမြစ် ညာဘက်ဆီ ပုန်းလျှိုးကွယ်လျှိုး နဲ့ ရေကူးသွားကြပါတယ်။ နောက်ဆုံး ညအမှောင်ထုကို ခိုပြီး မြစ်ကိုဖြတ် ကျော်ကာ ဝပြည်နယ်ဘက်ဆီ ကူးသွားပါတယ်။

ဒီအချိန်မှာ တရုတ်ပြည်သူ့လုံခြုံရေးဌာနဆီကို သတင်းက ရောက်နှင့် နေပြီဖြစ်တယ်။ နယ်နိမိတ်ဖြတ်ကျော်ပြီး ခိုးဝင်လာကြသူတွေကတော့ အရင် ကတည်းက သွားရောက်တွေ့ဆုံခဲ့တဲ့ စောက်စူးကိုပဲ ဖြစ်တယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံး ဒုရုံးအုပ် စွန်းတဟုန်က ကိစ္စဝစ္စတွေ ပြီးဆုံးသွားပြီး သတင်းစာရှင်းလင်းပွဲကျတော့မှ ဒီအကြောင်းကို ထုတ်ဖော်ပြောကြားပါတယ်။ ''ဒီစောက်စူးကိုရဲ့ အချက်အလက် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဘက်က စောစောက တည်းက ဆုပ်ကိုင်မိထားပြီးဖြစ်တယ်။ သူနဲ့ ဘိန်းရာဇာကြီး ထန်ရှောင်လင်းတို့ နှစ်ယောက် ဟီးရိုးအင်း ၁၃၀ဝ ကီလိုဂရမ်ကို အရောင်းအဝယ်လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အစောကတည်းကပဲ သူ့လှုပ်ရှားမှုတွေကို အသေအချာ ဂရုစိုက် ထားပါတယ်။ ဒါကြောင့်လည်း ဒီလိုမျိုး အခြေအနေကို တွေ့ရှိပြီးတဲ့နောက်မှာ ပြည်နယ်ပြည်သူ့လုံခြုံရေးက အမှုကို တည်ဆောက်လိုက်ပါတယ်။ ဒီအကြောင်း အရာဘက်မှာ ထိန်းချုပ်မှုတွေ တိုးချဲ့လိုက်ပါတယ်။

၂၆-၃-၂၀ဝ၂ မနက်ပိုင်း။ ကိုယ့်ကိုကိုယ် သစ်လုပ်ငန်း ကုန်သည်ကြီး လို့ ပြောတဲ့ စွီရင်ခိုးက မုန်းအဂိတ်ကနေ နယ်မြေထဲ ဝင်လာပါတယ်။ သူက ကုန်တင်ကားကြီးတစ်စီး ငှားရမ်းပြီး မြန်မာနိုင်ငံက သစ်တွေ ကွမ်တုံးဆီကို ပို့ဆောင်ပါတယ်။ ဒီလူဟာ စောက်စူးကိုရဲ့ မူးယစ်ဆေးရောင်းဝယ် ဖောက်ကား လုပ်ကြတဲ့ တစ်ဂိုဏ်းတည်းသားဆိုတာကို မုန်းကိုရဲတပ်ဖွဲ့က စောစောကတည်းက သိထားနှင့်ပြီးသားပါ။

အဲဒီနေ့ ညနေစောင်း ၄ နာရီခွဲလောက်မှာ အဲဒီကုန်တင်ကားကြီး မုန်းအဂိတ်ကို ဝင်လာပါတယ်။ စူးမောင်ဒေသပြည်သူ့လုံခြုံရေးဌာန မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတပ်ဖွဲ့ခွဲက ရဲတပ်ဖွဲ့တွေ စတင်ပြီး အဲဒီကုန်တင် ကားကြီးနောက်ကို နောက်ယောင်ခံလိုက်လေတယ်။ ည ၇ နာရီခန့် ရောက်တော့ သူတို့ဆီကို ညွှန်ကြားချက်က ရောက်လာပါတယ်။ ဖုသြခရိုင်ကိုလည်းရောက် ရော အဲဒီကားကို ရှာဖွေစစ်ဆေးပါလေရော။ တုန်လှုပ်ခြောက်ချား၊ ဂယက်ရိုက် ခတ်မှုများ ပေါ်ပေါက်လာမှာကို ရှောင်ရှားလိုတာကြောင့် ပြည်သူ့ရဲတပ်ဖွဲ့က အဲဒီကား နိုင်ငံ့နယ်နိမိတ်ထဲဆီ ကျွံဝင်လာတဲ့အထိကို စောင့်ဆိုင်းနေကြပါတယ်။ ကားဟာ ကျယ်ဝန်းလှတဲ့ ကားဝန်းကြီးထဲ ဝင်ရောက်ပြီး ရပ်လိုက်တာနဲ့ ကား ရော၊ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကိုပါ ရှာဖွေစစ်ဆေးလေတယ်။ ကား ပေါ်က တင်လာတဲ့ တက်ယ့အထက်တန်းစား ကျွန်းသစ်လုံးကြီးတွေ၊ သစ်လုံး ကြီးတွေရဲ့ ထိပ်နှစ်ဖက်မှာ ကျွဲကော ထူထူပျစ်ပျစ်ကြီး သုတ်လိမ်းထားပြန်သေး တယ်။ ကွဲမှာ အက်မှာကို အကာအကွယ်ပြုထားတာဖြစ်တယ်။ ကားတစ်စီးလုံး မှာ ဘာတစ်ခုမှ ထူးခြားတာ မတွေ့မမြင်ရပါ။ ပြည်သူ့ရဲတွေက ယာဉ်မောင်းကို စစ်မေးမေးမြန်းပါတယ်။ ယာဉ်မောင်းဟာ သစ်လုံးမှာ ဘာတွေရှိလို့မှန်း သူလည်း ဘာတစ်ခုမှ မသိတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသမားတွေရဲ့ ဉာဏ်နီ ဉာဏ်နက်ကတော့ လက်ဖျားခါလောက်ပါပေ့။ '' ဘူးသီးခြောက်ထဲ ရောင်းချတဲ့ ဆေးဝါးက ဘာဆေးမှန်းကို ဘယ်လိုမှ မသိရ ချေ''။ သွားလိုက်ပါတဲ့ ဉာဏ်ကြီးရှင်တွေ။

တစစနဲ့ မိုးသာချုပ်သွားတယ်။ မှောင်ကျသွားပါပြီ။ ဘာအစအနလေး မှာ ရှာမရချေ။ ဒါပေမဲ့ ဇွဲစိတ်ဓာတ်အားမာန်ကောင်းလှတဲ့ တကယ့်ပြည်သူ့ ရဲတွေပါ။ နည်းနည်းလေးမှ စိတ်ဓာတ်ကျမသွား၊ လက်လျှော့လို့ မထား၊ နောက်ဆုံး သူတို့ရဲ့ မျက်လုံးအကြည့်တွေက ထူလပြစ် သုတ်လိမ်းထားတဲ့ နှစ်ဖက်ထိပ်က ကျွဲကော်ဆီကို ရောက်သွားပါတယ်။ သူတို့ကိရိယာလက်နက် တန်ဆာပလာတွေ ယူလာတယ်။ သုတ်လိမ်းထားတဲ့ ကျွဲကောတွကို ကလော် ထုတ်၊ ဖယ်ထုတ်လိုက်တယ်။ လျှို့ဝှက်ချက်က ဘွားကနဲ ပေါ်လာပါပြီ။

