Breaking News

ကိုသန်းလွင် - ဟော်စနီ မူဘာရက်


ကိုသန်းလွင် - ဟော်စနီ မူဘာရက် 

(မိုးမခ) မတ် ၂၃၊ ၂၀၂၀

အီဂျစ်ပြည်ကို အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခဲ့သောခေါင်းဆောင်ကြီး၊ ပြည်သူအများက ဆန္ဒပြမှုကြောင့် ရာထူးမှပြုတ်ကျကာ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်ခဲ့ရသောခေါင်းဆောင်ကြီးဟော်စနီ မူဘာရက် (Hosni Mubarak) သည်အင်္ဂါနေ့(ဖေဖော်ဝါရီ ၂၅) ရက်နေ့ကအသက် ၉၁နှစ် အရွယ်တွင်ကွယ်လွန်သွားခဲ့ပါပြီ။ ဆင်းရဲသောအီဂျစ်နိုင်ငံတွင်သူ၏အကျင့်ပျက် ခြစားသောအစိုးရကဖိနှိပ်ချုပ်ချယ်ကာ အနှစ် ၃၀ တိုင်တိုင်အုပ်စိုး ခဲ့ပါသည်။

နိုင်ငံပိုင်တီဗွီက ဆေးရုံတစ်ရုံတွင် ခွဲစိတ်ခံကုသရင်း ကွယ်လွန်ခဲ့သည်ဟုပြောကြားခဲ့သော်လည်း အသေး စိတ်ကို မသိရပါ။

သူကွယ်လွန်ခါနီးအချိန်တော်တော်များများကို နိုင်းမြစ်ကိုမြင်နေရသေ ာမာဒီစစ်ဆေးရုံတွင် (တောင်ပိုင်း ကိုင်ရို)တွင် အစောင့်အရှောက်များနှင့် နေထိုင်ခဲ့ရပါသည်။ သူသည်ခြစားခြင်းနှင့် လူသတ်ရာတွင် ပါဝင်ပါတ်သက် မှုတို့ဖြင့်ရုံးတွင် တရားစွဲတင်ခြင်းခံရပါသည်။ သူ့ကိုအချုပ်အနှောင်မှ ၂၀၁၇ ခု မေလ၂၄ရက်တွင် လွှတ်လိုက်ပြီး ဖြစ်ပါသည်။ မပြောပလောက်သည့်ပြစ်မှုကလေးနှင့်သာ စွဲချက်တစ်ခုတင်ခါ အပြစ်ပေးခံရပြီး သူ့အိမ်နှင့်ဆေးရုံ တို့ကို ကူးသန်းရင်းအချိန်ကုန်ခဲ့ပါသည်။

သူ့ကို ယူကျု့တွင်လွန်ခဲ့သော အောက်တိုဘာလက စကားပြောခဲ့သည်ကိုတွေ့လိုက်ရပါသည်။ ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့သော အီဂျစ်ပြည်နှင့် အစ္စရေးစစ်ပွဲများအကြောင်း၊ လေတပ်ကို သူကြီးကြပ်ခဲ့ပုံများကို ပြန် လည်ပြောပြခဲ့ပါသည်။ သူသည် ကင်မရာရှေ့တွင် ၂၀၁၁ အာရပ် နွေဦးလှုပ်ရှားမှုပြီးကတည်းက ပထမဦးဆုံး အကြိမ်စကားပြောခြင်းဖြစ်ပါသည်။

တခါတုန်းက မစ္စတာမူဘာရက်မှာလူတို့ မမြင်နိုင်သာနေရာတွင် နေခဲ့ပါသည်။ သူရှိသည်ကိုပင် တိုင်းပြည် က မသိရပါ။ သူ့ကိုလုပ်ကြံရန်ကြိုးစားမှုကို အကြိမ်ကြိမ်ကြုံခဲ့ရပါသည်။ သူသည် မူဟာမက်ပါရှား (Muhammad Ali Pasha) အီဂျစ်ပြည်ကို ထူထောင်စဉ်ကစ၍ အကြာဆုံးအုပ်ချုပ်ခဲ့သူဖြစ်ပါသည်။ သူသည်အကြမ်းဖက်သောင်း ကြမ်းသူများကို နှိမ်နှင်းခဲ့ပြီး အိုမင်းရင့်ရော်ခြင်းကိုပင် အန်တုနိုင်သကဲ့သို့ ထင်ခဲ့ရပါသည်။