နှစ်ဖက်ထိပ်က သစ်သားစို့ကို ကလော်ထုတ်လိုက်တယ်။ ကျွန်းသစ် လုံး အလယ်အူကြောင်းကို ဂလိုဏ်ဖြစ်အောင် ထွင်းထုဖဲ့ထုတ်လိုက်ပြီး တစ် တောင့်ကို ၇၀ ကီလိုဂရမ်အတောင့်ပြုလုပ်ထားတဲ့ ဟီးရိုးအင်းတွေကို သွပ်ထည့် ထားပါတယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံးက အမှုကို အထက်ပြည်သူ့ လုံခြုံရေး မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးဌာနကို အစီရင်ခံ တင်ပြလိုက် တယ်။ ချက်ချင်း မြန်မာအစိုးရ၊ ဝပြည်နယ်ဒေသ အစိုးရနှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်းရောင်းဝယ်ဖောက်ကားပြုကြတဲ့ အုပ်စုဂိုဏ်းက လုပ်ငန်းတွေကို ဖြန့် ကျက်လုပ်ဆောင်နေပြီဖြစ်တယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ဥပဒေ ချမှတ်ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ကြတဲ့ စနစ်အောက်က ကျွန်တော်တို့ ယန္တရားတွေဟာ ခေါ်ယူစုစည်းကြရမယ်။ တစ်လုံးတစ်စုတည်း ဖြစ်ဖို့ လိုအပ်နေပြီလို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်။ အခုက သတင်း အချက်အလက်တွေကို အပြန်အလှန် ဖလှယ်ကြရမယ်။ တစ်ခုက အမှုထောက် လှမ်းဖော်ထုတ်ချက်တချို့ကို ညီညီညွတ်ညွတ်နဲ့ ပြေပြစ်အောင် ညှိနှိုးဆောင်ရွက် ကြရမှာဖြစ်ပါတယ်''။ ပြည်သူ့လုံခြုံရေးဌာန ခေါင်းဆောင်ပိုင်းတို့က ဒီတစ်ကြိမ် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ကို ဆုံးဖြတ်လိုက်ကြပါတယ်။ နိုင်ငံအသီး သီး။ ဒေသအသီးသီးက ရဲတပ်ဖွဲ့နှင့် အကောက်အခွန်အင်အားတွေကို ဖိတ် ခေါ်ကမ်းလှမ်းပြီး စုစည်းလိုက်ပါတယ်။ လက်ချင်းတွဲချိတ်ကြပြီး အဲဒီမူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားမှုပြုကြတဲ့ ဂိုဏ်းအုပ်စုတွေကို တစ်ချီတည်းနဲ့ ပိုက် ကွန်ထဲ သိမ်းကျုံးမိအောင် လုပ်ရမှာဖြစ်တယ်။ ယူနန်ရဲတပ်ဖွဲ့က ဦးဆုံးဗွေ ဆော်ဦး စတင်လုပ်ဆောင်နေပါပြီ။ သူတို့တတွေက ညဉ့်တွင်းချင်းပဲ မူးယစ် ဆေးဝါးတွေကို ကျွန်းသစ်လုံးအထဲ ပြန်ထည့်ထားလိုက်တယ်။ သစ်ချောင်းစို့တံ ပြန်ရိုက်သွင်းလိုက်တယ်။ မူလကအတိုင်း ခြေရာလက်ရာမပျက် ကျွဲကော်နဲ့ ပြန်ဖုံးပိတ်လိုက်တယ်။

ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံး အကြီးအကဲ စွန်းတဟုန်က ပြောပါတယ်။ ''ဒါဟာ ကြိုးရှည်ရှည်လှန်ထားခြင်း နည်းဗျူဟာပဲဗျ။ နယ်မြေ အပြင်ဘက်က ဘိန်းရာဇာတွေ တစ်ချက်တည်း ကွန်ရက်ထဲမှာ သိမ်းကျုံးဖမ်းမိ ဖို့ပဲ။ ဒါကြောင့် ထိုစဉ်ကဖြစ်စဉ်ကို ကြည့်လိုက်ရင် ကုန်ပို့သူက ဘာတွေဖြစ်လို့ ဖြစ်နေမှန်း သူ ဘာမှ မသိပါ။ လုပ်စရာအလုပ်တွေကို ပိပိရိရိ ပြုလုပ်ပြီးစီးသွား တာနဲ့ သူတို့ဟာ ပြန်လွှတ်ပေးလိုက်တယ်။ မူလ ခရီးစဉ်အတိုင်း ကွမ်တုံးဆီကို လွှတ်ပေးလိုက်ပါတယ်''

မူးယစ်ဆေးတင်ဆောင်ထားတဲ့ ကုန်ကားကြီးက ရဲတပ်ဖွဲ့ရဲ့ တင်းကြပ် တဲ့ လျှို့ဝှက်ထိန်းချုပ်မှုအောက်ကနေ လမ်းပေါ် ပြန်တက်သွားပါပြီ။ တစ်ချိန် တည်းမှာပဲ တရုတ်ပြည် ပြည်သူ့လုံခြုံရေးဌာနနဲ့ ညီညာပြေပြစ်မှုအောက်မှာ ဒီအမှုမှာ ပူးပေါင်းပါဝင်ခြင်းနှင့် စုံစမ်းစစ်ဆေးမှုပြုကြတဲ့ နိုင်ငံအသီးသီး၊ နယ် မြေဒေသအသီးသီးက ရဲတပ်ဖွဲ့နှင့် အကောက်ခွန်အဖွဲ့သားတို့က ၃၀-၃-၂၀ဝ၂ နေ့မှာ စိန်းချွမ်း (ကွမ်တုံးပြည်နယ်တွင် ရှိသည်) မှာ အမှုအခင်းနှင့် စပ်လျဉ်းတဲ့ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေးကို ခေါ်ယူဆွေးနွေးကြပါတယ်။ အဘက်ဘက်က ပို့လာတဲ့ သတင်းအချက်အလက်တွေကို ပေါင်းချုပ်လိုက်တယ်။ အစည်းအဝေးဆွေးနွေးညှိနှိုင်းမှုကနေ ဝမ်းမြောက်ဖွယ်တွေ့ရှိကြတာကတော့ မူးယစ်ဆေးရာဇဝတ်သားတို့ရဲ့ စီမံကိန်းအားလုံးဟာ သူတို့ရဲ့ လက်ထဲမှာ အစွမ်းကုန် ဆုပ်ကိုင်ထားလိုက်ပြီး ဖြစ်နေတယ်။ အစည်းအဝေးတက်ရောက်တဲ့ အင်အားစုအသီးသီးဟာ လက်ချင်းချိတ်ဖို့ကို ဆုံးဖြတ်လိုက်ကြပါတယ်။ ထိုင်း၊ မြန်မာ၊ တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်အထူးဒေသအပါအဝင် နိုင်ငံတကာ မူးယစ်ကွန်ယက်ကြီးတွေ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုအခင်းကြီးကို ဘုံရင်ဆိုင် ဖြေရှင်ရမယ့် စစ်ဆင်ရေးကြီးဖြစ်တယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ထိုအချိန်က ကုန်ပစ္စည်းဝယ်ယူသူက ထိုင်းလူမျိုး ဖိုက်ဖိန်ဆိုတာကို အတိအကျ သိလိုက်ရတယ်။ ယူနန်ရဲတပ်ဖွဲ့ဘက်က ပေးပို့လိုက်တဲ့ သဲလွန်စ အရ ၂၅-၃-၂၀ဝ၂ နေ့က ချဲန်တကော့ဆိုသူက ယွမ် ၉"၈ သိန်း ကုန်ပစ္စည်း ကြိုတင်ဝယ်ယူငွေ (စရံငွေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ငွေလွှဲစနစ်နဲ့ ယူနန်က ဘဏ်တစ်ခုရဲ့ ငွေစာရင်းထဲ လွှဲပြောင်းထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ လူဟာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းချက်အရ ချဲန်ကျင်းမိန်ဆိုသူ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ တကယ်တော့ ထိုသူဟာ သူတို့ကြိုးရှည် ရှည်နဲ့ လှန်ထားပြီး နှစ်နှစ်ကြာ စောင့်ကြပ်ကြည့်ရှုနေတဲ့ ဘိန်းရာဇာဖိုက်ဖိန်ပဲ ဖြစ်တယ်။

ကုန်ပစ္စည်းရှင်ဘက်က တရုတ်ပြည် ယူနန်သား စောက်စုကို ဆိုတာက တစ်ချိန်က ဘိန်းရာဇာကြီး ထန်ရှောင်လင်းရဲ့ တွဲဖက်လုပ်ကိုင်ခဲ့ဖူးကြသူဖြစ် တယ်။ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ပုန်းရှောင်ခိုအောင်းနေပါတယ်။ သတင်းအချက်အလက်အရ ဖိုက်ဖိန်ဟာ ဝမ်ကြူကွမ်းဆိုတဲ့ လက်အောက်ငယ် သားတစ်ယောက်ကို စောက်စုကိုနဲ့ အဆက်အသွယ် လုပ်တဲ့တာဝန်ကိုယူဖို့ စေလွှတ်ထားပါတယ်။ ယူနန်ရဲတပ်ဖွဲ့ဘက်က တွေ့ရှိလိုက်တာက အဲဒီလူဟာ စူးမောင်လေဆိပ်မှာ ပေါ်ပေါက်ခဲ့ဖူးတဲ့သူဖြစ်နေတယ်။ ဒါ့အပြင် ဟောင်ကောင် ရဲတပ်ဖွဲ့ဘက်ကနှင့် ဟူယွိကွမ်းဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်သူဟာ ဒီအမှုရဲ့ နောက်ဆုံးကုန်ပစ္စည်းလက်ခံမယ့်သူဖြစ်နေတယ်။

၁-၄-၂၀ဝ၂။ မူးယစ်ဆေးတင်ဆောင်လာတဲ့ ကုန်တင်ကားကြီးဟာ ကွမ်တုံးနယ်နိမိတ်အတွင်းကို မောင်းဝင်လာပါပြီ။ ကွမ်တုံးရဲတပ်ဖွဲ့က ယူနန် ရဲတပ်ဖွဲ့ လွှဲအပ်လိုက်တဲ့ အလုပ်တွေကို ဆက်ခံလိုက်ပါတယ်။ ဆက်လက်ပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်။ ဒီအချိန်မှာ ခရီးစဉ်အတာ ဝေး ကွာလှတဲ့ ထိုင်း၊ မြန်မာနှင့် ဟောင်ကောင်တို့မှာရှိတဲ့ မူးယစ်ဦးသျှောင်တွေက တော့ ဒါတွေကို ဘာဆိုဘာမှ မသိရှိ၊ မရိပ်မိကြသေးပါ။ သူတို့ကလည်း ပိပိရိရိ နဲ့ မူလလုပ်ငန်းစဉ်အတိုင်း ဆက်လုပ်ဖို့ စီစဉ်ညွှန်ကြားမြဲ ညွှန်ကြားနေပါတယ်။ ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဒုဌာနမှူး ချဲန်ချွင်ရိဟာ ထိုစဉ်က ညွှန်ကြားရေးမှူး ကားပေါ်မှာ ရှိနေပါတယ်။ သူဟာ အဆက်မပြတ်ပဲ ဟိုက ဒီက သတင်းအချက်အလက်တွေက မပြတ်တမ်း လက်ခံရရှိနေပါတယ်။ ဟောင်ကောင်ဘက်ဆီက၊ ယူနန်ဘက်ဆီက၊ ထိုင်းနိုင်ငံဘက်ဆီက၊ နောက်ပြီး ကွမ်တုံးအရှေ့ဘက်ဆီက အမေရိကန် မူးယစ်ဆေး ဖမ်းဝရမ်းအဖွဲ့ဆီက သတင်းပေးပို့ချက်တွေ ရရှိပါတယ်။ သတင်းအချက်အလက်တွေတွေကို အလျင်အမြန် တုန့်ပြန်မှုတွေ လုပ်ရပါတယ်။ အမေရိကန် တရားရေးဌာန ကြီးကြပ်ရေးအဖွဲ့၊ ပီကင်းရုံးခန်း ဦးဆောင်ကိုယ်စားလှယ် ရှဲ့ကျူဟုန်က ဖြစ်စဉ် သတင်းအချက်အလက် အသီးသီးကို အပြန်အလှန် ဖလှယ်ကြတယ်။ တုန့်ပြန် ချက်တွေ ပေးနေကြရပါတယ်။ တစ်နေ့ တစ်နေ့ကို တယ်လီဖုန်း ၁၂ ကြိမ် ဆက်သွယ်ကြရပါတယ်။ အဲသလို သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်နိုင်တာကြောင့် စုံစမ်းစစ်ဆေးကြတဲ့သူတွေက စစ်ဆင်ရေးကြီး တစ်ရပ် လုံးကို ပိုပြီး ထင်ရှားနားလည်သဘောပေါက်ကြမှာ ဖြစ်တယ်''