သို့သော် သူ၏ပါဝါအခြေခံမှာ ယိမ်းယိုင်ပြိုလဲခဲ့ပါသည်။ အနောက်နိုင်ငံများနှင့် ပူးပေါင်းပြီးလက်နက်နှင့် အကြမ်းဖက်အုပ်ချုပ်ခဲ့သော်လည်း ကြာရှည်မခံခဲ့ပါ။ ကမ္ဘာအလယ်ပိုင်း တွင် ဖြစ်ပေါ်ခဲ့သည့် အထွေထွေပုန်ကန်မှုက သူ့ကိုဖြုတ်ချခဲ့ပါသည်။ ဆန္ဒပြသူများကတောင်းဆိုကြသည်မှာ အာရပ်နွေဦး၏ တောင်းဆိုမှုများဖြစ်သော ဒီမိုကရေစီဖြစ်ပြီး ဥပဒေ၏စိုးမိုးမှုနှင့် ခြစားမှု ကင်းစင်ရေး တို့ဖြစ်ပါသည်။

သူ့ကိုဖြုတ်ချခဲ့သည်မှာ၂၀၁၁ခု ဖေဖော်ဝါရီလ ၁၁ ရက်ဖြစ်ပါသည်။ ဆန္ဒပြမှုများစဖြစ်ပြီး ၁၈ ရက်အ ကြာမှာဖြစ်ပါသည်။ ထိုစဉ်ကအီဂျစ်လူမျိုးတို့သည် သိန်းသန်းချီပြီး တီဟီရီစကွဲယားကိုဗဟိုပြု၍လမ်းမ များပေါ် သို့ထွက်ခဲ့ ကြပါသည်။ ခေတ်သစ်ဖာရိုဘုရင် တစ်ယောက် ကဲ့သို့ တန်ခိုးကြီးထင်ရှားခဲ့သူတစ်ယောက်၏ နိဂုံး ဖြစ်ပါသည်။

အစပထမတော့ သူ၏ပင်လယ်နီ အပမ်းဖြေစခန်းတွင် အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နေနိုင် လိမ့်မည်ဟုမျှော်လင့်ခဲ့ပါသည်။ သို့ပါသော်လည်းလူအုပ်ကြီးက ခွင့်မပြုခဲ့ပါ။ သူနှင့်သူ့မိသားစုကို မဟုတ်တာလုပ် ခဲ့သည် များကို စစ်ဆေးလိုကြပါသည်။ ဆန္ဒပြစဉ်က လူ ၈၀ဝ ကျော် သေခဲ့ရခြင်းအတွက်လည်းတာဝန်ရှိသည်ဟု စွတ်စွဲခဲ့ပါသည်။ အများပြည်သူ၏ ဆန္ဒကိုမလွန်ဆန်နိုင်သောအာဏာပိုင်များက သူ့ကိုဖမ်းဆီးပြီး အမှုစစ်ဆေးဆဲ ကာလကို စစ်ဆေးရုံမှ စောင့်နေခဲ့ရပါသည်။ သူ၏သားများဖြစ်သူ အလာနှင့်ဂါမယ် (Alaa နှင့်Gamel) မှာတစ်ချိန် ကတိုင်းပြည်၏ မင်းသားများဖြစ်ခဲ့ပြီး ယခုအခါ တိုရာ (Tora) တောင်တွင် အကျဉ်းချခြင်းခံခဲ့ရပါသည်။

မူဟာရက်မှာ အခြားအာဏာရှင်များနည်းတူ မိမိကိုယ်ကို အကြိုက်လိုက်သူများနှင့် ဝန်းရံပြီး အီဂျစ်လူမျိုး တို့၏ ဘဝနှင့်သူတို့၏ ပတ်ဝန်းကျင်ကိုလေ့လာရန် ပျက်ကွက်ခဲ့ပါသည်။

၂၀၁၃ခု သြဂုတ်လတွင် အီဂျစ်လူမျိုးတို့မှာ မူဟာရက်ကို တရားစစ်ဆေးရာ အခန်းထဲသို့ ဝှီးချဲယားဖြင့် တွန်းဝင်လာပြီး တရားခံများထားရာအခန်းထဲသို့ ထည့်လိုက်သောအခါ အံ့အားသင့်ခဲ့ကြရပါသည်။ အီဂျစ်လူမျိုး တို့သိသမျှ ခေါင်းဆောင်တစ်ယောက်အား ဆက်ဆံလိမ့်မည်ဟု မခန့်မှန်းနိုင်ကြပါ။