၅-၄-၂၀ဝ၂ ညဉ့်နက်သန်းခေါင်ယံ၊ ဉာဏ်နီဉာဏ်နက်များလှတဲ့ မူး ယစ်ဆေးရောင်းဝယ်ကြသူတွေဟာ အပြန်ပြန်အလှန်လှန်၊ ထပ်ဆင့် ထပ်ခါ အမျိုးမျိုးအဖုံဖုံ စမ်းသပ်မှုတွေ၊ သွေးတိုးစမ်းမှုတွေ လုပ်ပြီးတဲ့နောက် မူးယစ်ဆေး တင်ဆောင်လာတဲ့ ကုန်ကားကို စိန်းချွမ်းဈေးက ကားရပ်နားကွင်းတစ်ခု အနီး အနားဆီကို မောင်းဝင်လာပါတယ်။ ဒီအချိန်မှာ ဖြစ်စဉ်ကို ညွှန်ကြားရေးဌာနက သတင်းရရှိပါတယ်။ ဟောင်ကောင်က ပစ္စည်းလက်ခံယူမယ့် မူးယစ်ဆေးဝါး ရာဇဝတ်သား ဟူယွိကွမ်းဟာ ညနေကတည်းက မုန်းအဂိတ်ကနေ စတင်ဝင် ရောက်လာချေပြီ။ စိန်းချွမ်းရဲတပ်ဖွဲ့ဘက်ကလည်း ဗဟိုချက်မဆီ စတင်စုစည်း လိုက်ပါပြီး တစ်ချိန်တည်းမှာပဲ ထိုင်း၊ ဟောင်ကောင်အစရှိတဲ့ နေရာဒေသတွေ ကလည်း လုပ်စရာရှိတဲ့ အလုပ်မှန်သမျှအတွက် ပြင်ဆင်မှုတွေ အသီးသီး ရှိ နှင့်နေပြီးဖြစ်ကြပါတယ်။ စိန်းချွမ်းရဲ့ အချက်ပြကို သတိထားစောင့်ဆိုင်းနေကြ ပါတယ်။ လှုပ်ရှားမှုအားလုံးဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း စတင်ပြီး နေရာဒေသအသီးသီးက မူးယစ်ဆေးရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ကို အသင့် ပြင်ဆင်နေကြပါတယ်။

တိုတောင်းတဲ့ မိနစ်ပိုင်းလောက်တိုက်ပွဲနဲ့ စိန်းချွမ်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားတဲ့နေရာမှာတင် မူးယစ်ဆေးကုန်ပစ္စည်းလက်ခံတဲ့ မူးယစ်ဆေး ရာဇဝတ် သား ၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သက်သေခံပစ္စည်းဖြစ်တဲ့ ကျွန်းသစ်လုံးထဲ က ဟီးရိုးအင်း ၇၀ ကျော် ကီလိုဂရမ်ကိုလည်း သိမ်းဆည်းလိုက်တယ်။ နောက် တစ်နေ့ မနက် ၉ နာရီမှာ မူးယစ်ဆေးရာဇဝတ်သား ဟူယွိကွမ်းကို မုန်းအဂိတ် မှာ ဖမ်းမိလိုက်တယ်။ ယူနန်ဘက်က ထိုနေ့မှာပဲ တရုတ်ပြည်နယ်နိမိတ်အတွင်း ဘက်ဆီ မောင်းဝင်လာတဲ့ ဒုတိယမြောက် မူးယစ်ဆေးကုန်ပစ္စည်း ကုန်တင်ကား ကို ဖမ်းဆီးလိုက်တယ်။ ပိုမိုများပြားတဲ့ ၂၈၀ ကီလိုဂရမ်ကျော်ကို ရှာဖွေဖမ်းဆီး လိုက်ပါတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က အလျင်အမြန် ထိုးစစ်ဆင်လိုက်တယ်။ ဘိန်းရာဇာ ဖိုက်ဖိန်ဟာ ပြဿနာပေါ်ပေါက်နေတဲ့သတင်း ဘာတစ်ခုမှ မရသေးခင်မှာ ဘုမသိ၊ ဘမသိနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဒီအချိန်မှာ ဒီမူးယစ်ဆေးကွန်ယက်ရဲ့ အဖွဲ့သားထဲက မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာရှိနေတဲ့ စောက်စူးကိုနဲ့ ဝမ်ကြူကွမ်းတို့သာ ကျန်ရစ်နေပါတယ်။ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးရုံး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဒုဌာနမှူး ချဲန်ဟိုယွင်ရဲ့ ထုတ်ဖော်ပြောကြားတဲ့ စကား ကတော့ ''ကျွန်တော်တို့နဲ့ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုကို ၆-၄-၂၀ဝ၂ မနက်ပိုင်းမှာ စတင်ပါတယ်။ စိန်းချွမ်း၊ ထိုင်းနိုင်ငံတို့နဲ့ လှုပ်ရှားမှုကလည်း တစ်ချိန်တည်းမှာပဲ ခြေလှမ်းစတင်ကြတာတွေချည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဘက်က အဓိက ပူးပေါင်းဆောင်ရွက်တဲ့ တာဝန်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသနှစ်က များပြားလှတဲ့ သံသယရှိတဲ့သူအားလုံးကို ဖမ်းဆီးပြီး အမှု တင်ဖို့ပါပဲဗျာ''

၂၀ဝ၂ ခုနှစ် ဧပြီလ ၈-၁၀ ရက်နေ့မှာ နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကော်မတီရဲ့ အာဏာလွှဲအပ်ပေးချက်အရ ယူနန်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကော်မတီကနေ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုတ်သင်ရှင်းလင်းရေးကော်မတီနှင့် ဝပြည်နယ် အမှတ် (နှစ်) အထူးဒေသကို စာလွှာပေးပို့လိုက်ပါတယ်။ တရုတ်ပြည်ဘက်က ထွက်ပြေးနေတဲ့ ရာဇဝတ်သား လို့ သံသယဖြစ်သူများကို ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ဖမ်းဆီးပေးဖို့ကို အကူအညီတောင်းခံထားပါတယ်။ မြန်မာနိုင်ငံ ဝပြည်နယ် အဖွဲ့အစည်းက ချက်ချင်းပဲ စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့ စေလွှတ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားကြသူတွေရဲ့ နေအိမ်ကို ဝိုင်းရံလိုက်ကြတယ်။ မြန်မာနိုင်ငံ ဝပြည် နယ်အမှတ် (နှစ်) အထူးဒေသ (ဝပြည်နယ်လို့လည်း ခေါ်ပါတယ်) ဥက္ကဋ္ဌ ပေါင့်ယိုရှန်ဟာ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ညွှန်ကြားပြီး မူးယစ်ဆေးရောင်း ဝယ်ဖောက်ကားသူများကို ဖမ်းဆီးပါတယ်။ အရေးကိစ္စတွေ ပြီးစီးသွားပြီးတဲ့ နောက် တရုတ်ပြည်ဘက်က သတင်းထောက်တွေ သတင်းလာရောက်စုဆောင်း တဲ့အခါမှာ စိတ်ဆိုး မာန်ဆိုး တရှူးရှူး တရှဲရှဲဖြစ်ပြီး ပြောပါတယ်။ ''ဒါ ဘယ် လို ရှင်းပြရမလဲဗျာ၊ သူတို့က ကျွန်တော်တို့ရဲ့ မျက်ခွံအောက်မှာ ဒါတွေ လုပ်ကြတာလေဗျာ။ သိပ်ကို အန္တရာယ်ကြီးတာဗျ။ ကျွန်တော်က ဒီအရင်မှာ တုန်းက ကျွန်တော့်ရဲ့ အဝန်းအဝိုင်းထဲမှာ သူတို့ ဒါတွေလုပ်တာကို မသိဘူးလေ ဗျာ။ ခုဟာက တရုတ်ပြည်ဘက်က အချက်အလက်တွေပေး၊ အခြေအနေကို တင်ပြပြီးတဲ့နောက်မှာမှ ကျွန်တော်တို့ ရှာဖွေစစ်ဆေးပြီး ဖော်ထုတ်နိုင်ခဲ့တာပဲ ဗျ''။ အဲဒီအချိန်ကစပြီး တရုတ်မြန်မာ နှစ်ဦးနှစ်ဖက်တရင်းတနှီး ပူးပေါင်းဆောင် ရွက်ကြပါတယ်။ ဆက်လက်ပြီးတော့ ယခုအမှုရဲ့ သံသယရှိသူ နောက်ဆုံး ရာဇဝတ်သား သုံးယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ မြန်မာနိုင်ငံ စစ်ဘက် သတင်းဌာနမှူး ဒုဗိိုလ်မှူးကြီး စန်းပိုင်ရဲ့ ဦးဆောင်ညွှန်ကြားမှုအောက်မှာ မူး ယစ်ဆေးဝင်ထွက်တဲ့ အခြေခံနယ်မြေတဝှမ်းကို ပိတ်ဆို့လိုက်ပြီး ဖြစ်တယ်။ ဆက်လက်ပြီး ကော်ဇောခင်းပုံစံနဲ့ ရှာဖွေစစ်ဆေးနေတုန်းပါ။ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ စီရင်စုနယ်မြေမှာလည်းပဲ တချို့အဖမ်းအဆီးတွေကို ပြုလုပ် ဆောင်ရွက်နေပါတယ်''။ ဗိုလ်မှူးကြီး စန်းပိုင်က ပြောပါတယ်။ ''ဘက်သုံးဘက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု သဘောတူချက်ကို ယုံကြည်ပါတယ်။ (ပိုက်ကွန် က လွတ်ကျန်ခဲ့တဲ့ မူးယစ်ဆေးရောင်းဝယ်သူကို ဖမ်းဆီးတာ) ကို ကျွန်တော့် တသီးပုဂ္ဂလအမြင်ကတော့ နှစ်ထောင်းအားရပါတယ်။ ယုံကြည်မှုစိတ်လည်း အပြည့်ရှိပါတယ်''

၁၀-၄-၂၀ဝ၂။ တရုတ်မြန်မာနယ်စပ် မုန်းအဂိတ် စစ်ဆေးမှု တင်း ကြပ်လိုက်တယ်။ မြန်မာဘက်က နောက်ဆုံးမတော့ မူးယစ်ဆေးအမှုထဲ ပါဝင် ပတ်သက်နေတဲ့ ဝမ်ကြူကွမ်း၊ စွိရင်ခိုးတို့ကို တရုတ်ပြည်ဘက်ဆီ လွှဲပြောင်းအပ် နှံလိုက်တယ်။ ယူနန်၊ ကွမ်းတုံ၊ ဟောင်ကောင်ရဲတပ်ဖွဲ့တွေနဲ့ အကောက်ခွန်ဌာန တွေအပြင် အမေရိကန် မူးယစ်ဆေးဖမ်းဝရမ်းအဖွဲ့ရယ်၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ တို့ရဲ့ ပူးပေါင်းပြီး အတူတကွ ကြိုးပမ်းမှုကြောင့် ဒါ့လောက် အထူးကို ကြီးကျယ် တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား အမှုကြီးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါပြီ။ ကနေ့မျက်မှောက်ကာလအထိ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့ တို့ရဲ့ ပူးပေါင်းဆောင်ရွက်ချက်ကြောင့် ရာဇဝတ်သားလို့ သံသယဝင်ရသူ ၁၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဟီးရိုးအင်း ၃၅၆"၉၅ ကီလိုဂရမ်ကိုပါ ဖမ်းဆီး သိမ်းဆည်းလိုက်ပါတယ်။ မူးယစ်ဆေးဖမ်းဝရမ်း ပူးတွဲမှုမှာ ပါဝင်တဲ့ ဟောင် ကောင်အထူးဒေသ ရဲတပ်ဖွဲ့ကိုယ်စားလှယ်ရဲ့ ထင်မြင်ယူဆချက်က ''ဒီတစ် ကြိမ်လှုပ်ရှားဆောင်ရွက်မှုကြီးဟာ အင်မတန် ကောင်းမြတ်တဲ့ သမိုင်းမှတ်တိုင် ကြီးတစ်ခုပါပဲ။ ဘာကြောင့်ဆိုတော့ ရှေးအစဉ်အဆက်ကတည်းက ဒါ့လောက် များပြားတဲ့ နိုင်ငံတွေ အတူတကွ ပူးပေါင်းပြီး နိုင်ငံနယ်နိမိတ်ကျော်ဖြတ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုကြီးကို စုံစမ်းစစ်ဆေးပြီး လက်ရဖမ်းဆီးတဲ့ အမှု မျိုးကက အရေအတွက် မများလှပါ။ ဒီတစ်ကြိမ်ဆောင်ရွက်မှုဟာ အင်မတန် ထမြောက်အောင်မြင်လိုက်ပါတယ်။ ထိုင်းနိုင်ငံ အများအပြား၊ နေရာဒေသအများ အပြား ပူးပေါင်းညှိနှိုင်းကြပြီး မြစ်တစ်မြစ်ကို ဖောက်လုပ်လိုက်ပါပြီ။ ဒီနောက် ပိုင်းတွေမှာ ဒီထက်များပြားလှတဲ့ တိုင်းနိုင်ငံတွေ၊ နေရာဒေသတွေက ရဲတပ်ဖွဲ့ ဝင်တွေရဲ့ ပူးပေါင်းလုပ်ဆောင်ကြရင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ယုံကြည်ပါတယ် ခင်ဗျာ'' (ရန်းချဲန်ညနေ သတင်းစာ - သတင်းအရ)

တရုတ်၊ ထိုင်းနှစ်နိုင်ငံရဲ့ အတူအားထုတ်လုံးပမ်းဆောင်ရွက်ချက် ကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံးဖြစ်တဲ့ ရေခဲမူးယစ်ဆေးမှု အဓိက ရာဇဝတ်သား ကျန်ချီစိန်းကို နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်းချီစိန်းဟာ ထိုင်းနိုင်ငံ မှာ ၂ နှစ်နဲ့ ၇ လ ထွက်ပြေးပုန်းအောင်းနေပါတယ်။ ခုရက်ပိုင်းမှာမှ ကျွန်တော် တို့ တရုတ်ပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပြန်ခေါ်လာပါတယ်။ အဲဒီဖမ်းမိချိန်မှာပဲ ရေခဲမူးယစ်ဆေး ၁၂"၃၆ တန်ကိုပါ ရှာဖွေသိမ်းဆည်းလိုက်ပါတယ်။ ဒီပမာဏ က ၁၉၉၈ ခုနှစ် ကမ္ဘာတဝှမ်းလုံး ရှာဖွေဖမ်းဆီးတဲ့ ပမာဏနဲ့ တူညီနေပါတယ်။ ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှိမ်နင်းရေးဌာနမှူး ချဲန်ချွင်ရိက ကျန်းချီစိန်း ကျူးလွန်ခဲ့တဲ့ ''၇-၂၈'' မူးယစ်ဆေးဝါးမှုရဲ့ အဓိကအကြောင်းအရာ ကို ရှင်းလင်းပြောပြပါတယ်။