၂၀၁၂ခုနှစ်တွင် မူဟာရက်ကို အပြစ်ရှိကြောင်းပြောပြီး ဤတရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရမည်ဟု အမိန့်ချမှတ်ပါသည်။ သို့သော် အယူခံရုံးက အမှုကိုပြန်လည်စစ်ဆေးရန်အမိန်ချမှတ်ပြီး အပြစ် မရှိကြောင်း ဆုံးဖြတ်ပြန်ပါသည်။ ခြစားမှု (သို့မဟုတ်) လူသတ်မှုမှာ မူဘာရက်နှင့်မပါတ်သက်ခဲ့ပါဟု အဓိပ္ပာယ် ရပါသည်။

၂၀၁၂ အမှုဖြစ်စဉ်တုန်းက သမ္မတ ရွေးပွဲကျင်းပစဉ်က ဖြစ်ပါသည်။ အရွေးခံကြမည့်နှစ်ယောက်လုံးမှာ (Run off) ပြိုင်ပွဲကိုဦးတည်နေကြပြီး တိုင်းပြည်ကို စိတ်ဝမ်းကွဲအောင်လုပ် သူနှစ်ဦးဖြစ်နေပါသည်။ တစ်ယောက် မှာရေပန်းစား နေသော မွတ်စလင်ညီအစ်ကိုများအဖွဲ့ (Muslim Brotherhood) မှဖြစ်ပြီး နောက်တစ်ယောက်မှာ မူဟာရက်၏ နောက်ဆုံးဝန်ကြီးချုပ် ဖြစ်ပါသည်။

မူဘာရက်မှာ တကယ်က တရားဝင်နှုတ်ထွက်ခဲ့သည် မဟုတ်ပါ။ ဖေဖော်ဝါရီ ၁၀ရက်နေ့ကသူ၏ထောက် လှမ်းရေးအကြီးအကဲနှင့် ဒုသမ္မတဖြစ်လာသူ အိုမာဆိုလီမန် (Omar Suleiman) က မူဘာရက်၏အချိန်ကာလ ကုန်ဆုံးသွားပြီဖြစ်ကြောင်းသာ တယ်လီဗီးရှင်းမှာ ဖက်ကြားခဲ့ပါသည်။

မိမိ ရာထူးမှပြုတ်ကျခြင်းကို မမြင်နိုင်၊ အထင်လွဲခြင်းခံရသူတစ်ယောက်အနေမျိုးဖြင့်သာ ဆော်ဒီအာရေး ဗီးယားပိုင်တယ်လီဗီးရှင်းမှနေ၍ “ကျွန်တော်ဟာ ကျွန်တော့ရဲ့သမ္မတရာထူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်း အီဂျစ်ပြည်နှင့် ပြည်သူတိုု့အပေါ် ဆုတောင်းမေတ္တာပို့သပါကြောင်း ” ဖြင့်ဖတ်ကြားခဲ့သည်။

စီရင်ချက်ချအပြီးသူ့ကို ဟယ်လီကော်ပတာနှင့်ထောင်ဆေးရုံသို့ပို့သည်။ အံ့အားအသင့်ကြီးသင့်နေ သော မူဘာရက်သည် ဟယ်လီကော်ပတာပေါ်မှ ဆင်းရန် ငြင်းဆံနေသေးသည်။ နိုင်ငံပိုင် သတင်းဌာနမှ သူ့ကိုအချိန်တော်တော်ကြာ စောင့်ဆိုင်းရကြောင်းပြောပြသည်။ ထို့နောက်သူ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလာခဲ့ပါသည်။

သူသည် သမ္မတဖြစ်ရန် ရည်ရွယ်ခဲ့သူမဟုတ်ပါ။သူ့အရင်သမ္မတ အန်ဝါဆာဒတ် (Anwar el-Sadat) ကို စစ်သွေးကြွများက လုပ်ကြံသတ်ဖြတ်အပြီးမှာ သမ္မတဖြစ်လာခဲ့သူဖြစ်ပါသည်။ ဆာဒတ်ကို လုပ်ကြံစဉ်ကသူ့ဘေး တွင်ထိုင်လျက် မူဘာရက်ရှိနေခဲ့သည်။ သူ့အစိုးရအဖွဲ့ကို ဦးဆောင်ပေးသောအရာမှာ လုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးတို့ဖြစ်သည်။ နိုင်ငံတွင်အရေးကြီးဆုံးမှာ ရဲအဖွဲ့၊ သူ့ထောက်လှမ်းရေးတပ်ဖွဲ့နှင့်သူကိုယ်တိုင်သာဖြစ်သည် သူသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရခဲ့ခြင်းမှာဆာဒတ်လက်မှတ်ရေးထိုးခဲ့သော အစ္စရေးနှင့်ငြိမ်းချမ်း ရေးစာချုပ်ကို အသိအမှတ်ပြု လက်ခံခြင်းကြောင့်သာဖြစ်သည်။