''၇-၂၈'' အမှုအခင်းက ၂၈-၇-၁၉၉၉ တုန်းက ယူနန်ပြည်နယ် နယ် စပ်ကာကွယ်ရေးတပ်ဖွဲ့က တရားဝင်အမှုတည်ဆောက်တဲ့ နေရာကနေ တစုတ ဝေးကြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ထန်ရှောင် လင်းတို့အဖွဲ့ကို ဦးတည်နှိမ်နင်းရေး ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေး ယန္တရား အဖွဲ့ကြီးက ထန်ရှောင်လင်းဂိုဏ်း ဟီးရိုးအင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း စဉ်ကို ခြေရာခံလိုက်တဲ့အခါမှာ မထင်မှတ်ဘဲ ကမ္ဘာ့အကြီးမားဆုံး နောက်တစ်ခု ဖြစ်တဲ့ ရေခဲမူးယစ်ဆေးထုတ်လုပ်မှုကိုပါ စုံစမ်းတွေ့ရှိလာပါတယ်။ အမှုနှစ်ခုက အပြန်အလှန် တွဲဖက်ဆက်စပ်နေတာကိုလည်း ထောက်လှမ်းတွေ့ရှိလိုက်ရပြန် တယ်။ ဒါကြောင့် အတူတွဲဖက်လိုက်ပြီး ''၇-၂၈'' အမှုလို့ ခေါ်တွင်လိုက်ပါတယ်။

၄-၁၁-၁၉၉၉ ထန်ရှောင်လင်းအမှုကို ထောက်လှမ်းဆောင်ရွက်နေ ခိုက်။ ပြည်သူ့လုံခြုံရေးယန္တရားအဖွဲ့က ထန်ရှောင်လင်းရဲ့ ဟီးရိုးအင်း မူးယစ် ဆေးတို့ကို နယ်နိမိတ် အပြင်ဘက်ဆီ ထုတ်ပြီး သယ်သွားပါတယ်။ အဲဒီသယ် သွားတဲ့ မူးယစ်ဆေးတွေ ကွမ်တုံးမြို့ တစ်စုံတစ်ခုသော ဂိုဒေါင်ထဲမှာ ထားသို လိုက်ကြောင်းကို ထောက်လှမ်းတွေ့ရှိထားပါတယ်။ ထောက်လှမ်းမှုဆောင်ရွက် စဉ်မှာပဲ ထန်ရှောင်လင်းပိုင် ၁၁၉"၂ ကီလိုဂရမ် ဟီးရိုးအင်းအပြင်၊ ၄င်းအမှု အတွက် သီးခြားဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က မထင်မှတ်ဘဲ အဲဒီဂိုဒေါင် ထဲမှာ ၁၁"ဝ၅ တန် သန့်စင်မှုအဆင့် အင်မတန်မြင့်တဲ့ ရေခဲမူးယစ်ဆေးကိုပါ ထောက်လှမ်းရရှိလိုက်ပါတယ်။ ဒါတွေကို ဖမ်းဆီးလိုက်ပြီး ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူကု စစ်ကြောတဲ့အခါမှာ ကွမ်တုံးပြည်နယ် ဖူနိန်မှာရှိတဲ့ ရေခဲမူးယစ် ၁"၂၈ တန်ကိုပါ ရှာဖွေဖမ်းဆီးလိုက်တယ်။ ဒါနဲ့ပဲ အဲဒီတစ်မှုတည်းနဲ့တင် ရေခဲမူးယစ်ဆေး စုစုပေါင်း ၁၂"၃၆ တန်အထိ ဆိုက်ရောက်သွားပါတယ်။ အထက်ပါ ဖမ်းဆီးရရှိတဲ့ ကိန်းဂဏန်းကို ကြည့်လိုက်မယ်ဆိုရင် ကနေ့အထိ ကမ္ဘာမှာ ပမာဏအများပြားဆုံး ရေခဲမူးယစ်အမှုအခင်းကြီးဖြစ်နေပါတယ်။ ထိုစဉ်တုန်းက ဖမ်းဆီးလိုက်တဲ့ ရေခဲမူးယစ်ဆေးပတ်ကင်လုပ်ပြီး ထည့်ထားတဲ့ စက္ကူပုံးတွေ စုပုံထားတာဟာဖြင့် ဘတ်စကတ်ဘောလုံးကွင်းတစ်ကွင်းအပြည့်ပါပဲ။ ၁၂"၃၆ တန် ရေခဲမူးယစ်ဆေးရဲ့ စုစုပေါင်း ပမာဏနဲ့ အတူတူပါပဲ။ တစ်ကမ္ဘာလုံးက ရှာဖွေသိမ်းဆည်းလိုက်တဲ့ ရေခဲမူးယစ်ရဲ့ စုစုပေါင်း ပမာဏနဲ့ တူတူပါပဲ။

ဆက်လက်စခန်းသွားနေတုန်း ပြည်သူ့လုံခြုံရေးအဖွဲ့က သဲလွန်စ နောက်ကို ရှေ့တိုးပြီး ခြေရာခံလိုက်ရာ ဒီရေခဲမူးယစ်ဆေးထုတ်လုပ်တဲ့ နေရာ ဌာနကိုပါ ထောက်လှမ်းရရှိလိုက်တယ်။ အဲဒါကတော့ ရင်ချွမ်းမြို့က မြေအောက် အမှောင်လောကသားတို့ရဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့ အလုပ်ရုံဖြစ်တယ်။ ထိုအချိန်က မူးယစ်ဆေး ထုတ်လုပ်တဲ့နေရာက မူးယစ်ဆေး ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကားရှစ်စီးပေါ်မှာ တင်ပြီးပြီဖြစ်တယ်။ အဲဒီထဲက ကုန်တင်ကား ကြီး ၇ စီးက ရှန်ဟဲ ဖူတုန်းဆီ၊ တစ်စီးက ဖုကျဲန့်နန်းဖိန်ဆီ မောင်းနှင်သွားကြ ပါမယ်။ အဲဒီနှစ်နေရာမှာ စက်ရုံခွဲတည်ဆောက်ပြီး မူးယစ်ဆေးပြုပြင်မွမ်းမံထုတ် လုပ်ကြမှာဖြစ်ပါတယ်။