တည်ငြိမ်အေးချမ်းရေးကိုမူ ဆာဒတ် လုပ်ကြံခံရပြီး ကြေညာခဲ့သော အရေးပေါ် အခြေအနေကို မှီခိုခဲ့ ရ သည်။ ဤဥပဒေက ပြည်သူတို့၏ လွတ်လပ်ရေးကို ပိတ်ပင်ထားသည်။ ဆွေးနွေးညှိနှိုင်းခြင်းကို ခွင့်မပြု။ မည်သူ တစ်ဦးတစ်ယောက်ကိုမဆိုအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခွင့်ချုပ်နှောင်ထားနိုင်ခွင့် ရှိသည်။ တကယ်ကတော့ လည်း ခေတ်နောက်ကျနေပြီဖြစ်သော ပေါ်လစီများက သူ့ကို ဒုက္ခပေးခဲ့ခြင်းဖြစ်ပါသည်။

သူက “တည်ငြိမ်မှုရှိရေး” သည်တိုးတတ်မှုရှေ့လှမ်းမည့်ခြေလှမ်းထက်ပို၍ အရေးကြီးသည်ဟုယုံကြည် သူဖြစ်သည်။ သူအလုပ်ဝင်စက အေးအေးဆေးဆေးနေတတ်မှု၊ ထင်ပေါ်ကျော်ကြားမှုကိုမလိုချင်မှုတို့ကြောင့် သူ့ကို လေးစားကြပါသည်။ ခြစားခြင်းနှင့် ဆွေမျိုး ကောင်းစားရေး ဝေါဒကို ရွံ့မုန်းပြီး သတ်ဖြတ်ခြင်း စီးပွားရေး ခက်ခဲခြင်း တို့ဖြင့် ပြည့်နေသော နိုင်ငံတွင် ခေတ္တခနတော့ ပြေလည်ခဲ့ပါသည်။

ပြည်သူများသည် အစိုးရကိုဝေဖန်ခွင့်ရှိပြီးဆန္ဒပြခွင့်မရှိပါ။ သူသည်ကျယ်ပြန့်သော အမြင်မရှိဘဲ အကြပ် အတည်း တခုမှတခု ကူပြောင်းခြင်းဖြစ်သာ နိုင်ငံကို အုပ်ချုပ်သည်ဟု ရှုံ့ချခံရသည်။ အနာဂတ်ရေးနှင့် နောက် အစီအစဉ်ဘာမှမရှိဘူးဖြစ်နေသည်။ အနှစ်၃၀ ကြာအောင် “ကောင်းမယ်ထင်သလို” အုပ်ချုပ်၍မရပေ။

မူဘာရက်ကို ၁၉၂၈ ခုမေလ၄ရက်နေ့တွင် ဆာဒတ်မွေးဖွားရာ နိုင်းမြစ်ဝကျွန်းပေါ်ဒေသရွာကလေးတစ် ရွာတွင်မွေးဖွားခဲ့သည်။ ဖခင်မှာတရားရေးဌာနဝန်ထမ်းဖြစ်ပြီး စစ်အကယ်ဒမီ သို့ဝင်ခွင့်ရခဲ့သည်။ ဖိုက်တာဂျက် မောင်းသင်တန်းကိုဆိုဗီယက်နိုင်ငံမှသငိယူခဲ့ပြီး ၁၈၇၂ခုနှစ်တွင်စစ်ဝန်ကြီးနှင့် လေတပ်ဦးစီချုပ်ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဒုသမ္မတအဖြစ် ဆာဒတ်က တင်မြှောက်ခဲ့သည်။

လွန်ခဲ့သောစနေနေ့က သူ့သားနှစ်ယောက်လုံးကို သက္ကရာဇ် ၂၀ဝ၀က ရှယ်ယာရောင်းချမှုတွင် မဖွယ်မ ရာလုပ်သည်းူသော စွဲချက်မှ ပယ်ဖျက်၍အပြီးပြတ်လွှတ်ပေးလိုက်သည်။ ဖခင်ကို နိုင်ငံအတွက်လုပ်ကိုင် ခဲ့သည် များကိုကြည့်၍ အပြစ်မှလွှတ်စေခဲ့ခြင်းလည်းဖြစ်ပါသည်။

Ref: Hosni Mubarak, Egypt leader dies at 91, Michael Slackman New York Times February 25 2020.