အထူးတပ်ဖွဲဲ့က ချက်ချင်းပဲ ဒီအမှုအခင်းရဲ့ အဓိကတရားခံလို့ ကလိန်ကကျစ်များလှတဲ့ ကျန်းချီစိန်းအမြန်ဆုံး ကွမ်ကြိုးမြို့ကနေ ထွက်ခွာသွား ပါတယ်။ လက်မတင်လေး လွတ်သွားပါတယ်။ နောက် ၆ ရက်အကြာ ၁၀-၁၁-၁၉၉၉ နေ့မှာ ကျန်းကျုန်းရှန် နာမည်နဲ့ နိုင်ငံကူးလက်မှတ်အတု တစ်စောင် လုပ်ပြီး ခွန်မင်းကနေ ထိုင်းနိုင်ငံဘက်ဆီ ထွက်ပြေးပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်ပြည်ရဲတပ်ဖွဲ့က ကျန်းချီစိန်းကို ကာလရှည်လျားတဲ့ နှစ်နှစ်နဲ့ ၇ လလုံး လုံး အပူတပြင်း ထောက်လှမ်းရှာဖွေရပါတယ်။

ကျန်းချီစိန်း ပြီးခဲတဲ့ ၇ ရက်နောက်ပိုင်း ၁၇-၁၁-၁၉၉၉ တရုတ်ရဲ တပ်ဖွဲ့က နိုင်ငံတကာ အမှုလိုက်ရဲတပ်ဖွဲ့ရဲ့ သဘောတူညီချက်ကို ရယူပြီး အထူးဖမ်းဆီးရေးတပ်ဖွဲ့ငယ်ကို ထိုင်းနိုင်ငံဆီကို စေလွှတ်လိုက်ပါတယ်။ တစ်နှစ်အချိန်ကြာလွန်ပြီးတဲ့ ၂၄-၁၀-၂၀ဝ၀ နေ့မှာ ကျန်းချီစိန်းကို ထိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်တယ်။ ကျန်းချီစိန်း ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး ပြစ်မှုကင်း စင်တာကြောင့် တရုတ်ထိုင်းနှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အောက်မှာ ကျန်းချီစိန်း နိုင်ငံကူးလက်မှတ်အတုကို ကိုင်ဆောင် အသုုံးပြုတဲ့အတွက် ထိုင်း နိုင်ငံတောင်ပိုင်းဒေသ တရားရုံးဆီ ပို့ပြီး အမှုစွဲတင်စစ်ဆေးလေတယ်။ ရုံးတင် အမှုစစ်တဲ့ အချိန်ကာလက လပေါင်း ၂၀ ရှိပါတယ်။ ၂၆-၆-၂၀ဝ၂ နေ့မှာ တရားရုံးက ပတ်စ်ပို့အတုကိုင်ဆောင်ထားတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ၆ လ အပြစ်ပေးလိုက်တယ်။ ဒါပေမဲ့ အချုပ်အနှောင်ကာလက ပြစ်ဒဏ်ကျခံကာလ ကို ကျော်လွန်လေတဲ့အတွက် ကျန်းချီစိန်း ထောင်သွင်းအကျဉ်းချခံရတာက လွတ်ကင်းသွားပြန်တယ်။ ထိုင်းတရားရုံးက ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးချုပ် တာဝန်ခံကနေ တရုတ်ပြည်ကို ပြန်ပို့ပါတယ်။ ဒီမတိုင်ခင်ကတည်းက တရုတ် အစိုးရနှင့် ရဲတပ်ဖွဲ့တို့က ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက် ကြပြီးဖြစ်ပါတယ်။

၂၇-၆-၂၀ဝ၀ နေ့မှာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ကျန်းချီ စိန်းကို တရုတ်ပြည်ဘက်က ဖမ်းဆီးရေးအဖွဲ့ငယ်ရဲ့ လက်ထဲ လွှဲပြောင်းပေးအပ် ပြီး တရုတ်ပြည်ကို ပြန်လည်ခေါ်ဆောင်သွားပါတယ်။

အစဦးပိုင်းရဲ့ စစ်ဆေးမေးမြန်းမှုမှာတင် ကျန်းချီစိန်းရဲ့ အမှုဟာ ယခုဖမ်းဆီးရမိတဲ့ ရေခဲမူးယစ်ဆေးအပြင် ၁၉၉၄-၁၉၉၉ ခုနှစ်ကာလအတွင်း မှာ ဟီးရိုးအင်း ကီလိုဂရမ် ၅၀ဝ ခန့်ကို ၇ ကြိမ် ပို့ဆောင်ရောင်းချခဲ့ပါသေး တယ်။ ကျန်းချီစိန်း ဖမ်းဆီးခံရခြင်း အမှုအခင်းရဲ့ ကွင်းဆက်အဖြစ် ၂၀ဝ၁ ခုနှစ် ဧပြီလပိုင်း တရုတ်မြန်မာ ရဲတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းမှုကနေ ''၇-၂၈'' အမှု ရဲ့ အဓိကသံသယဝင်ခံရတဲ့ ထန်ရှောင်လင်းကို မြန်မာနိုင်ငံဘက်က ဖမ်းဆီး ပေးပြီး တရုတ်ပြည်ဘက်ဆီ ပြန်လည်လွှဲပြောင်းသွားအပ်ပြီးတဲ့ နောက်ပိုင်းရဲ့ ထပ်မံကြီးမားတဲ့ တိုးတက်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။

ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးဌာနကြီးရဲ့ အရာရှိတွေရဲ့ အဆိုအရ ''၇-၂၈'' အမှုအခင်း ဖော်ထုတ်လိုက်ပြီး ကျန်းချီစိန်း ကို ဝရမ်းထုတ်ဖမ်း အမှုစီရင်ဆုံးဖြတ်ခြင်းဟာ တရုတ်ပြည်က မူးယစ်ဆေးဝါး ပြစ်မှုကို ပြင်းပြင်းထန်ထန် ထိုးနှက်တဲ့ အကျိုးရလာဒ်ကြီးနှစ်ရပ်ဖြစ်ပါတယ်။

''ပထမအချက်က အကြီးမားဆုံး ရေခဲမူးယစ်ဆေးကို တစ်ကမ္ဘာလုံးနဲ့ ချီပြီး အတူတကွ ပူးပေါင်းထုတ်လုပ်မှုကြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ ဟာ ပြည်တွင်းမှာ ရေခဲမူးယစ်ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ပြင်းထန် တဲ့ ထိုးနှက်ချက် တစ်ရပ်ပဲဖြစ်ပါတယ်။ ''၇-၂၈'' ပြစ်မှုကြီးအပြင် အခြား အကြိမ်ကြိမ် လှုပ်ရှားကြတဲ့ ရေခဲ မူးယစ်ဆေးပြစ်မှုကြီးတွေကို ဖော်ထုတ်အရေး ယူပြီးတဲ့နောက်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ကြီးက ရေခဲမူးယစ်ဆေးထုတ်လုပ်သူ တို့ရဲ့ အဓိကလုပ်နည်းလုပ်ဟန်တွေကို ဘက်စုံ ချုပ်ကိုင်နိုင်စွမ်းရှိသွားပါပြီ။ ဒါ့အပြင် ဘယ်လိုရင်ဆိုင်ဆောင်ရွက်ရမယ်ကိုပါ သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။ ဥပမာတစ်ရပ်အနေနဲ့ကတော့ ရေခဲမူးယစ်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ဘေးထွက်ဆိုးကျိုး စွန့်ပစ်အညစ်အကြေးတွေ အမြောက်အမြားထွက်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့က ၄င်းနှင့် စပ်လျဉ်းတဲ့ ဝါဒဖြန့်ချိ လှုံ့ဆော်မှု ကို အားစိုက်ခွန်စိုက် လုပ်ဆောင်ပါတယ်။ အဲဒီအကျိုးဆက်က ပြည်သူလူထု တွေကို ရေခဲမူးယစ်ဆေး ထုတ်လုပ်ကြတဲ့ ရာဇဝတ်သားတွေအပေါ် မနှစ်မြို့ စေမှုတွေအဖြစ် တွန်းအားပေး လှုံ့ဆော်သမှု ဖြစ်သွားတဲ့အပြင် ပြည်သူလူထု ဟာ မိမိတို့ရဲ့ အိုးအိမ်ဝန်းကျင်တို့ကို ထိန်းသိမ်းကာကွယ်လိုတဲ့ တိုးတက်တဲ့ အယူအဆကိုပါ တွန်းတင်လိုက်ခြင်းဆိုတဲ့ အကျိုးရလာဒ်ကိုပါ ရရှိပါတယ်။ ကွမ်တုံးပြည်နယ်က အဲဒီ ဆော်သြရေးသမားတွေကို သင့်တော်တဲ့ ဝတ္ထုပစ္စည်း တွေနဲ့ ချီးမြှင့်ပေးပါတယ်။ ပြည်ပကုန်သွယ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဌာန၊ ကျန်းမာရေးဌာန၊ နိုင်ငံတော်ဆေးပစ္စည်း စစ်ဆေးထိန်းသိမ်းရေးဌာန၊ တရားရေးဌာန အစရှိတဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကော်မတီတွေရဲ့ ထောက်ခံ အားပေးမှုအောက်မှာ မူးယစ်ဆေးအလွယ်တကူ ထုတ်လုပ်နိုင်တဲ့ ဓာတုဆေး တွေကို ပိုမိုအားထုတ်ပြီး ထိန်းသိမ်းဖို့ကို တိုးမြှင့်ဆောင်ရွက်စေပါတယ်။ ဒါမှ သာ ဥပဒေမဲ့ လုပ်ဆောင်မယ့် လမ်းကြောင်းဆီ စီးဝင်မှုကို တိုးမြှင့်ဆောင်ရွက်စေ ပါတယ်။ ဒါမှလည်းပဲ ပင်မမူရင်းခေါင်ကို ဟန့်တားပိတ်ဆို့ထားပါမှ ပြစ်မှုကျူ လွန်မှုတွေ ရပ်ဆိုင်းသွားပါလိမ့်မယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ သတင်းဌာနတွေက သတင်းအဆက်မပြတ် ပေါင်းကူးဖလှယ်ရေး အစရှိတာတွေကို တိုးမြှင့်ကြရပါမယ်။ ဒါကြောင့် ဒီနှစ်ပိုင်းကာလတွေမှာ ကျွန်တော်တို့ နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ကြီးက ရေခဲမူးယစ်အမှုကို တွေ့ရှိမှု စွမ်းအားတွေ ကြီးကြီးကျယ်ကျယ် တိုးမြင့်လာပါတယ်။ ဒါပေမဲ့ ရေခဲမူးယစ်ဆေး မှုခင်းအတွက်က အကြီးအကျယ် ယုတ်လျော့ကျဆင်းနေတာကိုပါ တွေ့ရှိလာ ပါတယ်။ အခု ဖော်ထုတ်ဖမ်းဆီးလိုက်တဲ့ ရေခဲမူးယစ်ဆေးမှုခင်းဆိုတာက အများစုက စောစောကလေးတင် စတင်ထုတ်လုပ်တဲ့ဟာတွေဖြစ်နေပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ထုတ်လုပ်ဖိုပ ပြင်ဆင်ကာစလေးပဲ ရှိပါသေးတယ်။ ထုတ်လုပ်ချိန် လုံးဝကို မရှိခဲ့ပါ''။

''ဒုတိယအချက် - ''၇-၂၈'' မှုခင်းကြီး ဖော်ထုတ်အရေးယူလိုက်တာ ဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာတစ်ဝှမ်း မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးစစ်ပွဲမှာ အရေးပါပြောင်မြောက်တဲ့ ထူးခြားပေါ်လွင်တဲ့ အချက်ကြီးဖြစ်တယ်။ တရုတ်အစိုးရရဲ့ မူးယစ်ဆေးဝါးရာဇဝတ်ပြစ်မှုကို ပြတ် ပြတ်သားသားနဲ့ ယုံကြည်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ခြင်းကို ဖော်ထုတ်ပြသလိုက် တာပါပဲ။ ပြည်သူ့လုံခြုံရေး မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးဌာန ဝမ်ကျွတ် ကန်းရဲ့ အဆိုက ယာယီပြည်သူ့လုံခြုံရေးဌာနမှူး ကျချွန်းဝမ့်က ''၇-၂၈'' မှုခင်းကို မြင့်မားတဲ့ ဒီဂရီနဲ့ အရေးထားရှုမြင်ပါတယ်။ ပိုင်းခြားပြီး မြန်မာပြည် ထဲရေးဝန်ကြီး၊ ဗဟို မူးယစ်ဆေးဝါးသုတ်သင် ရှင်းလင်းရေးကော်မတီ ဥက္ကဋ္ဌ သိန်းလန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီး ထန့်မာလိ၊ အစ္စလာန်ကုလားတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှု ပြဿနာမှာ အသိအမြင် တွေ တူညီမှုကို ရရှိကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ဗဟိုအစိုရတို့ရဲ့ အင်တိုက် အားတိုက် ထောက်ခံအားပေးမှုကိုပါ ရရှိပါတယ်။ အဲဒါကြောင့်လည်း ထန် ရှောင်လင်း၊ ကျန်းချီစိန်းတို့ နှစ်ယောက် ဝရမ်းထုတ်ဖမ်းဆီးပြီး အမှုစီရင်ဆုံးဖြတ် ခြင်းကို ခံကြရတာဖြစ်ပါတယ်။

ထန်ရှောင်လင်းကို မြန်မာရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်း အပ်နှံ ပြီးစီးသွားတဲ့နောက်ပိုင်း၊ မြန်မာနိုင်ငံမှာ ပုန်းလျှိုးပျောက်ကွယ်နေတဲ့ အခြားသူ နှစ်ယောက်ဖြစ်တဲ့ ထန်ရှောင်လင်းနှင့် လျိုမိန်တို့ကိုလည်း ရှေ့ဆင့် နောက်ဆင့်ပဲ လက်ရဖမ်းဆီးခြင်း (သို့တည်းမဟုတ်) ပစ်သတ်ဖမ်းဆီးခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါတွေကဖြင့် တရုတ်အစိုးရက မူး ယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးနယ်ပယ်မှာ နိုင်ငံတကာနဲ့ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခြင်းကနေ ရရှိလာတဲ့ အင်မတန်ကြီးမားတဲ့ အကျိုးရလာဒ် ကြီးပါပဲ။ တရုတ်ပြည်နှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ဖွံ့ဖြိုးမှုကို တွန်းလှုပ်ခြင်းလည်းပဲ ဖြစ်ပါ တယ်။